မက်မွန်ငါးပေါင်းနဲ့ အာလူးထမင်းနယ်


ဒီတစ်ပတ်တော့  မက်မွန်ငါးပေါင်းနဲ့ အာလူးထမင်းကို ချက်ကျွေးပါမယ်နော်။ ဒီနှစ်မျိုးကို တစ်ရက်တည်း ချက်စားဖြစ်တာတော့ မဟုတ်ပါဘူး။ သီးသန့်စီ ချက်တာပါ။ ကျွန်မနေတဲ့မြို့ကလေးမှာ ဒီရာသီဆို မက်မွန်သီး( peach) တွေ လှိုင်လှိုင်ပေါနေပါပြီ။ ဒါကြောင့် ရာသီပေါ် အသီးအနှံများနဲ့ ဟင်းတွေချက်ဖို့ ဝါသနာထုံတဲ့ ကျွန်မက ငါးကို မက်မွန်သီးနဲ့ ပေါင်းဖို့ စဉ်းစားမိပါတယ်။


မက်မွန်ငါးပေါင်း


ငါးကို မက်မွန်သီးနဲ့ပေါင်းဖို့အတွက် ပထမဦးစွာ ငါးတစ်ကောင်ကို ကြေးထိုး၊ ဗိုက်ခွဲ၊ ရေစင်အောင်ဆေး သင့်တော်တဲ့ အတုံးလေးတွေ တုံးပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်ဖြူ ခပ်များများ၊ နံနံ၊ ပဲငံပြာရည်တို့ဖြင့်ရောနယ်ပြီး နှပ်ထားပါတယ်။

အဆာပလာဖြင့် နှပ်ထားစဉ်

Image Hosted by PicturePush - Photo Sharing



လတ်ဆတ်သော မက်မွန်သီး ၃လုံးခန့်ကို ရွေးပါတယ်။ ပျော့အိနေတဲ့ အသီးများ မဖြစ်ဖို့ ဂရုစိုက် ရွေးချယ်သင့်ပါတယ်။ ရေစင်အောင် ဆေးပြီး ပါးပါးလှီးပါတယ်။


ပါးပါးလှီးထားတဲ့ မက်မွန်သီးများကို ငါးရဲ့ အပေါ်ကနေ ဖုံးအုပ်ပါတယ်။ ပြီးနောက် ငရုပ်သီးပါးပါးလှီးထည့်၊ ငရုပ်ကောင်းမှုန့်ဖြူးပါတယ်။  ပေါင်းလိုက်ချိန်မှ ငါးထဲမှရေများ အလိုလိုထွက်လာတဲ့အတွက် ရေသီးသန့်ထည့်စရာ မလိုတော့ပါ။

Image Hosted by PicturePush - Photo Sharing



ထို့နောက် ငါးပန်းကန်ကို ရေနွေးငွေနဲ့ ပုံပါအတိုင်းပေါင်းလိုက်ပါတယ်။ အဖုံးအုပ်ဖို့တော့ လိုပါလိမ့်မယ်။ ၁၅မိနစ်ခန့် ပေါင်းပြီးရင် အိုးပေါ်ကချကာ  အပေါ်ကနေ ပါးပါးလှီးထားတဲ့ နံနံပင် ပြန်အုပ်ပါတယ်။



ငါးမက်မွန်ပေါင်း

အရသာရှိပြီး မက်မွန်သီးနံ့လေး သင်းသင်းမွှေးနေတဲ့ ငါးမက်မွန်ပေါင်းကို ရပါပြီ။


~~~~~~@@@~~~~~~

အာလူးထမင်းနယ်


အာလူးထမင်းပြုလုပ်ဖို့အတွက်တော့ ထမင်းကို ခပ်ပျော့ပျော့ချက်ဖို့ လိုပါတယ်။ လုပ်နည်းမှာ ငါးထမင်း ချက်နည်းအတိုင်းသာ ဖြစ်သော်လည်း ငါးပြုတ်မပါတာတစ်ခုသာ ကွဲပြားပါတယ်။

Image Hosted by PicturePush - Photo Sharing 
အာလူးပြုတ်၊ ကြက်သွန်ဖြူဆီချက်၊ ဆီချက်အနီ၊ ပဲပုတ်ကြော်အမှုန့်၊ ခရမ်းချဉ်သီး ဆီသတ်ချက်၊ ကြက်ဥပြုတ်

အာလူးထမင်းအတွက် လိုအပ်တဲ့ အဆာပလာများကို အထက်ပါအတိုင်း ပြင်ဆင်ထားပါတယ်။.

Image Hosted by PicturePush - Photo Sharing

ထမင်းပျော့ပျော့ကို ဇလုံထဲခူးထည့် အာလူးနဲ့ ဆီချက် ခရမ်းချဉ်သီးချက် စသည်အဆာပလာများနဲ့ ဆား၊ အရသာမှုန့်တို့ ထည့်ပြီး နယ်ပါတယ်.

Image Hosted by PicturePush - Photo Sharing 
နယ်ပြုပြီး အဆင်သင့်ဖြစ်နေတဲ့ အာလူးထမင်း

Image Hosted by PicturePush - Photo Sharing
စားဖို့ အဆင်သင့်


Image Hosted by PicturePush - Photo Sharing
တကယ်တမ်းတော့ ငရုပ်သီးကြော်နဲ့ ပိုပြီးလိုက်ဖက်သော်လည်း အဲဒီနေ့က အိမ်မှာ ငရုပ်သီးအခြောက် ကုန်နေတာမို့ ငရုပ်သီးစိမ်းနဲ့သာ တွဲဖက် စားလိုက်ရပါတယ်ရှင်..

ဒီမနက်မှ အာလူးထမင်းနယ်ကို ပြန်တင်လို့ ရတာမို့ တင်လိုက်ပါပြီ။ အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့သော Weekend ဖြစ်ကြပါစေရှင်...

Image Hosted by PicturePush - Photo Sharing

25 Responses to “မက်မွန်ငါးပေါင်းနဲ့ အာလူးထမင်းနယ်”

Baby taster said...

စားချင်းတယ် စားချင်တယ်
ဒါနဲ့ ဘယ်မှာတုန်း ငါးထမင်းနယ်က
မတွေ့ဘူးနော်

Nyi Linn Thit said...

Wow... အရသာ ရှိလိုက်မယ့်ဖြစ်ခြင်း...၊ မက်မွန်သီး တွေ ဒီမှာလည်း စ,ပေါ်နေပြီဗျ၊ ဒါပေမယ့် ဒီလိုမျိုး ဟင်းချက်စားတာ တခါမှ မတွေ့ဖူးသေးဘူး၊ မချောက တော်လိုက်တာ....။း)

seesein said...

မက်မွန်သီး စားချင်တယ် ချောရေ စတိုင်တမျိုးနဲ့ချက်နည်း ကို မှတ်သားသွားတယ်နော


ခင်မင်တဲ့
seesein

အာလူးထမင်းနယ်လေးစားသွားပြီ။ ငါးမက်မွန်ပေါင်းလေး
လည်း စိတ်ဝင်စားစရာကောင်းတယ်မချော။
ဂလု..ဆိုပြီးတော့သာ ပြန်သွားပါသည်။။။
ချစ်တဲ့
သဒ္ဓါ

ပန်းချီ said...

စောစောစီးစီး မနက်စာမစားရသေးခင်ဖတ်မိလို့ အာလူးထမင်းနယ်နဲ့ မက်မွန်သီးငါးပေါင်း အကုန်ဆွဲသွားတယ်း)) ကျေးဇူးနော် ချော..။

တကယ်စားချင်စရာလေးတွေ..း)

တို့က မက်မွန်သီးဆို သိပ်ကြိုက်တာ ငါးပေါင်းလေး တော်တော်စားကောင်းမယ့်ပုံပဲ.....။

ခင်တဲ့
မိုးငွေ့

mstint said...

မက်မွန်ငါးပေါင်း နဲ့ အာလူးထမင်းနယ်ကို အဆင်ပြေတဲ့ အချိန်လုပ်စားကြည့်မယ် နည်းပညာလေးအတွက် ကျေးဇူးပါနော်

မေတ္တာဖြင့်
အန်တီတင့်

မချောကို ဒါမျိုးပို့စ်တွေ မြင်တိုင်း အမပဲ လှမ်းတော်လိုက်ချင်တယ်.. :P


ခင်မင်လျက်
နေ၀ဿန်

phyu said...

Remind me of my childhood days.

with love/nang myint

Anonymous said...

Love to eat both dishes, thanks Chaw!!!
Mon Petit Avatar

flowerpoem said...

အမကတော့ ပုံတွေနဲ့ နှိပ်စက်နေတယ် ဗိုက်ဆာတုန်း မဖတ်ရဲဘူး ဗျ :P

PhyoPhyo said...

မချောရေ မချောရေ အာလူးထမင်းလုပ်စားမယ်။
ပဲပုတ်ကြော်အမှုန့်တော့ မရှိလို့ ကျန်တာနဲ့လုပ်စားမယ်။
မက်မွန်ငါးပေါင်းလည်း လုပ်စားလို့တော့ရသား။
ဒီဟင်းလေးတွေလည်းကြိုက်တယ်။
ကျေးဇူး
mwaaa
ချစ်တဲ့
(ကွန်မန့်လေးရိုက်တာတောင်မနည်းရိုက်နေရတယ်၊ ကီးဘုတ်ပေါ်ခိုတက်နှောင့်ယှက်နေလို့ ခိုကလေးလေးတစ်ကောင် မချောရေ)

SHWE ZIN U said...

ညီမ ရဲ့ မက်မွန်သီးငါးပေါင်း ကိုတော့ ကြိုက်မှာ သေချာပါတယ်

ချောရေ မင်္ဂလာရှိသော ညနေခင်းလေးပါနော်...မက်မွန်ငါးပေါင်းရော အာလူးထမင်းနယ်ပါ...အားရပါးရ တွယ်ပစ်လိုက်တယ်...ကောင်းမှကောင်း ချောရေ... အော် ဒါနဲ့ ဘုန်းဘုန်းတို့ဘက်မှာ မက်မွန်သီးက အမွေးစုတ်ဖွားနဲ့ (အရမ်းတော့ မရှည်ပါဘူး၊ အမွေးတွေပါတယ်...)ချောတို့ဘက်က မက်မွန်သီးက စင်းလုံးချောကြီးပါလား...အရောင်အသွေးက ပိုလှတယ်ဗျာ...ဘုန်းဘုန်းတို့ဘက်က မက်မွန်သီးရဲ့အရောင်က...မြင်းချေးရောင်ကြီး...မလှဘူး...ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

အာလူးထမင်းနယ်စားချင်လိုက်တာ

သက်ဝေ said...

အာလူး ထမင်းနယ်... ချော ပြောတာနဲ့ လုပ်စားချင်သွားတယ်... ခုပဲ အိမ်မှာ အာလူး ရှိ မရှိ သွားကြည့်လိုက်မိတယ်... အာလူး ၄ လုံးတွေ့တယ်... မနက်ဖြန်... မနက်ဖြန်...း))

ညီမ ချောရေ ငါးပေါင်းကို စိတ်ဝင်စားတယ်။ တစ်ခါမှ မစားဖူးဘူး။ စမ်းသပ်စရာ တစ်မျိုးရသွားပြီ။ ကျေးဇူးနော်။ ငါးသံပုရာပေါင်းတော့ ညီမဆီကနည်းအတိုင်းလုပ်စားတာ အရမ်းကောင်းတာဘဲ။

မင်းမင်းမြတ် said...

စားကောင်းမဲ့ပုံဘဲ
စိတ်ဝင်စားတယ် လုပ်စားကြည့်ဦးမယ်

ဂျူးမြစ်လေးတွေနဲ့  ဗျာ... စားချင်စရာလေး။ ရှမ်းပြည်မှာတုန်းက ငါးထမင်းနယ်လေး သတိရလိုက်တာ.. ။ ငါးမက်မွန် ပေါင်းတော့ တရေပဲ ကျသွားတယ်... ။ မလုပ်နိုင်ဘူးထင်လို့ ။ ဟီး။

shwewunyatana said...

မချောရေ ရွှေကျီနားဘုရားကိုလာရောက်ဖူးသွားပါတယ်ဗဟုသုတတွေလဲ၇ပါတယ်ကိုတိုင်ရောက်ရသလိုပါဘဲ

အသစ်အဆန်းဟင်းလေးတွေဆိုတော့ စားကြည့်ချင်သား။ နေ့တိုင်း ဘာစားရင် ကောင်းမလဲ တွေးရတာ တော်တော်ပင်ပန်းပါ့။

tsawtsaw said...

စားကောင်းကောင်းနဲ့ ချက်စားလိုက်အုံးမယ်
ကျေးဇူးနော်
မချော...ဒိထက်မက ချောမောပြီးးးးဟင်းကောင်းကောင်းချက်နည်းတွေထက်တင်နိုင်ပါစေနော်အမ

စားချင်လိုက်တာ .. :D

ဖတ်တာကတော့ ခဏခဏ။
ဒီနေ့ညအားလူးထမင်းနယ် လုပ်စားတော့မယ်။
ကျေးဇူး။
စကားမစပ်...........
ချော မေမေရောက်နေတာလား။
အိမ်ဘက်ကို အားရင်ဝင်လည်ပါနော်။