ချဉ်စပ်မြေအိုးမြီးရှည်...

ကျွန်မမှာ ဝယ်ထားတာ ကြာပြီဖြစ်တဲ့ မြေအိုးလေးတစ်လုံး ရှိပါတယ်။ မြေအိုးဆိုပေမဲ့ စဉ့်အဝါရောင်လေး သုတ်ထားပါတယ်။ ဝယ်ထားပြီး အသုံးမပြုရသေးတဲ့ အသစ်စက်စက်လေးပါ။

Image Hosted by PicturePush - Photo Sharing

ဒီအိုးလေးပေါ့


အဲဒီအိုးလေးကို အသုံးချချင်တော့ မြေအိုးမြီးရှည်လုပ်စားဖို့ အကြံဖြစ်ပါတယ်။ ဒါနဲ့ အိုးထဲကို ဝက်သားကို ပါးပါးလှီးပြီး ကျွန်မရဲ့ မြေအိုးလေးနဲ့ ရေထည့်၊ အသားပါးပါးလှီးထားတာထည့်၊ ဆား၊ အသားမှုန့်တို့ကိုထည့်ပြီး ပွက်ပွက်ဆူစေပါတယ်။

Image Hosted by PicturePush - Photo Sharing
ပွက်ပွက်ဆူနေတဲ့ အသားပြုတ်ရည်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြေအိုးထဲထည့်ဖို့ အပေါ်က ပဲငပိနှစ်မျိုးကို ဇွန်း၂နှစ်ဇွန်းခန့်  ဟင်းအိုးထဲထည့်ပါတယ်။ အစပ်ကြိုက်သူများ များများထည့်နိုင်ပါတယ်။ နောက် ဆီတိုဟူး (အချို့ တိုဟူးချဉ် ခေါ်သည်) ကို အရည်ဖျော်ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ မြေအိုးမြီးရှည်ထဲ ထည့်မဲ့ အဆာပလာ ဘာညာကွိကွတွေပါ။  စာရင်းချရေးရရင်
အဖြူရောင်တွန့်တွန်းလေးတွေက ကျောက်ပွင့်၊ မှို၊ ကြွက်နားရွက်မှိုခြောက်၊ပန်းခြောက်၊ ငုံးဥ၊ ပန်းဂေါ်ဖီ၊ မုန်ညှင်း၊ ပဲပင်ပေါက်၊ ဥနီ၊ ငုံးဥ၊ ပြောင်းဖူး၊ ကြက်အူချောင်း၊ ပဲပြား (တိုဟူးဖြူ) စတဲ့ အရာများဖြစ်ပါတယ်။ အသီးအရွက်ကို အဆင်ပြေတာ ထည့်နိုင်ပါတယ်နော်။

Image Hosted by PicturePush - Photo Sharing

ချဉ်တဲ့ အရသာရဖို့အတွက် မုန်ညှင်းချဉ်ကိုလည်း ပြင်ဆင်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing

မုန့်ဖတ် (မြီးရှည်) ကို ပြုတ်ထားပါတယ်. မြီးရှည်အလုံးကြီးအစား အသေးကိုသာ ကျွန်မက ရွေးချယ်လိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

ပွက်ပွက်ဆူနေတဲ့ ဟင်းရည်အိုးထဲကို ပြင်ဆင်ထားတဲ့ အဆာပလာ အသီးအရွက်တွေအားလုံး ပစ်ထည့်လိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

မြီးရှည်ဖတ်တွေထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပြီးရင် ခုလိုအဖုံးလေးအုပ်ပြီးထားလိုက်တော့ မကြာခင်မှာဘဲ စားလို့ရပြီဖြစ်တဲ့ ချဉ်စပ် မြေအိုးမြီးရှည်ရပါပြီ။

အိုးလိုက် စားချင်ရင် စားပါ

Image Hosted by PicturePush - Photo Sharing

ပန်းကန်နဲ့လည်း ခူးခပ်ထည့်စားပါ။

Image Hosted by PicturePush - Photo Sharing
နောက်တစ်ခွက်

Image Hosted by PicturePush - Photo Sharing

မလောက်ရင် အိုးနဲ့လည်း ထည့်ပေးထားပါတယ်။ ပါဆယ်ယူသွားပါး)
မြေအိုးမရှိလည်း ရှိတဲ့အိုးနဲ့ ချက်စားလို့ ရပါတယ်


အားလုံးဘဲ ချဉ်စပ် မြေအိုးမြီးရှည်ဖြင့် စိတ်ဆန္ဒပြည့်ဝကြသော အားလပ်ရက်များဖြစ်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing

31 Responses to “ချဉ်စပ်မြေအိုးမြီးရှည်...”

mstint said...

ချောရေ ပြင်ဦးလွင်မှာ ပထမဦးဆုံး အကြိမ်စားဖူးခဲ့တယ်။ အတော်ပဲ ဒီတစ်ပတ် အိမ်က ကလေးတွေ အတွက် မြေအိုးမြီးရှည်လုပ်ကျွေးလိုက်တော့မယ်။
နည်းပညာလေးအတွက် ကျေးဇူးပါကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Mghan said...

စားချင်စရာဗျာ....ပါဆယ်မယူတော့ပါဘူး..တထိုင်တည်းပဲအဝစားသွားပါတယ်..

ဟိ..
တရုတ်မတွေနဲ့ပေါင်းပြီး အဲရာ လုပ်စားနေတာ..
မချော လက်ရာလေးစားချယ်လယ်.. ပြန်လာရင် လုပ်ကျွေးနော်..း)

ssye said...

မာမီ့ အကြိုက် ထင်တယ်

လသာည said...

မြီးရှည်ပူပူလေး.. အနံ့နဲ့တင် အဲလေ.. ဓါတ်ပုံလေးနဲ့တင် ဗိုက်ဆာသွားတယ်။ တကယ်စားချင်တယ်း)))

Anonymous said...

ကိုယ်လည်းစမ်းသပ်ချင်နေတာ။ မအားသေးလို့ ။း)
အိုင်အိုရာ

အလုပ်ရှုပ်သကွယ်.... မြေအိုးဝယ်ဖို့ ကကို စပြီး မဖြစ်နိုင်တော့လည်း.... စက္ခုအာရုံနဲ့ ပဲ ငမ်းသွားတယ်.... ။

စားနိုင်တဲ့သူတွေ စားကြပါ စားကြပါ။ :P :(((((((((((

ဟီးကြိုက်တယ် မြေအိုးကို လုပ်စားဦးမှပဲ :D

PhyoPhyo said...

ရှိတာလေးတွေ အကုန်ပစ်ထည့်ပြီး ချက်စားဦးမှပဲ။
ငုံးဥက မရှိတာနဲ့ မရှိတာတွေများများ၊ ကိုယ်ကမသိတာနဲ့၊
ချက်ထားတာ စားချင်စရာလေး၊ တော်လိုက်တဲ့ငါ့အစ်မ။
ချစ်တဲ့
pp

flowerpoem said...

စားချငိလိုက်တာ မိုးအေးအေးလေးနဲ့ ဆို အရမ်းစားကောင်းတာ :D

SHWE ZIN U said...

ညီမ ချော ရေ

မြေအိုး တော့ မရှိဘူး ရွှေအိုး နဲ့ ချက်စားရင်ရော ရတယ် မဟုတ်လား ဟားးးးးးးးး

စားချင်စရာလေး

rose said...

Thank you for the recepi, sis :)

Evy said...

စားချင်စရာကြီးချောရေ

ယောက္ခမ said...

သြော် ချွေးမက ပေါက်ကျိုင်းနဲ့ မောင်နှမလားဟင် :P
သူက ဒီလိုအိုးမျိုးတွေနဲ့ စားတာကိုး ကိုယ့်ခွက်တွေက
ဆွမ်းတော်ခွက်လေးတွေလို မြင်နေမှာပေါ့
ဒါနဲ့ လုပ်စားမယ်ကွယ် ရာဝင်အိုး တလုံးလောက်ပို့ပေးပါလားဟင် :P

ဟန်ကြည် said...

တစ်ခါနှစ်ခါလောက်တော့ စားကြည့်ဖူးတယ်...အိုးလိုက်စားရတယ်မို့လား...မကုန်နိုင်တဲ့အပြင် နည်းနည်းစပ်နေလို့ ခံတွင်းသိပ်မလိုက်ခဲ့ဘူး...ဒါပေမယ့် ဒေါ်ချောရဲ့မြီးရှည်ကတော့ အရသာရှိမယ့်ပုံပဲ...အင်း...အမြီးရှည်ရှည်ရတဲ့နေ့မှပဲ လာစားတော့မယ်ဗျာ...

ဟင့် အင့် မရဘူး အိုးလိုက်ဘဲ စားမယ်။(စဥ့်အ၀ါရောင်အိုးလေးက ချစ်စရာလေးမို့ အိုးလိုက်စားမည်ဟု ပြောလိုက်သည်)။ အိုးကလည်း ချစ်စရာ၊ အရသာကလည်းကောင်း၊ ပြောင်းဖူးကပါသေး။

(ချောရေ စင်္ကာပူမှာတုန်းက သိလား။ မြန်မာစားသောက်ဆိုင်တစ်ဆိုင်မှာ မယ်နူးကို ကြည့်ပြီးတော့ မှာလိုက်တယ်။(ကြေးအိုးမှန်းမသိလို့ပါ၊ ကြေးအိုးဆိုရင်အရည်နဲ့ရော၊ ဆီကြက်နဲ့ရော စားဖူးသားပဲ။ အဲဒါနဲ့ တစ်ခါတည်းနှစ်ပွဲ မှာထည့်လိုက်တာ၊ စားပွဲထိုးက မျက်လုံးပြူးသွားပါလေရော)။ အဲဒါနဲ့ ကိုယ်မှာထားတဲ့အတိုင်းပဲ ပြောင်သလင်းခါအောင် ဘုဉ်းပေးလိုက်ပါတယ်။

ချောရေ ကချင်ပြည်နယ်မှာ စစ်ပွဲကျင်းပကြတယ်ဆို။ ချောနေတဲ့နေရာနဲ့တော့ ဝေးတယ်မလား။ အန္တရာယ်ကင်း ဘေးရှင်းပါစေလို့ ဆုတောင်းပေးပါတယ်။ (တကယ်ဆုတောင်းပေးသည်)။ ဘေးဘယာဝေးကွာ ပြီး လိုအင်ဆန္ဒပြည့်ဝပါစေ...

ကိုကိုမောင်(ပန်းရနံ့) said...

ဂလု ဂလု။ ဘုဉ်းပေးချင်လိုက်တာ။ အဲလေ ယောင်လို့။ စားချင်လိုက်တာ။ (ဘုန်းဘုန်းတောက် ကွန်မင့်ဖတ်ပြီး ယောင်သွားခြင်း)။း)))

အမချော မြေအိုးမြီးရှည် တစ်ခါမှ မစားဖူးဘူး။ တွေ့ရင် ချက်ကျွေးရမယ်နော်။ လာစားမယ်။း)))

ခင်မင်လျက်

rose of sharon said...

ပုံကြည့်ပြီးသွားရည်တွေကျလာတယ်... အမယ်များများထည့်ရတဲ့စားစရာဆို ကိုယ့်ဟာကိုယ်ချက်စားရမှာပျင်းတယ်... သူများချက်တာဆိုအဲလိုဘဲသွားရည်ကျမိရော..

ချောရေ မြေအိုးမရှိဘူး ဒန်အိုးပဲရှိလို့ ဒန်အိုးမြီးရှည်လုပ်စားကြည့်အုံးမယ်။ ထည့်ရတဲ့အဆာပလာကလဲ များလိုက်တာ။ အဲဒါတွေလဲ တခုမှမရှိဘူး။ မြီးရှည်ဖတ်က မုန့်ဟင်းခါးဖတ်လိုပဲနော်။ အဲဒီအဖတ်မျိုးတော့ရှိတယ်။ ဒန်အိုးထဲ မုန့်ဖတ်ထည့် ပြုတ်လိုက်ရင် ဒန်အိုးမြီးရှည် ဖြစ်ရော မဟုတ်လား ... :))

စားတော့ စားချင်တယ် အဲ့လောက်ကြီး လက်ဝင်တာမျိုးကျတော့ စိတ်မရှည်တာ အမှန်ပဲဗျး))

နှိပ်စက်ပြီ..မြေအိုးမရမကရှာဝယ်ရတော့မပေါ့လေ...း)ချောလက်ရာမြေအိုးမြီးရှည်လေး စားချင်လိုက်တာ..း))

Nyi Linn Thit said...

မြေအိုးမြီးရှည် တခါမှ မစားဖူးဘူး၊ အသီးအရွက်တွေ စုံစုံလင်လင်နဲ့ ဆိုတော့ စားကောင်းမှာ သေချာပါတယ်။

အဲ့မြီးရှည်ဆိုတဲ့ နာမည်ကြီးကိုမကြိုက်လို့ တစ်ခါမှ မစား
ကြည့်မိဘူးရယ်....:Dအဝါယောင်အိုးလေးကိုတော့သဘော
ကျသဗျာ...၊

မြီးရှည်ကတော့ ကြိုက်မှကြိုက်...း)))

ခင်မင်လျက်
နေ၀ဿန်

phyu said...

Hi Ma Chaw, your clay pot noodle look nice & Tastefull, pack & takeaway for Ma Kom.

Nang Myint

စားချင်နေပါတယ်ဆို ...........................

မချေကတော့ နှိပ်စက် သဗျာ.

ချဉ်စပ်ဆိုတော့ စားချင်စရာပဲ။

tsawtsaw said...

တ၀တပြဲကြီးစား စားသွားပါတယ်နော်
မချော.......လေကိုပြောတာ
ကျေးဇူးအများကြီးတင်ပါတယ်
ချက်စားလိုက်အုံးမယ်
ညီမလေး ကအစားပုတ်သော မချောတင်သမျှ ဟင်းချက်နည်းတွေ တခုပြီးတခု ဖတ်ပြီးစမ်းလုပ်စားကြည့်တယ် ဟီးးးးးးးးးအခုလဲကော်ပီလိုက်ပြီ ...........

Anonymous said...

The photo is very taste
I am hungry now

san htun said...

တခါမှ ကိုယ်တိုင်မလုပ်စားဖူးဘူးး.ဆိုင်မှာစားတယ်..ခုတော့ ကိုယ်တိုင်ချက်မှ စားရတယ်..မြေအိုးမရှိလည်း စတီးအိုးနဲ့ ချက်ရင် စတီးအိုးမြီးရှည်ပေါ့နော် မချော..:P