စိမ်းစိမ်းစိုစို ကျွန်မရဲ့ တစ်နေ့တာ ...


တစ်နေ့ကပေါ့..

ကျွန်မနေတဲ့ မြို့ကလေးကနေ မိုင်၈ဝနီးပါးကွာဝေးတဲ့ တောင်ပေါ်မြို့တစ်ခုကို ကားနဲ့ အလည်သွားကြပါတယ်။ အဲဒီမြို့ကို သွားရင်းနဲ့ လမ်းတစ်ဝက်လောက်မှာ လမ်းမကြီးကနေ ဖဲ့ဆင်းပြီး လမ်းသွယ်လေးကနေ သွားရတဲ့ ကျောက်လှိုင်ဂူကြီး တစ်ခုကိုလည်း ရောက်အောင် သွားခဲ့ကြပါတယ်။ လှိုင်ဂူတစ်ခုလုံး ကျောက်ခက်ပန်းဆွဲတွေ၊ ကျောက်တိုင်ကြီးတွေနဲ့ သိပ်ကို လှပပါတယ်။ ဆန်းပြားစွာ ဖြစ်ပေါ်နေတဲ့ ကျောက်ခက်ပန်းဆွဲကြီးတွေနဲ့ လှပဝေဆာနေတဲ့ ကျောက်ဂူကြီးအကြောင်းတော့ ဓာတ်ပုံတွေနဲ့အတူ နောက်များမှ သီးသန့် ရေးပါဦးမယ်။ ခုပိုစ့်မှာတော့ အဲဒီကျောက်ဂူကြီးကို သွားတဲ့ တောင်ပေါ်လမ်းတစ်လျှောက် စိမ်းစိုလှပနေတဲ့ စိုက်ခင်းတွေ တောင်တန်းပေါ်က လက်ဖက်ခင်းနဲ့ လှေကားထစ်စိုက်ခင်းတွေရဲ့ ပုံတွေကို မျှဝေပေးချင်ပါတယ်။

စိမ်းလန်းစိုပြေတဲ့ မြင်ကွင်းဟာ လူတွေရဲ့ စိတ်ကို ချမ်းမြေ့ကြည်နူးစေနိုင်တယ်လို့ ဆိုရိုးရှိတယ် မဟုတ်လားလေ။ ဒီတော့ ကျွန်မမြင်တွေ့ခဲ့ရတဲ့ စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေကိုလည်း ချစ်စွာသော မိတ်ဆွေများကို ပြန်လည် မျှဝေခံစားကြည့်စေချင်တာပါ။ ခရီးထွက်ရတာကို နှစ်သက်သဘောကျတဲ့ ကျွန်မအတွက် ခုလို စိမ်းစိုနေတဲ့ တောတောင် သဘာဝအလှတွေရဲ့ မြင်ကွင်းတွေကိုကြည့်ရတာ ဘယ်ခါမှ မရိုးနိုင်တဲ့ မြင်ကွင်းတွေ ဖြစ်သလို၊ စိတ်ကိုလည်း ကြည်နူး ချမ်းမြေ့စွာနဲ့ ပီတိတွေ  ဖြာဖြာဝေရပါတယ်။

မြို့ပြမြင်ကွင်းတွေ ဘယ်လောက်တိုးတက် ခမ်းနားကြီးကျယ်နေပါစေ.. စိမ်းလန်းစိုပြေနေတဲ့ သဘာဝ ရေမြေတောတောင်ရဲ့ အလှလောက် လူတွေရဲ့ စိတ်နှလုံးကို ညွှတ်နူးပျော့ပြောင်းစွာ မဆွဲဆောင်နိုင်ပါဘူး။ လတ်ဆတ်တဲ့ လေပြေညင်း၊ စိမ်းလန်းတဲ့ ရှုမျှော်ခင်းနဲ့ ပြာပြာလွင်လွင်တောင်တန်းကြီးတွေကသာ လူတွေရဲ့ စိတ်နှလုံးကို အေးချမ်းကြည်လင်စေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူအများက သဘောဝပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုးကြတာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လှုံ့ဆော်ရေးတွေ၊ စီမံကိန်းတွေချပြီး စနစ်တကျ စီစဉ်ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အချို့သော သူတွေသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်း မသိ ၊ တန်ဖိုးထားကြရကောင်းမှန်း နားမလည်သလို၊ သိရက်နဲ့ ကိုယ်ကျိုးအတ္တကို အလေးထားလို့ အသိခေါက်ခက် အဝင်နက်နေကြသူများလည်း ရှိနေကြပါတယ်။






Image Hosted by PicturePush - Photo Sharing

မြို့ကနေထွက်လာတဲ့ ပင်မ လမ်းမကြီးပါ။ လမ်းဘေးဝဲယာတစ်လျှောက်လုံး ဘယ်နေရာကြည့်ကြည့် တောင်တန်းနဲ့ စိုက်ခင်းတွေ ပြေးမလွတ်ပါဘူး



Image Hosted by PicturePush - Photo Sharing

 မြို့ကနေထွက်ပြီး မကြာခင်မှာဘဲ အစိမ်းရောင်မြင်ကွင်းတွေ စပါပြီ။ ဒီနေရာမှာ ကားရပ်ပြီး ဓာတ်ပုံစရိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
တောင်ထွတ်မှာ တိမ်တွေ ဆိုင်းနေပြီး ရစ်ခွေနေတဲ့ စမ်းချောင်းလေးက သိပ်ကိုလှပါတယ်



Image Hosted by PicturePush - Photo Sharing

ဒီလမ်းလေးက ကျောက်လှိုင်ဂူကိုသွားဖို့ ပင်မလမ်းမကြီးကနေ ခွဲထွက်တဲ့ လမ်းပါ။ တောင်တွေ အများကြီးကို ကွေ့ကာ ဝိုက်ကာနဲ့ ဖြတ်ကျော်ရတဲ့ လမ်းဖြစ်ပါတယ်။ ဟိုးဝေးဝေးမှာတော့ မိုးကလေးဖွဲဖွဲ စွေနေလေရဲ့...



Image Hosted by PicturePush - Photo Sharing

ဒီလို မြေပြန့်လမ်းလည်း ဖြတ်ရပါသေးတယ်

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
လမ်းဘေးဝဲယာက စိမ်းစိမ်းစိုစိုများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
စိုက်ခင်းများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
အပေါ်အောက် စပါးခင်းများနဲ့ ကားသွားလမ်း

Image Hosted by PicturePush - Photo Sharing


ဒီလမ်းကလေးပေါ့

Image Hosted by PicturePush - Photo Sharing
ခုလို ကျောက်တောင်ကြီးတွေကိုဖြိုပြီးလည်း လမ်းဖောက်ထားတာပါ။ အကွေ့အကောက် သိပ်များတယ်..

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing

တောင်ခြေရွာကလေးများ



http://www2.picturepush.com/photo/a/5959460/640/5959460.jpg


Image Hosted by PicturePush - Photo Sharing
ဖျာချပ်ကလေးတွေ ခင်းထားသလို

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
လှေကားထစ်လေးတွေ

Image Hosted by PicturePush - Photo Sharing
စိုက်ထားလိုက်ပုံများ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒီလို စီရီစိမ်းစိုနေတဲ့ ပြောင်းပင်လေးတွေကြည့်ပြီး ပြောင်းဖူးပင်ကလေးတွေ တန်းစီလို့ အော်ပစ်လိုက်ချင်စရား)

Image Hosted by PicturePush - Photo Sharing
စမ်းချောင်းကလေးနဲ့ စိုက်ခင်းစိမ်းစိမ်း

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
စပါးခင်း စိုစို

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လမ်းဘေးဝဲယာတစ်လျှောက်လုံး တောင်တန်းတွေပါမကျန် စိုက်ခင်းတွေကြီးပါဘဲ
Image Hosted by PicturePush - Photo Sharing
ဒါက လက်ဖက်ခင်းတွေ
Image Hosted by PicturePush - Photo Sharing
လှေကားထစ် လက်ဖက်ခင်းများ

Image Hosted by PicturePush - Photo Sharing
ဟိုးတောင်ထပ်က အပင်တွေက ထင်းရူးပင်တွေဖြစ်ပြီး လှေကားထစ်နဲ့ စိုက်ထားတာက လက်ဖက်ခင်းတွေဖြစ်ပါတယ်...

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
တောင်တွေ တောင်တွေ ဘယ်လောက်များတယ် မမှတ်မိလောက်အောင် ဝိုင်းရံနေတာပါဘဲ 

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ခပ်ဝေးဝေးက မှိုင်းပြပြ ရွာကလေးတွေကို ကြည့်ရတာကိုက လွမ်းစရာလိုလို


ပုံတွေမှာကြည့်ရင် တွေ့နိုင်တာတစ်ခုက ဘယ်ပုံမှာဘဲဖြစ်ဖြစ် ဘေးပတ်ဝန်းကျင်မှာ တောင်တွေမပါတဲ့ပုံ မရှိသလောက် ကျွန်မသွားတဲ့နေရာဟာ တောင်တန်းအထပ်ထပ်ကို ကျော်ဖြတ်သွားရတဲ့ ခရီးဖြစ်ပါတယ်။ သွားခဲ့ရတာက တစ်နေ့တာ ခရီးတိုလေးဖြစ်ပေမဲ့ အစိမ်းရောင် မြင်ကွင်းတွေကြောင့်  စိတ်ချမ်းမြေ့မှုကတော့ တိုင်းတာပြလို့မရအောင် ရရှိခဲ့ပြီး ဒီခရီးကို အမြဲတမ်း တသသ ဖြစ်နေဦးတော့မှာ သေချာပါတယ်။  စိမ်းစိုနေတဲ့ တောတောင်ရှုခင်း၊ စိုက်ခင်းများကြောင့် ကျွန်မ စိတ်ကြည်နူး ချမ်းမြေ့ခဲ့ရသလို ဒီခရီးကနေ ကျွန်မ ရိုက်ယူခဲ့တဲ့ စိမ်းစိမ်းစိုစို ရှုခင်း မြင်ကွင်း၊ စိုက်ခင်းတွေရဲ့ ဓာတ်ပုံလေးတွေက စာဖတ်သူတွေကို စိတ်နှလုံး ကြည်နူး ချမ်းမြေ့စေနိုင်တယ် ဆိုခဲ့ရင်ပဲ  ကျေနပ်ပီတိ ဖြစ်ရပါပြီရှင်...



Image Hosted by PicturePush - Photo Sharing
( ဒီခရီးမှာ သွားကြည့်ခဲ့တယ်ဆိုတဲ့ ကျောက်လှိုင်ဂူအကြောင်းကို မကြာခင်မှာ ဆက်လက် ဖော်ပြပေးသွားပါ့မယ်ရှင်. )


33 Responses to “စိမ်းစိမ်းစိုစို ကျွန်မရဲ့ တစ်နေ့တာ ...”

Mghan said...

ခပ်စိမ်းစိမ်းပဲလှပါတယ်ဗျာ........

လှတယ်..စိမ်းစိမ်းစိုစို သဘောကျတယ်

မိုးယံ said...

ပြောင်းဖူးပင်လေးတွေ တန်းစီ.........

အော်...ပိုက်ဆံများရှိလို့ကတော့ကွာ..... သေတဲ့အထိ နေပစ်လိုက်ချင်တယ်.. တို့တိုင်းပြည်ရယ်။

PhyoPhyo said...

လှလိုက်တာ စိမ်းစိုနေတာပဲ။
လဘက်စိုက်ခင်းထဲ ကြည့်ချင်လိုက်တာ။
လဘက်စိုက်ခင်းတွေဘက်ရောက်ရင် လဘက်လုပ်တဲ့အကြောင်းလေးလည်း သိချင်လိုက်ထှာနော်။ နားပူ နားဆာ လုပ်တယ်တော့ မထင်ပါနဲ့
ချစ်တဲ့
pp
ကျောက်ခက်ပန်းဆွဲတွေ ကြည့်ဖို့ပြင်ထားပြီ

စိုက်ခင်းစိမ်းစိမ်း
ရှုခင်းစိမ်း
သစ်ပင်လည်းစိမ်း
တောလည်းစိမ်း
လွင်ပြင်လည်းစိမ်း
ချောလည်း စိမ်း ... :)

rose said...

စိမ်းစိမ်းစိုစို ဓာတ်ပုံလေးတွေ လာကြည့်သွားတယ် အစ်မချေား)

Baby taster said...

စိတ်နှလုံး ကြည်နူး ချမ်းမြေ့စေတယ်နော် တကယ်ပြောတာ ရွှေချွေးမလေး :)

Nyi Linn Thit said...

စိမ်းသော သစ်ရိပ်အောက်တွင်၊ စိမ်းသော မြမြက်ခင်း ပေါ်၊ စိမ်းသော သူ့ဘလော့ဂ်လွင်ပြင်စိမ်း၊ xxx xxx xxး)

အရာရာဟာ စိမ်းစိုနေတဲ့ ဓါတ်ပုံလေးတွေ ကြည့်ရတာ မျက်စိအေးသွားတယ် မချောရေ့....။

ကျွန်တော်လည်း အစိမ်းရောင်ကို တအားကြိုက်တယ်.... သဘောကျတယ်.. မချောပုံတွေကိုကြည့်ပြီးတော့..း))


ခင်မင်လျက်
နေ၀ဿန်

mstint said...

အစိမ်းရောင်က လူတွေရဲ့စိတ်ကို အေးချမ်းမှု လန်းဆန်းမှု ကြည်နူးမှုကို ပေးနိုင်စွမ်းရှိတဲ့အတွက် စိတ်မကြည်သာတဲ့ အခါမျိုးမှာ စိမ်းလန်းစိုပြေ တောတောင်သဘာဝ ရှိတဲ့နေရာမျိုးတွေကို ခရီးထွက်သင့်တယ်။ အန်တီလည်း တောင်တန်းကြီးတွေနဲ့ စိမ်းလန်းစိုပြေတဲ့ သဘာဝရှုခင်းတွေက နှစ်သက်တယ်လေ။

မေတ္တာဖြင့်
အန်တီတင့်

Evy said...

အဲလိုမျိုးနေရာလေးတွေကိုသွားချင်လိုက်တာ။ ဓာတ်ပုံလေးတွေအတွက် ကျေးဇူးပါချော။

မေမြို့တို့ သံတွဲတို့ သွားတာကို ပြန်သတိရမိတယ် ..း)

ခွန် said...

စိမ်းစိမ်းစိုစိုတွေ မြင်ရတာ မျက်စိအေးတယ်။
အဲဒီလို နေရာမျိုးတွေ အရမ်းသွားချင်တာဘဲ :)

I love those sceneries, mountains, grassland, rice fields, what more do we need, eh?

မွန်ပြောသလိုပဲ... သဘာဝစိမ်းစိုနေတဲ့ အပင်တွေနဲ့ဝန်းရံထားတဲ့ နေရာမှာနေနေရရင် ဘ၀အတွက် လိုအပ်ချက်ကင်းသွားသလိုပဲ... အရာရာဟာ အေးချမ်းနေတယ်...။

အေးချမ်းစိမ်းစိုတဲ့နေရာလေးမှာ အေးချမ်းစွာ နေခွင့်ရပါစေမချော။ (သဒ္ဓါလည်း နေချင်တယ်း)။
ကျောက်လှိုင်ဂူအကြောင်းလေးလည်း
မျှော်နေမယ်နော်။
ချစ်တဲ့
သဒ္ဓါ

SHWE ZIN U said...

အချို့သော သူတွေသာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရကောင်းမှန်း မသိ ၊ တန်ဖိုးထားကြရကောင်းမှန်း နားမလည်သလို၊ သိရက်နဲ့ ကိုယ်ကျိုးအတ္တကို အလေးထားလို့ အသိခေါက်ခက် အဝင်နက်နေကြသူများလည်း ရှိနေကြပါတယ်။

ဟုတ်ပညီမရယ် အဲလို လူတွေ ကို လက်နက်ကြီး နဲ့ ထုဘို့ ကောင်းတယ် (လောက်စာလုံး နဲ့ပါ)

အမ လည်း အဲလို အပင်တွေ ကြားမှာ နေရတာကို နှစ်သက်တယ်

tsawtsaw said...

လာအားပေးသွားတယ်နော် မချော.....
အမ ဒီနေရာလေးရဲ့ မြို့ နာမည်ကိုသိလို့ ရမလား
အရမ်းအေးချမ်းလို့ ပါ............
ကျေးဇူးတင်ပါတယ်
ဆက်လက်အားပေးနေမယ်............

Anonymous said...

I just added this blog to my google reader, excellent stuff. Can not get enough!

flowerpoem said...

အမရေ အစိမ်းရောင်မြင်ကွင်းပုံတွေကြည့်ပြီး တကယ်ကို မျက်စိအေးသွားပါတယ် အမရဲ့ အစိမ်းရောင်လွင်ပြင်ဆိုတဲ့ နာမည်နဲ့လည်း ပိုလိုက်ဖက်သွားတယ် . . :)

အား..စိမ်းစိုလှပနေတာပဲမမရေ..
ကျေးဇူးတင်လိုက်တာ..စိတ်ထဲလန်းသွားတာပဲ..
အချစ်နဲ့အတူ..အဲဒီနေရာလေးကိုသွားချင်တယ်..
ဘယ်နေရာလဲပြောပြပါနော်..
း)

ခင်မင်လေးစားစွာဖြင့်.
ချစ်ခြင်းအလကာင်္

တကယ်ကိုလှပပြီးတန်ဖိုးထားစရာ..ကြည်နူးစရြာုမင်
ကွင်းလေးတွေကို..မသွားနိုင်ပေမယ့်..ခံစားပြီးဖတ်သွားပါတယ်..

လေးစားလျှက်
လေလွင့်နတ်သမီး

Anonymous said...

ကိုယ်တိုင်သွားလိုက်ရသလိုပါဘဲ။ ကိုယ်ကအဲလိုတချိန်လုံး အပြင်သွားချင်နေတာ။
အိုင်အိုရာ

ပုံလေးတွေက ပန်းချီကားချပ်လေးတွေလိုဘဲနော်

လသာည said...

တကယ့်ကို စိမ်းစိုနေတာ စိတ်ချမ်းသာလိုက်တာ ချောရယ်..

သဘာဝရှုခင်း စိမ်းစိုနေတာတွေက ဓါတ်ပုံနဲ့တောင် ကြည့်မဝချင်ဘူး။ တောတောင်တွေဘက် ခရီးသွားရတာ သိပ်ကောင်းတယ်။ လေကောင်းလေသန့်နဲ့ အေးမြတဲ့ သစ်တောစိမ်းစိမ်းတွေက စိတ်ကို ကြည်လင်သွားစေတယ်လေ။

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ် အစိမ်းရောင်ရယ်။

စိုက်ခင်းစိမ်းစိမ်း
ရှုခင်းစိမ်း
သစ်ပင်လည်းစိမ်း
တောလည်းစိမ်း
လွင်ပြင်လည်းစိမ်း
ချောလည်း စိမ်း ... :)
မေဓာဝီပြောတာ သဘောကျလို့ သူ့အတိုင်း ပြောလိုက်ပါတယ်။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ

သိပ်လှတာပဲ ချောရေ။
အေးချမ်းတဲ့ ခံစားမူကို တကယ်ပဲ ရလိုက်တယ်၊
အဲဒီလိုနေရာမှာ သိပ်နေချင်တာပါပဲ။

ဆွေလေးမွန် said...

မချောရေတစ်ကယ်ကိုယ်ပဲ စိမ်းစိမ်းစိုစိုနဲ့တစ်ကယ့်ကို သာယာလှပတဲ့ ရှုခင်းတွေကြီးပဲ။
ကျောက်ဂူကြီးအကြောင်းလဲ ရေးပါအုန်း မအားတဲ့ကြား က သိချင်လို့ လာဖတ်ဖြစ်အောင်ဖတ်ပါအုန်းမယ်

Anonymous said...

ရင်ထဲကို တကယ်အေးမြသွားစေတဲ့ စိမ်းစိမ်းစိုစို ရှုခင်းလေးတွေပါ။ အခုလို သာယာလှပတဲ့ စိမ်းလန်းစိုပြေတဲ့ မြင်ကွင်းလေးတွေကို ကြည့်ရှု့ ခံစားခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ခင်ဗျ။ အခုလို သာယာလှပတဲ့ သဘာဝ ပတ်ဝန်းကျင်တွေကိုလည်း ကျွန်တော်တို့ လူသားတွေအား လုံးဝိုင်းဝန်း ထိန်းသိမ်း ကာကွယ် နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

သဘာဝရှုခင်းတွေကို သဘောကျလိုက်တာ ချောရေ.. ဓါတ်ပုံတွေမြင်ရတာနဲ့တောင် စိတ်အေးချမ်းဖို့ကောင်းလိုက်တာ။ အပြင်မှာမြင်ရရင် ဘယ်လောက်ချမ်းမြေ့စရာကောင်းလိုက်မလဲဆိုတာ တွေးကြည့်စရာတောင် မလိုတော့ဘူး။

တနေ့တော့ ရောက်အောင်လာခဲ့ပါအုံးမည်..
မချောကို လိုက်ပို့ခိုင်းမှာ..း)

အရမ်းကို လှပတဲ့ ရှုခင်းတွေပါ မချောရေ။ တကယ်ကို စိတ်ကို ကြည်နူးသွားစေတယ် ရှင်။

သွားလည်ချင်လိုက်တာ။


ခင်မင်လေးစားလျက်