ရေမချိုးကြသူများ


ချစ်ခင်ရသော စာဖတ်သူများကို ဒီပိုစ့်လေးမှာတော့ တစ်သက်မှာ တစ်ခါလေးတောင် ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။ သူတို့ လူမျိုးစုရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ အချက်က သူတို့ဟာ ဘယ်တော့ခါမှ ရေချိုးကြသူများ မဟုတ်ကြပါဘူး။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ မေးစရာရှိပါတယ်. ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.
     ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းကို ဖော်ပြရရင် မနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။


The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
သနားစရာ Ovahimba လူမျိုး ကလေးငယ်များ

သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။



The Ovahimba People Of Namibia

ဒီလိုလည်ဆွဲမျိုး ဆွဲထားတဲ့ မိန်းကလေးဆိုရင် အိမ်ထောင်မရှိသေးသူလို့ အဓိပ္ပါယ်ရပါတယ်။ စိတ်ဝင်စားသူများ စာရင်းပေးထားလို့ ရပါတယ်နော် ။ ဒါပေမဲ့ တစ်သက်လုံးမှာ တစ်ကြိမ်တောင် မလျှော်တဲ့ ခေါင်းပေါ်က ဆံပင်တွေကိုတော့ ခွင့်လွှတ်ရမှာ ဖြစ်ပါတယ်း)


Image Hosted by PicturePush - Photo Sharing


ဒီပုံကတော့ အိမ်ထောင်သည်အမျိုးသမီးရဲ့ မခို့တရို့အလှပါ။ အပေါ်က အိမ်ထောင်မရှိသူနဲ့ လည်ဆွဲချင်း မတူတာ တွေ့နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Ovahimba woman Namibia stock photo


Image of pc010370.jpg

Image Hosted by PicturePush - Photo Sharing



အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့  အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။


( ရေချိုးပျင်းသူများ၊ အဝတ်လျှော်ရမှာ ပျင်းသူများအတွက်တော့ Ovahimba လူမျိုးနွယ်စုတွေ နေထိုင်တဲ့ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ သွားနေကြည့်ဖို့ အကြံပေးချင်ပါတယ်)း)                                           
Image Hosted by PicturePush - Photo Sharing


Photos and source from : google and http://www.elsasdesigns.com/ovahimba.html

41 Responses to “ရေမချိုးကြသူများ”

တခါတခေါက်တော့ သွားချင်ပါတယ်မချော။
ပညာတော့ သင်ကြလားမချော။
ချစ်တဲ့
သဒ္ဓါ

ရေအခုချိုးရင်ကောင်းမလား ညကျမှ ချိုးရင်ကောင်းမလား ခပ်ပျင်းပျင်းနဲ့ စဉ်းစားနေတုန်း ချောရဲ့ ပို့စ်အသစ်တက်လို့ လာကြည့်တာ ရေမချိုးကြသူများဆိုလို့ ရယ်မိသေးတယ်။

ကလေးလေးက နှပ်တွေ သွားရည်တွေနဲ့ ညစ်တီးညစ်ပတ်ကလေးပေမဲ့ ၀၀ဖြိုးဖြိုးမို့ တော်သေးတယ်နော်။ ဟိုကလေးတယောက်ကတော့ ခပ်တည်တည်ပဲ အိုးလိုက် သမနေတာ။ ဇွန်းကလဲ ခပ်သေးသေး ယောက်ချိုနဲ့။ ဟီးး

ကောင်မလေးလည်ပင်းက ချေးအထပ်ထပ် တက်နေတဲ့ ကွင်းကြီးကြည့်ပြီး လည်ပင်းတောင်ယားတယ်။ ဆံပင်ကလဲ မြွေကြီး ခေါင်းပေါ်တင်ထားသလိုပဲနော်။ အသည်းယားလိုက်တာ။ နမ်းကြည့်ရင် နံလိုက်မယ့် အမျိုး။ ကိုယ်ကဖြစ်နိုင်ရင် ဆံပင်မပါဘဲတောင် နေချင်တာ (ဘုန်းဘုန်းတောက်တို့ အားကျလို့) :D

ဘာပဲဖြစ်ဖြစ် သူတို့ရေမချိုးပေမဲ့ ကျန်းမာရေးကောင်းပြီး စိုစိုပြေပြေ မြင်ရတာတော့ စိတ်ချမ်းသာပါတယ်။ ချောရဲ့ ဒီပို့စ်ဖတ်ပီး နမီးဘီယားသွားလိုသူ ပုရိသဘလော့ဂါများ တယောက်တလေ ရှိမလားတော့ သိဘူးနော်။ :))

Mg han said...

မချောတို့ရွာ...ဟိဟိ...

ခုတစ်လော ရေမချိုးသူတွေ ချည်းလာတွေ့နေပါလား။ ကိုယ်လည်း ရေမချိုးပဲ နေလိုက်ဦးမယ်... ဂွီ။

ဘာပဲဖြစ်ဖြစ် ဘုရားသခင်ရဲ့ အံ့သြဖွယ် စိတ်ကူး ဖန်ဆင်းမှုကို ကျေးဇူးတင်မိပါသည်။ ခွစ်ခွစ်

မင်္ဂလာပါလို့ နှုတ်ဆက်လိုက်ပါတယ် ချော။

ရေမချိုးတဲ့သူတွေ၊ ရေမချိုးတဲ့သူတွေ လောကမှာ ရှိနေသေးတာပဲနော်။ ငယ်ငယ်က ဘုန်းဘုန်းတို့အဖေလည်း တစ်လမှတစ်ခါ ရေချိုးတာ။ (ကြားရက်တွေမှာ ကိုယ်ပတ်တော့ တိုက်ပေးရသည်)။ ဘုန်းဘုန်းတို့ရှမ်းပြည်မှာ အေးလို့လေ။ တစ်ချို့ဆို ရေတော်တော်ကြောက်တာ။

ချောပြောတဲ့ လူတွေက ရေတာ မချိုးတာ။ ရေတော့ သောက်လောက်ပါတယ်နော်။ ချောကော အဲဒီကို ရောက်ပြီးပြီလား။ ဘုန်းဘုန်းလည်း အဲဒီကို ရောက်ဖူးချင်တယ်။ ဒါပေမယ့် စာရင်းတော့ မပေးပါရစေနဲ့။ ဟီး။

ချောရေ မမေကို ပြောလိုက်ပါဦး။ နမီးဘီယားကို သွားလိုတဲ့ ပုရိသဘလော့ဂါရှိသွားပြီလို့။ ဟား ဟား။

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

ကိုအောင်(ပျူနိုင်ငံ) said...

အနံ့တော်တော် ပြင်းမယ် ...

ကိုအောင်ပြောသလို ဒီကနေတောင် အနံ့ရသလိုပဲ... :P

ခင်မင်လျက်
နေ၀ဿန်

Nyi Linn Thit said...

အင်မတန် ရေရှားတဲ့ အရပ်မှာ နေကြသူတွေမို့ ရေချိုး နည်းတာကနေ ရေမချိုးတော့တဲ့ ဓလေ့ထုံးတမ်း ဖြစ်လာခဲ့သလား မသိဘူးနော်၊ ရေချိုးပျင်းတဲ့ ဘကြီး တစ်ယောက်ကတော့ ဘုရင့်နောင် ဖောင်ဖျက်တဲ့နည်းနဲ့ ရေချိုးတယ်၊ ရေချိုးခန်းထဲမှာ အကြာကြီး ချီတုံချတုံ လုပ်ပြီးမှ တကိုယ်လုံးကို ဆပ်ပြာနဲ့ အမြန်တိုက် လိုက်တယ်၊ ဒီတော့ ဆပ်ပြာပြောင်အောင်လို့ ရေမချိုးလို့ မရတော့ဘူး..၊ သူဆိုရင် နမီးဘီးယားမှာ အတော်ပျော်မယ်..။း)

မီးခိုးရောင်ကို ထွက်နေရော့ပဲ..။ သူတို့ကသန့်၂ရှင်း၂ နေရင် ရုပ်သိပ်မဆိုးမဲ့ အမည်းမျိုး။ ခုတော့ဗျာ ..

အမလေး အစ်မရယ်
မြင်ပြီး ရင်ထဲ တမျိုးကြီးပဲ
ဆံပင်နဲ့ လူတွေက ရွှံ့တုန်းကြီးကျနေတာပဲနော်
(အထင်အမြင်သေး နှိပ်ချလိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး)
ဒါပေမယ့် မြင်ပြီးတောင် မခံစားနိုင်ဘူး .. eek!!!

အိမ်ကလူကိုသားဆိုးက.အဲလိုမဲမဲလေးတွေချစ်တတ်တော့..
သူ့ကိုအဲဒီပို့ပေးရမယ်..
အဲဒီမိန်းမတွေနဲ့ပိုဆိုလိုက်မယ်..
ကျေးဇူးမမရေ....
အိမ်ကလူကိုပြောဖို့တခုရသွားပြီ

ခင်တဲ့
ချစ်ခြင်းအလကာင်္

ဟီး လှတယ်။ ဆံပင်လေးတွေက။း) ဗဟုသုတတွေ အများကြီးရသွားပါတယ် မချောရေ။


ခင်မင်လေးစားလျက်

Evy said...

အမယ်လေး ။ အတော်နေနိုင်ကြတဲ့ လူမျိုးပါလားနော်။ ရေမချိုးဘဲနေတာ အနေမခက်ဘူးလားမသိပါဘူး

ကိုကိုမောင်(ပန်းရနံ့) said...

သေချာ စဉ်းစားကြည့်လိုက်တော့လဲ အားလုံးဟာ အပုပ်ကောင်တွေချည်းပါဘဲ။ သူတို့ကတောင် မီးခိုးကြပ်တိုက်ထားလို့ အပုပ်နံ့ သက်သာဦးမယ်။း))))

ဒါနဲ့.. မချောက ဘယ်အချိန် အဲဒီကိုသွားပြီး ဓါတ်ပုံတွေ ရိုက်ယူခဲ့တာလဲ။ အဟီး။။

ခင်မင်လျက်

ထူးဆန်းတာတစ်ခု ထပ်ကြားဖူးသွားပြီ။ ကမ္ဘာပေါ်မှာ သူ့နေရာနဲ့သူ ထူးခြားဆန်းပြားတဲ့ ဓလေ့ပေါင်းစုံက နေရာတိုင်းမှာရှိနေတာပါဘဲ။ လေ့လာလို့ကို ဆုံးနိုင်မှာမဟုတ်ဘူး။ အသိအမြင် အသစ်တစ်ခု ထပ်ရလို့ ကျေးဇူးပါ ချောရေ။

Anonymous said...

ရေသာ မချိုးတာဗျ ဆံပင်တွေ လုပ်ထားတာတော့ တော်တော် အဆင့်မြင့်တယ်

မော်ဒယ်မမများ ပညာသွားသင်ဘို့ကောင်းတယ်

ရွှေစင်ဦး

ခွန် said...

တတိယဓါတ်ပုံက ကလေးလေး
အိုးကပ်နှိုက်စားနေတာ ချစ်စရာလေး...
သူ့ကိုကြည့်ရတာ အတော်ဇိမ်ကျနေတဲ့ပုံဘဲ
အစ်မရဲ့... :)

ပန်းချီ said...

ရေမချိုးပေမယ့် အိမ်ထောင်ကျကြသားပဲနော်..း))))

ရေမချိုးပဲ မီးခိုး ချိုး လို့ ထင်တယ်။ သူတို့ အသား အရောင်လေး တွေက အနက်နု ရောင်လေး။ :P

Snow said...

ရေချိုးရမှာ ပျင်းတော့ ပျင်းပါတယ်။ ဒါပေမယ့် သူတို့ကိုတော့ လုံးဝ မမှီနိုင်ပါလား။

ထူးထူးဆန်းဆန်း ဗဟုသုတတွေ မျှဝေပေးလို့ ကျေးဇူးပါ မချော။

seesein said...

ရေမချိုးတော့ ရေကုန်သက်သာတာပေါ့ ရေရှားတယ်နဲ့တူတယ် အ၀တ်လဲ ရှားတာဘဲလားမသိဘူးနော် ဆံပင်ဒီဇိုင်းက ဦးချိုနဲ့တူနေပြီ
ချောရေ ရှာရှာဖွေဖွေ ဗဟုသုတရစေလို့ ကျေးဇူးပါ

ခင်မင်တဲ့
seesein

Anonymous said...

Thank you for sharing Chaw. I am intrigued by their accessories and wish I could meet them to know more about their culture, way of thinking, daily life, etc.
Mon Petit Avatar

IDIOT-Ki said...

အောင်မလေးးးး
ဆံပင်ခွေ ဂျပ်ပြားလိုက်ကြီး ကြည့်ပြီး အသည်းယားလိုက်တာ..
မီးခိုးမှိုင်းတွေကြောင့် သန်းတွေလည်း မတွယ်နိုင်ဘူးနဲ့တူတယ်.. တွယ်မိရင်လည်း ရှင်းဖို့ လွယ်မယ်မထင်....
ဲဗြူတီပါလာ ၊ အဝတ် ဒီဇိုင်နာ တို့တော့ အဲ့မှာ အလုပ်ဖြစ်မှာ မဟုတ်ဖူး။
မချောရော..အဲ့မှာ နေဖို့ စဉ်းစားနေပြီလား..း

ခင်တဲ့
မကိ..

PhyoPhyo said...

နောက်ဆုံးပုံလေး ကလေးလေးပွေ့ပြီးရပ်နေတာ တော်တော်လှသား။
ဆံပင်တွေတော့ ခေါင်းကျိန်းလိုက်တာနော်။
ရေချိုးခေါင်းလျှော်ပြီး လာဖတ်ပါတယ်။ :D
ချစ်တဲ့
pp

mstint said...

ထူးထူးခြားခြား 'Ovahimba လူမျိုးနွယ်စု' အကြောင်း ဝင်ဖတ်သွားတယ် ချောရေ။ အီကောလူမျိုးက တစ်နှစ်ကို တစ်ကြိမ်ရေချိုးတော့ တော်သေးတာပေါ့နော်း) ။ ဆန်းသစ်တဲ့ပို့စ်လေးတွေ ဆက်လက်စောင့်မျှော်နေပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

tsawtsaw said...

ဆံပင်က ဒီတိုင်းပဲကျစ်ထားတာလား မချော
အရမ်းရှည်လာရင်ေ်တာ့ခက်ရချည်ရဲ့ 
ဟိုအပေါ်က အပျိုဆိုတဲ့ ကောင်မလေးလည်ပင်းမှာ ကပ်နေတဲ့ ဂျီးတွေကို အထက်လိုက်တောင်ခွါလို့ ရမဲ့ကိန်းပဲ
ဟီးးးးးးးးးးးးးးးးးးးးးးး

Baby taster said...

အသားရောင်တော့ လှတယ်း)
အဆီတမျိုးမျိုး လိမ်းပြီး ဓာတ်ပုံ ရိုက်ရင်
တော်တော်လှမှာ ဟဟား ဒါပေမဲ့
နေပါစေဟယ် သေသွားနိုင်တယ်

သူတို့က ဘယ်ရေချိုးစရာလိုမလဲ၊ အ၀တ်မှ မ၀တ်တာ၊ ချေးမတင်ဘူးလေ။

...အလင်းစက်များ said...

ဆံပင်တွေ စေးကပ်နေတာ နေတတ်ကြတယ်ဗျာ... အံ့ရော အံ့ရော...... ကျနော်ဆို ချွေးနည်းနည်း ထွက်တောင် မနေနိုင်ဘူး......။

အသန့် သိပ်ကြိုက်တာ....... ဟီးဟီး။

အသားအရည်ကတော့မိုက်တယ်....မီးခိုးမှိုင်းခံလို့ထင်ရဲ့..။
ရေမျိုးပေမယ့် သွားတော့တိုက်ပုံရသား...သွားအဖွေးသား
လေးတွေနဲ့...၊ရေမချိုးတာလေးတစ်ခုပဲ...:)

ahphyulay said...

အင်း...
မ ချောရေ...၊
ပေါက်ပေါက်ရှာရှာဗျာ..။
လန့် တောင်သွားတယ်။
တစ်သက်လုံးမလျှော်တဲ့  ခေါင်းပေါ်က
ဆံပင်ဆိုရင် “ ဒုတ် ” တစ်ချောင်းလို
မာနေမှာပဲ နော်..။

ဟန်ကြည် said...

ကောင်းလိုက်တဲ့ တိုင်းပြည်...ဆပ်ပြာကုမ္ပဏီသွားထောင်လိုက်ရင်တော့ ၀က်ဝက်ကွဲ အောင်မြင်မှာသေချာသေးတော့...

Anonymous said...

အသားအရေက မီးခိုးရောင်ပေမယ့် သွားတွေက ဖွေးနေတယ် ဆိုတာ သူတို့ဆီမှာ ကွမ်းစားတဲ့သူ မရှိလို့ ဖွေးနေတာ နေမှာနော်။ :) ရှာရှာဖွေဖွေ ထူးထူးဆန်းဆန်း လေးများကို ရှာဖွေ စုဆောင်းပေးတဲ့ မချောကို ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။ အော်ဒါနဲစကားမစပ် အိမ်ထောင်ကျပြီးသား လူပျိုနဲ့၊ လူအိုတော့ ခွဲထားတာ မပါဘူးနော်... အပျိုကြီးတွေအတွက် မေးကြည့်ပေးတာ.. ဟဲဟဲ... စတာနော်.

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ

ဆွေလေးမွန် said...

ဓာတ်ပုံက ကောင်းလို့ပဲလားတော့ သိဘူး။ ရေမချိုးပေမယ့် အသားလေးတွေတော့လှသား..

Anonymous said...

ချောရေ ရေမချိုးတာပီပြင်လွန်းလို့ ကြည့်ရင်းနဲ့ 
ခေါင်းတောင်ကိုက်လာသလိုဘဲ။း)
အပြင်မှာဆို ရိုင်းပြတဲ့အမူအရာမဖြစ်သွားအောင် တော်တော်ထိန်းရမယ်ထင်တယ်။ ဟင်း ဟင်း ထူးဆန်းပါပေ့။
အိုင်အိုရာ

Anonymous said...

ဖတ်လိုက်ရတာ
ဗဟုသုတလည်း ရသလို
ဓာတ်ပုံတွေ ကြည့်ပြီးတော့လည်း
စိတ်ထဲမှာ
ယားကျိကျိနဲ့ ...

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Anonymous said...

ပုံတွေက တခြားကယူထားတာ ထင်ပါတယ်.. မချောက ဗဟုသုတအနေနဲ့ ပြန်ရှယ်တာပါ

သူတို့ အသားအေ၇ာင် နီညိုညို ဖြစ်နေတာက သူတို့ အသားအရေမပျက်ဆီးအောင် အဆီရယ် ရွှံ့စီးတမျိုးရယ်ကို ရိုးရာဆေးတွေနဲ့ ရောပီး လိမ်းထားကြလို့ပါ.. မြန်မာတွေ သနပ်ခါးလိမ်းသလိုပေါ့

ထူးပါပေ့ ဆန်းပါပေ့။ တဘက်ကကြည့်တော့လည်း ကောင်းတာပါပဲ။ အသက်ရှင်နေတုန်း ပူရပန်ရတာ နည်းသွားတာပေါ့။ မဟုတ်ရင် မိတ်ကပ်ဖိုး အဝတ်အစားဖိုးတွေ ရှာဖွေနေရအုံးမှာ။ အပျိုအအို ခွဲတဲ့ စနစ်လေးတော့ သဘောကျတယ်။

မောင်မျိုး said...

ခေါင်းပေါ်က အခွေကြီးတွေ ကြည့်ပြီး လည်ချောင်းထဲ ယားလိုက်တား)


ကျနော် ရေချိုးမပျင်းဘူးဗျ ။

ညီမလေး said...

သူတို့အရပ်နဲ့သူတို့ဓလော့တော့ ဟုတ်နေတာပဲနော်

Anonymous said...

ရေသာမချိုးတာ...ရုပ်လေးတွေကတော့ ချစ်စရာလေးတွေပါ။

မမက ယောကျာ်းလေးပုံကျတော့
တင်မပေးဘူး.... :D



ညီမလေး
အင်ကြင်း