Avatar ရုပ်ရှင်ထဲက တောင်ထွတ်များရဲ့တည်နေရာ

နာမည်ကျော်ဒါရိုက်တာ James Cameron ရဲ့ Avatar ကားကို ကြည့်ဖူးကြမှာပါနော်။ အဲဒီကားထဲမှာထည့်သွင်း ရိုက်ကူးထားတဲ့  Pandora ဂြိုလ်ပေါ်က တိမ်တွေကြားမှာ  မျောလွှင့် နေသော Hallelujah တောင်ကြီးတွေကို မှတ်မိဦးမယ် ထင်ပါတယ်။ ကျွန်မတော့  Avatar ကားကိုကြည့်မိတိုင်း ရင်သပ်ရှုမော အံ့သြဖွယ် ကောင်းလောက်အောင် လှပလွန်းတဲ့  တောင်တွေရဲ့အလှကို အပြင်မှာ တကယ်ကို တွေ့မြင်ချင်တဲ့ ဆန္ဒတွေ တဖွားဖွားဖြစ်ပေါ်လာပါတယ်။ သို့ပေမဲ့ ဒါဟာ စိတ်ကူးယဉ်အိပ်မက်သက်သက်သာ ဖြစ်မှာပါ။ ဒီလိုတောင်တွေဆိုတာ အပြင်မှာ တကယ်တမ်းတော့ ဘယ်ရှိနိုင်ပါ့မလဲနော်။


How you can visit the \<i\>real\<\/i\> Pandora of \<i\>Avatar\<\/i\>




Image Hosted by PicturePush - Photo Sharing
Avatar ကားထဲက Floating Mountains of Pandora တောင်များ

Image Hosted by PicturePush - Photo Sharing



ကြည့်လေ တိမ်တွေကြားက Hallelujah တောင် ဘယ်လောက်များ လှလိုက်သလဲနော်

ဒါပေမဲ့ ကျွန်မရဲ့ စိတ်ကူးယဉ်အိပ်မက်တွေဟာ တကယ်လက်တွေ့ဖြစ်နိုင်မှန်း တစ်ရက်မှာ သိလိုက်ရပါတယ်။ ဘာလို့ဆိုတော့ ရုပ်ရှင်ကားထဲမှာ ပါဝင်နေတဲ့ တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိနေလို့ပါဘဲ။ မဖြစ်နိုင်ဘူးလို့ ထင်ပါသလား။ တကယ်ပါ။ Avatar ကားထဲက Pandora  ဂြိုလ်ပေါ်က တောင်တွေဟာ အပြင်မှာ တကယ်ကို ရှိပါတယ်။ ဒါပေမဲ့ အပြင်မှာ တကယ်ရှိတဲ့တောင်တွေက ရုပ်ရှင်ထဲကလို ကောင်းကင်မှာ အောက်ခြေမပါဘဲ မျောလွှင့်နေတဲ့ Floating Mountains တောင်များတော့ မဟုတ်ပါဘူး။  မြေပြင်ကနေပြီး ထောင်မတ်စွာ မြင့်မြင့်မားမား ဖြစ်ပေါ်တည်ရှိ နေကြတဲ့ ကျောက်တောင်ထွတ်တွေ ဖြစ်ကြပါတယ်။  အောက်ကပုံတွေမှာ ကြည့်ကြည့်ပါရှင်...



yuanjiajie 1

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing


ဒီကျောက်သားတိုင် သဖွယ် တောင်ကတော့ ရုပ်ရှင်ထဲမှာ Pandora ပေါ်က Hallelujah တောင်အဖြစ် ထင်ထင်ရှားရှားတွေရတဲ့ တရုတ်ပြည် ဟူးနန့်ပြည်နယ် ZhangJiaJie ဥယျာဉ်တွင်းရှိ  တောင်ဖြစ်ပါတယ်။






Image Hosted by PicturePush - Photo Sharing


ဇာတ်ကားထဲက Hallelujah တောင်နဲ့ Zhangjiajie ဥယျာဉ်အတွင်းက ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၁၀၇၄ (ပေ ၃၅၀၀ ခန့်) မြင့်မားတဲ့  တောင်တို့ရဲ့ တူညီတဲ့အချက်များ ကောက်နှုတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဝဘ်ဆိုဒ် တစ်ခုမှာလည်း Avatar ကားထဲကတောင်ဟာ Zhangjiajie ဥယျာဉ်အတွင်းက တောင်တွေကနေ ဖြစ်ပေါ်ထာတာပါလို့ အတိအလင်းဖော်ပြထားပါတယ်။ အောက်မှာတော့ Zhangjiajie ဒေသရဲ့ သလင်းနဲ့ သဲကျောက်တောင်များရဲ့ အလှကို ရင်သပ်ရှုမော တွေ့မြင်ကြရမှာဖြစ်ပါတယ်

Image Hosted by PicturePush - Photo Sharing







Image Hosted by PicturePush - Photo Sharing




ဘယ်လောက်တောင် ပန်းချီဆန်တဲ့ အလှလည်းနော်


တိမ်တွေကြားကပုံတွေကိုကြည့်ပြီး အိပ်မက်ထဲမှာသာ တွေ့နိုင်မဲ့ မြင်ကွင်းမျိုးလို့ ကျွန်မစိတ်ထဲ ခံစားမိပါတယ်။ လှပလွန်းလှတဲ့ ဒီကျောက်တောင်ထွတ်တွေရဲ့ ရှုခင်းဟာ တကယ်ကို ရင်သပ်ရှုမောဖြစ်ရလောက်အောင် ကျွန်မကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ တိမ်တွေကြားမှာ ခမ်းနားကြီးကျယ်စွာ  မြင်တွေ့ရတဲ့ တောင်ထွတ်တွေရဲ့ မြင်ကွင်းဟာ ကောင်းကင်ဘုံက မြင်ကွင်းတစ်ခုလို ထူးခြားဆန်းပြားလွန်းလှပါတယ်။  ဒီလောက်လှပ ဆန်းကျယ်တဲ့ တောင်ထွတ်တွေ ရှိတဲ့နေရာဟာ ဘယ်နေရာများဖြစ်မလဲလို့ အချက်အလက်တွေကို စိတ်ဝင်စားစွာနဲ့ မွှေနှောက်ရှာဖွေမိပါတော့တယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing







Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


သဘာဝရဲ့ ဆန်းကျယ်လျှို့ဝှက်နက်နဲစွာ ဖန်တီးမှုတွေနဲ့ အလွန်ခမ်းနားလှပစွာ ဖြစ်ပေါ်နေတဲ့ တောင်တွေ ရှိတဲ့နေရာက တရုတ်ပြည် ဟူးနန့်ပြည်နယ်ရဲ့မြို့တော် Changsha နဲ့ ၂၆၅ ကီလိုမီတာ ကွာဝေးတဲ့ ZhangJiaJie အမျိုးသား သစ်တောဥယျာဉ်တွင်းက Wulingyuan သဘာဝရှုမျှော်ခင်း ဧရိယာအတွင်းမှာ ဖြစ်ပါတယ်။ Avatar ကားထဲမှာ ၄င်း သဲကျောက်တောင်နဲ့ ရှုခင်းများကို ထည့်သွင်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲဒီ အမျိုးသား ဥယျာဉ်အကြောင်းလေးကို စာဖတ်သူများနဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်...


Image Hosted by PicturePush - Photo Sharing

Zhangjiajie National Forest park
Image Hosted by PicturePush - Photo Sharing


Zhangjiajie National Forest Park, Weather in Zhangjiajie


huangshan


huangshan2
Image Hosted by PicturePush - Photo Sharing
တိမ်ပင်လယ်ကြားက တောင်ထွတ်များ

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


မျှစ်စို့ပမာ ထိုးထိုးထောင်ထောင် ကျောက်တိုင်များ


တရုတ်တွေရဲ့ ရှုမျှော်ခင်း ပန်းချီကားတွေမှာ အမြဲလိုလိုတွေ့ရတတ်တဲ့ ဒဏ္ဍာရီဆန်ဆန် တောင်ထွတ်တွေဟာ အပြင်မှာ တကယ်ရှိနေခဲ့ပါတယ်။ ၄င်းတောင်များကို ပဉ္စလက်တောင်များလို့လည်း ခေါ်ရလောက်အောင် တိုင်လုံးပုံသဏ္ဍာန် ထူးထူးဆန်းဆန်း ဖြစ်ပေါ်နေတဲ့ သဲကျောက်တောင်ကြီးတွေ ဖြစ်ပါတယ်. ၄င်းတို့ဟာ တရုတ်နိုင်ငံ Hunan ပြည်နယ်ရှိ ZhangJiaJie အမျိုးသား သစ်တောဥယျာဉ်တွင်းက Wulingyuan သဘာဝ ရှုမျှော်ခင်း ဧရိယာအတွင်းမှာ တည်ရှိနေတာဖြစ်ပြီး ZhangJiaJie အမျိုးသားဥယျာဉ်နဲ့ ရှုမျှော်ခင်း ဧရိယာဟာ တရုတ်ပြည်တွင်း ခရီးသွားများသာမက နိုင်ငံခြားခရီးသွားများကြားမှာပါ ထင်ရှားကျော်ကြားတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ရသကဲ့သို့ သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဆန်းပြားလှတဲ့ တိုင်လုံး ပုံသဏ္ဍာန် သလင်းကျောက်နဲ့ သဲကျောက်တို့ဖြင့် ဖွဲ့စည်းထားတဲ့ တာင်ကြီး ၃၁၀၀ခန့်ဟာ ကောင်းကင်ကို ထိုးတက်တော့မည့်ပမာ တည့်မတ်စွာဖြင့်  ထူးထူးခြားခြား ဖြစ်ပေါ်တည်ရှိနေပါတယ်။ ကျောက်တောင်တိုင်းရဲ့ တောင်ထိပ်ဖျားမှာလည်း သစ်ပင်များဟာ ကပ်ကပ်သပ်သပ်ဖြင့်  စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေခဲ့ပါတယ်။


Image Hosted by PicturePush - Photo Sharing





Image Hosted by PicturePush - Photo Sharing


သဘာဝအတိုင်းဖြစ်ပေါ်နေသော ကျောက်တံတား 

Image Hosted by PicturePush - Photo Sharing

天下第一桥 First under heaven bridge

သဘာဝတံတားရဲ့ အနီးကပ်မြင်ကွင်း 
ဒီတံတားကိုတော့ ကမ္ဘာမြေပေါ်က ပထမဦးဆုံးတံတားလို့ တင်စားခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက သဘာဝအတိုင်း ဖြစ်ပေါ်နေခဲ့တာမို့ ပထမဦးဆုံးတံတား ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing

Zhangjiajie National Forest Park


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing


အချို့သော ကျောက်သားတိုင်ကြီးများဟာ မြေပြင်အထက် မီတာ ၁၀၀၀ (ပေ ၃၀၀၀ ခန့်) မြင့်မားစွာ တည်ရှိနေပါတယ်။ ၄င်းအပြင် ဥယျာဉ်အတွင်းမှာ သဲကျောက်တောင်များသာမက စိမ်းစိုလှပတဲ့ ခြောက်ကမ်းပါးကြီးများ၊ သစ်ပင်များ ထူထပ်စွာ ပေါက်ရောက်နေတဲ့ မိုးသစ်တောများ၊ ကျောက်စက်ပန်းဆွဲများဖြင့် ခမ်းနားလှတဲ့ ကျောက်လှိုဏ်ဂူများ၊ ပြာလွင်ကြည်လဲ့နေတဲ့ ရေကန်များ၊ ကျောက်တောင်များထက်မှ စီးကျနေသော ရေတံခွန်များ၊ ကျောက်တောင်များကြား ရစ်ခွေစီးဆင်းနေသော စမ်းချောင်းကလေးများ၊ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကျောက်တံတားများ စသည်တို့ဟာ ၂၆၆ စတုရန်းမိုင်ခန့် ကျယ်ဝန်းလှတဲ့ ဥယျာဉ်ကြီးအတွင်းမှာ သဘာဝအတိုင်း မပျက်မစီး တည်ရှိနေဆဲဖြစ်တာကြောင့် သဘာဝအလှကို မြတ်နိုးတန်ဖိုးထားလိုသူများ၊ ခံစားလိုသူများအတွက် သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ ၄င်းဒေသမှာ မိုးရေချိန်ဟာ တစ်နှစ်ကို ၁၂၀၀ မှ ၁၆၀၀ မီလီမီတာအထိ ရွာသွန်းပြီး ပျှမ်းမျှအပူချိန်ဟာ ၁၆ ဒီဂရီ စင်တီဂရီတ် ရှိတာကြောင့် ဥယျာဉ်အတွင်းရှိ ၉၇%ဟာ သစ်ပင်များအမျိုးအစားပေါင်း မြောက်မြားစွာဟာ ဥရောပတိုက်တစ်ခုလုံးမှာ ပေါက်ရောက်တဲ့အပင်တွေထက် နှစ်ဆမကအောင် များပြားစွာ ပေါက်ရောက် ရှင်သန်နေတယ်လို့ ဆိုပါတယ်။



Zhangjiajie National Forest Park




Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Zhangjiajie National Forest Park



Image Hosted by PicturePush - Photo Sharing


Zhang Jia Jie အမျိုးသားဥယျာဉ်ဟာ ၁၉၈၀ခုနှစ်နောက်ပိုင်းမှသာ ပြင်ပ ခရီးသွားများအတွက် ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး ၁၉၈၂ခုနှစ်မှသာ အမျိုးသား သစ်တောဥယျာဉ်အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၂ခုနှစ်မှာတော့  UNESCO အဖွဲ့က ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ပေးခဲ့ပြီး တရုတ်ပြည်ရဲ့ ပထမဦးဆုံး အမျိုးသားသစ်တော်ဥယျာဉ်နဲ့ ပထမဦးဆုံး ကမ္ဘာ့အမွေအနှစ် ဒေသလည်း ဖြစ်ပါတယ်။ ဥယျာဉ်အတွင်းသို့ ဝင်ရောက်ဖို့ဆိုရင် သတ်မှတ်ဝင်ကြေးကို ပေးဆောင်ရပါတယ်။ ဝင်ကြေးဟာ မြန်မာငွေနဲ့ သုံးသောင်း နီးပါး ကျသင့်ပါတယ်။ Zhangjiajie အမျိုးသားသစ်တော ဥယျာဉ်ကြီးဟာ ထူးဆန်းတဲ့ မြေပြင်ပုံသဏ္ဍာန်များနဲ့ ပြည့်နှက်နေတာမို့ ထူးဆန်းအံ့သြဖွယ်နယ်မြေ (သို့မဟုတ်) နတ်တို့ဖန်ဆင်းတဲ့ နယ်မြေ လို့လည်း ခေါ်ဆိုကြပါတယ်။ ရှေးခတ်ကတော့ ၄င်းဒေသကို အစိမ်းရောင်တောင်ကုန်းဒေသလို့ ခေါ်ခဲ့ပေမဲ့ ခုနောက်ပိုင်းမှာတော့ Zhangjiajie လို့ခေါ်တွင်လာပါတယ်။ ဥယျာဉ်တွင်းမှာ လေထုဟာ အောက်ဆီဂျင်ရာခိုင်နှုန်း အလွန်ပေါများစွာ ရှိတဲ့အတွက် ကျန်းမာရေးအတွက်လည်း သင့်တော်ပြီး အနားယူအပန်းဖြေသူများအတွက် အလွန်ကောင်းတဲ့ ဒေသဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဥယျာဉ်တွင်းက နွေဦးရာသီရဲ့ သစ်ပင်များ

သဘာဝရဲ့ ထူးဆန်းမှုတွေ အလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ဒီနေရာလေးကို တရုတ်ပြည်တွင်း ခရီးသွားမည့်သူများ၊ ကမ္ဘာလှည့်ပြီး ခရီးသွားဖို့ စိတ်ဝင်စားသူများအတွက် သွားလည်သင့်ကြောင်း ဒီပိုစ့်လေးနဲ့ ညွှန်းဆိုလိုက်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း ဒီနေရာလေးကို တစ်နေ့နေ့မှာ ရောက်အောင်သွားမဲ့နေရာတစ်ခုအဖြစ် စာရင်းတို့ထားလိုက်ပါတယ်။ ထူးဆန်းလှပတဲ့ ZhangJiaJie ဒေသအကြောင်း ရေးစရာများတာကြောင့် ရေးနေရင်းနဲ့ ပိုစ့်ကသိပ်ရှည်သွားတာကြောင့် ဒီနေရာမှာ တစ်ပိုင်းဖြတ်လိုက်ပါတယ်.။ နောက်နေ့မှ ဥယျာဉ်တွင်းက ကျန်တဲ့ လည်ပတ်စရာ နေရာများအကြောင်း ဆက်ရေးပါရစေရှင်။




အားလုံးဘဲ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာကြပါစေ...


Image Hosted by PicturePush - Photo Sharing

အချက်အလက်များနဲ့ ဓာတ်ပုံများကို
google and http://www.chinafacttours.com/zhangjiajie/attractions/zhangjiajie-national-forest-park.html
http://www.conceptart.org/forums/showthread.php?p=2603859
http://www2.chinadaily.com.cn
http://www.chinatourmap.com တို့မှ ရယူပါသည်။

32 Responses to “Avatar ရုပ်ရှင်ထဲက တောင်ထွတ်များရဲ့တည်နေရာ”

တိမ်ကြားကတောင်.....၊တောင်ကြားကတိမ်....၊
သိပ်လှတာပဲဗျာ...၊တကယ့်ကိုရင်သပ်ရှုမော ပဲ.....။

တကယ့်ကို အဖိုးတန်တဲ့ သဘာဝ တွေပါ...အရမ်းလဲ လှတယ်... အခွင့်ရေးရရင်တော့ သွားလည်ပါဦးမယ်..ချောနဲ့ တောင်ဆုံဦးမလားပဲ...
:)

ရှာရှာဖွေဖွေ၊ မွှေမွှေနှောက်နှောက်
ဒေါ်ချောရောက်သော်၊ နောက်တော်ပါးမှ
ကပ်ပါးလုပ်ရင်း၊ အပျင်းသက်ရှည်
မရှာဖွေဘဲ၊ တွေ့ရပြီ
ကြည်နူးလေစွ၊ သက်သာလှ...

Anonymous said...

တကယ်ပဲလှတယ် ချွေးမလေးရေ

PhyoPhyo said...

အောက်မေးရိုး ပြုတ်ကျလောက်အောင် အံ့သြတကြီးဖြစ်သွားပြီ။
ရှာရှာဖွေဖွေတွေ့တတ်တယ်။
လှလိုက်တာ။
အောက်စီဂျင်တွေများတယ်ဆိုလို့ သွားလည်ချင်လာပြီ။
အချက်အလက်တွေလည်း စုံလိုက်တာ။
သိပ်အပင်ပမ်းခံနိုင်တာပဲ။
နောက်တစ်ပိုင်းကိုလည်း စောင့်လိုက်ဦးမယ်။
ကျေးဇူးအများကြီး။
ချစ်တဲ့
pp

Nyi Linn Thit said...

တရုတ်ပြည်ထဲမှာဒီလောက်လှတဲ့နေရာကို တခါမှ မကြားဖူး၊ မတွေ့ဖူး ခဲ့ဘူး၊ တိမ်တွေနဲ့ တောင်တွေ ဒွေးရောယှက်တင် နေ,နေကြတာ မှော်ဆန်လိုက်တာ..၊ အလည်သွားချင်တယ်...။း)

SHWE ZIN U said...

ချော ရေ ရှာလည်း ရှာတတ်ပါတယ် ဟုတ်ပ စိတ်ဝင်စားစရာ ကောင်းလိုက်တာ ကျေးဇူးနော်


ရွှေစင်ဦး

အိုးးးးး လှလိုက်တာ ချောရေ တကယ်ကို ရင်သပ်ရှူမောပါပဲ။ သွားချင်လိုက်တာ....ကျေးဇူးပါပဲ ချော ရှာရှာဖွေဖွေ တင်ပေးတဲ့အတွက် :))

Mg han said...

Awsome.................!!!!

ချောတို့ကတော့ တကယ်လက်တွေ့သမားပဲနော်။ ချောရဲ့ကျေးဇူးကြောင့် အစိမ်းရောင်တောင်ကုန်းဒေသကို ရောက်ဖူးသွားပြီ။ တောင်ကုန်းတွေကလည်း အချောင်းလိုက်၊ အချောင်းလိုက်ပါပဲလား။ ပန်းလေးက ဘာ
ပန်းလေးလည်း မသိ။ ချယ်ရီပန်းနဲ့ ဆင်သယောင်ယောင်ပဲ။ တောင်ထိပ်တည့်တည့်မှာ မတ်တပ်ရပ်ပြီး အောက်ကိုငုံ့ကြည့်ရင်ကော။ (အမလေး ဘယ်လိုပြောလိုက်တာပါလိမ့်...ငှက်ဖြစ်နေရင်တောင် မကြည့်ရဲလောက်ဘူး...ကြောက်လွန်းလို့)
ကျန်းမာရွှင်လန်း အေးချမ်းပါစေချော...

မြစ်ကျိုးအင်း said...

သိပ်လှတဲ့ ရှုခင်းတွေပဲ။ သဘာဝတရားက သိပ်ဆန်းကျယ်လွန်းတယ်။
တရုတ်ပြည်လောက်ဆိုတော့ သွားလည်ရ လွယ်မယ်ထင်ပါတယ်။ အဆင်ပြေရင် သွားကြည့်လိုက်ချင်သေးတယ်။

johnmoeeain said...

really i love mountains view!
Wonderful feeling :)
Thanks :D

mstint said...

ရင်သပ်ရှုမောဖွယ်ပါလား ချောရေ။ အိပ်မက်ထဲမှာတောင် တွေ့ဖို့ခဲယဉ်းလှတဲ့ တောတောင် သဘာဝ ရှုမျှော်ခင်းလေးတွေကို ကြည့်ရင်းနဲ့ ပီတိတွေဝေဖြာခဲ့တယ်။
အလည်တစ်ခေါက်လောက်တော့ အရောက်သွားနိုင်မဲ့ ကံလေးပါတယ်ဆိုရင် အတိုင်းထက်အလွန်ပါပဲကွယ်။
စိတ်အစဉ်ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝပါစေ စာတွေလည်းဆထက်ပွားပြီးရေးနိုင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ရောက်အောင်သွားသင့်ပါတယ်၊ ခုဈေးပေါ်နေတယ်၊

ဘယ်လိုပြောရမှန်း မသိလောက်အောင်ကို ထူးဆန်းလှပလွန်းပါတယ်။ သဘာဝရဲ့ အံ့ဖွယ် ဆန်းကြယ်မှုတွေက လူသားတွေ တီထွင်ထားတဲ့ အရာတွေထက် အများကြီးသာလွန်နေတတ်တာတော့ အံ့သြဖွယ်မဟုတ်ဘူးထင်ပါတယ်။ သဘာဝကိုက ဆန်းကြယ်လွန်းတာကိုး... ဒီပို့စ်လေးအတွက် ကျေးဇူးပါချောရေ.. ဓါတ်ပုံတွေထဲမှာတောင် ဒီလောက်လှပနေတာ အပြင်မှာများမြင်လိုက်ရရင် လူကပါးစပ်အဟောင်းသား ဖြစ်မှာသေချာတယ်... တစ်သက်မှာ တစ်ခါလောက်တော့လည်း ရောက်ဖူးချင်သား.. သွားဖို့ကံပါခဲ့ရင်ပေါ့.. :))

စိတ်ကူးယဉ် ဇာတ်လမ်းတွေ ဟာ အပြင်မှာ တကယ်ရှိတာ တွေကို အခြေခံပြီး ဖြစ်ပေါ်လာကြတယ် လို့ ဖတ်ဖူးတယ်။ အဲဒါတွေက တရုတ်ပြည် ယူနန်တယ်မှာ ရှိသလို မလေးရှား (ဘော်နီယိုကျွန်း) က ဆရာဝပ် ပြည်နယ်မှာ လဲ ရှိတယ်။ Stone Forest လို့ခေါ်သလို Pinnacle လို့လဲ ခေါ်တယ် လို့ သိရပါတယ်။ မျှဝေ တဲ့ မတွက် အစ်မချော ကို ကျေးဇူးပါဗျား။


ကျနော်ရေးဘူးတဲ့ ဆရာဝပ် အကြောင်း လင့် (ဤကားကြော်ငြာတည်း) :P
http://anasiantouroperator.blogspot.com/2009/10/sarawak-on-island-of-borneo.html

အံ့သြစရာရှုခင်းတွေပဲဗျာ.....

အတ္တ said...

မေခ်ာ​ေ​ရ...
ခု​မွ​ပဲ ေ​ရာ​က်ြ​ဖစ်ပါ​တ​ယ်။ အံြ​သ​ဖွ​ယ် သဘာဝ​ရှု​ခ​င်းေ​တွ​၇ဲ့ေ​န​ရာ​ကို​သိ​ရ​လို့ြ​က​ည့်​ရ​လို့​ ကျေး​ဇူး​ပါ..။

ထူးဆန်းထွေလာထဲမှာ..ရင်သပ်ရှု့မောအံသြသွား
ပါတယ်ရှင်...........
ခင်မင်လေးစားစွာဖြင့်

မဒမ်ကိုး

အဲလို ရှုခင်းမျိုးငယ်ငယ်ကတော့ ပိုစတာတွေမှာ မြင်ဖူးတယ်...။ တကယ်လှပြီး ရင်သပ်ရှုမောဖွယ်တွေပဲ...။ ကောင်းကင်ကြီးထဲကိုရောက်သွားရသလိုလို ခံစားရတယ်...။ မနေ့ကမှ Avator ကို... အဲဒီအခန်းလေးပြန်ကြည့်နေတာ...။ မင်းသားနဲ့ မင်းသမီး ကျောက်တောင်တွေကြားမှာ ငှက်ပျံကြီးစီးတဲ့ အခန်းလေ...အရမ်းသဘောကျမိတယ်...။


ခင်တဲ့
မိုးငွေ့

ကိုအောင်(ပျူနိုင်ငံ) said...

အနုပညာ ဖန်တီးမှုတွေက ရှာရှာဖွေဖွေ လုပ်တတ်တယ်နော် ...

ညီမလေး said...

သွားချင်လိုက်တာ...

မောင်မျိုး said...

လှလိုက်တာာာ ...အဲ့ထပ်ပိုပြောချင်သေးတာ ကျနော်လည်း အစ်မလိုပဲ အဲ့ဇတ်ကားကြည့်ပြီး တောင်တွေကို သိပ်သဘောကျခဲ့တာ ပုံတွေ စုံ၂လင်၂လေးတင်ပေးလို့ကျေးဇူးပါ အစ်မရေ ။

လှလိုက်တဲ့ရှုခင်း ပန်းချီငိုဆိုတာ ဒါမျိုးဖြစ်မယ် ထင်တယ်

ဆွေလေးမွန် said...

လှလိုက်တာ ဟိုတစ်နေ့ က ရုံးက အစ်မကြီး သွားလည်တာ အဲနေရာကိုး။။ သူ့ ဓာတ်ပုံတွေထဲမှာလဲ
အလို တောင်ထွတ်တွေနဲ့ တိမ်တွေနဲ့ တွေ့ ရတာ..
လှလိုက်တာ...

ခုမချောပြောတော့ ပိုသွားချင်တယ် အဟုတ်..

Monmon Yoko said...

အစ်မချောရေ။Avatar ကားထဲက အဲဒီ တောင်တွေနဲ.တိမ်တွေရယ် ငှက်ကြီးစီးတာရယ် အဲဒါတွေက ရင်ခုန်ရလွန်းလို. ။3Dကားကို ၂ခါကြည်.ဖြစ်ပီးတောင် အိမ်မှာ ဒေါင်းလုပ်လုပ်ပီးထပ်ကြည်.တာ။တိမ်တွေနဲတောင်တွေ ရဲ. ပုံတွေရှာဖွေတင်ပေတဲ. အတွက် သိုင်းကျူး။

Avatar ကို မကြိုက်လို့ အစအဆုံး မကြည့်ဖူးဘူး။ တခန်းတလေပဲ ကြည့်ဖြစ်တယ်။

ချော တင်ပေးထားတဲ့ တောင်တွေကိုတော့ တကယ်ကို သဘောကျတယ်။ ကိုယ်တိုင် သွားကြည့်ချင်ပါဘိ။

စိတ်ဝင်တစားနဲ့ ရင်သပ်ရှု့မော
အံသြသွားပါတယ်..အမရေ..

မဒမ်ကိုး

ညယံ said...

သဘာဝ အလှတရားတွေက တကယ်ကို ရင်သပ်ရှုမောပဲ ...

သော်တာ said...

သွားချင်လိုက်တာမှ အရမ်းအရမ်းကိုဘဲ
ပိုက်ဆံစုလိုက်ဦးမယ် ပြီးရင်တော့သွားမယ်

Anonymous said...

Avatar ကားကို အရမ်းကြိုက်တယ်။ အဲဒီတောင်တွေ တကယ်ရှိမှန်းသိလိုက်ရတော့ အံ့သြသွားတယ်။ တကယ်ကိုပဲ လှလိုက်တာ..ပန်းချီကားတွေကျနေတာပဲ....။
အခုလိုရှာရှာဖွေဖွေဖော်ပြပေးတာ ကျေးဇူးပါ မမ....။း)

ညီမလေး
အင်ကြင်း

Lin Luck Lu said...

ကောင်းပါတယ် ခင်ဗျာ ... ကူသြွးပါတယ် ... ခရက်ဒစ် လဲ အမြဲ ပေးပါတယ် ... ရှာရှာ ဖွေဖွေ တွေ ရှာနိုင်တာတော့ တော်တော် ကြီး ကိုချီးကျူးပါတယ် ညီမ ...