ဒီပိုစ့်လေးမှာ ဖော်ပြမဲ့အကြောင်းအရာက ဟန်းဖုန်းနဲ့တစ်ထပ်တည်း တူအောင်ပြုလုပ်ထားတဲ့ သေနတ်အကြောင်း ပြောပြချင်တာပါ။ သိပြီးသူများလည်း ရှိကြပါလိမ့်မယ်။ ဒါပေမဲ့ မသိသေးသူများအတွက် ရည်ရွယ်ပြီး ဗဟုသုတအနေနဲ့ရော၊ သတိထားနိုင်ဖို့ပါ တင်ပေးချင်တာ ဖြစ်ပါတယ်။ ဂျိမ်းစ်ဘွန်းကားတွေမှာတော့ နည်းပညာ အသစ်အဆန်းတွေနဲ့ တီထွင်ပြုလုပ်ထားတဲ့ ခေတ်မီ လူသတ် လက်နက်မျိုးစုံကို ကိုင်ဆောင်တာ မြင်ဖူးကြပေမဲ့ အပြင်မှာ တကယ်မရှိနိုင်ဘူးလို့ ထင်ကောင်းထင်ခဲ့ကြမှာပါ။ ဒါပေမဲ့ ဟန်းဖုန်းနဲ့ တစ်ထပ်တည်းတူအောင် ပြုလုပ်ထားတဲ့ သေနတ်တွေ ရှိနေပြီ ဆိုတဲ့အကြောင်းလေး သတိပြုမိစေချင်ပါတယ်။ ဘယ်အရာမဆို သတိဆိုတာ ပိုတယ်မရှိလို့ ဆိုထားတယ် မဟုတ်လားရှင်။ ဟန်းဖုန်းသေနတ်အကြောင်းကို အောက်က ပုံတွေမှာ ဖော်ပြထားပါတယ်။
ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဟန်းဖုန်းတစ်လုံးနဲ့ ဘာမှ မခြားပါဘူး။ အရွယ်တူ၊ ပုံစံတူ၊ အပြင်ဘန်းသဏ္ဍာန်အားလုံး တစ်ထပ်တည်းဖြစ်အောင် ပြုလုပ်ထားတဲ့ ပစ္စတိုလ်သေနတ် ဖြစ်ပါတယ်။ အထဲမှာ ပွိုင့်တူးတူး( .22) ကျည်ဆန် လေးတောင့်ပါဝင်ပြီး ဟန်းဖုန်းတစ်လုံးမှာ မပါမဖြစ် ပါဝင်တဲ့ ( Key Pad) ကီးပက်ပေါ်က ဂဏန်းတွေထဲကမှ နံပါတ် ၅, ၆, ၇, ၈ တို့ကို နှိပ်လိုက်မယ်ဆိုရင် ကျည်ဆန်တွေ အမြန်နှုန်းထားနဲ့ ပြေးထွက်လာမှာ ဖြစ်ပါတယ်။ ကျည်တစ်တောင့်ချင်းစီကို ၄င်းခလုပ်တစ်ခုစီနဲ့ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။ ဖုန်းရဲ့ ( Antenna) အဲန်တင်နာလို တိုင်ကလေးဟာ ပြောင်းဝအဖြစ် ပြုလုပ်ထားပြီး ကီးပက်က ခလုပ်တစ်ခုကို နှိပ်လိုက်တာနဲ့ ကျည်ဆန်ဟာ အဲဒီ ပြောင်းဝကနေ ထွက်လာမှာပါ။ ထွက်လာတဲ့ ကျည်ဆန်ဟာ ၁၀မီတာကနေ ၁၂မီတာ( ၃၉ပေ) အထိ အကွာအဝေးထိ ရောက်နိုင်တယ်လို့ ဆိုပါတယ်။
ကျည်ဆန်များကို ထုတ်ပြစဉ်
ဖုန်းအတွင်းမှ ကျည်ဆန်များ
ဒါကတော့ ဟန်းဖုန်းသေနတ်ရဲ့ လုပ်ဆောင်ချက်တွေကို အသေးစိတ် ရှင်းပြထားတဲ့ သရုပ်ပြပုံ ဖြစ်ပါတယ်။
ဖုန်းတွေမှာပါဝင်တဲ့ ဒီဂျစ်တယ် စခရင်လည်း ပါဝင်ပါတယ်။ ရုတ်တရက်ကြည့်ရင် ဖုန်းတစ်လုံးလို့သာ သိနိုင်မှာဖြစ်ပြီး သေနတ်မှန်း ဘယ်လိုမှ လွယ်ကူစွာခွဲခြားလို့ မရနိုင်ပါဘူး။ ဒီလို ဟန်းဖုန်းတွေနဲ့ တစ်ထေရာတည်း တူညီတဲ့ သေနတ်တွေ ပေါ်လာတာကြောင့် ဥရောပနိုင်ငံများမှာတော့ လေဆိပ်တွေမှာ ခရီးသည်တွေရဲ့ ဟန်းဖုန်းတွေအားလုံး X- ray ရောင်ခြည်အောက်မှာ ဖြတ်သန်းစစ်ဆေးနိုင်ဖို့ ကိရိယာများကို တတ်ဆင်ထားကြပါပြီ။ ဟန်းဖုန်းသေနတ်ကို လောလောဆယ် ကိုင်ဆောင်နေကြသူတွေထဲမှာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်နေတဲ့ မာဖီးယားဂိုဏ်ဟာ အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ မကြာခင် အတောအတွင်းကမှ အီတလီရဲတွေဟာ မာဖီးယားတွေဆီက ၄င်းသေနတ်ကို ဖမ်းဆီးရမိခဲ့ပါတယ်။ အခြားသော ဥရောပနိုင်ငံ အချို့တွေမှာ ၄င်းဟန်းဖုန်းသေနတ်များကို မကြာခဏ ဖမ်းဆီးရမိနေတာကြောင့် ဒီလို သေနတ်မျိုးတွေဟာ လူတွေလက်ထဲမှာ ဘယ်လောက်များများ ရှိနေပြီလဲဆိုတာ စိုးရိမ်စရာဖြစ်နေပါပြီ။
ဟန်းဖုန်းသေနတ်ဟာ ပုံမှန်ဟန်းဖုန်းအစစ်ထက်တော့ အလေးချိန် ပိုများတယ်ဆိုတာတော့ ကိုင်ကြည့်ရင် ကွဲပြားသိသာစေတဲ့အချက် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ တကယ်လို့များ သင့်လက်ထဲမှာ ဟန်းဖုန်းတစ်လုံး မတော်တဆများ ရောက်လာခဲ့ရင် ပုံမှန်ဟန်းဖုန်းတစ်လုံးထက် လေးနေခဲ့ပြီဆိုရင် သက်ဆိုင်ရာဌာန တစ်ခုခုကို သွားရောက် အကြောင်းကြားပြီး သေနတ်လား၊ ဟန်းဖုန်းလားဆိုတာ စစ်ဆေးခိုင်းသင့်ပါပြီ။
အင်တာနက်က ဖတ်မိတာလေးကို ဗဟုသုတအဖြစ်ရယ်၊ သတိထားနိင်စေဖို့ရယ် ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်ရှင်။
Information and photos from google and http://www.geeky-gadgets.com/the-cellphone-gun/
22 Responses to “သတိထားသင့်တဲ့ ဟန်းဖုန်းသေနတ်”
ကြောက်စရာကြီးချောရယ်.
မသကာင်္တဲ့သူ ကို မင်း ဖုန်းငါခဏကိုင်ကြည့်နိုင်မလားလို့ မေးရမလိုဖြစ်နေပြီ။။ခွိ
ကြောက်စရာကြီးချောရယ်.
မသကာင်္တဲ့သူ ကို မင်း ဖုန်းငါခဏကိုင်ကြည့်နိုင်မလားလို့ မေးရမလိုဖြစ်နေပြီ။။ခွိ
အစိမ်းရောင်ရေ မောနင်းနော်။
ကြောက်စရာကောင်းလိုက်တာ အစိမ်းရောင်ရယ်။ လူတွေကလည်းနော် ကြံကြဖန်ဖန် တီထွင်တတ်ကြလိုက်တာ။ ခု ခမန့်ရေးနေတဲ့ အချိန်မှာတောင်မှ ကိုယ့်ဖုံးကိုယ် ပြန်ကိုင်ကြည့်မိသေးတယ်။ တော်သေးတာပေါ့ သိပ်မလေးလို့။ သေနတ်များ ဖြစ်နေမလားလို့။ ဟီး။
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့...
မချော..
ကျည်ဆံက လေးတောင့်ဘဲ ထည့်လို့ရတာဆိုတော့ အဲဒီလိုမျိုး သေနတ် ကိုင်တော့ပါဘူး။း)))
နောက်ပြီး ကိုယ့်ဖာသာ နံပါတ်အနှိပ်မှားသွားရင်လဲ ဒုက်ခ။ အဟီးးး။
ဗဟုသုတလေးအတွက် ကျေးဇူးပါ။
ခင်မင်လျက်
တစ်လုံးလောက်တော့ ၀ယ်ထားချင်တယ် ... :P
အနီးကပ် လုပ်ကြံမှုတွေအတွက်တော့ တကယ် အသုံးဝင်မှာ သေချာတယ် မချောရေ၊ Smartphone တွေ ပလူပျံ နေတဲ့ အခုခေတ်မှာ ကိုယ့်ဘေးနား တစ်ယောက်ယောက်က ဟမ်းဖုန်းခေတ်ဦးက ဖုန်းကြီး လာကိုင်နေရင် သတိတော့ ထားဖို့လိုပြီ..၊း)
မချောရေ မာဖီးယားဂိုဏ်းက တစ်လက်လောက် သွားငှားရင် ကောင်းမယ်..
မြန်မာပြည် ပြန်ရင် ဆောင်သွားမလို့..
..................
ဘာရယ် ဟုတ်ပါဘူး.. ထူးထူးဆန်းဆန်းဆိုတော့
ဆွေမျိုးတွေပြချင်လို့
:) :) :) :)
ဟုန်းဖုန်းကိုင်တဲ့သူတွေ့ရင် သတိထားကြည့် ရမယ်နော်။ မြန်မာပြည်များ အဲဒီ ဟန်းဖုန်း သေနတ်တွေများ ရောက်လာပြောအုံးနော်. ကိုင်ကြည့်ချင်လို့... :)
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
အချိန်ရတုန်း စိတ်ဝင်စားဖွယ်ကောင်းတဲ့ ဟန်းဖုန်းသေနတ် အကြောင်းဖတ်သွားတယ် ချောရေ။
'ပျော်ရွှင်သော သောကြာနေ့ဖြစ်ကြပါစေ' ဆိုလို့ တိုင်းတစ်ပါးမှာ အလုပ်တက် ကျောင်းတက်သူတိုင်း သောကြာနေ့ရောက်ရင် အလိုလိုလန်းဆန်း တက်ကြွပြီး အလုပ်၊ ကျောင်းကို သွားကြတယ်နော်။ ချောလည်း ပျော်ရွှင်ပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မိန်းခလေးတွေ အပ်အစား ဖုန်းသနပ်တွေများ ကိုင်လာဦးမလား မသိနော်။
:D
အင်း..အိမ်ကလူအတွက်ဆောင်ထားချင်တယ်..မမရေ..
တချက်တချက်ထထကဲရင်..တီးထည့်လိုက်ရအောင်လို့....း)
ခင်တဲ့
ချစ်ခြင်းအလကာင်္
ကြောက်ချရာဂျီး
မနေ့တုန်းက ဥပုသ်စောင့်ထားလို့ လူသတ်လက်နက်တွေ လာမကြည့်တာ။ ခုတော့ ဥပုသ်ထွက်ပြီမို့ ရဲရဲကြီး လာကြည့်တယ်ချောရေ ... ။
လူတွေကလဲ ကြံဖန်ပြီး လူသတ်လက်နက် အမျိုးမျိုး ထွင်လိုက်ကြတာနော် ... တဖြည်းဖြည်း လူ့သက်တမ်းတွေ တိုသွားပြီး ဆယ်နှစ်တန်းလောက် ရောက်ရင် ကိုင်သမျှပစ္စည်းက လက်နက်ဖြစ်မတဲ့။ အဲဒီအချိန်ကြီးတော့ လူမဖြစ်ချင်တော့ပါဘူး။ တာဝတိံသာပဲ သွားနေတော့မယ်။ :))
မချောရေ
ကြံကြံဖန်ဖန်ထွင်လည်းထွင်တတ်ကြတယ်နော်
:))
အင်း...
ဒါလဲ သတိပြုစရာပါပဲ။
လောကကြီးဟာ ဆန်းကျယ်လာတာနဲ့ အမျှ
ကြောက်စရာကောင်းလာပါပေါ့ လား...။
ထွင်တဲ့လူကတော့ ထွင်မှာပါပဲလေ...ဒါက သူ့အလုပ်သူလုပ်တာပါပဲ...ဘယ်အရာမဆို ကောင်းကျိုး၊ ဆိုးပြစ်ဒွန်တွဲနေစမြဲမို့ သုံးသူရဲ့ ရည်ရွယ်ချက်ပေါ်မှာပဲ မူတည်ပါလိမ့်မယ်...ဒါပေမယ့် နည်းနည်းတော့ ကြောက်သွားသလိုပဲလေ...ကိုယ့်လုံခြုံမှုက စိတ်မချရတော့သလို ဖြစ်နေတာကိုး...
လူတွေကို အကျိုးပြုမယ့် ကောင်းသော အသစ်အဆန်းတွေပဲ ပိုထွက်ပေါ်လာစေချင်တယ်။ အခုလို မြင်ဖူးထားတာလည်း တနည်းအားဖြင့်တော့ ကောင်းတာပါပဲ။
ကြောက်စရာကြီးနော့။
တစ်ခုခုဆို သေနတ်ရှာမတွေ့ခင် သေသွားမလားပဲ။ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ်နော်..
လောကကြီးက နေရတာ မလုံခြုံတော့သလိုဘဲ
သတိထားရမှာပေါ့လေ
ရနိုင်ရင် တစ်လက်လောက်ဗျာ
ဆောင်ထားရတာပေါ့
ကျွန်တော်လဲကြိုက်သွားပြီ (ကောင်မလေးတွေကို)
ကြိုက်တွားပြီ
Post a Comment