ဝက်သားနာနတ်သီးကြော်နဲ့ ဖရုံရွက်သုပ်ချဉ်စပ်

ဒီတစ်ပတ် အစားအသောက်ကဏ္ဍမှာ ပထမဦးဆုံး ဖော်ပြချင်တဲ့ ဟင်းလျာက ဝက်သားနာနတ်သီးကြော် ဖြစ်ပါတယ်။ ဒီရာသီမှာ နာနတ်သီးတွေ အလွန်ပေါနေပြီဖြစ်လို့ နာနတ်သီးကို အသုံးပြုဖို့ စိတ်ကူးမိတာပါ။ နာနတ်သီးနဲ့ ဝက်သားကို နှပ်ချက်လေး ချက်ဖို့ပါ။
ဒါပေမဲ့ အိမ်မှာ ရှိနေတဲ့ ဝက်သားက အခေါက်မပါတာကြောင့် ကြော်လိုက်ပါတယ်။ ဆီပြန်ဆိုရင် အခေါက်လေးနဲ့မှ ပိုလို့စားကောင်းတယ် ထင်မိတာကြောင့် နောက်တစ်ပတ်မှ ဝက်သားနဲ့ နာနတ်သီးကို နှပ်ဖို့ စိတ်ကူးမိပါတယ်။

ဝက်သားနာနတ်သီးကြော်

Image Hosted by PicturePush - Photo Sharing

ဝက်သား နာနတ်သီးကြော်ဖို့အတွက် ဝက်သားတွေကို ခပ်သေးသေး ပါးပါး အတုံးလေးများတုံးပါတယ်။

Image Hosted by PicturePush - Photo Sharing

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုပ်သီး ၊ ခရမ်းချဉ်သီးတို့ကို ပြင်ဆင်ထားပါတယ်။ (ပုံမှာ ခရမ်းချဉ်သီးမပါ)

Image Hosted by PicturePush - Photo Sharing
နာနတ်သီးများကို အတုံးလေးများ တုံးပါတယ်။

Image Hosted by PicturePush - Photo Sharing
ဆီကို ပူအောင်တည်ပြီး ဝက်သားများကိုထည့်ပါတယ်။ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ကိုထည့်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ဝက်သားကျက်ရင် နာနတ်သီးများကိုထည့်ပါတယ်။ ဆား၊ အရသာမှုန့်တို့ကိုထည့်မွှေပါမယ်။ နာနတ်သီးထဲကို အရသာဝင်ဖို့အတွက် ပဲငံပြာရည်ကိုလည်း ထည့်ပါတယ်။ ခရမ်းချဉ်သီးတွေ နွမ်းဖတ် မသွားစေချင်တာမို့ ခရမ်းချဉ်သီးနဲ့ ငရုပ်သီးကို ချခါနီမှ ထည့်ပါတယ်။ နာနတ်သီးများ အရည်မပျော်သွားဖို့ ခဏတာကြော်ဖို့လိုပါတယ်။ ချခါနီး နံနံရွက်ကို ပါးပါးလှီးထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အနံ့လည်းမွှေး အရသာလည်း ကောင်းတဲ့ ဝက်သား နာနတ်သီးကြော်တစ်ခွက်ရပါပြီ။

ချိုချဉ်အရသာလေးနဲ့ စားကောင်းတဲ့ ဟင်းတစ်ခွက်ဖြစ်မှာ သေချာပါတယ်ရှင်..



~~~~~~~~~~~~~~~~~~~~~~~~~~~~



ကြက်သား ဂျူးဖူးကြော်

နောက်ထပ် ဖော်ပြချင်တဲ့ ဟင်းတစ်မျိုးက ဂျူးဖူးနဲ့ ကြက်သားကြော်ပါ။ ( Chives) ဂျူးဖူးက ရုတ်တရက်ကြည့်ရင် ကြက်သွန်မြိတ်နဲ့ တူပေမဲ့ ကြက်သွန်မြိတ်က ရိုးတံပျောပြီးတော့ ဂျူးဖူးကတော့ ရိုးတံခပ်မာမာလေး ဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing
ဂျူးဖူးများ


Image Hosted by PicturePush - Photo Sharing
ဂျူးဖူးတွေကို အနေတော် ဖြတ်ပြီး ရေစင်အောင်ဆေးပြီး ရေစစ်ထားပါတယ်

Image Hosted by PicturePush - Photo Sharing

ကြက်သား(အရိုးမပါ) ၊ ကြက်သွန်နီ၊ဖြူ၊ ဂျင်း၊ ငရုပ်သီး၊ ခရမ်းချဉ်သီး တို့ကိုပြင်ဆင်ထားပါတယ်။
ကြက်သား သို့မဟုတ် ဝက်သား ကြိုက်နှစ်သက်ရာအသားဖြင့် ကြော်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ကြော်နည်းကတော့ အပေါ်က ဝက်သား နာနတ်သီးကြော်တဲ့နည်းအတိုင်း ကြော်ပါတယ်။ ကြက်သားကို ဆီပူပူထဲထည့်ကြော်၊ ကြက်သွန်ဖြူနီ ဂျင်းထည့်ပြီး ကြက်သားကျက်ရင် ဂျူးဖူးထည့်ပါတယ်။ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်တို့ကိုထည့်ပြီး ခရမ်းချဉ်သီးထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သားနဲ့ ဂျူးဖူးကြော်ပါ

~~~~~~~~~~~~~~~~~~~~~~~~~~

ဖရုံရွက်သုပ်


နောက်ထပ်ဟင်းတစ်မျိုးက ခပ်ရိုးရိုးလေးပါ။ ဖရုံရွက်သုပ်ချဉ်စပ်ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဖရုံရွက်များကို အနေတော် ပိုင်းဖြတ်ပြီး ရေဆူဆူမှာ ပြုတ်ပါတယ်။
ပျော့အိမသွားဖို့အတွက် ခဏတာပြုတ်ဖို့ လိုပါတယ်


Image Hosted by PicturePush - Photo Sharing
ပြုတ်ပြီးရေအေးထဲမှာ ချက်ခြင်းစိမ်ထားရင် အစိမ်းရောင်မပျက် လှနေမှာဖြစ်ပါတယ်။ ခဏကြာရင် ရေထဲမှ ပြန်ဆယ်ထားပြီး ရေစစ်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing
ပြုတ်ပြီး ဖရုံရွက်များကို ရေစင်အောင်ညှစ်ပြီး ပါးပါးလှီးပါတယ်။ ပုဇွန်ခြောက်၊ ဆား၊ အရသာမှုန့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်းတို့ထည့်ပြီး သံပုရာသီးလေး ညှစ်ပြီး နယ်လိုက်ရင် ဖရုံရွက်သုပ်ချဉ်စပ်လေး ရပါပြီ။ ဒီလို အဆာပလာ ခပ်နည်းနည်းနဲ့ သုပ်နည်းကတော့ ကျွန်မတို့ ဒေသမှာ ရှမ်းသုပ်လို့ခေါ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ခပ်ရိုးရိုးလေးပါဘဲ။ ဒါပေမဲ့ ထမင်းမြိန် ခံတွင်းတွေ့စေမဲ့ ဖရုံရွက်သုပ်ကလေးပါ။း)



အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့ဖွယ် Weekend ဖြစ်ကြပါစေရှင်။။

Image Hosted by PicturePush - Photo Sharing

26 Responses to “ဝက်သားနာနတ်သီးကြော်နဲ့ ဖရုံရွက်သုပ်ချဉ်စပ်”

ကိုကိုမောင်(ပန်းရနံ့) said...

ဖရုံရွက်သုပ်လေး စားချင်တယ်။ အမချောလက်ရာက မြင်လိုက်တာနဲ့ စားချင်စရာတွေချည်းဘဲ။

ခင်မင်လျက်

သုံးမျိုးထဲမှာ ဖရုံရွက်သုပ်နဲ့ ကြက်သားဂျူးဖူးကြော်တို့ကို ပိုပြီး ဘုဉ်းပေးကြည့်ချင်တယ် ချော။ နာနတ်သီးက ချိုတိုတိုကြီးနေမှာနော်။ အချိုဆိုရင် သိပ်မစားတတ်ဘူး။ မလေး၊ စင်္ကာပူမှာတုန်းကဆို တရုတ်ဟင်းတွေလေ ချိုတိုတိုကြီးတွေ။ သိလား။ ဒါပေမယ့် ချောလက်ျာကိုတော့ လုံးဝယုံပါတယ်။ စားပြီးရင်း စားချင်မှာ သေချာပါတယ်။ ဟုတ်တယ်ဟုတ်။

အော် ဒါနဲ့ ငယ်ငယ်က အဖြစ်အပျက်ကို ပြောပြပါဦးမယ်။ နှစ်တန်းအရွယ်လောက်ပေါ့။ ဒယ်ဒီက ဖရုံရွက်ကို သွားခူးခိုင်းတာ။ သခွါးရွက်နဲ့မှား ခူးလိုက်တယ်။ ခါးတယ်လေ။ အဖေက ရိုက်ပါလေရော။ ရိုက်တော့ ငိုရောပေါ့။ ခလေးပါဆို။ ကိုယ်နဲ့အတူသွားမည့် ကိုယ့်ကိုစောင့်နေကြတဲ့ တခြားကျောင်းသားတွေက ဘုန်းဘုန်းကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေကြတယ်။

စကားစပ်မိသွားလို့ စာရှည်သွားတယ်။ ခွင့်လွှတ်နော်။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

rose said...

အစ်မချောရေ... ကြက်သားနဲ့ ဂျုးဖူးကြော်လေး မြည်းချင်တယ်။ ဂျုးဖူး တစ်ခါမှ မစားဖူးဘူး။ ဒီက ထိုင်းကုန်စုံဆိုင်မှာ တွေ့ တွေ့နေတယ်။ မချက်တတ်လို့ မ၀ယ်ခဲ့တာ။ ဖရုံရွက်သုပ်လည်း မစားဖူးဘူး ခိခိး)

Baby taster said...

ဖရုံရွက်သုပ် စားချင်လိုက်တာ
လာမယ်နော် သုပ်ကျွေးသိလာ

နာနတ်သီးကို ဟင်းထဲထည့်ချက်ရင် ကြိုက်ဖူး ချောရဲ့။ ဘုန်းဘုန်းတောက် ပြောသလိုပဲ ချိုတိုတိုကြီးမို့၊ ဒီတိုင်းစားရင်တော့ ကြိုက်ပါတယ်။ ဂျူးဖူးကြော်နဲ့ ဖရုံရွက်သုပ်တော့ စားချင်သား။ ဖရုံရွက်ကို ဟင်းရည်သာ လုပ်သောက်ဖူးတာ။ သုပ်မစားဖူးဘူး။

ဒါနဲ့ ဘုန်းဘုန်းတောက်က ချောလက်ျာကို ယုံတယ်ဆိုတော့ ချောလက်ဝဲကို မယုံသလိုပဲနော်။ ဟိဟိ။ ဘုန်းကြီးကိုနောက်တာ ငရဲကြီးအုံးမယ် လစ်ပီ။ :D

Anonymous said...

ဖရုံရွက်လေးအဲလိုသုပ်တာစားချင်စရာလေး။ တခါမှ သုပ်မစားဖူးပေမယ့်ကြိုက်မယ်ဆိုတာသိတယ်။ ဂျူးဖူးလည်းကြိုက်။ နာနတ်သီးတို့ ပန်းသီးတို့ကိုတော့ ဟင်းချက်ရင်မကြိုက်ဘူး။ ချိုလို့မစားတတ်ဘူး။
ချောချက်ထားတာကြည့်ပြီးဗိုက်ဆာလာပြီ နဂိုကမှ ခုတလော ခနခနဆာနေရတဲ့အထဲ :(

စူးနွယ်လေး

Nyi Linn Thit said...

ဂျူးဖူးကို အဆင်ပြေတိုင်း ကြော်စားတယ် မချော၊ ကျနော်က ဝက်သားနဲ့ ကြော်တာများတယ်၊ အခု မချောရဲ့ ကြက်သားဂျူးဖူးကလည်း ကောင်းမှာ သေချာတယ်၊ ဖရုံရွက်သုပ်တော့ တခါမှ မစားဖူးဘူး၊ ပြုတ်ထားတဲ့ အရွက်တွေကို ဆက်ပြီး စိမ်းနေအောင် မချောက ဂရုစိုက်တာ တွေ့တော့ ဘလော့ဂ်ရဲ့ နာမည် ကို သတိမရဘဲ မနေနိုင်အောင် ဖြစ်မိတယ်ဗျာ၊း) ဒါနဲ့ စကားမစပ် အပေါ်က မမေရဲ့ ကော်မန့်ကို တွေ့မှ မချောက တပြိုင်တည်း Capitalist နဲ့ Communist ဖြစ်မှန်း သိရတော့တယ်..၊း))) (ခင်မင်ရာ ခင်မင်ကြောင်းပါ မချောရေ့...)။

Anonymous said...

I haven't had pumpkin leaves salad.I like fried chive.Both dishes are so attractive and delicious....i believe:)
Gyidaw

Iora said...

ဟင်..တချိန်လုံးကြည့်နေတာ ဘယ်တုန်းကတက်သွားပါလိမ့်။ သူများတွေတောင်ပြန်ကုန်ကြပြီ။
ဂျုးဖူးကြော်နဲ့ ဖရုံရွက်သုပ်ကျန်သေးလားဟင်..
ဖရုံရွက်လေးက လတ်နေတာဘဲ။ ကြိုက်ပါတယ်ဆိုမှ။

mstint said...

နာနတ်သီးကို အခုနောက်ပိုင်း အတော်လေး အသုံးပြုလာကြတာတွေ့ရတယ်။
ကြက်သားနဲ့ ဂျူးဖူးကြော်လေး လုပ်စားကြည့်မယ် ချောရေ။
ဖရုံရွက်သုပ်ကတော တခြားအရွက်သုပ်တွေနဲ့ ခပ်ဆင်ဆင်ပဲနော်။

မေတ္တာဖြင့်
အန်တီတင့်

တင်တဲ့ဟင်း၂ ခုစလုံးကကြိုက်တာတွေချည်းဖြစ်နေတယ်...
ဟိဟိ..
ပုံထဲမှာပဲတ၀စားသွားတယ်မမရေ..
ခင်တဲ့
ချစ်ခြင်းအလကာင်္

seesein said...

ချောရေ သတိရပြန်ပြီ ရွာလူကြုံရှိရင် သယ်ဖို့မှာအုံးမှ ဂျူးကြော်နဲ့ ဖရုံရွက်သုတ် စားချင်ပြန်ပြီ

ခင်မင်တဲ့
seesein

Anonymous said...

ကောင်းပါ့ဗျာ ညီမချောချက်တာတွေဆိုရင် အကုန်ကောင်း
နာနတ်သီး ဝက်သားတော့ မေမေ ချက်ကျွေးလေ့ ရှိတယ်

ရွှေစင်ဦး

ညီမလေး said...

ဂျူးဖူးစားချင်တယ် ချောရယ်...

ဆောင်း said...

ဖရုံရွက်မစားဖူးဘူး ဈေးမှာ မရောင်းဘူး ချောတို့ ဆီလာခူးမယ်နော်

PhyoPhyo said...

မချောရေ ဟင်းတွေလာမြည်းသွားပြီ။
်နာနတ်သီးဟင်းက သိပ်မကြိုက်ကြဘူးနော်။
ကိုယ်ပဲ စားတော့မယ် ဟိဟိ။
ခုနက ကွန်မန့်ရေးထားတာ မတက်ဘူး
ထပ်ရိုက်နေတာ၊
ဖရုံရွက်သုပ်လေးလည်း ကြိုက်တယ်။ သုပ်စားဦးမှ ဖရုံပင်လေးစိုက်ထားတယ်။
ဖရုံရွက်သုပ်လေး ရိုးရိုးလေးနဲ့ စားချင်စရာ။
ကြက်သားနဲ့ ဂျူးဖူးလည်းကြိုက်တယ်။
ဂျူးဖူးတော့မသိဘူး၊ ရှိတဲ့အဖူးထည့်ကြော်မယ်၊ မချောရလား။
ဒီနေ့ဟင်းတွေ အားလုံးကြိုက်
ချစ်တဲ့
pp

စားချင်တယ်....... ကလွဲလို့  ဘာမှ မပြောတတ်တော့ဘူး ...ဟူး။။။။။။

တစ်နေ့ နေ့ တော့ အိုးခွက်ပလုံးတွေနဲ့  ချက်ပြုတ်စားပြလိုက်ဦးမယ်.....။

ahphyulay said...

အင်း...
ကူးထားလိုက်တယ် မ ချောရေ့ ၊
ပြန်စမ်းလို့ ရအောင်ရယ်၊ မျှလို့  ရအောင်ရယ်၊

အဲဒီ နာနတ်သီးကို ၀က်သားနဲ့ဖြစ်ဖြစ် ကြက်သားနဲ့ဖြစ်ဖြစ် ရောချက်တာကိုကြိုက်တယ်.. ဒါပေမယ့် သူက ဟင်းချက်လိုက်ရင် ချိုပြီးအီသွားတယ်နော်...


ခင်မင်လျက်
နေ၀ဿန်

ဆွေလေးမွန် said...

ကြက်သား ဂျူးဖူးကြော်နဲ့ ဖရုံသီး ချဉ်စပ်သုပ်လေး စားရရင် အရမ်းကောင်းမှာပဲ..

နံနတ်သီးကချက်စားလို့ရတာပေါ့။

ဂျူးဖူးဆိုတော့ မျက်စိလည်သွားတယ်...အညာမှာက ကတ္တားဖူးလို့ ခေါ်တာကိုး...သူက မကြိုက်ရင်တော့ စိမ်းစော်နံသလိုပဲ...နုရင်သိပ်မသိသာပေမယ့်...ရင့်ရင် အနံ့ပိုပြင်းတယ်...သူ့ကိုပြုတ်ပြီး မြေပဲဆံထောင်းနဲ့ သံပုရာရည်လေးညှစ်ပြီး ခပ်ချဉ်ချဉ်လေး သုတ်စားရင် အင်မတန် အရသာရှိတာကလား...ကိုယ်ကပဲ ကြိုက်လို့လားတော့ မသိပါဘူးလေ...အင်း အညာစာနဲ့ဝေးတာလည်း ကြာပေါ့...

သွားရည်ကျပြီး ပြန်သွားပါသည်...

အိမ်ကလူက အရွက်သိတ်မစားတော့ အဲလို သုတ်ကျွေးဖြစ်တယ် ချောရဲ့၊ ဝက်သား နာနတ်သီးကို ချောချက်ပြသလိုတော့ ကြော်မစားဖြစ်ဘူး၊ ချိုချဉ်ကြော်လိုမျိုးတော့ လုပ်စားဖြစ်တယ်။ ဝက်သားရော နာနတ်သီးရော ကြိုက်တာမို့ အဲဒီ ၂မျိုးကိုတော့ ဘယ်လိုချက်ချက် ကြိုက်တယ်....:)

Anonymous said...

မချော

ဖရုံရွက်သုပ်စားချင်တယ် ။ ကြိုက်တယ် သုပ်တာတော့မစားဖူးဘူး။ ဂျပန်မှာလေ ဖရုံရွက်မစားကြဘူးတော့ ..နှမျောစရာသိလားအညွန့်တွေဒီအတိုင်းမခူုးပဲထားတာ

ဂျူးဖူးကတော့ ကြိုက်တယ် ဂျူးနဲ့အာလူးကိုကျော်တာကြိုက်တယ် နနွင်းမှုန့်ဝါ၀ါလေးနဲ့

မချော အသုပ်အရမ်းကောင်းတာပဲကြည့်တာနဲ့တင်
ရန်ကုန်ပြန် ဘီယာဆိုင်ဖွင့်မှ ထင်တယ် အသုပ်စုံနဲ့ဘီယာဆိုပြီးတော့လေ ... လာကြမှာသေချာတယ်.

ကြည်ကြည်

flowerpoem said...

အမ အစားအသောက်လက်ရာ တကယ်ပြောင်မြောက်တယ် စားချင်လိုက်တာ :)

ဟူးးးး... ဗိုက်တောင် ဆာလာတယ်။