တန်ဖိုးကြီး သတို့သမီးဝတ်စုံများ

မင်္ဂလာပွဲဆိုတာ လူတစ်ဦးရဲ့ ဘဝမှာ အရေးကြီးဆုံးအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးတွေအတွက်က ပိုပြီး အရေးတယူ တန်ဖိုးထားတဲ့ အချိန်ခါလည်း ဖြစ်ပါတယ်။ မင်္ဂလာပွဲကျင်းပနေချိန်မှာတော့ သတို့သမီးဟာ အားလုံးသော မင်္ဂလာပွဲလာ ပရိသတ်အတွင်းမှာတော့ ဘုရင်မတစ်ပါးလို အထူးဦးစားပေးခံရသူ ဖြစ်သလို အားလုံးရဲ့ အာရုံစူးစိုက်မှု၊ စိတ်ဝင်စားမှုကို အခံရဆုံးသူလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမျိုးသမီးတွေဟာ မင်္ဂလာပွဲကျင်းပနေတဲ့ မင်္ဂလာပွဲကျင်းပချိန်မှာ အလှပ အထင်ပေါ်ဆုံး ဖြစ်ချင်ကြပါတယ်။ သတို့သမီးတစ်ယောက်အတွက် မိတ်ကပ်အပြင်အဆင်သာမက သတို့သမီးဝတ်စုံဟာလည်း အလွန်ကို အရေးကြီးပါတယ်။ ဒါတွေကို ဒီဇိုင်နာတွေက ကောင်းစွာ သဘောပေါက် နားလည်ထားတဲ့အတွက် ဒီဇိုင်နာတစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် သတို့သမီးဝတ်စုံတွေကို လှပဆန်းကြယ်စွာ စီစဉ်ချုပ်လုပ်ကြတာ ဖြစ်ပါတယ်။ အောက်မှာတော့ နာမည်ကျော် ဒီဇိုင်နာ အသီးသီးတို့ရဲ့ ကမ္ဘာ့ဈေးအကြီးဆုံး သတို့သမီး ဝတ်စုံတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိန်စီ သတို့သမီး ဝတ်စုံ

http://www.horizontalimage.net/wp-content/uploads/2011/03/wedding-gown-with-diamonds.jpg

ကျောက်မျက်ရတနာ ကုန်သည် Martin Katz နဲ့ အဝတ်အထည်ဒီဇိုင်နာ Renee Strauss တို့ ပူးပေါင်းတီထွင် ချုပ်လုပ်ထားတဲ့ သတို့သမီး ဝတ်စုံဟာ တန်ကြေး ဒေါ်လာ ၁၂သန်းရှိပါတယ်။ ဘာတွေများ ပါလို့ဒီလောက် တန်ဖိုးကြီးနေရပါသလဲလို့ မေးလာရင် ၁၅၀ကာရက်ရှိ စိန်ပွင့်များဟာ ဝတ်စုံအဖြစ်ချုပ်ထားတဲ့ ဇာတစ်လျှောက်လုံးမှာ စီရီထည့်သွင်း ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ဒီဝတ်စုံကို တစ်ကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတိုင်းက ဝတ်ဆင်လိုတဲ့ ဆန္ဒတွေ ရှိကြမှာ ဖြစ်ပေမဲ့ ဈေးနှုန်းကြီးလှတာကြောင့် ဒီဝတ်စုံ ဝတ်ဆင်ခွင့်ရဖို့ဆိုတယ အိပ်မက်တစ်ခုလိုသာ ဖြစ်ပါလိမ့်မယ်။

ပုလဲနှင့်စိန် ရောယှက်လိမ်

Yumi Katsura wedding dress
ဈေးနှုန်း ဒေါ်လာ ၈သန်းလို့ သတ်မှတ်ထားတဲ့ သတို့သမီး ဝတ်စုံကတော့ ၈.၈ ကာရက်အလေးချိန်ရှိ အစိမ်းရောင် စိန်၊ ၅ကာရက် ရွှေဖြူ၊ ပုလဲလုံးများ နဲ့အတူ ပိုးချည်၊ ဖဲသားတို့ဖြင့် ယှက်ဖောက်ထားတာကြောင့် ကမ္ဘာ့ တန်ဖိုးကြီး သတို့သမီး ဝတ်စုံများထဲမှာ ပါဝင်ပါတယ်။ တော်တန်ရုံ သတို့သမီးများ ဝတ်ဆင်ဖို့ရာ စဉ်းစားနိုင်ခွင့်တောင် မရှိတဲ့ တန်ဖိုးကြီးမားလှတဲ့ ဇိမ်ခံသတိုသမီး ဝတ်စုံဖြစ်ပါတယ်။

ပလက်တီနမ် သတို့သမီးဝတ်စုံ
http://www.horizontalimage.net/wp-content/uploads/2011/03/Mauro-Adami.jpg

ပေါင် နှစ်သိန်းလေးသောင်း တန်ကြေးရှိတဲ့ အထက်ပါ သတို့သမီး ဝတ်စုံကတော့ ချည်သားသက်သက်သာမကဘဲ ပလက်တီနမ်နဲ့ပါ ပေါင်းစပ်ချုပ်လုပ်ထားတာဖြစ်ပြီး လန်ဒန်မြို့ရဲ့ ကျောက်မျက်ရတနာပြပွဲတစ်ခုမှာ ဝတ်ဆင်ပြသခဲ့တဲ့ ဝတ်စုံဖြစ်ပါတယ်။ အီတလီဒီဇိုင်နာ Mauro Adam က ချုပ်လုပ်ထားတဲ့ သတို့သမီးဝတ်စုံဟာ ချည်ထည်နဲ့အတူ ပိုးချည်၊ ပလက်တီနမ်တို့ဖြင့် ပြုလုပ်ထားပြီး သတို့သမီး ဝတ်စုံသက်သက်သာမဟုတ်ဘဲ ဝတ်ဆင်သူရဲ့ ခမ်းနားကြီးကျယ်ခြင်း၊ ချမ်းသာခြင်း တို့ကို ကိုယ်စားပြုနိုင်တဲ့ ဝတ်စုံဖြစ်တယ်လို့ ဆိုပါတယ်။

ရတနာမျိုးစုံခြယ် သတို့သမီးဝတ်စုံ


glittery gown wedding dress
ဟောင်ကောင် ဒီဇိုင်နာ တစ်ဦးရဲ့ လက်ရာဖြစ်တဲ့ သတို့သမီးဝတ်စုံဟာလည်း အလေးချိန် ၄ပေါင်ခန့်ရှိ ရတနာအမျိုးစုံပေါင်း ၉၉၉၉ခုဖြင့် စီခြယ်ထားပြီး တန်ဖိုးအားဖြင့် ဒေါ်လာ တစ်သိန်းသုံးသောင်း တရုတ်ငွေ ယွမ် ၉၉၉၉၉၉ တန်ကြေးရှိပါတယ်။

ဒေါင်းမွှေးသတို့သမီးဝတ်စုံ

peacock_wedding_dress_2
peacock_wedding_dress_2
peacock_wedding_dress_2

ဥဒေါင်းငှက်ရဲ့ ခမ်းနားလှပအရောင်စုံတဲ့ အမွှေးပေါင်း ၂၀၀၉ ခုတို့ဖြင့် တွဲဆက်ချုပ်လုပ်ထားတဲ့ သတို့သမီးဝတ်စုံကတော့ ဒေါ်လာ ၁.၅ သန်း တန်ကြေး ရှိပါတယ်. တရုတ်နိုင်ငံ ဂျန်းဆူးပြည်နယ် နန်ကျင်းမြို့မှာ ကျင်းပတဲ့ သတို့သမီးဝတ်စုံပြပွဲမှာ ဝတ်ဆင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဝတ်စုံကို လူ၈ဦးက ၈လခန့် အချိန်ယူပြီး ချုပ်လုပ်ခဲ့တာဖြစ်ပါတယ်။

သတို့သမီးလောင်းကလေးများနဲ့ တန်ဖိုးကြီးဝတ်စုံများကို စိတ်ဝင်စားသူများအတွက် ရှာဖွေတင်ပြပါတယ်။း)

Image Hosted by PicturePush - Photo Sharing
Ref: Most Expensive Wedding Dresses by Miria

21 Responses to “တန်ဖိုးကြီး သတို့သမီးဝတ်စုံများ”

မချောကြီး...
ပြယုံ ပြလို့ရဝူးးး
မင်္ဂလာဆောင် လက်ဖွဲ့ အဲဒီဝတ်စုံ ဝယ်ပေးးးး

rose said...

မင်္ဂလာဆောင် ၀တ်စုံတွေ လာငေးသွားတယ် အစ်မချော...။ အိ.. လေးလေးကြီး ဆိုရင်တော့ မ၀တ်ချင်ပါဘူး (အမှန်က စပျစ်သီး ချဉ်လိုက်တား)

mstint said...

ဒီခေတ်သတိုးသမီးတွေဖြစ်ရတာ အလှအပမျိုးစုံနဲ့ ဆင်ယင်ထုံးဖွဲ့နိုင်ကြတာ ကုသိုလ်ထူးတယ်နော်။ ထူးထူးဆန်းဆန်း တန်ဖိုးကြီး သတိုးသမီးဝတ်စုံတွေကို ဗဟုသုတအဖြစ် ကြည့်သွားပါတယ်ချောရေ။

မေတ္တာဖြင့်
အန်တီတင့်

Nyi Linn Thit said...

တန်ဖိုးကြီး ဝတ်စုံအောက်က ချစ်မြတ်နိုးတတ်တဲ့ နှလုံးသားတစုံက ပိုပြီး အရေးကြီးတာ မှန်ပေမယ့် မင်္ဂလာပွဲမှာတော့ သူတို့သမီးတိုင်းက အလှဆုံး ဖြစ်ချင် ကြမှာ သေချာပါတယ်၊ မချော ဝေမျှတဲ့ နမူနာတွေကို သူတို့သားမျက်လုံးနဲ့ ကြည့်ရရင် ပလက်တီနမ် သတို့သမီးဝတ်စုံကို ကြိုက်တယ်၊း)

ဟန်ကြည် said...

အင်း...ဒါတွေကို အိမ်ရှင်မသာ မြင်သွားရင်တော့...အောင်မလေး...မတွေးရဲစရာပါကလားနော်...ရန်တိုက်ပေးပြန်ပြီလား ဒေါ်ချောရေ...

ဒီဝတ်စုံတွေမြင်တော့ ကိုယ့်ဘဝကိုယ် ကျေနပ်ကျေးဇူးတင်
မိတယ်..:))) ဝယ်ပေးဖို့ပူဆာမယ့်သူမရှိတာ တယ်ကောင်း။

လသာည said...

ဝတ်စုံတွေကတော့ ရှယ်ပဲ..။ ယောင်းယောင်းရော ဘယ်လိုဆောင်ချင်လဲ ပြောလေး)

အစ်ကိုပေးချင်သူ

အမေ့ကိုမုန်းတယ် ပိုစ့်အရင်ဖတ်လိုက်လို့  လားမသိဘူး ၀မ်းနည်းသွားလို့  မင်္ဂလာဆောင်မှာ သတိုးသမီးကို ဆင်ရမယ့် ၀တ်စုံတောင် ရွေးပေးဖို့  အာရုံပျက်သွားတယ်.....။ နောက်နေ့ မှပဲ လာရွေးပေးလိုက်တော့မယ်ဗျာ..။ အော်... ဟို စိန်စီထားတဲ့ ၀တ်စုံလေး နဲ့  ပေးဝတ်မယ် စိတ်ကူးတယ်....။ ဟီးဟီး

လျောက်ပြောတာနော် :P (အစ်မလည်း ၀တ်ဖို့  ရွေးနေပြီဆို ဟုတ်လား ဟင် :D )

ဝတ်စုံတွေက တန်ဖိုးကြီးသလောက် လှလဲလှပါရဲ့ ... ဒါပေမယ့် အဲဒီလောက် တန်ဖိုးအများကြီးပေးရပြီးမှ တစ်ခါဘဲဝတ်ရမှာတော့ မတန်သလိုဘဲနော် ... :)) ပလက်တီနမ်ဝတ်စုံနဲ့ ဒေါင်းမြီးဝတ်စုံတော့ သဘောကျတယ်..

PhyoPhyo said...

ဝတ်စုံတွေ လှလိုက်တာနော်။
ကိုယ်တွေများ ၀တ်လိုက်ရင်(စိတ်ကူးထဲအစမ်း) အောက်မှာ တစ်ပုံကြီးပဲနေမှာပဲ။ :D
စိတ်ကူးထဲပဲ ၀တ်နိုင်တယ်။
မချော တကယ်ရွေးနေတာလား။
ကို ... အလင်းစက်များကတော့ ပြောနေပြီ။
ချစ်တဲ့
pp

Iora said...

ကိုယ်လည်း ပလက်တီနမ်ဝတ်စုံကို သဘောကျတယ်။ ဒေါင်းမြီးဝတ်စုံကြည့်ပြီး ဒေါင်းမြီးတွေ ဒီလောက်ရအောင်ဘယ်လိုစုခဲ့ပါလိမ့်လို့ အတွေးပိုမိတယ်။ဝတ်ရင်လည်း ယားကျိကျိဖြစ်နေမလိုဘဲ။
အိုင်အိုရာ

ကိုကိုမောင်(ပန်းရနံ့) said...

ညှပ်ဖိနပ် ချိတ်ထမီ ရင်ဖုံးအင်္ကျီ ပ၀ါပါးပါး၊ သစ်ခွပန်းလေးတွေကိုသာ မျက်စိထဲ နှစ်သက်နေမိသလိုဘဲ။း)))

မချောရဲ့ ၀တ်စုံတွေကြိုက်မိရင်တော့ ကျွဲပေါင် နွားပေါင် လယ်ယာတွေ ပေါင်ရင်တောင် အစွန်းထွက်ကို မီသေးအံ့မထင်။း)))

ခင်မင်လျက်

တန်ဖိုးကလည်း မသေးပါလားနော်။ တူမလေးကို တစ်စုံဝယ်ပေးဖို့ မှန်းထားတယ်။ (အရုပ်)သူဂျီးမင်းစကားကို ယူသုံးလိုက်ဦးမယ်။ ဟာ ဟ။

ချောကို မမေးကောင်း၊ မေးကောင်း မေးရဦးမယ်။ ချောကော အဲဒီစိန်စီထားတဲ့ဝတ်စုံတွေ ရွေးထားပြီလား။ ခင်လို့ စတာပါနော် စိတ်မဆိုးပါနဲ့။ ဟိ။ (မှတ်ချက်။ ။အလင်းစက်အဖော်ရှိလို့ မိုက်မိသည်)

ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေနော့

ဝါမ၀င်ခင် သတို့သမီး ၀တ်စုံတွေ တင်နေတယ်ပေါ့လေ။
မမေအတွက် ပန်းနုရောင်ဝမ်းဆက် ၀တ်ရုံနဲ့ လိမ္မော်ညိုရောင် ပုဝါလေး ပါတဲ့ ဒီဇိုင်းရှိရင် တင်ပေးပါအုံး။ အဲဒီဝတ်စုံဝတ်ရင်တော့ ဆံပင်ပါလို့ မရဘူး။ :))

ညယံ said...

ဝတ်စုံလေးတွေ လှလိုက်တာ။ ငေးပဲငေးသွားတော့တယ် :D

မသိသလို ရှောင်ထွက်သွားတယ်... မဒမ်နေ၀သန်လောင်းလျာက ဒါလေးဆင်ပေးဆို သေပြီဆရာ.. ဒေါ်လာ ၁၂ သန်းမပြောနဲ့ ဒေါ်လှသန်းတောင် မရှိပေါင်ကွယ်..

ခင်မင်လျက်
နေ၀ဿန်

စော said...

အော် မြန်မာဝတ်စုံလည်း အမျိုးမျိုး ချဲ့ လို့ ရပါတယ်။ ငှက်မွေး ခေါင်းဦးလို နံနေရင် ဘယ်လို လုပ်မလဲ။

ချောကရော...ဘယ်လိုလဲ ခု ဂျူလိုင်ရောက်ပြီ၊ သိတ်မလိုတော့ဘူး ဟဟဟ။ ဒီထဲက ကြိုက်တာသာ ရွေးထား ဒါပဲ...:))

ဆွေလေးမွန် said...

အဖြူရောင်နတ်သမီး ပြောသွားသလိုပဲ..

ဝယ်ပေးနော်..နော်...နော်..


:) :) :)

မြင့်သီတာ said...

ဝယ်ပေးမဲ့သူရှိရင် တစ်စုံလောက်တော့ လိုချင်သား မချောရယ်း)

လှလိုက်တာ။ တကယ်ကို အကုန်လုံး ရရင် လိုချင်သေးတယ်။ (ဝတ်စုံပြောတာနော်။း)

ခင်မင်လေးစားလျက်