ဝက်နံရိုးမျှစ်ချဉ်နဲ့ သီးစုံကြက်သားဟင်း

ပြီးခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက်အိမ်ကို ကျွန်မ အလည်ရောက်ပါတယ်။ အဲဒီမိတ်ဆွေရဲ့ အိမ်မှာ အိုးအကြီးတစ်လုံးကို မီးနဲ့တည်ထားတာတွေ့ရတော့ ဘာတွေများ တည်ထားတာလဲလို့ စပ်စုကြည့်မိပါတယ်။ အဲဒီသူငယ်ချင်းက ကြက်သားဟင်းချက်ထားတာ စားကြည့် အရမ်းစားလို့ကောင်းတယ်လို့ ပြောပြီးတော့ ကျွန်မတို့ကို အဲဒီကြက်သားဟင်းနဲ့ ဧည့်ခံပါတယ်။ အမှန်က ကျွန်မ ထမင်းစားခဲ့ပြီးပြီမို့ ဗိုက်လုံးဝမဆာပါဘူး။ ဒါကြောင့် ဒီကြက်သားဟင်းကိုလည်း စားနိုင်တော့မယ်လို့် မထင်မိပါဘူး။ ကြက်သားက အရည်သောက်ဟင်းအဖြစ် ချက်ထားတာပါ။ ကြက်သားစွပ်ပြုတ်ပါဘဲ။ ဒါပေမဲ့ တကယ်တမ်းစားကြည့်တော့ ကျွန်မ စားဖူးနေကျ ရိုးရိုးကြက်သားစွပ်ပြုတ်တွေနဲ့ အရသာ တော်တော် ကွာခြားပါတယ်. ထမင်းစားပြီးပြီမို့ မစားနိုင်တော့ဘူးလို့ ကိုယ့်ကိုယ်ကိုထင်ခဲ့မိတဲ့ ကျွန်မဟာ လာချပေးတဲ့ ပန်းကန်လုံးကြီး တစ်လုံးလုံး ကုန်အောင် စားခဲ့မိပါတယ်။ အသီးပေါင်းစုံတို့ရဲ့ အချိုဓာတ်တွေဝင်နေတဲ့ ဒီကြက်သားဟင်းရည်ဟာ သိပ်ကို စားလို့ကောင်းပါတယ်။ ဒါနဲ့ ကျွန်မလည်း အိမ်ရှင်သူငယ်ချင်းကို ချက်ပုံချက်နည်းတွေ စိတ်ဝင်တစားနဲ့ မေးမိပါတော့တယ်။ အိမ်ပြန်ရောက်တော့ အဲဒီနည်းအတိုင်း ပြန်ချက်စားဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်က ညီမတစ်ယောက်လို ခင်မင်ရတဲ့ တစ်ယောက်ကလည်း ဆေးရုံကဆင်းလာတော့ နလံထစမို့ ဒီဟင်းနဲ့ ကိုက်မယ်ထင်ပြီး သူ့ဆီကို ဒီကြက်သားဟင်းချက်ပြီး ပို့ပေးလိုက်တော့ အဲဒီညီမလေးက စားလို့သိပ်ကောင်းတာမို့ သူ အများကြီးစားပစ်လိုက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် စားလို့ကောင်းတဲ့ အဲဒီဟင်းချက်နည်းလေးကို အားလုံးကို ပြန်လည်ဝေမျှချင်ပါတယ်။ ချက်နည်းကို ပြောပြပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ကြောင်း ဒီနေရာကနေ ပြောကြားချင်ပါတယ်။  ဒီတစ်ပတ်ဟင်းချက်နည်းတွေ အားလုံးကို အရည်သောက်ဟင်းတွေချည်း ရွေးချယ်ထားပါတယ်။


သီးစုံကြက်သားဟင်းရည်


အဲဒီဟင်းက ချက်ရတာ လွယ်လွယ်ကူကူလည်းဖြစ်၊ အရသာလည်း ထူးခြားကောင်းမွန်ပါတယ်။ နေမကောင်းတဲ့လူ၊ နလံထစ လူများနဲ့လည်း သင့်လျော်တဲ့ သီးစုံကြက်သား အရည်သောက်ဟင်း ဖြစ်ပါတယ်။ သီးစုံလို့ဆိုတဲ့အတိုင်း ဟင်းထဲမှာ ပါဝင်တဲ့ အသီးတွေက မုန်လာဥဖြူ၊ ဥနီ၊ အာလူး၊ ပြောင်းဖူး၊ ပန်းသီး၊ သစ်တော့သီး (ပန်းသစ်တော့) စသည်တို့ ဖြစ်ပါတယ်။ ၄င်းအသီးများကို အခွံနွာရေဆေးပြီး အတုံးလေးများ တုံးထားပါတယ်။ ပြောင်းဖူးကို အစေ့ချွေပြီးထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

မုန်လာဥဖြူ၊ ဥနီ၊ အာလူး၊ ပြောင်းဖူး၊ ပန်းသီး၊ သစ်တော့သီး၊


Image Hosted by PicturePush - Photo Sharing


ထို့နောက် ကြက်သားကို မိမိနှစ်သက်သလို အတုံးကလေးများ တုံးပါတယ်။ အိုးတစ်လုံးမှာ ရေထည့်ပြီး ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ အရသာမှုန့်၊ ရှောက်ကော၊ ပါးကော (နာနတ်ပွင့်၊ တရုတ်ဖာလာအလုံး) များကို အနည်းငယ်စီထည့်ပြီး ကြက်သားကို ထည့်ပြုတ်ပါတယ်။



Image Hosted by PicturePush - Photo Sharing

ကြက်သားပြုတ်အိုး ဆူပွက်လာရင် အဆင်သင့်ပြင်ထားတဲ့ အသီးများကိုထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အချိန်အနည်းငယ် ကြာချိန်မှာတော့ ကြက်သားလည်းနူး၊ အသီးတွေလည်း နူးပြီမို့ အရသာ အပေါ့အငံမြည်းပြီးရင် စားသုံးနိုင်ပါပြီ။


သီးနှံပေါင်းစုံနဲ့ ချက်ထားတဲ့ သီးစုံကြက်သားဟင်းရည်ပါ။ နံနံပင်နဲ့ ငရုပ်ကောင်းများနှစ်သက်ရင် ထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ အသီးမျိုးစုံတို့ရဲ့ အချိုဓာတ်တွေကြောင့် အရသာ တစ်မျိုးထူးတဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing
ငရုပ်ကောင်းနဲ့ နံနံပင်မထည့်လိုက ဒီအတိုင်း သုံးဆောင်နိုင်ပါတယ်



~~~~~~~~~~~~@@@~~~~~~~~~~~~



ငါးအရည်သောက်ဟင်း


နောက်ထပ်ဟင်းတစ်မျိုးက ငါးဟင်းတစ်မျိုးဖြစ်ပါတယ်။ ငါးကို ဆီနဲ့ချက်စားရတာ အီလာသူများအတွက် အရည်လည်းသောက်နိုင်တဲ့ ချက်နည်းတစ်မျိုးကို ဖော်ပြချင်ပါတယ်။ Leek လို့ခေါ်တဲ့ ကြက်သွန်မြိတ်အကြီးမျိုးနဲ့ ချက်မှာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ပထမဦးစွာ ငါးကို ကြေးထိုး၊ ဗိုက်ခွဲ ရေဆေးပြီး ခပ်ပါးပါး အတုံးကလေးများ လှီးဖြတ်ထားပါမယ်။ ငါးကြင်း သို့မဟုတ် ငါးခူ စသဖြင့် မိမိနှစ်သက်ရာငါးကိုချက်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ငါးများကို အဆင်သင့်ပြင်

Image Hosted by PicturePush - Photo Sharing
အိုးတစ်လုံးဖြင့် ရေထည့်ကာ ကြက်သွန်ဖြူ၊ ဂျင်း၊ စပါးလင် ပါးပါးလှီးပြီး ဆား၊အရသာမှုန့်တို့ထည့်ကာ ရေဆူအောင်တည်ပါတယ်

Image Hosted by PicturePush - Photo Sharing
ထို့နောက် ငါးထည့်ပြီး ကြက်သွန်မြိတ်တို့ကိုထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဟင်းအိုးဆူချိန်ကို ငါးအသားကျက်ရုံလောက်သာ ထားပါမယ်။ အချိန်အကြာကြီးထားပါက ငါးများ ကြေမွသွားနိုင်ပါတယ်။ အပေါ့အငံမြည်းလို့ ဟင်းအိုးချခါနီးမှာ ရှမ်းနံနံ၊ ဖက်ဖယ်ရွက် စသဖြင့် မိမိနှစ်သက်သလို ထည့်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အရည်လည်းသောက် အဖတ်လည်းစားနိုင်တဲ့ ငါးဟင်းတစ်ခွက် ရပါပြီ။ ကြက်သွန်မြိတ်ရဲ့ အရသာဟာ ချိုတဲ့အတွက် အရည်ကိုသောက်ရင်လည်း အချိုဓာတ်ကလေးနဲ့ အလွန် သောက်ကောင်းပါတယ်။ ငါးအသားများကိုတော့ အချဉ်ရည်နဲ့ တို့စားပါတယ်

Image Hosted by PicturePush - Photo Sharing
အချဉ်ရည်အတွက် ကြက်သွန်ဖြူ၊ ငရုပ်သီး၊ နံနံ၊ တို့ကို နှုတ်နှုတ်စင်းပြီး ဆား ၊ အရသာမှုန့်၊ သံပုရာသီးညှစ်ပြီး ရေအနည်းငယ်နဲ့ ဖျော်ထားတာ ဖြစ်ပါတယ်။


~~~~~~~~~~~~@@@~~~~~~~~~~~~

ဝက်နံရိုး မျှစ်ချဉ်

ကျွန်မက မျှစ်ချဉ်ဆိုရင် သေးသေးမျှင်မျှင် မျှစ်ချဉ်မျိုးထက် ဝါးအကြီးကြီးက ပေါက်တဲ့ မျှစ်ကို အချဉ်တည်ထားတဲ့ မျှစ်ချဉ်ကိုပိုကြိုက်ပါတယ်။ ကျွန်မနေတဲ့ မြို့မှာ အဲဒီလို မျှစ်ချဉ်မျိုး အလွန်ရှားပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ မမျှော်လင့်ဘဲ မျှစ်အတုံးလိုက်ကိုတည်ထားတဲ့ မျှစ်ချဉ်တွေ တွေ့တာနဲ့ ဝမ်းသာအားရ ဝက်သားနဲ့ချက်ဖို့ ပြင်ဆင်ပါတော့တယ်။ မျှစ်ချဉ်ကို မိမိနှစ်သက်တဲ့ အရွယ်ဖြစ်အောင် ခွဲစိတ်ဖြတ်တောက်ပါတယ်။ ဝက်သားဆိုရင်လည်း အသားထက် အရိုး အခေါက်တို့နဲ့ ချက်ရတာကို ပိုကြိုက်ပါတယ်။ ဒါကြောင့် ဝက်နံရိုးရယ် ဝက်ခေါက်တွေရယ်နဲ့ ချက်ဖို့ စီစဉ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဝက်နံရိုး၊ မျှစ်ချဉ်၊ ကြက်သွန်ဖြူ၊ နီ၊ ခရမ်းချဉ်သီး၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် ဆား၊ အရသာမှုန့်၊ ဆီအနည်းငယ်တို့ထည့်ပြီး မျှစ်ချဉ်နဲ့ ဝက်နံရိုးကို လုံးချက် ချက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ထို့နောက် ရေထည့်ပြီး အချိန်တော်တော်ကြာအောင် မီးပေါ်မှာ တည်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing
ဟင်းအိုးချခါနီးမှာ ပင်စိမ်းရွက် ခတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဝက်နံရိုးမျှစ်ချဉ် ရပါပြီ.. နံနံပင်းကို ပါးပါးလှီးပြီး အပေါ်မှာ ပြန်ထည့်ထားပါသေးတယ်

Image Hosted by PicturePush - Photo Sharing
ဝက်ခေါက်တွေချည်း ရွေးထည့်ထားပါတယ်။ အရည်လည်းသောက် အဖတ်လည်း စားနိုင်တဲ့ ဟင်းတွေ ဖြစ်ပါတယ်။




အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့ဖွယ် အားလပ်ရက်များဖြစ်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing



27 Responses to “ဝက်နံရိုးမျှစ်ချဉ်နဲ့ သီးစုံကြက်သားဟင်း”

ဂလု...ဂလု.....ဝက်နံရိုးမျှစ်ချဉ် လာစားသွားပါတယ် မချောရေ၊၊

ဥပုသ်ထွက် မနက် စောစောစီးစီး အိပ်ရာမထသေးဘဲ အွန်လိုင်းတက်တာ ချောရဲ့ ဟင်းပွဲတွေနဲ့ တိုးတော့တာပဲ။ ဟင်းတွေ အကုန်ကြိုက်တယ်။ မျှစ်ချဉ်က အကြိုက်ဆုံး။ မျှစ်ချဉ်တွေဝယ်ထားပြီး ချက်မစားဖြစ်ဖူး အိမ်မှာချက်ရင် နံလွန်းလို့။ အ၀တ်အစားတွေပါ အနံ့စွဲတာ။ ဒါကြောင့် သူများပေးမှ စားတယ်။ ဟဲ .. ချောလဲ တခွက်လောက် ပို့လိုက်ပါလား။
ဒါမှမဟုတ် မျှစ်ချဉ်ချက်ပြီး အိမ်မနံတဲ့ နည်းလေးဘာလေး ရှိရင်လဲ ရေးပါအုံး။ ကြက်သား သီးစုံဟင်း လုပ်စားကြည့်အုံးမယ်။ လွယ်တယ် အဲဒါက။

လောလောဆယ်တော့ နက်ဖြန် ဘုန်းကြီးကျောင်းသွားဖို့ ထုံးစံက မလွတ်သော ဟင်းလျာများ ချက်ရပေအုံးမည်။

mstint said...

သစ်သီးစုံကြက်သား ဟင်းရည်သောက်လေး ထူးထူးခြားခြားလည်းဖြစ် နေမကောင်းသူတွေ အတွက်လည်း အဟာရဖြစ်စေမည့် ဟင်းလေးမို့ ချက်နည်းလေးယူသွားတယ် ချောရေ။
ဟင်းပွဲတွေကတော့ ရှယ်ပဲ ဟင်းချည်းစားလို့ ပိုကောင်းမဲ့သဘော ရှိတယ်။ ပျော်ရွှင်ချမ်းမြေ့ပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အားလုံး ကြိုက်တယ်ချော၊

အဲဒီလို လွယ်လွယ်ကူချက်ရပြီး
အရသာ အထူးပြည့်စုံတဲ့ ဟင်းရည်မျိုး အရမ်းကို သဘောကျတယ်။

သစ်သီးစုံ ကြက်သားဟင်းရည်ကို ချက်ကြည့်အုံးမယ်၊
ငါးကတော့ ချက်ဖြစ်ရင် ပဲပုပ်အမူန့်ကို ထည့်မယ်၊
မျှစ်နဲ့ ၀က်သားကို အခုတကယ် စားချင်နေတယ်။

သီးစုံကြက်သားဟင်းလေး နည်းယူသွားတယ် မချောရေ..
ကျေးဇူး..

ညယံ said...

သီးစုံကြက်ဟင်းကို စိတ်ဝင်စားဒယ်။ဈေးသွားဝယ်ပြီး လုပ်စားကြည့်အုန်းမယ်။ နည်းလေးပေးတာ ကျေးဇူးနော် ..

ခွန် said...

အကုန် စားချင်စရာချည်းဘဲ...
သီးစုံကြက်သားဟင်း ချက်ကြည့်အုံးမယ် အစ်မ။
အဲဒီလို အရေလည်းသောက်လို့ရတဲ့ ဟင်းမျိုးဆို
အရမ်းကြိုက်တာ....

ခွန် said...

အကုန် စားချင်စရာချည်းဘဲ...
သီးစုံကြက်သားဟင်း ချက်ကြည့်အုံးမယ် အစ်မ။
အဲဒီလို အရေလည်းသောက်လို့ရတဲ့ ဟင်းမျိုးဆို
အရမ်းကြိုက်တာ....

ဗိုက်ဆာဆာနဲ့ ဟင်းတွေကို သွားရည်ကျမိနေပါတယ် မချောရေ။ ပေါင်မုန့်ကို ဖြစ်သလို စားနေတုန်း မချော တင်ထားတဲ့ ဟင်းတွေတွေ့လိုက်တော့ စိတ်ကူးထဲမှာ ပေါင်မုန့်က ဝက်မျှစ်ချဉ်ဖြစ်သွားတယ်။ ဟီး

ဟင်းနည်းနည်းစီ အကုန်မြည်းသွားပါသည်။ (ကောင်းလိုက်တဲ့ လက်ရာ)း)

ခင်မင်လေးစားလျက်

ချောရေ ရှလွှတ်...ရှလွှတ်ဆိုပြီး အသံမြည်အောင် ဟင်းရေသောက်သွားပါတယ်။ ဟင်းအားလုံး ကြိုက်တယ်။ မျှစ်ချဉ်က အကြိုက်ဆုံးပဲ။ (၀ါးတောမှာ မွေးခဲ့လို့လား မသိ၊ ဟာ ဟ)။ မျှစ်ဆိုရင်တော့ ဘယ်ပုံစံနဲ့လာလာ အကုန်ကြိုက်ဟေ့။

ချောရေ ဒီတစ်ခေါက် မြန်မာပြည်ပြန်ရင် တရားလေးဘာလေး နည်းနည်းပါးပါး ဟောတတ်အောင်လို့ဆိုပြီး တရားစာအုပ်ဖတ်လိုက်တော့ ၀ိသာခါကျောင်းအစ်မကြီးရဲ့ အဖိုးကိုးကုဋေထိုက်တန်တဲ့ မဟလ္လတာတန်ဆာအ၀တ်အကြောင်းဖတ်မိတော့ ချောတင်ထားတဲ့ "တန်ဖိုးကြီး သတို့သမီးဝတ်စုံများ"ဆိုတာကို သွားသတိရမိတယ်။

ကျန်းမာပျော်ရွှင်ပါစေ...

နက်ဖြန်တောင်မှ အိမ်မှာဝက်နံရိုးမျှစ်ချဉ်ချက်မလို့ပဲ...။ ကြက်သားသီးစုံဟင်းလေးတော့ကြိုက်တယ်...။
အားလုံးစားချင်စရာချည်းပဲ...။

မချောရေ
ဟင်းတွေကစုံနေတာပဲ
ကြက်သားဟင်းကဆန်းပြီး လွယ်တယ်နော်
ဆက်ဆက်ချက်စားဦးမယ်
ကျေးဇူးနော်。。。သိလား

may16 said...

အမရေ အစားအစာတွေ ချက်ထားတာကို သားရေလာကျပါတယ် :)

khin said...

စားချင်တာတွေကို မြိုချလိုက်ပြီနော် ဂလု ဂလု......

ကြက်သားသီးစုံလေးစမ်းချက်ကြည့်ရမယ်။ ကောင်းမယ့်ပုံလေး။ ငါးဟင်းလေးလည်းစိတ်ဝင်စားတယ်။ ညီမချက်တဲ့ ဟင်းလေးတွေက အမြဲတမ်း စိတ်ဝင်စားဖို့ကောင်းတယ်။ ထူးထူး ဆန်းဆန်းလေးတွေ။ မျှစ်ချဉ်မြင်တော့ မိုးကုတ်မျှစ်ချဉ်စားချင်သွားတယ်။ ၀က်သားမစားတော့ အိမ်မှာတော့ အမဲနံရိုး ဆိတ်နံရိုး တခါတလေ ငါးနဲ့ချက်တယ်။ ပုဇွန်ဆိတ်လေးနဲ့ ချက်လည်း ကောင်းတာဘဲ။

ယောက္ခ္မကြီး said...

ငါးဟင်းရည် ပိုစိတ်ဝင်စားတယ်
ကျေးဇူးပါ ချွေးမလေး

ahphyulay said...

မ ချော ရေ...။
အားလုံးကူးထားလိုက်ပြီ။
ကြိုက်လို့ ၊ လက်တည့် စမ်းမလို့  ။

း)..သွားရည်တွေ တထောကြီးကျသွားတယ်..

ခင်မင်လျက်
နေ၀ဿန်

ညီမမေဓာဝီလိုပဲ ဝက်မျှစ်ချဉ်ကို မချက်ဘူး၊ ပို့ဆွမ်းပဲ စားတယ် ဟဟဟ။ သီးစုံ ကြက်သားဟင်း ချက်ကြည့်ပါမယ်....လွယ်လို့...:)

ဆွေလေးမွန် said...

မျှစ်ချဉ်နဲ့ ၀က်သား စားချင်တယ်..
ငါးဟင်းချို လဲချက်စားမယ် နောက်တစ်ပတ်..

PhyoPhyo said...

ငါးဟင်း၊ သီးစုံကြက်သားဟင်း၊ မျှစ်ချဉ် ကြိုက်တယ် ကြိုက်တယ်။ စားချင်းစရာတွေချည်းပဲ။ မချော ရေ ၀က်သားတော့မကြိုက်ဘူး။
ချစ်တဲ့
pp

သီးစုံကြက်သားက စိတ်ဝင်စားစရာလေး.. ကြက်သားပြုတ်ရည်ထဲ ပန်းသီးတွေ သစ်တော်သီးတွေထည့်ရင် ဘာအရသာထွက်မလဲ မှန်းလို့မရဘူး.. လုပ်ကြည့်ဦးမယ်.. :)

SHWE ZIN U said...

ချော ရေ ဟင်းအားလုံး ကောင်းတယ် စားသွားပြီ တဝ
နောက်ကျသွားလို့ စိတ်တောင် မကောင်းဘူး

မြစ်ကျိုးအင်း said...

ဟူးးးးး
အချိန်မတော် လာကြည့်မိတာ ခုတော့ မုန့် လိုက်ရှာရတော့မယ်။

ညီမလေး said...

အားလုံးကြိုက်တယ်ကွာ...ငါးကို နောက်ခါအဲ့လို့စမ်းချက်ကြည့်ကြည့်အုန်းမယ် ...

တစ်မျိုးစီ ကို တလှည့်စီချက်ပြီးစားမယ်။ အရည်သောက်တွေက ဘာပဲပြောပြော စားဝင်တယ်။
အဲ ကြည့်ရုံနဲ့တောင် သောက်ချင်လာတယ်လေ။

့ပါးစပ်ပျက်နေတာကြာပြီ
မချောချက်သမျှဟင်းတွေကလဲစားချင်တဲ့ဟင်းတွေချည်းပဲ..
မချက်တတ်ဘူး
အိမ်ကလူကလဲအစားအသောက်ဆင်ခြင်ဆိုတာချည်းပဲ..

သရေပဲလာကျသွားတယ်မချောရေ...

ခင်မင်တဲ့
မဒမ်ကိုး