တစ်သက်လုံးမှာ ရေတစ်ခါတောင် မချိုးတဲ့ လူမျိုးစုအကြောင်း ရေမချိုးကြသူများဆိုတဲ့ နာမည်လေးနဲ့ မကြာခင်ကမှ ရေးခဲ့ပါသေးတယ်။ ခု ဒီတစ်ခါတော့ ကမ္ဘာတစ်လွှားက ဆန်းဆန်းပြားပြား ရေချိုးနည်းများအကြောင်း ဖောက်သည်ချပါဦးမယ်။ အတင်းပြောတာ ဟုတ်ဘူးနော်.. ဖောက်သည်ချတား) ဘယ်လိုနည်းနဲ့များ ရေးချိုးကြတာပါလိမ့်လို့ သိချင်သူများ အောက်မှာ ဆက်ဖတ်ကြည့်ပါနော်။ စိတ်ဝင်စားဖို့ တကယ်ကောင်းပါတယ်း)
ဘီယာဖြင့်ချိုးနည်း
နှစ်ယောက်တွဲချိုးချိုး
ကဲလေ.. ဘီယာနဲ့ ဇိမ်ခံပြီး ချိုးကြပြန်သတဲ့.. ပြီးတော့ လက်ထဲမှာလည်း ဘီယာခွက်တွေနဲ့.. ကြည့်ရတာ သူတို့ချိုးနေတဲ့ စည်ထဲကနေ ပြန်ခပ်ပြီးများ သောက်ကြသလား မသိနော်။။ ဟိဟိ တစ်ယောက်ယောက် ရှူးပေါက်ချထားရင်တော့ တွားပြီး)
ဘီယာနဲ့ရေချိုးနည်းကို ကလေးလူကြီး နှစ်သက်ကြတယ်လို့ဆိုပါတယ်။ ပြီးတော့ ဘီယာနဲ့ ချိုးကြသူများကတော့ ဘီယာဟာ လူရဲ့အရေပြားကို လှပပြီး ငယ်ရွယ်နုပျိုစေပါတယ်လို့ ယုံကြည်ကြပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ဘီယာထဲ လက်တွေ့ စိမ်ကြည့်ကြပါနော်.. သောက်ဖို့တောင် အနိုင်နိုင် ဘီယာနဲ့ ရေချိုးဖို့လာပြောနေပြန်ပြီ လို့တော့ မပြောကြေးနော်း)
~~~~~~~~~~~~~~
ဝိုင်နီဖြင့်ချိုးနည်း
ဝိုင်အနီဖြင့်ရေချိုးနေကြသူတွေပေါ့
ဝိုင်နီနဲ့ ချိုးတဲ့နည်းက ဂျပန်နိုင်ငံမှာ ခေတ်စားနေတဲ့ ချိုးနည်းတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ Hakone Kowakien က ရေပူစခန်းမှာ ချိုးနိုင်ပါတယ်။ ရေနွေးကန်ထဲမှာ ဝိုင်ဖြင့်ရောစပ်ထားတဲ့ ရေနွေးနွေးကို စိမ်နေရတာဟာ တကယ့်ကို ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ဆိုပါတယ်။ ဝိုင်ကန်ထဲမှာ စိမ်နေရင်း နှစ်သက်သူများက ဝိုင်ကိုသောက်သုံးနိုင်ပါတယ်။ ဝိုင်အနီဟာ အရေပြားကို နုပျိုလှပစေပြီး ဆဲလ်အသစ်များဖြစ်ပေါ်ခြင်းကို အားပေးတယ်လို့ ဆိုပါတယ်။ ဝိုင်နှစ်သက်ကြတဲ့ ကိုကိုမမ၊ မောင်ညီမများ ဝိုင်ဖြင့်ရေချိုးသွားခဲ့ရင် ကန်ထဲက ဝိုင်တွေကို ကုန်အောင်သောက်ခဲ့ကြပါလို့ မှာလိုက်ပါရစေး)
လက်ထဲမှာလည်း ဝိုင်ခွက်တွေကိုယ်စီနဲ့ တော်တော်ပျော်ကြပုံဘဲ။ ကန်ထဲက ဝိုင်တွေကို ခပ်သောက်နေကြတာတော့ မဟုတ်ပါဘူးနော်း)
အချို့သော မိန်းမပျိုတို့ကတော့ ရေနွေးနွေးကို စပျစ်ဝိုင်အညိုရောင်ဖြင့်ရောစပ်လို့ ချိုးကြပါတယ်။ ဝိုင်နဲ့ ချိုးပြီးလို့ အပြင်ထွက်တဲ့အခါ ဘယ်လိုရေမွှေးမျိုးကိုမှ သုံးဖို့မလိုအောင် ခန္ဓာကိုယ်ပေါ်မှာ ဝိုင်ရဲ့ ရနံ့က စွဲကျန်နေရစ်ခဲ့တာက သိပ်ကို နှစ်သက်ဖို့ကောင်းတယ်လို့ ပြောကြပြန်ပါတယ်။ ဝိုင်နဲ့စိမ်ပြီးတော့ ရေအေးနဲ့ ပြန်မချိုးဘူးလား မသိနော်း)
~~~~~~~~~~~~~~
ချောကလက်ရည်ဖြင့်ချိုးနည်း
ကပ်သီးကပ်သပ် နောက်တစ်နည်းက ချောကလက်ပျော်ရည်နဲ့ ချိုးနည်းဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ချောကလက်ကို တစ်ကြိမ်တစ်ခါတောင် မစားဖူးကြသူတွေ အများအပြား ရှိနေကြမှာပါနော်။ ဒါပေမဲ့ သူတို့များကျတော့ ချောကလက်နဲ့တောင် ချိုးကြပါသတဲ့.. ကုသိုလ်ကံချင်း ကွားခြားပုံများပြောပါတယ်။
တွေ့လား ဒီကောင်မလေးကတော့ မိုက်တယ်။ ချောကလက် ကန်ထဲမှာ ချိုးရင်းနဲ့ စားနေတယ်..း)
ချောကလက်ကန်ထဲမှာ ကြည်စယ်နေကြသူနှစ်ဦး
သူတို့၂ယောက်ကတော့ ကန်ထဲက ချောကလက်မဟုတ်ဘဲ ချောကလက်အတောင့်ကို စားနေတာဖြစ်ပုံရတယ်း)
ချစ်သူစုံတွဲတွေကတော့ ချစ်သူများနေ့ ( Valentine's Day) မှာ အမှတ်တရအနေနဲ့ ချောကလက်ရည်ထဲမှာ စိမ်ချိုးကြတာပါတဲ့။ ဂျပန်မှာတော့ ချစ်သူများနေ့ကနေစပြီး မတ်လ ၃၁ရက်နေ့အထိ တိုင်အောင် ရေပူစမ်းတွေမှာ ရေပူနဲ့အတူ ချောကလက်တွေကို ရောစပ်ထားတဲ့ရေနဲ့ ချိုးနိုင်တဲ့ အစီအစဉ်ကို လူငယ်တွေ အတွက် ပြုလုပ်ထားပေးပါတယ်။
ဒီ၂ယောက်ကတော့ ချောကလက်ကို မစားဘဲ မျက်နှာကို လိမ်းနေကြပြန်တယ်
ချောကလက်က စားရတာတောင် ချိုချိုရဲရဲနဲ့။ တကယ်လို့များ ချောကလက်ကန်ထဲ ၀င်ချိုးရရင် ကပ်စီးစီးနဲ့ အတော်နေရခက်မယ် ထင်ပါရဲ့။ ပြီးတော့လည်း လူတွေဝင်ချိုးပြီးတဲ့ ချောကလက်ရည်ကို ချောကလက်တောင့်များ ပြန်ထုတ်ကြဦးမှာလား မသိ တော်ပြီ ချောကလက် စားတော့ဘူးး)
~~~~~~~~~~~~~~




ဂျပန်နိုင်ငံရဲ့ ရေပူစခန်းတွေမှာ ခုလိုဆန်းဆန်းပြားပြား ရေချိုးနည်းတွေကို နိုင်ငံခြားသာတွေကလည်း နှစ်သက်စွာ လာရောက်အားပေးကြပါတယ်။
ကော်ဖီရည်ဖြင့်ချိုးနည်း
လာပြန်ပြီနောက်တစ်မျိုး။
ဒီတစ်ခါတော့ ကော်ဖီနဲ့ ရေနွေးကို ရောစပ်လို့ ချိုးကြပြန်ပါပြီ။ ကော်ဖီနဲ့ ရေချိုးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုတို့ကို ပပျောက်စေနိုင်ပြီး စိတ်ကိုလည်း လန်းဆန်းစေနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်
ဒီတစ်ခါတော့ ကော်ဖီနဲ့ ရေနွေးကို ရောစပ်လို့ ချိုးကြပြန်ပါပြီ။ ကော်ဖီနဲ့ ရေချိုးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုတို့ကို ပပျောက်စေနိုင်ပြီး စိတ်ကိုလည်း လန်းဆန်းစေနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်
ကော်ဖီပန်းကန်ထဲက သူမ
ဂျပန်နိုင်ငံရဲ့ ရေပူစခန်းတွေမှာ ခုလိုဆန်းဆန်းပြားပြား ရေချိုးနည်းတွေကို နိုင်ငံခြားသာတွေကလည်း နှစ်သက်စွာ လာရောက်အားပေးကြပါတယ်။
~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~

အရက်ကြိုက်သူများ ဂျပန်ပြည်အလည်သွားလို့ ဆာကေးနဲ့ စိမ်ရင်း ဇိမ်ခံနိုင်ကြပါတယ်နော်း)
လက်ဖက်စိမ်းရေဖြင့်ချိုးနည်း
အစိမ်းရောင် လက်ဖက်ရည်ဖြင့် ရေချိုးနည်းကလည်း ဂျပန်မှာ ချိုးကြတဲ့ နည်းတစ်ခုဖြစ်ပါသလို ကိုးရီယားနိုင်ငံရဲ့ ရေပူစမ်းတွေမှာလည်း ရှိပါတယ်. လက်ဖက်စိမ်းရဲ့ ထူးခြားတဲ့ အာနိသင်ကြောင့် အရေပြားတွေကို နုပျိုလန်းဆန်းစေနိုင်ပြီး ဖြူစင်ဝင်းပတဲ့အသားအရေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့သူများအား အသားအရေ ပြန်လည်စိုပြေ လှပစေနိုင်ပါတယ်လို့ ပြောကြပါတယ်။ ဒဏ်ရာအနာတရများ ရှိနေပါကလည်း လျှင်မြန်စွာ သက်သာပျောက်ကင်းအောင် လက်ဖက်စိမ်းက စွမ်းဆောင်ပေးနိုင်ပါတယ်။ ကိုယ်ခန္ဓာရဲ့ ခုခံအားစနစ်ကိုလည်း ကောင်းမွန်စေပါတယ်တဲ့။
~~~~~~~~~~~~~~~~~~
ရွံ့နှစ်ရေဖြင့်ချိုးနည်း
အခြားသော ရေချိုးနည်းတစ်ခုက ရွံ့ဗွက်ရေဖြင့် ချိုးနည်းဖြစ်ပါတယ်။ ရေနွေးနွေးဖြင့် ရွံ့နှစ်များကို ရောနှောကာ ၄င်းစေးပျစ်နေတဲ့ ရွံ့နှစ်ရေထဲမှာ အချိန်ယူပြီး စိမ်ကြတာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ပင်လယ်သေကရတဲ့ ရွံ့မဲက ခုလို ရွံ့နှစ်ရေလုပ်ဖို့ အကောင်းဆုံးဖြစ်တယ်လို့ သိရပါတယ်။ ပင်လယ်သေထဲက ရေထဲမှာက သတ္တုဓာတ် အလွန်ကြွယ်ဝတာကြောင့် ဖြစ်ပါတယ်။ ပျော့ပျောင်းတဲ့ ရွံ့နှစ်တွေက ကိုယ်ခန္ဓာအကြောအချင်များကို ပြေလျော့စေပြီး ကြွက်သားများ နာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။ အသားအရေကို တောက်ပစိုပြေစေနိုင်ပြီး စိတ်ဖိစီးမှုကိုလည်း လျော့ပါး သက်သာစေတယ်လို့ ဆိုပါတယ်။
သူများတွေကတော့ ရွံ့တွေ ဗွက်တွေနဲ့မို့ စိတ်ညစ်ရတယ် ။ သူတို့တွေမှာတော့ ရွံ့တွေနဲ့ တကူးတက စိမ်ကြပြန်တယ်။
ရွာပြန် လယ်ထဲဆင်းပြီး သူတို့လို ဗွက်အိုင်ထဲ လူးပစ်ဦးမှ။ သူတို့ကို ဘယ်သူက ညစ်ပတ်တယ်လို့ ပြောဦးမလဲး)
အချို့ကျတော့ တစ်ကိုယ်လုံးကို ရွံ့တွေဖုံးပြီး ခုလို စိမ်ခံကြပါသေးတယ်.. မြေမြုပ်ခံထားရသလိုပါလားနော်း(
အချို့ကျတော့ တစ်ကိုယ်လုံးကို ရွံ့တွေဖုံးပြီး ခုလို စိမ်ခံကြပါသေးတယ်.. မြေမြုပ်ခံထားရသလိုပါလားနော်း(
~~~~~~~~~~~~~~~~~~
ဂျပန်အရက်(ဆာကေး)ဖြင့်ချိုးနည်း
ဂျပန်အရက်(ဆာကေး)ဖြင့်ချိုးနည်း
ဂျပန်ဆာကေးနဲ့ စိမ်ချိုးနိုင်တဲ့ နေရာကလည်း ဂျပန်နိုင်ငံ Hakone Kowakien Yunessun ရေပူစခန်းမှာ ဖြစ်ပါတယ်။ ဆာကေးမှာပါဝင်တဲ့ အမိုင်နိုအက်ဆစ် (Amino Acids) ဟာ အရေပြား သန့်စင်လှပဖို့ အလွန်အစွမ်းထက်တယ်လို့ ဆိုကြပြန်ပါတယ်။ ဆာကေးဖြင့် ချိုးခြင်းအားဖြင့် ခြောက်သွေ့နေတဲ့ အရေပြားကို စိုစွတ်ချောမွေ့ စေနိုင်ပြီး နူးညံ့ပျော့ပြောင်းတဲ့ အရသာသစ်ကို ခံစားရမှာ ဖြစ်ပါတယ်တဲ့။ ရေချိုးကန်ထဲမှာ ရေနွေးနွေးဖြင့် ဆာကေးအရက်ကို ရောထည့်ပြီးမှ စိမ်ချိုးရမှာ ဖြစ်ပါတယ်။ ကဲ လှချင်ကြသူများ ရေချိုးတဲ့အခါ အရက်လေးထည့်ပြီး ချိုးကြပါလို့း)
အရက်ကြိုက်သူများ ဂျပန်ပြည်အလည်သွားလို့ ဆာကေးနဲ့ စိမ်ရင်း ဇိမ်ခံနိုင်ကြပါတယ်နော်း)
~~~~~~~~~~~~~~~~~~
ခရမ်းချဉ်သီးဖြင့်ချိုးနည်း
စပိန်နိုင်ငံဗလင်စီယာမြို့အနီးက Bunyol မှာ နှစ်စဉ်နှစ်တိုင်း သြဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့ရောက်တိုင်း ၁၁နာရီမှ နေ့လည် ၁နာရီအထိ ကျင်းပလေ့ရှိတဲ့ ခရမ်းချဉ်သီး ပွဲတော်မှာ လူပေါင်းမြောက်မြားစွာဟာ ခရမ်းချဉ်သီးတွေကို သယ်ဆောင်လာကြပြီးတော့ တစ်ဦးနဲ့တစ်ဦး ပစ်ပေါက်ကစားရင်း ခုလို ခရမ်းချဉ်သီး ပင်လယ်ကြီးဖြစ်လာခဲ့ပါတယ်။ ဒီအခါ ခရမ်းချဉ်သီး ပင်လယ်ထဲကို လူတွေဟာ ပျော်ပျော်ပါးပါး လူးလိမ့်ဆောကစားကြပါတယ်။ ထူးထူးဆန်းဆန်း နှစ်သက်သဘောကျတဲ့ ခရီးသည်များဟာ ခရမ်းချဉ်သီးပွဲတော်ကျင်းပချိန်ရောက်တိုင်း စပိန်နိုင်ငံကို သွားရောက်ပြီး ခရမ်းချဉ်သီးပွဲတော်ကို ဆင်နွဲကြပါတယ်. ခုဆိုရင် ခရမ်းချဉ်သီးပွဲတော်ဟာ ကမ္ဘာလှည့်ခရီးသည်တွေကြား ရေပန်းစားနေတဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ ခရမ်းချဉ်သီးပွဲတော်ကို ဆင်နွဲမယ်ဆိုရင် အောက်ပါ စည်းကမ်းချက်တွေကို လိုက်နာရမှာ ဖြစ်ပါတယ်
၁. ပွဲကျင်းပရာ နေရာအတွင်းသို့ မည်သည့် ပုလင်း၊ ဘူးခွံများကိုမှ ယူဆောင်ခြင်း မပြုရ
၂. ၀တ်ဆင်ထားသော အင်္ကျီအဝတ်အစားများကို ဆုတ်ဖြဲခြင်း မပြုရ။
၃. ခရမ်းချဉ်သီးဖြင့် တစ်ဦးကို တစ်ဦး ပစ်ပေါက်မည်ဆိုပါက မပစ်ခင်မှာ ခရမ်းချဉ်သီးအား ညှစ်ခွဲပစ်ရမည်။ သို့မှသာ အပေါက်ခံရသူအား ထိခိုက်နာကျင်စေခြင်း မဖြစ်နိုင်ပေ
၎. ခရမ်းချဉ်သီးဖြင့် ပစ်ပေါက်ခြင်းအား ဒုတိယမကြိမ် အချက်ပေးသံကြားသည်နှင့် ရပ်ဆိုင်းရမည်။ စသည်တို့ဖြစ်ပါတယ်။
ခရမ်းချဉ်သီးပုံထဲမှာ ခုလိုပျော်ပျော်ပါးပါး ခုန်ဆင်းနေတာကြည့်ပါ
သူလေးလဲသိပ်ပျော်နေပုံရတယ်




ခရမ်းချဉ်သီးတွေကြား ပျော်နေတဲ့ ကလေးငယ်
ခရမ်းချဉ်သီးနဲ့ ပျော်လိုသူများ ခရမ်းချဉ်သီးပွဲတော်ကို ဆင်နွဲရင်း ခရမ်းချဉ်သီးရေကို ချိုးနိုင်ကြပါတယ်။
~~~~~~~~~~~~~~~~~~
ဆီဖြင့်ချိုးနည်း
ရေချိုးတဲ့အခါမှာ ချိုးရေထဲကို သံလွင်ဆီ၊ နေကြာဆီ ၊ အုန်းဆီ၊ နှမ်းဆီ၊ Jojoba ဆီ စတဲ့အဆီတစ်ခုခုကို ထည့်ပြီး ချိုးပေးမယ်ဆိုရင် အသားအရေအတွက် အလွန်ကောင်းမွန်ကောင်း သိရပါတယ်။ ဒါကြောင့် အချို့သော အမျိုးသမီးများဟာ ချိုးရေထဲကို ဆီတစ်မျိုးမျိုး ထည့်ချိုးတတ်ကြပါတယ်။ ထိုသို့ ချိုးပေးခြင်းအားဖြင့် အသားအရေကို စိုစွတ်နူးညံ့ ချောမွေ့ တောက်ပြောင်စေရုံသာ မက ရေဓာတ်ကို ဖြည့်တင်းပေးပြီး ဆဲလ်များကိုလည်း နုပျိုလာအောင် အားဖြည့်စေနိုင်စွမ်းရှိကြောင်း သိရပါတယ်။
~~~~~~~~~~~~~~
ရေနံဆီဖြင့်ချိုးနည်း
ကဲလေ.. ရေနံဆီနဲ့လည်း ချိုးကြပြန်တယ်တဲ့.. ဘယ်လိုစိတ်ကူးနဲ့များ ဒီလောက်နံစော်နဲ့တဲ့ ရေနံဆီမျိုးနဲ့ ချိုးကြတယ် မသိပါဘူး။။
~~~~~~~~~~~~~
နှင်းဆီပွင့်ဖတ်ဖြင့်ချိုးနည်း
မိမိချိုးမည့် ရေထဲကို နှင်းဆီပွင့်ဖတ်များ ထည့်ချိုးတတ်ကြပါတယ်။ ၄င်း နှင်းဆီပွင့်ဖတ်များဖြင့်ရေချိုးခြင်းကိုတော့ beauty spa များမှာ ပြုလုပ်နိုင်ပါတယ်။ နှင်းဆီပွင့်ဖတ်များဖြင့် ရောစပ်ထားတဲ့ ရေနဲ့ ခန္ဓာကိုယ်ကို စိမ်ပေးခြင်းအားဖြင့် သင့် အရေပြားကို တင်းရင်းစေပြီး နုပျို ချောမွေ့တောက်ပစေနိုင်ပါတယ်။
ဒီလိုနည်းတော့ မဆိုးဘူး။ အသားအရေ လှတာ မလှတာ အသာထားလို့ မိမိစိတ်ကိုတော့ ကြည်နူးချမ်းမြေ့စေမှာ သေချာတယ်
~~~~~~~~~~~~~~~~~~~~~~~~
ပန်းပေါင်းစုံဖြင့်ချိုးနည်း
ကဗျာလဲဆန်သလောက် လှလဲ လှတဲ့ ပန်းတွေ
ခုလိုချိုးမယ်ဆိုရင်လဲ ပျော်ဖို့ကောင်းမယ်
~~~~~~~~~~~~~
နွားနို့ဖြင့်ချိုးနည်း
နွားနို့ဖြင့်ချိုးနည်း
နွားနို့နဲ့ ချိုးတာကတော့ အထူးအဆန်းတစ်ခု မဟုတ်တော့ဘူးထင်ပါတယ်။ ရှေးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမျိုးသမီးတွေဟာ လှချင်တဲ့အတွက် နွားနို့နဲ့ ချိုးခဲ့ကြတယ်လို့ ကြားသိရပါတယ်။ ရာဇဝင်မှာ ထင်ရှားကြော်ကြားတဲ့ အလှဘုရင်မ ကလီယိုပါထရာဟာလည်း နွားနို့နဲ့ အမြဲရေချိုးတယ်လို့ ဖတ်ဖူးခဲ့ပါတယ်။
နွားနို့၊ ပန်းပွင့်တို့ဖြင့် ရေချိုးနေသူတစ်ဦး

နွားနို့ဖြင့်ရေချိုးပေးခြင်းအားဖြင့် ကိုယ်ခန္ဓာပေါ်မှ ဆဲလ်အသေများကို ဖယ်ရှားပေးနိုင်ပြီး အရေပြားကို ချောမွေ့တောက်ပစေကာ ကျန်းမာအောင် အားဖြည့်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ အရေပြားပေါ်က အညစ်အကြေးများကို ဖယ်ရှားသန့်စင်စေနိုင်ပါတယ်။ ဒါကြောင့် လှပလိုသူများ နွားနို့နဲ့ ရေချိုးနိုင်ကြပါတယ်နော်း)
~~~~~~~~~~~~~
ဆားရေဖြင့်ချိုးနည်း
သင်ချိုးမဲ့ရေထဲမှာ ဆားအနည်းငယ်ထည့်၍ ချိုးပေးခြင်းအားဖြင့် ချွေးပေါက်များကို ပွင့်စေပြီး အရေပြားကို သန့်ရှင်းစင်ကြယ်စေတယ်လို့ ဆိုပါတယ်။ ၄င်းအပြင် ကြွက်သားများ နာကျင်ခြင်းကိုလည်း သက်သာစေပြီး အဆိပ်အတောက်များကို ပြေလျော့စေနိုင်ပါတယ်။
~~~~~~~~~~~~~
သစ်သီးဝလံများဖြင့် ချိုးနည်း
အခြားသော ရေချိုးနည်းတစ်နည်းမှာ ရေထဲကို သံပုရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီ စသော အချဉ်သီးများကို ထည့်၍ ချိုးနည်းဖြစ်ပါတယ်။



သစ်သီးဝလံများဖြင့် ချိုးနည်း
အခြားသော ရေချိုးနည်းတစ်နည်းမှာ ရေထဲကို သံပုရာသီး၊ ရှောက်သီး၊ စတော်ဘယ်ရီ စသော အချဉ်သီးများကို ထည့်၍ ချိုးနည်းဖြစ်ပါတယ်။
~~~~~~~~~~~~~
ရေခဲဖြင့် ချိုးနည်း
ရေခဲဖြင့် ချိုးနည်း
ဒီလောက်အေးခဲနေတဲ့ ရေထဲမှာ ဘယ်လိုလူတွေကများ ကြာကြာချိုးနိုင်မှာပါလိမ့်နော်။
~~~~~~~~~~~~~~~~~~~~~~
ခေါက်ဆွဲဟင်းရည်ဖြင့်ချိုးနည်း
ဒီတစ်ခါ ဖော်ပြမဲ့ ရေချိုးနည်းတစ်မျိုးက ခေါက်ဆွဲဟင်းရည်နဲ့ ချိုးတဲ့နည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံက အလွန်ထင်ရှားတဲ့ Hakone Kowakien Yunessun ရေပူစခန်းမှာ ရရှိနိုင်တဲ့ ရေချိုးနည်းတစ်ခုလည်း ဖြစ်ပါတယ်။ ရေထဲမှာတော့ ဂျပန် ramen ခေါက်ဆွဲတစ်မျိုးရဲ့ ဟင်းရည်ချက်ပြုတ်ပုံနည်းအတိုင်း အမွှေးအကြိုင်များကို ထည့်သွင်းဖော်စပ်ထားတာဖြစ်တာကြောင့် ၄င်းအရည်ထဲမှာ ငရုပ်ကောင်း၊ ကြက်သွန်ဖြူ တို့ရဲ့ အဆီအနှစ်များပါဝင်ပြီး ဟင်းရည်ရဲ့ အရောင်မှာလည်း Ramen ခေါက်ဆွဲဟင်းရည်ရဲ့ အရောင်အတိုင်း အညိုဖျော့ဖျော့အရောင် ဖြစ်ပါတယ်။ ခေါက်ဆွဲဇလုံရဲ့ ပုံသဏ္ဍာန်အတိုင်း ပြုလုပ်ထားတဲ့ အိုးကြီးထဲမှာ ဟင်းရည်များကို ထည့်ထားတာ ဖြစ်ပါတယ်။ ငရုပ်ကောင်းနံ့ သင်းနေတဲ့ ရေထဲမှာ ချိုးရတာဟာ အလွန်ထူးခြားတဲ့ ခံစားမှုမျိုးကို ပေးနိုင်စွမ်းသကဲ့သို့ စိတ်ကိုလည်း လန်းဆန်းစေနိုင်စွမ်း ရှိပါတယ်တဲ့။
ရေချိုးသူတွေရဲ့ ခေါင်းပေါ်မှာတော့ ကြီးမားတဲ့ တူကြီး နှစ်ချောင်းနဲ့ ညှပ်ထားတဲ့ ခေါက်ဆွဲမျှင်သဏ္ဍာန် ပိုက်များကို ထားထားပါတယ်။
ရုတ်တရက်ကြည့်ရင် ခေါက်ဆွဲဖတ်တွေနဲ့တူပါတယ်
Ramen ခေါက်ဆွဲ ဟင်းရည်ဟာ အရေပြားကို လန်းဆန်းစေပြီး နာကျင်ကိုက်ခဲမှုကို လျော့ပါးသက်သာစေနိုင်လို့ ကလေးလူကြီးများတင်သာမက နိုင်ငံခြားသားများပါ လာရောက်ပြီး ဟင်းရည်ထဲကို စိမ်ချိုးကြပါတယ်တဲ့။ ကဲ မထူးဆန်းဘူးလားနော်း)
စာဖတ်သူတို့ကရော ဘယ်လိုရေချိုးနည်းကို နှစ်သက်ကြပါသလဲရှင်။
ရေချိုးနည်းအမျိုးမျိုးကို ဖတ်ပြီး ကျွန်မလည်း Beauty Spa တစ်ခုလောက် ဖွင့်ဖို့ စိတ်ကူးမိပါတယ်။ ကျွန်မဖွင့်မဲ့ Spa မှာတော့ ဘယ်သူနဲ့မှမတူတဲ့ ရေချိုးနည်းကို ဝန်ဆောင်မှု ပေးမှာဖြစ်ပါတယ်။ ကျွန်မရဲ့ မိတ်ဆွေ သူငယ်ချင်းများ ၊ စာဖတ်သူများအားလုံးကိုလည်း ကျွန်မရဲ့ Beauty Spa ကို လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဟုတ်ကဲ့ ကျွန်မဖွင့်မဲ့ Spa မှာ တမူထူးခြားတဲ့ ရေချိုးနည်းအသစ်နဲ့ အားလုံးကို ကြိုဆိုပါမယ်။ အဲဒီ ရေချိုးနည်းက ငရုပ်သီးဖျော်ရည်ဖြင့် ချိုးရမှာ ဖြစ်ပါတယ်။ ကျွန်မသုံးမဲ့ ငရုပ်သီးက မိုးမျှော်ငရုပ်သီး ဖြစ်ပါတယ်။ အဟဲ .. မကြောက်နဲ့နော်
ငရုပ်သီးဖျော်ရည်နဲ့သာ ချိုးလိုက်မယ်ဆိုရင် ဘယ်လိုဖြစ်မယ်ဆိုတာတော့ စာဖတ်သူများ မှန်းဆကြည့်ကြပါတော့ ရှင်.. :) :)
အားလုံးဘဲ ပျော်ရွှင်ကြပါစေနော်
51 Responses to “ထူးထူးဆန်းဆန်း ရေချိုးကြသူများ”
အမလေး..ဒီတစ်ခါ ဦးဦးဖျားဖျားရေ၀င်ချိုးသွားတယ်။ အဲ.. ကွန်မန့်ပေးသွားတယ်။ ချောဖွင့်မယ်ဆိုင်ဘေးမှာ မြသွေးနီလည်း အားကျမခံ တစ်ဆိုင်ဖွင့်ဦးမယ်။ “ ငပိရည်ဖြင့်ရေချိုးနိုင်သည် ” ..လို့ ။ ဘယ်လောက်မြန်မာဆန်လိုက်လေသလဲ..။ : )
(မန့်ချင်လွန်းလို့ သူများကို ၀င်မန့်ခိုင်းလိုက်တာပါ ။ ဒီကနေ မန့်လို့မရဘူး ချောရေ)
ဆားနဲ့တော့ ချိုးဖူးတယ်... တခြားဟာတွေ ဆန်းကြည့်ဦးမှ..အဟိ... ( ငရုတ်သီးနဲ့ ရေလာချိုးမယ် ဒါပေမယ့် ချော နဲ့ အတူတူချိုးမှာ နော်..)
မမြသွေးနီဆိုင်ဖွင့်ရင် ရှယ်ယာလာပါမယ်...ဟိ..။
ခင်တဲ့
မိုးငွေ့
ဘုန်းဘုန်းလည်း ငြုပ်သီးဖျော်ရည်နဲ့ပဲ ရေချိုးချင်တယ် ချော။ (ဒါပေမယ့် ကုလားအော် ငြုပ်သီးဖျော်ရည်နဲ့မှ ပိုချိုးချင်တယ်)(ချောပြောတဲ့ မိုးမျှော်ငြုပ်သီးဆိုတာ မသိလို့)ဟီး...(ဗဟုသုတစုံချက်)
ချောလည်း ကျန်းမာပျော်ရွှင်ပြီး ချောဖွင့်မည့်ဆိုင်မှာ မိုးမျှော်ငြုပ်သီးဖျော်ရည်နဲ့ လာချိုးမည့်သူတွေ မှိုလိုပေါက်ပါစေ...
အင်း....သောက်လည်းသောက်၊ချိုးလည်းချိုး သောက်ချိုး
ကြီးကိုဖြစ်လို့.....:)၊ငရုတ်သီး၊ငပိရည် ရေချိုးဆိုင်တွေပေါ်
လာမှ လာအားပေးရဦးမယ်....:D
ငယ်တုန်းကတော့ ဝင်းဦးလည်းနို့ရည်နဲ့ချိုးတယ်လို့ကြား
ဖူးတယ်ဗျ...ဟုတ်မဟုတ်တော့မသိ....။
ရေနွေးဆူဆူနဲ့ ရေချိုးနည်းလေး ရှိရင် ချိုးချင်တယ်ဗျ..:P
အင်းးး...
ဒီလို ရေချိုးနည်းတွေ များများ ကျင့်ထားမှ။ ဒါမှ ငရဲပြည်ရောက်တဲ့အခါ ခံနိုင်ရည်ရှိမှာ။ ဟာ ဟ။
ထူးဆန်းပါပေ့ ဆတွတ်ရေ..လို့ ပြောရမလိုတောင် ဖြစ်နေပြီ။း))
ခင်မင်လျက်
လဘက်စိမ်း၊ ၀ိုင်နီ၊ ပန်းပေါင်းစုံ ကောင်းမယ်နော်။
ချောကလက်ကတော့ ကပ်စီးကပ်စီးနဲ့နေမှာ။
သူငယ်ချင်းတွေ ပေးဖတ်ပြီး သဘောတွေကျနေကြတယ်။
ရေချိုးနည်းရွေးကုန်ကြပြီ။
မချော ဆိုင်မြန်မြန်ဖွင့်ဖို့ပဲ လိုတော့တယ်။ ငရုတ်သီးတောင်မှ မိုးမျှော်ငရုတ်သီးတဲ့ မချောရယ် နည်းနည်းတော့ရက်စက်လွန်းပါတယ်။ :) ပိုစ့်ဖတ်ပြီး ရယ်နေရလို့ မချောဆီ အရယ်တွေရောက်ပါစေ။
မချောကြိုက်တဲ့နည်းလည်း ပြောပြပါ။
ချစ်တဲ့
pp
အတော်ပဲ ချောရေ ... မမေလဲ beauty spa ဖွင့်ပြီး ရေချိုးနည်း အသစ်တွေ ၀န်ဆောင်မှု ပေးအုံးမှ။
ချောက ငရုတ်ရည် တမျိုးပဲဆိုတော့ ပျင်းစရာကြီး။ မမေကတော့ ၁၀ မျိုး စဉ်းစားထားတယ်။
၁) ဘီယာအစား လတ်လတ်ဆတ်ဆတ် ပင်ကျရေ (ထန်းရည်)နဲ့ ချိုးနည်း။
၂) ၀ိုင်အနီအစား ဒေသထွက် ချက်အရက်နဲ့ ချိုးနည်း။
၃) ချောကလက်ရည်အစား ထန်းလျက်ရည်နဲ့ ချိုးနည်း။
၎) ရွှံ့နှစ်ရေအစား မြောင်းပုပ်ရေနဲ့ ချိုးနည်း။
၅) ခရမ်းချဉ်သီးအစား ဒူးရင်းသီးနဲ့ ချိုးနည်း။
စည်းကမ်းချက် - ဒူးရင်းသီးဖြင့် တဦးကို တဦး ပစ်ပေါက်မည်ဆိုပါက မပစ်ခင်က ဒူးရင်းသီးအား အခွံမခွါရ။
၆) ရေနံဆီအစား ဓာတ်ဆီနဲ့ ချိုးနည်း။
သတိ-ရေချိုးရင်းဆေးလိပ်သောက်လျှင် မိမိတာဝန်သာ ဖြစ်သည်။
၇) နှင်းဆီပွင့်ဖတ်အစား ခွေးလှေးယားပွင့်ဖတ်ဖြင့် ချိုးနည်း။
၈) ရှောက်သီး သံပုရာသီး စတော်ဘယ်ရီသိးအစား အုန်းသီး ငှက်ပျောသီး ပိန္နဲသီး တို့နဲ့ ချိုးနည်း။ (အခွံမခွါကြေး)
၉) ရေခဲရေအစား ပွက်ပွက်ဆူ ရေနွေးနဲ့ ချိုးနည်း။
၁၀) ခေါက်ဆွဲဟင်းရည်အစား မုန့်ဟင်းခါး ဟင်းရည်နဲ့ ချိုးနည်း ...
ဘယ့်နှယ့်လဲ မကောင်းဘူးလား :D
ကော်ဖီနဲ့ချိုးနည်းနဲ့ ပန်းပွင့်နဲ့ချိုးနည်းတော့ သဘောအကျဆုံးပါပဲး)
အင်း...
မမ ချောရေ၊ အားလုံးလိုက်ဖတ်ကြည့် ပြီးသွား
တော့  ပြောချင်တာ တစ်ခုကတော့  လူတွေ
အားလုံးဟာ ရူးနေသလိုပါပဲ..လို့ ။
ချောရေ ခမန့်ပြန်လာဖတ်တယ်။ မရေးဘဲ မနေနိုင်လို့ ပြန်ရေးထားခဲ့ပြန်ပြီ။ သူကြီးမင်းနဲ့ မမေတို့ရေးပေးတဲ့ ခမန့်တွေ အရမ်းရယ်ရကြောင်း...
ရက်စက်လိုက်ကြတာ ဘီယာနဲ့မှ ချိုးရတယ်လို့...သောက်လို့ဘယ်ရတော့မလဲ...အော့အော့တွေ ဖြစ်ကုန်မှာပေါ့...ဝေါ့...အန်တာဟုတ်ဘူး...လေတက်သွားလို့...ဟား ဟား...
အမက ပေါက်ပေါက်ရှာရှာတွေရေးတာ တော်တယ်နော်။ အတည်အတန့်တွေဆို ဒီလောက်မကောင်းဘူး။ ပေါက်ပေါက်ရှာရှာတွေ များများရေးနိုင်ပါစေ။ :)))
ရွှံ့ရေထဲမှာတော့ ချိုးဖူးတယ်၊ ငယ်ငယ်တုန်းက မိုးရွာတဲ့ အချိန် မြောင်းထဲမှာလေ..၊း) ဘီယာနဲ့ဝိုင်ကိုတော့ ခန္ဓာကိုယ် အတွင်းကလီစာတွေကို ချိုးတဲ့အခါပဲ သုံးဖြစ်တယ်၊ မချောရဲ့ ထူးဆန်းထွေလာတွေ ဖတ်ပြီး သဘောကျရသလို မမေရဲ့ ကွန်မန့်ကိုလည်း ထိုင်ရယ် နေမိတယ်...။း)
ဘာနဲ့ ချိုးရပါ့မလဲ။
မချောရေ
Hakone သွားတုန်းက ဝိုင်နီနဲ.ချိုးတာတို. ဆာကေးနဲ.ချိုးတာတို.တွေလုပ်ခဲ.ဘူး။ရှက်လို. ဟီး။
မချောစိတ်ကူးတဲ.အကြံလဲကောင်းပါတယ်။ မွန်မွန်က ပီးခဲ.တဲ.ဆောင်းတွင်းတုန်းက ငရုတ်သီးပါတဲ. ofuro(ရေနွေးစိမ်ခြင်း)ထဲဝင်ရင် သုံးတဲ.အမှုန်.ကို ရေနွေးစိမ်တုန်းကသုံးဖူးတယ်။ဆောင်းတွင်းအေးစိမ်.လှတဲ.ရာသီဥတုမှာ ငရုတ်သီးပါတဲ.ရေနွေးကိုစိမ်ခြင်းဖြင်. ခန္ဒာကိုယ်ကို ပူနွေးစေပီး အချမ်းဒဏ်ကိုရေနွေးစိမ်ပီးတဲ.နောက်ပိုပီးခံနိုင်ရည်ရှိစေတယ်။ ရေချိုးနည်းမျိုးစုံကို မှတ်သားသွားပါကြောင်း။
နှင်းဆီပွင့်နဲ့ဘဲချိုးပါရစေ။
ဆီ၊ နှင်းဆီပွင့်ဖတ်၊ သစ်သီးဝလံ နဲ့ ရေချိုးနည်းတွေကိုပဲ အထူးစိတ်ဝင်စားသွားမိတယ်..။
အင်းးးးးးး မဖြစ်မနေ စိတ်ဝင်စားမိအောင်တွန်းအားတစ်မျိုးရသွာလို့ ကျေးဇူးနော်..း)
ကျုပ်တို့တော့..ကန်ထဲ..ချောင်းထဲ..မြစ်ထဲပဲချိုးသဗျို့...
မမြသွေးနဲ့ မမေရဲ့ Beauty Spa တော့ လူကြိုက်များဦးတော့မှာ သေချာတယ်
စီးပွားဖြစ်ရင် မမေ့နဲ့နော် ဒါဘဲး)
အာလုံးကို ကျေးဇူးပါ ရေလည်း များများချိုးကြပါနော်း)
အံ့သြကုန်နိုင်ဖွယ် ကဲမယုံချင်နေး))
မေတ္တာဖြင့်
အန်တီတင့်
ဓညင်းသီးရေစိမ်ကန် ဖွင့်ရင်ကောင်းမလား။
မျှစ်ချဉ်ရေစိမ်ကန် ဖွင့်ရင်ကောင်းမလာ။။
ဒါမှမဟုတ် ရွံ့ ထဲကို အဲဒီ၂မျိုးထဲ့ရင်ကောင်းမလာ။
အိုင်အိုရာ
ကြံကြံဖန်ဖန်အေ ငရုပ်သီးနဲ့ရည်နဲ့တဲ့
ချွေးမလေး တော်တော်ချစ်စရာကောင်းပါလားနော်
နာမည်ကိုက ရေချိုးတာတဲ့.. ရေနဲ့ချိုးတာ အကောင်းဆုံးပါပဲကွယ်...
ခင်မင်လျက်
နေ၀သန်
အဲ..နွားနို့လေး၊ ဘီယာလေး၊ ဝိုင်လေး တွေထဲ ဘယ်ဟာလေး ရွေးရမလည်း စဉ်းစားရင်း ..နောက်ဆုံး တခု ရောက်သွားတော့....
ဟင့်... တော်ပြီ.
ရေမချိုးပဲနေပါတော့မယ် ချောရယ်...
ရေနံဆီနဲ့တဲ့..မတော် မီးခြစ်လိုက်မှဖြင့် တစ်ခါတည်း ကိစ္စအပြီးပဲနေမှာ :D
ဆေးမြစ်ကန်ထဲတော့စိမ်ဖူးတယ်။ကိုယ်လက်ကိုက်ခဲတာကောင်းတယ်။
ဆေးမြစ်ကန်ထဲတော့စိမ်ဖူးတယ်။ကိုယ်လက်ကိုက်ခဲတာကောင်းတယ်။
ဆန်းပါပေ့ အစ်မချောရေ..
ချောရေ အသုံးဝင်ချက်တွေကတော့ ကမ်းကို ကုန်ပါရောလား။
မြန်မာပြည်မှာတုန်းက ကရင်လူမျိုးအသိတွေ မီးဖွားပြီးတော့ သစ်ဥသစ်ဖုတွေနဲ့ မီးတွင်းက ၇-ရက်နေလို့ထွက်ရော ခေါင်းကနေ လောင်းချိုးပေးလိုက်ကြတာတော့ တွေ့ခဲ့ဖူးတယ်။
ထိုင်းမှာလည်း အဲလိုတွေ လုပ်ကြတဲ့ ဓလေ့ကို တွေ့ရပါတယ်။ သူ့အရပ်နဲ့ သူ့ဓလေ့ပေါ့လေ။
I wanna take a long Coffee, Beer, Wine bath, Chaw. Chili? Umm, please let me think about it, ok?
By the way, thank you Chaw for always sharing those facts.
Mon Petit Avatar
ရေချိုးနည်းအားလုံးနဲ့ ဝင်ချိုးသွားတယ်မချော။
မမမြသွေးဖွင့်မယ့် ရေချိုးကန်မှာလည်း သွားချိုးရအုံးမယ်.။
ချစ်တဲ့
သဒ္ဓါ
စိမ်တာဖြစ်မှာပါ၊ ပြီးမှာ ရေပြန်ချိုးကြမှာပါ၊ ဆလန်ဒေါ့မီလျှာံနာထဲကလို မင်းသားကိုတွေ့ချင်လို့ ထွက်လာတဲ့ကလေး စိမ်နည်းကျန်နေတယ်။
းD
စားစရာတွေနဲ့ ချိုးလို့ ပုရွက်ဆိတ် ကိုက်ရင် ဒုက္ခ။ :D
လက်ဘက်စိမ်းရည်နဲ့ချိုးဖူးတယ်။ ဂျပန်မှာ
စကားပန်းတွေနဲ့ချိုးဖူးတယ။် ဘာလီမှာ
နှင်းဆီတွေနဲ့ချိုးဖူးတယ်။ ယိုးဒယားမှာ.
ချောင်းရေနဲ့ချိုးဖူးတယ် ကျိုက်ထီးရိုးမှာ
ကန်ရေနဲ့ချိုးဖူးတယ် အဖွားတို့ရွာမှာ
မြေကြီးထဲမြှပ်တာက kagoshima မှာနာမည်ကြီး
အိမ်မှာတော့ ရှိသမျှအသီး အခွံနွာထားတာပါမကျန် ပွင့်သမျှ ပန်းတွေ ထည့်ပြီးချိုးတာပဲ ..
ဒါကြောင့်ထင်တယ် ကြည်ကြည့် အသားရည်က
ပြောင်ပြီး တင်းနေတာပဲ ..
ကင်ညာမှာဆို မယ်ဖြစ်နိုင်တယ်တဲ့
ကြည်ကြည်
မမရယ်...အဲဒီအထဲမှာဒညင်းသီးနဲ့ဝက်သားစိမ်ချိုး၇တာရောမပါဘူးလားဟင်..
ပါရင်အရင်ဆုံးလက်တို့ပါနော်
အိမ်ကလူကြီးကိုသားဆိုးက..ဒညင်းသီးစားရင်အပြတ်ပဲဆိုလို့..
အကြောင်းပြရအောင်ပါ
..............း)
သြော်..တခုမေ့ခဲ့လို့..မမရဲ့စပါးကိုတော့မလာသေးဘူးမမရယ်..နော်..နောက်များအားမှပဲပေါ့..အလှသိပ်မကြိုက်လို့နော်......း)
ခင်မင်လျှက်
မဒမ်ကိုးးး
စာတွေဖတ်သွားပါတယ်.ပထမဆုံးအကြိမ် မန့်သွားပါတယ် စိတ်ဝင်စားစရာ ရေချိုးနည်းတွေပါလားနော်. ငပိရည်ထဲကို ဆူးပုတ်ရွက်နဲ့ ဓညင်းသီးပြုတ်ထားတဲ့ ရေနဲ့ ချိုးရင်ရော.ဟီးး ပြောကြည့်တာပါ.
ချိုးလည်း ချိုး၊ သောက်လည်း သောက်နေကြတာတော့ ကြည့်တာနဲ့တင်၊ အံချင်တယ်၊ ရူးရူး မပေါက်ချပါ ဘူးလို့ ဘယ်သူအာမခံနိုင်မလဲ၊
အို..စုံချက်ကတော့ ကမ်းကုန်ရောပဲ.
အမျိုးကိုစုံနေတာပဲ..
မချောပြောတဲ့ ရေချိုးကန်လဲ မဆိုးဘူး..
ဖွင့်တဲ့ ခါကျအကြောင်းကြားနော်..ဘေးနားမှာ
ရေခဲ နဲ့ ချိုးတဲ့ ရေချိုးကန် လာဖွင့်မလို့
:) :) :)
ပြောလို့ တော့ မရဘူးနော့.. ငရုပ်သီးဖျော်ရည်နဲ့ လည်း ချိးချင် ချိုးနေကြမှာ... ဒါပေမယ့် ဖြစ်နိုင်ခြေရှိတာကတော့
အနံ့ ပဲရှိပြီး မစပ်တဲ့ ငရုပ်သီးမျိုးဆိုရင်..
မိုးမျှော်ငရုပ်သီးဆိုရင်တော့ ချိုးဖို့ နေနေသာ.. အဝေးကြီးကတောင် နှာချေပြီး မျက်ရည်တွေသီကုန်မှာ သေချာပေါက်ပဲ အစ်မရေ...
ပိုစ့်တွေရဲ့ အောက်က ထပ်ဖြည့်ထားတဲ့ အစ်မရဲ့  ငရုပ်သီးချိုးကန်ကို ဖတ်ပြီး ထပ်ဆင့်တွေးမိတာလေးတစ်ခုရှိတယ်ဗျ..
ဒါကတော့
ကျနော်တို့ လည်း မခြားနားတဲ့ ငရုပ်သီးစားသူတွေ ငရုပ်သီးကြားထဲ ပျော်နေသူတွေ..
တစ်နည်းအားဖြင့် ငရုပ်သီးရည်နဲ့  ချိုးနေသူတွေ ဖြစ်မှန်းမသိ ဖြစ်နေကြတယ်ထင်ပါတယ်....
့ လောဘ ဒေါသ မောဟ မာန်မာနတွေနဲ့ ပူလောင်မှန်းမသိ ပူလောင်နေကြရတာလေ..
ငရုပ်သီးထဲက ပိုးက . ငရုပ်သီးပူတာကို မသိဘူးတဲ့...
ချောရဲ့ ရေချိုးနည်းလေးတွေကို ဖတ်ပီး ချော့ကလက်ကြိုက်တဲ့ ကျမ စွန့်လွတ်ရမလို ဖြစ်သွားပီ.. :D
တကယ့်ကို အံ့ဖွယ်ပါတကား......
အစ်မမြသွေးနီမန့်သွားတာ
ဖတ်ပြီး ထရီမိတယ်။ :D
ညီမလေး
အင်ကြင်း
ကျွန်တော်ကတော့ ကွမ်းတံတွေးနှင့်ရေချိုးမယ်။ ကွမ်းတံတွေးက ဒို့နိုင်ငံမှာ လိုသလောက်ရနိုင်လို့။
ကျွန်တော်လဲ စိတ်ကူးရသွားပြီ အိမ်မှာ နွားနို့ကျိုပြီး ချောကလက်နဲ့ ရောချိုးမယ် ဟိ ဟိ
ဆင်ချေးတုံးဆပ်ပြာနှင့်ရေချိုးနည်းများတွေမလါးလို့ရှာကြည့်တာမတွေ့ခဲဘူး၊ but anyway thank a lot for your information. ကျေးဇူးတင်ပါတယ်။ ယ္ခုလိုဘဟုသုတအတွက်နော်၊
ပျော်ပျော်ရွှင်ရွှင်ရေချိုးနိုင်ပါစေ
ထုံးရေနဲ့ချိုးရင်ကောဘယ်လိုဖြစ်မလဲ
တို့လဲ လာချိုးမယ်နော်ချောလေးနဲ့အတူတူပေါ့
အဲဒီအခါကျရင် အပူဆုံးရေနွေးနဲ့ဖျော်စပ်ပီး ချိုးကြမယ်နော် ဒါမှ အရသာ ပိုရှိမှာလေ
ဆန်းကြယ်လိုက်တာ
ကြက်ဥဘဲဥရေတွေနဲ့ချိုးရင်ဘယ်လောက်ကောင်းလဲဒီမှကျတော့မပါဘူနော်
Post a Comment