ဗန်းမော်မြို့သို့ ဘုရားဖူး

မနေ့က သောကြာနေ့ဟာ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့ ဝါဆိုလပြည့်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့ဟာ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံးတမ်းစဉ်လာအရ ဘုရားသွားကျောင်းတက် ဝါဆိုသင်္ကန်းကပ် ဥပုသ်သီလ ဆောက်တည်တဲ့ နေ့လည်းဖြစ်ပါတယ်။ ဘုရားကျောင်းကန်နဲ့ ဝေးနေသူတွေ၊ အလုပ် မအားလပ်တဲ့ သူတွေအတွက်တော့ တစ်မျိုးပေါ့နော်။ ကံအားလျော်စွာ ကျွန်မနေတဲ့ မြို့ကလေးမှာ ဘုန်းကြီးကျောင်း ရှိနေတာမို့ မနက်စောစောကဘဲ ဝါဆိုသင်္ကန်းကပ်ရင်း ဥပုသ်ယူဖြစ်ပါတယ်။ ဝါဝင်ပြီဖြစ်တဲ့ ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှာ ဘာသာရေးနဲ့ ဆက်နွယ်တဲ့ စာလေးဘဲ တင်ချင်တဲ့စိတ် ဖြစ်မိပါတယ်။ ဒါကြောင့်လည်း မပြီးသေးတဲ့ ဗန်းမော်မြို့အကြောင်းထဲက ဗန်းမော်မြို့ကို ရောက်ခဲ့စဉ်က ဖူးဖြစ်ခဲ့တဲ့ ဘုရားစေတီတွေအကြောင်း ရေးဖို့ စဉ်းစားမိပါတော့တယ်။

ဗန်းမော်မြို့မှာ ကျွန်မအနှစ်သက်ဆုံး နေရတစ်ခုကို ပြပါဆိုရင် သိမ်မဟာ ရွှေစေတီတော်ကြီး တည်ရှိရာ  စေတီဝင်းကို ပြရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျယ်ဝန်းလှတဲ့ စေတီဝင်းကြီးမှာ  ကြာပန်းကြာရွက်တွေ စိမ်းစိုတင့်တယ်ဝေဆာတဲ့ ရေကန်ကြီးရှိပြီးတော့ သိမ်မဟာစေတီရဲ့ အနီးက ရေကန်ဘေးမှာလည်း စကားပန်း အဖြူ အနီအပင်တွေဟာ အဖြူအနီအပွင့်များဖြင့် လှပစွာ ဖူးပွင့်နေပါတယ်။ စေတီပုရဝုဏ် တစ်ခုလုံးဟာ ကျယ်ဝန်းဆိတ်ငြိမ်ပြီး အေးချမ်းလှပါတယ်။ ဒေသခံတို့ကတော့ သိမ်တော်ကြီးစေတီလို့လည်း ခေါ်ဆိုကြပါတယ်။
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ကြည်ညိုဖွယ်ကောင်းလှတဲ့ သိမ်မဟာရွှေစေတီနဲ့ သာယာအေးချမ်းတဲ့ ဘုရားပရဝုဏ်

Image Hosted by PicturePush - Photo Sharing

ကြာရွက်တွေနဲ့ စိမ်းစိုနေတဲ့ ရေကန်ကြီးကို ဒီတံတာလေးကနေ ဖြတ်ပြီး စေတီတော်ဆီ သွားပါတယ်


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

မြတ်စွာဘုရားရဲ့ ဓာတ်တော်တစ်ဆူ ဌာပနာထားသော ကြည်ညိုဖွယ်ကောင်းလှတဲ့ သိမ်မဟာစေတီတော်ကြီး

စေတီကြီးဟာ လွန်ခဲ့တဲ့ ရှေးနှစ်ပေါင်းများစွာကတည်းက တည်ထားကိုးကွယ်ခဲ့ပြီး ဗန်းမော်မြို့ကို အုပ်စိုးလာခဲ့သော စော်ဘွားများအဆက်ဆက်နဲ့ မြို့ပြအုပ်ချုပ်သူများ၊ တာဝန်ရှိသူများနဲ့ မြို့ခံများက အကြိမ်ကြိမ် ပြန်လည် ပြုပြင်တည်ထား ကိုးကွယ်ခဲ့ပါတယ်။ နှစ်ပေါင်း နှစ်ထောင်နီးပါးခန့်က တည်ထားကိုးကွယ်ခဲ့ကြောင်း သိရပါတယ်။

Image Hosted by PicturePush - Photo Sharing
သမိုင်းဝင်ရွှေကျီးနားစေတီနဲ့ အိုက်ခေါတော်စေတီ
သိမ်မဟာစေတီတော်ကြီးဟာ ဗန်းမော်မြို့ရဲ့ သမိုင်းဝင် နာမည်ကျော် ရွှေကျီးနား စေတီနဲ့ အတူတူ တစ်ပြိုင်တည်း တည်ထားခဲ့တဲ့ စေတီတော်ဖြစ်ပါတယ်။  ဗန်းမော်မြို့ စတင်တည်ထောင်ပုံနဲ့ စေတီရဲ့ သမိုင်းကြောင်းကို ( ဒီနေရာမှာ) ရေးခဲ့ဖူးပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing
စေတီအနီးက အပွင့်တွေ ဝေနေတဲ့ စကားပန်းအနီနဲ့ အဖြူပင် (အောက်မှာတော့ ပန်းပွင့်လေးတွေ ကြွေနေတာ အများကြီးဘဲ ) 

Image Hosted by PicturePush - Photo Sharing

ဒီဘက်မှာတော့ စီတန်းနေတဲ့ စကားပန်းအနီများ
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
အနီနဲ့အဖြူရဲ့ တွဲဖက်မှု

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ကန်တော်မင်္ဂလာအတွင်းက ကြာရွက်များ (ကျွန်မရောက်သွားတဲ့အချိန်ဟာ ဧပြီလာဖြစ်တဲ့အတွက် ကြာပန်းတွေ ပွင့်ချိန်မဟုတ်သေးတာကြောင့် အပွင့်နည်းနည်းသာ တွေ့ခဲ့ရပါတယ်။ ပြီးတော့ ကန်ထဲမှာလည်း ရေနည်းနေပါတယ်။ ခုချိန်မှာဆိုရင် ရေတွေပြည့်နေပြီး ကြာပန်းတွေ ဖွေးနေမှာ မြင်ယောင်မိပါသေးတယ် )

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ရေကန်ရဲ့ တစ်ဖက်ထိပ်က မြတ်စွာဘုရားနဲ့ သံဃာတော်များ ဆွမ်းခံကြွသည့် ရုပ်ပွားတော်များ

ဗန်းမော်မြို့မှာ ထင်ရှားတဲ့ စေတီတော်တစ်ဆူက မြို့လည်ကောင်မှာ ဆူးလေစေတီတော်ကဲ့သို့ အဝိုင်းအတိုင်း တည်ထားတဲ့ ချမ်းသာရ ကံထူးမြတ်စေတီကြီးဖြစ်ပါတယ်။
လှိုဏ်ပါတဲ့ စေတီဖြစ်တာကြောင့် အတွင်းမှာလည်း ဗုဒ္ဓရုပ်ပွားတော်များ ရှိနေပါတယ်။ စေတီရဲ့ ပုံသဏ္ဍာန်က အရောင်အသွေးတောက်ပပြီး ကြည်ညိုဖွယ်ကောင်းပါတယ်။ ဗန်းမော်မြို့ကို ကျွန်မရောက်သွားချိန်ဟာ ညနေစောင်းဖြစ်တာမို့ စေတီတော်ကို ညအချိန်မှ ရောက်ဖြစ်ပါတယ်. မီးရောင်တွေ ထိန်ထိန်လင်းနေပြီး တစ်မူထူးခြားတဲ့ ပုံသဏ္ဍာန်နဲ့ စေတီတော်ကို ဖူးမျှော်ရတာ မဝတာမို့ မနက်ခင်းမှာ ထပ်လာဖို့ စိတ်ကူးမိပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ညအချိန် ဖူးတွေ့ရတဲ့ ချမ်းသာရ ကံထူးမြတ်စေတီတော်
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

စေတီအတွင်းမှာ တည်ထားကိုးကွယ်တဲ့ ချမ်းသာရ ဗုဒ္ဓရုပ်ပွားတော်ပါ။ စေတီရဲ့ ဒါယိကာက ဘုရင်မင်းတုန်းမင်းနဲ့ နှမတော် လို့ သိရပါတယ်

Image Hosted by PicturePush - Photo Sharing
ယခုကဲ့သို့ တွေ့မြင်ရတဲ့ စေတီတော်ရဲ့ အလှူရှင်မှတ်တမ်းပါ။

Image Hosted by PicturePush - Photo Sharing
မနက်ခင်းမှာတော့ မိုးသည်းသည်းမဲမဲ ရွာပါတယ် မိုးတိတ်ချိန်မှာ မြင်ရတဲ့ ချမ်းသာရ ကံထူးမြတ်စေတီတော်ြ

Image Hosted by PicturePush - Photo Sharing
ကောင်းကင်မှာ မိုးရိပ်တွေကြောင့် မှောင်မှိုင်းနေဆဲပါ

Image Hosted by PicturePush - Photo Sharing
ဒီချိန်မှာတော့ မိုးသားတွေ ကင်းစင်သွားပြီမို့ လင်းချင်းနေတဲ့ အလင်းရောင်အောက်က ကြည်ညိုဖွယ်စေတီကို ဖူးတွေ့ရပါတယ်

 ဗန်းမော်မြို့ကနေ ၆မိုင်ခန့်ဝေးတဲ့ မန်ရွတ်ရွာကလေးက ကျွန်းနက်သစ်သားနဲ့ ထုလုပ်ထားတဲ့ ဘုရားကို သွားဖူးတဲ့အခါ ဘုရားကျောင်းဆောင်တစ်ခုထဲမှာ ရာစုနှစ်အလိုက် ထုလုပ်ခဲ့တဲ့ ဗုဒ္ဓဘာသာ နိုင်ငံအသီးသီးက ဘုရားဆင်းတုတော်များရဲ့ ရုပ်ထုများကို ဖူးတွေ့ခဲ့ရပါတယ်။  မြန်မာဘုရင်မင်းများ လက်ထက်ကတည်းမှာ ရှားရှားပါးပါးတွေ့ရှိရတဲ့ ကျွန်းသစ်အနက်ရဲ့ အသားနဲ့ ထုလုပ်ထားတဲ့ ဘုရားအကြောင်းကိုတော့ စိတ်ဝင်စားဖွယ် သမိုင်းကြောင်း ရှိတာမို့ နောက်များမှ သီးသန့် ဖော်ပြချင်ပါတယ်။ အခုတော့ ရှေးဟောင်းခေတ်အသီးသီးက ရုပ်ပွားတော်များကို ဘယ်ခေတ်မှာ ဘယ်လိုပုံသဏ္ဍာန်မျိုး ထုလုပ်ကိုးကွယ်ကြတယ်ဆိုတာ စိတ်ဝင်စားသူများအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။


Image Hosted by PicturePush - Photo Sharing

အေဒီ ၁ရာစုမှာ အိန္ဒိယနိုင်ငံ မထုရာဒေသမှာ ထုလုပ်ကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်လက်ရာဖြစ်ပါတယ်။ တွေ့ရှိရသမျှ ရုပ်ပွားတော်များထဲမှာ ရှေးအကျဆုံး လက်ရာတစ်ခု ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

အေဒီ ၂ရာစုက  အိန္ဒိယနိုင်ငံ အမရဝတီခေတ်မှာ ထုလုပ်ကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်သဏ္ဍန် ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
အေဒီ၉ရာ  ဘင်္ဂလားဒေရှ့် ပါလခေတ် လက်ရာ မကိုဋ်ဆောင်း ဆင်းတုတော်

အထက်ပါ ဘုရားစေတီများဟာ ဗန်းမော်မြို့နဲ့ အနီးတစ်ဝိုက်ကမှာ ဖူးမြင်ရတဲ့ စေတီပုထိုးများ ဖြစ်ပါတယ်။ ဗန်းမော်မြို့ကို လည်ပတ်ချိန်ဟာ တစ်ရက်တည်းရှိတာကြောင့် ကျန်ရှိသေးတဲ့ ဘုရားတွေကို နှံ့အောင်မရောက်ဖြစ်ခဲ့တာကြောင့် ထင်ရှားတဲ့ စေတီဘုရားများ ဖော်ပြဖို့ ကျန်ရှိနေခဲ့တာက ကျွန်မရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

တောင်တန်းတွေ ပတ်လည်ဝိုင်းပြီး သစ်တောတွေ ပေါလှကာ နာမည်ကြီး ကမ္ဘာကျော် ကျွန်းသစ်နဲ့ အခြားသစ်မာ အမျိုးမျိုးတို့ထွက်ရှိတဲ့ ဗန်းမော်မြို့ဟာ တရုတ်နိုင်ငံနဲ့ အလွန်နီးကပ်တဲ့ အနေအထား ရှိတာကြောင့် တရုတ်ပစ္စည်းများ ပေါများလှသလို ကုန်သွယ်ရောင်းဝယ်သူ များပြားပြီး လူမျိုးလည်း စုံလင်ပါတယ်။ သို့သော်လည်း မြို့သူမြို့သားတို့ရဲ့ ဘာသာတရား ရိုသေကိုင်းရှိုင်းမှုမှာ လေးစားလောက်ဖွယ် ဖြစ်ပါတယ်။ ရှေးနှစ်ပေါင်း များစွာကတည်းက ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်တဲ့ မင်းများ တည်ထောင်ခဲ့တဲ့ မြို့ဖြစ်ပြီး အုပ်ချုပ်သူ စော်ဘွားအဆက်ဆက်မှာလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်သက်ဝင်သူများ ဖြစ်ကြပါတယ်။ ဘုရားကျောင်းကန် စေတီပုထိုးများ ပေါများပြီး လမ်းပန်းဆက်သွယ်ရေး  ကောင်းမွန်ကာ (ရေလမ်း၊ ကုန်းလမ်း၊ လေယာဉ်လမ်းများ ရှိတာကြောင့်)  နယ်စပ် ကုန်စည်များ စီးဝင်ရာ စည်ပင်လှတဲ့ သမိုင်းဝင် ဗန်းမော်မြို့ကလေးဟာဖြင့် ဘုရားဖူးဖို့ရော ဈေးဝယ်ဖို့နဲ့ အလည်အပတ် သွားရောက်ဖို့ပါ ကောင်းမွန်တဲ့ မြို့ဖြစ်ပါတယ်။ ကချင်ပြည်နယ် ဧရာဝတီမြစ်ကမ်းဘေးက ဗန်းမော်မြို့ကို ရောက်ခဲ့ရင်ဖြင့် သာယာလှပတဲ့ မြို့ရှုခင်းများနဲ့ အေးချမ်းစိမ်းလန်းတဲ့ တောတောင်ရေမြေ သဘာဝ ပတ်ဝန်းကျင်တို့က သင့်စိတ်ကို ရွှင်လန်းစေမှာ မလွဲဧကန်ဖြစ်ပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing

21 Responses to “ဗန်းမော်မြို့သို့ ဘုရားဖူး”

ယောက္ခမ said...

ကြည်ညိုစရာ ကောင်းလိုက်တာနော်
ကျေးဇူးပါ ချွေးမလေးရေး)

johnmoeeain said...

yeah... တစ်သက်လုံး ဗန်းမော်မှာ နေခဲ့ပေမယ့် မံရွတ်ဘုရားကို ရောက်ခဲ့တာ ရေတွက်လိုက်ရင် လက် နှစ်ဖက် မပြည့်ဖူး.. တစ်နှစ်တစ်ခေါက် မရောက်ဖြစ်ခဲ့ဖူး ဆိုရမယ်ထင်တယ်...။ ဖတ်ဖို့စောင့်နေတယ်နော် .....Morning..
နိုးနိုးချင်း မန့်ရလို့ နှုတ်ဆက်တာပါ :D

မချောရဲ့ ခုလိုပုံတွေ ကြည့်တိုင်း ခရီး မတရား ထွက်ချင်တာပဲ .. :-|

ခရစ္စတလ် said...

မြန်မာပြည်ပြန်ရင် တွားအုံးမယ်၊ ချောတို့အိမ်လိပ်စာလည်း ယူထားမယ် အဟိ :)

မဖူးသေးဘူးတဲ့ ဘုရားတွေ ဖူးရတဲ့အတွက် မချော ကုသိုလ်တွေရနေပါပြီ။ ဝါဆိုလပြည့်နေ့မှာ ဥပုသ်ယူတဲ့မချောကို သာဓုခေါ်ပါတယ်။
ချစ်တဲ့
သဒ္ဓါ

တောက်ပကြယ်စင် said...

ချောကတော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်တယ်နော်။ ကိုယ်ကိုယ်တိုင်လည်း ဖူးလိုက်ရသလို မိတ်ဆွေများကိုလည်း ဖူးခွင့်ရစေတယ်။ မနက်အစောကြီး ဖူးမျှော်လိုက်ရတာ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ရွှန်းရွှန်းဝေလို့ နေပါတယ် ချော။ ကျန်းမာရွှင်လန်းပြီး ၀ါတွင်းကာလလေးမှာ ငြိမ်းချမ်းစွာ အားထုတ်နိုင်ပါစေဗျာ...(အော် စကားပန်းဆိုတာ အဲဒီလို ပန်းမျိုးပေါ့နော်)

ညယံ said...

တခေါက်လောက်တော့ ဗန်းမော်မြို့ ကို သွားဖြစ်မယ်ထင်တယ်။ ချောရေးထားတဲ့ နေရာလေးတွေ မှတ်ထားလိုက်ပြီ :)

သြော်..၀ါဆိုလပြည့်နေဆိုတာတောင်မေ့နေခဲ့တဲ့ဘ၀...
သူများတွေပြောမှပဲသိရတယ်..
အပူတွေများနေလိုက်တာ
ဘယ်လိုပဲဖြစ်ြိ့ဖစ်..
မမရေ..ဘုရားဖူးခွင့်ရခဲ့တာကျေးဇူုးပါနော်

ခင်မင်လေးစားစွာဖြင့်
မဒမ်ကိုး

mstint said...

စေတီတော်များနဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့ကို ပူဇော်ခွင့်ရတဲ့အတွက် သာဓု သာဓု သာဓုပါ ချောရေ။
ကချင်ပြည်နယ် ဧရာဝတီမြစ်ကမ်းနဘေးက ဗန်းမော်မြို့ကို ဘုရားဖူးရင်း ရှုခင်းလေးတွေ ကြည့်ဖို့ရာ တစ်ခေါက်လောက်တော့ အရောက်သွားနိုင်အောင် ကြိုးစားလိုက်အုံးမယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သက်ထား said...

ဗန်းမော်ကို အလည်သွားချင်စိတ်တွေပေါက်လာပြီ မချောရေ

ဒေါ်ချောသွားသမျှ
နောက်တော်ကလိုက်မဗျာ...

လမ်းစရိတ်မကုန်ပါ
ချိန်ကုန်ပါသက်သာသေး...

ကျေးဇူးတင်
ခရီးစဉ်ဆင်ပြေဖို့
ဆုမွန်ခြွေ ပန္နာသတယ်
ချမ်းမြဖို့လေး...

ဗန်းမော်မြို့လေးကို အလည်လာပါတယ် မချောရေ...

ခင်မင်တဲ့
နေ၀သန်

blackroze said...

မကြီးချောရေ
ဗန်းမော်မြို့လေးကိုအလည်တခေါက်လာပြီး
ဘုရားဖူးသွားတယ်နော်...

ချစ်တဲ့ညီမ blackroze

ဆွေလေးမွန် said...

ကြည်ညိုစရာကောင်းလိုက်တာ.ဘုရားဖူးရတာ.
ပြီးတော့ တရုတ်စကားပန်း အဖြူပင် အနီပင်တွေ ကိုလဲ အရမ်းကိုနှစ်ခြိုက်မိတယ်။

ဝါတွင်းကာလမို့  ဘုရားဖူးရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
ဘုရားလည်း ဖူးသွားပါတယ်။ သာဓုလည်း ခေါ်ပါတယ်။

unicorn7 said...

ဒီပိုစ့်လေးအတွက် သာဓုခေါ်ပါတယ်..ဓါတ်ပုံလေးတွေကလည်း လက်ရာတော်တော်ကောင်းသလို .. ဓါတ်ပုံရိုက်ထားတဲ့ အယူအဆ ကောင်းတယ်ခင်ဗျ..
ကြာပင်ကြာရွက်လေးတွေကိုပါ မှတ်မှတ်ရရ ရိုက်ထားတာလည်းကြည့်ရတာ အရသာ ရှိသဗျ..တစ်ရက်တည်းလည်ပြီး ဒီလောက်ရေးနိုင်တာ မှတ်မှတ်သားသားရှိတာ..စာရေးဆရာဗီဇရှိလို့  ထင်ပါတယ်..ဆက်လက်အားပေးသွားပါ့မယ်.. အခုမှ ဒီဘလောဂ့်ကိုရောက်ဖူးတယ်.... ဖြစ်နိုင်ရင် ရောက်ခဲ့ဖူးတယ်ဆိုရင်ပေါ့..စံမ္ပာနဂ္ဂိုလ် ( စာလုံးပေါင်းမှားနေပါက ပြင်ဖတ်ပေးပါခင်ဗျာ)က ရွှေကျေးနား ဘုးရားတွေအကြောင်းလည်းရေးဖို့  တိုက်တွန်းပါတယ်..
ညောင်းဦးကမ်းပါးပြိုတာနဲ့  စံမ္ပာနဂ္ဂိုလ်က နွားမကြီးပေါင်ကျိုးတာနဲ့  ဘာဆိုင်သလဲဆိုတဲ့ မြန်မာဆိုရိုးစကားတွေထဲက စံမ္ပာနဂ္ဂိုလ်မြို့ ဟောင်းလို့  မှတ်သားခဲ့ဖူးပါတယ်..အခုတော့ စံပြ နဲ့  နောင်ခို ဆိုပြီး ရပ်ကွက် ၂ ခု ဖြစ်နေပါတယ်..အဲဒီရပ်ကွက် ၂ ခုအကြားမှာရှိတဲ့ စေတီလေးပါ..အနီးအနားမှာ နာမည်ကြီးတဲ့ မြစ်ချဉ်ခေါက်ဆွဲဆိုင် ၂ ဆိုင်လည်း ရှိတယ်... အဲဒီထဲက ဆိုင်သေးသေးလေးမှာက အပြင်အဆင် မကောင်းပေမဲ့ စားလို့ ပိုကောင်းတယ်ခင်ဗျ... အစ်မရဲ့  သိမ်တော်ကြီး ဓါတ်ပုံတွေက ဘယ်တုန်းကရိုက်ထားတာလည်းတော့ မသိဘူး.....အခုတော့ သိမ်တော်ကြီးဝင်းထဲမှာ ဘိုးတော်ရုပ်ထု ၂ ခု ရောက်နေတာတော့ တွေ့ ခဲ့ရတယ်ခင်ဗျ..သိမ်တော်ကြီးဘုရားဖူးပြီး လှည့်အထွက်မှာ တွေ့ လိုက်ရတာ.. ဘုရားဖူးပြီးဖြစ်ခဲ့ရတဲ့ ကြင်လင်ရွှင်လန်းမှုတွေတောင် ပျောက်ခဲ့ပြီး စိတ်မကောင်းဖြစ်ခဲ့ရသေးတယ်...အပြင်မှာထားပါတော့ ဘုရားဝင်းထဲ မိစ္ဆာကောင်တွေရောက်နေတော့..
ဂေါပကတွေကလည်း အထားခံတယ်... ကျောင်းထိုင်ဆရာတော်ကလည်း လက်ခံတယ်.. ကပ်ရက်မှာက မိုးကုတ်ရိပ်သာကြီးရှိနေတယ်....ဒါနဲ့  ဂေါပကတစ်ယောက်ကို မေးမိတော့.. ငါ့တူနှယ် မင်း ရွှေတိဂုံဘုရား မဖူးဘူးဖူးလားတဲ့.. ငါတို့ က ၂ရုပ်တည်းရယ်.. အဲဒီဘုရားပေါ်မှာက ပိုပေါတဲ့.. ကောင်းရောဗျာ...

unicorn 7 ရေ
ကော်မန့်လေးအတွက် ကျေးဇူးတင်ပါတယ်။ သိမ်တော်ကြီးစေတီကို ပြီးခဲ့တဲ့ ဧပြီလကမှ ရောက်ခဲ့တာ ဖြစ်ပါတယ်။ စေတီအတွင်းက ဘိုးတော်ရုပ်တွေကိုမြင်ခဲ့ပါတယ်။ ဓာတ်ပုံတော့ မရိုက်ယူဖြစ်ခဲ့ပါဘူး။ ပြီးတော့ ကျွန်မရောက်ခဲ့တဲ့ ဗန်းမော်အနီး မံရွတ်ရွာမှာတည်ထားတဲ့ ကျွန်းနက်နဲ့ထုထားတဲ့ ဘုရားမှာလည်း ဘိုးတော်ရုပ်တွေ တွေ့ရပါတယ်။ သူရဿတီရုပ်တောင် ပါပါသေးတယ်ရှင်။
ရွှေကျီးနားစေတီနဲ့ စမ္ပာနဂိုရ်အကြောင်းကို ကျွန်မ ပိုစ့်လေးတစ်ပုဒ် ရေးခဲ့ပြီးပါပြီ. စိတ်ဝင်စားရင်လင့်ကလေး ပြန်ရေးပေးလိုက်ပါတယ်။ ဖတ်ကြည့်ပါနော်။ http://www.missgreenlady.com/2011/06/blog-post_13.html
မှားတာတွေ့ရင်လည်း ထောက်ပြပေးနိုင်ပါတယ်ရှင်။
ကျွန်မရဲ့ ချစ်စွာသော မိတ်ဆွေများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပါတယ်။

PhyoPhyo said...

သိမ်မဟာဘုရားအေးချမ်းလိုက်တာ။ ချမ်းသာရဘုရားလည်းဖူးသွားပြီ။
ရှေးကျတဲ့ဘုရားတွေ ဖူးခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
ကြာရွက်လေးတွေလည်း လှတယ်။ ခုချိန်ကြာပွင့်တွေဖွေးနေမှာ ဟုတ်တယ်နော်။
ချစ်တဲ့
pp

ကိုကိုမောင်(ပန်းရနံ့) said...

ငယ်ငယ်တုန်းက ရောက်ဖူးတယ်။ မြင်းလှည်းနဲ့ ဘုရားပတ်ဖူးရတယ်။ ကြည်နူးစရာ ကောင်းလိုက်ပါဘိ။

ခင်မင်လျက်

သော်တာ said...

ဘုရားတွေဖူးသွားပါတယ် ဗန်းမော်ကိုလည်း အလည်သွားပါဦးမယ်

ဘုရားတွေ ရှာဖွေစုဆောင်းရင်း အလည်ရောက်လာပါတယ်.။ ဘုရားလည်း ဖူးသွားပါတယ်..။ သူငယ်ချင်းတွေကို မျှဝေချင်လို့ ပုံတော်တွေကို ကူးယူသွားပါတယ်.။ ကျေးဇူးတင်စွာဖြင့်