ပုဇွန် လိမ္မော် ပျားရည်ဆမ်း
ဒီတစ်ပတ် ဟင်းချက်စရာ အတွက် ဖော်ပြချင်တဲ့ ဟင်းသစ်တစ်မျိုးက ပုဇွန်လိမ္မော် ပျားရည်ဆမ်းဖြစ်ပါတယ်။ လူတွေမှ ပျားရည်ဆမ်းတတ်တာ မဟုတ်ပါဘူး။ ပုဇွန်တွေမှာလည်း ပျားရည်ဆမ်းကြပါတယ်။ ပုဇွန်ကို ပျားရည်ဘယ်လို ပျားရည်ဆမ်းမလဲဆိုရင် ဒီလိုလေးပါရှင်............
ပထမဦးစွာ ပုဇွန်များကို ခေါင်းချိုးအခွံခွာ၊ သန့်စင်ပြီး ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ဟင်းချက်ဝိုင်အနည်းငယ်တို့ဖြင့် နယ်ပြီး အချိန်အတော်ကြာ ထားထားပါတယ်။
ထို့နောက် ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်း များများကို တောက်တောက်စင်း (စက်ဖြင့်ကြိတ်) ပြီး ဆီဖြင့်ကြော်ပါတယ်။ ကြက်သွန်ဖြူဝါရောင်သန်းလာရင် ပုဇွန်များကို ထည့်ကြော်ပါတယ်။
ကြေ်ပြီးပုဇွန်များကို ပန်းကန်ပြားတစ်ခုထဲ ခုလိုထည့်ထားလိုက်ပါတယ်
အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ဆီပူလာပါက လိမ္မော်နဲ့ ပျားရည်အရောကို ထည့်ပါတယ်။ ထို့နောက် အရည်များ ခပ်ပျစ်ပျစ်လေး ဖြစ်ရန် ကော်မှုန့်အနည်းငယ်ကို ရေအေးဖြင့်ဖျော်ပြီး အိုးထဲ လောင်းထည့်ပါတယ်။
~~~~~~~~~~~~~~~~~~~~
အင်ဥကြော်
တစ်နေ့က ဈေးထဲမှာ အင်ဥလိုလို ဥတစ်မျိုးကို ပါးပါးလှီး ရေစိမ်ပြီး ရောင်းနေတာ တွေ့တာနဲ့ ဝယ်လာဖြစ်ပါတယ်။ မှိုဥဖြစ်မလား အင်ဥအကြီးစား ဖြစ်မလားတော့ ကျွန်မလဲ မသေချာပါဘူး။ ကျွန်မတို့ဘက်မှာတော့ တစ်ခါမှ ဒီလောက်ကြီးတဲ့အင်ဥတွေကို မတွေ့ဖူးပါဘူး။ ဒီမြို့ကလေးမှာတော့ မိုးရာသီဆို ခုလို ဥမျိုးတွေ ပေါပါတယ်။ ကျွန်မက အင်ဥလို့ဘဲ ခေါ်လိုက်ပါတယ်။
ဒီလိုမျိုးလေးတွေပါ။
၎င်း ပါးပါးလှီးထားတဲ့ ဥကလေးတွေကို ငရုပ်ပွ အနီ အစိမ်းတို့နဲ့ ရောကြော်ဖို့ ခုလို ပြင်ဆင်ပါတယ်။ ထို့နောက် ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီအိုးထဲထည့်ကာ အင်ဥနဲ့ ငရုပ်ပွတို့ကို ရောကြော်ပါတယ်။ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ငရုပ်သီးစိမ်း ၊ ခရမ်းချဉ်သီး တို့ထည့်ပြီး အချိန်ခဏကြာရင် အိုးချလို့ရပါပြီ။
အင်ဥ ငရုပ်ပွကြော်
စားကြည့်တဲ့အခါမှာလည်း အင်ဥရဲ့ အရသာနဲ့ ဆင်ပါတယ်။
၎င်း ပါးပါးလှီးထားတဲ့ ဥကလေးတွေကို ငရုပ်ပွ အနီ အစိမ်းတို့နဲ့ ရောကြော်ဖို့ ခုလို ပြင်ဆင်ပါတယ်။ ထို့နောက် ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီအိုးထဲထည့်ကာ အင်ဥနဲ့ ငရုပ်ပွတို့ကို ရောကြော်ပါတယ်။ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ ငရုပ်သီးစိမ်း ၊ ခရမ်းချဉ်သီး တို့ထည့်ပြီး အချိန်ခဏကြာရင် အိုးချလို့ရပါပြီ။
အင်ဥ ငရုပ်ပွကြော်
စားကြည့်တဲ့အခါမှာလည်း အင်ဥရဲ့ အရသာနဲ့ ဆင်ပါတယ်။
~~~~~~~~~~~~~~~~~~~~
ဘရိုကိုလီချဉ်စပ်သုပ် ( ပန်းဂေါ်ဖီစိမ်းသုပ်)
အရင်တုန်းက ရိုးရိုး ပန်းဂေါ်ဖီသုပ်ကို တင်ခဲ့ဖူးပါတယ်။ ဒီတစ်ခါတော့ ပန်းဂေါ်ဖီစိမ်းကို သုပ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို အနေတော် အရွယ်များဖြတ်ပြီး ရေနွေးဆူဆူမှာ ပြုတ်ပါတယ်။ ဂေါ်ဖီများ ပျော့မသွားစေရန် ခေတ္တသာ ပြုတ်ပေးဖို့ လိုပါတယ်။ ပြီးရင် ရေအေးအေးထဲမှာ ချက်ခြင်းစိမ်ထားလိုက်ပါတယ်။
ပြုတ်ပြီး ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ မြေပဲဆန်ထောင်း၊ နှမ်းဆီ၊ ဆား၊ အရသာမှုန့်၊ သံပုရာသီး တို့ထည့်ပြီး နယ်ပါတယ်။ ချဉ်ချဉ်စပ်စပ်ကြိုက်ရင် ငရုပ်သီးနဲ့ သံပုရာသီးကို ကြိုက်သလောက်ထည့်ပါ။
ပဲငံပြာရည် နဲ့ နှမ်း အမဲရောင်လေးတွေကိုလည်း ထည့်ပါတယ်။ ကြိုက်တတ်ရင် ပုဇွန်ခြောက်ပါ ထည့်နိုင်ပါတယ်။ ကျွန်မက ဒီအသုပ်ကို သပ်သပ်လွတ် သုပ်ပါတယ်။ သပ်သပ်လွတ်လေး လုပ်ပါဦးလို့ လာအော်ထားဖူးတဲ့ မစည်းစိမ် များများစားသွားပါနော်း)
နှမ်းဆီနံ့လေး မွှေးမွှေးနဲ့ ချဉ်ချဉ်စပ်စပ်လေး သုပ်စားနိုင်တဲ့ ဘရိုကိုလီ (ပန်းဂေါ်ဖီစိမ်း )သုပ် ရပါပြီရှင်။
နှမ်းဆီမရှိပါက ဆီချက်နဲ့လည်း သုပ်စားနိုင်ပါတယ်။
ဒါကတော့ အပေါ်ကနည်းအတိုင်း သုပ်ထားတဲ့ အဖြူရောင်ပန်းဂေါ်ဖီသုပ်ပါ။
အားလုံးအတွက် ပျော်စရာ တနင်္ဂနွေနေ့ ဖြစ်ကြပါစေရှင်..
22 Responses to “ပုဇွန်လိမ္မော် ပျားရည်ဆမ်းနဲ့ ဘရိုကိုလီချဉ်စပ်သုပ်”
အဲ့ဒီ့ ပန်းဂေါ်ဖီသုပ် အရမ်းကြိုက်တယ် ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
စားချင်လိုက်တာ မချောရယ်
ပုဇွန်ပျားရည်ဆမ်းရယ်လို့ ကပ်သီးကပ်သပ်နော်
ဘရိုကိုလီ အစိမ်းရောင်လေး သုပ်ထားတာလည်းကြိုက်တယ်
ညီမလေးချောရေ
အင်ဥဟုတ်ပါတယ်ကွယ်။ အလုံးနဲနဲကြီးနေလို.ပါ။
ချက်ထားတာအားလုံးစားချင်ပါတယ်ကွယ်။
ချော (ခ) အစိမ်းရောင်ရေ မင်္ဂလာပါ။ ဘုန်းဘုန်းက တောင်ပေါ်သားဖြစ်ပြီးတော့ အင်ဥကို မသိဘူး သိလား။ အဲဒါနဲ့ ဟင်းချက်ကျွမ်းကျင်တဲ့ အခန်းဖော်ဘုန်းဘုန်းကို မေးကြည့်တော့ မင်းတို့တောင်ကြီးမှာ ပေါတယ်လေတဲ့။ ဟင်...မသိပါလားလို့။ မနက်ဖန်ကျရင် ဘုန်းဘုန်းဆွမ်းချက်လှည့်လေ။ ဘရိုကိုလီချဉ်စပ်သုပ်ကို လုပ်ကြည့်ဦးမှ။ ကျန်တာက အဆာပလာတွေ မရှိလို့ချောရေ။ ငံပြာရည်လည်းမရှိ ဘာမရှိနဲ့ သိလား။ ပုဇွန်ကို ၀ယ်လို့ရပေမယ့် ငံပြာရည်က ၀ယ်မရဘူး။ (ခပ်တည်တည်ပဲ မှတ်ချက်။ ။ သုံးလတစ်ခါလောက် ပုဇွန်ကို ချက်စားဖြစ်သည်၊ ဘယ်သူ့ကိုမှ မပြောနဲ့နော် ချော) နှမ်းဆီအစား ဆီချက်ပဲ သုံးတော့မယ်။ ဒီမှာက နေကြာစေ့ကို မစားကြပေမယ့် နေကြာဆီကိုတော့ ဖောဖောသီသီ သုံးတယ်ဟေ့။ အဲဒီမည်းမည်းလေးလည်း မထည့်တော့ဘူး။ ကောင်းလောက်ပါတယ်နော်။ ကျန်းမာပျော်ရွှင်ပါစေ ချော။
အင်ဥကြော်တော့ကြိုက်ပါတယ်။ အင်ဥသုပ်လည်းကြိုက်ပါတယ်။
ကိုင်းဥလည်းကြိုက်ပါတယ်။
မချော အင်ဥ တအားကြီးကြိုက်တယ်။
သူက ဆေးရတာလက်ဝင်တယ်။ ဒီအင်ဥအကြီးတွေကတော့ ဘယ်လိုလည်းမသိဘူး။ မေမေဈေးက၀ယ်လာတဲ့အင်ဥလေးတွေက ဆေးရတယ် တစ်လုံးချင်းစီ၊ ဒါလေးနဲ့ခြစ်ပြီး၊
ပုဇွန်ဟင်းလေးကလည်း စားကောင်းမှာ။ ဘရိုကိုလီသပ်သပ်လွတ်သုတ်လေးလည်း ကောင်းမှာ။
ဒီနေ့ ဟင်းတွေလည်း အကုန်ကြိုက်။
ဟင်းကျတော့ စိတ်ဝင်စားပြီး ဘုရားတော့ မဖူးဘူးထင်နေမှာစိုးလို့၊ :D ဗန်းမော်မြို့က ဘုရားတွေလည်းဖူးတယ်နော်။
ချစ်တဲ့
PP
ချောက ဟင်းအဆန်းလေးတွေ တော်တော်ချက်တတ်တယ်နော်။ ပုဇွန်ကြိုက်တယ်။ ဒါပေမယ့် ပျားရည်နဲ့ဆို ချိုနေမှာနော်။ အင်ဥကြော်လဲ မစားရတာကြာပြီ
အင်ဥဟုတ်ပါတယ် ချွေးမရွေးဖို့တော့ ခက်နေပြီနော်
အင်ဥလား မှိုဥလားတောင်မခွဲတတ်သေးဘူးး)
အသုပ်တွေအကုန်စားမယ်။ အင်ဥကမစားဘူးနော်
ချစ်တဲ့
ယောက္ခမ
အင်း ...
မ ချောရေ, ဖတ်ပြီးလျှာရည်တော့ ကျ မိတယ်၊
ဒါပေမယ့်  လုပ်ဖို့ မလွယ်ဘူးထင်..။
ပုဇွန်ဆိုတော့  ဈေးကြီးလို့  တီထွင်ဖို့ 
စဉ်းစားနေရတယ်ဗျာ..။
အင်ဥ ပါဗျာ ကောင်းမှကောင်း ချောရေ နုလေ ကောင်းလေဘဲ
ပုဇွန်ဟင်း လေးလည်း အဲလိုချက်စားကြည့်မယ် ကျေးဇူး
အင်း... အင်ဥ ဆိုတော့ ဥ အစစ် ဟုတ်ပုံမရဘူး။ အေးလေ.. အင်ဆိုမှတော့ ဘယ်ကလာ အစစ်ဟုတ်တော့မှာလဲ။ ဟာ ဟ။
မချောရေ။
သူကြီးမင်းတို့ဘက်မှာတော့ အဲဒီအင်ဥကို မှိုစေ့လို့ ခေါ်ကြတယ်။ ပေါမှပေါဘဲ။ ဒါပေမဲ့ အခုတော့ ရှိပါ့ရှိပါတော့မလား မသိ။ သစ်ပင်တွေ ပြုန်းတီးကုန်လို့လေ။
ခင်မင်လျက်
အသုပ်တွေ စားသွားပြီ။
အသုပ်ကတော့ကြိုက်ပြီးသား။
အိုင်အိုရာ
အင်ဥ စားချင်လာပြီ
လွမ်းပြန်သွားတယ်
အင်ဥတွေ စားချင်စရာ ကောင်းတယ်။
ကြက်သားနဲ့ ရောချက်ရင်လည်း ကောင်းတယ် :D
ထူးထူးဆန်းဆန်း ပုဇွန်လိမ္မော် ပျားရည်ဆမ်းဆိုတဲ့ နည်းလေး ယူသွားတယ် ချောရေ။
ပန်းဂေါ်ဖီစိမ်းကတော့ အိမ်မှာ မကြာခန ကြော်လိုက် သုပ်လိုက် ပြုပ်လိုက်လုပ်လေ့ရှိတယ်း)
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ချောချက်တဲ့ ဟင်းဆို အကုန်ကြိုက်တယ်....။ လာလည်ရင် အကုန်ချက်ကျွေးရမယ်နော်...း)
အင်ဥ !!!!!!! အရမ်းစားချင်တယ် ..ဟင့်
အစ်မရဲ့ဟင်းတွေက စားချင်စရာကောင်းတယ်
ချက်နည်းကလည်း မခက်ဘူးနော်
လိုက်လုပ်ရတာလွယ်တယ်
ကျေးဇူးတင်ပါတယ်
ညသန်းကောင် လာဖတ်မိတာ ပုံတွေကြည့်ပြီး ဗိုက်ဆာလိုက်တာ
ပုဇွန်းဟင်းလေးနဲ့စားရရင် သိပ်ကောင်းမှာဘဲ
ဘရိုကိုလီကို သုပ်စားတာ တစ်ခါမှမကြားဖူးဘူး
ခုတော့ ဗဟုသုတတစ်ခုတိုးရပြီ
ပြန်လုပ်စားကြည့်မယ်
စားကောင်းရင် မုန့်ကျွေးမယ်နော် မချေား)
နောက်ကျသွားလို့ မနည်းပြေးလာရတယ်။
ရှိတာလေးတော့ အကုန်စားသွားတယ်နော်မချော။
ချစ်တဲ့
သဒ္ဓါ
ပုဇွန်ပျားရည်ဆမ်းလေး အကုတ်စားသွားတယ် မချော..။
တစ်ကောင်မှကို မချန်ခဲ့တာ..ပလပ်..ပလပ်..
Post a Comment