ပုဇွန်နာနတ်သီး ထမင်းကြော်

ပုဇွန်နာနတ်သီး ထမင်းကြော်

ဒီတစ်ပတ်တော့ လွန်ခဲ့တဲ့ ရက်က စားဖြစ်ခဲ့တဲ့ နာနတ်သီးထမင်းကြော်ကို တင်ပေးချင်ပါတယ်ရှင်။

နာနတ်သီးနဲ့ ထမင်းကြော်တာဟာ ထိုင်းမှာတော့ ဆိုင်တွေမှာတော်တော်လေးရောင်းကောင်းတဲ့ ထမင်းကြော်ဖြစ်ပြီး နိုင်ငံခြားသားများ အကြိုက်တွေ့ကြတယ်လို့ သိရပါတယ်။ နာနတ်သီး ထမင်းကြော်နည်းအတွက် ပုဇွန်နဲ့ ဝက်သားကို အသုံးပြုထားပါတယ်။ ဒီရာသီမှာ နာနတ်သီး တွေလဲ သိပ်ပေါနေပြီဖြစ်လို့ နာနတ်သီးနဲ့ မကြာခန ဟင်းချက်စားဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပုဇွန်များကို ဆား၊ ပဲငံပြည်ရည်၊ အရသာမှုန့်များဖြင့်နယ်ပြီး ခေတ္တ ထားထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဝက်သားကို ခပ်ပါးပါးလှီးထားပါတယ်

Image Hosted by PicturePush - Photo Sharing
ထမင်းနဲ့ကြော်ဖို့ ပြင်ဆင်ထားတဲ့ အသီးအနှံများ ( ဥနီ၊ ပဲသီး၊ ငရုပ်ပွ နီ၊ စိမ်း)

Image Hosted by PicturePush - Photo Sharing
နာနတ်သီးတစ်လုံးကို ခုလို ထက်ခြမ်းခြမ်းပါတယ်။

Image Hosted by PicturePush - Photo Sharing
အတွင်းသားများကို သပ်သပ်ရပ်ရပ် ဖယ်ထုတ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
နာနတ်သီးခွံကို လှလှပပ ပုံဖော်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဖယ်ထုတ်ထားတဲ့ အတွင်းသားများကို အတုံးလေးများတုံးပြီး ပြင်ဆင်ထားပါ

Image Hosted by PicturePush - Photo Sharing
ပုဇွန်ကို ကြော်ပြီး ပန်းကန်တစ်ချပ်ဖြင့်ထည့်ထားပါတယ်

Image Hosted by PicturePush - Photo Sharing
ဝက်သားကို ကြက်သွန်ဖြူ၊ ဂျင်းများဖြင့် ကြော်လိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ထို့နောက် အသီးအနှံများထည့်ကြော်လိုက်ပါတယ်။ ဆား၊ အရသာမှုန့်တို့ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
မီးပေါ်ကြာကြာမထားဘဲ ချက်ခြင်း ပန်းကန်တစ်ချပ်ဖြင့် ဆယ်ယူထားလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing
ထမင်းကို မကြော်ခင်မှာ ဆား၊ ပဲငံပြည်ရည်အကြည်၊ နှမ်းဆီတို့ဖြင့်နယ်ပါတယ်။ ပြီးနောက် ကြက်သွန်ဖြူ၊ ဂျင်းဆီသတ်ပြီး ထမင်းကိုကြော်ပါမယ်.

Image Hosted by PicturePush - Photo Sharing
ကြော်ထားတဲ့ ဝက်သားနဲ့ အသီးအနှံများ ၊ နာနတ်သီးများ၊ ပါးပါးလှီးထားသော ငရုပ်သီးများ ထည့်လိုက်ပါတယ်။ ပုဇွန်များကို ထည့်ပါတယ်။ ဆားအပေါ့အငံ မြည်းပါတယ်။

Image Hosted by PicturePush - Photo Sharing
အသီးအနှံစုံနဲ့ နှမ်းဆီနံ့မွှေးမွှေးနဲ့ ပုဇွန်နာနတ်သီး ထမင်းကြော်ပါး

အစောက အဆင်သင့်ပြင်ထားတဲ့ နာနတ်သီးခွံထဲကို ထမင်းကြော်များထည့်လိုက်ပြီးရင် ခုလို မြင်တွေ့ရပါပြီ

Image Hosted by PicturePush - Photo Sharing
ပန်းကန်ပြားထဲက နာနတ်သီးထမင်းကြော်ပါ။ အပေါ်မှာ နှမ်းအနက်များ ဖြူးထားတာပါ။ ဒီပုံရိုက်ချိန်မှာ ညအချိန်ဖြစ်ပြီမို့ ဓာတ်ပုံက နည်းနည်းမှောင်နေပါတယ်။

ဒီထမင်းကြော်နည်းကတော့ အင်တာနက်က ရှာဖွေမိတဲ့ ထိုင်းထမင်းကြော်နည်းအတိုင်းြေ့က်ာထားတာ ဖြစ်ပါတယ်ရှင်

~~~~~~~~~~~~@@@@~~~~~~~~~~~~~~

ကြာဇံသုပ်
နာနတ်သီးထမင်းကြော်နဲ့ တွဲဖက်စားဖို့အတွက် ကြာဇံသုပ်ကလေးပါ

Image Hosted by PicturePush - Photo Sharing
ပထမဦးဆုံး ကြာဇံကို ပြုတ်ပါတယ်။ ပြီးနောက် အနေတော် ဖြတ်ပြီး မုန်လာဥနီ၊ အော်ဆွန်း( ဆလပ်ရိုး)၊ တို့ကို ပါးပါးအချောင်းကလေးများ လှီးပါတယ်။  ငရုပ်သီးခြမ်း ဆီသတ်ပြီးထည့်၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ငရုပ်သီး ၊ နံနံ၊ ဆား၊ အရသာမှုန့်တို့ ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ထို့နောက် ပဲငံပြာရည်၊ ရှာလကာရည်တို့ထည့်နယ်ပါတယ်။ ရှာလကာရည်မရှိပါက သံပုရာသီးနဲ့ သုပ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အိမ်မှာ နှမ်းအနက်တွေ ဝယ်ထားတာများနေတာနဲ့ နေရာတကာ နှမ်းအနက်ထည့်ပါတယ်း)

ပုဇွန်နာနတ်သီးထမင်းကြော်ကို ကြာဇံသုပ်ချဉ်စပ်လေးနဲ့ တွဲဖက်စားနိုင်ပါပြီရှင်

အားလုံးအတွက် ပျော်ရွှင်သော ပိတ်ရက်များ ဖြစ်ကြပါစေနော်။


Image Hosted by PicturePush - Photo Sharing 

18 Responses to “ပုဇွန်နာနတ်သီး ထမင်းကြော်”

Vista said...

ွှိုအလိုလေးလေး .. ငါးငါး ခြောက်ခြောက် .. စားချင်စဖွယ်ပါလား။

ခရစ္စတလ် said...

အမယ်မင်း ထမင်းဆိုင်ပဲ ဖွင့်ထားသလား၊
ကိုယ်တိုင်ပဲ ချက်စားနေသလား၊
စားချင်နေပြီ မြန်မြန်ကျွေးပါတော့ :)

သ္မီးရေ ထမငိးကြော်ရော ကြာဇံကြော်ပါအားပေးသွားပါတယ်။အန်တီရဲ့ဘလော့်လေးကိုလဲလာလည်ပါလို.ဖိတ်ခေါ်ပါရစေ။

ထမင်းကြော်နဲ့ကြာဇံသုပ် ဒီလိုမျိုး တွဲတာလည်း မိုက်တာပဲ။

နေရာတကာ နှမ်းအနက်ထည့်တာလည်း မိုက်တာပဲ။
း))

ဒီမှာလည်း နာနတ်သီးပေါရင်ကြော်ကြည့်ဦးမှ ကြာဇံသုတ်လည်းစိတ်ဝင်စားတယ်။

နာနတ်သီးထဲ ထည့်ထားတဲ့ နာနတ်သီးထမင်းကြော်လေးသာ စားလိုက်ရရင် တော်တော် ကြည်နူးဖို့ကောင်းမှာပဲ။
နှမ်းအမဲကိုလည်း ထမင်းလေးပေါ်ဖြူးပီး ဘဲဥအငံလေးနဲ့ တွဲစားချင်တယ်ဗျို့။
ချောချက်ထားတဲ့ နာနတ်သီး ထမင်းကြော်လည်း ကြိုက်တယ်။ ကြာဇံချဉ်စပ်သုပ်လည်း ကြိုက်တယ်။ အ၀ စားသွားပီ :)

Baby taster said...

တခါမှမကြော်စားဖူးဘူးရယ်
စမ်းအုံးမှ ချိုတိုတို ချဉ်တင်တင် အရသာမကြိုက်လို့လေ
ဒါနဲ့ ချွေးမလေးလာမှပဲ ချက်ကျွေးပါတော့အေးP

rose said...

အစ်မချောက စိတ်ရှည်လက်ရှည်နဲ့ သေချာ ဓာတ်ပုံလေးတွေနဲ့ တစ်ဆင့်ချင်း ရှင်းပြထားလို့ ကျေးဇူးပါနော်း)

ဟန်ကြည် said...

အော်စွန်းဆိုတာ ဆလတ်ရိုးကိုခေါ်မှန်း အခုမှပဲ သိတော့တယ်...ကျေးဇူးပဲ ဒေါ်ချောရေ့...နာနတ်သီး ထမင်းကြော်တော့ အချိုမကြိုက်လို့ ရှောင်ပြီး ကြာဇံသုပ်ကိုတော့ ခံတွင်းလိုက်တာနဲ့ သုပ်စားဖို့ ဆုံးဖြတ်လိုက်တယ်...ပြောမယ့်သာပြောရတယ်...ဒေါ်ချောဆီက ကြည့်သွားပြီး စမ်းချက်စားမယ်လို့ စိတ်ကူးထားသမျှ အခုထိ တစ်ခါမှကို ချက်မစားဖြစ်သေးဘူး...အားမှပဲ စုပြီးချက်စားမယ်လို့ စိတ်ကူးထားတဲ့အဆင့်ကနေကို မတက်လာလို့...

mstint said...

ဒီကနေ့တော့ ချက်ပြုတ်ဖို့အတွက် ခေါင်းမခဲတော့ဘူး ချောဆီကနည်းလေးတွေ လာယူသွားပြီနော်။
နာနတ်သီးအခွံကို စိတ်ရှည်ရှည်လေး ပုံဖော်ထားတာ သဘောကျတယ်။
ပျော်ရွှင်ပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Iora said...

ကိုယ်လည်း နာနတ်သီးထမင်းကြော်မကြိုက်လို့ အဲဒီထဲကပုဇွန်တွေ ရွေးစားသွားတယ်။ ကြာဇံသုပ်တော့ ပါဆယ်ပါယူသွားပြီ။
ကိုယ်လည်း နှမ်းနက်ဝယ်ထားတုန်းက ချောလိုဘဲ နေရာတကာထဲ့နေတော့တာဘဲ။ ခုကုန်သွားတော့ ငြိမ်သွားပြီ။း)

း))... နှစ်ခုလုံးအကြိုက်ပဲ... အော်ဆွန်းကို ဟိုနေ့က ဗမာလိုရှာနေသေးတယ်.. မသိလို့.. ဒါနဲ့ အော်ဆွန်းကို ကျွန်တော်တို့က မူဆွန်းလို့ ခေါ်သလားလို့....

ခင်မင်လျက်
နေ၀သန်

ဆွေလေးမွန် said...

မချောက စိတ်လဲရှည်.. ချက်တာကလဲကောင်းဆိုတော့
ထမင်းကြော်က လှလဲလှ စားချင်စရာလေးလဲဖြစ်..

wa lay said...

ဗိုက်တောင် အရမ်းဆာလာပြီ
ကျေးဇူးပါနော်..

PhyoPhyo said...

ပုဇွန်လည်းကြိုက်တယ်၊ နာနတ်သီးနဲ့ ထမင်းကြော်တော့မစားဖူးလို့၊ ၀က်သားလည်းပါတယ် စားကောင်းမှာ။
ကြာဇံသုတ်လည်းကြိုက်၊ မကြိုက်တာလည်း ခပ်နည်းနည်းရယ်။
စားသွားပါပြီ။
ချစ်တဲ့
pp

may16 said...

မချောက စားကောင်းဖွယ်ရာတွေကို ချက်နည်းနဲ့ တစ် ကွတင်ပေးတာ ကျေးဇူးပဲအမ..

အဲဒီလိုလေးများ ကြော်ထားရင် စားချင်စရာ သိပ်ကောင်းတာပဲ။ ကိုယ်တိုင်ကြော်ဆိုရင် ပျင်းနေရော။

khin yamone said...

ညီမချောရဲ့ အိမ်လေးကိုလာလည်သွားပါတယ်..
ချောချက်သမျှ ဟင်းလေးတွေအကုန်လုံးကို အရမ်းကြိုက်ပြီး အကုန်လုံးစားသွားပါပြီ..
ကျေးဇူးပါ ညီမချော