Blog Day အမှတ်တရများ (အပိုင်း ၁၊ အပိုင်း ၂)



Image Hosted by PicturePush - Photo Sharing




ဘလောဂ့်ဒေးအမှတ်တရ (၁)

Blog Day လို့ သတ်မှတ်ထားတဲ့ သြဂုတ် ၃၁ရက်နေ့ရောက်ပါတော့မယ်။ ဒီမတိုင်ခင်မှာ ဘလော်ဂါအားလုံးနီးပါးလည်း ဘလောဂ့်ဒေး အမှတ်တရတဂ်ပိုစ့်ကို ရေးပြီးကြပါပြီ။ ရေးပေးဖို့ တဂ်ထားတဲ့ ကိုအောင် (ပျူနိုင်ငံ)ကြောင့် ကျွန်မအလှည့်က ကျန်နေပါသေးတယ်။ ခုတော့ ၃၁ရက်နေ့အမီ ကြိုးစားပြီး ရေးပါတော့မယ်။ ကျွန်မရဲ့ ဘလောဂ့်သက်တမ်းဟာ ၂နှစ်နီးပါး ရှိခဲ့ပါပြီ။ ပြောရရင်တော့ သက်တမ်းရင့် ဘလောဂ်တစ်ခု မဟုတ်သေးသလို ဘလောဂ့်အသစ်လည်း မဟုတ်တော့ပါဘူး။ ဒီ ဘလောဂ့်သက်တမ်း ၂နှစ်အတွင်းမှာ အတွေ့အကြုံများစွာလည်း ရခဲ့ပြီဖြစ်သလို မသိခဲ့တဲ့ ဘလော့ဂ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ သိလာရပါပြီ။ ဘလောဂ့်တော်တော်များများကိုလည်း ခင်မင်ရင်းနှီးစွာ ဖတ်ခွင့်၊ သိခွင့်ရခဲ့ပါပြီ။

လူချင်း ခင်မင်ရင်းနှီးခြင်း မရှိခဲ့ပေမဲ့ ဘလောဂ့်စာမျက်နှာထက်ကနေတော့ ဘလော်ဂါအချင်းချင်း မှတ်ချက်ကလေးတွေကနေ ရင်းနှီးခွင့်ရခဲ့တာ ကြာပါပြီ။ စာရေးကြတဲ့သူတွေတိုင်းလိုလို မိမိရေးတဲ့စာကို လာဖတ်ကြရင် ဝမ်းသာပီတိဖြစ်ကြရပါတယ်။ လူတိုင်းကြုံခဲ့ဖူးကြရသလိုပါဘဲ ။ စာရေးခါစမှာ မိမိဘလောဂ့်ကို လူမသိ သူမသိ၊ ဖတ်သူမရှိတဲ့ ဘဝနဲ့ စခဲ့ကြရတာဘဲ ဖြစ်ပါတယ်။ အားလုံးနည်းတူ ကျွန်မသည်လည်း လွန်ခဲ့တဲ့ ၂နှစ်နီးပါးလောက်က ဘာမသိ၊ ညာမသိ ၊ ဘလောဂ့်လေးတစ်ခုကို လုပ်ခဲ့ပြီး စာစရေးဖြစ်ခဲ့ပါတယ်။ ရေးခါစမှာတော့ ဘာအကြောင်းအရာတွေ ရေးမယ်လို့ မယ်မယ်ရရ ရည်ရွယ်ချက် မရှိခဲ့ပေမဲ့ စိတ်ခွန်အားဖြစ်စေမဲ့ စာမျိုးတွေ သုတပေးနိုင်တဲ့စာလေးတွေ စပြီးရေးဖြစ်ခဲ့ပါတယ်။ ငယ်ကတည်းက သုတစွယ်စုံကို စွဲစွဲလန်းလန်း ဖတ်ခဲ့တဲ့ ကျွန်မဟာ အခုလို အင်တာနက်ပေါ် မွှေနှောက်ခွင့်ရပြီဆိုတာနဲ့ ထူးဆန်းတာလေးတွေ၊ အများကြီး ရှာဖွေ ဖတ်မိပါတယ်။ အဲဒီလိုဖတ်မိတဲ့အထဲကမှ အခြားသော သူများကို ပြန်လည်မျှဝေသင့်တာလေးတွေကိုလည်း မျှဝေဖြစ်ခဲ့တာပါ။

အချက်အပြုတ်ကိုလည်း ဝါသနာပါလေတော့ ဘလောဂ့်ရေးဖြစ်ပြီးကာမှ အထူးအဆန်းလေးတွေ ပိုပြီးလုပ်စားဖြစ်လာပါတယ်။ ကိုယ်လုပ်စားဖြစ်တဲ့ ဟင်းကလေးတွေကိုလည်း ဘလောဂ့်ပေါ်ကနေ ပြန်လည်မျှဝေဖြစ်တာပါ။ ဘလောဂ့်ရေးတဲ့အတွက် ကောင်းကျိုးဆိုးကျိုး ဤနှစ်မျိုးကို ရရှိခံစားခဲ့ရဖူးပေမဲ့ ဆိုးကျိုးတွေကို အသာထားလို့ ကောင်းကျိုးတွေရရှိခဲ့ပြီး ခင်မင်သူတွေလည်း ရရှိခဲ့တဲ့အတွက် ဝမ်းသာကျေနပ်မိရပါတယ်။ ဘလောဂ့်နဲ့ပတ်သက်ပြီး အွန်လိုင်းမှာ ခင်မင်ပြီးကာမှ အပြင်မှာပါ ဆုံတွေ့ဖြစ်ကြတဲ့ထိ ချစ်ခင်ရင်းနှီးမှု ရှိလာခဲ့တာ ဝမ်းသာစရာ ကောင်းတဲ့အဖြစ်တစ်ခုလို့ တန်ဖိုးထားမိပါတယ်။

စာ စရေးကာစမှာ ကျွန်မက ပြည်တွင်းက Planet ဆိုဒ်မှာ Athena နာမည်နဲ့ စာစရေးဖြစ်ပါတယ်။ အလှအပ၊ ဖက်ရှင်၊ ကိုးရီးယား မင်းသမီး၊ မင်းသားတွေရဲ့ အကြောင်း စသဖြင့် ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ အဲဒီကမှတစ်ဆင့် အခု အစိမ်းရောင်လွင်ပြင် ဆိုတဲ့ ကိုယ်ပိုင်ဘလောဂ့်တစ်ခုကို လုပ်ဖြစ်ခဲ့တာပါ။ အဲဒီအချိန်မှာ ဘလောဂ့်နာမည်က အစိမ်းရောင်လွင်ပြင် ဖြစ်ပေမဲ့ စာရေးတဲ့ နာမည်ကိုတော့ အလွယ်တကူ Miss Green လို့ဘဲ ပေးဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စာတွေကို ဒီလောက် ရေးဖြစ်မယ်လဲ မထင်ခဲ့မိပါဘူး။ ဒါကြောင့် စာရေးတဲ့နာမည်ကို သေချာမရွေးဘဲ ပေးဖြစ်ခဲ့တာပါ။ သို့သော်လည်း အချိန်အနည်းငယ်အကြာမှာ ဒီလိုပြီးစလွယ်ပေးတာဟာ မကောင်းဘူး။ မိမိရွေးချယ်တဲ့ နာမည်ဟာ မိမိကိုယ်တိုင်က နှစ်သက်စွာ ရွေးချယ်တဲ့ နာမည်ဖြစ်သင့်တယ်လို့ ခံယူပြီး နာမည်တူလဲ မရှိနိုင်ဘူးလို့ ယူဆရတဲ့ ချော(အစိမ်းရောင်လွင်ပြင်) လို့ နာမည်ရင်းတစ်လုံးထည့်ပြီး အနောက်က ကျွန်မရဲ့ ဘလောဂ့်နာမည်ကိုယူပြီး အမည်ပြောင်းခဲ့တာဖြစ်ပါတယ်။

ဘလောဂ့်သက်တမ်း ၂နှစ်အတွင်းမှာ ကျွန်မလို အသစ်အသစ်သော ဘလောဂ်လေးတွေဆီလည်း လက်လှမ်းမီသလောက် လည်ပတ်နိုင်အောင် ကြိုးစားမိပါတယ်။ အဲဒါဟာ ကျွန်မ ကိုယ်တိုင်ရဲ့ အသစ်တုန်းက အခြေအနေကို ကိုယ်ချင်းစာစိတ်ကြောင့်သာ ဖြစ်ပါတယ်။ စာရေးကာစတုန်းကဆိုရင် ကျွန်မရေးတဲ့စာလေးတွေကို ဖတ်တဲသူရှိလာတဲ့အခါ ဝမ်းသာအားရ ဖြစ်ခဲ့မိရပါတယ်။ ကော်မန့်လေးတွေကလည်း ကျွန်မအတွက် ခွန်အားတစ်ခု ဖြစ်ခဲ့ရပါတယ်။ ဒါဟာ ဘလောဂ့်လောကကို ဖြတ်သန်းလာသူတိုင်း ခံစားမိတဲ့ အနေအထားဖြစ်ပါလိမ့်မယ်။ စာဆိုတာ အားပေးသူရှိ၊ ဖတ်သူရှိမှ ရေးချင်စိတ်က ပိုလာတာ အသေအချာပါ။ စာရေးချင်စိတ် ရှိကာစ ဘလောဂ့်အသစ်လေးတွေကို အားပေးဖို့ ဘလောဂ့်သက်တမ်း ရနေသူတွေမှာလည်း တာဝန်ရှိတယ်လို့ ကျွန်မ ခံယူပါတယ်။ ဒီတော့ ဘလောဂ့်အသစ်လေးတွေကို အတတ်နိုင်ဆုံးကြိုဆို နေရာပေးသင့်တယ် မဟုတ်ပါလားနော်။

ဘလောဂ့်ရေးသက် ရလာတော့ ဖတ်မိတဲ့ ဘလော့ဂ်တွေလည်း များလာပါပြီ။ စာမရေးခင်ကတည်းက ဖတ်လာလိုက်တာ ခုဆို ဘလော့တွေ အများကြီးကို တွေ့ပြီးဖတ်ပြီးခဲ့ပါပြီ။ ကျွန်မဖတ်ခဲ့တဲ့ ဘလောဂ့်တွေကို ပြန်ပြီး ဖော်ပြရင်း နှစ်သက်ခဲ့တဲ့ တစ်ဦးစီရဲ့  ပိုစ့်တွေကို အခြားသူတွေပါ ဖတ်ချင်ရင် ဖတ်နိုင်အောင် လင့်ကလေးတွေ ပေးထားပါတယ်ရှင်။


စာဖတ်သူတွေကို စိတ်ခွန်အားတွေ အမြဲဖြည့်ပေးပြီး ဆားခတ်ထားတဲ့ ကော်ဖီတစ်ခွက် ကို တိုက်တတ်တဲ့ ချစ်ခင်ဖွယ်ရာ မနိုင်းနိုင်းစနေ။


အောင်မြင်တဲ့ ဘလော်ဂါတစ်ယောက် ဖြစ်စေဖို့ ဆိုတဲ့ ပိုစ့်ကို စေတနာအပြည့်နဲ့ ရေးပြီး အညာအကြောင်းကိုလည်း စာတွေဖွဲ့ကာ သူများနဲ့မတူ “ဟတ်ဟတ်” လို့ ရယ်တတ်တဲ့ ကိုရန်အောင် ။


ကျွန်မငယ်ငယ်ကတည်းက စိတ်ဝင်စားမိတဲ့ ရတနာနတ်မယ် အကြောင်း ပြည့်စုံစွာ ဖော်ပြပေးပြီး ဘလောဂ့်လောက တိုးတက်အောင် အများကြီးဆောင်ရွက်ခဲ့တဲ့ ကိုညီလင်းဆက်။


ဘဝအမောနဲ့ မနောမြေ ဆိုပြီး ဖားကန့်တက် ပိုက်ဆံရှာတဲ့ အကြောင်းတွေကို အတွေ့အကြုံတွေအဖြစ် ရယ်ရယ်မောမော ဝေဝေဆာဆာ ရေးတတ်တဲ့ ကိုနဗန။


ချစ်ခြင်းငယ်ပြိုင် ဆိုတဲ့ ပိုစ့်ကလေးနဲ့ လူပုဂ္ဂိုလ်အသီးသီးတို့ရဲ့ တိုင်းပြည်အပေါ်ချစ်တဲ့စိတ်ကို ခွဲခြမ်းစိတ်ဖြာပြထားတဲ့ ဦးမင်းဒင်။


Email ကျင့်ဝတ်များ ရှောင်ရန် ဆိုတဲ့ ပိုစ့်လေးကို စေတနာနဲ့ ရေးပေးပြီး ဗဟုသုတပြည့်စုံတဲ့ ထက်ထက်မြက်မြက် ရွှေပြည်သူ။

ဘလောဂ့်ရေးခါစကနေ အခုချိန်ထိ တိုင်တိုင်ပင်ပင် ချစ်ချစ်ခင်ခင် ရှိနေမြဲ အစ်မတစ်ယောက်လို ခင်မင်ရပြီး ချီးကျူးစရာ လူတစ်ယောက်အကြောင်းကို စိတ်အသစ်နဲ့လူ ပိုစ့်နာမည်နဲ့ ရေးတဲ့ ရွှေဝတ္ထုတို ပထမဆုရှင် ချစ်သော အစ်မ မမြသွေးနီ။


ကျွန်မနဲ့ မမြသွေးကို ဘလောဂ့်နဲ့ပတ်သက်ပြီး အကူအညီတွေ ပေးခဲ့တဲ့ ဝေဟင်ထဲက စွန်ကလေး ဆိုတဲ့ အချစ်ဝတ္ထုလေးကို ရေးဖွဲ့သူ ချစ်ခင်ရပါသော တစ်နယ်တည်းက ဆရာဝန်မလေး ပန်းရင့်ရောင်။


ရေကန်ထဲကလိပ်ကလေးတစ်ကောင် အကြောင်းကို တွေးစရာ အတွေးလေးတွေ ထည့်ပေးထားပြီး စာလုံးလေးတွေ နူးနူးညံ့ညံ့ သုံးနှုန်းတတ်တဲ့ ချစ်သော မလေး( အိမ့်ချမ်းမြေ့) ။


စာရေးကာစမှာဘဲ မလှည့်နိုင်တဲ့ကြွေ၊ မခုန်နိုင်တဲ့ကြက် ဆိုတဲ့ ပိုစ့်ကလေး သွားဖတ်မိပြီး စာရေးကောင်းလှတာကို သတိထားလိုက်မိရတဲ့ အွန်လိုင်းရွှေဝတ္ထုတိုဆုကို စီစဉ်သူ ကိုမြစ်ကျိုးအင်း။


ကုတ်တံလေးတစ်ချောင်းကို သေသည်အထိ စွဲလန်းကြီးသူတစ်ယောက်အကြောင်းကို အစွဲ ဆိုတဲ့ ပိုစ့်ကလေးနဲ့ ရေးတတ်တဲ့ ချစ်ရပါသော အစ်မ မချစ်ကြည်အေး။

ဟန်ချက်ညီညီ ဆိုတဲ့ ပိုစ့်ထဲမှာ ကျွန်မ၊ မမြသွေးနီ၊ မလေး(အိမ့်ချမ်းမြေ့) တို့ကို အရုပ်ကလေးတစ်ရုပ်စီ လက်ဆောင်ပေးထားပြီး အဲဒီချစ်စဖွယ် အရုပ်တွေကို အပြင်မှာပါ တကယ်ရောက်အောင် ပို့ပေးတဲ့ ခင်မင်ရပါသော ကိုဏီ( ဏီလင်းညို) ။

နေရာလေးတစ်နေရာကို အမြဲတမ်း ဦးပေးထားတဲ့ လွယ်အိတ်နီနီလေး အကြောင်းနဲ့ လူတွေရဲ့ စိတ်သဘောသဘာဝကို ဖော်ကျူးထားတဲ့ နေရာ လို့ အမည်ပေးထားတဲ့ ပိုစ့်ကလေးကို ရေးဖွဲ့တဲ့ ချစ်တဲ့ နှင်း (နှင်းနဲ့မာယာ) ။

အချစ် ဆိုတဲ့ အကြောင်းလေးက တွေးမိတိုင်း ပြုံးစရာအဖြစ် ပေါ့ပေါ့ပါးပါးလေးတွေကို ဆားလေးလေး၊ အချိုမှုန့်ပါ ခတ်ပြီး ရေးလဲရေးတတ်တဲ့ ကိုရင်နော် နဲ့ စကားလုံးသုံးတဲ့နေရာမှာ နုနုရွရွ လှလှပပလေး ရေးဖွဲ့တတ်သူ မခင်လေးငယ်။

အမှားများနဲ့ ပြင်ဆင်ခွင့် ဆိုတဲ့ ပိုစ့်ကလေးက အသက်ကြီးလာလေ အမှားလုပ်တတ်လာလေ ဖြစ်တဲ့ လူတွေရဲ့ သဘောကို ပြောပြတတ်တဲ့ ချစ်သော မမေဓာဝီ။

မသုံးလုံးဗိုလ်ကျောက်၏ ရဲစွမ်းသတ္တိ ဆိုပြီး ငယ်စဉ်အတွေ့အကြုံတွေ သရဲအကြောင်းတွေ ရယ်ရယ်မောမော ရေးတတ်တဲ့ လူချစ်လူခင်များလှပေမဲ့ သေမင်းက စောစောစီးစီးခေါ်သွားခြင်း ခံရတဲ့ ရွှေရတုမှတ်တမ်း ကိုကြီးကျောက်။

ကိုယ်တိုင်လည်း စာကောင်းတွေ ကြိုက်ပြီး သူတစ်ပါးကိုလည်း ပြန်လည်ဝေမျှချင်စိတ်နဲ့ ဘလောဂ့်ပေါ်ကနေ စာကောင်းပေမွန်တွေ အမြဲတင်ပေးတတ်သူ၊ သူ့ချစ်ချစ်ကြီးကို အညာဟင်း ကောင်းလေးတွေ ချက်ကျွေးတတ်သူ၊ မန္တလေးအလည်သွားရင် စားစရာတွေတစ်ခုပြီးတစ်ခု ကျွေးချင်တဲ့ ချစ်ရပါသော အစ်မ မရွှေစင်ဦးနဲ့ သူရဲ့ ချစ်ချစ်၊ မစည်းစိမ်တို့ရဲ့ ဘလောဂ့်။


ပန်းချီလည်း ဆွဲတတ်၊ ကဗျာလည်းဖွဲ့တတ်၊ အတွေးလေးတွေပါတဲ့ စာလေးတွေ အရေးကောင်းတဲ့ မပန်ဒိုရာ။

စိတ်ညစ်ရင်လည်း စာရေး၊ ပျော်ရင်လည်း စာရေးပြီး ဓာတ်ပုံလေးတွေ ရိုက်ရမှ နေပျော်တဲ့ ခံစား ထိခိုက်တတ်လွယ်သော မခင်ဦးမေ။

သုတရစရာလေးတွေကို ဟာသလေးတွေနှောပြီး ထေ့ငေါ့ငေါ့လေး ရေးတတ်တဲ့ ဒူဘိုင်းရွာက ကိုပီတာ


အိမ်ထောင်ရေးဇာတ်လမ်းတွေကို ပညာပေး သဘောမျိုး၊ အချစ်ဝတ္ထုကို သွားခဲ့တဲ့ ခရီးက ဓာတ်ပုံလေးတွေ ဖော်ပြပြီး ရေးတတ်သူ တည်ငြိမ်အေးဆေးတဲ့ ကိုဆိုဆီ ( Sosegado) ။


စာရေးစမှာ ဘလောဂ့်အတွက်ရော၊ ဆေးပညာနဲ့ ပတ်သက်လို့ သိလိုတာရှိရင်လည်း ကူညီ ပြောပြ တိုင်ပင်ဖော်ရတဲ့ ဒေါက်တာဇီဝက (ဆေး-၂) ။

ဟိုက္ကူကဗျာတွေ အရေးကောင်းတဲ့ ချစ်စရာနာမည်လေးနဲ့ မြလေးသျှင်


စာဖတ်အားကောင်းပြီး ရယ်မောနောက်ပြောင်တတ်သူ၊ တပည့်တွေကို အင်မတန်မှ သံယောဇဉ်ကြီးသူ ၊ စာသင်တဲ့ အတွေ့အကြုံလေးတွေ ရေးတတ်သော နေပူတော်ကို နေအပူခံပြီး သူရဲ့ မဒမ်နဲ့ ဟန်းနီမွန်း ထွက်ကြတဲ့၊ ဆရာဟန် ခေါ် ဦးဟန်ကြည်


အလှူအတန်းကို အားသွန်ခွန်စိုက် လုပ်နေပြီး အခြားသူတွေကိုလည်း လှူဒါန်းနိုင်အောင် ကူညီပေးတတ်သူ ချစ်စရာခိုင်လေးရဲ့မေမေ အစ်မဝါ ( မဝါဝါခိုင်မင်း )


နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းတဲ့ ခိုပြာပန်းတွေရဲ့ လှုပ်ခတ်သံ လေးကို တစ်ခုတ်တစ်ရ စာဖွဲ့တတ်တဲ့ ပရဟိတစိတ်အလွန်ရှိသော ညီမငယ် နှင်းဟေမာ ။


ဆိုက်ပရပ်စ်နိုင်ငံမှာ စိုက်ပျိုးတဲ့ သံလွင်သီး( Olive) ခြံကို ကိုယ်တိုင်သွားရောက်ပြီး ပြည့်ပြည့်စုံစုံ စိတ်ဝင်စားဖွယ် ရေးသားဖော်ပြကာ အချစ်အကြောင်းကို ကဗျာတွေ စာတွေနဲ့ ရေရေလည်လည် ပြောတတ်တဲ့ အင်မတန်မှ ခင်မင်ဖော်ရွေတတ်သူ အဖြူရောင်နတ်သမီး ။


ဆေးပညာအကြောင်း၊ ထူးထူးဆန်းဆန်းအကြောင်းတွေ ပြောတတ်ပြီး သည်းထိတ်ရင်ဖိုတွေလည်း အရေးကောင်းသူက ဆရာလေး (သီလရှင် မဟုတ်) သက်တန့်ချို။

အင်မတန်မှ ရှုခင်းလှပသော နိုင်ငံမှာ နေထိုင်သည့်အားလျှော်စွာ ရှုခင်းလှလှတွေ မကြာခဏ ချပြပြီး ဓာတ်ပုံရိုက် အလွန်တော်ကာ လှပတဲ့ နွေဦးကမ်းခြေ တစ်ခုဆီ ဘလော်ဂါတွေကို အလည်ခေါ်ပြီး သူ့မဒမ်၊ သူ့သားငယ် ချောချောလေးနဲ့ မိတ်ဆက်ပေးတတ်သော သားကိုအလွန်ချစ်သူ ကိုညီလင်းသစ် ။


ထိတ်လန့်စရာ သရဲတစ္ဆေအကြောင်းတွေနဲ့ လူကို မကြောက်ကြောက်အောင် ခြောက်တတ်ပြီး လမ်းကြားထဲမှာ သရဲရှိတယ် လို့ သတိပေးထားပြီး ဒီတဂ်ပိုစ့်ကို ပထမဆုံး တဂ်လာသူ ကိုအောင် (ပျူနိုင်ငံ) ။


ကိုယ်ပိုင်စတိုင်၊ ကိုယ်ပိုင်ရေးဟန်လေးနဲ့ နှစ်ကိုယ်ကြားစကား ပြောပြီး ကြောင်တွေအကြောင်းကို ရေးဖွဲ့သွားတဲ့ အက်ဆေးအရေးကောင်းသူ ချစ်သောမယ် ( မယ်ကိုး)။


မြန်မာစာဆရာမ ပီသစွာ စာလုံးလေးတွေ ရေးဖွဲ့အားကောင်းပြီး နူးညံ့လှပစွာ ရေးတတ်တဲ့ ဆရာမ မေငြိမ်းက အချစ်အကြောင်းပြောတဲ့အခါ မှာတော့ သိပ်နားထောင်လို့ ကောင်းရဲ့။  


ဗဟုသုတတွေ ဆည်းပူးရတာနှစ်သက်တယ်ဆိုပြီး သူများတွေကိုလည်း ပြန်လည်မျှဝေတတ်သူ၊ ဝေဟင်ပေါ်ပျံသန်းစို့ လို့ ဖိတ်ခေါ်နေတဲ့ ဂျပန်မှာနေသော မိုးရာသီထဲက ကောင်ကလေး နေဝသန်။


လသာတဲ့ညမှာ ပေါ်လာပြီး လမသာရင် လူပါပျောက်နေတတ်သော၊ ပျော်ပျော်နေတတ်ပြီး ဘလောဂ့်ပေါ်ကနေ ဘဝတစ်ဆစ်ချိုးပြန်ပြီ ရယ်လို့ ပြောသွားတဲ့ ချစ်ခင်ရပါတဲ့ “လသာည” ။


သူ့ကိုယ်သူ တုံးဖလားရဲ့ သူကြီး လူပျိုစစ်စစ်ပါလို့ ဘလောဂ့်ပေါ်မှာကြေငြာပြီး ပုံပြင်တွေ အမြဲ ပြောတတ်တဲ့ ဘိလပ်ရောက် “ကိုကိုမောင်(ပန်းရနံ့)” ။ ပြန်လာရင်တော့ ဘိလပ်ပြန် ကိုကိုမောင် လို့ သူ့ကိုယ်သူ နာမည်ပေးမယ်လို့ သတင်းရပါတယ်။

ဆေးပညာနဲ့ ပတ်သက်တဲ့ သိမှတ်စရာတွေကို မျှဝေ ပြောပြပြီး ဂွတီးဂွကျ လူတွေအကြောင်းလည်း ရယ်စရာပြုံးစရာအဖြစ် ပြောပြတတ်သော ခင်မင်ဖွယ် “မကီ” ။

ဘလောဂ့်ပေါ်မှာ ဖတ်စရာအစုံအလင်ရှိပြီး စားစရာတွေလည်းချက်ပြတတ်ကာ သားသမီးလေးတွေ အကြောင်းလည်း ရေးပြတတ်တဲ့ အော်ဇီရဲ့ ဝင်ငွေထွက်ငွေ အကြောင်းလေးလည်း ဗဟုသုတ ဝေမျှတဲ့ “We She Me” ။

ဘလောဂ့်ပေါ်မှာ ဇတ်ခုံလေးထောင်ပြီး သူ့ဘဝအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ရိုးရိုးရှင်းရှင်း ရေးတတ်တာကြောင့် သတိထားမိရကာ ကျွန်မတို့ဆီမှာတော့ လျှာမဲပန်း သူတို့မွန်ပြည်နယ်မှာတော့ အိုးပုတ်ပန်း လို့ ခေါ်တဲ့ ပန်းကလေးတွေအကြောင်းလည်း ရေးတတ်တဲ့ မင်းသားလေး “မောင်မျိုး” ။


လဘက်မြို့တော်ကို ပုံတွေမပြဘဲ အလည်ခေါ်သွားပြီး နေပြည်တော်ကနေ မကြာမကြာ ပေါ်လာတတ်သူ “ကိုဘကြိုင်” ရဲ့ စာကောင်းလေးတစ်ပုဒ်က လူငယ်များနဲ့ စကားပြောခြင်း။


ခေတ်အကြောင်း စနစ်အကြောင်းတွေ ပြောပြီး ပျောက်သွားကာ ပြန်ပေါ်မလာသေးဘဲ ပီတိအားဆေး ကျွေးသွားတဲ့ ညီမလေးလို ချစ်ခင်ရပါသော “အင်ကြင်းသန့်” ။


ကျွန်မနဲ့ ဘောလုံးပွဲကြိုက်တာချင်းလည်းတူပြီး သူမွေးထားတဲ့ တိရိစ္ဆာန်လေးတွေကို သံယောဇဉ် ကြီးတတ်လွန်းလို့ အတောင်အလက်စုံတဲ့နေ့ ပိုစ့်ကလေးနဲ့ သူ့ရဲ့ ချစ်စရာခိုကလေး ပီဂျီအကြောင်း ပြောပြတတ်တဲ့ ညီမလေး“ ဖြိုးဖြိုးလှိုင်” ။


ဂျပန်မှာနေပြီး ဂျပန်အစားအစာအကြောင်းလေးတွေနဲ့ ဂျပန်သတင်းလေးတွေကို စိတ်ဝင်စားဖို့ကောင်းအောင် ပြောပြတတ်သူ ခင်မင်ရပါသော မကောင်းမွန်ဝင်း။


စာအရေးကောင်းပြီး စိတ်သဘောဖြူစင်မှုကို မွှေးပျံ့တဲ့ ရနံ့လေး ပေးပြီး ဖော်ပြတတ်သူ အွန်လိုင်း ရွှေဝတ္ထုတို ပထမဆုရှင် ညီမလေး မြတ်မွန်။


မျှောလွှင့်နေတဲ့ တိမ်တွေကိုမှ သူ့ဆီမှာ လာနားပါလို့ ဖိတ်ခေါ်ပြီး ဟန်ဆောင်ခြင်းဟာလည်း အနုပညာပါ လို့ သူ့ဘလောဂ့်မှာ ကြွေးကြော်ထားတဲ့ ကိုငြိမ်းနိုင် (ခ) မောင်လေး။


ဘလောဂ့်ပေါ်မှာ လ္ဘက်ရည်ဆိုင်ဖွင့်ထားပြီး တစ်ယောက်တစ်လဲစီ ရသတွေ သုတတွေ ဝေမျှပေးနေကာ ကောလဟာလလား တကယ်လား လို့ မေးနေတဲ့ဆင်တဲကဖေး။


နူးညံ့တဲ့အချစ်အကြောင်းကို သေသပ်လှပစွာ ရေးဖွဲ့တတ်သူ ကဗျာတွေလည်း အရေးကောင်းတဲ့ ညီမငယ် (ရနံ့မပြယ်မဲ့ အဆုံးရဲ့ ကမ္ဘာ) ဘလောဂ့်လေးကလည်း အပြာရောင်ကလေးတွေနဲ့ ချစ်စရာ။


အနေအေးအေး စာအေးအေးလေးတွေနဲ့ အတွေးများများ ရေးဖွဲ့ကာ လောကကြီးက အပေးအယူ သိပ်များတယ်လို့ ငြီးတွားရှာတဲ့ ခင်မင်စရာ သဒ္ဓါလှိုင်း။


ဆင်တဲကဖေးဆိုင်လေးထဲကနေ အပြင်ကို ထွက်လာပြီး လ္ဘက်ရည်ချိုကျ လိုက်ရောင်းနေတဲ့ မောင်ငယ်လေးကလည်း လွမ်းစရာမရှိ ကြယ်ကိုမှ ရူးသွပ်စွာလွမ်းဆွတ်ရင်း နေရာလေးတစ်ခု အကြောင်း ကဗျာလေးနဲ့ ပြောပြတတ်တဲ့ ကြယ်လွမ်းသူ။

အင်မတန်မှ အားငယ်တတ်ပြီး တစ်ယောက်တည်းဆို မျက်ရည်ကျတတ်တဲ့ နူးညံ့သိမ်မွေ့စွာ လွမ်းနေတတ်သူ အမှတ်တရ ပုံရိပ်လေး တစ်ခုအကြောင်း ရေးဖွဲ့တဲ့ ညီမငယ် Black Roze ။


အိန်ဂျယ်လေးတွေကို ချစ်ခင်သဘောကျတတ်ပြီး ကဗျာလေးတွေကိုလဲ ချစ်မြတ်နိုးကာ ရာဇဝင်ထဲမှာ နာမည်ကြီးခဲ့တဲ့ မိန်းမသားတွေအကြောင်း ဂဃနဏရေးဖွဲ့တတ်သူ မိုးငွေ့။


ဓာတ်ပုံလှလှလေးတွေ ချပြပြီး မင်္ဂလာပါလို့ ခင်မင် ပျူငှာစွာ နှုတ်ဆက်တတ်သူ ကိုဂျစ်တူးကလည်း ခြင်္သေ့တွေပေါတဲ့ စကာင်္ပူအကြောင်း ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံလေးတွေနဲ့ ဖော်ပြလေရဲ့။


ခရီးသွားတာကို ဝါသနာပါတဲ့ ကို AATO ကလည်း စိတ်ဝင်စားစရာ ပိုစ့်လေးတွေ မကြာခဏရေးတတ်ပြီး ပုံပြင်တွေနဲ့လည်း ခရီးသွားတတ်ပါတယ်။


ဘလော့ဂ်တစ်ခုကို မောင်တစ်ထမ်း၊ မယ်တစ်ရွက်ရေးပြီး ဗဟုသုတတွေ ကုံလုံကြွယ်ဝစေဖို့ ဆုတောင်း တတ်ကြသူ ငွေလမင်းတို့ မောင်နှံရဲ့ လူမျောက်အကြောင်း ကလည်း စိတ်ဝင်စားဖွယ်။


စာရေးသက် အတော်ကြာပြီဖြစ်တဲ့ ဆရာငြိမ်းကလည်း ထိထိရှရှ၊ ဝေါဟာရ ကြွယ်ဝပေမဲ့ တာတေကြီးကို ငယ်ငယ်က ကြောက်ခဲ့တယ် ဆိုဘဲ။


မှောင်ကြီးမျက်မဲမှာ ဓာတ်မီးလေးထွန်းပြီး အလင်းတစ်စက်ကို လိုက်ရှာနေတဲ့ ယပလက်မြေက ကိုလတ်ကလည်း ဧရာဝတီမြစ်နဲ့ ပတ်သက်ပြီး သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းဖော်ပြထားပါတယ်။


တည်ငြိမ်အေးဆေးတဲ့ အရေးအသားလေးတွေနဲ့ စာဖတ်သူကို စေတနာထားတတ်သူ မသက်ဝေကလည်း စိတ်ရဲ့ ခေါ်ဆောင်ရာကို သနားစဖွယ် လိုက်ပါတတ်သေးတာ။


လူသားအားလုံးအတွက်လို့ အကျယ်ကြီးအော်တတ်တဲ့ မိုးယံကလည်း သိသင့်တာလေးတွေ စေတနာထား ဝေမျှတတ်ပြီး ဧရာဝတီမြစ်ကို ချစ်ခင်စွာနဲ့ ပြည်ကြီးတန်ဆာ ရယ်လို့ တင်စားထားခဲ့တယ်။


နှင်းဆီပန်းတွေကို ချစ်တတ်ပြီး မိန်းခလေးပေမဲ့ စိတ်ဝင်စားဖွယ် စုံထောက်ဝတ္ထုတွေကို ခင်မင်ရသော သိင်္ဂါကျော်ကလည်း အမှုတစ်ခုခုဆို ရေဆုံးရေဖျား လိုက်တတ်သူ။


စာရေးရင် ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း ရေးတတ်တဲ့ ကိုဧရာမသီတာကလည်း စိတ်ကောင်းရှိဖို့ မိမိကိုယ်ကို ပြုစုပျိုးထောင်သင့်တယ်လို့ ဆိုပါတယ်။


အပြုံးတွေကို ပန်းလိုပန်တတ်ပြီး ပန်းကလေးတွေကိုနှစ်သက်သူရဲ့ နေညိုချိန်ရဲ့ ပန်းချီကားချပ်များကို ချယ်မှုန်းပြသထားတာ သိပ်ချစ်ဖို့ကောင်းတယ်။


အိမ်မက်ဆိပ်ကမ်းမှာ ရပ်နားချင်သူ ဗန်းမော်သူလေး ဂျွန်မိုးအိမ်ကလည်း အိပ်ဆောင်မဟုတ်တဲ့ နားနေဆောင်တွေအကြောင်း သူသိတဲ့ ရှုထောင့်ကနေ တင်ပြထားတာလေးက ဗဟုသုတရစရာ။


ဆရာမာန်(တောင်လုံးပြန်) ရဲ့ ဝတ္ထုကို အားလုံးကို ဖတ်စေချင်တဲ့စိတ်နဲ့ အခန်းဆက် ရိုက်တင်ပေးနေသူ ကိုအဖြူလေးကလည်း သူလေးစားတဲ့ လူတစ်ယောက်အကြောင်းကို ကြည်ညိုစိတ်နဲ့ ရေးသား ဖော်ပြထားပါတယ်။


ကျွန်မ ဖတ်မိတဲ့ ဘလောဂ့်တွေများလွန်းတဲ့အတွက် ပိုစ့်တစ်ပုဒ်ထဲနဲ့ ဖော်ပြဖို့ရာ မဖြစ်နိုင်တာကြောင့် မနက်ဖန်မှ ကျန်နေသေးတဲ့ ဘလောဂ့်တွေဖော်ပြဖို့ ဒီပိုစ့်ကို ပြန်ဆက်ပါရစေရှင်။




Image Hosted by PicturePush - Photo Sharing




ဘလောဂ့်ဒေး အမှတ်တရ (၂)


31.08 ကို ဘလောဂ့်ဒေးလို့ သတ်မှတ်ကြတဲ့အကြောင်းရင်းက 3108 ဆိုတဲ့ရက်စွဲက Blog ဆိုတဲ့ စာလုံးလေးနဲ့ သွားတူပါတယ်တဲ့ ။ ဒါကြောင့် ဒီနေ့ကို ဘလောဂ့်ဒေးလို့ သတ်မှတ်ရခြင်း ဖြစ်ပါတယ်။ ဘလောဂ့်ဒေးအမှတ်တရ အတွက် ကျွန်မဖတ်မိတဲ့ ဘလောဂ့်တွေအကြောင်း ဆက်ပြောပါဦးမယ်ရှင်။

တရားဓမ္မတွေ မျှဝေပြီး ကောင်းမှုကုသိုလ်ပြုဖို့ နှိုးဆော်တတ်တဲ့ ဘလောဂ့်တွေကိုလည်း မကြာခဏ အချိန်ရတိုင်း ရောက်ဖြစ်ပါတယ်။ အခြားသူတွေကိုလည်း ဖတ်နိုင်အောင် ကျွန်မရဲ့ ဘလောဂ့်ဘေးမှာ လင့်တွေ ချိတ်ထားခဲ့ပါတယ်။ သူတို့ဘလောဂ့်တွေကတော့ အလှူအတန်းကို ဦးဆောင်ဦးရွက်ပြုနေတဲ့ ဆရာတော် သီတဂူစတား၊ တရားတော်များ မျှဝေပေးတဲ့  အရှင်ကုသလသာမိ၊ အင်္ဂလန်မှာ သာသနာ ပြုနေပြီး အကုသိုလ်ရိပ်က္ခာထုပ်ကို သွန်ထုတ်ပစ်ခိုင်းတဲ့ ဆရာတော် အင်္ဂါမောင် ကနေဒါရောက် မြန်မာဗုဒ္ဓဘာသာအသင်း၊ မြန်မာပြည်တလွှား သာသနာပြုနေတဲ့ ဆရာတော် အရှင် သုခမိန္ဒ(ခ) စဝ်ဆုခမ်း၊ ချက်ကြီးလို့ မိမိကိုယ်ကို သုံးနှုန်းထားတဲ့ ချယ်ရီမြေက ဆရာတော်၊ တရားစာပေတွေ ရေးသားတဲ့ သီရိမင်္ဂလာ၊ ကင်ဆာဖြစ်နေရင် သဘောင်္ရွက်ကို စားပါလို့ တိုက်တွန်းနေတဲ့ ဘုန်းဘုန်း တောက်ပကြယ်စင် ၊ ကိုရင်လေး လို့ ဘလောဂ့်ကို အမည်ပေးပြီး သာသနာအကျိုးကို တတ်နိုင်သမျှ သယ်ပိုးတဲ့ ဘုန်းဘုန်း၊ လူတိုင်းမှာ ခွဲခွာချိန် ရှိပါတယ်လို့ သတိပေးတဲ့ မြတ်ရောင်နီ၊ ဘလောဂ့်တန်းပလိပ်မှာ ဘုရားတွေအများကြီးတင်ထားတဲ့ ကြည်ညိုဖွယ်ရာ ဘလောဂ့်  Shwe Phyu Layမပြီးဆုံးသေးတဲ့ နေ့ရက်တွေကို တရားဓမ္မဖြင့် ကျော်ဖြတ်နေသူ၊ အဖြူရောင်မေတ္တာ တွေ ဝေမျှနေတဲ့ ဖိုးသား၊ စတဲ့ ဘလောဂ့်တွေ ဖြစ်ပါတယ်။

ဟင်းလေးတွေချက်ပြီး ဘလောဂ့်ပေါ်မှာ ဝေမျှနေတဲ့ ဟင်းချက်ဝါသနာရှင်တွေအကြောင်း ပြောပြရရင်...

ဝက်သားပဲငပိချဉ်စပ် နဲ့ မှိုထောင်းလေး နောက်ဆုံးချက်ကျွေးပြီး ဘလော့ဂ်ထဲက ပုန်းနေပြီး ဖေ့ဘွတ်ပေါ်မှာ လန်းနေတဲ့ ဆန်းနီ၊ 

ကျွန်မနဲ့ တစ်ပြည်နယ်တည်းသားချင်းဖြစ်သော မဂျာမုန်းဒန်က ဒိုးနပ် လေးတွေ သိပ်လုပ်တတ်ပြီး ကချင်ဟင်းလေးတွေလည်း ဖွယ်ဖွယ်ရာရာ ချက်ပြတတ်သူ။

အိမ်ရှင်မရဲ့ လက်ရာကောင်းလေးတွေထဲမှာ ကိုးရီးယားထမင်းသုပ် လေးလည်းပါရဲ့။

ယောက်ျားလေးပေမဲ့ ဟင်းချက်ဝါသနာပါပြီး ကျွန်မတို့တောင် တော်တန်ရုံ မလုပ်တတ်တဲ့ စားကောင်းသောက်ဖွယ်တွေကို စိတ်ရှည်စွာ ချက်ပြုတ်တတ်သူ ဆရာ  Steve ရဲ့ Roast pork with pasta salad ကို မြည်းစမ်းကြည့်စေချင်။

တရုတ်တန်းကို လွမ်းတာကြောင့် ဝက်သားတုတ်ထိုးနဲ့ ကြာဆန်ကြော် လုပ်စားကြပါတယ်ဆိုတဲ့  ပါရမီဖြည့်ဖက်လေး ရသာချို၊

ကျွန်မနဲ့ မွေးဇာတိတူတဲ့ ကချင်ပြည်နယ်သူလေး ထမင်းအိုးရဲ့ မိုးကောင်းအစားအစာတွေကိုလည်း ကြုံရင် မြည်းစမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။

နိုင်ငံတကာအစားအစာတွေကို မရိုးရအောင် လှလှပပလေး ချက်ပြတတ်သူ ခင်မင်ချင်စရာ ဝတ်ရည်ရဲ့ ဘလောဂ့်လေးမှာ အီတလီအစားအစာ စပါဂတီ ချက်ထားတာဟာလည်း ပန်းပွင့်လေးလို လှမှလှ။

တီချမ်းကလည်း ဟင်းချက်သိပ်ကောင်းတာ။ သူချက်တဲ့ဟင်းတွေအားလုံး စားချင်စရာတွေချည်း။

အချက်အပြုတ်ဘလာဂ့်တွေကြားမှာ အိုးသူကြီး လို့ နာမည်ပေးရလောက်အောင် ဟင်းချက် ကောင်းလွန်းလို့ ယောက္ခမတော်မလားတောင် စဉ်းစားမိရတဲ့  ချစ်သော Baby Taster ရဲ့ လက်ရာတွေထဲမှာ ကြည့်တာနဲ့ အနံ့တောင် ရလာတယ်လို့ ထင်ရတဲ့ မလေးရှားဒန်ပေါက်

ကြယ်ကြွေတာကို စောင့်ကြည့်ချင်ပေမဲ့ အဖော်တွေကောင်းလို့ မကြည့်ဖြစ်လိုက်ဘဲ သူရိုက်ထားတဲ့ ဟင်းပန်းကန်ထဲက ပုဇွန်ဆီပြန် ကို တစ်ကောင်ချင်း နှိုက်စားချင်းစိတ်ပေါက်လာအောင် အကောင်းဆုံး လက်စွမ်းပြထားတဲ့ အိုင်အိုရာ။

ဘာဟင်း ဘယ်လိုချက်ရမှန်းမသိရင်၊ မြန်မာမုန့်တွေ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိရင် သူ့ဘလောဂ့်ကို ပြေးကြည့်ပါလို့ ညွှန်းရလောက်အောင် အချက်အပြုတ် အလွန်တော်တဲ့ မေတ္တာရပ်ဝန်းလေးထဲက မလုလု။

စုဘူးအိမ်လို့ အမည်လှလှပေးထားတဲ့ ဘလောဂ့်မှာလည်း ဒုက္ခရောက်နေတဲ့ ငါးခူကို ကြော် ထားပြန် သတဲ့လေ။

လွယ်လွယ်ကူကူ စားလို့မြိန်တာလေးတွေ ချက်တဲ့သူရဲ့ နဂါးမောက်သီးဂျယ်လီလေးက ထူးဆန်း နေပြန်တယ်။

ဂျပန်က ကျော်နှင်းဆီလွင်က ကြက်ဟင်းခါးသီးကို တိုဖူးနဲ့ ရောမွှေပြီး ကြော်ထားတာများ သိပ်ကောင်းတယ်လို့ ဆိုပါတယ်။

ဝတ္ထုတွေ အရေးကောင်းပြီး ဘယ်ရီသီးတွေကို ကိုယ်တိုင် တောထဲကနေ ခူးယူတတ်ပြီး မုန့်လေးဖုတ်ထားပါတယ်ဆိုတဲ့ ရိုစ့်က စာတွေနဲ့ ရှုပ်နေလို့တဲ့ သူ့ဘဝရဲ့ အမှတ်တရနေရာလေးကို  ခဏ ပိတ်ထားပြန်တယ်။

စာရေးတဲ့စတိုင်လေးက ရယ်ချင်စဖွယ် ၊ ချစ်ခင်ချင်စဖွယ် ဖြစ်အောင် ရေးတတ်ပြီး ဟင်းကောင်း လေးတွေလဲ ချက်တတ်သူက တီတီဆွိ၊ သူရဲ့ နောက်ဆုံးပိုစ့် မြေအိုး ကြက်တောင်ပံပေါင်း ကတော့ မျက်စိ မလွဲနိုင်လောက်အာင် စားချင်စိတ်တွေ တဖွားဖွားဖြစ်မိစေတယ်။

ပီဇာသိပ်ကြိုက်ပါတယ်ဆိုတဲ့ မမွန်ကလည်း သူကိုယ်တိုင်လုပ်တဲ့ ပီဇာ လေးဟာ တကယ့်ကို ချစ်စရာ၊ စားချင်စရာ။

ချစ်စဖွယ်မိသားစုလေး ပိုင်ရှင် သီရိရတနာမိသားစုရဲ့ ဝက်သားမရမ်းပြားချက်နဲ့ ပဲပုတ်ချက် က နာမည်ကြားတာနဲ့ သရည်ကျမိတဲ့အပြင် ကြည့်ပြန်တော့လည်း မြင်တာနဲ့  ဗိုက်ဆာလာအောင်  ဆွဲဆောင်အား ကောင်းလှပါတယ်။

မီးဖိုချောင် အသုံးအနှုန်းတွေ စုထားတဲ့ စားဖိုမှူး My kitchen my life ရဲ့ ပိုစ့်လေးတွေကလည်း ဖတ်ချင်စရာ။

 စူးနွယ်လေးရဲ့ စိတ်ကြိုက် အိမ်ချက်ဟင်း လေးတွေကလည်း အရသာရှိရှိ၊ အမြင်လှလှနဲ့ တကယ့်ကို စိတ်ရှည်လက်ရှည် ချက်တတ်သူ ။

စန္ဒကူးကလည်း စပျစ်ခြံထဲ အလည်သွားတာ ပန်းခင်းနဲ့ စပျစ်ခင်းရဲ့ အင်မတန်မှ လှပတဲ့ ဓာတ်ပုံတွေ ရိုက်ခဲ့တယ်။ သူ့ပုံတွေကြည့်ပြီး စပျစ်ခြံကို ချက်ခြင်းပြေးသွားချင်မိတာ။

လပြည့်ရိပ်က ပြည်ပရောက်နေသူများအတွက် လ္ဘက်ခြောက်ကနေ လ္ဘက်သုပ် လုပ်နည်းလေးကို သေချာဖော်ပြထားပါတယ်။

ဘလောဂ့်ရေးတာ မကြာသေးတဲ့ အန်တီဦးကလည်း ဘဲအချိုချက်နဲ့ ကြံမဆိုင် လက်စွမ်းပြလိုက်တာ တံတွေးလေး အသာသိမ်းလိုက်ရ။


မကြာခင်ကမှ ဘဝတစ်ပါးကို ပြောင်းသွားကွယ်လွန်သွားတဲ့ မငွေစန္ဒာအတွက် ကောင်းမှုကုသိုလ် လုပ်ပေးပြီး အရိုးကို ရေထဲမှာ မျှောတဲ့ ဓာတ်ပုံတွေက မျက်ရည်ဝဲမိလောက်အောင် စိတ်မကောင်း ဖြစ်ရပါတယ်။

သူဖုတ်တဲ့ ကိတ်မုန့်တွေဆို လှလဲလှတယ် ။ စားချင်စရာကောင်းတယ်။ မြင်တာနဲ့ အရသာရှိတယ် ဆိုတာ သိသာလောက်အောင် တော်လွန်းတဲ့ Evy .

ဂျပန်က ညီမလေးခွန် (သဒ္ဒါကြည်ဖြူ) ကလည်း ကီမိုနိုအကြောင်းလေး ရေးဖူးတယ်။


အချစ်ဝတ္ထု အပျံစားတွေရေးတဲ့ ဆရာမလွန်းထားထား

စာပေလောကမှာ နေရာတစ်နေရာရနေပြီး အောင်မြင်နေပြီဖြစ်တဲ့ ဦးဘုန်း(ဓာတု)

ဝတ္ထုတိုကောင်းကောင်းလေးတွေ ရေးတတ်တဲ့   ရွှေဆုရှင် မချောအိမာန်

ထိုင်းနိုင်ငံကို အလည်လာပါလို့ အမြဲဖိတ်ခေါ်တတ်သူ မခရစ္စတယ်က ထိုင်းမှာ ဆိုင်ဖွင့်မယ်ဆိုရင် ဘာတွေရှောင်သင့်တယ်ဆိုတာ ပြောပြထားပြီး သူရဲ့ Bliss of Us မှာတော့ ထိုင်းနိုင်ငံရဲ့ ရှုခင်းလှလှတွေ တွေ့ရတတ်ပါတယ်။

အိမ်မပြန်ရတာ ကြာပြီလို့ ပြောလာတဲ့ မေလေးက အိမ်ပြန်ချင်ပါတယ်တဲ့။


ယူနီကုဒ်ကို သုံးထားတဲ့ သဉ္ဇာရဲ့ ဘလောဂ့်မှာ လုပ်ငန်းခွင် ဝပ်ရှော့ကနေ ရလာတဲ့ အတွေ့အကြှုံဗဟုသုတကို မျှဝေပေးတတ်သူ။

စာအရေးကောင်းပြီး ရုပ်ကလေးချောတဲ့ ဆုကဗျာက တစ်ခုလပ် မလေးတစ်ယောက်ရဲ့ အကြောင်းကို ကိုယ်ချင်းစာဖွယ် ရေးဖွဲ့ထားပြန်ပါတယ်။


MOBA ဆိုတဲ့ ဆိုဒ်ကလေးကို မြန်မာဘလော်ဂါတွေ အားလုံးပါဝင်စေချင်စိတ်နဲ့ အားကြိုးမာန်တက် လှုပ်ရှားနေတဲ့ မေသိမ့်သိမ့်ကျော်က အမေဆီကို ရေးလိုက်တဲ့ စာလေးတစ်စောင်က အခြားသူတွေလဲ ဖတ်သင့်တာမို့ ပြန်လည်ညွှန်းဆိုလိုက်ပါတယ်။

ကျွန်မဘလောဂ့်ကို သူ့ဆီကနေ ဘာကြောင့်မှန်းမသိ ဝင်မရဘဲ ကျော်ခွပြီးမှ ဖတ်နေရပါတယ်ဆိုတဲ့ ညီမငယ် အိန်ဂျယ်လှိုင်ကတော့ မိုးအတွက် အမှတ်တရ စာလေးတစ်ပုဒ်ကို ရေးဖွဲ့ထားလေရဲ့။

ဥပုသ်နေ့ကို မေ့နေကြသူများအတွက် စေတနာထက်သန်စွာနဲ့ အမြဲတမ်း နှိုးဆော်အသိပေးတတ်သူ ညီမငယ် မိုးခါးက အမယ်အိုတစ်ယောက်ရဲ့ ဘဝနေဝင်ချိန် ကို မျက်ရည်ဝဲလောက်အောင် ရေးဖွဲ့ခဲ့ပါတယ်။

ဗဟုသုလည်းစုံ၊ လေ့လာအားထုတ်မှုလည်း သိပ်ကောင်းပြီး ခရီးတွေ ခဏခဏ သွားရတဲ့ ကို ဇက်တီရဲ့ ဖူးနုသစ်ရဲ့ ဘလောဂ့်မှာ နင်နဲ့ငါတော့ ပြဒါးတစ်လမ်း၊ သံတစ်လမ်း ဘဲလို့ ပြတ်ပြတ်သားသား ပြောထားလေရဲ့။

စာတွေ သိပ်ဖတ်ပြီး သိတာတွေအများကြီးထဲက ဖက်ရှင်အကြောင်း၊ ဒီဇိုင်းအကြောင်း၊ သမိုင်းအကြောင်းတွေ ကောင်းကောင်းကြီးပြောပြနိုင်တဲ့ သက်ပိုင်သူ။

ရွှေအမြုတေရဲ့ ရွှေဆုကနေ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ နေရာများစွာ ရလာပြီဖြစ်တဲ့ မင်းဝေဟင်ရဲ့ ဝတ္ထုတိုလေးတွေလည်း ဖတ်ကြည့်ဖို့ ညွှန်းလိုက်ပါရစေ။


သေသပ်ကျနစွာ စာတွေ ရေးတတ်ပြီး သူ့ဝတ္ထုတွေဖတ်ရင် ရင်ထဲ တစ်ခုခုကျန်ခဲ့အောင် ရေးတတ်တဲ့ လက်ရာကောင်းပိုင်ရှင် ကိုသတိုး။ (သူ့ဘလော့လေး ဖွင့်မရ ဖြစ်နေ) ။

စာရေးတာ မကြာသေးပေမဲ့ စာကောင်းကောင်းလေးတွေကို ရသမြောက်အောင် ရိုးရိုးကလေး ရေးတတ်သူ မိုးပန်းချီ။

မအိမ်သူကလည်း ဘယ်သူနဲ့မဆို မိတ်ဆွေဖြစ်ရတာ ဝမ်းမြောက်စရာပါတဲ့။


ကိုးရီးယားမင်းသား၊ မင်းသမီးအကြောင်း၊ ရုပ်ရှင်တွေအကြောင်းတွေ သေချာကျကျနန ရေးတတ်သူ မဗေဒါလေးက မြန်မာသရဲမ ပါတဲ့ ထိုင်းဇတ်ကား အကြောင်း ပြောပြပါတယ်။

ဝတ္ထုတို အက်ဆေးအရေးကောင်းတဲ့ ကိုလင်းဒီပရဲ့ စာတွေကလည်း အားလုံးကောင်းနေတဲ့ကြားက  အချစ်ဦးမှတ်စ လေးက တကယ်ကိုဖတ်ချင်စရာ။


တောင်ရေးမြောက်ရေး ရေးတတ်တဲ့ ကိုမိုးတိမ်ညိုက ကြံကို မည်သို့စားမည်နည်း။ တဲ့။


လူတွေရဲ့ အကြောင်းကို ထိထိမိမိ ရေးတတ်သလို ကိုယ်တိုင်ရဲ့ အတွေ့အကြုံ အဖြစ်အပျက်တွေကို မကွယ်မဝှက် ရေးတတ်သူ ကိုအောင်ရဲ့ Aung Info.


စာရေးကျဲပေမဲ့ စာရေးကောင်းတဲ့ ကိုခနွဲက အုတ်ကြားမြက်ပေါက် အကြောင်းလေး ရှင်းပြလိုက်တာ ချက်ကျလက်ကျ။


ဘလောဂ့်ကို ကျွန်မတို့လို မြန်မာလို မရေးဘဲ အားကျရလောက်အောင် အင်္ဂလိပ်လို အရေးကောင်းတဲ့ ချစ်ခင်စရာ Mon Petit Avatar ရဲ့ ဘလောဂ့်လေးကလည်း စိတ်ဝင်စားဖွယ် ကောင်းတဲ့ နေရာလေးတစ်ခု ။ (သိပ်အားကျတာဘဲ)။


စာရေးတာ သိပ်မကြာသေးတဲ့ အန်တီတင့်ကလည်း ဘုရားရဲ့ သမိုင်းကြောင်းတွေကို စုံစုံလင်လင် စိတ်ဝင်စားဖွယ် ပြောပြတတ်သေးတာ။


စာရေးကောင်းပြီး သီချင်းကြိုက်တတ်သူ Craton က ဘာကြောင့် လက်အံသေသွားတယ် မသိပါဘူး။


သနပ်ခါးမေ ဆိုတဲ့ နာမည်လှလှလေးနဲ့ ကောင်မလေးကလည်း အလှအပ အကြောင်းတွေများ ဖတ်ချင်စဖွယ် အတော်လေး ရေးတတ်တဲ့ မိန်းခလေး။ အလှအပကို စိတ်ဝင်စားသူများ သွားရောက် လည်ပတ်သင့်တဲ့ နေရာလေးတစ်ခု။

စာလည်းရေးကောင်းပြီး နည်းပညာလည်း နားလည်တဲ့ ကိုလင်းထက်က ကိုယ့်ဘလောဂ့်က ပုံတွေ သူများတွေ မကူးစေချင်ရင် ဘယ်လိုကာကွယ်ရမယ်ဆိုတာ သေချာ ရှင်းပြတတ်သူ။


Vista ရဲ့ ဘလောဂ့်မှာ မြန်မာပြည်ဓာတ်ပုံ၊ အစားအစာ စုံစုံလင်လင် ရှိနေလေရဲ့။

အေးအေးဆေးဆေး စာလေးတွေရေးတဲ့ မတန်ခူးရဲ့ လေနုအေးဘလောဂ်မှာ တို့ခေတ်နဲ့ သူတို့ခေတ်ဆိုပြီး နှိုင်းယှဉ်ပြထားပါတယ်။


အဖြူရောင်လမ်းကလေးရဲ့ ပိုင်ရှင် ကိုဆူးသစ်ကလည်း ဆေးမမီတဲ့ အင်ဂျင်နီယာ အကြောင်း ဟာသလေးတွေ နှောပြီး ပြောပြလေရဲ့။

စိတ်ပညာအထူးကျွမ်းကျင်သူ ကိုလင်းဦးရဲ့ ဘလောဂ့်မှာလည်း တွင်တွင်ကျယ်ကျယ် သုံးလာကြပြီဖြစ်တဲ့ ယူနီကုဒ်အကြောင်း ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။

ဘလော်ဂါအသစ်လေး သမီးစံလေးက သူ့အဖေအမေအကြောင်းကို ပြုံးချင်စဖွယ် ချစ်စရာလေး ရေးထားတတ်သေးတာ။

သီချင်လေးတွေ ကြိုက်တတ်သူ ပေါက် ကလည်း ကော်ဖီသောက်ပြီး တောင်တက်တယ်တဲ့။ သူတက်တဲ့ တောင်ကလည်း ချစ်စရာ ဆင်းဒဝစ်ကလည်း စားချင်စရာ။

ဆုမြတ်မိုးလေးကလည်း သူ့ကိုယ်သူ အလေ့ကျပေါက်တဲ့ မြက်ရိုင်းပင်လေးတစ်ပင်နဲ့ တင်စားထား လေတယ်။

သူ့ဘလောဂ့်ကို ရောက်ဖူးတာ သိပ်မကြာသေးပေမဲ့ စာရေးကောင်းတယ်၊ အစ်မကိုလည်း တအားချစ်တတ်တာကို ချီးကျုးမိရတဲ့ ညီမလေး စန်းထွန်း။

ကဗျာတွေ စကားလုံးထိထိမိမိ အရေးကောင်းပြီး ဝတ္ထုတိုတွေပါရေးဖို့ ကြိုးစားနေတယ် ဆိုတဲ့ နတ်ဆိုးလေး

ဗီယက်နမ်အကြောင်းလေးတွေ ကြုံရင်ကြုံသလို မျှဝေနေတဲ့ Rose of Sharon ရဲ့ ရက်စက်စွာ လှပသော ဆိုတဲ့ ပိုစ့်လေးမှာ ချောမောလှပတဲ့ ဗီယက်နမ်မလေးတွေ တစ်ချို့ရဲ့ စရိုက်ကို ဖော်ကျူးထားခဲ့ပါတယ်။


သစ်တောသစ်ပင်တွေ ချစ်ခင်တဲ့ လူမျိုးအကြောင်း မကြည်ကြည်ရဲ့ ဘလောဂ့်မှာ ဖတ်နိုင်ပါတယ်။ ဘယ်လူမျိုးများ ဖြစ်မလဲဆိုတာ စိတ်ဝင်စားရင်တော့ သွားဖတ်ကြည့်ပါလို့ ။


ဓာတ်ပုံတွေ အများကြီးတင်ထားပြီး အစားအသောက် ပုံတွေများဆို ဗိုက်ထဲက အသံတောင် မြည်လောက်အောင် ပီပြင်ထင်ရှားအောင် ရိုက်တတ်လွန်းသူ ကိုထွန်းထွန်း၊ ခုလည်း အုန်းနို့ခေါက်ဆွဲကြီးက စားချင်စရာရယ်လေ။


ကုသိုလ်ရေး လက်မနှေးဘဲ အများကိုလည်း ကုသိုလ်ယူချင်အောင် လှုံ့ဆော်အားပေး ကူညီတတ်သူ ကိုဇော်သိင်္ခ


ကဗျာကောင်းကောင်း၊ စာကောင်းကောင်းဖတ်ချင်သူများအတွက် နန်းရှင်ရဲ့ ဘလောဂ့်ကို သွားသင့်ပါတယ်။

ပန်းအလှဆင်တာ ဝါသနာပါတဲ့ ရှင်မွှေးကြူလေးဆီ မင်္ဂလာဆောင်မည့်သူများ ဆက်သွယ်နိုင်သေးတာ။



လက်ဆွဲနှုတ်ဆက်လို့ မရှေးမနှောင်းမှာဘဲ လမ်းခွဲကြရပြန်တယ် လို့ ဆိုလာသူ ကဗျာရေးကောင်းတဲ့ ကိုအုပ်ကြီး။

ဝတ္ထုတိုတွေ ပီပီပြင်ပြင်ရေးဖွဲ့နိုင်ပြီး ကဗျာတွေလည်း အင်မတန်ကောင်းအောင် ရေးဖွဲ့နိုင်သူ နှင်းနုလွင်လေးရဲ့ ဖိနပ်ဖိုး လေးကို ဘယ်လိုကျေအောင်ဆပ်တယ်ဆိုတာ ဖတ်ကြည့်စေချင်။


ဒီကိုလာ ဒီကိုလာ လို့ အော်ခေါ်နေပြီး ခရီးသွားဓာတ်ပုံတွေ လှလှပပ တင်ပြကာ အသောအထေ့လေးနဲ့ ရေးတတ်သူ။

စာကောင်းကောင်းလေး ရေးတတ်တဲ့ ရင်မှမိုးစက်ပွင့် ဇူးဇူးကလည်း အရောင်လွှင့်သွားတဲ့ တိမ် အကြောင်း ပြောပြထားသေးတာ။


ဖြူစင်တဲ့ စိတ်ထားလေး ရှိပြီး ခင်မင်ဖွယ်ရာ ဆွေလေးမွန်က သူပျောက်နေတာဟာ မကာအိုကို ခရီးတစ်ထောက် သွားနေတာကြောင့်ပါလို့ ပြောပြပါတယ်။

စာရေးကောင်းပြီး အတွေးလည်းကောင်းတဲ့ ဥက္ကာကိုကိုက ဝါဂွမ်းရောင်ဟာ စနေနှစ်ထပ် မြို့က ပျံသန်းလာတယ် လို့ ဆိုပါတယ်။ နာမည်ဆန်းဆန်းကို စိတ်ကူးကောင်းကောင်နဲ့ ပေးတတ်သူပါ။

အလင်္ကာည ဆိုတဲ့ ဘလောဂ့်လေးမှာ အားလုံးဟာ အညွှန့်တလူလူနဲ့ပါ လို့ ကြွေးကြော်ထားပါတယ်။


ကဗျာတွေကို သိပ်ချစ်တယ်လို့ ဖွင့်ဟစကားပြောကြားပြီး ကဗျာတိုင်းကိုလည်း စကားလုံးလှလှသုံးပြီး ရေးဖွဲ့တတ်တဲ့ နတ်ဆိုးရဲ့ အလွမ်းပုရပိုဒ်ကိုမှ ခိုးယူလာတဲ့ နံမည်လှလှပိုင်ရှင်  လင်းခေတ်ဒီနို

ဆောင်းနှင်းရွက်ဆိုတဲ့ နံမည်လှလှလေးနဲ့ စာတွေရေးတဲ့ ညီမလေးတစ်ယောက်ကလည်း လေဆိပ်မှာ တွေ့ကြုံရတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ ဖတ်လို့ကောင်းပါတယ်။

သူ့ဘလောဂ့်လေးကိုလည်း သိရတာ မကြာသေးပေမဲ့ စာရေးကောင်းတာကို သတိပြုမိကာ အသုံးချခံ လက်စွပ်လေးတစ်ကွင်းအကြောင်း ကို ခံစားချက်တွေနဲ့ ရေးပြသွားခဲ့တဲ့ အိပ်မက်စေရာ။  

စာမရေးတတ်ပါဘူးရယ်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ဝန်ခံထားပေမဲ့ ကဗျာတွေ စာတွေ ဖတ်ကြည့်ပြန်တော့ တကယ့်လက်ရာကောင်းတစ်ခုလို ရေးနိုင်တဲ့ မင်းဧရာ၊

ဆင်တဲကဖေးမှာ ဘလက်ကော်ဖီရောင်းတဲ့ ကောင်ကလေးက ကိုယ်ပိုင်ဘလောဂ့်လေး လုပ်ထားပါပြီလို့ ကြော်ငြာသွားခဲ့သူ ညီရဲသစ် ။

လူ့အသက်ကို ရုပ်ရှင်ဆန်ဆန် စွန့်စားကယ်တင်လိုက်တဲ့ ရဲစုံထောက်တစ်ဦးအကြောင်း စိတ်ဝင်စားဖွယ် ရေးတတ်သူ ဆဲဗင်းဒီဇင်ဘာ

မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ နေရာရပြီး၊ အွန်လိုင်းစာမျက်နှာပေါ်မှာပါ တိုးဝင်လာသော ဝေ(စီးပွားရေး တက္ကသိုလ်) ရဲ့ ကျစ်လစ်တဲ့ အရေးအဖွဲ့နဲ့ ရင်ကိုထိစေတဲ့ ဇာတ်လမ်းရေးဖွဲ့တတ်ပုံက အားကျ အတုယူချင်စရာ။

စာပေကို ဝါသနာပါလွန်းလို့ မန္တလေးကနေ ခက်ခက်ခဲခဲ ရေးနေတဲ့ ကိုကိုးအိမ်ကလည်း အမေမခေါ်ထိုက်သူဆိုတာ ဘယ်လိုမျိုးရယ်လို့ သူ့ ပိုစ့်လေးနဲ့ ရှင်းပြထားပါတယ်။

ဧရာဝတီတိုင်းက ဧရာဝတီစာကြည့်တိုက်ထဲမှာလည်း တန်ဖိုးရှိတဲ့ စာကောင်းလေးတွေ အများကြီး တွေ့ရတယ်။

ရွှေမြန်မာ ဘလောဂ့်လေးမှာလည်း နေပြည်တော်ရှိ သန္တိသုခ စေတီကြီးကို ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်ပါတယ်။

ဘလော်ဂါအသစ် အလင်းသစ်ကလည်း ဝတ္ထုတိုတွေ သိပ်အရေးကောင်းလို့ ချစ်ခဲ့မိ၍ အပြစ်ရှိပါတယ်တဲ့။

ရင်ထဲစိတ်ထဲ ပေါ်လာတာတွေကို ရေးပါတယ်ဆိုတဲ့ စော(အဝါရောင်မြေ) ရဲ့ ဘလောဂ့်မှာ စလေမြို့ရဲ့တန်ခိုးကြီးဘုရားတွေ ဖူးနိုင်သေးတယ်။

မိုးစက်ပွင့်ရဲ့ ဘလောဂ့်ပေါ်က နေကြာပန်းခင်းကြီးနဲ့ ပန်းချီကားတွေက အရောင်အသွေး စိုလက် တောက်ပနေပုံများ တကယ့်ကို လှပချစ်စရာရယ်။

ကောင်းကင်က ဖြူပါတယ်လို့ ပြောနေတဲ့ ဘလောဂ့်မှာလည်း ဗဟုသုတတွေ သိပ်စုံပြီး ကားဝယ်မယ်ဆို ဘယ်လိုအရောင် ဝယ်သင့်တယ်ဆိုတာလေးလည်း အကြံပေးထားပါတယ်။

တိမ်ပြာ(မနောမြေ) ကလည်း အချစ်အကြောင်းကို လေးလေးနက်နက် ဖော်ပြထားတတ်သေး။

အသီးအနှံတွေရဲ့ ကောင်းကျိုးတွေ အမြဲတမ်းဖော်ပြတတ်တဲ့ လရိပ်အိမ်ရဲ့ ဘလောဂ့်လည်း ဖတ်စရာ အစုံအလင်။

ဂျပန်မလေး Mon Mon Yo Ko ဆီမှာ ဂျပန်မီးထွန်းပွဲတော် အချိန်ဇယား လေးတွေလည်း တင်ပေးထား သေးတာ။

ဘလောဂ့်တွေမှာ ပျော်ပျော်ပါးပါး နှုတ်ဆက် စကားပြောကော်မန့်ပေးတတ်သူ မဒမ်ကိုး

ဂျာမဏီက မရှင်လေးကလည်း သူ့အမေရောက်နေလို့ထင်ပါရဲ့ ပျောက်နေတယ်။

ကိုတေဇာရဲ့ လရောင်လမ်းမှာ တိုတိုနဲ့ ထိထိမိမိ ကဗျာလေးတွေ သိပ်ကောင်းတာ။


အက်ဆေးလေးတွေ သိပ်ကောင်းတဲ့ ဂျူနီယာလွင်ဦးရဲ့ ဆဌမမြောက်ခရုခွံအကြောင်း။

ဒူဘိုင်းက ကိုချမ်းလင်းနေလည်း စာမရေးတာ ကြာနေပြီ။

မဆောင်းလည်း လည်သူစားစတမ်း နောက်ဆုံးရေးပြီး ပျောက်နေပြီ။

ချစ်စရာဝတ္ထုတိုလေးတွေ ရေးတတ်တဲ့ ဂျူးလီယက်လေးလည်း ပျောက်နေတယ် ။

မေတ္တာဆန်ရေ နောက်ဆုံးရေးပြီး ပျောက်နေသူ ယွန်း


ညီမလေး ခိုင်နုငယ်လဲ ပေါ်မလာတာကြာပြီ။


ပျော်ပျော်ပါးပါးရွှတ်နောက်နောက် နေတတ်တဲ့ ဝက်ဝံလေးဟာ တကယ်တမ်းတော့ ခလုပ်တိုက်ခဲ့ဖူးသေးတယ်တဲ့။

ညီမငယ်နိုဘယ်မိုးလေးကလည်း သင်္ကြန်ကတည်းက ပျောက်နေတယ်။

မောင်ငယ် ညီသူအိမ်ကလည်း သူ့ကို အင်တာဗျူးပြီးကတည်းက ပေါ်မလာ။

မအနမ်းလည်း စာမရေးတာကြာ။

ဇာင်း တစ်ယောက်လည်း ပျောက်နေတယ်။

 ဒီနေ့မှ သိလိုက်ရတဲ့ ဘလောဂ့်အသစ်လေးပေမဲ့  မဂ္ဂဇင်းစာမျက်နှာပေါ်မှာ နာမည်ရပြီးသား အဖြူရောင်(ရွှေ)


ဘလောဂ့်ဒေးအမှတ်တရအဖြစ် ဖတ်ခဲ့ဖူးတဲ့ ဘလောဂ့်များ၊ လက်လှမ်းမီရာ ဘလောဂ့်များကို ဖော်ပြထားတာ ဖြစ်ပါတယ်ရှင်။ ကျွန်မ မရောက်ဖြစ်၊ မသိသေးတဲ့ ဘလောဂ့်များ၊ ရေးဖို့ကျန်ခဲ့တဲ့ ဘလောဂ့်များ အားလုံးကို တောင်းပန်ပါတယ်။ အွန်လိုင်းပေါ်မှာ စာရေးနေကြသူများ၊ စာမျက်နှာထက်မှာ စာရေးနေကြသူများ၊ ဘလောဂ့်တွေကို နှစ်သက်စွာ စာလာဖတ်ကြသူများ အားလုံးအားလုံး ဒီနေ့ ၃၁.၈.၂၀၁၁ မှာ ကျရောက်တဲ့ Blog Day မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ ဆုမွန်ခြွှေပါရစေရှင်။




Image Hosted by PicturePush - Photo Sharing



ပိုစ့်၂ခုစလုံးကို ခေါင်းစဉ်တစ်ခုတည်းအောက်မှာ တစ်ပုဒ်တည်းအနေနဲ့ ထားချင်တာကြောင့် ဒီပိုစ့်အောက်မှာဘဲ ဆက်ပြီး ထပ်ဖြည့်လိုက်ပါတယ်ရှင်။

ရောင်စုံဖန်သား ကမ်းခြေ


ဒီတစ်ပတ် ရှာဖွေတွေ့ရှိတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုက ရောင်စုံဖန်သားလေးတွေ ပြည့်နှက်နေတဲ့ ပင်လယ်ကမ်းခြေတစ်ခုအကြောင်းပါ။ အဲဒီ ဖန်သားရောင်စုံတွေ ကမ်းစပ်မှာ ရှိနေတဲ့ နေရာက အမေရိကန်၊ ကယ်လီဖိုးနီးယား ပြည်နယ်မြောက်ပိုင်းက Fort Bragg မြို့ ကမ်းခြေတစ်ခုမှာ ဖြစ်ပါတယ်။ အောက်က ပုံတွေမှာ ဖော်ပြထားတဲ့ အတိုင်းပါဘဲ။ ကမ်းခြေတစ်လျှောက်မှာ သဲတွေနဲ့အတူ အရောင်စုံနေတဲ့ ကျောက်ခဲငယ်လေးတွေအရွယ် ကြည်လင်တောက်ပနေတဲ့ အရာလေးတွေ အများကြီး တွေ့ရပါလိမ့်မယ်။



Glass Beach trash glass environment California

ရောင်စုံ ဖန်သားကမ်းခြေ


Glass Beach trash glass environment California


Glass Beach trash glass environment California


Glass Beach trash glass environment California


Glass Beach trash glass environment California

အရောင်စုံပြီး တောက်ပနေပုံများ အံ့မခန်းလှပဆန်းကြယ်လို့ နေပါတယ်။



Image Hosted by PicturePush - Photo Sharing


ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါဘဲ.. အရောင်တွေ စုံလင်လှပြီး ကြည်လင်တောက်ပနေတာကို တွေ့ရမှာပါ။ ကမ်းစပ်မှာ ဖြစ်ပေါ်နေတဲ့ လှလှပပ ဖန်သားစလေးတွေဟာ တကယ်တမ်းတော့ လူတွေက ပြုလုပ်သုံးစွဲကြတဲ့ ဖန်ထည်တွေ၊ ပုလင်းတွေ၊ ဖန်ကရားအိုးတွေ စသဖြင့် ဖန်နဲ့ ပြုလုပ်တဲ့ သုံးစွဲစရာ ပစ္စည်းတွေ ပင်လယ်တွင်း စွန့်ပစ်ကြရာကနေ ကွဲကြေပျက်စီးပြီး ပင်လယ်ရေလှိုင်းရဲ့ ကာလကြာရှည် တိုက်စားမှုကြောင့် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါတယ်။ လူတွေရဲ့ ပြုလုပ်ချက်ကြောင့် မဟုတ်ဘဲ သဘာဝတရားရဲ့ ဆန်းကြယ်စွာ ဖန်တီးချက်ကြောင့် အခုလို အရောင်စုံနေတဲ့ ဖန်သားကမ်းခြေ ( Glass Beach) ရယ်လို့ ခေါ်ရလောက်အောင် ဖန်သားရောင်စုံတွေ ကမ်းစပ်မှာ ပြည့်နေခဲ့တာပါ။


glass beach ft bragg california


 Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

http://seaglassfestival.files.wordpress.com/2008/11/teris-pic.jpg


သို့သော်လည်း ထူးခြားချက်က အခုလို ဖန်သားရောင်စုံတွေဟာ အခြား ဘယ်ကမ်းစပ်မှာမှ မရှိနိုင်ဘဲ ဒီနေရာတစ်ခုတည်းမှာသာ ဖြစ်ပေါ်နေခဲ့တာပါ။ ပင်လယ်ရဲ့ ဆားငံရေတွေက လူတွေ စွန့်ပစ်ထားတဲ့ ဖန်ပုလင်းတွေ အစရှိတဲ့ ဖန်ထည်တွေကို တိုက်စားလိုက်တာကြောင့် ဖန်ကွဲစလေးတွေဟာ အစွန်းအတက်တွေ မရှိဘဲ မျက်နှာပြင်ဟာ ညီညာချောမွတ်၊ တောက်ပနေခဲ့ပါတယ်။ ပင်လယ်ရေကြောင့် ဖြစ်ပေါ်လာတဲ့ ( Sea Glass) ဖန်သားစလေးတွေဟာ အဖြူရောင်၊ အညိုရောင် ၊ အစိမ်းရောင် တို့သာ များပေမဲ့ အခြားသော အရောင်များကိုလည်း ရှားရှားပါးပါး တွေ့ရတတ်တယ်လို့ သိရပါတယ်.။  ခုလိုချောမွတ်တဲ့ ဖန်စလေးတွေဖြစ်အောင် ပင်လယ်ဟာ ဘယ်လောက်ကြာအောင်များ တိုက်စားခဲ့တယ်ဆိုတာ မသိနိုင်လောက်အောင် အံ့သြဖို့ကောင်းနေပါတယ်။





http://seaglassfestival.files.wordpress.com/2008/08/alices-sea-glass.jpg

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဖန်စလေးမှာ ကောက်ယူစုဆောင်း ရှာဖွေနေသူ


အချို့သော သူတွေက ရောင်စုံဖန်သားကမ်းခြေကို တကူးတက အလည်အပတ်သွားရောက်ကြရင်းနဲ့ အခုဆိုရင် အဲဒီ ကမ်းခြေဟာ လူသိများတဲ့ ကမ်းခြေ တစ်ခု ဖြစ်နေခဲ့ပါပြီ။ ကမ်းခြေကို လာရောက်လည်ပတ်ကြသူတိုင်းကလည်း ကမ်းစပ်က ဖန်သား ရောင်စုံလေးတွေကို ရှာဖွေ ကောက်ယူပြီး အမှတ်တရအဖြစ် ယူဆောင်သွားကြလွန်းလို့ နောက်ဆိုရင် ရောင်စုံဖန်သားလေးတွေ ရှားပါးသွားမှာကို စိုးရိမ်နေရပါတယ်။ ကမ်းခြေ အနီးတစ်ဝိုက်က ဆိုင်တွေမှာတော့ ပင်လယ်ကမ်းစပ်က ရရှိတဲ့ သဘာဝ ဖန်သားလေးတွေနဲ့ ပုံစံတူ လူလုပ် ဖန်သားစေ့ကလေးတွေ ရောင်းချတဲ့ဆိုင်တွေ များပြားလာခဲ့ပါတယ်။ ပင်လယ်ဖန်သားကျောက်လေးတွေကို ဖန်စီပစ္စည်းလေးတွေ ပြုလုပ်သလို၊ အခမ်းအနား ဧည့်ခံပွဲတွေမှာလည်း အလှဆင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ရေပန်းစား လူကြိုက်များလာတဲ့ ပင်လယ်ဖန်သားစလေးတွေကြောင့် အတုပြုလုပ်တဲ့လူတွေလည်း များပြားလာနေပါတယ်။


http://www.sunflowerhillsoap.com/Large%20Photos/seaglass_combo.jpg

ပင်လယ်ဖန်သားနဲ့ ပုံစံတူ ပြုလုပ်ရောင်းချတဲ့ ဆပ်ပြာတစ်မျိုးပါ။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ဒီပုံလေးတွေကတော့ ပင်လယ်ကမ်းစပ်က ရတဲ့ ဖန်စလေးတွေနဲ့ ဖန်စီလေးတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

လူတွေဟာ အဲဒီကမ်းခြေကို ရောက်လာကြတိုင်း လှပတဲ့ ရောင်စုံဖန်သားစလေးတွေ အမှတ်တရအဖြစ် ကောက်ယူ စုဆောင်းကြလွန်းလို့ ကြာလာရင် လှပနေတဲ့ ကမ်းခြေဟာ ဖန်သားရောင်စုံစလေးတွေ မရှိတော့ဘဲ Glass Beach ဆိုတဲ့အမည်နဲ့ မလိုက်ဖက်အောင် အလှပျက်သွားမှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်။ သဘာဝတရားက လှပစွာ ဖန်ဆင်းထားပေမဲ့ အဲဒီသဘာဝကိုလည်း လူတွေကသာ ပြန်လည် ဖျက်ဆီးပစ်နိုင်တာပါ။ ၁၉၅၀ ကနေ ၁၉၆၇ခုနှစ်အထိတုန်းကတော့ ၄င်းကမ်းခြေဟာ လှပသာယာမှုမရှိဘဲ အမှိုက်တွေရှုပ်ပွနေတဲ့ သာမန်ကမ်းခြေ တစ်ခုသာ ဖြစ်ခဲ့ပါတယ်. နှစ်တွေကြာလာတဲ့အခါမှာတော့ အမှိုက်သရိုက်တွေကို ဖယ်ရှား ရှင်းလင်းပစ်ခဲ့ကြတဲ့အခါ အရင်က ရှိခဲ့တဲ့ ဖန်ပုလင်း၊ ဖန်ပစ္စည်းတွေဟာ ရောင်စုံဖန်စလေးတွေ ဖြစ်နေခဲ့ပြီး သာယာတဲ့ ကမ်းခြေတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါပြီ။ သို့သော် ခုချိန်မှာတော့ ဒီဖန်ရောင်စုံစလေးတွေကို ကောက်ယူခွင့်ကတ်သန့်ထားလိုက်ပြီ လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ဖန်ရောင်စုံလေးတွေကို မကောက်ယူကြဘဲ ဒီအတိုင်းထားထားမယ် ဆိုရင် အခုလို မြင်တွေ့ရတဲ့အတိုင်းသဘာဝရဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့ ရောင်စုံကမ်းခြေဟာ   ကြည်လင်တောက်ပနေတဲ့ ရောင်စုံဖန်သားလေးတွေနဲ့ ကြည်နူးဖွယ် လှပတင့်တယ်နေဦးတော့မှာ သေချာပါတယ်။



Image Hosted by PicturePush - Photo Sharing


ပဲပြားပေါင်းနှင့် မြေထဲပင်လယ်အသုပ်များ

ဒီတစ်ပတ်  စားသောက်ဖွယ်ရာကဏ္ဍအတွက် ဖော်ပြချင်တဲ့ ဟင်းလျာက လွယ်လွယ်ကူကူ လုပ်စားနိုင်တဲ့ တိုဟူးဖြူ (ပဲပြား) ပေါင်း ဖြစ်ပါတယ်။

တိုဟူးဖြူပေါင်း  


Image Hosted by PicturePush - Photo Sharing 

တိုဟူးဖြူကို ပေါင်းဖို့အတွက် ခပ်ရှည်ရှည် တိုဟူးတစ်တုံးကို အဆင်သင့်ပြင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ခုလိုအရွယ်လေးများ ပိုင်းဖြတ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထုံးဘဲဥ (ဖီတန်) နှစ်လုံး ကို အခွံခွာပြီး အတုံးလေးများ တုံးလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing 

အတုံးလေးများ တုံးထားတဲ့ ထုံးဘဲဥကို တိုဟူးများပေါ် ဖြန့်ခင်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

တိုဟူးများကို ရေနွေးဆူဆူဖြင့် ၅မိနစ်ခန့် ပေါင်းပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ငရုပ်ပွအစိမ်း၊ နံနံပင်များကို ပြင်ဆင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထိုပန်းကန်ထဲကို ငရုပ်သီးစိမ်း၊ ငရုပ်သီးမှုန့်ကြော်ဆီ၊ ပဲငံပြာရည်၊ ရှာလကာရည် ၊ ဆား၊ အရသာမှုန့်တို့ ရောလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

၎င်းအရည်များကို တိုဟူးဖြူပန်းကန်ပေါ် ဖြန့်လောင်းချလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ထို့နောက် မြေပဲဆန်ထောင်းများကို ပန်းကန်ပေါ် လောင်းချလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီပုံစံအတိုင်း စားနိုင်ပြီဖြစ်တဲ့ တိုဟူးဖြူပေါင်း ရပြီဖြစ်ပါတယ်။



~~~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~

စပိန်ကညွှတ်လိမ္မော်သုပ်



asparagus














ကညွှတ်ကို စပိန်လူမျိုးများ သုပ်စားလေ့ ရှိတဲ့ နည်းတစ်မျိုးနဲ့ သုပ်မှာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကညွှတ်များကို ခုလိုအရွယ်များ လှီးဖြတ်လိုက်ပါတယ်။ ထို့နောက် ရေနွေးဆူဆူဖြင့် ၄င်းကညွှတ်များကို ခေတ္တပြုတ်ပြီး ရေအေးအေးဖြင့် စိမ်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီးကညွှတ်များ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ (သို့မဟုတ်) ဆလပ်ရွက် အနည်းငယ်၊ လိမ္မော်သီးစိတ်များ


Image Hosted by PicturePush - Photo Sharing 

လိမ္မော်သီးကို အရည်ညှစ်ပါတယ်။ သံလွင်ဆီ (သို့) နှမ်းဆီ၊ ဆား၊ အရသာမှုန့် တို့ ရောစပ်ထားသော အရည်။ အချဉ်ကြိုက်လျှင် သံပုရာရည်ညှစ်ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing

၎င်းအရည်များကို ကညွှတ်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးများပေါ် လောင်းချပြီး ငရုပ်ကောင်းအနည်းငယ်ထည့် မွှေပေးပါ။


Image Hosted by PicturePush - Photo Sharing 

အရသာတစ်မျိုးနဲ့ ထူးခြားတဲ့ စပိန် ကညွှတ်လိမ္မော်သုပ် ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
Spanish Asparagus and Orange Salad



~~~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~

နောက်ထပ် ဟင်းလျာတစ်မျိုးက တူရကီသခွား၊ ငရုပ်သီးသုပ် ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

သခွားသီး၊ ငရုပ်ပွ အနီအစိမ်း၊ ကြက်သွန်နီ တို့ကို သုပ်ဖို့ပြင်ဆင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

ချိစ်နှစ်ပြားကို အနေတော်အရွယ်များ တုံးပြီး ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊ ငရုပ်သီး၊ လိမ္မော်သီးအရည်၊ သံလွင်ဆီ၊ ဆား၊ အရသာမှုန့်

Image Hosted by PicturePush - Photo Sharing 

နံနံနဲ့ ပူစီနံရွက်၊ ငရုပ်ကောင်းမှုန့်များကို ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
၎င်းအရည်များကိုလောင်းချပြီး ဖြေးညှင်းစွာ လှုပ်ခါပေးပါ။


Image Hosted by PicturePush - Photo Sharing 

တူရကီနိုင်ငံမှာ သုပ်စားလေ့ရှိတဲ့ သခွား၊ ငရုပ်သီးသုပ် ဖြစ်ပါတယ်။

Turkish Salad


Image Hosted by PicturePush - Photo Sharing

အထက်ပါ မြေထဲပင်လယ်အသုပ်နှစ်မျိုးဖြစ်တဲ့  ( စပိန်ကညွှတ်သုပ် )Spanish Asparagus and Orange Salad နဲ့ ( တူရကီ သခွားသီးငရုပ်ပွသုပ်) Turkish Salad နှစ်မျိုးကတော့ အသုပ်များသုပ်ရာတွင် သံလွင်ဆီနဲ့ လိမ္မော်သီးကို အသုံးများကြသော မြေထဲပင်လယ် ဒေသများဖြစ်တဲ့ စပိန်၊ တူရကီ၊ ပါရှန်း ၊ ဂရိ၊ မော်ရိုကို စတဲ့ ဒေသများမှာ စားသောက်ကြတဲ့ နည်းများဖြစ်ပါတယ်။ ၄င်း မြေထဲပင်လယ် အသုပ်များကိုတော့ ကျွန်မရဲ့ ခင်မင်လှစွာသော သူငယ်ချင်း SSY လက်ဆောင်ပေးပို့သော Mediterranean Food Of The Sun စာအုပ်မှ နည်းလမ်းအတိုင်း သုပ်ထားတာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

မြေထဲပင်လယ် အစားအသောက် ချက်ပြုတ်နည်းစာအုပ် ထူထူ လေးလေးလံလံကြီးကို ကျွန်မဆီ  မရောက်ရောက်အောင် ပို့ပေးတဲ့ သူငယ်ချင်း SSY ကို ကျေးဇူးအထူးတင်ပါတယ်လို့ ဒီပိုစ့်လေးနဲ့ အတူ ပြောပါရစေရှင်။



အားလုံးလည်း ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာပြီး သာယာကြည်နူးဖွယ် အားလပ်ရက်များ ဖြစ်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing