လှလှပပ ငါးယပ်တောင်

ကျွန်မ ခရီးထွက်ရာက ပြန်ရောက်ပါပြီ။ ချစ်ခင်ရသော မိတ်ဆွေသူငယ်ချင်းများကို ရုတ်တရတ် နှုတ်မဆက်ဘဲ ဘလောဂ့်ပါပိတ်ပြီး ခွဲခွာသွားခဲ့ရပါတယ်။ ခရီးက ပြန်ရောက်ရင် ဘလောဂ့်ကို ပြန်ရေးဖြစ်ချင်မှ ရေးဖြစ်တော့မယ် ဆိုတဲ့ စိတ်ကူးနဲ့ ဘလောဂ့်ကိုပါ ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မဘလောဂ့်သက်တမ်း တစ်နှစ်ကျော် နှစ်နှစ်နီးပါး အတွင်းမှာ  အခက်အခဲမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ ဘယ်သောခါမှ စိတ်ပျက်လက်ပျက်နဲ့ ဘလောဂ့်ကို ရပ်တန့်ပစ်ခဲ့ဖို့ စိတ်ကူးမရှိခဲ့ဘဲ ဆက်ပြီးရေးနေခဲ့ပါတယ်။ ကျွန်မရဲ့ ဘလောဂ့်ကိုလည်း  ပျက်သွားလိုက် အသစ်ပြန်လုပ်လိုက်နဲ့ ၈ကြိမ်အထိ ပြန်တည်ဆောက်ခဲ့ရဖူးပါတယ်။

စာမရေးတော့ဘူးလို့ ပြောချိန်မှာ ပြန်ရေးဖို့ တိုက်တွန်းတဲ့ အစ်မနဲ့ ညီမလေးလိုခင်ရသူတို့ကိုလည်း ကျေးဇူးတင်ရပါတယ်။ ဘယ်လိုပင်ဖြစ်စေ လွယ်လွယ်နဲ့ စိတ်ဓာတ်ကျ အရှုံးပေးတာမျိုး မလုပ်တတ်တဲ့ ကျွန်မဟာ သူများတကာလို ရသမြောက်အောင် စာရေးကောင်းသူတစ်ယောက် မဟုတ်ပေမဲ့လည်း  မတောက်တခေါက်လေးနဲ့ဘဲ စာတွေ ပုံမှန်အတိုင်း ပြန်ရေးနိုင်အောင် ကြိုးစားပါမယ်လို့ ချစ်သော မိတ်ဆွေများကို အသိပေးချင်ပါတယ်။ ကျွန်မ ပျောက်နေတဲ့အတောအတွင်းမှာ စိတ်ပူပြီး အီးမေလ်းဖြင့် မေးထားကြသူများ၊ ဖုန်းဆက်ပြီး တကူးတက မေးလာတဲ့ချစ်စွာသော အစ်မများ စီဘောက်မှာ မေးထားတဲ့ ညီမလေးတို့ အားလုံးအားလုံးကို ကျေးဇူး အထူး တင်ပါတယ်နော်။


Image Hosted by PicturePush - Photo Sharing


ရောက်လာကြသူများကို ဘလောဂ့်ပြန်လည်ဖွင့်လှစ်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ ငါးပေါင်းတစ်မျိုးနဲ့ ကြိုဆိုဧည့်ခံပါမယ်နော်။ အပေါ်က ပုံလေးမှာ မြင်ရတဲ့အတိုင်း ငါးကို ယပ်တောင်သဖွယ် ပြုပြင်စီမံပြီး ပေါင်းထားတာ ဖြစ်ပါတယ်။ အမှန်ပြောရရင် ဒီငါးပေါင်းနည်းက လက်ဆောင်ရတဲ့ တရုတ်ဟင်းချက်နည်း စာအုပ်ထဲက ဖြစ်ပါတယ်။ စာအုပ်ထဲမှာ ငါးကိုခုလိုလေးဖြစ်အောင် ဖြတ်တောက်ပြီး ပန်းကန်ပြားပေါ် အလှဆင်ထားတာကို အလွန်နှစ်သက် သဘောကျမိတဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ ပြန်လုပ်စားဖြစ်ချိန်မှာ မှတ်တမ်းတင်ထားတဲ့ ပြုလုပ်နည်း အဆင့်ဆင့်ကို ချစ်သော မိတ်ဆွေများအား ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်ရှင်။



Image Hosted by PicturePush - Photo Sharing 

ငါးတစ်ကောင်ကို ကြေးထိုး၊ ပါးဟက်ယူပစ်ပြီး ဗိုက်ကို အလျားလိုက်မဖောက်ဘဲ ဦးခေါင်းနဲ့ ကပ်လျှက် ကန့်လန့်ဖြတ် ဖေါက်ကာ အတွင်းမှ ကလီစာများ ယူပစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ရေစင်အောင်ဆေး၊ ဆူးတောင်များ ဖယ်ပစ်ပြီး ဦးခေါင်းအမြီးများကို ဖြတ်တောက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

ထို့နောက် ငါးကို ကျောကုန်းဘက်ကနေ ဝမ်းဗိုက်နားထိ ရောက်အောင် ခုလိုပိုင်းပါတယ်။ သို့သော် ငါးများ အပိုင်းပိုင်း ပြတ်ထွက်မသွားဘဲ တစ်ကောင်လုံး တစ်ဆက်တည်းဖြစ်နေအောင် ဂရုစိုက်ရပါမယ်။ ပျော့အိနေတဲ့ငါး မဖြစ်ဖို့လည်း လိုအပ်သလို ခက်ဓားထက်ထက်နဲ့ ဖြတ်ဖို့လည်း လိုပါတယ်။


Image Hosted by PicturePush - Photo Sharing 
အကောင်မပျက် ပိုင်းဖြတ်ထားတဲ့ ငါးကို ပန်းကန်တစ်ချပ်ပေါ်မှာ ခုလို ယပ်တောင်ဖြန့်ထားသကဲ့သို့ (သို့မဟုတ်) ဒေါင်းတစ်ကောင် အမြီးဖြန့်ထားသကဲ့သို့  ဖြန့်ခင်းလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ငါးကို အရက် (ဟင်းချက်ဝိုင်) ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်ကြည်၊ ငရုပ်ကောင်းမှုန့်၊ ငရုပ်သီး ကြက်သွန်ဖြူတို့ဖြင့် နယ်ပြီး ၁၀မိနစ်ခန့် ထားလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ဖြတ်ထားတဲ့ ငါးခေါင်းကို ခုလို အလယ်ကောင်မှာ နေရာချပါတယ်။


Image Hosted by PicturePush - Photo Sharing 
ရေနွေးဖြင့် ငါးကိုပေါင်းပါတယ်။

Image Hosted by PicturePush - Photo Sharing 

အချိန်အနည်းငယ်အတွင်းမှာတော့ ငါးပေါင်း ကျက်ပြီဖြစ်လို့ အိုးပေါ်မှချပြီး ငရုပ်သီး၊ နံနံပင်များဖြင့် အလှဆင်ပါတယ်။ ငရုပ်သီးက အပွ အရှည်မျိုး ဖြစ်တာကြောင့် စပ်ဖို့ မပူရဘဲ အလှသက်သက် ပြင်ဆင်ထားတာ ဖြစ်ပါတယ်ရှင်။

Image Hosted by PicturePush - Photo Sharing 
အမြင်အားဖြင့်လည်း လှ၊ အရသာလည်း ရှိတဲ့ ငါးပေါင်းပါ။ တကယ်လို့များ အချဉ်အရသာလေးနဲ့ စားလိုပါက သံပုရာသီးလေးညှစ်ပြီး သုံးဆောင်နိုင်ပါတယ်။



ဒီငါးပေါင်းကိုတော့ ယပ်တောင်သဖွယ် လှပစွာ  ဖြန့်ခင်းထားတာမို့ ကျွန်မက ငါးယပ်တောင်ပေါင်း လို့ အမည် ပေးလိုက်ပါတယ်ရှင်..


ဧည့်သည်လာရင် စိတ်ဝင်စားဖွယ်ဟင်းလျာများ ချက်ကျွေးချင်သူများ၊ ယောက္ခမကို ကြွားချင်သူ(တစ်ယောက်သော ညီမငယ်) အတွက် ဒီငါးပေါင်းလေးက သူတို့ရဲ့အာရုံကို အစွမ်းကုန် ဆွဲဆောင်ယူပေးမဲ့ လှပသော ဟင်းတစ်ခွက် ဖြစ်ပါလိမ့်မယ်နော်။း)


အားလုံး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်..


 Image Hosted by PicturePush - Photo Sharing

41 Responses to “လှလှပပ ငါးယပ်တောင်”

Iora said...

ချောရေ..
ငါးလေးကလည်းလှ။ အရသာကလည်းကောင်းမှာသေချာတယ်။
ဘလော့ရေးဖြစ်ချင်မှရေးတော့မယ်လို့ ဖတ်လိုက်ရတော့အရမ်းအံ့သြသွားတယ်။ စာရေးအားလည်းကောင်း၊ စာဖတ်အားလည်းကောင်း။ ရေးရင်လည်း ဗဟုသုတရော၊ ရသရော၊ ပီပီပြင်ပြင် ရေးဖွဲ့ နိုင်တဲ့သူက။ ပရိတ်သတ်ကလည်း အများကြီး။ ဘာကြောင့်များ အဲလို တွေးခဲ့တာပါလိမ့်လို့ .....

အမြဲတမ်းခင်မင်အားပေးနေမဲ့..
အိုင်အိုရာ

ahphyulay said...

အင်း..
အဲ့ ဒီ ငါးမျိုး ဒီမှာလည်းရှိတယ်လေ၊
ဈေးကြီးပေးမှ စားရတယ်။ ဒါနဲ့  ..
ဘလော့ ပိတ်လိုက်မယ်လို့  စိတ်ကူးခဲ့ ဘူး
တယ်ဆိုရင် ဘလော့ ကို “နာ” သွားလို့ 
စိတ်ကုန်လို့ ၊ မကြိုက်တော့ လို့  ဆိုတဲ့ 
လို့  .. ပေါင်းများစွာထဲက တစ်ခုခု မ ချောမှာ
ဖြစ်ခဲ့ ရပြီ။ မလွှဲမရှောင်သာ၊မတတ်သာတော့ 
သော အကြောင်းကြောင့်  ပိတ်သွားရတာ
ဆိုရင် မပြောသာပေမဲ့  လွှဲရှောင်သာသေးလို့ 
ရတဲ့  အကြောင်းလေးတွေ ရှိနေသေးရင်တော့  ဘလော့ ခရီးကို
ဆက်စေချင်သေးတယ်လေ၊
မ ချောရှောက်ခဲ့ တဲ့ လမ်းတစ်လျှောက်
အသီးသီးသော ပရိတ်သတ်တွေကို
အတိုင်းအတာ တစ်ခုထိ မ ချောတွယ်တာ
မိခဲ့ မယ်လို့  ယုံကြည်ပါကြောင်း..။

ခင်တဲ့ 
အဖြေးလူ

PhyoPhyo said...

ငါးယပ်တောင်ပေါင်း လှလိုက်တာ။ ဘလောဂ့်အပေါ်၊ စာဖတ်သူတွေအပေါ်စေတနာထားလွန်းတဲ့မချောက ရေးဖြစ်ချင်မှ ရေးဖြစ်တော့မယ်လို့ ဘာလို့ စိတ်ကူးလိုက်တာပါလိမ့်။
ငါးယပ်တောင်ဟင်းလေးအတွက်ကျေးဇူး။
နောက်ထပ်ပိုစ့်တွေအတွက်လည်း ကျေးဇူးကြိုတင်ထားလိုက်မယ်။ ဒါမှ ;)
ချစ်တဲ့
pp

မချောရေ..
ငါးယပ်တောင်လေး အတုယူသွားတယ်..
ကျေးဇူး..
ငါ့အမ ပျောက်သွားလို့ စိတ်ပူပြီး ဟိုမေးဒီမေးနဲ့ ပြာရာခပ်သွားသေးတယ်၊ မကြီးရွှေစင်ဆီကနေ မချောခရီးသွားနေတာသိရတော့မှ စိတ်ပူသက်သာသွားတာ..
နောက်ဆိုရင် ပြောသွားကွယ်..
စိတ်ပူအောင်မလုပ်နဲ့..

Anonymous said...

Thank God, I couldn't access your blog since your last dish and now I know why. Please keep blogging Chaw and thank you so much for this beautiful recipe.
Mon Petit Avatar

Anonymous said...

ညီမ ချောရေ

စိတ်ပူပ ပျောက်ချက်သားကောင်းတာ ချစ်ကြည်အေး ဖုန်းဆက် မေးပေးမှ ခရီးထွက်နေတာ သိရတယ်

အခုတော့ စိတ်အေးအေး နဲ့ ငါးယပ်တောင် ဟင်းလေး စားသွားတယ် လုပ်နည်းလေး လည်း မှတ်သွားတယ်နော် ကျေးဇူး

ခင်မင်တဲ့
ရွှေစင်ဦး

ကိုကိုမောင်(ပန်းရနံ့) said...

မချောရေ...
အားလုံးက စိုးရိမ်နေကြတာ။ ဟိုမေးဒီမေးနဲ့ပေါ့။ မချောက ပို့စ်တွေ ခဏခဏ တင်နေကျဆိုတော့ အခုလို ပျောက်သွားတော့ စိတ်ပူနေကြတာ။ ဘာဖြစ်ဖြစ် အားမလျော့ပါနဲ့။ လူတိုင်းမှာ စိတ်ဓါတ်ကျစရာတွေ တစ်ပုံတစ်ပင်ကြီး ရှိတတ်ကြပါတယ်။ ဆက်လက်ပြီး ရေးသားမျှဝေပါ။ စာဖတ်လာတဲ့သူတွေ အသိတစ်ခုခုရသွားတယ်ဆိုရင် ဒါလဲ ကုသိုလ်တစ်မျိုးပါဘဲ။

မချောပြင်ကျွေးတဲ့ ငါးစကြာ (သို့) ငါးပန်းပွင့် ဟင်းလေးကို စားသွားပါတယ်။း))))

ခင်မင်လျက်

သီဟ said...

အရင်ကတော့ comment လေးတွေ မရေး ဖြစ်ခဲ့ ပါဘူးဗျာ။ဒါပေမဲ့ စာလေးတွေ ခိုးခိုးဖတ်မိပါတယ်။အဲ့ဒီအတွက် ခွင့်လွတ်ပေးမယ်လို့ ထင်ပါတယ်။ကျွန်တော်ကတော့ စာခိုးဖတ်လို့ ပျောက်သွားတယ်ထင်တာ...:) ။နောက်ကို မှတ်ချက်လေးတွေ ရေးသွား ပါတော့မယ်ဗျာ။

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သားရည်ယိုသွားပါတယ်-

...အလင်းစက်များ said...

နံနံပင်များများအုပ်ပါ.....။ သံပုရာသီး အခြမ်းလိုက် စိတ်ထည့်ပါ။ ငြုပ်သီးအစိမ်းထောင်း များများတင်ပါ...။ အရွက်တွေ ဘေးနားက အုံပေးပါ။

အဟဲ....... ဆှာလုပ်တာ... ။

အစ်မ ပြန်လာတာ ၀ဲလကမ်းပါ အစ်မချော။ နောင်တစ်ခါဆို ဧည့်စာရင်းတိုင်သွား စာမလာ သတင်းမကြား မလုပ်နဲ့  ။ ပိတ်သတ်တွေကို အဲ့လို ပစ်ထား မသွားနဲ့ ဗျိုး။

(ဟောက်ထားမှ) ဟဲဟဲ

nandasara.ashin said...

ချောရေ ကွန်နက်ရှင် မကောင်းလို့ ငါးပုံတွေ အကုန်မပေါ်နိုင်ဘူး ဖြစ်နေတော့ ပေါ်သလောက်ပဲ ဘုဉ်းပေးသွားတယ်။

အစိမ်းရောင်ရေ ရက်စက်လိုက်တာဗျာ။ မပြောမဆိုနဲ့ တိတ်တခိုး ထွက်သွားလိုက်တာ။ ဘုန်းဘုန်းလည်း သုံးရက်ခရီးထွက်သွားပြီ ပြန်လာတော့ ချောဘလော့ကို ဖွင့်မရတော့ဘူး။ အဲဒါနဲ့ ဒီနေ့မရ နက်ဖန်တော့ ရမှာပါဟေ့ဆိုပြီး အဲဒီလိုနဲ့ တစ်ပတ်တောင် ကျော်လာခဲ့ပြီ။ ကြီးမေဆီကို မေးသေးတယ်။ ကြီးမေက သူလည်း အီးမေးလ်နဲ့ စာပို့ထားတယ်။ စာမပြန်ဘူး၊ အဝေးကနေပဲ ဆုတောင်းပေးရတယ်ဘုန်းဘုန်းရယ်လို့ ဆိုလာပြန်တော့ စိတ်ထဲမှာ တစ်မျိုးကြီး ဖြစ်သွားပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်လေ။ ခုလို ရုတ်တရက် ပြန်တွေ့၊ ပြန်ဆုံရတာကိုပဲ ၀မ်းသာလို့ မဆုံးနိုင်ပါဘူး။

ကျန်းမာပျော်ရွှင်ပါစေနော်...

flowerpoem said...

အမရေ ဘလော့ကို မပိတ်ပါနဲ့ ဆက်ရေးပါ . အားပေးလျှက်ပါ.

ခရစ္စတလ် said...

ငါးဆိုရင်တော့ များတို့ အကြိုက်ပဲ။
ချော ခရီးက ပြန်ရောက်တာ ဘာတွေ လက်ဆောင်ပါလဲဝေ၊ များတို့ကို ကြွားအုံးလေဟယ် :)

ယောက္ခမ said...

အားအား မအားအား စာရေးဒါပြဲး)
ငါးကို အဲ့လို ပါးပါးလေး တခါမှ မတုံးဖူးဘူး
မတုံးတတ်ဘူးနော် သိလား လာသင်ပေး

zp said...

ဆိုက်ထဲ ဝင်မရတာနဲ့ ဘလောက်များ အဟက် ခံသလားလို့ စိုးရိမ်မိတယ်..ဒီနေ့အသစ်တက်လာတာနဲ့လာစားသွားတယ်နော်။

Aunty Oo said...

ငါးလေးတုံးထားတာလှလိုက်တာ၊ညီနေတာဘဲ။စားလို.လဲ
ကောင်း၊ကျန်းမာရေးနဲ.လည်းညီတဲ့ငါးပေါင်းလေးစား
သွားပါတယ်။အမြဲအားပေးနေပါတယ်။

ဘာဖြစ်လို့ ဘလော့ဂ်ကို ပိတ်မှာလဲ? ကိုယ်ပြောချင်တာ ပြော၊ ကိုယ်ရေးချင်တာ ရေး၊ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံယူချက်နဲ့ ကိုယ်၊ ကိုယ့်ရဲ့လုပ်ရပ်ဟာ တစ်စုံ တစ်ဦးကို ထိခိုက်နစ်နာစေဖို့ မရှိဖူး ဆိုရင် (အဲဒီလို ယုံကြည်ရင်) ရဲရဲ လုပ်ရဲတဲ့ သတ္တိ ရှိစေ့ချင်ပါတယ်။ လေယူရာကို တိမ်းတယ်ဆိုတာ လူတွေ ခြေထောက်အောက်က မြက်ပင်ပါ။ လူတွေ ခေါင်းထက်က မိုးနေနိုင်တဲ့ သစ်ပင်က လေယူတိုင်း မယိမ်း မနွဲ့ပါဖူး။ ဒီလိုမျိုး ခံယူ ကြိုးစားစေ့ချင်ပါတယ်။ နောက်ပြီး မချောဟာ မချောပါ၊ ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့ မရပါဖူး။ သူများနဲ့ တူစရာလဲ မလိုပါဖူး။ လူတိုင်းကိုယ်စီမှာ သူ့ကိုယ်ပိုင် သူ့ပုံစံ ရှိကြတာဟာ အလှတစ်ခုပါ။ ဒါကြောင့် စာရေး ကောင်းကောင်း၊ မကောင်းကောင်း မချောရေးတဲ့ စာက မချောရဲ့ စာပါဘဲ။ ဘယ်သူ လာလာ မလာလာ၊ ဘယ်သူ အားပေးပေး၊ မပေးပေး၊ ဘယ်သူ ဘာပြောပြော ကိုယ့်ရည်ရွယ်ချက်၊ ကိုယ့် ခံစားချက်၊ ကိုယ့် ဝါသနာ၊ အတွက် ကိုယ့်မှာ ကိုယ်တိုင် လုပ်ဖို့ အခွင့်အရေး ရှိကြပါတယ်။
ခင်မင်စွာဖြင့်-
အောင်အောင်

Monmon Yoko said...

မမချော
တလောက ဘလော.တွေအဟက်ခ် ခံရတော. မမချောဘလော.လဲဘာများဖြစ်လို.လဲမသိဘူး၊ private ပဲလုပ်လိုက်သလား၊နာမည်ကြီးဆိုက်ဆိုတော. အဟက်ခ်ပဲခံရသလားဆိုပီး ဟိုတွေးဒီတွေးနဲ. စိတ်ပူနေတာ။ခု မချောဆိုက်ကိုပြန်မြင်ရတော. ဝမ်းသာပါ၏။
BTW... ငါးလှီးထားတာလှ၏။

ချော ရေ ....ဘလော့ပိတ်သွားလို့ စိတ်ပူနေတာ သိလား။
ဘာလို့ ဘလော့ကို ပိတ်မှာလဲး ။
မပိတ်ပါနဲ့။
နားတော့ မလည်ဘူး။
ဒါပေမယ့် ဘလော့ကို မပိတ်နဲ့နော်။
ချော ဘလော့ကို ဖွင့်မရရင် စိတ်ပူတယ်။
ဒီနေ့ ချော ချက်ထားတဲ့ ငါးဟင်းလေးက စားချင်စရာ။ ယူစားသွားပီနော်။ :)

mstint said...

ဒီကနေ့ မနက်စောစော ဘလော့ဂ်ဝင်ဖတ်တော့ ကိုဇော်ရဲ့ ပို့စ်အသစ်ကိုဖတ်ရတယ်။
ညအိမ်ပြန်ရောက်လို့ ဘလော့ဂ်ကိုဝင်ဖတ်တော့ ချောရဲ့ ပို့စ်အသစ်ကို ဖတ်ရတယ်။
စိတ်ထဲမှာ အတော်လေး ပျော်သွားတယ် ချောရေ။ ငါးလေးတွေကို လှီးထားလိုက်တာ ပညာပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

မကြီးချောရေ..
စာတွေဆက်ရေးပါဦးနော်..
ငါးဟင်းလေးတွေလည်းချက်ကျွေးပါဦးနော်

ချစ်တဲ့ blackroze

ဟန်ကြည် said...

ဘလော့ကို မပိတ်ပါနဲ့ ဒေါ်ချောရေ...ရှင်ကနည်းရတဲ့ ကြားထဲ အဂ္ဂကပါ လူထွက်ဦးမယ်ဆိုတော့ ဘလော့ရွာ ဘယ်မှာ စည်ကားပါတော့မလဲ...ဒေါ်ချော သွားသမျှ နောက်ကနေ အချောင်လိုက်...ဒေါ်ချော ချက်သမျှ နောက်ကနေ အချောင် သွားရည်ကျနေတဲ့ ဦးဟန်ကြည်တို့လို ပရိသတ်တွေ တတပ်တအား ရှိနေမင့်ဟာ...ဘာပဲဖြစ်ဖြစ် စိတ်မညစ်ကြေး ဒေါ်ချောရေးတိုင်းစောင့်ဖတ်မဗျား...

Nyi Linn Thit said...

ဘလော့ဂ် ဝင်လို့မရတော့ ခရီးထွက်သွားတာပဲ ဖြစ်မယ် လို့ ရိုးရိုးလေးပဲ အောက်မေ့ထားခဲ့တာ...၊ ဘယ်လို အကြောင်းတွေပဲ ရှိခဲ့ရှိခဲ့၊ ပြန်လာတာကို ဝမ်းမြောက်စွာ ကြိုဆိုပါတယ်ဗျာ..၊ ငါးယပ်တောင်လေးက ခပ်ထုတ် လိုက်မယ့် လေနုအေးတွေ လွင်ပြင်စိမ်းစိမ်းပေါ်မှာ တောက်လျှောက် ဆက်ပြီး တိုက်ခတ်နိုင်ပါစေလို့...။း)

rose said...

sis Chaw, when I couldn't open your blog, I was so worried. I deactivated my Facebook account so I couldn't contact you through FB. I don't know neither your e-mail address. You can find my e-mail on my profile, sis. I'm so relieved and happy to see you.

ကိုယ်ပြောချင်တာတွေ အပေါ်ကလူတွေ အကုန်ပြောသွားကြလို့ ပြောစရာတောင် မကျန်တော့ပါလား ... ။

အစိမ်းရောင်လွင်ပြင်ကြီးကို ခုလို ပြန်မြင်ရလို့ အလွန်ပဲ ၀မ်းမြောက်မိတယ် ချောရေ ...
ချောရဲ့ လွင်ပြင် ... အမြဲစိမ်းလန်း ငြိမ်းချမ်းပါစေ ...

ချစ်တဲ့
မမေ

nilar said...

I got worried when i can't open your blog. Thank you for came back .

ဟင်းကောင်းကောင်းနဲ့ကို ဗြုန်းကနဲ ပြန်ေ၇ာက်လာေ၇ာပဲ.. :D.. စားလို့ကောင်းမယ့်ပုံပဲ...

ခင်မင်လျက်
နေ၀သန်

အဲလို အရသာနဲ့ ငါးပေါင်းတော့စားဖူးတယ်...။ ဒါပေမယ့် ယပ်တောင်ပုံတော့မလုပ်ဖူးသေးဘူး...။ ကျေးဇူးပါ ချောရေ...မျှဝေပေးတဲ့အတွက်...။

ခင်တဲ့
မိုးငွေ့

Anonymous said...

အစိမ်းရောင်လွင်ပြင်လေးကို ပြန်ဝင်လို့ ရလို့ ဝမ်းသာလိုက်တာ :))))))))
ငါးယပ်တောင်တဲ့ ။ နံမည်ရော .. ပြင်ဆင်ထားတာလေးရော အဆန်းပဲ..
နောင်လည်း ဟင်းအဆန်းလေးတွေ များများတင်ပါနော်..

ခင်မင်လျှက်..
ညယံ

ချောရယ်
စိတ်ပူနေတာ စစနဲ့ အစ်မတို့ကိုတောင်မေးမိသေးတယ်။
ငါးဟင်းနောက်တစ်ခေါက်ထပ်လာနည်းယူဦးမယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အားပေးကြသူများ စိတ်ပူပြီး မေးမြန်းကြသူများ သတိတရ ရှိနေကြသူများ အားလုံးကို ကျေးဇူးတင်မိပါတယ်။ ဘယ်လိုဘဲဖြစ်စေ စာတွေ ဆက်ပြီးရေးသွားပါ့မယ်။ စိတ်ပူအောင်လုပ်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်။ အားလုံးက ခုလို အားပေးကြတဲ့အတွက်လည် လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ရှင်..

မိုးစက်ပွင့် said...

စားချင်စရာလေးနော်..
ငါးရံ့ကိုချက်ရင် ကောင်းမယ်လို့ထင်တယ်...
စမ်းကြည့်ဦးမှပါဘဲ..ကျေးဇူးပါ ချော

အမလည်း ဘလော့ဂ်ထဲမဝင်ဖြစ်တာမို့ ချော ပျောက်နေတာ သတိမထားမိဘူး။ အမဇင် ပြောပြမှပဲ စိတ်ပူပြီး ဖုန်းဆက်ကြည့်တာ။ ဘလော့ဂ်မှာ စာရေးရတာ ပျော်တဲ့ငါ့ညီမ ဘလော့ဂ်အမြဲပိတ်ဖို့ ဆိုတာကို မတွေးမိပါဘူး။ တခုခုဖြစ်သလား ဆိုတာပဲ တွေးမိတာ။ ငါးယပ်တောင်ဟင်းလေးက ချစ်စရာရယ်၊ ဖဲ့ရမှာ နှမျောစရာကြီး.....:)

ချောရေ...
ငါးကိုအဲလိုညီညီလေးလှီးဖို့ဆိုတာ နည်းတဲ့ပညာလား..
လှလိုက်တာပြောမနေနဲ့ မစားရက်တော့ဘူး..သိလား..
ခေါင်းလေးပါပါသေး... ဟူးးးးး
ညကတည်းက ပုံကြည့်ပြီးအသည်းယားနေတာ.. မြန်မာဖောင့်မရှိလို့ ၀င်မရေးခဲ့ရဘူး..း)))
ဘာလို့ဘဲပျောက်ပျောက်.. ပြန်ပေါ်လာပြီဆိုရင် ထပ်မပျောက်ကြေးနော်..

ဘလော့ဂ်ကိုဝင်လို့မရတုံးက ဟိုးတစ်ခါ ညီမရဲ့ဘလော့ဂ်ပျက်သွားလို့ Backup လုပ်ထားတာကနေ အသစ်ပြန်လုပ်ယူရတယ်ဆိုတာ တခါဖတ်ဖူးထားတော့ အဲလိုပဲထပ်ဖြစ်တယ်ထင်နေတာ။ ပိတ်ထားတယ်လို့မထင်မိဘူး။ ပြန်လာတာကို ကျေးဇူးလဲတင် ၀မ်းလဲသာပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်လုပ်တဲ့အလုပ်တခုအပေါ်မှာ ကိုယ့်စိတ်ထား စေတနာသာမှန်ခဲ့ရင် ဆက်သာလုပ်ဖို့အားပေးပါတယ်။ လုပ်နိုင်တဲ့အချိန်အထိသာ ဆက်လုပ်သွားပါညီမရေ။ ငါးပေါင်းကို စမ်းသပ်ကြည့်အုံးမယ်။ အဲဒီလိုမလှီးဖူးဘူး။ လက်လွန်ပြီး အကုန်ပြတ်သွားမှာတော့ စိုးမိသား...

kiki said...

ဂျီးဒေါ်ချော...
carry on ...
ငါးဟင်းလှလှလေး သွားရည်ကျ ပြီးတော့ ၊ စာလှလှလေးတွေ ဖတ်ဖို့ စောင့်နေတယ်...။

ညီညီမောင် said...

မချော
စာတွေအများကြီးရေးစေချင်တယ်ဗျာ
စာဖတ်သူကို စေတနာထားပြီး ရေးတတ်တဲ့ဘလောဂ့်တွေကို ဘာအကြောင်းမှ မပျောက်ပျက်သွားစေချင်ဘူး
ဆက်ရေးပါလို့ တိုက်တွန်းပါတယ်။

သဲသဲ said...

အစ်မချော
စာမရေးဘဲတော့မနေပါနဲ့နော်
သမီးတို့ အစ်မဘလော့ကို အမြဲလာဖတ်ပါတယ်
နောက်ကို မပိတ်ပါနဲ့နော်

Anonymous said...

Ma chaw
I am one of your regular reader.I felt lost of something when i couldn't open your blog.Now i feel great as you are safe and come back.i will support you forever.You are the super blogger.

နေ့တိုင်းဝင်ဖတ်နေတာ.
ဝင်လို့မရလို့ဘာဖြစ်ပါလိမ့်ပေါ့
....
ခုမှပဲထူးဆန်းထွေလာတွေဖတ်ရတော့တယ်
မချောရေ..ဆက်ရေးပါ.
ဘာကိုမှဂရုစိုက်စရာမလိုပါဘူး
အားပေးလျှက်

မဒိုးကန်

Anonymous said...

မမရယ်...
ဆက်ရေးပါ။ အားပေးနေပါ့မယ်။ မအားလို့ မရေးနိုင်ဘူးဆိုရင်တောင် blog တော့ မပိတ်ပါနဲ့လေ။
စာဖတ်သူတွေ မှတ်သားစရာရှိတာလေးတွေ ပြန်ကြည့်လို့ ရတာပေါ့။