ဘယ်ဘက်နားဖြင့် နားထောင်ပါ...

နေ့စဉ်နေထိုင်မှုဖြစ်စဉ်အတွက် သင့်ကျန်းမာရေးနဲ့ လုံခြုံစိတ်ချရေးတို့အတွက် လိုက်နာသင့်တဲ့  အချက်တစ်ချို့ကို ဖော်ပြချင်ပါတယ်။



Image Hosted by PicturePush - Photo Sharing



၁. တယ်လီဖုန်းပြောတိုင်း ဘယ်ဘက်နားဖြင့်သာ နားထောင်သည့်အကျင့်ကို ပြုလုပ်ပါ။


Damage to the coffee drinking 

 
၂. တစ်ရက်ကို ကော်ဖီတစ်ခွက်ထက် ပိုသောက်ခြင်းကို ရှောင်ကျဉ်ပါ။


It may look like it, but the ice won’t spill any water as it melts.


၃. သောက်ဆေးများကို ရေခဲရေအေးအေးဖြင့် သောက်ခြင်းအား ရှောင်ကျဉ်ပါ။




Image Hosted by PicturePush - Photo Sharing

၎. ညနေ ၅နာရီနောက်ပိုင်း အလွန်အကျွံ စားသောက်ခြင်း မပြုလုပ်ပါနှင့်။



Image Hosted by PicturePush - Photo Sharing

၅. အဆီများသော အစားအသောက်ကို လျှော့စားပါ။

Image Hosted by PicturePush - Photo Sharing


၆. မနက်ခင်း ရေများများသောက်ပြီး ညဘက်ရေလျှော့သောက်ပါ။


Image Hosted by PicturePush - Photo Sharing


၇. တယ်လီဖုန်းကို အားသွင်းလျှင် မိမိနှင့်ဝေးရာတွင် ထားပါ။



Image Hosted by PicturePush - Photo Sharing
၈.Headphone Earphone များကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းအား ဆင်ခြင်ပါ။




၉. တစ်နေ့တာအတွက် အကောင်းဆုံး အိပ်ချိန်သည် ည ၁၀နာရီမှ မနက် ၆နာရီထိ ဖြစ်ပါတယ်။



http://i4oa.org/wp-content/uploads/2010/05/dormir_bien.jpg

၁၀. ညအိပ်ရာဝင်ခါနီး ဆေးသောက်ပါက အိပ်ရာပေါ် ချက်ခြင်းလှဲအိပ်ပစ်ခြင်းကို ရှောင်ကျဉ်ပါ။

Image Hosted by PicturePush - Photo Sharing

၁၁. သင့်ဟန်းဖုန်းတွင် ဘက်ထရီ တစ်တုံးသာ ကျန်တော့ပါက ဖုန်းပြောခြင်းကို ဆင်ခြင်ပါ။ ထိုအချိန်တွင် ရောင်ခြည်ဖြာထွက်မှုမှာ သာမာန်အချိန်ထက် အဆ ၁၀၀၀ ပိုများပါတယ်။



~~~~~~~~~~~~~~~~~~~~~~~@@~~~~~~~~~~~~~~~~~~~~


အထက်ပါစာပိုဒ်က အချက်အလက်တွေဟာ ကျွန်မ ဖတ်မိသော ကျန်းမာရေးအတွက် ဂရုပြုသင့်တဲ့ အကြံပေးချက်များ ဖြစ်ပါတယ်။ အဲဒီအကြံပေးချက်တွေကို စာဖတ်သူတို့ကို ပြန်လည်ဝေမျှချင်စိတ်နဲ့ ဘာသာပြန်ပြီး ဘလောဂ့်ပေါ် တင်ခြင်းဖြစ်ပါတယ်။ ဒီအချက်တွေကို ဖတ်နေရင်းနဲ့ အဲဒီထဲက ဘယ်အချက်တွေက ကျွန်မရဲ့ နေ့စဉ်နေထိုင်မှုနဲ့ ကိုက်ညီသလဲလို့  ပြန်လည်သုံးသပ်ကြည့်တဲ့ အခါမှာတော့   ...



နံပါတ်(၁)အချက်ဖြစ်တဲ့ တယ်လီဖုန်းပြောတိုင်း ဘယ်ဘက်နားဖြင့် နားထောင်ပါ ဆိုတဲ့အချက်အရတော့ ကျွန်မက ဖုန်းပြောတိုင်း ဘယ်ဘက်နားနဲ့သာ နားထောင်ဖြစ်ပါတယ်။ ဒါဟာ ဒီအချက်ကို သိလို့ လိုက်နာကျင့်ကြံတာမဟုတ်ဘဲ ကျွန်မက ဖုန်းနားထောင်ရင် ဘယ်ဘက်နားနဲ့မှ အားရပြီး ကောင်းကောင်းကြားရတယ်လို့ စိတ်ထဲက ထင်ပါတယ်။ ညာဘက်နားနဲ့ နားထောင်ရင် အားမရတတ်တာကြောင့် ဘယ်ဘက်နားနဲ့သာ နားထောင်ဖြစ်တာပါ။ ဒီလိုဆိုတော့ ကံကောင်းထောက်မပြီး ဒီအချက်ကတော့ ကျွန်မအတွက်   လိုက်နာပြီးသား ဖြစ်သွားခဲ့ပါတယ်။ ( မချော တစ်ယောက် ညာဘက်နား ချို့ယွင်းနေလို့လား မသိနော်း)  ) 

နံပါတ်(၂)ဖြစ်တဲ့ တစ်ရက်ကို ကော်ဖီတစ်ခွက်ထက် ပိုသောက်ခြင်းကို ရှောင်ကျဉ်ပါဆိုတဲ့ အချက်နဲ့ပါတ်သက်ရင် ကျွန်မဟာ မနက်မိုးလင်းတာနဲ့ ကော်ဖီသောက်တတ်တဲ့ သူတစ်ယောက်ပါ။ ကော်ဖီတစ်ခွက် ခွက်ကြီးကြီးနဲ့ ဖျော်ထားပြီး တစ်ချိန်လုံး မကုန်မချင်း တစ်ငုံချင်းသောက်တတ်ပါတယ်။ ကော်ဖီ သိပ်ကြိုက်ပေမဲ့ တစ်ရက်ကို တစ်ခွက်ထက် ပိုမသောက်မိအောင်တော့ ကြိုးစားပါတယ်... ဒါပေမဲ့ တစ်ချို့ရက်တွေမှာတော့ ညနေလောက်မှာ တစ်ခွက်လောက် ထပ်သောက်မိတတ်သလို မိတ်ဆွေ သူငယ်ချင်းတွေအိမ် ရောက်ဖြစ်ရင် သူတို့တိုက်တာကြောင့်လည်း ထပ်သောက်မိတဲ့ အချိန်တွေ ရှိပါတယ်. သို့သော်လည်း အဲလိုနေ့တွေက ရှားရှားပါးပါးပါ။ ဒါကြောင့် ယေဘုယျပြောရရင်တော့ တစ်ရက်ကို ကော်ဖီ တစ်ခွက်လောက်သာ ပုံမှန်သောက်ဖြစ်ပါတယ်လို့ ဆိုနိုင်တာကြောင့် ဒီအချက်ကလည်း ကျွန်မနဲ့ ကိုက်ညီပါတယ်။ (ဒီနေ့တော့ ၂ခွက် သောက်မိတယ်း) )

နံပါတ်(၃) ဖြစ်တဲ့ သောက်ဆေးများကို ရေခဲရေအေးအေးဖြင့် သောက်ခြင်းအား ရှောင်ကျဉ်ဆိုတဲ့ အချက်ကတော့ ကျွန်မအတွက် လုံးဝအဆင်ပြေပါတယ်။ ဆေးသောက်တိုင်း ဘယ်တော့မှ ရေခဲရေနဲ့ မသောက်ဖြစ်ပါဘူး။ ရေနွေး သို့မဟုတ် ပုံမှန်သောက်ရေဖြင့်သာ သောက်ဖြစ်ပါတယ်။ ဒီလိုဖြင့်ရင် ဒီအချက်နဲ့လည်း ကျွန်မဟာ ကိုက်ညီမှု ရှိနေပြန်ပါတယ်။ (လ္ဘက်ရည်ကြမ်းနဲ့လည်း ဆေးကို မသောက်သင့်ဘူးလို့ ဆိုပါတယ်. ဒါပေမဲ့ အဲဒါနဲ့တော့ တခါတရံ သောက်မိတတ်တယ်)

နံပါတ်(၄) အချက် အတွက်တော့ ဒီစာရေးနေရင်းတန်းလန်း ည ၁၁နာရီခွဲမှာ ဗိုက်ဆာလာပါတယ်. ဒါနဲ့ ဘာစားရမလဲ လိုက်ရှာတော့ သွားရေစာ သိပ်မစားတတ်တဲ့ ကျွန်မဟာ မုန့်တွေ ဘာတွေလဲ ဝယ်လေ့ သိပ်မရှိတတ်ပါဘူး။ စားစရာ ခေါက်ဆွဲခြောက်ထုပ်တော့ ရှိပေမဲ့ ထမင်းနည်းနည်း ကျန်နေတာနဲ့ ဝက်အူချောင်းရယ် အသီးအနှံတစ်ချို့နဲ့ ရောပြီး ထမင်းကြော်စားဖို့ စိတ်ကူးမိပါတယ်။ ဒါနဲ့ စာရေးနေရာက ထပြီး ထမင်း သွားကြော်ပါတော့တယ်။


Image Hosted by PicturePush - Photo Sharing



 



ဒါကတော့ ကျွန်မရဲ့ ညလည်စာ ထမင်းကြော်ပါ.. ဝက်အူချောင်း၊ အာလူး၊ ပဲသီး၊ ဥနီ၊ ပြောင်းဖူးတို့နဲ့ ကြော်ထားတာပါ။ နံပါတ် ၄အချက်မှာပါတဲ့ ညနေ ၅နာရီနောက်ပိုင်း အစားအသောက်ကို အလွန်အကျွံ စားသောက်ခြင်း မပြုလုပ်ပါနှင့် လို့ ရေးထားပေမဲ့ ကျွန်မကတော့ ည ၁၁နာရီကျော်နေတာတောင် ထမင်းကြော်ကို ဒီလိုပန်းကန်အပြည့် စားမိပါတယ်။ (ထမင်းကြော်ကြွားတာ မဟုတ်ရပါး)  )

နံပါတ်(၅) အချက်ဖြစ်တဲ့ အဆီများသော အစားအသောက်ကို လျှော့စားပါဆိုတဲ့အချက်ကလည်း အကြော်တွေ၊ ထောပတ်တွေ  ကြိုက်တတ်တဲ့ ကျွန်မအတွက်တော့ ကိုက်ညီမှုမရှိ၊ လိုက်နာနိုင်မှုမရှိတဲ့အချက် ဖြစ်နေပါတယ် ( ပိန်ဦးတော့မှာဘဲး)  )

နံပါတ် (၆) အချက်ကတော့ မနက်ခင်းရေများများသောက်ပြီး ညပိုင်းလျှော့သောက်ပါ ဆိုပေမဲ့ သတိရတဲ့အချိန်တော့ မနက်တိုင်း ခွက်တစ်ခွက်နဲ့ အပြည့်သောက်ဖြစ်ပေမဲ့ နေ့လည်ပိုင်းတွေဆို ရေသောက်ဖို့ကို မေ့လျော့နေမိပြီး မထင်းစားပြီးချိန်မှသာ သတိရပါတယ်။ ကျွန်မနေတဲ့ အရပ်ကလည်း ရာသီဥတု သိပ်မပူတာကြောင့် ရေသိပ်မသောက်ဖြစ်တာလည်း ပါပါတယ်။ ဒီတော့  ကျွန်မဟာ ရေသောက်တာ တော်တော်နည်းပါတယ်။ (ဒါကြောင့် အသားအရေ မလှတာဖြစ်မယ်း) )

နံပါတ်(၇) အချက်ဖြစ်တဲ့ တယ်လီဖုန်းကို အားသွင်းလျှင် မိမိနှင့်ဝေးရာတွင် ထားပါ ဆိုတဲ့ အချက်မှာလည်း ညအိပ်ချိန်ဆို ဖုန်းကို အိပ်ရာဘေးက စားပွဲပေါ်မှာ ထားတတ်ပါတယ်။ နေ့ခင်းဆိုလည်း အလုပ်လုပ်နေရင်း စားပွဲပေါ် တင်ထားမိတော့ အားမရှိလည်း စားပွဲပေါ်တင်ထားလျှက်က အားသွင်းရတော့ ဖုန်းအားသွင်းချိန် မိမိနဲ့ ဝေးတဲ့နေရာမှာ ထားပါ ဆိုတဲ့အချက်ကလည်း ကျွန်မအတွက်တော့ လိုက်နာနိုင်မှု နည်းပါးပါတယ်။ ( ဘုရားသိကြား မ လို့ ဘာမှ မဖြစ်ပါစေနဲ့း)  )


နံပါတ်(၈) ဖြစ်တဲ့ Headphone Earphone များကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းအား ဆင်ခြင်ပါဆိုတဲ့ အချက်တော့ ကျွန်မအတွက် ကောင်းကောင်း လိုက်နာနိုင်တဲ့အချက်ပါ။  Headphone /Earphone ကို ကွန်ပျူတာနဲ့လည်း မသုံးဖြစ်သလို MP3 MP4တို့ကိုလည်း  Headphone /Earphone တို့နဲ့ သီချင်း နားမထောင်ဖြစ်တာကြောင့်  မသုံးဖြစ်သလောက် နည်းပါတယ်။ ( မရှိလို့ မသုံးတာကို လူအထင်ကြီးအောင် ပြောနေပြန်ပြီး) )

အချက် (၉)ဖြစ်တဲ့ တစ်နေ့တာအတွက် အကောင်းဆုံး အိပ်ချိန်သည် ည ၁၀နာရီမှ မနက် ၆နာရီထိ ဖြစ်ပါတယ် လို့ဆိုထားပေမဲ့ ခု ည ၁၂နာရီကျော်နေတာတောင် မအိပ်ဖြစ်သေးတာကြောင့် မနက်စောစောနိုးဖို့ရာလည်း မသေချာပါဘူး။ ပြီးတော့ စာအမြဲရေးတဲ့သူတစ်ယောက်အဖို့ အိပ်ချိန်မှန်ဖို့ဆိုတာ ဖြစ်နိုင်ချေတော့ အလွန်နည်းပါတယ်။ ဒါကြောင့် ဒီအချက်လည်း ကျွန်မနဲ့ မကိုက်ညီပါဘူး။ (ဘလော်ဂါတွေ တော်တော် များများလည်း ဒီလိုဘဲဖြစ်လိမ့်မယ် ထင်ပါတယ်း) )

အချက် (၁ဝ)ရဲ့ ညအိပ်ရာဝင်ခါနီး ဆေးသောက်ပါက အိပ်ရာပေါ် ချက်ခြင်းလှဲအိပ်ပစ်ခြင်းကို ရှောင်ကျဉ်ပါ ဆိုတာကလည်း နေမကောင်းတဲ့အခါ လှဲအိပ်နေရင်းနဲ့မှ ဆေးသောက်ရတဲ့အခါတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ နေမကောင်းဖြစ်တာက တခါတရံမှဆိုတော့ ဆေးသောက်ပြီးချက်ခြင်း လှဲအိပ်ရတာမျိုးက ရှားတော့ရှားပါတယ်။ ဒီအချက်ကိုတော့ လိုက်နာနိုင်တယ်လို့ ပြောရင်ရပါတယ်။ (တော်သေးတာပေါ့ )

အချက် (၁၁) သင့်ဟန်းဖုန်းတွင် ဘက်ထရီ တစ်တုံးသာ ကျန်တော့ပါက ဖုန်းပြောခြင်းကို ဆင်ခြင်ပါဆိုတဲ့အချက်ကလည်း သိသိကြီးနဲ့ လစ်လျူရှုမိတဲ့အဖြစ် ဖြစ်ပါတယ်။ တခါတရံအပြင်မှာရောက်နေတာ ကြာနေလို့ လက်ကိုင်ဖုန်းကလည်း အားနည်းနေချိန်ဖြစ်ပေမဲ့ အလုပ်ကိစ္စဖြစ်စေ အရေးတကြီးဖုန်းဖြစ်စေ ဝင်လာရင် ပြန်မဖြေဘဲ နေလို့ မဖြစ်နိုင်သလို ကိုယ့်ဘက်က အရေးတကြီး ဆက်သွယ်စရာ ရှိနေပါကလည်း မဆက်မဖြစ် ဆက်ရတာတွေ မကြာခဏ ကြုံရပါတယ်။ မိမိကိုယ်ကို အန္တရာယ်ဖြစ်နိုင်မှန်း သိပေမဲ့ ရှောင်လွဲလို့ မရနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျွန်မအတွက်တော့ ဒီအချက်ကလည်း မလိုက်နာဖြစ်တဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ (လက်ကိုင်ဖုန်းလည်း မရှိပါဘဲ လျှောက်ပြောနေပြန်ပြီ ထင်တယ် )


ကျွန်မကတော့ အထက်ပါ ၁၁ချက်ထဲမှာ ၅ချက်တော့ လိုက်နာနိုင်ပြီးတော့ ကျန်တဲ့ ၆ချက်ကတော့ လိုက်နာဖို့ ခဲယဉ်းတဲ့ အချက်တွေ ဖြစ်နေပါတယ်။  အချက်အလက်တွေက သက်ရှည်ကျန်းမာ အန္တရာယ်ကင်းစွာ နေထိုင်နိုင်ဖို့အတွက် အနည်းငယ်မျှသော အကြံပြုချက်များ ဖြစ်ပါတယ်။ အားလုံးအတွက် ဗဟုသုတအဖြစ် ပြန်လည် မျှဝေခြင်း ဖြစ်ပြီး စာဖတ်သူ မိတ်ဆွေ၊ သူငယ်ချင်းတို့ကရော အထက်ပါ အချက်တွေထဲက ဘယ်အချက်တွေများနဲ့များ ကိုက်ညီပါသလဲဆိုတာ တွက်ဆကြည့်နိုင်ပါတယ်ရှင်...


အားလုံးဘဲ ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာကြပါစေလို့..


Image Hosted by PicturePush - Photo Sharing

26 Responses to “ဘယ်ဘက်နားဖြင့် နားထောင်ပါ...”

(၁) ဖုန်းပြောရင် ညာနားနဲ့ပဲ နားထောင်ဖြစ်တယ်။ ဒီအတိုင်းကိုင်ပြီးပြောတာထက် earphoneနဲ့
ပြောရတာကို ပိုကြိုက်တယ်။ earphoneနဲ့ ပိုပြောဖြစ်တယ်။

(၂) ကော်ဖီမကြိုက်လို့ မသောက်ဖြစ်ဘူး။ သောက်ဖြစ်လဲ ၁နှစ်နေ တစ်ခွက်ပေါ့း)

(၃) ဆေးကို ရေနွေးနဲ့ သောက်ဖြစ်တာများပါတယ်။

(၄) ဆာရင်တော့ စားဖြစ်ပါတယ်။ ဒါပေမဲ့ ၈ နာရီနောက်ပိုင်းဆိုရင် သိပ်မစားဖြစ်တော့ဘူး။

(၅) ဆီများတဲ့ အကြော်အလှော်တွေကို မကြိုက်တာက မွေးရာပါဗီဇပါ။ ဒီအတွက် ကိုယ့်ကိုယ်ကို ကျေးဇူးတင်တယ်းP

(၆) ရေကတော့ ဘယ်အချိန်ဖြစ်ဖြစ် ပုံမှန်ပါပဲ... မနက်ပိုသောက်ဖြစ်ဖို့ ဆင်ခြေရအုန်းမယ်။

(၇) ဖုန်းအားသွင်းနေတုန်း ကိုယ်ဘေးမထားတာ အကောင်းဆုံး၊ ညအိပ်ရင်လည်း ခေါင်းအုံးဘေးထားမအိပ်တာ အကောင်းဆုံးလို့ ဖတ်ဖူးတယ်။

(၈) Headphone Earphone တွေ သုံးဖြစ်ပါတယ်။ ဒါပေမဲ့ အချိန်အကြာကြီးတော့ မဟုတ်ဘူး။

(၉) အရင်က ၁ဝနာရီကျော်တာနဲ့ အိပ်တယ်.. ခုတလော အကျင့်နည်းနည်းပျက်လာပြီး ၁၁ ကျော်လောက်မှ အိပ်ဖြစ်တယ်။
ထရင်တော့ ၇ နာရီ၊ ၇ နာရီခွဲ ပုံမှန်ပါပဲ။ အလုပ်ရှိရှိ.. မရှိရှိ

(၁ဝ) ဆေးတွေသောက်ကျင့်မရှိပေမယ့် ဒါလည်း သတိထားရမယ်။ ကျေးဇူး ချော...

(၁၁) ဒါကတော့ မလွဲမရှောင်သာတဲ့အခါ ဘယ်လိုမှ မလိုက်နာနိုင်တော့ဘူးနော်... ဘက်ထရီကုန်တဲ့အထိ ဂိမ်းကစားတာတော့
ဘာမှမဖြစ်ဘူးထင်တယ်း)

ကျေးဇူးချောရေ.. ကိုယ့်ကိုယ်ကို သတိထားမိတဲ့အချက်လေးတွေ ပိုသတိထားမိလာတယ်။

ညအိပ်ယာစောစောဝင်တဲ့အကျင့်ရအောင် ကြိုးစားပါဦးမယ်...

အင်တာနက်ထိုင်၊ ဘလော့စာတွေလိုက်ဖတ်၊ တရားထိုင် ပဋ္ဌာန်းရွတ်...ဒါနဲညှည့်နက်နက်သွားတယ်..

အင်း...ဒေါ်ချောကတော့ ဆရာဝန်တွေ မံမံတူတူပုန်းအောင် လုပ်နေပြီ...ရပါတယ်လေ...ဦးဟန်ကြည်က ဆရာဝန်မှ မလုပ်တော့ဘဲ...

၁။ တယ်လီဖုန်းကိုတော့ ညာဘက်နဲ့ပြောမှ အားရသဗျ...ဒါပေမယ့် တစ်ခါပြောမှ ၂ မိနစ်လောက်ပဲ ကြာတာမို့ အေးဆေးပေါ့...ဟုတ်လား
၂။ ကော်ဖီ၊လက်ဖက်ရည် မသောက်တာ သုံးနှစ်ရှိပြီ...သောက်ပြီးရင် ရင်တုန်လွန်းလို့
၃။ သောက်ဆေးကတော့ မသောက်ရတာ ဆယ်နှစ်ကျော်ပြီပေါ့လေ...ဖျားရင်လည်း Para 250 mg ဖြစ်အောင် တစ်ခြမ်းပဲ သောက်တာ
၎။ အခု မနက် ၃ နာရီထိုးပြီ...ဗိုက်ဆာလို့ ညလယ်စာစားရင်း ဒီပို့စ်ကို ဖတ်နေတာ
၅။ အဆီများသော နည်းသော မရှောင်ဖြစ်ပေါင် အိမ်ရှင်မ ချက်သမျှ ဗိုက်ထဲကို ထိုးသွတ်လိုက်တာပါပဲ
၆။ မနက်ခင်းလည်းရေသောက်တယ် ညခင်းလဲ ရေသောက်ဖြစ်တာပါပဲ...ရေမသောက်ဖြစ်လို့ ဘီယာပဲ သောက်ဖြစ်ရင် ရသလားမသိ...ဟား ဟား
၇။ တယ်လီဖုန်းက သုံးလုံးဖြစ်နေတော့ ရှောင်လို့တောင် မလွတ်ချင်ဘူး
၈။ အိပ်ရာဝင်ရင်တော့ သီချင်းနားမထောင်ရင် အိပ်မပျော်ဘူးဗျို့
၉။ ဦးဟန်ကြည်၏ အကောင်းဆုံးအိပ်ချိန်သည် မနက် ၃နာရီမှ မနက် ၈ နာရီအတွင်း ဖြစ်သည်...အခုတောင် မနက် ၃ နာရီထိုးပြီ
၁၀။ ညအိပ်ရာဝင်တွင် ဆေးသောက်စရာမလိုအောင် ကျန်းမာပါ၏
၁၁။ ဖုန်းတွင် ဘက်ထရီတစ်တုံးပဲ ကျန်လျှင် နီးစပ်ရာ၌ အားသွင်းလိုက်ပါ၏...သွားလေရာကို အားသွင်းကြိုးဆောင်သွားပေသကိုး...

သို့ပါသောကြောင့် ဒေါ်ချော၏ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ၅၀ ရာခိုင်နှုန်းအထက်လိုက်နာပါသော ဒေါက်တာဟန်ကြည်သည် အသက် ၁၂၀ ရှည်ပြီး ဒေါ်ချောသည် အသက် ၂၄၀ ရှည်မည်ဟု ယူဆမိပါ၏...

၆။ ၇။ ၁၁။ အချက်များနဲ့ ငြိနေပါသည်။
၁။ ဘယ်ကျော်မို့လို့ ဖုန်းနားထောင်ရင် ဘယ်ဘက်နားနဲ့ပဲ နားထောင်ပါတယ်။
၂။ တရက်ကို ကော်ဖီ(၂)ခွက်တော့ သောက်ဖြစ်တယ်၊။
၃။လွတ်ပါတယ်..၊ရေခဲရည်မသောက်ပါ။
၎။၅။ အတတ်နိုင်ဆုံး ရှောင်နေပါတယ်..။
၆။ ရေသောက်ဖို့ကို မေ့မေ့နေတာ..း(
၇။ အားသွင်းထားတဲ့ တယ်လီဖုန်းကို ခေါင်းရင်းမှာ ထားလေ့ရှိတယ်၊ နေရာပြောင်းလိုက်ပါ့မယ်။
၈။.Headphone Earphoneတွေကိုတော့ အသုံးနည်းပါတယ်။
၉။ အလုပ်အခြေနေအရ မနက် ၂နာရီမှ ၁၀နာရီထိ အိပ်ပါတယ်။ {အလုပ်က အဲဒီအချိန်မှပြီးတာ..း(}
၁၀။ ညဖက် ဆေးမသောက်ရဘူး၊ သောက်ဖြစ်တဲ့အခါ ဆင်ချင်ပါ့မယ်။
၁၁။ ဖုန်းပြောနေရင်းနဲ့ ဘက်ထရီကုန်သွားတတ်တာ ခနခနပါပဲ..။ ဆင်ချင်ပါ့မယ်..။
မချောရေ...
သတိပေးတာ ကျေးဇူးပါဗျို့...

နံပါတ် ၃ ကတော့ ကိုက်ညီသလိုလိုပါဘဲ။ ကျန်တာကတော့ အင်းးးး ဆင်ခြင်ရဦးမယ်။း))

ခင်မင်လျက်

mstint said...

၂ ကိုရှောင်ရမယ် ကော်ဖီသိတ်ကြိုက်လို့
၎ ကိုရှောင်ရမယ် ကြက်ကြော်ဆို လာထားပဲဖြစ်နေလို့
ပညာပေးလေးတွေတောင် စိတ်ဝင်စားအောင် ပုံလေးတွေနဲ့ ပီပီပြင်ပြင်ရေးသားဖော်ပြသွားနိုင်ပါပေတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

၅ /ရ နဲ့ ငြိနေတယ်မမချောရေ..

မျှဝေတဲ့ဗဟုသုတတွေအတွက်
ကျေးဇူးပါနော်
ခင်မင်လျှက်
မဒိုးကန်

ညယံ said...

၃ ချက်လောက် ငြိနေတာ ဆင်ခြင်ရအုန်းမယ်။ ရှယ်ယာလုပ်ပေးတာ ကျေးဇူးနော် ချော :)

Nyi Linn Thit said...

မချောနဲ့ ကျနော်နဲ့ ဖုန်းနားထောင်ပုံချင်းတော့ တူနေပြီ ဗျ၊ ကျနော်လည်း ဖုန်းပြောရင် ဘယ်ဖက်နားနဲ့ နားထောင်မှ ပိုကြားရတယ်လို့ ထင်မိတယ်၊ ကော်ဖီက တော့ ၁ ခွက်ဆိုတာ နည်းလွန်းတယ်ဗျာ..၊ ဘလော့ဂ် ရေးနေမှတော့ မှန်မှန်အိပ်ဖို့ ဆိုတာ မေ့ထားလိုက်ပြီ၊ အချက် ၄, ၆, ၇ တို့လည်း ငြိနေတယ်၊း) ဒါတွေက နေ့တိုင်းလုပ်နေကျ အရာတွေမို့ အခုလိုလေး သတိပေးတာ အများကြီး အကျိုးရှိပါတယ်..၊ ကျေးဇူး...။

၁။ ဖုန်းကဘယ်ဖက်နဲ့နားထောင်တာတော့များပါတယ်။ ဒါပေမယ့် ညာနဲ့လည်းနားထောင်ဖြစ်တယ်။
၂။ ကော်ဖီကတော့ မနက်တခွက်ကပုံမှန်ပဲ။ ညနေဖက်မှာ လဘက်ရည် ကော်ဖီ ကြုံရာသောက်တယ်။
၃။ ရေခဲရေ မသောက်တတ်လို့ ဒါကတော့ပြဿနာမရှိ။ ရိုးရိုးရေပဲသောက်နေကျ။
၎။ ညစာစားချိန်နောက်ကျတတ်တော့ ဒါကတော့မလွတ်။
၅။ ဟီး.. ဒါလည်းလွတ်ဖူး အအီ အဆိမ့် အကုန်ကြိုက်
၆။ ရေသောက်လဲနည်းတယ်။ ရေသောက်ဖို့မေ့နေတာများတယ်။ မနက်အိပ်ယာထ ခွက်သေးတစ်ခွက်ပဲ ပုံမှန်သောက်ဖြစ်တယ်။
၇။ ဖုန်းအားသွင်းတာတော့ လွတ်ပါတယ်။
၈။ အဲဒါတွေ မသုံးတတ်ဖူး။ အဲဒါကြီးတွေနဲ့ နားထောင်ရတာ မကြိုက်လို့။
၉။ ဒါကတော့ အညိဆုံးပဲ။ စောစော မအိပ်တတ်သလို စောစောလဲမထတတ်ဖူး။ ကွန်ပျူတာမှာ ကိုယ်လုပ်ချင်တာ လုပ်ဖို့က ကလေးအိပ်မှလုပ်ရတာကိုး။ အစောဆုံးအိပ်ချိန် ၁နာရီပါပဲ။
၁၀။ တခါမှတော့ မလုပ်ဖူးဘူးထင်တာပဲ။
၁၁။ ဖုန်းပြောရင်း ဘက်ထရီကုန်တာတော့ ကြုံဖူးတယ်။ ခဏခဏတော့ မဟုတ်ဖူးပေါ့။ နောက်ကိုပိုသတိထားရမယ်။

သိပြီးမလိုက်နာဖြစ်တဲ့အချက်တွေက အများသား။ ပိုပြီးသတိထားမိအောင် သတိပေးတဲ့ ချောကို ကျေးဇူးတင်ပါတယ်။

ကော်ဖီကတော့ တစ်ရက် ၂ ခွက်သောက်ဖြစ်နေတယ်။ မနက်တစ်ခွက် ညနေတစ်ခွက်ပေါ့။ အိပ်ချိန်ကတော့ အမြဲ ညဉ့်နက်နေကျဆိုတော့ ဘယ်လိုမှ ၁၀ နာရီမအိပ်ဖြစ်ဘူး။ အစားအသောက်ကတော့ ဘာဖြစ်ဖြစ်စားတယ်။ အဆီများတာ မကြိုက်ဘူးဆိုတော့ အတော်ပါပဲ။ ကော်ဖီသောက်တာနဲ့ အိပ်ချိန်နည်းတာက လွဲလို့ အားလုံး အဆင်ပြေတယ်။ ကျေးကျေးပါ မချောရေ။

မချောရေ ခုနက ကွန်မန့်လေး ပျက်သွားတယ်ထင်တယ်။ ထပ်ရေးလိုက်မယ်နော်။

ကော်ဖီက တစ်ရက် ၂ ခွက် သောက်ဖြစ်နေတယ်။ မနက်နဲ့ ညနေပေါ့။ ဒါကတော့ လောလောဆယ်မလျှော့နိုင်သေးဘူး။ အခုတော့ စဉ်းစားရတော့မယ်။ (အသက်ကြီးလာလို့...း)

အိပ်ချိန်ကတော့ အမြဲညဥ့်နက်နေတယ်။ ဒါကတော့ ရသေးဘူး။ လျှော့ချင်သေးဘူး။ (နက်စွဲနေလို့...း)


ကျန်တာကတော့ အဆင်ပြေတယ်။း)

ခင်တဲ့
မေသိမ့်

SHWE ZIN U said...

ချော ရေ

ကော်ဖီကတော့လာထားဘဲ ကျန်တာတော့ လည်း လာထားဘဲ အင်း ဆင်ချင်သင့် တာတွေ ပေါ့နော်
ကျေးဇူး ညီမ

Iora said...

ခြုံပြောရမယ်ဆိုရင်တော့. ဖုန်းကို အမြဲ ညာဘက်နဲ့ ဘဲနားထောင်ပါတယ်။ ညလယ်စာမစားဖြစ်သလောက်ရှိပေမဲ့ မိုးချုပ်မှဘဲ ညစာစားဖြစ်တာများပါတယ်။ ကော်ဖီ တခွက်တော့ပုံမှန်။ ၀ိကင်းန်ဒ်ဆိုရင်တော့ ခွက်ကြီးနဲ့ ၂ခွက်လောက်။ ဆေးကြုံသလိုသောက်။ ဆီပြန်ဟင်းချက်ပေမဲ့ ထမင်းကိုနယ်မစားတတ်ပါ။ အကြော်တွေ ကြိုက်ပါတယ်။ ဆင်ခြင်ရမှာ အများကြီးပါ။ ဖုန်းကိုလည်း လိုရင် ၉၁၁ ခေါ်နိုင်အောင် အနားမှာထားအိပ်ပါတယ်။
ကျေးဇူးပါချောရေ။ ဆင်ခြင်နိုင်အောင်ကြိုးစားပါမယ်။

ချက်နဲ့လက်နဲ့ တင်ပြတော့လည်း ချက်နဲ့လက်နဲ့ မန့်ရမပေါ့... ညဘက်တောင် ထမင်းကြော်တစ်ပန်ကန်ကြီးစားတဲ့ အန်တီချောရေ.. (ကမ္ဘာကျော်ဒိုင်းဆု လာလုသူ ကိုယ့်ရန်သူး)))

(1)ဖုန်းကတော့ညဖက်နားထောင်ဖြစ်တာ များတယ်. ပြင်ပါ့မယ်
(2)ကော်ဖီက သောက်ကိုမသောက်တာ..ကြာပေါ့
(3)ရေခဲရေက အမြဲသောက်တာဆိုတော့ အခက်သားလား
(4) အို...ညစာတော့ ကိုယ်နဲ့မညိဘူး ကိုယ်က ည 12နာရီနဲ့ တစ်ချက်ထိုး မှ စားတာ
(5)အဆီအဆိမ့် တင်မဟုတ်ဘူး အချိုတွေဆို စားကိုမစားတာ (အလကားရရင်တော့ နည်းနည်းစားတယ်)
(6)မနက်မိုးလင်းတာနဲ့ ရေခဲရေ မသောက်ရရင်မနေနိုင် ကုတင်ဘေးမှာ ရေခဲရေဘူးကြီးထားအိပ်တိုက်
(7)ဖုန်းက သွင်းချင်းတဲ့နေရာအားသွင်းတာ လူတစ်ခြား ဖုန်းတစ်ခြားပဲ...ဟီးဟီး
(8)နားကြပ်က ဘယ်ဖက်နားမှာ မိုးလင်းမှ မိုးချုပ်တစ်ချိန်လုံးတပ်ထားတယ်.. ၊ ညအိပ်ရင်တော့ ဘယ်ရောညာရော မနက်မိုးလင်းထိ တပ်အိပ်တယ်.. (မြန်မြန်သေတော့မှာပဲ)
(9)မနက်လေးနာရီလောက်အိပ်တယ်... 11 နာရီ ထတယ်
(10)ဆေးက သောက်ကို မသောက်တာ တို့က ဒေါင်ဒေါင်မြည်ပါကွယ်။
(11)ဖုန်းက နေ့တိုင်းသွင်းဖြစ်တော့ တစ်တုံးကျန်တာ မရှိသလောက်ပါပဲ။
ဟယ်...ဆရာဟန်ကြည်နဲ့ မချောတို့က အနော့်လောက်အသက်မရှည်ဘူး.. တို့က 360 ခွိခွိ။

Aunty Oo said...

ကျန်းမာရေးဗဟုသုတလေးတွေမျှဝေပေးတဲ့ချောရေ
ကျေးဇူးပါဘဲ။ကိုယ်နဲ.မကိုက်ညီတဲ့အချက်လေးတွေကို
ကြိုးစားပြုပြင်သွားပါ့မယ်။

Thank you so much for sharing those useful tips , Chaw. I find myself living very unhealthy life style, says, drink coffee, 3-4 cups/day, love to eat fried food, usually sleep around midnight, etc.!!!

Anonymous said...

ယေ ယေ ...း))
ဆောင်းနှင်း တော်တော်များ
အသက်ရှည် မလား မသိဘူး ...း))
နံပါတ် ၉ တစ်ချက်ပဲ မကိုက်တယ် ..
ကျန်တာ အကုန် ကိုက် တယ် ... :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

rose said...

သေချာလေး စေတနာတွေနဲ့ ရေးသားထားလို့ ကျေးဇူးပါ အစ်မချောရယ်။ စကားမစပ် ရို့စ် Simpsons ကာတွန်း သိပ်ကြိုက်တယ် သိလား။ Doh' :)

ahphyulay said...

အင်း..
ကောင်းတယ်ဗျ၊
ဖုန်းကို ဘယ်ဘက်နဲ့  နားထောင်တာ
အခုမှ သိရတယ်၊
ကျေးဇူးကမ္ဘာပဲ။
ကူးထားလိုက်ပြီ...။

blackroze said...

၁- ဖုန်းပြောရင်ညာဘက်နဲ့ဘဲအမြဲနားထောင်ဖြစ်တယ်
၂-ကော်ဖီကတနေ့တခွက်ပါဘဲ
၃-ဆေးကိုလည်းရိုးရိုးရေအေးနဲ့ဘဲသောက်ပါတယ်
၎-အင်းးအဲတာကတော့..တခါတလေတော့လည်း
ကြိုက်တာတွေ့ရင်စားပလိုက်တာဘဲ
၅-အဲတာတော့ရှောင်တယ်..
၆-မကြီးချောနဲ့တူနေတယ်..တခါတလေ
ရေသောက်ဖို့မေ့နေသလိုဘဲ
၇-ခုတင်ခြေရင်းအောက်ဘက်ကြမ်းပေါ်ကပလပ်
ပေါက်မှာသွင်းတာပါ
၈-အလုပ်ကပြန်လို့ကွန်ပြူတာသုံးတာနဲ့
Headphone ကအမြဲတပ်ထားတာပါ..အိမ်မှာက
အကုန်အိပ်နေကြပြီလေ..
၉-အဲဒီတချက်ကတော့လုံးဝမကိုက်ညီပါ
ညအိပ်ချိန် မနက်4နာရီလောက်
မနက်ထချိန် နေ့လည်12နာရီလောက် အဟီးး
(အိပ်ယာကနိုးတာနဲ့ေ၇ချိုးပြီးအလုပ်တန်းသွား
လိုက်တာဘဲ)
၁၀-သူများကဆေးသောက်ပြီးတာနဲ့ဝင်အိပ်တာဘဲ
ဆင်ခြင်ပါ့မယ့်
၁၁-တခါတလေဖုန်းဘက်ထရီ
ကုန်နေမှန်းတောင်မသိပါ..

မကြီးချောရေ..ကျေးဇူးပါနော်..


ချစ်တဲ့ Blackroze

မမေလဲ ချောလိုပဲ ဖုန်းကို ဘယ်ဘက်နားနဲ့ပဲ နားထောင်တတ်တယ်။ တော်သေးတာပေါ့ ကိုယ်တယောက်ထဲ အများနဲ့မတူ ဖြစ်နေတယ်မှတ်တာ၊ ခု အဖော်တွေရှိသွားပြီ။

ကော်ဖီကတော့ တနေ့ကို တခွက်ထက် ပိုတယ်ကွယ်။

ဖုန်းအားသွင်းရင်လဲ အိပ်ရာထဲ ထားတာပဲ၊ နှိုးစက်လုပ်ထားတာကိုး။ ဘက်ထရီကတော့ ဘယ်တော့မှ အနည်းမခံဘူး၊ တတုံးလောက် လျော့တာနဲ့ ပြန်သွင်းလိုက်တာပဲ။

ဟက်ဖုန်း နားကျပ်လဲ သိပ်မသုံးဖြစ်ဘူး၊ တချိန်လုံး နားကျပ်ကြီး နားမှာထိုးပြီး ပတ်ဝန်းကျင်ကို မေ့လျော့နေကြသူတွေကိုတောင် သိပ်ကြည့်မရ :P

ညအိပ်ချိန်ကတော့ ၁၁ နာရီကျော်မှပဲ။ အလုပ်လုပ်လို့ စောစောထရတာတောင် ၁၁ နာရီထက် စောပြီး မအိပ်ဖြစ်။

ကျန်တာတွေကတော့ အထွေအထူး ပြောစရာရှိပါဘူး။ ဒီလိုအချက်လေးတွေ သိရတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖြစ်တာပေါ့။ ကျေးဇူးချောရေ ...

PhyoPhyo said...

လိုက်နာရမယ့်အချက်တွေဆိုလို့ တိုက်ကြည့်လိုက်ဦးမယ်။
၁. ဘယ်သန်မို့လို ဘယ်လက်နဲ့ကိုင်ဖြစ်တော့ဘယ်နားနဲ့ပဲ နားထောင်ဖြစ်သွားရော
၂. ကော်ဖီမနက်တစ်ခွက်ကြီးကြီးပဲသောက်ဖြစ်တယ်။ တစ်ခါတစ်လေမှနောက်တစ်ခွက်ဆိုတော့
၃. ဆေးသောက်ရင်လည်း ရေရိုးရိုးနဲ့ပဲသောက်
၎. အစားတော့ ကြုံသလိုစားလိုက်တာ
၅. အကြော်တွေကြိုက်တော့ ဆီစားများမလားမသိ
၆. ရေကတော့များများသောက်ဖြစ်တယ်
၆. ဖုန်းအားသွင်းရင်လည်းဝေး
၇. headphone နဲ့လည်း သီချင်းနားမထောင်ဖြစ်
၈. အိပ်ချိန်ကတော့ မချောလိုပဲ
၉. အိပ်ခါနီးဆေးမသောက်ရ
၁၀. ဖုန်းကဘက်ထရီကုန်ခါနီးမပြောဖြစ်ဘူး

မချောရေ ဘယ်အချက်တွေကိုက်လည်းလိုက်ကြည့်တာ။
ကျန်းမာလား မကျန်းမာလားတော့ မသိပါဘူးမချောရယ်။

ကိုက်ညီနေတဲ့အချက်တွေကို ရှောင်ကြဉ်ရမယ်။ ခုလိုနည်းပေးတာ ကျေးဇူးမချော။။။
ချစ်တဲ့
သဒ္ဓါ

san htun said...

ဖုန်းကို ဘယ်ဖက်နားနဲ့  နားထောင်တယ်။ အကောင်းဆုံးအိပ်ချိန် ၁၀ နာရီနဲ့  မနက် ၆ နာရီကို မလိုက်နာ နိုင်တာကလွဲရင်။ ပရော်ဖက်ဆာ ဂျိုးဇက်လာမန်ကလည်း ည ၉ နာရီခွဲ အိပ်ဖို့  အမြဲ ပြောတယ်း)

ssye said...

နာဗြောဒလို လုပ်
နာလုပ်ဒလို ..... လုပ်ယဲရင် လုပ်ကြည့်လေ