ဖူးပွင့်ဝေစီ ပန်းစုံညီ


ကျွန်မတို့ မြန်မာပြည်မှာ မြင်တွေ့နေရတတ်တဲ့ ပန်းတွေထဲမှာ အချို့သော ပန်းတွေရဲ့ နာမည်ကို အင်္ဂလိပ်လို မသိသေးတဲ့သူများ  သို့မဟုတ် မေ့နေတဲ့သူများ အတွက် ပုံလေးတွေနဲ့တွဲပြီး ဗဟုသုတအဖြစ် ဖော်ပြချင်ပါတယ်။ ကျွန်မကိုယ်တိုင်လည်း မြန်မာပြည်မှာရှိတဲ့ ပန်းတွေထဲမှာ အင်္ဂလိပ်လို  မသိတဲ့ ပန်းတွေ အများကြီး ရှိနေတာကြောင့်  မသိတဲ့ပန်းတွေကို ရှာဖွေစုဆောင်းရင်း ဒီပိုစ့်လေးကို အချိန်အများကြီးပေးပြီး ရေးဖြစ်တာပါ။  မွှေနှောက်ရှာဖွေထားတဲ့ ပန်းတွေထဲက ကျွန်မတို့ မြန်မာလူမျိုးတွေ နှစ်ခြိုက်တတ်တဲ့ ပန်းကလေးတွေရဲ့ အမည်များကို ပြန်လည် မျှဝေရမယ်ဆိုရင်..  


ဇီဇဝါ - Gardenia

Gardenia

http://www.gardenpharmacy.us/wp-content/uploads/2010/12/Gardenia-florida.jpg

ပထမဦးဆုံး ဖော်ပြချင်တဲ့ ပန်းကတော့ ဇီဇဝါ လို့ အမည်ရတဲ့ ပန်းအဖြူရောင်ပန်း ဖြစ်ပါတယ်။ အနံ့အလွန်မွှေးတဲ့ အဖြူရောင် ပန်းတစ်မျိုးဖြစ်ပါတယ်။ အင်္ဂလိပ်လိုတော့ Gardenia လို့ခေါ်ပါတယ်။ မြန်မာပြည်မှာတော့  မြို့ပြတွေမှာထက် မြို့ငယ်လေးတွေ၊ ကျေးရွာတွေမှာ အတွေ့များတဲ့ ပန်းဖြစ်ပါတယ်။

*************


သနပ်ခါးပန်း - Chinese Perfume Plant (or) Chinese Rice Flower (a) Aglaia odorata

 

   

နောက်ထပ် ဖော်ပြချင်တဲ့ ပန်းတစ်မျိုးက ကျွန်မတို့ မြန်မာပြည်မှာတော့ သနပ်ခါးပန်းလို့ ခေါ်ကြတဲ့ အဝါရောင် အလုံးသေးသေး အနံ့သင်းသင်းလေးသာ မွှေးတဲ့ ပန်းဖြစ်ပါတယ်။ ဒီပန်းဟာ အနားကပ်ပြီး အနံ့ခံကြည့်မယ်ဆိုရင် ဘယ်လိုအနံ့မှ မရှိသလို ခံစားရပေမဲ့ ခပ်ဝေးဝေးကနေဆိုရင် လေပြေညှင်းလေးနဲ့ အတူ လွှင့်ပျံလာတတ်တဲ့ ရနံ့မျိုးရှိပါတယ်။ ပွင့်ပြီးတာနဲ့ တစ်ရက်လောက်ဆို ကြွေသွားတတ်ပါတယ်။ Chinese Perfume Plant လို့လည်း ခေါ်ကြပြီး Chinese rice လို့လည်း ခေါ်တတ်ကြပြန်ပါတယ်။

*************

ကံ့ကော် - Mesua Ferrea

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

ကျွန်မတို့ မြန်မာလူမျိုးတွေ အလွန်ချစ်ခင်နှစ်သက်ကြတဲ့ ပန်းတစ်မျိုးက အဖြူရောင်ပွင့်ချပ်၊ အဝါရောင်ဝတ်ဆံလေးတွေနဲ့ ချိုအီလွန်းတဲ့ မွှေးရနံ့ရှိသော ကံ့ကော်ပန်း ခေါ် Mesua ferrea  ဖြစ်ပါတယ်။ အရွက်ကိုလည်း ဘုရားမှာ ထိုးကြသလို ပန်းပွင့်ချိန်မှာလည်း ဘုရားလှူ၊ ခေါင်းပေါ်ဆင်မြန်းကြနဲ့ လူကြိုက်များတဲ့ ပန်းဖြစ်ပါတယ်။ ဝတ်ဆံတွေဟာ အလွန်မွှေးတာကြောင့် အခြောက်ခံပြီး သနပ်ခါးဖြင့် ရောလိမ်းကြသလို၊ မြန်မာ ပရဆေးများ ဖော်စပ်ရာတွင်လည်း ထည့်သွင်း အသုံးပြုကြပါတယ်။


*************

တတိုင်းမွှေး - Magnolia

http://www.ceas.ku.edu/asian-botanicals/on-campus/magnolia/Magnolia.jpg

http://www.ceas.ku.edu/asian-botanicals/on-campus/magnolia/Magnolia%202.jpg

အဖြူရောင် အနီရောင် စသဖြင့် ရှိတတ်တဲ့ ဖော်ပြပါ ပန်းကလေးတွေကတော့ တတိုင်းမွှေးခေါ် Magnolia ပန်းကလေးတွေ ဖြစ်ပါတယ်။ ဒီပန်းရဲ့ မူလဒေသဟာ ဂျပန်နဲ့ တရုတ်ဖြစ်ပါတယ်။ ပေ ၂၀ခန့်ထိ ရှိတတ်တဲ့ အပင်မြင့်မျိုးဖြစ်ပါတယ်။ ပွင့်တဲ့ အချိန်မှာ တစ်ပင်လုံး ဝေအောင် ဖူးပွင့်တတ်တဲ့ ပန်းမျိုးဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ အတွေ့ရနည်းတဲ့ ပန်းဖြစ်ပါတယ်။

*************

ယုဇနပန်း - Orange Jasmine


 http://1.bp.blogspot.com/_EbeuC85-eGY/TTjL-dcZCYI/AAAAAAAABow/HgUniOHGzew/s1600/Orange_Jasmine-01.jpg
Image Hosted by PicturePush - Photo Sharing

နာမည်လှလှ ဖြူဖွေးဖွေးနဲ့ ပန်းကလေးက ယုဇနပန်းဖြစ်ပါတယ်။ အပွင့်သေးပေမဲ့ အနံ့လေးက အလွန်မွှေးတဲ့ ပန်းပါ။ အပင်လတ် အမျိုးအစားဖြစ်ပြီး ၈ပေမှ ၁၂ပေခန့် ရှိနိုင်သော်လည်း တစ်ပေသာသာခန့် အပင်ငယ်လေး ဖြစ်အောင်လည်း စနစ်တကျ ပြုပြင်လို့ ရတဲ့ အပင်မျိုးလည်းဖြစ်ပြီး ခပ်ဝိုင်းဝိုင်းအပင်မျိုး ဖြစ်ပါတယ်။ Orange Jasmine လို့ ခေါ်ရခြင်းကလည်း ပန်းပွင့်တဲ့အခါ အလွန်မွှေးကြိုင်ပြီး လိမ္မော်ရနံ့နဲ့ ဆင်ဆင်တူတယ်လို့ ဆိုပါတယ်။ တစ်နှစ်ကို အကြိမ်ကြိမ်ပွင့်တတ်တဲ့ ပန်းဖြစ်ပါတယ်။

*************

ပိတောက်ပန်း - Gumkino flower

 





မြန်မာလူမျိုးတို့ရဲ့ ရာသီချိန်ခါပန်း ဖြစ်တာကြောင့် မကြိုက်သူ နည်းပါးလှပြီး မွှေးကြိုင်လွန်းတဲ့ သင်္ကြန် မင်းသမီးလေးကတော့ ဝင်းဝါနေတဲ့  ပိတောက်ပန်းဖြစ်ပါတယ်။ ရှေးစာဆိုများကပင် ကဗျာတွေ စာတွေ တကူးတကရေးဖွဲ့ရလောက်အောင် ထူးထူးခြားခြား ပွင့်တတ်တဲ့  ပန်းမျိုးလည်း ဖြစ်ပါတယ်။  အပင်ကြီးမျိုးဖြစ်ပြီး မြန်မာတွေ တန်ဖိုးထား နှစ်သက်ကြတဲ့ ပိတောက်ပန်းခေါ် Gumkino flower ဖြစ်ပါတယ်။

*************

နွယ်သာကီ - Olender



http://3.bp.blogspot.com/-sgsA7zlxtZI/TcgMbdueyJI/AAAAAAAAACE/xmn6RiHQmK4/s1600/Nerium_oleander_Little_Red-1.jpg


*************

ကြက်မောက် - Amaranth flower

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ကြက်မောက် အနွယ်ဝင် ပန်းများအားလုံးကို amaranth flower ပန်းလို့ ခေါ်ပါတယ်။

*************
သပြေ - Eugenia plant

Image Hosted by PicturePush - Photo Sharing


http://www.earthgardenonline.com/images/eugenia.jpg


Image of 'eugenia uniflora' 

ပန်းမဟုတ်ဘဲ အရွက်သက်သက်သာဖြစ်သော်လည်း သပြေပန်းရယ်လို့ ခေါ်ဆိုကြပြီး ကျွန်မတို့မြန်မာလူမျိုးတို့ အသုံးများတဲ့ ပန်းဖြစ်ပါတယ်။ ယတြာခြေခြင်းအတွက် လူအများ အသုံးပြုခြင်း များပြားပြီး ဘုရားတွင်ရောင်းသော ပန်းဆိုင်တိုင်းမှာ မပါမဖြစ် ပန်းတစ်မျိုးဖြစ်ပါတယ်။ သပြေ အမျိုးအစားပေါင်း များစွာ ရှိရာ အပွင့်ပွင့်သော သပြေရှိသကဲ့သို့ အပွင့်ပွင့်ပြီး အသီးသီးသော သပြေပင်ကြီးမျိုးလည်း ရှိတတ်ပါတယ်။ သပြေပန်းအား အောင်မြင်ခြင်း အထိမ်းအမှတ်ပန်းလို့လည်း သတ်မှတ်ကြပါတယ်။

သပြေညို ရွှေဘိုပန်းဟာဖြင့်
လန်းလျှက်ပါကို ..

*************

ခွာညို - Clematis smilacifolia

Clematis smilacifolia (Tropical Clematis) 

Image Hosted by PicturePush - Photo Sharing

ဆောင်းရာသီမှသာ နှင်းရည်စိုလူး ပွင့်ဖူးဝေဆာတဲ့ ပန်းခွာညို ဖြစ်ပါတယ်။ သီချင်းတွေမှာ ထည့်သွင်းသီဆိုရတဲ့ မောင့်မြခွာညို ဆိုတဲ့ ခွာညိုပန်းဟာ ခုလို အညိုရောင်ပန်းကလေး ဖြစ်ပါတယ်။ အနံ့လေးက စိတ်ကြည်နူးချမ်းမြေ့ဖွယ် ကောင်းလောက်အောင် မွှေးကြိုင်တဲ့ ချစ်စရာ ခွာညိုပန်းဟာ Clematis smilacifolia  လို့ အမည်ရပါတယ်။ ငါးစီးရှင်ကျော်စွာ ရေးဖွဲ့ခဲ့သော ရှေးခေတ် ကာချင်းတစ်ပုဒ်တွင်လည်း ခွာညိုပန်း အကြောင်း ထည့်သွင်းရေးဖွဲ့ခဲ့ဖူးပါတယ်။

မြင်စိုင်းရွှေမြေ  ပန်းသင်းခွေ
ပင်ခြေချုံထက်နွယ်  ချုံထက်နွယ် ။


တောင်လေရှုန်းရှုန်း  မိုးခတ်အုန်း
ကင်ပုန်းပွင့်ချီချယ်  ပွင့်ချီချယ် ။

နွယ်ပန်း ခွာညို ၊ ပွင့်ပေလို
ပြာသိုဆောင်းလလယ် ဆောင်းလလယ်။

*************

ဆိတ်ဖလူးပန်း - Night Jasmin ( a) coral jasmine


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

အလွန်ချစ်စရာကောင်းပြီး နူးညံ့တဲ့ အဖြူရောင်ပွင့်ချပ် လိမ္မော်ရောင် အရိုးကလေးနဲ့ ဆိတ်ဖလူးပန်းဟာ ကျွန်မ အနှစ်သက်ဆုံး ပန်းကလေးလဲဖြစ်ပါတယ်။ ညဘက်တွေမှာ ပိုမွှေးလို့ Night Jasmin လို့ ခေါ်ဟန်တူသလို ရိုးတံလေးက နီတျာတျာလေး ရှိပြန်တော့ Coral Jasmin လို့လည်း ခေါ်ကြပြန်တယ်ထင်ပါရဲ့ရှင်။ ဆိတ်ဖလူးပန်းကလေး မြင်လိုက်တော့ ငယ်စဉ်ကပင် နှစ်သက်စွာ ရွတ်ဆိုခဲ့ဖူးတဲ့ ကဗျာတစ်ပုဒ်ဖြစ်သော ဆရာကြီး ဗန်းမော်ညိုနွဲ့ရဲ့လက်ဖက်ရည်ကြမ်းဝိုင်း ကဗျာလေးကို ပြေး သတိရလိုက် မိပါသေးတယ်။

လရောင်ဆမ်း၍


ရွာလမ်းမြေမာ၊ ၀င်းဝင်းဝါ၏။


အုန်းထန်းပေလက်၊ တမာရွက်တို့


ရွှေစက် ရွှေပြောက်၊ ရွှေရည်သောက်၏။


တရံတခါ ၊ လေအလာတွင်


ရွာလယ်ပေါင်းကူး ၊ တံတားဦးမှ


ဆိတ်ဖလူးနံ့ ၊ ရွာလုံးပျံ့၏။




*************



ပင်လုံးကြိုင် -  Sweet Osmanthus (a) sweet tea (a) sweet olive

Image Hosted by PicturePush - Photo Sharing


ပင်လုံးကြိုင်ပင်ရှိရာ အိမ်ရှေ့မှ ဖြတ်သွားလျှင် လမ်းတစ်လျှောက်လုံး  မွှေးပျံ့နေသော ရနံ့ကို စိတ်ကြည်နူးဖွယ် ရရှိနိုင်ပါတယ်။  တရုတ်ပြည်တွင် ၄င်းပန်းများကို အခြောက်ခံထား၍ ဖျော်ရည်လုပ်သောက်ခြင်း၊ လက်ဖက်ရည်ကြမ်းအဖြစ် သောက်ခြင်းများကို အသုံးပြုကြပါတယ်။  

*************

ကုမုဒြာပန်း - Dutchman's pipe Cactus


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing
ထူးထူးခြားခြား လရောင်ဆန်းချိန် ညသန်းကောင်ကျော်မှ ပွင့်တဲ့ ပန်းဖြစ်တာကြောင့် ကုမုဒြာရယ်လို့ ခေါ်ကြတဲ့ ရှားစောင်းမျိုးနွယ် Dutchman's pipe Cactus ပန်းဖြစ်ပါတယ်။ ပွင့်ချိန်မှာ အနံ့လေးက သင်းသင်းလေး မွှေးပါတယ်.. မနက်ရောက်ချိန်မှာ ညှိုးသွားတတ်တာကြောင့် ပွင့်တာကို မြင်တွေ့ရဖို့ ခဲယဉ်းတယ်လို့ ဆိုကြတာကြောင့် မြင်တွေ့ဖူးသူ နည်းပါးမယ်လို့ ထင်ပါတယ်။
*************

စကားဝါ - Michelia champaca

စကားဝါပန်း ဆိုတာကတော့ ကျွန်မတို့မြန်မာပြည်မှာ အထူးထင်ရှားတဲ့ ပန်းဖြစ်ပါတယ်နော်။ ရှေး ပုဂံခေတ် ကဗျာဖြစ်တဲ့ ရွှေနှင့်ယိုးမှား ပန်းစကား ဆိုတဲ့ ကဗျာမှာတောင် စကားဝါပန်းကို ထည့်သွင်းရေးဖွဲ့ထားခဲ့ပါတယ်။ ရွှေနဲ့ တင်စားရလောက်အောင်ဘဲ ဝင်းဝါလှပ စိုပြေတဲ့ အရောင်အဆင်း ရှိပြီးတော့ ဘုရားအိုးမှာ ထိုးထားရင် တစ်အိမ်လုံးကို အနံ့က သင်းပျံ့ ကြိုင်လှိုင်နေတတ်ပါတယ်။ စကားဝါ နဲ့ စကားပန်းအဖြူရောင်ရယ်လို့ ရှိပေမဲ့ စကားဝါပန်းက ပိုပြီး မွှေးပါတယ်။ စကားဝါပင်မှာ ပန်းပွင့်နေတဲ့အချိန် ပေပေါင်းများစွာ အဝေးကနေတောင် သူ့အနံ့ကို ရနိုင်လောက်အောင် မွှေးရနံ့ ပြင်းထန်တဲ့ ပန်းဖြစ်ပါတယ်။  ဈေးကြီးတဲ့ ကမ္ဘာကျော် Joy ရေမွှေးဟာ ဒီစကားဝါပန်းနဲ့ ဖော်စပ်ထားတယ်လို့ သိရပါတယ်။

 ပုပ္ပါးနတ်တောင်  အခေါင်မြင့်ဖျား

စုံတောပြား၌    နံ့ရှားကြိုင်လွှင့်

ခါတန်ပွင့်သည်   ရွှေနှင့်ယိုးမှား

ပန်းစကား ။

http://www.hear.org/starr/images/images/plants/full/starr-070320-5725.jpg
စကားဖြူ ပါ။

*************

တရုတ်စကားပန်း - Plumeria (a) Frangipani

Image Hosted by PicturePush - Photo Sharing 

plumeria1

အပေါ်က ပန်းကို စကားပန်းလို့ ခေါ်တဲ့အတွက် ဒီပန်းကိုတော့ ပြည့်စုံအောင် တရုတ်စကားပန်းလို့ ခေါ်ရပါမယ်။ အနီရောင် အဖြူရောင် စသဖြင့် ရှိပြီးတော့ ရနံ့က မွှေးပါတယ်။ ကြိုက်တတ်သူများကတော့ အပွင့်ကို ပြုတ်ပြီး သုပ်စားကြပါသေးတယ်။ Plumeria (a) Frangipani စသဖြင့် ခေါ်ဆိုပါတယ်။ တရုတ်စကားပန်းဟာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အဓိပ္ပါယ် အသီးသီး ရှိပြီး တရုတ်ပြည်မှာတော့  ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့ပန်းလို့ ဆိုကြပါတယ်။ ဟာဝိုင်ရီမှာကတော့ ကြိုဆိုနှုတ်ဆက်တဲ့ သဘောလို့ ဆိုပါတယ်. ဒါကြောင့်လည်း ဟာဝိုင်ရီက မမတွေ တရုတ်စကားပန်းလေး အမြဲတမ်း သုံးတတ်ကြတာ ထင်ပါတယ်။

*************

စွယ်တော်ပန်း - Hong Kong Orchid Tree Flower

Grand Beauty

File:Hong Kong Orchid tree flower.jpg

Hong Kong Orchid Tree Flower လို့ အမည်ရတဲ့ စွယ်တော်ပန်းပါ။ စွယ်တော်ရွက်ဟာ အသည်းပုံသဏ္ဍာန် ရှိတာကြောင့် နှစ်လွှာပေါင်းမှ တစ်ရွက်ရယ်လို့ တင်စားကြပါတယ်။  

Full size picture of White Variegated Orchid Tree, White Butterfly Tree, Buddhist Bauhinia, White Mountain Ebony (<i>Bauhinia variegata var. candida</i>)
အဖြူရောင် စွယ်တော်
အပေါ်က အဖြူရောင်စွယ်တော်ပန်းကိုတော့ Snowy Orchid tree flower လို့ခေါ်ပါတယ်။ ရှမ်းပြည်မှာတော့ စွယ်တော်ပန်းကို ပြုတ်ပြီး သုပ်စားကြပါတယ် ။ အရွက်နုလေးကိုလည်း ကြော်စား၊ ဟင်းချိုချက်စားကြပါတယ်။
*************

ထားဝယ်မှိုင်း - Rangoon Creeper (a)  Quisqualis indica

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

နွယ်ပင်တစ်မျိုးဖြစ်ပြီး အပွင့်ပုံစံက မြတ်လေးပန်းနဲ့ ဆင်ဆင်တူသော်လည်း အနီ၊ အနီဖျော့၊ အဖြူရောင် စသဖြင့် အရောင်စုံတဲ့ Rangoon Creeper  ခေါ် ထားဝယ်မှိုင်းပန်း ဖြစ်ပါတယ်။ ဘယ်သူကများ Rangoon လို့ပါအောင် ပေးခဲ့တယ် မသိပါဘူးရှင်.. ယခင်က ရန်ကုန်ကို အင်္ဂလိပ်လို စာလုံးပေါင်းတဲ့ အသုံးအနှုန်းဖြစ်လေတော့ စိတ်ဝင်စားမိရပါတယ်။

*************


အင်ကြင်းပန်း - Shorea Robusta flower

Image Hosted by PicturePush - Photo Sharing

 Archivio Fotografico - 7434214 

မဟာဗုဒ္ဓဝင်မှာ မပါမပြီးဖြစ်တဲ့ အင်ကြင်းပန်းဖြစ်ပါတယ်။ သစ်ကိုင်းကနေ ပွင့်တာမဟုတ်ဘဲ ပင်စည်ကနေ ပွင့်တတ်တဲ့ ပန်းမျိုးဖြစ်ပါတယ်။ Shorea Robusta flower လို့ ခေါ်ပါတယ်။ မြတ်စွာဘုရားရဲ့ မယ်တော်ဟာ အင်ကြင်းပင်ကိုမှီပြီး မွေးဖွားခဲ့တာဖြစ်သလို ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူချိန်မှာလည်း အချိန်အခါမဟုတ်ဘဲ အင်ကြင်းပန်းတွေ ဖူးပွင့်ကြတယ်လို့ ဗုဒ္ဓဝင်မှာ ဖော်ပြထားပါတယ်။

*************

ရွှေပန်း ငွေပန်း - White Ginger



Image Hosted by PicturePush - Photo Sharing

ရွှေပန်း

Image Hosted by PicturePush - Photo Sharing
ငွေပန်း

 ဂျင်းမျိုးနွယ်ဖြစ်တဲ့ အပင်ကနေ ပွင့်တာကြောင့် ရွှေငွေပန်းကို White Ginger လို့ ခေါ်ပါတယ်။

*************

ခတ္တာပန်း - Crinum asiaticum (a) Poison Bulb

Full size picture of Red-leaf Giant Crinum, Poison Bulb, Giant Crinum Lily, Grand Crinum Lily, Spider Lily (<i>Crinum asiaticum var. procerum</i>)
ခတ္တာနီ

Image Hosted by PicturePush - Photo Sharing

ခတ္တာဖြူ

 မိုးရာသီမှာ ရေကန်စပ်များ၊ ရေဝပ်ရာနေရာများတွင် ဖူးပွင့်တတ်သော ခတ္တာပန်း Crinum asiaticum (a) Poison Bulb ဖြစ်ပါတယ်။
*************

ပုန်းညက် - Calophyllum inophyllum


Image Hosted by PicturePush - Photo Sharing 

ဒီပန်းဟာလည်း မိုးရာသီမှာ ပွင့်တတ်တဲ့ ဖြူဖြူဖွေးဖွေး သေးသေးသွယ်သွယ် ပန်းကလေးဖြစ်ပါတယ်။ ပွင့်ချပ်များမှာ ဖယောင်းသားကဲ့သို့ နူးညံ့လှပြီး ဝတ်ဆံဝါများမှာ အလွန်မွှေးကြိုင်တာကြောင့် ပျားပိတုန်းတို့ ရစ်ဝဲခြင်း ခံရတဲ့ပန်းလည်း ဖြစ်ပါတယ်။ ပုန်းညက်ပန်းရယ်လို့ နာမည်လှလှလေးကို ပိုင်ဆိုင်ပြီး Calophyllum inophyllum လို့ ခေါ်ပါတယ်။ အာရှနဲ့ သြစတြေးလျားမှာ ပေါက်ရောက်တဲ့ အပင်ဖြစ်ပါတယ်။

*************

ခရေပန်း - Spanish Cherry (a)  Star Flower (a) Mimusops elengi

Mimusops flowers


 မသိသူ မရှိတဲ့ ခရေပန်းဖြစ်ပါတယ်။ အပင်ပေါ်မှာရော ကြွေသွားပြီး မြေပြင်ပေါ်ရောက်တဲ့အချိန်မှာပါ မွှေးပျံ့နေဆဲ ပန်းဖြစ်တာကြောင့် ကြွေလဲမွှေး ဝေလဲမွှေး ရယ်လို့ တင်စားကြပါတယ်။

*************

 ပုဏ္ဏရိတ်ပန်း - Ixora 



Dwarf Red Ixora





*************

ဆပ်သွားဖူးပန်း - Pandanus Flower

Image Hosted by PicturePush - Photo Sharing

Soubor:Pandanus utilis male flowers2.JPG

ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ
ကျေးတွေက အုံ
မအုံပါနဲ့ ကိုရွှေကျေး


*************

ဒေါနပန်း - wormwood plant


 Picture of absinth wormwood plant

Benefits Of Wormwood Plant

ပန်းမဟုတ်တဲ့ အရွက်ပင်ဖြစ်သော်လည်း ဒေါနပန်းလို့ ခေါ်ကြတဲ့ အနံ့မွှေးသော အရွက်တစ်မျိုးပါ. ကျွန်မတို့ ငယ်စဉ်ကတော့ အုန်းဆီထဲကို အနံ့မွှေးအောင် ထည့်ပြီး လိမ်းကြပါတယ်။
ဒေါနပန်းကို မြင်ရတော့ လေးမောင့်စံကျောင်း ကဗျာထဲက

မုလေးရုံ တောအစ၊ ဒေါနလမ်း မြေညီ
 လျှောကျစမ်း ရေသင်းကြည်တယ်
 ရွှေနှင်းဆီ ကန်ချောင်း။
ဆိုတဲ့ အပိုဒ်ကို သတိရမိပါသေးတော့တယ်။

*************


ပန်းအခေါ်အဝေါ်အား ကွဲလွဲချက်များ၊ များယွင်းခြင်းများ ရှိခဲ့ပါက ကျွန်မရဲ့  လိုအပ်ချက်ကြောင့်သာ ဖြစ်ပါတယ်။ ပန်းများ ကူညီရှာဖွေပေးသော သူငယ်ချင်းများအား အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ ပိတောက်ပန်းပုံများနှင့် အချို့ပန်းပုံများကို ဒီနေရာ မှ အသုံးပြုထားပြီး ကျန်သော ပုံများအား Google မှ ရှာဖွေ အသုံးပြုပါတယ်။ ဒီပိုစ့်လေးသည် တစ်စုံတစ်ဦးအတွက်ဖြစ်စေ၊ အနည်းငယ်မျှဖြစ်စေ အသုံးဝင်သွားခဲ့မယ်ဆိုလျှင် မွှေနှောက် ရှာဖွေရကြိုး နပ်ပါပြီရှင်..


ချစ်မိတ်ဆွေများအားလုံး ရေလိုအေး၍ ပန်းလို မွှေးပျံ့နိုင်ကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

33 Responses to “ဖူးပွင့်ဝေစီ ပန်းစုံညီ”

mstint said...

ဘုရားခန်းကအထွက် အွန်လိုင်းပေါ်တက် ပို့စ်အသစ်တွေကိုလိုက်အဖတ် ချောရဲ့ ပန်းပေါင်းစုံကို မြင်လိုက်ရတာ မင်္ဂလာရှိလိုက်တာ။ မမြင်ဘူးသေးတဲ့ပန်းတွေအကြောင်းလည်း သိသွားပြီ။ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

မတိုင်းမသိ ပီတိဖြစ်မိတယ်မချောရယ်....
ကျေးဇူးအထူးတင်တယ်နော်.....

Anonymous said...

Thank you Chaw for sharing, I really don't know how to call most of the flowers in Eng!
Mon Petit Avatar

ပန်းလေးတွေက လှလိုက်တာ မချောရေ...း))

ခင်မင်လျက်
နေ၀သန်

Aunty Oo said...

ချောရေ ရေးလဲရေးတတ်လိုက်တာနော်။စေတနာနဲ.
အများသိအောင်ရေးထားတဲ့ပိုစ့်လေးအတွက်ကျေးဇူးတင်
ပါတယ်။ဖတ်ရင်းနဲ.ပန်းလေးတွေရဲ.အနံ.ကိုခံစားမိ
လောက်အောင်ပုံလေးတွေကအသက်ဝင်လှပါတယ်။

ချောရေ.. မွှေးလိုက်တာ... အေးချမ်းလိုက်တာ...
တစ်ကယ်..ရုံးမှာထိုင်နေရင် အနံ့လေးတွေ တစ်ခုပြီးတစ်ခု သင်းလာသလို ခံစားရတယ်သိလား..
အခုလိုစုဆောင်းပေးတာကျေးဇူးနော်..

ပန်းနာမည်တော်တော်များများကိုမသိတာ နဲ့ အတော်ပဲဖြစ်သွားပါတယ် မချောရယ် ဝေမျှပေးတာကျေးဇူးပါနော်..။

ယုဇနပန်း ၊ နွယ်သာကီပန်း ခွာညို ၊ ပင်လုံးကြိုင် စံကားဝါ ၊ ခေတ္တာ ပန်းတို့ဆိုရင် တစ်ခါမှကိုမမြင်ဖူးဘူးရယ်..။

ဆိတ်ဖလူးပန်းကို ရခိုင်လိုရိုးလှသန္တာလို့ခေါ်ပါတယ်
ပုဏ္ဏရိတ်ပန်း ကိုကျတော့ ရွှေတဆုပ်ပန်းလို့ခေါ်ပါတယ်..

မြန်မာအခေါ်အဝေါ်တွေကိုသိပေမယ့် ရခိုင်အခေါ်အဝေါ်တွေနဲ့မတွဲမိဘူး .ဝေမျှပေးတာကျေးဇူးပါနော် အမ..။

Cameron said...

ကျေးဇူးပဲချောရေ..ပန်းတွေကို အပင်ပန်းခံပြီး တော်တော်စုံစုံလင်လင်ရှာဖွေတင်ပေးထားတယ်...။ အဲဒီပန်းတွေအကုန်လိုလို ကျောင်းတုန်းကသင်ဖူးတယ် ပရက်တီကယ်လုပ်ဖူးတယ် မိုင်နာထဲမှာပါနေလို့လေ...။ ကြက်မောက်နွယ်ဝင် တွဲလောင်းကျနေတာက ကြောင်မြီးပန်းခိုင်ဆိုပြီး ဆရာမတွေပြောတယ်...။ Magnolia ကို စကားပန်းအုပ်စုထဲကလို့ပဲသိထားတာ တတိုင်းမွှေးပန်းမှန်းခုမှသိတယ်....။ ခရေပန်းပွင့်က အပင်ပေါ်မှာပိုလှတယ်...။ ပန်းတွေအကုန်ကြိုက်တယ်.....။

ခင်တဲ့
မိုးငွေ့

rose said...

Thank you sis for sharing this knowledge. I feel that I get the scent of all flowers :))

Min said...

FYI, ပိတောက် can also called Angsana.

Anonymous said...

ယုဇနပန်း နဲ့ ဇီဇ၀ါကို အရောင်ရော အနံ့ ရောသိပ်သဘောကျတယ်။
ပန်းပုံလေးတွေ တွေ့ တော့မြန်မာပြည်ကို လွမ်းသွားတယ်ချောရေ။
အိုင်အိုရာ

လှလိုက်တာနော် ..

မချောရေ အချိန်တွေအများကြီးပေးပြီး အပင်ပမ်းခံပြီးရေးထားတာ ကျေးဇူး။
ပန်းလေးတွေတအားကြိုက်တယ်။
သနပ်ခါးပန်းလေး၊ ခွာညိုပန်း၊ ယုဇနပန်း အကုန်မပြီးသေးဘူး၊ ရေးချင်လို့ comment အရင်ရေးတာ။
share မယ်နော် fb မှာ
ပြီးရင်ပြန်လာဖတ်မယ် ခု အလုပ်နည်းနည်းရှိ
ချစ်တဲ့
pp

ယောက္ခမ said...

အိမ်ကို လွမ်းလိုက်တာ ချောရယ်း(
ကိုယ်ငယ်ငယ်ကဆို ဆောင်းရာသီမနက်မှာ
ဆိတ်ဖလူးပန်းတွေ ကောက်ပြီး သီနေတတ်တယ်
ဇီဇ၀ါ ပန်းလည်း ကြိုက်တယ်။ ခွါညိုပန်းရော
သနပ်ခါးပန်းနဲ့ ယုဇနပန်း အိုး အားလုံးကြိုက်တယ်
စကားပန်းကလွဲရင် အိမ်မှာ အကုန်လုံးရှိတယ် ဒီပန်းတွေ

ကန့်ကော်ကိုတော့ မွှေးလို့  အကြိုက်ဆုံးပဲ။ :)

Nay Mya Mya Swe said...

ပန်းလေးတွေကို Download လုပ်သွားပါတယ်ရှင်
တချို့ မသိသေးတဲ့နာမည်တွေကိုသိခွင့်ရလို့ ကျေးဇူးတင်ပါတယ်နော်

PhyoPhyo said...

မချောရေ အချိန်တွေအများကြီးပေးပြီး အပင်ပမ်းခံပြီးရေးထားတာ ကျေးဇူး။
ပန်းလေးတွေတအားကြိုက်တယ်။
သနပ်ခါးပန်းလေး၊ ခွာညိုပန်း၊ ယုဇနပန်း အကုန်မပြီးသေးဘူး၊ ရေးချင်လို့ comment အရင်ရေးတာ။
share မယ်နော် fb မှာ
ပြီးရင်ပြန်လာဖတ်မယ် ခု အလုပ်နည်းနည်းရှိ
ချစ်တဲ့
pp

အော်....ပန်းပန်း....ပန်းဆိုတာ မြေပေါ်ပေါက်တတ်တာပါလားနော် :P ပန်းပုံလေးတွေ ကြည့်သွားတယ် အစ်မချောရေ.....

ခင်တဲ့(ဖိုးကြယ်)

ကိုအောင်(ပျူနိုင်ငံ) said...

ပန်းတွေလည်း လှပါသည်၊ မချောလည်း လှပါသည်၊
ဘလော့ဒေးအမှတ်တရလေး တက်ဂ် tag ထားပါသည် ... :P

SHWE ZIN U said...

ညီမ ချော ရေ

ဖတ်ရင်းနဲ့ အနံတွေတောင် ရလာသလိုဘဲ သရဖီ ပန်းလေး ပါသေးဘူးနော် ငယ်ငယ်က မေမေ က သရဖီ ပေါ်ချိန်မှာ ပန်းလေးပန်ပေးပြီး သနပ်ခါးတွေ ဖွေးနေအောင် လိမ်းပေးတာသတိရတယ်

အမချောရေ...
ပန်းလေးတွေ ကြည့်ရတာ အရမ်းစိတ်ချမ်းသာပါတယ်။ ပန်းက လူကို ရွှင်လန်းအေးမြစေတယ်နော်။

ဒါပေမဲ့ အင်္ဂလိပ်လိုတော့ လိုက်မမှတ်တော့ဘူးနော်။ မှတ်ရ ခက်လွန်းလို့။း))))

ခင်မင်လျက်

တချို့ပန်းတွေဆို နာမည်နဲ့ ပုံနဲ့ တွဲမသိဘူး ဖြစ်နေတာ ဒီပို့စ်လေး ဖတ်မှပဲ မှတ်မိသွားတော့တယ်၊ သဘောကျ တာက ထားဝယ်မှိုင်းပဲ..၊ မြန်မာလိုတော့ 'ထားဝယ်'..၊ အင်္ဂလိပ်လိုတော့ 'ရန်ကုန်' တဲ့၊ ဒါတောင် Rangoon လို့ ပေါင်းထားသေးတယ်၊ ဟိုလူကြီးတွေ မြင်ရင် Yangon လို့များ အတင်းပြောင်းနေဦးမလား မသိ..၊း) စုံစုံစေ့စေ့နဲ့ ရှာဖွေ ဝေမျှပေးလို့ ကျေးဇူးပါပဲ မချောရေ...။

ဆွေလေးမွန် said...

ဆိတ်ဖလူးပန်း ၊ ဇီဇ၀ါ ၊ စကားဝါပန်း ပြီးတော့
ကုမုဒြာ အဲဒီပန်းတွေကို တော်တော်လေးကို ချစ်တာ.
ပန်ဖို့ဟုတ်ဘူး အပင်မှာပွင့်နေတာကို ကြည့်နေရတာကိုက ကြည်နူးနေတာ..
ဆိတ်ဖလူးပန်းတွေဆို မြေပြင်မှာ ကြွေကျနေပြီဆိုရင်
အဲဒီအပင်အောက် သွားထိုင်ပြီးကြည့်နေတော့ပဲ..
ငယ်ငယ်လေးထဲကကို အဲလိုကြည့်ရတာ နှစ်သက်တာ.
တစ်ခါမှတော့ ပန်းမပန်ဘူး. ပြီးရင် ပန်းလာခူးတဲ့ လူရှိလဲ စိတ်ဆိုးသေး.. ငယ်ငယ်ကပြောတာပါ..

ကျေးဇူးမချောရေ..ဒီနေ့အဖို့တော့ ပန်းပေါင်းစုံမွှေးပျံ့ လို့ စိတ်နှလုံးသာယာသွားတယ်..

ပို့စ်ဖတ်ရရုံနဲ့တင် မွှေးပျံ့သင်းကြိုင်ပါပဲ။

ကျေးဇူးတင်တယ်ချော။
စိတ်ကြည်နူးရတယ်။

ပန်းရနံ့လေးတွေ ကူးစက်သွားတယ်။ အေးချမ်းသွားတာပဲမချော။ မသိသေးတဲ့ အမည်တွေလည်း သိရပြီ။
ချစ်တဲ့
သဒ္ဓါ

Anonymous said...

ပန်းလေးတွေ
ကြည့်ရတာ ရင်ထဲမှာ အေးသွားပြီး
ဟိုးအရင် အိမ်မှာ စိုက်ခဲ့ဖူးတာတွေ
ပြန်သတိရမိတယ် ..
အထူးသဖြင့်
သနပ်ခါး ပင် ပေါ့ ..
စကားဝါ ပန်းဆိုတာလည်း
ပိတောက်လိုပဲ သင်္ကြန်ပန်း တစ်မျိုးပဲ ..
မန္တလေး အညာဘက်မှာဆိုရင်
သင်္ကြန်ဆို ပိတောက်နဲ့ တူတူ အပြိုင်ပွင့်တယ် ..
အဲ့ဒီ့ စကားဝါပန်းကို ဖက်နဲ့ထုပ်
ပြီးရင် သင်္ကြန်ကားပေါ်တင် ..
ပြီးရင် ကားတွေပေါ်ကနေ တစ်ယောက်နဲ့ တစ်ယောက် ပေးတာတွေ ရှိတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မနက်စောစောစီးစီးမှာ
ကြည့်လိုက်ရလို့
မွှေးပျံ့တဲ့ ပန်းရနံ့တွေကို လွမ်းသွားမိတယ်၊

တချို့ ပန်းနာမည်တွေကို မှတ်ထားလိုက်တယ်၊

Maung Myo said...

ကျနော်နော့် ..........ဆိတ်ဖလူးပန်း - Night Jasmin ( a) coral jasmine လေးတွေကို အချစ်ဆုံးပဲ အငယ်တုန်းက ခေါင်းရင်းခြံမှာ အဲ့ပန်းရုံကြီး ပွင့်ပွင့်နေတာ ညဘက်ကျ သိပ်မွှေးတာပဲ ချစ်စရာလေးတွေ ။

မချောရေ ပန်းတွေအားလုံးကို သဘောကျစွာ ကြည့်ရှုခံစားလိုက်မိပါတယ်။ တစ်ချို့ပန်းတွေကို တွေ့ဖူးမြင်ဖူးနေပေမယ့် နာမည်မသိဘူးရယ်။ ခု ချောပြောပြမှပဲ သိတာ။ ဘုန်းဘုန်းတို့ရွာကျောင်းအရှေ့ဘက်က စကားဝါပန်းရှိပြီး အနောက်ဘက်ကတော့ စကားဖြူရှိတယ်။ စကားဝါကို ပုလင်းထဲထည့်ပြီး ရေနဲ့၊ ပြီးတော့ မပုပ်အောင်လို့ ကျောက်ချဉ်ဆိုလား ဘာဆိုလား ထည့်သေးတယ်လေ။ ပြီးရင် ဘုရားစင်ပေါ်မှာ တင်လှူထားကြတယ်။ ချောတို့ဘက်မှာကော အဲဒီလို မလုပ်ဘူးလား။

Anonymous said...

မမချော... ကျေးကြူးကမ္ဘာဆိုင် ....

အင်ကြင်း

Mg Han said...

ရွှေမြို့က ပန်းခွာညို စာဆိုနှင့်ပေး
စာဆိုနဲ့ ခွာညိုပန်းရယ် နန်းမြေထိမွှေး

Banyar Nwet said...

မချောခင်ဗျား ကျွန်တော်၏facebookစာမျက်နှာထက်တွင် Credit: ချော(အစိမ်းရောင်လွင်ပြင်)မအည်ဖြင့် ကူးယူဖော်ပြခွင့်ပြုပါရန်လေးစားစွာခွင့်တောင်းအပ်ပါသည်.....
လေးစားစွာဖြင့်
Banyar Nwet

Unknown said...

ကျွန်တော့်ရဲ့fb pageမှာ ပြန်shareချင်လို့ပါ