မှိုဝက်သားလိပ်ပေါင်း၊ မှိုချဉ်စပ်သုပ်


Image Hosted by PicturePush - Photo Sharing


မနေ့ကတော့ ( Golden Needle Mushroom) ရွှေအပ်မှိုရဲ့ ကောင်းကျိုးတွေအကြောင်း ရေးပြီးခဲ့တာမို့ ဒီနေ့တော့ ကျွန်မ ချက်စားဖြစ်တဲ့ ရွှေအပ်မှိုဟင်းအကြောင်းများကို ရေးချင်ပါတယ်။ ရွှေအပ်မှိုကို အသား၊ အသီးအရွက်တွေနဲ့ ရောပြီး ကြော်စားကြသလို ပေါင်းစားတာလည်း အရသာရှိပြီး စားလို့ကောင်းပါတယ်။ ပေါင်းစားဖြစ်တဲ့နည်းတွေကို ပြောပြရမယ်ဆိုရင်

ရွှေအပ်မှိုပေါင်း

Image Hosted by PicturePush - Photo Sharing 

ရွှေအပ်မှိုကို အမြစ်ပိုင်းက ဖြတ်ပစ်ပြီး ရေစင်အောင်ဆေးကာ ခုလို အစည်းလေးများ စည်းလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည် ၊ဆား၊ အရသာမှုန့် တို့ကို ရောမွှေပါတယ်။

Image Hosted by PicturePush - Photo Sharing 
အရည်ကို မှိုစည်းများပေါ်မှာ လောင်းချလိုက်ပါတယ်။




Image Hosted by PicturePush - Photo Sharing 

ထို့နောက် မှိုများကို ရေနွေးဆူဆူဖြင့် ပေါင်းပါတယ်။ အိုးကို အဖုံးအုပ်ထားဖို့ လိုပါတယ်။

Image Hosted by PicturePush - Photo Sharing 

ခဏလေးနဲ့ဆို ကျက်သွားပါပြီ။ အိုးပေါ်ကချပြီး ငရုပ်ပွအစိမ်း နဲ့ ငရုပ်သီးအနီများဖြင့် ခုလိုအပေါ်က အလှဆင်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
စားချင်စဖွယ် မှိုပေါင်းတစ်ခွက် ရပါပြီ။


 ************************

ရွှေအပ်မှို အသားလိပ်ပေါင်း

Image Hosted by PicturePush - Photo Sharing 

မှိုကို အသားလိပ်နဲ့ ပေါင်းဖို့အတွက် ဝက်သားကို ခုလို ခပ်ပါးပါး ရှည်ရှည်လှီးပါတယ်။

Image Hosted by PicturePush - Photo Sharing 

ရေစင်အောင်ဆေးထားတဲ့ မှိုများကို ဝက်သားပြားနဲ့ ခုလို ပတ်ပြီးစည်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
မှိုဝက်သားလိပ်ကို ရေနွေးဖြင့်ပေါင်းပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကြက်သွန်ဖြူ၊ ငရုပ်ပွ၊ အနီ အစိမ်းတို့ကို ဆီသတ်ပြီး ပဲငံပြာရည်၊ ဆား၊ အရသာမှုန့်တို့ ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing

  
ကော်မှုန့် အနည်းငယ်ကို ရေဖျော်ပြီး ထည့်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

မှိုဝက်သားလိပ်ပေါင်း ရပါပြီ။





Image Hosted by PicturePush - Photo Sharing 
တစ်လိပ်ချင်းဆို ဒီလိုလေးပါ။ စားလို့လည်း ကောင်းပါတယ်။း)


************************

ရွှေအပ်မှိုသုပ်

Image Hosted by PicturePush - Photo Sharing

မှိုကိုရေစင်အောင်ဆေးထားပါတယ်


Image Hosted by PicturePush - Photo Sharing 

မုန်လာဥနီ၊ ငရုပ်ပွ နီ စိမ်းတို့ကို အချောင်းကလေးများ ဖြစ်အောင် လှီးထားပါတယ်



Image Hosted by PicturePush - Photo Sharing 
မှို ငရုပ်ပွ၊ ဥနီတို့ကို ပေါင်းပြီး ၂မိနစ်ခန့်သာ  ပြုတ်ပါတယ်

Image Hosted by PicturePush - Photo Sharing 

ပြုတ်ပြီး ရေအေးအေးတွင် ဆေးကာ ရေစစ်ထားပါတယ်.

Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ ၊ ငရုပ်သီးဆီကြော်၊ ငံပြာရည်၊ နှမ်းဆီ ၊ ဆား၊ ရှာလကာရည်

Image Hosted by PicturePush - Photo Sharing
 ပြုတ်ထားတဲ့ မှို၊ ဥနီ၊ ငရုပ်ပွတို့ကို ငရုပ်သီးစိမ်း ၊ နံနံပင်ထည့်ပြီး အပေါ်က အရည်ကို လောင်းချလိုက်ပြီး ရောမွှေလိုက်ပါတယ်။ ချဉ်ချဉ်လေး စားလိုပါက သံပုရာရည် ညှစ်ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing 


Image Hosted by PicturePush - Photo Sharing

 ချဉ်ချဉ်စပ်စပ် ရွှေအပ်မှိုသုပ်



 ကျွန်မချက်စားဖြစ်တဲ့  ရွှေအပ်မှိုဟင်းများ ဖြစ်ပါတယ်။



အားလုံးဘဲ ပျော်ရွှင်ကျန်းမာကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing



21 Responses to “မှိုဝက်သားလိပ်ပေါင်း၊ မှိုချဉ်စပ်သုပ်”

khin said...

ညီမလေးချောရေ

မှိုအကြောင်းဖတ်ရင်း စားချင်စိတ်တွေဖြစ်ပေါ်ပြီး သားရေတောင်ကျချင်လာပါတယ်၊ နောက်တပတ်တော.၀က်သားနဲ.လိပ်ထားတာ ချက်စားဖြစ်မယ်၊ ကျေးဇူးဘဲညီမချောရေ။

မမခင်ခင်

မချောရေ မောနင်းနော်။ ဘုန်းဘုန်းက ရှေးအတွေးကိုပဲ လက်ခံထားနေတာ။ ကန်စွန်းရွက်နဲ့ ချက်တာများ ပါမလားလို့။ (ဟီး...)မချောက ခေတ်အမြင်၊ ခေတ်အတွေးနဲ့ ရှယ်ချက်ပြသွားတာကိုး။ တစ်ဝကြီး ဘုဉ်းပေးသွားတယ် မချောရေ။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

Anonymous said...

Never tried those recipe Chaw, seems yummy and thank you for sharing!!!
Mon Petit Avata

မိစံ said...

လိုက်ပွဲပေးအုံးအစ်မရေ..
မ၀သေးဘူး..အဟီးးးး
နူးနူးညံ့ညံ့စပ်စပ်လေးနဲ့
တော်တော်စားကောင်းမှာပဲနော်

စားချင်စဖွယ်.. ရှလွတ်.. :P

ခင်မင်လျက်
နေ၀သန်

ဆွေလေးမွန် said...

မချောရေ..စိတ်ရှည်လက်ရှည်နဲ့
ဘယ်လိုချက်ရမယ်..
ပြီးတော့ ဓာတ်ပုံ အလှဆင်ထားတာလေးတွေကလဲ လှ
စားချင်စားဖွယ်လေးလဲရှိ..နဲ့ ...



နောက်တစ်ပတ် ပိတ်ရက်မှ လုပ်စားကြည့်အုန်းမယ်.
ဒီနေ့တော့ အိမ်မှာ မုန့်တီသုပ် လုပ်စားဖြစ်တယ်.

floweropoem said...

အမရေ အစားအသောက်တွေ က ရှယ်ပဲ မှိုအရမ်းကြိုက်တာ :)

Sonata Cantata said...

ချောရေ.. အမက uric acid များတတ်လို့ မှိုမစားရဲဘူး။ ရွှေအပ်မှိုလေးတွေ စားချင်စဖွယ် ချက်ထားတော့ စားချင်မိတယ်။

ချောရဲ့ ဒီနည်းတွေနဲ့ တော့ လုပ်စားကြည့်ချင်သေးတယ်။
ချဉ်ငံစပ်အရသာဆိုတော့ ခံတွင်းလိုက်မှာသေချာတယ်။

An Asian Tour Operator said...

အစ်မချောက တယ်လဲ နှိပ်စက်သကိုး :))

မှိုအသုပ်လေး အစားချင်ဆုံးပဲဗျာ....။ ဒါပေမယ့် ကျနော်တို့  ဆီက သဘာဝ မှိုတွေကို အရသာ အရာမှာတော့ လိုက်မမှီတာ သေချာတယ် အစ်မချောရေ။

ahphyulay said...

အင်း....
မ ချောရေ၊
အမှန်အတိုင်း ပြောရရင်
ဒါမျိုး မမြင်ဖူး၊ မစားဖူးသေးဘူးပေါ့ နော်၊
တုံးတယ်ပဲ ဆိုပါတော့  ..။
စားကြည့် ချင်တယ်။

Evy said...

ဟင်းလေးတွေက ရှယ်ပဲချောရေ။ မှိုပေါင်းလုပ်စားကြည့်ရဦးမယ်။ တကယ့်ကိုကောင်းမယ့်ပုံလေး

blackroze said...

မကြီးချောရေ..
ဟင်းတွေအများကြီးချက်တတ်တယ်နော်
ညီမဆို..အဲဒီရွှေအပ်မှိုကိုခေါက်ဆွဲပြုတ်ထဲထည့်
ပြီးတော့ဘဲစားပလိုက်တာ
ကျန်တာတွေမချက်တတ်ဘူး..
နည်းသေချာမှတ်သွားတယ်..

ချစ်တဲ့ blackroze

Iora said...

မှိုသုပ်လေးက စားချင်စရာချောရယ်။
မန့် မရလို့ နောက်မှ ပြန်ပြန်လာရတယ်။ သိလား။
အိုင်အိုရာ

ဒါတွေဖတ်ပြီး ဒေါ်ချောနဲ့ အိမ်နီးနားချင်းမဖြစ်ရတာ နာလိုက်တာလို့ တွေးမိပါရဲ့...အိမ်နီးချင်းသာဖြစ်လို့ကတော့ ဒေါ်ချောအိမ်က ဟင်းနံ့ရတာနဲ့ ခပ်တည်တည်နဲ့ကို အလည်သွားဖြစ်မှာ သေချာပါရဲ့...အစားတစ်လုပ်အတွက် အလုပ်မရှုပ်ချင်တဲ့ ဦးဟန်ကြည်နဲ့များ ဆီနဲ့ရေလို ကွာချက်ကတော့လေ...

Cameron said...

ဲအဲဒီအပ်မှိုကိုကြိုက်လို့ ချောလုပ်တဲ့ ဟင်းအမျိုးစုံကို စားသွားတယ်...။ ၀က်သားနဲ့လိတ်တာလေးလုပ်စားကြည့်ဦးမယ်ကွယ်..။

မချောရေ
ကျေးဇူးပါ
အဲလိုတွေလည်းစားလို့ရတာမသိဘူး
လုပ်စားဦးမယ်

ဟင်း... မကြာမကြာ နှိပ်စက်

PhyoPhyo said...

ရွှေအပ်မှိုရယ်ဒီမိတ်ရလာလို့ မချောရေ၊
မချောချက်နည်းလေးတွေချက်ကြည့်ချင်တာ၊ ခုဟာက ဇွိဆို စားရုံပဲ။
မချော စကားမစပ် အသံလေးက စိတ်ဝင်စားစရာလေး၊

အင်း ဝက်သားလိတ်လုပ်နည်းက လုပ်ရတာလွယ်မယ် ထင်တယ် လုပ်စားအုံးမယ် ကျေးဇူးကမ္ဘာဆိုင်