ပဲပြားပေါင်းနှင့် မြေထဲပင်လယ်အသုပ်များ

ဒီတစ်ပတ်  စားသောက်ဖွယ်ရာကဏ္ဍအတွက် ဖော်ပြချင်တဲ့ ဟင်းလျာက လွယ်လွယ်ကူကူ လုပ်စားနိုင်တဲ့ တိုဟူးဖြူ (ပဲပြား) ပေါင်း ဖြစ်ပါတယ်။

တိုဟူးဖြူပေါင်း  


Image Hosted by PicturePush - Photo Sharing 

တိုဟူးဖြူကို ပေါင်းဖို့အတွက် ခပ်ရှည်ရှည် တိုဟူးတစ်တုံးကို အဆင်သင့်ပြင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ခုလိုအရွယ်လေးများ ပိုင်းဖြတ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထုံးဘဲဥ (ဖီတန်) နှစ်လုံး ကို အခွံခွာပြီး အတုံးလေးများ တုံးလိုက်ပါတယ်

Image Hosted by PicturePush - Photo Sharing 

အတုံးလေးများ တုံးထားတဲ့ ထုံးဘဲဥကို တိုဟူးများပေါ် ဖြန့်ခင်းလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

တိုဟူးများကို ရေနွေးဆူဆူဖြင့် ၅မိနစ်ခန့် ပေါင်းပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကြက်သွန်ဖြူ၊ ငရုပ်သီး၊ ငရုပ်ပွအစိမ်း၊ နံနံပင်များကို ပြင်ဆင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထိုပန်းကန်ထဲကို ငရုပ်သီးစိမ်း၊ ငရုပ်သီးမှုန့်ကြော်ဆီ၊ ပဲငံပြာရည်၊ ရှာလကာရည် ၊ ဆား၊ အရသာမှုန့်တို့ ရောလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

၎င်းအရည်များကို တိုဟူးဖြူပန်းကန်ပေါ် ဖြန့်လောင်းချလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing 
ထို့နောက် မြေပဲဆန်ထောင်းများကို ပန်းကန်ပေါ် လောင်းချလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒီပုံစံအတိုင်း စားနိုင်ပြီဖြစ်တဲ့ တိုဟူးဖြူပေါင်း ရပြီဖြစ်ပါတယ်။



~~~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~

စပိန်ကညွှတ်လိမ္မော်သုပ်



asparagus














ကညွှတ်ကို စပိန်လူမျိုးများ သုပ်စားလေ့ ရှိတဲ့ နည်းတစ်မျိုးနဲ့ သုပ်မှာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

ကညွှတ်များကို ခုလိုအရွယ်များ လှီးဖြတ်လိုက်ပါတယ်။ ထို့နောက် ရေနွေးဆူဆူဖြင့် ၄င်းကညွှတ်များကို ခေတ္တပြုတ်ပြီး ရေအေးအေးဖြင့် စိမ်ထားပါတယ်။


Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီးကညွှတ်များ၊ ခရမ်းချဉ်သီး၊ ဂေါ်ဖီ (သို့မဟုတ်) ဆလပ်ရွက် အနည်းငယ်၊ လိမ္မော်သီးစိတ်များ


Image Hosted by PicturePush - Photo Sharing 

လိမ္မော်သီးကို အရည်ညှစ်ပါတယ်။ သံလွင်ဆီ (သို့) နှမ်းဆီ၊ ဆား၊ အရသာမှုန့် တို့ ရောစပ်ထားသော အရည်။ အချဉ်ကြိုက်လျှင် သံပုရာရည်ညှစ်ထည့်နိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing

၎င်းအရည်များကို ကညွှတ်၊ ခရမ်းချဉ်သီး၊ လိမ္မော်သီးများပေါ် လောင်းချပြီး ငရုပ်ကောင်းအနည်းငယ်ထည့် မွှေပေးပါ။


Image Hosted by PicturePush - Photo Sharing 

အရသာတစ်မျိုးနဲ့ ထူးခြားတဲ့ စပိန် ကညွှတ်လိမ္မော်သုပ် ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
Spanish Asparagus and Orange Salad



~~~~~~~~~~~~~~~~~@@@@~~~~~~~~~~~~~~~~

နောက်ထပ် ဟင်းလျာတစ်မျိုးက တူရကီသခွား၊ ငရုပ်သီးသုပ် ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

သခွားသီး၊ ငရုပ်ပွ အနီအစိမ်း၊ ကြက်သွန်နီ တို့ကို သုပ်ဖို့ပြင်ဆင်ပါတယ်။

Image Hosted by PicturePush - Photo Sharing 

ချိစ်နှစ်ပြားကို အနေတော်အရွယ်များ တုံးပြီး ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ကြက်သွန်ဖြူ၊ ငရုပ်သီး၊ လိမ္မော်သီးအရည်၊ သံလွင်ဆီ၊ ဆား၊ အရသာမှုန့်

Image Hosted by PicturePush - Photo Sharing 

နံနံနဲ့ ပူစီနံရွက်၊ ငရုပ်ကောင်းမှုန့်များကို ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
၎င်းအရည်များကိုလောင်းချပြီး ဖြေးညှင်းစွာ လှုပ်ခါပေးပါ။


Image Hosted by PicturePush - Photo Sharing 

တူရကီနိုင်ငံမှာ သုပ်စားလေ့ရှိတဲ့ သခွား၊ ငရုပ်သီးသုပ် ဖြစ်ပါတယ်။

Turkish Salad


Image Hosted by PicturePush - Photo Sharing

အထက်ပါ မြေထဲပင်လယ်အသုပ်နှစ်မျိုးဖြစ်တဲ့  ( စပိန်ကညွှတ်သုပ် )Spanish Asparagus and Orange Salad နဲ့ ( တူရကီ သခွားသီးငရုပ်ပွသုပ်) Turkish Salad နှစ်မျိုးကတော့ အသုပ်များသုပ်ရာတွင် သံလွင်ဆီနဲ့ လိမ္မော်သီးကို အသုံးများကြသော မြေထဲပင်လယ် ဒေသများဖြစ်တဲ့ စပိန်၊ တူရကီ၊ ပါရှန်း ၊ ဂရိ၊ မော်ရိုကို စတဲ့ ဒေသများမှာ စားသောက်ကြတဲ့ နည်းများဖြစ်ပါတယ်။ ၄င်း မြေထဲပင်လယ် အသုပ်များကိုတော့ ကျွန်မရဲ့ ခင်မင်လှစွာသော သူငယ်ချင်း SSY လက်ဆောင်ပေးပို့သော Mediterranean Food Of The Sun စာအုပ်မှ နည်းလမ်းအတိုင်း သုပ်ထားတာဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

မြေထဲပင်လယ် အစားအသောက် ချက်ပြုတ်နည်းစာအုပ် ထူထူ လေးလေးလံလံကြီးကို ကျွန်မဆီ  မရောက်ရောက်အောင် ပို့ပေးတဲ့ သူငယ်ချင်း SSY ကို ကျေးဇူးအထူးတင်ပါတယ်လို့ ဒီပိုစ့်လေးနဲ့ အတူ ပြောပါရစေရှင်။



အားလုံးလည်း ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာပြီး သာယာကြည်နူးဖွယ် အားလပ်ရက်များ ဖြစ်ကြပါစေရှင်။


Image Hosted by PicturePush - Photo Sharing


29 Responses to “ပဲပြားပေါင်းနှင့် မြေထဲပင်လယ်အသုပ်များ”

ကောင်းလေစွ... သွားရည်များများကျသွားပါ၏...း)))


ခင်မင်လျက်
နေ၀သန်

mstint said...

ချောရေ တိုဟူးဖြူပေါင်းကို ဒီကနေ့စမ်းလုပ်မယ်။ ကညွတ်ကိုတော့ အိမ်မှာကြော်စားတာလောက်ပဲ လုပ်စားဖူးတာဆိုတော့ ဒီတစ်ခါ သုတ်စားကြည့်မယ်။
တူရကီသခွားသီး ငရုပ်သီးသုပ်လည်း လုပ်ရတာလွယ်တော့ စမ်းသုပ်မယ်။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တိုဟူးနဲ့ဆေးဘဲဥလေးက စားရက်စရာတောင်မရှိဘူး...၊
သဘောကျတယ်...၊မစားရက်လို့အလှကြည့်ပြီးပြန်ပြီ...:))

ဆလတ်သုပ်တွေကို ကြိုက်တယ် ...သံလွင်ဆီထည့်သုပ်ရတာမျိုးကြိုက်တယ်...။ အိမ်မှာလုပ်စားဦးမယ် ချောရယ်....။

ခင်တဲ့
မိုးငွေ့

Anonymous said...

ညီမ ချော ရေ

ဒီနေ့ ဟင်းလေးတွေ က အတော်ကောင်းမယ်ထင်တယ် တခု မှ အဲလိုလုပ် မစားဘူးသေးဖူး

ကျေးဇူး
ရွှေစင်ဦး

Anonymous said...

အစ်မရေ..တော်တော်စားလို့ကောင်းမှာပဲနော်
ှရှလွတ်...းD
တစ်ပွဲပြီးတစ်ပွဲဝင်တီးသွားတယ်အစ်မရေ.:P
ညီမကထုံးဘဲဥကိုပိုကြိုက်တယ်။

ခင်မင်စွာဖြင့်
ညီမ/မိစံ

တို့ဟူးဖြူပေါင်းလေး စားချင်လိုက်တာ။ တမျိုးပြီးတမျိုးချက်ကျွေးတာ မေတ္တာနဲ့တင် ပြည့်နေပါပြီနော်မချော။။
ချစ်တဲ့
သဒ္ဓါ

ဆွေလေးမွန် said...

တို့ ဖူးဖြူပေါင်းကို စားချင်ဆုံးပဲ..

ကညွတ်ဆိုတာ ခုမှပဲ ကြားဖူးတာ။ ဘုဉ်းပေးကြည့်ချင်လိုက်ပါဘိ ချောရေ။ ပဲပြားကိုတော့ သူ့သီးသန့် ကြော်ချက်နဲ့ ပဲပင်ပေါက်နဲ့ ရောချက်ထားတာပဲ စားဖူးသေးတယ်။ ချောနဲ့တွေ့မှပဲ ထူးထူးဆန်းဆန်းလေးတွေ ဘုဉ်းပေးဖူးသွားပြီ။ ကျန်းမာပျော်ရွှင်ပါစေ မချောရေ။

Oh, though I haven;t tasted any of these two salad, I am already in love those, thank you Chaw !!!

ှနိုင် said...

မချောရေ..အလုပ်တစ်ဖက် သမီးတစ်ဖက်နဲ့ အမြဲတမ်းမအားတဲ့ကျမ..ပိတ်ရက်ကျတော့ လည်း သမီးအချိန်ပေးရ..ယောကျာင်္းစားချင်တာလုပ်ပေးရနဲ့ လုံးဝနီးပါးကို အချိန်မအားလပ်ပေမယ့် မချောဝက် ဆိုဒ်ရယ်..နောက်ထပ် ၂ခုရယ်က မ၀င်ဖြစ်ဝင်ဖြစ်အောင် နေ့တိုင်းကြိုးစာစ၀င်တယ်..ဟိုတလောက၀င်လို့မရလို့ အီးမေးနဲ့ဝင်တာလည်းမရနဲ့..မချောပြန်လာမှဝင်လို့ရတော့တယ်..အဆင်ပြေရင်နေ့တိုင်းရေးဖြစ်အောင်ကြိုးစာပေးပါ..ဗဟုသုတတွေ ရလို့ပါ..

စာအုပ်ထဲကနည်းကြည့်ပြီး စိတ်လက်ရှည်ရှည်နဲ့ ပြန်စမ်းချက်တတ်တဲ့ ချောကို ဘာလက်ဆောင်ပေးရမယ်ဆိုတာ သိသွားပြီ.....။ အရွက်သုတ်ဆို အကုန်ကြိုက်တယ်။ ဝေမျှပေးတာ ကျေးဇူးပါ ချောရေ...:))

Nyi Linn Thit said...

တိုဟူးဖြူကို တခါမှ မစားဖူးသေးဘူး၊ မချောရဲ့ presentation က လှတာနဲ့ သွားရည်ယိုသွားပြီ..၊ မြေထဲပင်လယ် သုပ်တွေက အခုလို နွေရာသီ ပူတဲ့အချိန်ဆို အရမ်းကောင်းမှာ သေချာတယ်၊ မချောကတော့ အမြဲပဲ ရှာရှာဖွေဖွေ စူးစမ်းနေတော့တာပဲ ထင်ပါရဲ့ဗျာ၊ ကိုယ်စမ်းကြည့်တာတွေကိုလည်း အခုလို ပြန်ပြီး ဝေမျှတာ ကျေးဇူးပါပဲ မချောရေ...။

Evy said...

ချောတို့ ဒေသမှာ ချက်တဲ့ဟင်းတွေက ဒီက တရုပ်ဟင်းတွေနဲ့ အတော်ဆင်တယ်နော်

Anonymous said...

ထုံးဘဲဥ ဆိုတာ .???

မကြားဖူးဘူး ..
ဟို .. မြန်မာနိုင်ငံက
ခေါ်တာ ဆားဘဲဥလား .. ဆေးဘဲဥ လား ..
အဲ့ဒါလား .. မချော ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

တိုဟူးပေါင်းကိုပိုသဘောကျတယ်။
လုပ်စားကြည့်မယ်။

ချော.. ဟင်းအရောင်တွေက သိပ်လှတယ်နော်။

ကညွှတ်လိမ္မော်ကတော့ ဆန်းတယ်နော်။

Anonymous said...

တို့ဟူးဖြူဟင်းလေး လာငေးသွားတယ်။ ပြင်ထားတာလေးက ချစ်စရာလေး။ ရို့စ် ယူနီနဲ့ အလုပ်တွေပြန်ရှုပ်ပြီမို့ ဘလော့ဂ်ပိတ်ထားတယ်နော် အစ်မ။ စိတ်မပူပါရန်နှင့် သတိရနေမယ်း)
rose

blackroze said...

စားချင်လိုက်တာမကြီးရေ..

ဗိုက်ဆာနေတုန်း လာကြည့်မိတယ်။ တကယ်ကို စားချင်စိတ်ပေါက်သွားပြီ။ အားလုံး ခံတွင်းတွေ့မဲ့ အစားအစာတွေချည်းဘဲ။

ခင်မင်လျက်

လသာည said...

ထူးထူးဆန်းဆန်း ဟင်းချက်နည်းလေးတွေ အတွက် ချောကို ကျေးဇူးတင်ပါတယ်။ တကယ်ဗိုက်ဆာသွားတယ်။

Iora said...

အားလုံးကိုသဘောကျသွားပါတယ် ချောရေ။ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဆွဲဆောင်မှုလည်းရှိတယ်။ အသုတ်တွေကလည်း စားချင်စရာ။
ထုံးဘဲဥ မစားဘူးဘူး။ မစားကိုမစားကြည့်တာ ခုတော့လှတာနဲ့ တင် စမ်းကြည့်ချင်နေပြီ။
သိုင်းကျူး..သိုင်းကျူး..(ငပိသံ)
အိုင်အိုရာ

စိတ်ပါလက်ပါကို ချက်ထားတာပဲ။ စားဖူးဖို့ ဝေးစွ ခုမှပဲ မြင်ဖူးတော့တယ်။

အစ်မချော ဘလော့ဂ်လေးကို လာတိုင်း စားစရာ အသစ်လေးတွေ တွေ့ တွေ့ နေရတယ်။ သားရည်တွေတောင်ကျတယ်။

အစ်မချော ကျွန်တော် ဘလက်ကော်ဖီပါ။ ခုညီရဲသစ်ဆိုတဲ့ နာမည်နဲ့ ဘလော့ဂ်လေးတစ်ခု ဖန်တီးထားတယ်။ လာပြီး ညွှန်ကြားပြသပေးပါဦး...

မချောရေ.. နယူးယောက် မှာ မုန်တိုင်း တော့ စနေပြီ။ အင်တာနက် မပျက် ခင် မချော လက်ယာ တွေ သရေကျသွားတယ်. ပုံ တွေ မြင်တာ နဲ့ ဗိုက် က ပို စာ လာ တယ်...စားချင်လိုက်တာ.
(လေရော မိုးရော လာ နေပြီ. အဆင်ပြေ မှာ ပါ..)

rose of sharon said...

ပဲပြားပေါင်းလေးကြည့်ပြီးသွားရည်ကျသွားတယ်... :)

T T Sweet said...

စားစရာတွေက စိတ်ဝင်စားစရာတွေချည့်ပဲ။ အဲလိုလေး အဆင်သင့် လုပ်ပြီးသားလေး စားရရင်ပိုကောင်းမယ်း)

ဘေဘီ said...

ချက်နည်းတွေ စိတ်ဝင်စားတယ်
ချောက ဆီလုံးဝမစားဘူးနော်
ကောင်းလိုက်တဲ့ အကျင့် ကိုယ်ဆို
ဆီစားလွန်းလို့ အရစ်တွေ ဘယ်နှစ်ထပ်မှန်းမသိဘူးး)
ဒါနဲ့ စိုးရိမ်ပေးတဲ့အတွက်ရော ဆုတောင်းပေးတဲ့ အတွက်ပါ ကျေးဇူးပါ ချွေးမလေးရေ
ကိုယ်တို့ မြို့လေးက ဘာမှမဖြစ်ဘူး

PhyoPhyo said...

မချောရာ .. ဟင်းတွေကကောင်းလွန်းတယ်။
ပဲပြားမြေပဲ ကြိုက်တယ်။
ကညွတ်ကို တစ်ခါတွေ့တာ ကညွတ်မှန်းမသိလို့ ချက်မစားလိုက်ရဘကညွတ်ပေါ်ချိန်ဆို မြေပဲပင်လယ်ဟင်းနည်းတွေနဲ့ချက်စားကြည့်ဦးမယ်။
အမှားပြင်ဆင်ချက်- မြေထဲပင်လယ် :)
ချစ်တဲ့
pp- pg's ma ma

Snow said...

အစ်မ လုပ်နည်း ပြပေးသွားတာ ရှင်းနေတာပဲ။ ကြည့်ရတာလည်း ပသာဒဖြစ်စေတယ်။ တစ်ရက် လုပ်စမ်းကြည့်ဦးမယ်။ ခုတောင် စားချင်စိတ်တွေ အရမ်းပေါက်သွားပြီ။