ရောင်စုံဖန်သား ကမ်းခြေ


ဒီတစ်ပတ် ရှာဖွေတွေ့ရှိတဲ့ ထူးထူးဆန်းဆန်း အကြောင်းအရာလေးတစ်ခုက ရောင်စုံဖန်သားလေးတွေ ပြည့်နှက်နေတဲ့ ပင်လယ်ကမ်းခြေတစ်ခုအကြောင်းပါ။ အဲဒီ ဖန်သားရောင်စုံတွေ ကမ်းစပ်မှာ ရှိနေတဲ့ နေရာက အမေရိကန်၊ ကယ်လီဖိုးနီးယား ပြည်နယ်မြောက်ပိုင်းက Fort Bragg မြို့ ကမ်းခြေတစ်ခုမှာ ဖြစ်ပါတယ်။ အောက်က ပုံတွေမှာ ဖော်ပြထားတဲ့ အတိုင်းပါဘဲ။ ကမ်းခြေတစ်လျှောက်မှာ သဲတွေနဲ့အတူ အရောင်စုံနေတဲ့ ကျောက်ခဲငယ်လေးတွေအရွယ် ကြည်လင်တောက်ပနေတဲ့ အရာလေးတွေ အများကြီး တွေ့ရပါလိမ့်မယ်။



Glass Beach trash glass environment California

ရောင်စုံ ဖန်သားကမ်းခြေ


Glass Beach trash glass environment California


Glass Beach trash glass environment California


Glass Beach trash glass environment California


Glass Beach trash glass environment California

အရောင်စုံပြီး တောက်ပနေပုံများ အံ့မခန်းလှပဆန်းကြယ်လို့ နေပါတယ်။



Image Hosted by PicturePush - Photo Sharing


ပုံမှာ မြင်တွေ့ရတဲ့ အတိုင်းပါဘဲ.. အရောင်တွေ စုံလင်လှပြီး ကြည်လင်တောက်ပနေတာကို တွေ့ရမှာပါ။ ကမ်းစပ်မှာ ဖြစ်ပေါ်နေတဲ့ လှလှပပ ဖန်သားစလေးတွေဟာ တကယ်တမ်းတော့ လူတွေက ပြုလုပ်သုံးစွဲကြတဲ့ ဖန်ထည်တွေ၊ ပုလင်းတွေ၊ ဖန်ကရားအိုးတွေ စသဖြင့် ဖန်နဲ့ ပြုလုပ်တဲ့ သုံးစွဲစရာ ပစ္စည်းတွေ ပင်လယ်တွင်း စွန့်ပစ်ကြရာကနေ ကွဲကြေပျက်စီးပြီး ပင်လယ်ရေလှိုင်းရဲ့ ကာလကြာရှည် တိုက်စားမှုကြောင့် ဖြစ်ပေါ်လာရတယ်လို့ ဆိုပါတယ်။ လူတွေရဲ့ ပြုလုပ်ချက်ကြောင့် မဟုတ်ဘဲ သဘာဝတရားရဲ့ ဆန်းကြယ်စွာ ဖန်တီးချက်ကြောင့် အခုလို အရောင်စုံနေတဲ့ ဖန်သားကမ်းခြေ ( Glass Beach) ရယ်လို့ ခေါ်ရလောက်အောင် ဖန်သားရောင်စုံတွေ ကမ်းစပ်မှာ ပြည့်နေခဲ့တာပါ။


glass beach ft bragg california


 Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing 

http://seaglassfestival.files.wordpress.com/2008/11/teris-pic.jpg


သို့သော်လည်း ထူးခြားချက်က အခုလို ဖန်သားရောင်စုံတွေဟာ အခြား ဘယ်ကမ်းစပ်မှာမှ မရှိနိုင်ဘဲ ဒီနေရာတစ်ခုတည်းမှာသာ ဖြစ်ပေါ်နေခဲ့တာပါ။ ပင်လယ်ရဲ့ ဆားငံရေတွေက လူတွေ စွန့်ပစ်ထားတဲ့ ဖန်ပုလင်းတွေ အစရှိတဲ့ ဖန်ထည်တွေကို တိုက်စားလိုက်တာကြောင့် ဖန်ကွဲစလေးတွေဟာ အစွန်းအတက်တွေ မရှိဘဲ မျက်နှာပြင်ဟာ ညီညာချောမွတ်၊ တောက်ပနေခဲ့ပါတယ်။ ပင်လယ်ရေကြောင့် ဖြစ်ပေါ်လာတဲ့ ( Sea Glass) ဖန်သားစလေးတွေဟာ အဖြူရောင်၊ အညိုရောင် ၊ အစိမ်းရောင် တို့သာ များပေမဲ့ အခြားသော အရောင်များကိုလည်း ရှားရှားပါးပါး တွေ့ရတတ်တယ်လို့ သိရပါတယ်.။  ခုလိုချောမွတ်တဲ့ ဖန်စလေးတွေဖြစ်အောင် ပင်လယ်ဟာ ဘယ်လောက်ကြာအောင်များ တိုက်စားခဲ့တယ်ဆိုတာ မသိနိုင်လောက်အောင် အံ့သြဖို့ကောင်းနေပါတယ်။





http://seaglassfestival.files.wordpress.com/2008/08/alices-sea-glass.jpg

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဖန်စလေးမှာ ကောက်ယူစုဆောင်း ရှာဖွေနေသူ


အချို့သော သူတွေက ရောင်စုံဖန်သားကမ်းခြေကို တကူးတက အလည်အပတ်သွားရောက်ကြရင်းနဲ့ အခုဆိုရင် အဲဒီ ကမ်းခြေဟာ လူသိများတဲ့ ကမ်းခြေ တစ်ခု ဖြစ်နေခဲ့ပါပြီ။ ကမ်းခြေကို လာရောက်လည်ပတ်ကြသူတိုင်းကလည်း ကမ်းစပ်က ဖန်သား ရောင်စုံလေးတွေကို ရှာဖွေ ကောက်ယူပြီး အမှတ်တရအဖြစ် ယူဆောင်သွားကြလွန်းလို့ နောက်ဆိုရင် ရောင်စုံဖန်သားလေးတွေ ရှားပါးသွားမှာကို စိုးရိမ်နေရပါတယ်။ ကမ်းခြေ အနီးတစ်ဝိုက်က ဆိုင်တွေမှာတော့ ပင်လယ်ကမ်းစပ်က ရရှိတဲ့ သဘာဝ ဖန်သားလေးတွေနဲ့ ပုံစံတူ လူလုပ် ဖန်သားစေ့ကလေးတွေ ရောင်းချတဲ့ဆိုင်တွေ များပြားလာခဲ့ပါတယ်။ ပင်လယ်ဖန်သားကျောက်လေးတွေကို ဖန်စီပစ္စည်းလေးတွေ ပြုလုပ်သလို၊ အခမ်းအနား ဧည့်ခံပွဲတွေမှာလည်း အလှဆင်ပစ္စည်းအဖြစ် အသုံးပြုကြပါတယ်။ ရေပန်းစား လူကြိုက်များလာတဲ့ ပင်လယ်ဖန်သားစလေးတွေကြောင့် အတုပြုလုပ်တဲ့လူတွေလည်း များပြားလာနေပါတယ်။


http://www.sunflowerhillsoap.com/Large%20Photos/seaglass_combo.jpg

ပင်လယ်ဖန်သားနဲ့ ပုံစံတူ ပြုလုပ်ရောင်းချတဲ့ ဆပ်ပြာတစ်မျိုးပါ။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing 

Image Hosted by PicturePush - Photo Sharing

ဒီပုံလေးတွေကတော့ ပင်လယ်ကမ်းစပ်က ရတဲ့ ဖန်စလေးတွေနဲ့ ဖန်စီလေးတွေ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

လူတွေဟာ အဲဒီကမ်းခြေကို ရောက်လာကြတိုင်း လှပတဲ့ ရောင်စုံဖန်သားစလေးတွေ အမှတ်တရအဖြစ် ကောက်ယူ စုဆောင်းကြလွန်းလို့ ကြာလာရင် လှပနေတဲ့ ကမ်းခြေဟာ ဖန်သားရောင်စုံစလေးတွေ မရှိတော့ဘဲ Glass Beach ဆိုတဲ့အမည်နဲ့ မလိုက်ဖက်အောင် အလှပျက်သွားမှာကို စိုးရိမ်စရာ ဖြစ်နေပါတယ်။ သဘာဝတရားက လှပစွာ ဖန်ဆင်းထားပေမဲ့ အဲဒီသဘာဝကိုလည်း လူတွေကသာ ပြန်လည် ဖျက်ဆီးပစ်နိုင်တာပါ။ ၁၉၅၀ ကနေ ၁၉၆၇ခုနှစ်အထိတုန်းကတော့ ၄င်းကမ်းခြေဟာ လှပသာယာမှုမရှိဘဲ အမှိုက်တွေရှုပ်ပွနေတဲ့ သာမန်ကမ်းခြေ တစ်ခုသာ ဖြစ်ခဲ့ပါတယ်. နှစ်တွေကြာလာတဲ့အခါမှာတော့ အမှိုက်သရိုက်တွေကို ဖယ်ရှား ရှင်းလင်းပစ်ခဲ့ကြတဲ့အခါ အရင်က ရှိခဲ့တဲ့ ဖန်ပုလင်း၊ ဖန်ပစ္စည်းတွေဟာ ရောင်စုံဖန်စလေးတွေ ဖြစ်နေခဲ့ပြီး သာယာတဲ့ ကမ်းခြေတစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါပြီ။ သို့သော် ခုချိန်မှာတော့ ဒီဖန်ရောင်စုံစလေးတွေကို ကောက်ယူခွင့်ကတ်သန့်ထားလိုက်ပြီ လို့ သိရပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


ဖန်ရောင်စုံလေးတွေကို မကောက်ယူကြဘဲ ဒီအတိုင်းထားထားမယ် ဆိုရင် အခုလို မြင်တွေ့ရတဲ့အတိုင်းသဘာဝရဲ့ လက်ဆောင်တစ်ခုဖြစ်တဲ့ ရောင်စုံကမ်းခြေဟာ   ကြည်လင်တောက်ပနေတဲ့ ရောင်စုံဖန်သားလေးတွေနဲ့ ကြည်နူးဖွယ် လှပတင့်တယ်နေဦးတော့မှာ သေချာပါတယ်။



Image Hosted by PicturePush - Photo Sharing


28 Responses to “ရောင်စုံဖန်သား ကမ်းခြေ”

PhyoPhyo said...

လှလိုက်တာ
မနက်ကျမှ ထပ်လာကြည့်ဦးမယ်
ခု အိပ်တော့မယ်
cmok

ပတ္တမြားတွေဘာတွေရှိချင်ရှိနိုင်မယ်ဗျ...မြန်မြန်သွားမှ..:D

မိုးယံ said...

ကာလရှည်ကြာ ကောက်ယူသောခါ
တစ်ယောက်နည်းနည်း ဆိုသော်ငြားလည်း
မလွဲဧကန် ကုန်လိမ့်အမှန်
ကမ်းခြေငမွဲ တစ်ဖန် ဖြစ်မည်သာတည်းးးးးးး

ဟီးဟီး ထင်ရာမြင်ရာလျှောက်ရေးတာ။

အင်းး . . . ကမ်းခြေ လိပ်စာသိရင်ကောင်းမယ် .. အိပ်မက်လေယာဉ်ပျံကြီး စီးပြီးသွားမလားလို့း))))

ahphyulay said...

အင်း...
မ ချောရေ၊ ဟုတ်ပ.. ပြောတဲ့ အတိုင်း
လှနေတာတွေ့ ရတယ်၊ မပြုပြင်တဲ့ 
သဘာဝအလှ ဆိုတာ ဒါမျိုးပြောတာထင်တယ်။
ပုံလေးတွေ ကြည့် ပြီး လိုချင်မျက်စေ့ တော့ 
ဖြစ်လာတယ်ဗျ၊
ဒါနဲ့  .. အခု ဘလော့ ရွာကြီးမှာ တစ်ရောဂါ
ထ,လာပြန်တဲ့  “ဘလော့ ဒေး” ဆိုတာ
သိပါသလား၊ သြဂုတ်လ၃၁က ဘလော့ ဒေး
တဲ့ ဗျား၊ ကိုအောင်ကြောင့်  ကျွန်တော်တော့ 
ရေးလိုက်ရပြီ၊ တော်တော်များများလည်း
ရေးနေကြပြီလေ။
ခင်တဲ့ 

အဖြေးလူ

သဘာဝတရားရဲ့ ထူးခြားဆန်းကျယ်ချက်များ အံ့သြစရာ တကယ်ကောင်းလှပါပေတယ်။။။ သဘာဝတရားနဲ့ လူသားတွေ ရန်ဖြစ်တဲ့ပွဲမှာ အဲဒီလို နေရာမျိုးလေးတွေ ပျက်စီးစာရင်းထဲ ပါမသွားပါစေနဲ့လို့ ဆုတောင်းနေမိတယ်ဗျာ။။။ ခဏခဏကြားနေရတဲ့ သဘာဝတရားရဲ့ ဒဏ်ခတ်သံတွေကိုလည်း ရပ်စေချင်ပါပြီ။။။

Evy said...

ဖန်ရောင်စုံလေးတွေလှလိုက်တာ ကိုယ်သာဆိုလည်း ကောက်ယူလာမိမှာအမှန်ဘဲ ချောရေ။

Anonymous said...

လှလိုက်တာ ..
ကဗျာဆန်ဆန်
အဲ့ဒီ့ ကျောက်လေးတွေပေါ်မှာ လဲအိပ်ပြီး
ကောင်းကင်ကြီး မော့ကြည့်
နေတဲ့ ဓာတ်ပုံရိုက်ရင် တော်တော်လှမယ် ..း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

ထူးထူးဆန်းဆန်းပါလား... လှပေမယ့် မသွားရဲဘူး.. ခြေရှမှာကြောက်လို့..း)).. ဒါနဲ့ မချောဆိုဒ်က အတော့်ကို လေးနေပြီနော်... စစ၀င်ဝင်ချင်း ဘေးဘောင်တွေ တက်ကိုမလာဘူး.. ရီဖရက်ရှ်လုပ်လိုက်ရင် ချက်ချင်းရသွားတယ်...

ခင်မင်လျက်
နေ၀သန်

အသည်းယားစရာ အဲဒီဖန်သားကျောက်တုံးလေးတွေကို ကိုင်ကြည့်ချင်လိုက်တာ...။

Anonymous said...

ဟိုက်ရှားဘားးးးးးးးးး
တော်တော်လှတယ်ဝေ့.....
စိတ်ရှိတိုင်းသာ..ခုန်ပေါက်ဆော့လိုက်ရရင်ဖြင့်.
လည်ဆွဲလေးတွေကလည်းလှမှလှ..
ရှာတတ်လိုက်တာအစ်မရယ်။
ကောက်တော့မကောက်ရက်ပါဘူး။
တကယ်ရောက်သွားရင်တော့မပြောတတ်ဘူး:P
ခင်မင်စွာဖြင့်
မိစံ

အိုး...ဟိုး...ဖန်စီကျောက်မျက်တွေ ကြိုက်သူဆိုတော့ ချစ်စရာအရောင်စုံလေးတွေကို သွားရည်တောက်တောက်ယို သွားပါတယ်..။
ချောများ အဲ့ဒီကို ရောက်ခဲ့ရင် လည်ဆွဲ၊ နားကပ်တစ်စုံစာလောက် ကောက်ခဲ့ပေး...။

ချစ်စရာလေးတွေပါလား မချောရေ ..

mstint said...

ဆန်းကျယ်လှတဲ့ လောကကြီးထဲမှာ အရာရာဟာ ထူးဆန်းလိုက်တာနော်။ ရှာရှာဖွေဖွေ တင်ပေးသွားတာ ကျေးဇူးပါ ချောရေ။ အဲဒီလို အဆန်းအပြားတွေ မြင်တိုင်း ရောက်ဘူးချင်တယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sosegado said...

ယူယူသွားကြရင် ဘယ်လောက်ထိခံမလဲမသိဘူး၊

ချောရေ မင်္ဂလာပါ။ ထူးထွေဆန်းပြား ကမ်းခြေလေးပါလားကွယ်။ တအားကြည့်ချင်တာနဲ့ ပုံတွေကို အရင်ဆုံးကြည့်လိုက်တယ်။ ပြီးတော့မှ စာဖတ်တယ်။ ပြီးရင် ပုံထပ်ကြည့်ပြန်တယ်။ (ပုံကို ကြည့်တာနဲ့တင် ယူချင်လှပြီ၊ လှလွန်းလို့)

Nyi Linn Thit said...

ဒီကမ်းခြေ တစ်ခုတည်းမှာပဲ ရှိနေတာကတော့ အတော် ထူးဆန်းတာပဲ၊ လူတစ်ဦးချင်းစီက ယူသွားလို့ တကွဲတပြား ဖြစ်သွားတာနဲ့စာရင် ကမ်းခြေမှာပဲ တစုတဝေးထဲ ရှိနေမယ့် စုပေါင်းအလှက ပိုပြီး လှမယ် ထင်တယ်နော်...၊ မျှဝေတာ ကျေးဇူးပါ မချောရေ...။

Snow said...

လှလိုက်တာ အစ်မရယ်..။ ခုလို ရှာရှာဖွေဖွေ ပို့စ်လေးတွေ တင်တင်ပေးလို့ အစ်မဘလော့ဂ်ကို လာရရင် မသိတာတွေ ပိုပိုတိုးသိလာရတယ်။ ကျေးဇူး အရမ်းတင်ပါတယ် မချောရေ။

Aunty Oo said...

သဘာဝကြီးရဲ.ဖန်တီးချက်ကတော့အံမခန်းပါဘဲ။
မကောက်ရတာဘဲကေင်းပါတယ်ချောရယ်။သဘာဝကို
သဘာဝအတိုင်းအလှကြည့်နေရတာအကောင်းဆုံးပါ။

အဲဒီမှာသွားပြီး ဓါတ်ပုံရိုက်ချင်းစမ်းပါဘိတော့..မချောရယ် (ကျောက်ကလေးတွေကိုပါ)း))...တကယ်လှချက်..

အထူးအဆန်း စိတ်ဝင်စားစရာလေးတွေ တင်ဆက်တတ်ပါပေ့ချောရယ်....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

san htun said...

သဘာဝကြီးက ထူးဆန်းပါပေ့...

ခရစ္စတလ် said...

သရည်ကျစရာတွေပါလား။
ကြိုက်ထာ....

လှလိုက်တာနော်။ သဲပေါ်မှာလို ခြေဗလာနဲ့သွားလို့ရလောက်ဘူး ထင်တယ်နော် မချော။ စူးများ
စူးသွားမလားလို့...။

ခင်တဲ့

လှလိုက်တာနော်.........

အဲလိုကမ်းခြေမှာ အိမ်ကလေးတစ်လုံးဆောက်ပြီး နေချင်လိုက်တာ...

ခွန် said...

ကျောက်တုံးလေးတွေ လှလိုက်တာ။
ခုလိုမျှဝေတာကျေးဇူးပါ အစ်မ တခါမှ မမြင်ဖူးသေးဘူး။
သဘာဝက တော်တော်ဆန်းကြယ်တယ်နော်...

T T Sweet said...

ငယ်ငယ်က အိမ်ဘေးမှာပုံထားတဲ့ ကျောက်ပုံထဲက ကျောက်အလှလေးတွေရှာပြီး ကျောက်ရောင်းတမ်းကစားကြတာသတိရတယ်။ အဲလိုကျောက်လှလှလေးတွေ စုရတာဝါသနာပါတယ်။ တစ်ခေါက်လောက်တော့ရောက်ဖူးချင်ပါရဲ့ ချောရေ။

အစ်မချော ရေးမှကြားဖူးတယ် အဲလိုကမ်းခြေရှိမှန်း။ နောက် ထူးထူးဆန်းဆန်းလေးတွေတွေ့ရင် တင်ပေးပါဦးနော်။