ဧရာဝတီနဲ့ Eleven Media

အားလုံးသိကြတဲ့အတိုင်း ကျွန်မ ကချင်ပြည်နယ်သူပါ.. အခြားပြည်နယ်နဲ့ တိုင်းတွေလိုပါဘဲ.. ကျွန်မတို့ကချင်ပြည်နယ်မှာလည်း  ပြည်နယ်သူ ပြည်နယ်သားတိုင်း တန်ဖိုးထား မြတ်နိုးကြရတဲ့ အထင်ကရ ကျော်ကြား လှပတဲ့ နေရာတွေ အများကြီး ရှိပါတယ်။ သဘာဝအလှအပအတိုင်း ရှိနေသေးတဲ့ ရေခဲတောင်ကြီးတွေ၊ အင်းတော်ကြီးအိုင်လို မြန်မာပြည်ရဲ့ အကြီးဆုံး ရေအိုင်၊ ဧရာဝတီရယ်လို့ စတင်ဖြစ်ပေါ်လာစေတဲ့ မေခ မေလိခမြစ်ဆုံ၊ လူသားတွေအတွက် အကျိုးစီးပွားများစွာကို ဖြစ်ထွန်းစေပြီး အင်မတန်မှ သာယာလှပစွာ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီး၊ တန်ဖိုးကြီးမားပြီး ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်တဲ့ ကျောက်စိမ်းတွေ၊ ရွှေစတဲ့ သယံဇာတတွေ၊ အဖိုးတန် သစ်တောတွေ၊ တောင်တန်းကြီးတွေ၊ အသီးအနှံ မျိုးစုံတွေ စသဖြင့် များစွာရှိပါတယ်။
kachin
တိမ်တွေကြားက ကချင်တောင်တန်းကြီးများ


Image Hosted by PicturePush - Photo Sharing

ဧရာဝတီရဲ့ တည်ငြိမ်တဲ့ အလှ

လူတိုင်းဟာ မိမိဇာတိမြေ၊ မိမိအိမ်၊ မိသားစု ရှိရာအရပ်ကို ခင်တွယ်တန်ဖိုးထားကြသလို ကျွန်မတို့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေဟာလည်း ကိုယ့်မြေ ကိုယ့်ဒေသကို ခင်တွယ်ကြသူတွေသာ ဖြစ်ပါတယ်။ ကျွန်မတို့ကချင်ပြည်နယ်မှာ ရှိတဲ့ မြစ်ဆုံ၊ အင်းတော်ကြီးအိုင် ကရိန်နော် စတဲ့လှပထင်ရှားတဲ့နေရာတွေ၊ ကမ္ဘာကျော် ကျောက်စိမ်းတွေ၊ အားလုံးသော အရာတွေအတွက်လည်း ဂုဏ်ယူကြပါတယ်။ တန်ဖိုးထားကြပါတယ်။ ထိုနည်းတူစွာပါဘဲ  ကချင်ပြည်နယ်မှာ မြစ်ဖျားခံ စတင်စီးဆင်းပြီး သမိုင်းကြောင်းများစွာ ဖြတ်သန်းလာခဲ့ရတဲ့ နှစ်ပရိစ္ဆေဒ ရှည်ကြာလှပြီဖြစ်သော ဧရာဝတီမြစ်ကြီးကိုလည်း ပြည်နယ်သူ ပြည်နယ်သားတိုင်းက ချစ်ခင်နှစ်သက် မြတ်နိုးကြပါတယ်။


http://dslrstranger.files.wordpress.com/2010/03/somewhereofirrawaddyriver.jpg
မြစ်ဆုံအထက် တစ်နေရာ

http://dslrstranger.files.wordpress.com/2010/03/myitsone.jpg

http://dslrstranger.files.wordpress.com/2010/03/myitsonev.jpg
ဒီလို ကျောက်တုံးလေးတွေ ရေအေးအေးကြည်ကြည်လေးတွေနဲ့ လှပခဲ့တဲ့ ယခင်က မြစ်ဆုံ

myit1

http://dslrstranger.files.wordpress.com/2010/03/myitsoneiii.jpg

http://dslrstranger.files.wordpress.com/2010/03/myitsoneiv.jpg
မြစ်ဆုံ

myit son

myit
မြစ်ဆုံအနီးက သပ္ပါယ်လှတဲ့ စေတီတော် ( မြစ်ဆုံစီမံကိန်းပြီးရင် ဒီစေတီတော်ဟာလည်း ရေပြင်ဖုံးလွှမ်းခြင်းခံရမှာပါ)

Image Hosted by PicturePush - Photo Sharing
မြစ်ကြီးနားရဲ့ နာမည်ကျော် ကရိန်နော်ရဲ့ အလှ

http://dslrstranger.files.wordpress.com/2010/02/irrawaddy_river_beauty_myitkyina.jpg
ဧရာဝတီရဲ့ မနက်ခင်း  

Image Hosted by PicturePush - Photo Sharing
ဧရာဝတီရဲ့ နေ့လည်ခင်း

http://dslrstranger.files.wordpress.com/2010/03/irrawaddy.jpg

လွန်ခဲ့တဲ့ ခရီးသွားခဲ့ချိန်မှာ မြစ်ဆုံကို တကူးတက အချိန်ယူသွားရောက်ခဲ့ပြီး မြစ်ဆုံရဲ့ အလှ၊ မြစ်ဆုံမှာ ရှိတဲ့ စေတီ၊ ရွှေလုပ်ကွပ်များ၊ ရေကာတာ ဆောက်လုပ်နေမှုများကို ဓာတ်ပုံတွေများစွာ ရိုက်ခဲ့ပေမဲ့ ဓာတ်ပုံတွေ များလွန်းတော့ ကင်မရာ မဆန့်တာနဲ့ Memory Stick ထဲအကူးမှာ Stick မှာ ရှိနေတဲ့  ဗိုင်းရပ်စ်ကြောင့်ဓာတ်ပုံတွေအားလုံး တစ်ပုံမကျန် ပျက်စီးသွားခဲ့ရလို့ ကျွန်မ တော်တော်လေးကို ဝမ်းနည်းမိပါတယ်။ ဘာလို့ဝမ်းနည်းမိတာလဲဆိုတော့ နောင်တစ်ချိန်မှာ ဒီမြစ်ဆုံရဲ့အလှတွေကို ကျွန်မတို့ ပြန်တွေ့နိုင်ဖို့ဆိုတာ မလွယ်တော့ပါဘူး။ ဒီနေရာတွေ အားလုံးဟာ မြစ်ဆုံရေကာတာ စီမံကိန်းကြီးပြီးတဲ့တစ်နေ့မှာ ရေအောက်ကို ရောက်သွားမဲ့နေရာတွေ ဖြစ်ပါတယ်။ မြစ်ဆုံဆိုတဲ့နေရာဟာ ကိုယ့်ပြည်တွင်းမှာလဲ လူတိုင်းက စိတ်ဝင်စားပြီး ရောက်ဖူးချင်ကြတဲ့ နေရာဖြစ်သလို နိုင်ငံခြားက ခရီးသွားဧည့်သည်တွေ ၊ ထင်ရှားသူတွေ၊ သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စားသူတွေ မြန်မာပြည် လာရင်လည်း ဂုဏ်ယူဝံ့ကြွားစွာ ပြသစရာ နေရာတစ်ခုဖြစ်ပါတယ်။ 

မြစ်ဆုံတစ်ဝိုက်ဟာ ဟိုးအရင်နှစ်များကတော့ ဆောင်းရာသီနဲ့ နွေရာသီလိုချိန်မှာ မေခရော မေလိခမြစ် နှစ်သွယ်ကနေ သန့်ရှင်းကြည်လင်နေတဲ့ ရေတွေ စီးဆင်းပြီး ဧရာဝတီမြစ်ကြီးဖြစ်ပေါ်နေတဲ့ နေရာဖြစ်ပေမဲ့  ခုချိန်ခါများတော့ နွေရာသီမှာလည်း မြစ်ရေတွေက ကြည်လင်သန့်စင်ခြင်း မရှိတော့ဘဲ ညစ်နွမ်းဝင်းဝါနေခဲ့ပြီ ဖြစ်သလို မြစ်ရေထဲမှာရော ဆိပ်ကမ်းတစ်လျှောက်မှာပါ ပလပ်စတစ်တွေ၊ အမှိုက်သရှိုက်တွေ၊ ရွှေသမားတို့ရဲ့ တဲတွေ အစီအရီနဲ့ မြစ်ဆုံရဲ့ လှပသာယာမှုကို ခံစားလို့မရနိုင်လောက်အောင် ပြောင်းလဲလို့ နေခဲ့ပါပြီ။ ကျွန်မဟာ နေရာဒေသ တစ်ခုခု၊ မြို့တစ်မြို့ကို ရောက်လေတိုင်း အဲဒီနေရာရဲ့ လှပတဲ့နေရာတွေ၊ ထင်ရှားတဲ့နေရာတွေ စသဖြင့် ကောင်းမွန်လှပတဲ့ ရှုခင်းမျိုးတွေကိုသာ မှတ်တမ်းတင် ဓာတ်ပုံရိုက်လိုသူ ဖြစ်ပါတယ်။ ခုလို ရှုပ်ထွေးညစ်နွမ်းနေတဲ့ မြစ်ဆုံရဲ့ ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ရတာ တကယ်ကို စိတ်ချမ်းသာမှု မရှိခဲ့ပါဘူး။

http://dslrstranger.files.wordpress.com/2010/03/myitsoneii.jpg

Image Hosted by PicturePush - Photo Sharing 
မြစ်ဆုံအနီးက ရွှေလုပ်ကွက်များ

Image Hosted by PicturePush - Photo Sharing 


http://dslrstranger.files.wordpress.com/2010/03/somewherebesidemyitsone.jpg
မြစ်ဆုံသောင်ပြင်ပေါ်က ဈေးဆိုင်တန်းကလေးများ

Image Hosted by PicturePush - Photo Sharing

ခုလို မြစ်ဆုံရဲ့ သာယာလှပမှုကို ပျက်စီးစေတာ ဘယ်သူတွေရဲ့ ပရောဂလဲလို့ တွေးကြည့်ရင် ပြေးကြည့်စရာမလိုအောင် ထင်ရှားနေတာက လူသားတွေရဲ့ လောဘ ပရောဂကြောင့်ဘဲ မဟုတ်ပါလားရှင်... ခုတောင် မြစ်ဆုံရဲ့ အလှက ညစ်နွမ်းနေပါပြီ.. ဒီထက်ပိုပြီး ထပ်ဖျက်ဆီးဦးမယ်ဆိုရင် မြစ်ဆုံရဲ့ အလှဟာ ပုံပြင်တစ်ခုလို ဖြစ်ဦးတော့မှာပါ။ အလှအပတစ်ခုတည်းမကြည့်ဘဲ လူသားတွေအကျိုးအနေနဲ့ ကြည့်မယ်ဆိုရင်လည်း နိုင်ငံမြောက်ဖျားမှသည် မြစ်ဝကျွန်းပေါ်အထိ စီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးဟာ လူသားတွေရဲ့ ကောင်းကျိုးကို နည်းမျိုးစုံနဲ့ သယ်ပိုးပေးသွားတာဘဲ မဟုတ်ပါလား။ အောက်အရပ်ကနေ ဗန်းမော်မြို့အထိ သင်္ဘောတွေ ဆန်တက်လာလို့ ရတဲ့အတွက် ကုန်စည်စီးဆင်းမှု ချောမွေ့လွယ်ကူပြီး ဈေးသက်သာရသလို၊ မြစ်ကို အမှီပြုပြီးနေထိုင်ကြတဲ့ မြစ်ကမ်းတစ်လျှောက်က မြို့ရွာတွေ အတွက် ဝမ်းစာရှာဖွာရေးရော သွားလာရေးပါ လွယ်ကူစေခဲ့ပါတယ်။ စိုက်ပျိုးရေးနိုင်ငံရယ်လို့ ကြွေးကြော်ထားတဲ့အတိုင်း မြစ်ကမ်းတစ်လျှောက်နဲ့ မြစ်ဝကျွန်းပေါ်ဒေသက လယ်ကွင်းတွေဟာလည်း ဧရာတီကို အမှီပြုနေရတာဘဲ မဟုတ်ပါလားရှင်.. ဒါဆိုရင် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးကို အထောက်အကူဖြစ်စေတဲ့ ဒီမြစ်ကြီးကို ဘာဖြစ်လို့များ တိမ်ကောအောင် ပြုလုပ်ချင်ကြပါသလဲ။

http://dslrstranger.files.wordpress.com/2010/04/mealone.jpg

http://dslrstranger.files.wordpress.com/2010/04/rowingrolling.jpg

http://dslrstranger.files.wordpress.com/2010/04/floatingbamboofield.jpg

http://dslrstranger.files.wordpress.com/2010/04/floatingbamboopattern.jpg
ဧရာဝတီကို အမှီပြုကြသူများ

ကျွန်မ အိမ်ပြန်တဲ့အချိန်မှာ မြစ်ကြီးနားမြို့ကိုရောက်တော့ အိမ်ကိုချက်ခြင်း ခရီးမဆက်ဖြစ်ဘဲ မြစ်ကြီးနားမြို့ကို တစ်ရက်လုံးလုံး နေရာအနှံ့ ပတ်ပြီး လျှောက်သွားပါတယ်။ သွားရင်းနဲ့ မြစ်ကြီးနားမြို့ရဲ့ မြို့သူမြို့သားတွေကို သူတို့ရဲ့ ခံစားချက်တွေ မေးမြန်းခဲ့ပါသေးတယ်။ အားလုံးရဲ့ ရင်ထဲမှာ စိုးရိမ်ပူပန်စိတ်တွေ ရှိနေခဲ့ကြတာကို သူတို့နဲ့ စကားပြောကြည့်တဲ့အခါ သိခဲ့ရပါတယ်။ သူတို့ရဲ့ ခံစားချက် တွေဟာ လုပ်ကြံဖန်တီးထားတဲ့ စကားတွေ မဟုတ်ပါဘူး တကယ်ခံစားနေရတာ၊ ပူပန်နေကြတာ ဖြစ်ပါတယ်။ နဂိုကမှ သဘာဝဘေးဆိုးတွေ လူတွေ ဒုက္ခရောက်ကြရတဲ့အထဲ လူသားတွေရဲ့ ပယောဂနဲ့ ပျက်စီးသွားတဲ့ သဘာပတ်ဝန်းကျင်ကြောင့် ပိုပြီး ဒုက္ခရောက်ကြမှာ ဘယ်သူက လိုလားပါမလဲရှင်။ သူတို့ကိုလည်း ကျွန်မ ကိုယ်ချင်းစာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မရဲ့ ဇာတိ ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသမှာလည်း ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ကြောင့် ဒေသခံတွေ  ဒုက္ခများရတာတွေ၊ ကျေးရွာတွေ ပျက်စီးရတာတွေ၊ နှစ်စဉ် ရေလွှမ်းမိုးခံရတာတွေ ၊ လမ်းတွေ ပျက်စီးကုန်တာ၊ မြို့တွင်းမှာလည်း ရွံ့တွေ ဗွက်တွေပြည့်နှက်နေတာ ၊ အိမ်ခြေတွေ မြေစာပုံအောက် ရောက်ကုန်တာတွေ မျက်စိအောက်မှာ မြင်နေရတာ၊ ဖြစ်နေခဲ့ရတာဆိုတော့ မြစ်ကြီးနားမြို့ခံတွေရဲ့ စိုးရိမ်ပူပန်စိတ်ကို ကျွန်မ ကိုယ်ချင်းစာလို့ ရနိုင်ပါတယ်။

မြစ်ဆုံအကြောင်းနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Eleven ဂျာနယ်က ဖော်ပြရေးသားထားတဲ့ ရေးသားချက်တွေကို ကျွန်မရဲ့ ဘလောဂ့်စာမျက်နှာပေါ်မှာ ပြန်လည်ဖော်ပြချင်တဲ့အတွက် အပေါ်က နိဒါန်းကို ပျိုးရခြင်းဖြစ်ပါတယ်။ အောက်မှာတော့ Eleven ဂျာနယ်ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ မြစ်ဆုံရေကာတာနဲ့ ပတ်သက်ပြီး လူထုဦးစိန်ဝင်းနဲ့ Eleven Media တို့ရဲ့ ဆွေးနွေးကြတဲ့ အချက်အလက်တွေကို ဖော်ပြပေးထားပါတယ်။ ဆွေးနွေးချက်မှာ ပါဝင်တဲ့  မြစ်ဆုံစီမံကိန်းနဲ့ ကပ်လျှပ် မြန်မာနယ်စပ်နဲ့ ယူနန်ပြည်နယ်စပ်တို့မှာ ငလျှင်မကြာခန လှုပ်တတ်တယ် ဆိုတာလည်း  အဲဒီနေရာတွေကို သွားလာဖူးနေကျဖြစ်တဲ့ ကျွန်မက ကိုယ်တိုင်လည်း ငလျှင်ကို ကြုံဖူးလေတော့ နှစ်စဉ်နှစ်တိုင်း ငလျှင်လှုပ်တယ်ဆိုတာ တကယ်ကိုမှန်ပါတယ်။ မြန်မာနယ်စပ်နဲ့ အနီးဆုံး တရုတ်နယ်ဘက်မှာ တိုက်တွေပြိုတဲ့ထိ ငလျှင်အား ပြင်းထန်ပါတယ်။ ဒီအတွက် အကြောင်းသိသူတွေက စိုးရိမ်နေကြတာ မဆန်းပါဘူး မဟုတ်လားနော်။


မြန်မာပြည်သူ၊ ကချင်ပြည်နယ်သူတစ်ယောက်ဖြစ်တဲ့ ကျွန်မဟာလည်း သမိုင်းဝင် ဧရာဝတီ မြစ်ကြီးအတွက် စိတ်ပူပန်မိသူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း Eleven Media ရဲ့ ဖော်ပြချက်ကို ဒီနေရာကနေ အားလုံးဖတ်နိုင်ဖို့ ပြန်လည်ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဧရာဝတီကိုချစ်ကြတဲ့ မြန်မာပြည်သူ ပြည်သားတိုင်း ခံစားချက်ထပ်တူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ ကိုယ့်တိုင်းပြည်၊ ကိုယ့်မြေ၊ ကိုယ့်ရေ ၊ ကိုယ့်ပါတ်ဝန်းကျင်မှ မချစ်ခင် တန်ဖိုးမထားရင် ဘယ်သူတွေကများ လာပြီး တန်ဖိုးထားကြပါမလဲရှင်......

***************@@@****************


Eleven Media ရဲ့ ဖော်ပြချက်ကို အောက်မှာဆက်ဖတ်နိုင်ပါတယ်...

 သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်း တစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်...

သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။

နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။


ထို့အပြင် “နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်”ဟု နိုင်ငံပိုင် သတင်းစာပါ အဆိုပါ ဆောင်းပါးတွင် ထည့်သွင်း ရေးသားဖော်ပြ ထားပါသည်။

နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ပါဝင်ခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် ဆက်စပ်သော ဧရာဝတီ ကိစ္စကို ပြောဆိုနေကြခြင်းသည် လုပ်ကြံဖန်တီး ပြောဆိုရေးသားနေကြခြင်း မဟုတ်ဘဲ မြန်မာလူမျိုး သာမက၊ မြန်မာနိုင်ငံပါ ပျောက်ဆုံးရမည့် အန္တရာယ်ရှိနေခြင်းကြောင့် ပြောဆိုနေရခြင်း ဖြစ်သည် ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးစိန်ဝင်းကလည်း ပြောဆိုပါသည်။

“ဧရာဝတီအကြောင်း ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ ပြောလာတဲ့သူရှိရင်၊ ဘယ်သူပဲ ပြောပြော၊ အဲဒါကို လုံးဝငြင်းဆိုပါတယ်။ ဧရာဝတီ တိမ်ကော ပပျောက်ရမယ့် အန္တရာယ် တွေရှိလာလို့၊ အန္တရာယ်ကို မျက်စိရှေ့ မှာတင် မြင်တွေ့လာရလို့၊ သတင်းတွေ၊ ဆောင်းပါးတွေမှာ ဧရာဝတီအကြောင်းကို မမြင်ရအဆုံးထိအောင်ကို ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။ မျက်မြင်မှာပဲ စစ်ကိုင်း တံတားကြီးဘေးမှာ ထွန်းနေတဲ့ သောင်ကြီးဟာ ဧရာဝတီမြစ် အပြည့်နီးပါး ဖြစ်လာနေပြီ။ ပြည်မှာဆိုရင်လည်း ပြည်ချောင်းသာလို့ ခေါ်ဆိုပြီး လူတွေပျော်ပွဲစား ထွက်လာရတဲ့ အထိအောင် ဧရာဝတီမြစ်ထက်မှာ သောင်ကြီး ဖြစ်နေပါပြီ။ အင်းတော်ကြီးဘက်က စာဖတ်ပရိသတ် တစ်ဦးဆိုလည်း ဖုန်းဆက်ပြီး ပြောတယ်။ ရွှေကျင်နေကြတာတွေကြောင့် ဧရာဝတီမြစ်ဟာ ကောတော့မယ့် အခြေအနေကို ရောက်နေရပြီ။ သတင်းသမားတွေအနေနဲ့ ဒီအတိုင်း ကြည့်နေကြတော့မှာလား ဆိုပြီး မေတ္တာရပ်ခံတယ်။ ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဧရာဝတီ တိမ်ကောသွားလို့၊ ဧရာဝတီ ပပျောက်ခဲ့ရပြီဆိုရင် မြန်မာလူမျိုး သာမကပဲ မြန်မာနိုင်ငံပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်အထိ ရှိနေတယ်။ ဒီလိုအခြေအနေမျိုး မှာ ဧရာဝတီကို ဖျက်ဆီးလာမယ့် ဘယ်ကိစ္စကို လက်မခံဘူး။ သတင်းသမား တစ်ယောက်အတွက် ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်”ဟု လူထု ဦးစိန်ဝင်းက ပြောပြပါသည်။


Eleven Media Group၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က သတင်းစာများထဲ၌ ဖော်ပြခဲ့သော မြစ်ဆုံရေကာတာ ဆောင်းပါးဖော်ပြမှုအတွက် ကြိုဆိုလိုက်ပြီး ဆောင်းပါးနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့သည်။ “ဒီလိုသက်ဆိုင်တဲ့ဌာနက မီဒီယာပေါ်မှာ ပထမဆုံး ရှင်းလင်းတာ ကြိုဆိုပါတယ်။ ဒါပေမယ့် အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် ဖန်တီးလုပ်ကြံရေးသားတယ် ဆိုပြီး သတင်းစာကို ခုတုံးလုပ်ပြီး ပုတ်ခတ် ရေးသားတာကတော့ မလုပ်သင့်ဘူး။ နိုင်ငံရဲ့အရေး၊ တစ်မျိုးသားလုံးအရေးနဲ့ ပတ်သက်ပြီး စတုတ္ထမဏ္ဍိုင်တစ်ခု အနေနဲ့ ကျွန်တော်တို့ ဝေဖန်ထောက်ပြ ပိုင်ခွင့်ရှိပါတယ်။


ပြီးခဲ့တဲ့ နှစ်လလောက်က တရုတ်အစိုးရကို မြစ်ဆုံစီမံကိန်းရယ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်းရယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေကို လာရောက်လေ့လာပြီး အကြံဥာဏ်ပေးမယ့် Think Thaanke Group တစ်ခုနဲ့ Eleven Media Group ရုံးမှာ ကျွန်တော်တို့တွေ့တယ်။ အဲဒီမှာပါတဲ့ လူအများစုက အသက် ၃၀၊ ၄၀ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။


သူတို့ လေ့လာရသလောက် မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာလူထုကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက် ကို ငြင်းပယ်မသွားပါဘူး။ ရရှိတဲ့ အချက်အလက်တွေကိုလည်း Professional ပီသစွာ တရုတ်အစိုးရ ကို တိတိကျကျ အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။ ဒီဆည်ကြီး ခုနစ်ခု လုံးဝမဆောက်သင့်ဘူး။ အကယ်၍ မဖြစ်မနေ ဆောက်ရရင်လည်း အသေးနှစ်ခုပဲ ဆောက်သင့်တယ်လို့ သူတို့ပြောသွားပါတယ်။ ဒါကြောင့် အခုသတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦးဟာ ဘယ်ရာထူး အဆင့်လဲ၊ နာမည်ဘယ်သူလဲ၊ ဘယ်လို Professional မျိုးလဲ၊ ကျွန်တော်တို့ တိတိကျကျ သိချင်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ဒေါက်တာသန်းထွဋ်အောင် က ၎င်းဆောင်းပါးရှင် ရေးသားသော ဆောင်းပါးမှာ သတင်းမီဒီယာ ရှုထောင့်မှ ဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှဖြစ်စေ ဝေဖန်ကြရပါက အားနည်းမှုများရှိသည် ဟုလည်း ဆိုပါသည်။ ၎င်းက “အဲဒီဆောင်းပါးမှာ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သဲသဲကွဲကွဲ ရေးမသွားဘူး။ လူ ၂၆၀၀ လောက် အလုပ်ရတယ်။ အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ပရောဂျက်တစ်ခုအတွက် ရယ်စရာပါ။ လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။ အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။ ဒါ ကြောင့် ဒီဆည်မဆောက်ခင်မှာ ဘယ်လိုမြစ်ကြောင်းဆိုင်ရာ ပြုပြင်မှုလုပ်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ ဒါ့အပြင် ဆောင်းပါးရှင်က တရုတ်စူးစမ်းလေ့လာရေး အဖွဲ့ ရဲ့ ၅၆၉ မျက်နာပါ အစီရင်ခံစာကို ကိုးကားသွားတယ်။ ဒီအဖွဲ့ရဲ့ သမာသမတ်ရှိမှု၊ ပညာရှင်ပီသမှု၊ မြန်မာနိုင်ငံရဲ့အကျိုးနဲ့ တရုတ်အကျိုး ဘယ်ဟာကို ဦးတည်မလဲဆိုတာကို မဖော်ပြဘူး။ ဒါ့အပြင် ကဏ္ဍ ၁၂ ခုနဲ့ပတ်သက်လို့ အသေးစိတ် မဖော်ပြဘူး။ ပညာရှင်တွေရဲ့ အစီရင်ခံစာတိုင်းမှာ အကျိုးနဲ့အပြစ် နှစ်မျိုးလုံးပါတယ်။ ဆောင်းပါးရှင်က ဒီဆောင်းပါးမှာ အကျိုးကျေးဇူးခြောက်ချက်ကိုပဲ ဖော်ပြထားပြီး အပြစ်ကို ဖော်ပြမထားတာ ဟာ ပညာရှင်မဆန်ဘူး။ နောက်ပြီး ရေ၀ပ်ဧရိယာ ဘယ်လောက်ဆိုတာ ဖော်ပြမထားဘူး”ဟု သုံးသပ်ခဲ့ပါသည်။

ထို့အပြင် ဒေါက်တာသန်းထွဋ်အောင်က Public ၌ ပျံ့နှံ့နေသော စာမျက်နှာ ၉၀၀ ပါ EIA Report နှင့် ပတ်သက်ပြီး ဆောင်းပါးရှင် ရှင်းလင်းမထားခြင်း အပေါ်ကိုလည်း ဝေဖန်ခဲ့သည်။ “ဒီ Report အရ ဆည်တစ်ခုတည်းရဲ့ ရေ၀ပ်ဧရိယာကိုက စတုရန်းမိုင် ၅၀၀ နီးပါးရှိတယ်။ ဒါဟာ ကချင်ပြည်နယ် တစ်ခုလုံး ဧရိယာရဲ့ သုံး၊လေး ရာခိုင်နှုန်းလောက် ရှိတယ်။ ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအတွင်းမှာ သယံဇာတ အပေါကြွယ်ဝဆုံး နေရာ၊ ဒီရေ၀ပ်ဧရိယာလုပ်ရင် မြေပေါ်သယံဇာတ တွေဖြစ်တဲ့ သစ်တောတွေ၊ Tourist တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင် တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံအခြားသတ္ထုတွေ ဆုံးရှုံးသွားမယ်။ ဒီတန်ဖိုးတွေ တွက်ချက်ပြီးပြီလား။ ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ဆုံးရှုံးသွားမယ့် အလုပ်အကိုင်တွေ၊ Biodiversity ကြောင့် ဆုံးရှုံးမှုတွေကော တွက်ချက်ပြီးပြီလား။ ဒါ့အပြင် EIA Report အရ ဒီစီမံကိန်းအတွက် တရုတ်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီ ယံဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သိပ်မများပါဘူး။ ဒါပေမယ့် သူတို့က ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စု အစိုးရ က ၂၀ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် အစိုးရနဲ့ ကချင်ပြည်နယ်လူထု အတွက်ရော ဘယ်လိုစဉ်းစားထား သလဲ။ ဒီစာချုပ်ဟာ မမျှတဘူး။ နောက်ပြီး ကြားပွဲစားဆိုတာ တရားဝင်လား။ များလွန်းတယ်။ လာဘ်ပေး၊ လာဘ်ယူတွေ ရှိနေသလား။ အခုမြန်မာနိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်း၊ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်း အချို့မှာ ကြားပွဲစားက အများဆုံးဖြစ်နေတယ်။ ဒေါ်လာ သန်းပေါင်းများစွာ တိုင်းပြည်ငွေတွေ ဆုံးရှုံးနေတယ်။ ဒီဟာကို မတိုက်ဖျက်ဘဲ ၀န်ထမ်းငယ်တွေကို ချည်း မမဲသင့်ဘူး”ဟု ထောက်ပြခဲ့ပါသည်။


၎င်းက EIA Report နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် အများပြည်သူအား ရှင်းရှင်းလင်းလင်း ဖြစ်စေသင့်သည် ဟု ဆိုပါသည်။ “ဒီရေကာတာဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိတယ်။ ကျိုးသွားရင် စက္ကန့် ၂၀ အတွင်း မြစ်ကြီးနားမြို့ရေမြုပ်သွားမယ်လို့ ဆိုတယ်။ ဒီနေ့(သြဂုတ်လ ၉ ရက်)မှာပဲ ဒီစီမံကိန်းနဲ့ မိုင် ၂၀၀ မဝေးတဲ့ ယူနန်နယ်စပ်မှာ ငလျင်ငယ်လှုပ်သွားတယ်။ ဒီနယ်စပ်မှာ တစ်နှစ် ငလျင် နှစ်ကြိမ်၊ သုံးကြိမ် လှုပ်တယ်။ မကြာမီ ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ရစ်ချက်တာ စကေး ၇ အထက် ငလျင်လှုပ်နိုင်တယ် ဆိုတာလည်း ပညာရှင်တွေ ခန့်မှန်းထားတယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်”ဟု ဆိုပါသည်။

ဒေါက်တာသန်းထွဋ်အောင် က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အသီးသီးနှင့် တပ်မတော်သားများ အနေဖြင့် အသိတရားရှိသင့်ပြီး တရုတ် အစိုးရအနေဖြင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ဆိုပါသည်။

“တရုတ်အစိုးရအနေနှင့်လည်း တရုတ်ကုမ္ပဏီ CPI ရဲ့ အကျိုးစီးပွားတစ်ခုတည်း မကြည့်သင့်သလို မြန်မာဘက်ကလည်း မြန်မာကုမ္ပဏီ တစ်ခုတည်း၊ ၀န်ကြီးဌာနတစ်ခုတည်းရဲ့ အကျိုး စီးပွားကိုချည်းပဲ မကြည့်သင့်ပါဘူး” ဟု ၎င်းက ဆိုပါသည်။


၎င်းက “ကျွန်တော့် အမြင်အရဆိုရင်တော့ ဒီစီမံကိန်းကို လုံးဝရပ်သင့်ပါတယ်။ တကယ်လို့ စဉ်းစားဆင်ခြင်မယ်ဆိုရင် ခေတ္တရပ်ဆိုင်းပြီး တရုတ်ပညာရှင်တွေ၊ မြန်မာပညာရှင်တွ၊ NGO တွေ၊ နိုင်ငံတကာ ပတ်ဝန်းကျင် ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာတွေ အဖွဲ့ဖွဲ့ပြီး လေ့လာရေး အစီအရင်ခံစာ တင်သွင်းသင့်တယ်”ဟု ဆိုပါသည်။


၎င်းက “ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အမျိုးသား သမိုင်းအမွေအနှစ် (National Heritage) ပါ။ သူရဲ့ကျေးဇူးက မသေးပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ၊ ပြဿနာတွေ မပေါ်ပေါက်အောင် အရာရာကို စဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ တိုက်တွန်းပါတယ်”ဟု ဆိုပါသည်။


ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၀၆ခု နှစ် ဒီဇင်ဘာလအတွင်းက အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ (China Power Investment Corporation) တို့ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာဘက်မှ Asia World ကုမ္ပဏီက ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။


မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသူများ၊ သတင်းသမားများက စီမံကိန်းမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အချက်အလက် အတိအကျများဖြင့် ရေးသားပြောဆိုလျက် ရှိနေပါသည်။ ပြီးခဲ့သည့် လများ ကလည်း ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းအချို့ အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။



Special thanks and Credit to Eleven Media


မြစ်ဆုံနဲ့ အနီးတစ်ဝိုက်ပုံများ ၊ ကရိန်နော်ဓာတ်ပုံများ၊ ဧရာဝတီမြစ် ဓာတ်ပုံများကို  မြစ်ကြီးနားအွန်လိုင်းဆိုဒ် နှင့်  dslr stranger ဆိုဒ် တို့မှ ကူးယူဖော်ပြပါသည်။ ဓာတ်ပုံများအတွက် အထူးကျေးဇူးတင်ရှိပါသည်။


Image Hosted by PicturePush - Photo Sharing


ဖြည့်စွက်ခြင်း။   ။ မြစ်ဆုံစီမံကိန်းကနေ ဘယ်လိုဆိုးကျိုးမှ မဖြစ်နိုင်ပါဘူး။ အန္တရာယ်ကင်းပါတယ်။ ဘာမှ မဖြစ်နိုင်ပါဘူးလို့ တွင်တွင်အော်နေကြသူများကတော့ တကယ်လို့ မလွဲမရှောင်သာတဲ့ အန္တရာယ်ကြောင့် တစ်ခုခုဖြစ်ချိန်မှာ သူတို့အိမ်ဟာ ဖြစ်တဲ့နေရာနဲ့ မိုင်ပေါင်းများစွာ အဝေးမှာ ရှိနေပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီလို အသံကျယ်ကျယ်နဲ့ အော်နေနိုင်ကြမှာပါ။ မဖြစ်ခဲ့ရင်တော့ အကောင်းဆုံးပါ။ ဘယ်သူကမှ ဆိုးကျိုးတွေ ဖြစ်စေလိုတဲ့ ဆန္ဒမရှိကြပါဘူး။ ဖြစ်ခဲ့ပြီဆိုရင်တော့ နစ်နာကြရမှာ အများပြည်သူပါ။ အဲဒီအချိန်ဟာ နောက်ကျသွားတဲ့အချိန် ဖြစ်ပါလိမ့်မယ်။ အဲဒီချိန်မှာ ဘယ်သူတွေက ဘယ်လိုများ တာဝန်ယူကြမှာပါလိမ့်လို့ဘဲ မေးချင်ပါတယ်။

40 Responses to “ဧရာဝတီနဲ့ Eleven Media”

chaung said...

ကျွန်တော် ဖေ့စ်ဘွတ် မှာပြန်..ရှဲလ် ပရစေခင်ဗျာ..:)

မချောရယ် ... သူများနိုင်ငံတွေများ ဘာမှ မရှိလို့ အတင်းကို ငွေအား လူအားသုံးပြီး ဖန်တီးနေရတယ်။ ကျွန်မတို့ နိုင်ငံကတော့ ရှိတာတွေ ကောင်းကောင်းအသုံးမချတတ်ဘူးဖြစ်နေတယ်နော်။
ရင်လေးစရာသိပ်ကောင်းတယ်ရှင်။

ခင်တဲ့

စိတ်မကောင်းစရာချောရယ်။ တော်တော်ဆိုးတဲ့ ဗိုင်းရပ်စ်ပါလားနော်။ (ဗိုင်းရပ်စ်တီထွင်တဲ့လူကို မုန်းဖို့တောင် ကောင်းတယ်၊ ဗိုင်းရပ်စ်ကို လူတစ်ယောက်က ထွင်ထားသည်ဟု ကြားဖူးထားသောကြောင့် ဖြစ်သည်)။

မလေးရှားတုန်းက လိုင်းကားပေါ်မှာ မလေးဒကာကြီးတစ်ယောက်က "မင်းတို့ မြန်မာပြည်မှာ သယံဇာတတွေပေါကြွယ်တယ်။ မင်းတို့ ဟိုနင်းတွေက အသုံးမကျလို့၊ အဲဒီ သယံဇာတတွေကို လိုချင်နေတဲ့ ဖော်ရင်နာတွေ တစ်ပုံတစ်ခေါင်းကြီး"လို့ ပြောဖူးတာကို ပြန်အမှတ်ရမိတယ်။ တော်တော်များများ ဒီလိုပြောနေကျပါ။

ကျန်းမာပျော်ရွှင်ပါစေ ချော။

ယောက္ခမ said...

စိတ်ပျက်မိတယ်း(

တကယ်ကို စိတ်မကောင်းစရာပါဘဲ။ အလှအပ ပျက်စီးတာထက် အရင်းအမြှစ်ပျက်စီးမှာ ပိုစိုးရိမ်မိတယ်။
အဲဒီနေရာတွေ အကုန်ရောက်ဖူးတယ်။ ဟိုတုန်းကတော့ လှလှပပ စိမ်းလန်းစိုပြေလို့ပါဘဲ။

ခင်မင်လျက်

မကြာသေးခင်ကမှ ဖတ်လိုက်ရတဲ့ မောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာလေးကို သတိရမိတယ် ချောရေ ... ကဗျာနာမည်က မြစ်ကော ... တဲ့။ ချောလဲ ဖတ်ဖူးမယ် ထင်ပါတယ်။

"မြစ်ကော"

မြစ်မကောအောင်လို့၊
သစ်တောတို့ စိမ်းရပေမည်။

ရေဝေတောတွေ ဆိုင်းစို့စို့၊
မှိုင်းညို့ညို့မှုန်ရီ။

ချင်းတွင်းနှင့်ဧရာဝတီ၊
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့။

တတောလုံးပြောင်၊
တတောင်လုံးလင်း၊
မြစ်ကျဉ်းကာသောင်တွေပေါ်တော့၊
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့၊
ကိုယ့်သွေးကို ကိုယ်ပြန်သောက်နေကြ၊
စိုးကြောက်ဖွယ် အပြစ်သဘောနဲ့၊
မြစ်ကောမယ့်နေ့။ ။

မောင်စိန်ဝင်း (ပုတီးကုန်း)

လသာည said...

ချောရေ..

စိတ်မကောင်းပဲ တကယ်ဖြစ်ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကပဲ အဲဒီ လျှပ်စစ်ဝန်ထမ်းတစ်ဦးဆိုပြီး ရေးထားတဲ့ ဆောင်းပါးကို ဖတ်ပြီး သူရေးတာဘ၀မကျဖြစ်နေတာ။ ဖတ်မိသူတိုင်း ပြောကြတယ်၊ သူဖော်ပြချက်က မပြည့်စုံဘူးတဲ့..။ ပြီးတော့ လသာညတို့ပါမောက္ခဆရာကြီးက ပြောတယ်.. ဒီဆောင်းပါးရှင်က ဆည်ကြီးနဲ့ပတ်သက်တဲ့ ဆန်းစစ်ချက်တွေကို ခိုင်ခိုင်လုံလုံ သိပ်မဖော်ပြနိုင်တဲ့အပြင်၊ ဆည်ကြီးကြောင့်ဖြစ်လာနိုင်တဲ့ အကျိုးကို ချဲ့ဖော်ပြပြီး အပြစ်ကို ဖော့ပြောသွားတာပဲတဲ့..။

ပြည်သူတွေ စိတ်ပူပန်မှုတွေ မရှိရအောင် နားလည်တတ်ကျွမ်းတဲ့ ပညာရှင်အားလုံး ၀ိုင်းဝန်းဆွေးနွေးပြီး ပြန်လည်စီစစ် လုပ်ဆောင်ကြရင် ကောင်းမှာနော်။

အခုလို တင်ပြပေးတဲ့ ချောကို ကျေးဇူးတင်ပါတယ်။

အခုတော့ မီဒီယာတွေမှာ ရပ်သင့်တဲ့အကြောင်းကို ၀ိုင်းပြီးပြောနေတာကို တော်တော်များများ တွေ့နေရပါတယ်..။ ဒီစီမံကိန်းကို ရပ်နိုင်ပါစေလို့...


ခင်မင်လျက်
နေ၀သန်

sosegado said...

Memory Stick ဓါတ်ပုံတွေ ကျနော်လည်းဖြစ်ဖူးပါသည်၊ ဆော့ဝဲလေးတစ်ခု ဝယ်ပြီးလုပ်ကြည့်တာ recover ပြန်ဖြစ်ပါသည်၊ ဆော့ဝဲနာမည် မမှတ်မိတော့ပါ၊ အွန်လိုင်းက ဂုရုတွေကို အကူအညီတောင်းကြည့်ပါ၊
မေဓာဝီရဲ့မန့်ထားတဲ့ ကဗျာလေးကို ပိုသဘောကျမိတယ်၊
ကဲတတ်နိုင်သလောက်ပေါ့…………
မပျက်စီးသေးခင်

မြစ်ဆုံလည်း မငြိမ်းချမ်းနိုင် ဖြစ်နေပြီနော်..

မမရေ....
ညီမလေးက ဧရာဝတီမြစ်ကမ်းဘေးက မြို့ပေါ်မှာမွေးဖွားကြီးပြင်းခဲ့သူတစ်ယောက်ဆိုတော့
ဧရာဝတီအပေါ်မှာ ခင်တွယ်တဲ့စိတ်၊ မြတ်နိုးတဲ့စိတ်၊ ချစ်တဲ့စိတ်က သာမန်ထက်ပိုပါတယ်။ ဧရာဝတီကိုဖျက်ဆီးကြမယ့် ဒီစီမံကိန်းအကြောင်းကိုစကြားပြီဆိုကတည်းကလည်း တော်တော်ဒေါသထွက်မိခဲ့တယ်။
တိုင်းပြည်ကို အဆီစုပ် အသားမျိုရုံတင်မက အမြစ်ကပါ လှန်ပြီး ဖျက်ဆီးပစ်နေကြတယ်။ ညီမလေးအနေနဲ့ကတော့ ဒီစီမံကိန်းကြီးကို
ဆက်လက်အကောင်အထည်မဖော်နိုင်အောင်၊
လုံးဝရပ်တန့်သွားသည်အထိအောင်ကို အားလုံးဝိုင်းကန့်ကွက်သင့်တယ်လို့ ထင်မိတယ်။

ညီမလေး
အင်ကြင်း

Anonymous said...

ဧရာဝတီဟာ ရေအရင်းအမြစ်တခုတည်း အနေ နဲ့ မဟုတ်ဘဲ တိုင်းပြည်ရဲ့ ကျက်သရေဆောင်လည်းဖြစ်တော့ ခံစားရပါတယ်။
အိုင်အိုရာ

SHWE ZIN U said...

ညီမ ချောရေ

ဧရာဝတီ ဆိုတာ မြန်မာပြည်ရဲ့ အသက်သွေးကြော ပါ ကိုယ့်သွေးကိုယ်ဖောက် သောက်ရမဲ့ အဖြစ်တွေ ကို ဘာကြောင့်များလုပ်ရက်ကျသလည်း မသိ

မောင်စိန်ဝင်း ရဲ့ ကဗျာလေးကို သဘောကျမိတယ်

ဧရာဝတီသာ ပျက်စီးခဲ့ရင် မြန်မာဆိုတာလည်း သမိုင်းထဲမှာပဲ ကျန်ခဲ့ပြီပေါ့...အမွေအနှစ်ဖြစ်လို့ တန်ဖိုးထားသလို သာမန်လူတန်းစားတွေအတွက် အရင်းအမြစ်တွေဖြစ်နေလို့လည်း နှမြောပါတယ်...ပညာရပ်ဆိုင်ရာတွေကိုတော့ မလေ့လာရသေးတာကြောင့် မဆွေးနွေးတော့ပါဘူး ဒေါ်ချောရေ...ဒါကြောင့် ပုဂ္ဂလိက ခံစားချက်ကိုပဲ ပြောတာပါ...

Nyi Linn Thit said...

Eleven Media ရဲ့ ဆောင်းပါးကို မဖတ်ရသေးလို့ အခုလို မချော ပြန်ပြီးဖော်ပြပေးတာ ကျေးဇူး တင်ပါတယ်၊ ဒီအကြောင်းကို ပြည်ပမှာ ပြောဆိုနေရာ ကနေ အခုပြည်တွင်းမှာပါ တဖြည်းဖြည်းနဲ့ ပိုပြီး ဆွေးနွေးလာကြလို့ နည်းနည်းတော့ အားတက်စရာ ဖြစ်ပါတယ်၊ Decision makers တွေ အမြင်မှန်လာတဲ့ အထိ ဆက်သွားနိုင်ဖို့ပဲ မျှော်လင့်ရမှာပဲ၊ ဧရာဝတီဟာ အမွေအနှစ်၊ အရင်းအမြစ်၊ အလှအပ ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ဘယ်သူမှ မငြင်းနိုင်အောင်ကို အရေးကြီးပါတယ်..။

ပညာရှင် တစ်ဦးမဟုတ်လို့ အကျိုး/အပြစ်တွေ ဘာတွေဖြစ်လာမလည်း တိတိကျကျ မသိရပေမယ့် gut feeling အရတော့ တွေးမိရင် တော်တော်လေး စိတ်ပင်ပန်းမိပါတယ်။
ဧရာဝတီ အဓွန့်ရှည်ပါစေ....

ဧရာဝတီမြစ်ကြီးကို အပိုင်းပိုင်းဖြတ်ရောင်းစားနေပြီတဲ့...။ အပြင်မှာက ဒီသတင်းတွေပျံ့နေတာကြာပြီ...။ တော်တော်လေးစိတ်မကောင်းဖြစ်မိတယ်....။ ချောဒီပို့စ်လေးတင်လိုက်သိပ်ကောင်းတယ်...။ ဓါတ်ပုံတွေပိုးကိုက်သွားတာ နှမြောစရာနော်..။ ကိုယ်သွေးကိုယ်ပြန်ဖောက်သောက်တဲ့လူမျိုး ဒီနိုင်ငံမှာရှိနေတာ ရင်နာစရာပါ..။

mstint said...

ကချင်ပြည်ရဲ့ ရှုခင်းတွေကို ကြည်နူးစွာကြည့်သွားတယ် ချောရေ။ အင်းတော်ကြီးအိုင်ကိုလည်း ရောက်ဖူးချင်တယ်။
လူသားများအတွက် အကျိုးစီးပွားများစွာကို ဖြစ်ထွန်းစေပြီး မြန်မာပြည်ရဲ့ ကျက်သရေဂုဏ်ဆောင်တဲ့ ဧရာဝတီမြစ်ကြီး အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အော် မြစ်ဧရာသာ စိတ်ဆိုးတတ်မယ်ဆိုရင်... အမြဲစီးဆင်းနေတဲ့ရေကိုတောင် ရပ်တန့်ပစ်မလား မသိဘူး၊ မြစ်ဧရာသာ စကားပြောတတ်မယ် ဆိုရင် ပေါက်ကွဲမှုသံစဉ်တွေ ဟစ်ကြွေးနေမှာ သေချာတယ်.
မြစ်ဧရာသာ နှလုံးသာရှိမယ်ဆိုရင် စိတ်မကောင်းစွာနဲ့ ဘယ်လောက်များ ကြေကွဲလိမ့်မလဲ...ချောရယ်...

ဂဒိုး said...

စိတ်မကောင်းပါဘူး ကျွန်တော်အမြဲတန်း ဂုဏ်ယူစွာနဲ့ ပြောခဲ့တဲ့ ဒါငါတို့မြန်မာ့ကျောက်စိမ်း ဆိုတာကို နောက်ပြောနိုင်ပါ့မလားမသိတော့ဘူး.....?

PhyoPhyo said...

စိထ်တဲမကောင်းဘူး။
ဧရာဝတီအမြဲရှင်သန်ပါစေ။
ချစ်တဲ့
pp

blackroze said...

မကြီးချောရေ..

တကယ်တော့ဧရာဝတီဆိုတာ..
မြန်မာတနိုင်ငံတည်းကပိုင်တဲ့မြစ်ကြီးပါ..

ညီမတို့ရဲ့ကိုယ်ထဲမှာမြန်မာဆိုတဲ့သွေးတွေ
လှည့်ပတ်စီးဆင်းနေသလိုမျိုးပါဘဲ...
ဧရာဝတီကလည်းမြန်မာပြည်ထဲမှာဘဲမြစ်ဖျားခံပြီး..
မြန်မာတနိုင်ငံလုံးကိုဖြတ်သန်းစီးဆင်းသွားတာပါ..

ဧရာဝတီဆိုတာကိုမှီပြီးရပ်တည်ရှင်သန်နေတဲ့
မိသားစုပေါင်းများစွာ..အသက်ခန္ဓာပေါင်းများစွာ
ရှိပါတယ်..ကမ္ဘာတည်နေသရွေ့အချိန်ထိ
ဧရာဝတီ..ကိုရှိစေချင်ပါတယ်

မြစ်ဆုံရေကာတာ..ဆိုတဲ့..ဒီစီမံကိန်းကြီးကို
လုံးဝလက်ခံနိုင်စရာမရှိပါဘူး..

ရေအားလျှပ်စစ်တွေဘယ်လောက်ဘဲထုတ်နေပါစေ..
မြန်မာပြည်ကြီးကတော့
အမြဲတမ်းမှောင်မည်းနေတာပါဘဲလေ..

ချစ်တဲ့...Blackroze

ခရစ္စတလ် said...

ဒို့တိုင်းပြည်က ရင်းမြစ်တွေဟာ လူတစ်စုအတွက်တော့ မဖြစ်သင့်ဘူး မဖြစ်ထိုက်ဘူး :(

An Asian Tour Operator said...

ချစ်သော အမိမြေ နဲ့ ဧရာဝတီ ထိခိုက် ပျက်စီးစေ မယ့် ကိစ္စများ..... ချက်ချင်းရပ်။ ထောက်ခံအားပေးသူများ ကြံစည် လုပ်ကိုင် နေသူများ နည်းတူ နောင်တတွေနဲ့ သမိုင်းတရားခံ ဖြစ်မယ်။

မြန်မာပြည်သူအားလုံးနီးပါးက ဒီစီမံကိန်းကိုရပ်စေချင်ကြ
တယ်..၊ရပ်သွားဖို့လည်း ကိုယ်တတ်နိုင်သလောက်တောင်း
ဆိုနေကြတယ်...၊ဟင်း..၊ခုထိရပ်ပေးဖို့မပြောနဲ့ ပြန်စီစစ်
ဖို့တောင်လေသံမကြားရသေးဘူးဗျာ...၊စိတ်ကုန်၊စိတ်ပျက်
တယ်...၊စိတ်လည်း ဆင်းရဲရတယ်....:(

တိုင်းတပါးသားတွေက မေးတယ်။ မင်းတို့နိုင်ငံက သဘာဝသယံဇာတထွက်လားတဲ့။'ငါတို့ဆီမှာ ကျောက်စိမ်း၊ေ၇ွှ၊သစ်တွေထွက်တာ နာမည်ကြီးပဲ။' ဒါဆိုဘာလို့အဲလောက် ဆင်းရဲတဲ့နိုင်ငံဖြစ်နေ၇တာလဲတဲ့ဗျာ။ ကိုယ့်နိုင်ငံရဲ့ သဘာဝသယံဇာတတွေအတွက်တော့ ဂုဏ်ယူစွာနဲ့ ပြောမိတယ်။ ဒါပေမယ့် မေးလာတဲ့မေးခွန်းကို ဘယ်လိုပြန်ဖြေ၇မလဲ စကားလုံးရှာမ၇ဘူး။

တော်တော်လေးကို ရင်လေးမိပါတယ် အစ်မချောရေ..။ ကျနော်တို့ နိုင်ငံရဲ့ အသက်သွေးကြောကို ဓါးနဲ့  ထိုးဖောက်ကြမယ့် လူတွေပါလားဗျာ။ ကျနော်တို့  တတ်နိုင်တဲ့ ဖက်က တားဆီးကြရလိမ့်မယ်။ ဧရာဝတီသာ တိမ်ကောပျောက်ကွယ်သွားခဲ့ရင် မြန်မာပြည်ဆိုတာ ပျောက်ကွယ်သွားဖို့ ပဲ ရှိတော့တယ်လို့  ထင်တယ်။

တစ်ဖက်တစ်လမ်းက ကူညီကြပါစို့ လား။

kiki said...

မချောရေ..
ဒီမြေပေါ်မှာမွေး ဒီရေကိုသောက် ဒီမြေမှာကြီး ဒီအရိပ်ကိုခိုလာခဲ့ကြသူတွေ ၊ လူလို သိတတ်သူတွေ လူစိတ်ရှိကြသူတွေ အားလုံး ဒီဧရာဝတီမြစ်ကြီး တိမ်ကော မဲ့ အရေးကို ဘယ်သူမှ မလိုလားကြဘူးဆိုတာ လူတိုင်း သိပေမဲ့ ကိုယ့်ဘို့ တခုပဲ သိပြီး ဘယ်သူသေသေ ငတေမာ ၊ မသိချင်ယောင်ဆောင်နေသူများရှိနေတဲ့ အတွက် ဝမ်းနည်း မိတယ်။

ဘယ်လို နည်းနဲ့ ကာကွယ်ကြမလည်း ဆိုတာ သိသူများ ရှိရင် ပြောကြပါအုံး။ အရေးကြီးတဲ့ အချိန် သွေးစည်းကြမှာပါပဲ။

မကိ..

ချော(အစိမ်းရောင်လွင်ပြင်) said...

ကော်မန့်တွေ အားလုံးအတွက် ကျေးဇူးအထူးတင်မိပါတယ်
ဧရာဝတီကို ချစ်ခင်ကြသူတွေ ဧရာဝတီအတွက် စိုးရိမ်ပူပန်ကြသူတွေ အများကြီး ရှိနေတာသိရလို့လည်း ဝမ်းသာမိပါတယ်။ မြန်မာပြည်သားမှန်ရင် စေတနာမှန်စွာဖြင့် ဧရာဝတီကို ချစ်ကြပါစို့လို့...

ahphyulay said...

အင်း..
ဒီကိစ္စကတော့ ကြာပါပြီဗျာ..။
အမေစုကတောင်ထွက်ပြောလာပါပြီ။
ဒီလူတွေ နားမပါ၊ မျက်စေ့ မပါတာဖြစ်မှာပါ။
ကျွန်တော် မြစ်ကြီးနားကနေ မြစ်စုံကို ဒီတီနဲ့ 
တက်ပြီးသွားကြည့် ခဲ့  တာကို ပြန်သတ်ရမိ
တယ်၊ ဓါတ်ပုံလေးတွေကြောင့် လေ..။
ကျွန်တော်တို့ မြေ၊ ကချင်မြေနဲ့  တိုင်းရင်းသား
မြေတွေအားလုံး အလင်းထဲကို အမြန်ရောက်
နိုင်ကြပါစေဗျာ....။

မောပါတယ် ချောရယ်၊ မနေ့ကပဲ အမေစုရဲ့ ဧရာဝတီကို ကယ်တင်ကြဖို့ မြန်မာ-အင်္ဂလိပ် ၂ဘာသာနဲ့စာ ဖတ်ရသေးတယ်။ ဒီလောက် အသံကျယ်ကျယ်နဲ့ ဝိုင်းအော်နေကြတာတောင် နားပိတ်နေနိုင်ကြတာ အံ့ပါရဲ့။
ဧရာဝတီ ကျန်းမာပါစေ...

ချောရေ
ဒီပို့စ်လေးနဲ့ တတ်နိုင်သမျှ အမိမြေအတွက် လှုပ်ရှားတာ ကို လေးစားဂုဏ်ယူပါတယ်။

လူမျိုးနဲ့ နိုင်ငံပျက်စီးနိုင်တဲ့ အထိ ဆိုးကျိုးရှိနိုင်တယ်ဆိုတာမသိတာကတော့ တကယ်ဝမ်းနည်းစရာပဲ။

သူတို့ရဲ့ တိုင်းပြည်နဲ့လူမျိုးပျောက်စေမယ့် ဒီစီမံကိန်း ကို အမြန်ဆုံးရပ်တံ့ နိုင်ဘို့အားလုံး မျှော်လင့်နေကြတယ်။

အိမ်ကလူတွေဆို ဖုန်းခေါ်လိုက်တိုင်း ဒီဆည်ကြီးအတွက် ဘယ်လောက်သောက ရောက်ရကြောင်း ပြောပြတယ်၊၊ တစ်မြို့လုံးသာ ရေမြှုပ်သွားရရင်တော့ လူ့အသက်တွေ မနည်းဘူးဆုံးရှုံးသွားမှာ၊၊ ဘာကြောင့်များ ကိုယ့်တစ်ဝမ်းအတွက်ပဲ လူတွေကြည့်ကြတာလဲ၊၊

မြန်မာပြည်ဆိုတာကိုက ဧရာဝတီကို တည်မှီပြီးတည်ထောင်လာခဲ့တဲ့နိုင်ငံပါ။ ဧရာဝတီမှမရှိတော့ရင် မြန်မာပြည်ဆိုတာ ရှိနိုင်ပါအုံးတော့မလား... ကျေးဇူးရှင်ကို ကျေးစွပ်တယ်လို့ပဲမြင်မိတယ်။ ကျေးဇူးမသိတတ်ရင် ကိုယ်တိုင်ပါပျက်စီးရတတ်တာကို အကျိုးအမြတ်သာ မျှော်ကိုးကြတဲ့သူတွေ အချိန်မှီ သတိထားနိုင်ကြပါစေ...။

san htun said...

ရင်မောတယ်...မြစ်ဆုံကို ရောက်ဖူးချင်နေတာ...သူတို့  ဧရာဝတီကို သတ်နေပြီ..ငါတို့ ချစ်တဲ့ ဧရာဝတီ အသက်ရာကျော် ရှည်ပါစေ...

jr said...

မြစ်ဆုံရဲ့ အံ့သြစရာကောင်းတဲ့ ရှုခင်းဓါတ်ပုံတွေ ကြည့်သွားတယ် ချောရေ။
မြစ်ဆုံကို ရောက်ဖူးချင်လိုက်တာ။
ဒီလိုလှပတဲ့ သဘာဝ သယံဇာတတစ်ခု ထာဝစဉ်တည်တံ့ပါစေလို့ ဆုတောင်းပါတယ်။

အခုတော့ ဘာပြောကောင်းမလဲ...ဘာမှ ကိုပြောမကောင်းဘူး။

johnmoeeain said...

ဒီဆောင်းပါးဖတ်ရင်း မောင်အောင်ပွင့်ရဲ့ ကဗျာ ၂ ပုဒ်ကို အမှတ်ရတယ်..။ မချော ဖတ်ဖူးမယ်ထင်တယ်..။ မဖတ်ရသေးရင်လည်း ခံစားကြည့်နော်း)

"ဧရာဝတီ"

ရေကို တားလို့
အကြားမထင်တဲ့။
မြစ်မကြီးလေ
နွေ ရေခမ်းခြောက်
သောင်ပြင်တစ်လျှောက်
ဟိုတစ်ကွက် ဒီတစ်ကွက်
ရေတွေ ရေတွေ
ရှင်ကွဲ ကွဲကုန်ကြရော။
(မောင်အောင်ပွင့်)

"မြစ် တစ်စင်း စီးဆင်းတဲ့ အကြောင်း"
ခြစ်ခြစ်တောက် အပူ
တပေါင်းလေ တဖြူးဖြူးရယ်
ပေါင်းမိကြတဲ့အခါ
တာပိန်မြစ်ရဲ့
ဟိုး.. မြစ်ဖျားဒေသက
ညောင်းချိနေတဲ့ ရေခဲတောင်ကြီးတွေ
ဗူးသီး စိတ်ချလိုက်သလို
ချိုင့်ချိုင့်ကျကုန်ကြတယ်။
အို တာပိန်
သင်ငြိမ်နေခဲ့တာ
ကောက်ကျစ်ခြင်းလား
သင်ဟာ
မြစ်ယောင်ဆောင်တဲ့
နဂါးတစ်ကောင်လား။
သင်ဟာ နတ်ဆိုးပဲ
တို့ချစ်တဲ့ ဧရာဝတီ
တငြိမ့်ငြိမ့် စီးဆင်းနေတုန်း
ဗြုံးဆို ရေ ရွှင်စေတယ်။
အမြုပ် ဖိုက်ဖိုက်ထ
ဧရာဝတီမြစ်ပြင်ပြည့် ပေါလောမျှော
ဒီဇိုင်းညံ့ညံ့ အထည်တွေ
စက်ရုံ ဒလိမ့်တုံးပေါ်ကနေ
အတောမသတ် လျှောထွက်နေတာမျိုး။
အို တာပိန်
သင့် အန်ဖတ်တွေထဲ
တို့အသက်အိုးအိမ်တွေ
မျှောပါ ပျက်စီးခဲ့ရပြီ။
တို့ ဖရဲခင်း မြေပဲခင်းတွေ
တို့ ငရုတ်ခင်းတွေ
တို့ အသက်ချွေးနဲ့
ရင်းရတာ မှန်သမျှ
သင်
အငမ်းမရ ၀ါးမြိုခဲ့ပြီ။
တို့ အဘေးဘေး အဘီဘင်တွေ
နေရင်းဒေသ စွန့်ခွာခဲ့ရတာ
ယဉ်ကျေးမှုနဲ့ လွတ်လပ်ရေး
အရွေးခက်ခဲ့ရတာ
လွတ်လပ်ရေးကို ဦးစားပေး
ဒီအတွက်
အနှစ် နှစ်ထောင်
ယဉ်ကျေးမှု နောက်ကျခဲ့ရတာ
ဒါဟာ
ဖြစ်ကောင်း၏
"ဤသို့ယူရသော် ရ၏" မဟုတ်ဖူး
သမိုင်းရှိတယ်
နတ်ထိပ်တောင်ကြား သိတယ်
ကျောက်ဆည်လွင်ပြင် သိတယ်။
ထရိုဂျင် တာပိန်
မငြင်းနဲ့
ဒါ နှင်းခဲ ပျော်ချိန်။
(မောင်အောင်ပွင့် - ရုပ်ရှင်တေးကဗျာ။ မတ် 1995)

ျဝါလေး said...

တကယ်စိတ်မကောင်းစရာပါ
ဘယ်လိုအတွေးမျိုးတွေနဲ့ လုပ်နေကြလဲမသိဘူးနော်

ျဝါလေး said...

တကယ်စိတ်မကောင်းစရာပါ
ဘယ်လိုအတွေးမျိုးတွေနဲ့ လုပ်နေကြလဲမသိဘူးနော်