Yellowstone ဥယျာဉ်နဲ့ Morning Glory ရေပူစမ်း


http://americatravel.info/wp-content/uploads/2011/02/Yellowstone.jpg

အမေရိကန်နိုင်ငံ Wyomong က Yellowstone အမျိုးသားဥယျာဉ်ဟာ ဧကပေါင်း ၂၂,၁၉,၇၈၉ကျယ်ဝန်းပြီး  ၁၈၇၂ခု မတ်လ ၁ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်နဲ့ အမေရိကန်နိုင်ငံမှာ ပထမဦးဆုံး အမျိုးသားဥယျာဉ်လည်း ဖြစ်ပါတယ်။ ဥယျာဉ်ထဲမှာ သဘာဝသားရိုင်း တိရိစ္ဆာန်တွေ၊ အမျိုးမျိုးသော ရေပူစမ်းတွေ၊ လှပစိမ်းစိုနေတဲ့ သစ်တောတွေ၊ ကျယ်ဝန်းနက်ရှိုင်းတဲ့ ရေကန်ကြီးတွေ၊ တောင်ကုန်းတွေ ချောက်နက်ကြီးတွေ တည်ရှိပါတယ်။ ရှားပါးသတ္တဝါများဖြစ်တဲ့ အမွှေးရှည်နွားရိုင်း၊ ဦးချိုရှည် သမင်မျိုးကြီး၊ မွဲပြာရောင် ရှားပါးဝက်ဝံတို့ရဲ့ ပျော်ပါးကျက်စားရာ ဒေသလည်း ဖြစ်ပါတယ်။  လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကျော်ခန့်က ဒေသခံ အမေရိကန်မျိုးနွယ်တို့ဟာ ၄င်းဒေသမှာ နေထိုင်ကျက်စားခဲ့ကြတဲ့ အထောက်အထားများကို တွေ့ရှိခဲ့ရပါတယ်။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Photo: Male elk, or wapiti, forages for food under a thick blanket of snow

Image Hosted by PicturePush - Photo Sharing

ကမ္ဘာပေါ်မှာရှိတဲ့ မြေအောက်စမ်းရေပူများရဲ့ တစ်ဝက်လောက်ဟာ ဒီအမျိုးသား ဥယျာဉ်တွင်းမှာ တည်ရှိနေတယ်လို့ သိရပါတယ်။ မြေအောက်ရေပူ ၁၀၀၀ဝ ကျော်ခန့်ရှိပြီး ရေပူစမ်းပေါင်း ၃၀၀ကျော်ခန့် ရှိနေခဲ့ပါတယ်။ အချို့ရေပူစမ်းများဟာ မြေပြင်အထက် ပေ ၃၀၀ကျော် ၄၀၀ခန့်အထိ ပန်းထွက်နေကြပါတယ်။ ဥယျာဉ်တွင်းမှာ ရေတံခွန်ပေါင်း  ၂၉၀ခန့်ရှိနေပြီး အနိမ့်ဆုံးမှာ ၅ပေခန့် မြင့်မားပြီး Yellowstone မြစ်ရဲ့ အမြင့်ဆုံးဖြစ်တဲ့ Lower Fall မှာ ပေ ၃ဝ၈ခန့် မြင့်မားပါတယ်။ ဥယျာဉ်တွင်းမှာ ကျယ်ပြောလှပြီး သာယာလှပတဲ့  ပြာလဲ့လွင်လွင် Yellowstone ရေကန်ဟာလည်း ထင်ရှားကျော်ကြားတဲ့ အလှအပ တစ်ခုဖြစ်ပါတယ်။ ၁၉၅၉ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ Yellowstone ငလျှင်ကြောင့် ၄င်းဒေသရှိ အဆောက်အဦးများ လမ်းများ ပျက်စီးခဲ့ရပေမဲ့ မြေအောက်ကနေ ရေပူစမ်းအသစ်များ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ ဥယျာဉ်တွင်းမှာလည်း မီးတောင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာရတဲ့ ကျောက်ဆောင်များ၊ ရေပူစမ်းများ၊ မြေနေရာ အနေအထားများ များစွာရှိပါတယ်။


Image Hosted by PicturePush - Photo Sharing  

Image Hosted by PicturePush - Photo Sharing


Picture of Great Fountain Geyser, Yellowstone National Park, USA - Free Pictures - FreeFoto.com

မြေပြင်ပေါ်သို့ ပန်းထွက်နေသောရေပူများ


Image Hosted by PicturePush - Photo Sharing

လူအများ ဝိုင်းကြည့်နေသော Old Faintful အမည်ရ ရေပူစမ်း


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

http://boneblogger.com/wp-content/uploads/2010/03/Mammoth_Hot_springs.jpg 

Hammoth ရေပူစမ်း


Image Hosted by PicturePush - Photo Sharing
Upper Terrace ရေပူစမ်း

http://www.programmabob.com/C-NAmerica/J0407-NatParks/L-Bob14.jpg
ဥယျာဉ်တွင်းမှသစ်သား လျှောက်လမ်းများ

Image Hosted by PicturePush - Photo Sharing 
Lower Fall


Yellowstone Park Landscape

Yellowstone Lake


ဥယျာဉ်တွင်းမှ ရှားပါးသတ္တဝါများ

 Yellowstone ဥယျာဉ် မြောက်ဘက်ပေါက်အဝင်ဝ



Morning Glory Pool 3 Morning Glory Pool


Surreal Morning Glory Pool


ပုံမှာ မြင်တွေ့ရတဲ့ ရေပူစမ်းဟာ Morning Glory လို့အမည်ရတဲ့ ရေပူစမ်းဖြစ်ပါတယ်။ Yellow Stone အမျိုးသားဥယျာဉ်တွင်းမှာ ထင်ရှားထူးခြားတဲ့ ရေပူစမ်းတစ်ခု ဖြစ်တာကြောင့် ဥယျာဉ်တွင်း သွားရောက် လည်ပတ်ကြသူတိုင်း ဒီနေရာကို မသွားမဖြစ် သွားကြတယ်လို့ ဆိုပါတယ်။ Morning Glory ရေပူစမ်းရယ်လို့ နာမည်ပေးခဲ့သူကတော့ Mrs E.N.Mcgowan ဖြစ်ပြီး သူမဟာ ၄င်း အမျိုးသားဥယျာဉ်ကို တာဝန်ကျတဲ့ တာဝန်ခံတစ်ဦးရဲ့ ဇနီးဖြစ်ပါတယ်။ သူမက ဒီရေပူစမ်းကို ၁၈၈၃ခုနှစ်မှာ Concolutus လို့ လက်တင်ဘာသာနဲ့ အမည်ပေးခဲ့တာဖြစ်ပြီး 
အင်္ဂလိပ်လိုတော့ Morning Glory လို့ အမည်ရပါတယ်။ တကယ်လဲ ရေပူစမ်းဟာ အဝကျယ်ကျယ် ပြန့်ကားနေပြီး အတွင်းဘက်မှာ ကျဉ်းမြောင်းသွားပုံက Morning Glory ပန်းတစ်ပွင့်နဲ့ ဆင်တူတာကြောင့် ဒီနာမည်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
Morning Glory ပန်း
Morning Glory Pool 1 Morning Glory Pool

Surreal Morning Glory Pool

Morning Glory ရေပူစမ်း


Surreal Morning Glory Pool

Morning Glory ပန်းနဲ့ တူမတူ ဆိုတာကိုတော့ ပုံကိုကြည့်ပြီး နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ရေပူစမ်းရဲ့ အပေါ်မျက်နှာပြင်ပေါ်မှာတော့ အပူငွေ့များ ဖြာထွက်နေတာကို တွေ့မြင်နိုင်ပါတယ်။ အချို့နေရာတွေမှာတော့ ရေကန်ရဲ့ အပူချိန်ဟာ ရေဆူမှတ်ထိအောင် ရှိနေတတ်ပါတယ်။ သို့သော်လည်း ပူလွန်းတဲ့ မြေအောက်ရေထဲမှာတော့ ဘေးပတ်ဝန်းကျင် ကျောက်ဆောင်များဆီက သတ္တုမျိုးစုံတို့ဟာ ပျော်ဝင်နေခဲ့ပါတယ်။ ထူးထူးဆန်းဆန်း စိမ်းပြာရောင် ရေညှိတွေ ဘက်တီးရီးယားတွေနဲ့ ရေထဲမှာပါဝင်တဲ့ သတ္တုဓာတ်တွေက ရေပူစမ်းရဲ့ အောက်ခြေအရောင်ကို  ကတ္တီပါ စိမ်းပြာရောင်အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ အချို့သော အယ်လ်ဂျေးတွေဟာ အလွန်မြင့်မားသော အပူချိန်အတွင်းမှာတောင် အသက်ရှင်သန် နေထိုင်နိုင်ကြပါတယ်။ စိမ်းပြာရောင်ရှိတဲ့ ရေညှိတစ်မျိုးဟာဆိုရင် ၁၆၅ ဒီဂရီစင်တီဂရိတ် အပူချိန်ထိ ခံနိုင်ရည်ရှိပါတယ်။

 Morning Glory Pool 9 Morning Glory Pool


Morning Glory Pool 4 Morning Glory Pool

Morning Glory Pool 5 Morning Glory Pool

Surreal Morning Glory Pool

ထူးထူးဆန်းဆန်း အဝါရောင်၊ အညိုရောင်၊ လိမ္မော်ရောင်ရှိတဲ့ ရေညှိတွေနဲ့ ရေထဲမှာပါဝင်တဲ့ သတ္တုဓာတ်တွေက ရေကန်ရဲ့ အောက်ခြေအရောင်ကို  စိမ်းပြာရောင်ကတ္တီပါ အဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ အချို့သော အယ်လ်ဂျေးတွေဟာ အလွန်မြင့်မားသော အပူချိန်အတွင်းမှာတောင် အသက်ရှင်သန် နေထိုင်နိုင်ကြပါတယ်။ စိမ်းပြာရောင်ရှိတဲ့ ရေညှိတစ်မျိုးဟာဆိုရင် ၁၆၅ ဒီဂရီစင်တီဂရိတ် အပူချိန်ထိ ခံနိုင်ရည်ရှိပါတယ်။

Morning Glory ရေပူစမ်းဟာ အချို့နေရာတွေမှာ ရေဆူမှတ်ထိအောင် ပူပြင်းသော်ပြီး အလွန်လှပတဲ့ စိမ်းပြာရောင်ရှိခဲ့သော်လည်း ဥယျာဉ်တွင်း အလည်လာရောက်ကြတဲ့ ဧည့်သည်များက ရေပူကန်အတွင်းသို့ အမှိုက်သရိုက်များ၊ အကြွေစေ့များ၊ တုတ်ချောင်းများ၊ ကျောက်ခဲများ ပစ်ချတဲ့အတွက် မြေပြင်အောက်မှ အပေါ်သို့ စီးထွက်လာသော ရေပူမှာလည်း နည်းပါးသွားခဲ့ပြီး ရေရဲ့အပူချိန်မှာ လျော့ကျခဲ့ရသလို၊ ရေပူစမ်းရဲ့အရောင်မှာလည်း ရွှေဝါရောင်သို့ ပြောင်းလဲသွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ရေပူစမ်းအနီးကို သွားတဲ့ လမ်းပေါင်းများစွာကို ပိတ်ပစ်လိုက်ပြီး သတ်မှတ်နေရာကနေသာ သွားနိုင်အောင် ဥယျာဉ်ရဲ့ တာဝန်ရှိသူများက ဆောင်ရွက်ထားကြပါတယ်။

ယခင်ကလည်း Yellowstone ဥယျာဉ်ကြီးအတွင်းက သစ်တောကြီးဟာ သုံးပုံတစ်ပုံခန့် မီးလောင်ကျွမ်းသွားခဲ့ရပါတယ်။ အဲဒီလို လောင်ကျွမ်းတဲ့မီးဟာလည်း ဥယျာဉ်တွင်း လာရောက် လည်ပတ်သူများရဲ့ ပေါ့ဆမှုကြောင့် လောင်ကျွမ်းရခြင်းဖြစ်ပါတယ်။ ဥယျာဉ်ကြီးအတွင်းမှာ တောင်တက်ခြင်း၊ စခန်းချခြင်း၊ ငါးမျှားခြင်း၊ လှေစီးခြင်း ၊ ရှုခင်းများ လှည့်လည်ကြည့်ရှုခြင်းတို့ ပြုလုပ်နိုင်ပြီး တစ်နှစ်နှစ်ကို လာရောက်လည်ပတ်သူပေါင်း များစွာ ရှိပါတယ်။

ထူးထူးခြားခြားမဟုတ်ပေမဲ့ သဘာဝအတိုင်း လှပနေတဲ့ Morning Glory ရေပူစမ်းကို သဘောကျတာကြောင့် ပြန်လည်ဝေမျှခြင်း ဖြစ်ပါတယ်ရှင်..

17 Responses to “Yellowstone ဥယျာဉ်နဲ့ Morning Glory ရေပူစမ်း”

Anonymous said...

ချော အရင်ရေးတဲ့ ထူးဆန်းတဲ့ရေပူစမ်းနဲ့ နှင်းခဲလုံးလေးများဖတ်ရတုန်းက ကိုယ်ကလည်း Yellowstone National Park ကို သတိရပြီး အဲဒီအကြောင်းရေးချင်နေတာ။ ခုချောရေးတော့ ဖတ်ရတာ ပျော်တယ်။ ပြန်ရောက်သွားသလိုဘဲ။ ကိုယ်အဲဒီ ရေပူစမ်းတွေ ကို အရောင်စုံတွေ့ ခဲ့ရတော့ အရမ်း အံ့သြပြီး ကိုယ့်ရဲ့ အင်တာပရက်တာ ကို တရစပ်မေးခွန်းတွေ မေးခဲ့မိတယ်။ တချို့ spring တွေကပန်းထွက်နေတာလည်း အရမ်းလှတယ်။ ထပ်သွားချင်သေးတယ်။ ကျေးဇူး..ကျေးဇူး ချောရေ။ ဖတ်လို့ သိပ်ကောင်းပါတယ်။
အိုင်အိုရာ

အရမ်းလှတာဘဲ.. ရောက်ဖူးချင်တယ်သိလား...
လောလောဆယ်တော့ ချောရှာထားပေးတဲ့ အကြောင်းတွေရယ်..ပုံတွေရယ်ဘဲ တစ်ဝကြီးကြည့်သွားတယ်..

Anonymous said...

So beautiful Chaw, thank you so much for sharing!
Mon Petit Avatar

mstint said...

ထူးဆန်းအံ့သြဖွယ်လေးတွေ ပြန်လည်ဖတ်ခွင့်ကြည့်ခွင့်ရလို့ ကျေးဇူးပါချောရေ။
သဘာဝ အမွေတွေကို စူးစမ်းလိုတဲ့ လူတစ်ချို့ရဲ့ ဘေးရန်က ကာကွယ်နိုင်အောင် စနစ်တကျ
ဆက်လက်ထိန်းသိမ်းတာ ကောင်းတဲ့လုပ်ရပ်လေးပါ။
အခွင့်အခါကြုံရင် အလည်တစ်ခေါက်ရောက်ချင်တယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုကြီးကျောက်ကိုတောင် သွားသတိရမိတယ်အစ်မရယ်..:(
တစ်ခါတစ်ခေါက်တော့အလည်ရောက်ဖူးချင်ရဲ့...သို့ပေမယ့်
ပိုက်ပိုက်တတ်နိုင်သေးဘူးဗျာ....:(

ခရစ္စတလ် said...

စိတ်ဝင်စားတယ် ချောရယ်၊ မသွားနိုင်သေးတော့လဲ ဗဟသုတပေါ့နော့ :)
မဆီမဆိုင် ကျိုင်းတုံက ရေပူစမ်းကို သတိရသွားတယ် အဟီးးးးး

ဘယ်သူများ morning glory ပန်း ထဲကို အလင်းတွေ လာထည့်ပေးခဲ့တာလဲကွယ်...။

ရှုခင်းတွေကလှလိုက်တာ အဲလိုနေရာမျိုးတွေအရမ်းရောက်ဖူးချင်တယ်။ တကယ့်သဘာဝအလှတွေပဲ။ ဝေမျှပေးတာ ကျေးဇူးပါညီမရေ..

SHWE ZIN U said...

ညီမ ရေ

အဲဒီသွားပျော်ပွဲစား ငါးမျှားလုပ်ချင်လိုက်တာ ပျော်စရာကြီး

ရွှေစင်ဦး

ဟုတ်ပါရဲ့ ချောရေ၊ တကယ့်ကို Morning Gloryပန်းလေးအတိုင်းပဲ။ သဘာဝတရားရဲ့ အလှတွေက ဆန်းကြယ်တယ်၊ လူတွေ တန်ဘိုးထား စောင့်ရှောက်တတ်ဖို့ပဲ လိုတာ....

cherry said...

ကျေးဇူးပဲ မမရေ

မမကြောင့်မမြင်ဖူးတာတွေ မြင်တွေ့ခွင့်ရလို့  ကျေးဇူးပါ ။

T T Sweet said...

ဟုတ်တယ်။ morning glory ပန်းနဲ့တူတယ်နော်။ ဂျပန်မှာတော့ ရေပူစမ်းတွေမှာ hotel တွေဖွင့်ပြီး ရေချိုးကြ အပန်းဖြေကြတာ TV ထဲမှာ ကြည့်ဖူးတယ်။
ရေပူစမ်း တစ်ခါလောက်တော့ သွားကြည့်ချင်သား။

Morning Glory ထဲ ခုန်ချလိုက်လို့  ကတော့ ပြုတ်ပြီးသား အသင့်စားပဲ။ ကြက်ဥလေး ဘဲဥလေး ပြုတ်စားလို့  ရအောင် စီစဉ်ပေးမထားဘူးလား အစ်မချော။ ဟီး

Wow!! အံ့ချီးထိုက်ပါပေစွတကား။ မောနင်းဂလော်ရီပန်းလေးက သိပ်လှတာပဲနော်။ ဒါနဲ့ စကားမစပ် မောနင်းဂလော်ရီပန်းက မောနင်းအချိန်ပဲ ပွင့်တာလား မသိ။ ကန်စွန်းပွင့်နဲ့ ခပ်ဆင်ဆင်ပဲ သိလား ချော။ တစ်ချို့ပိုစတာတွေမှာ တမင်ဖန်တီးထားတယ်လို့ ထင်ရလောက်အောင် ထူးဆန်းနေပေမယ့် တကယ်လည်း ရှိနေကြတယ်နော်။ ရောက်ဖူးချင်လိုက်ပါဘိ။ ကျန်းမာပျော်ရွှင်စေ ချော။

Yan said...

တော်တော်လေးကို ပြည့်ပြည့်စုံစုံနဲ့ စေတနာပါပါရေးထားတာပဲဗျာ. ချီးကျူးပါတယ်.
Morning Glory ရေပူစမ်းကို ကျွန်တော်ခုမှ သိတယ်.
Take Care, Sis!

Y.

Nyi Linn Thit said...

Yellowstone ဥယျာဉ်အကြောင်း ဟိုတစဒီတစ ကြားဖူးထားပေမယ့် အခုလို ပုံတွေအများကြီးနဲ့ မကြည့်ဖူး သေးဘူးဗျ၊ Morning Glory ကလည်း လှလိုက်တာ၊ ပုံတွေ အများကြီးနဲ့ ဝေဝေဆာဆာ ဖြစ်အောင် တင်ပြထားလို့ ကျေးဇူးပါပဲ မချောရေ...။

PhyoPhyo said...

လှလိုက်တာ။ သွားလည်ချင်လိုက်တာ။ Morning Glory ရေပူစမ်းကလည်း တကယ့်ပန်းပွင့်နဲ့တူတယ်။
ပုံတွေကြည့်ပြီးအလည်သွားလိုက်ပြီ။
ချစ်တဲ့
pp