အိမ်ဆိုတာဟာ မြေပေါ်မှာသာ လှလှပပ တင့်တင့်တယ်တယ် ဆောက်ကြရတယ် မဟုတ်လားရှင်။ ဒါပေမဲ့ အများနဲ့မတူဘဲ မြေကြီးအောက်ထဲမှာမှ ထူးထူးဆန်းဆန်း ဆောက်ထားတဲ့ အိမ်တစ်လုံးအကြောင်း ပြောပြပါဦးမယ်။ အမယ်.. မြေကြီးထဲမှာ ဆောက်ထားတဲ့အိမ်ဆိုလို့ မလှမပ ခပ်စုတ်စုတ် အိမ်တစ်လုံးလို့ မထင်ကြပါနဲ့နော်။ အင်မတန်ခမ်းနားလှပစွာ ဆောက်ထားတဲ့ အိမ်ဖြစ်ပါတယ်။ အိမ်တစ်လုံးမှာ ရှိသင့်တဲ့ ပရိဘောဂ စုံလင်စွာနဲ့ ဆောက်လုပ်ထားတာမို့ နေချင်စရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
အပေါ်က ပုံမှာ အလယ်ကောင်က အဝိုင်းလေးဟာ မြေကြီးထဲက အိမ်ကို ဝင်တဲ့ ဝင်ပေါက်ဖြစ်ပါတယ်။ အိမ်အဝင်ဝဟာ ယခုကဲ့သို့ အဝိုင်းပုံသဏ္ဍာန် ဖြစ်ပြီး ဘေးပတ်ဝန်းကျင် အိမ်တွေအားလုံးကတော့ ပုံမှန်အတိုင်း မြေပြင်ပေါ်ဆောက်ထားတဲ့ အိမ်များသာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြေကြီးထဲက အိမ်ကလေးကို အနီးကပ်ကြည့်ကြည့်ရအောင်လားနော်။
တကယ်တမ်းတော့ ဒီမြေအောက်က အိမ်ကလေးဟာ တောင်တန်းတစ်ခုရဲ့ တောင်စောင်းမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ဆီရောက်နိုင်ဖို့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ လျှောက်လမ်းတွေကနေ တက်ရောက်နိုင်ပါတယ်။ ပြီးတော့လည်း ခုလိုတောင်စောင်းမှာ ဆောက်ထားတာ ဖြစ်တဲ့အတွက် တောင်ပေါ်ကနေ ခဲလုံး၊ သို့မဟုတ် အရာဝတ္ထု တစ်ခုခုများ ပြုတ်ကျလာပြီး အိမ်ကလေးကို ထိခိုက်နိုင်မယ် ထင်ပါတယ်နော်။ ဒီလိုဆိုရင်ဖြင့် အဲဒီပြဿနာကို ဘယ်လိုများ ကာကွယ်ထားသလဲလို့ လေ့လာကြည့်ရအောင်နော်။
အိမ်ကိုမြင်ရတဲ့ ညမြင်ကွင်းပါ။
အမှန်တော့ အိမ်ဝင်ပေါက် အဝိုင်းကြီးရဲ့ ဘေးပတ်ပတ်လည်ကို မြင်ရတဲ့အတိုင်း သံဆန်ကာများ ကာရံထားတာ ဖြစ်ပါတယ်။ ဒီလိုကာရံထားတဲ့အတွက် အပေါ်က ကျလာမဲ့ ကျောက်ခဲ အမှိုက်သရိုက်တွေ အိမ်ထဲကို မဝင်နိုင်တော့ပါဘူး။ နံရံတွေကို ကျောက်တုံး၊ ကွန်ကရိများဖြင့် ကာရံထားပြီး ပြတင်းများ ၊ တံခါးများကိုတော့ မှန်သားများ တတ်ဆင်ထားကာ ဝက်သစ်ချသားကို အသုံးပြုထားပါတယ်။ ကြီးမားတဲ့ မှန်ချပ်ကြီးများ၊ ပြတင်းပေါက် များကတော့ အိမ်ထဲကို နေရောင်ခြည် များများရောက်နိုင်အောင် ဒီဇိုင်းထုတ်ပြီး ဆောက်လုပ်ထားတာပါ။
အိမ်အတွင်းထဲရှိ အိပ်ခန်းတစ်ခုနဲ့ အိမ်အဝင်ပေါက်ရဲ့ အနေအထားပါ။ အိမ်အပြင်ကနေ အိမ်တွင်းကို ရေသွယ်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားစရာရယ်နော်။
အိမ်ထဲကိုဝင်လိုက်တာနဲ့ ဒီအပြင်ဧည့်ခန်းကို ဖြတ်သန်းပြီးမှ အထဲကို ရောက်ပါတယ်။
အိမ်အတွင်းဧည့်ခန်း
အိမ်ရဲ့ မီးဖိုခန်း
အိပ်ခန်းတစ်ခု
ရေချိုးခန်း
နောက်ထပ် အိပ်ခန်းတစ်ခု
အောက်ထပ် မြေတိုက်ခန်း
သာယာတဲ့ ရှုခင်းပတ်ဝန်းကျင်နဲ့ မြေအောက်အိမ်
နှင်းဖုံးနေသော ဆောင်းရာသီချိန် မြင်ရပုံ
ဒီမြေအောက်အိမ်ရဲ့ တည်နေရာက ဆွစ်ဇာလန်နိုင်ငံရဲ့ Vals ကျေးရွာကလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။ SeARCH and Christian Müller Architects ကုမ္ပဏီရဲ့ ဒတ်ခ်ျလူမျိုး ဗိသုကာပညာရှင် Bjarne Mastenbroek ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီမြေကမ္ဘာအောက်က အိမ်ကိုကြည့်ခြင်းအားဖြင့် ကျွန်မရဲ့ အမြင်တော့ မြေကြီးအောက်မှာ အိမ်ဆောက်ထားတဲ့အတွက် မီးဘေးလည်း စိုးရိမ်ဖို့မလို၊ လေပြင်းမုန်တိုင်းကိုလည်း ကြောက်ဖို့မလို ၊ ပူအိုက်လွန်းတဲ့ နွေရာသီမျိုးမှာလည်း မြေအောက်အိမ်ဟာ အေးမြနေလိမ့်မယ် စသဖြင့် ကောင်းကျိုးတွေ ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ကရော ကောင်းကျိုး ဆိုးကျိုး ဘယ်လိုမျိုးများမြင်ပါသလဲရှင်။
30 Responses to “မြေအောက်ကမ္ဘာထဲကအိမ်”
ကျေးဇူးဘဲချောရေ။ လှလိုက်တာ။ တော်တော် creative ဖြစ်တယ်နော်။ ပိုင်ရှင်ကိုယ်တိုင် ဒီဇိုင်းဆွဲတာလား။ သူများကိုဆွဲခိုင်းပြီး ဆောက်ထားတာလားသိချင်လိုက်တာ။
စကားမစပ်..ချောရဲ့ ပို့ အသစ်လည်းလင့်တက်လာတာမတွေ့ ရဘူး။ ကိုယ့်ရဲ့ အသစ်လည်း မတက်လာဘူး ဘယ်မှာမှ။ ဘာဖြစ်ပြန်ပြီလည်းသိပါဘူး။
အိမ်လေးလှလိုက်တာ..နောင်ကျရင် အဲလိုအိမ်လေး တစ်လုံးလောက် ဆောက်ပြီး နေရမယ်... သူတို့ အိမ်လောက်တော့ သားနား ခမ်းနားမယ်တော့ မထင်ပါဘူး။။ ကိုယ်နိုင်သလောက်လေးပေါ့။။ဟေဟေ့။။
အဲကျမှ အလည်လာဖို့ ဖိတ်တော့မယ် မမချောရေ။။။
ဟာ ..အိမ်လေးက နေချင်စရာလေး။
ကောင်းကျိုးဆိုးကျိုးတော့ ပြောတတ်ဘူး၊ အပြင်ဧည့်ခန်းက သစ်သားစားပွဲကြီးကြိုက်တယ်။ ရေသွယ်ထားပုံလည်းသဘောကျစရာ။ မချော ကိုယ်တွေလည်းတွင်းအောင်းရအောင်လေ။
မြေ၀ယ်ထားနော်။ :D
ထူးထူးဆန်းဆန်း အိမ်ကလေးပါပဲ..၊ ရေပိုက်သွယ်ယူပုံ၊ မိလ္လာစနစ်၊ လျှပ်စစ်သွယ်တန်းပုံ စတာတွေကိုတော့ အာခီတက်က အတော်လေး တွက်ချက်ယူရမယ် ထင်တယ်နော်၊ ပြူတင်းပေါက်က လေတဖြူးဖြူးဝင်မှ ကြိုက်တဲ့သူတွေအဖို့တော့ ဒီအိမ်လေးက တမျိုးဖြစ်နေမှာ သေချာတယ်၊ လေဆင်နှာမောင်း မကြာခဏ တိုက်တတ်တဲ့ အရပ်မျိုးမှာ ဆိုရင်တော့ အိမ်ပိုင်ရှင်တွေ အတော်စိတ်အေးရမယ့် အိမ်မျိုးပါပဲ..။း)
မြေအောက်မှာဆိုတော့ အသက်ရှုရတော့ နဲနဲ ကြပ်များ နေမလားမသိဘူး။ ဒီက မြေအောက်ရထား ဘူတာရုံတွေမှာလဲ လေအမြဲတမ်းပေးထားပေမဲ့ လှိုဏ်နံ့ လူနံ့တွေနဲ့ အသက်ရှုမ၀သလိုကြီး။
လှတော့လှတော့ ဒါပေမဲ့ အမြဲတမ်းကြီးတော့ အဲဒီလိုအိမ်ထဲ မနေချင်ဘူး။ အလည်အပတ်ဘဲ သွားပြီး တစ်ညနှစ်ည အိပ်တာက ပိုစိတ်ဝင်စားစရာကောင်းမယ်ထင်တယ်။
မီးဘေးမစိုးရိမ်ရဘူးဆိုပေမဲ့ အဲဒီအိမ်ထဲက မီးဖိုခန်းက စပြီး မီးလောင်ရင်တော့ ပြေးပေါက်က တစ်ဘက်ဘဲ ရှိမယ်ထင်တယ်။ ပိုများ ပြေးထွက်ရခက်နေမလားဘဲ။း))
ခင်မင်လျှက်
ဟားး တို့အမချောကတော့ တင်လိုက်ရင်
အဆန်းချည်းပဲ
အမြဲလာရကျိုးသိပ်နပ်တာပဲတော့
သွားေ၇တွေကျလို့ နေချင်လိုက်တာ
(အဲမမရယ် ဒါပေမယ့် ငလျင်ဆိုရင်ရောဟင် ..)
ရောဂါတွေသိပ်ပေးတယ် စိတ်ကူးလေးတွေယဉ်လို့
ခင်တဲ့
မဒိုးကန်
မြေအောက်ခန်းက အဆောက်အဦးလေးတွေ တစ်အံ့တစ်သြပဲနော်။ ခေတ်ကြီးတိုးတက်လာတာနဲ့ အမျှ နည်းပညာပိုင်းတွေကလည်း အံ့ဖွယ်ပါပဲလား။ တည်ဆောက်တဲ့ပညာရှင်တွေ တော်လိုက်တား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
I like the style and design of the house but I do not want to live in because of the temperature.
The more your room is closer (to the Earth), the more you get colder in the West. That's why the resident ground floors are cheaper.
တောင်စောင်းမှာပဲဆိုတော့ အပေါ်ကနေ မြေပြိုပြီးကျလာမှာကို မကြောက်ရဘူးပေါ့.. ဒါပေမယ့် ရေတိုက်စားလို့ မြေကြီးတွေနဲ့ အိမ်ကြီးပါသွားရင်တော့... အင်း... :D..
ခင်မင်လျက်
နေ၀သန်
ဆောင်းနှင်းကတော့
ကြောက်တယ် .. နေရဲဘူးးးး ..း))
ခင်မင်လျှက်
ဆောင်းနှင်းရွက်
ချောရေ...
ချစ်စရာ၊ ဆွဲဆောင်စရာအပြည့်နဲ့ပေမယ့်
အစ်မတော့ နေရဲဘူးဟယ်။ အစ်မကလေ အဲ့ဒီလိုမြေအောက်ထဲတို့၊ အရမ်းမြင့်တာတို့ဆို အရမ်းကြောက်တတ်တယ်...။ ဖတ်ရင်းနဲ့တောင် အူယားနေတယ်။ ရှာရှာဖွေဖွေ တွေ့တတ်၊ ရေးတတ်ပါပေ့အေ...။
မိုက်တယ်နော်
မှောင်နေမယ်ထင်တာ ခုတော့ လင်းထိန်နေတာပဲ ..
သူများက သရဲတော့ နဲနဲကြောက်တတ်တယ် .. ဟီးး
လှတယ် နေရဲဘူး တချိန်ချိန်တော့ တွင်းအောင်းရင်အောင်း မအောင်းရင် ပြာဖြစ် မယ်မှန်း သိပေမဲ့ ရှင်နေတုန်းတော့ အောင်းရဲသေးဘူး
မမချောရေ.... ပြင်သစ်မှာရယ် သြစတြေးလျမှာရယ် မြေအောက်မြို့ဆိုတာတောင်ရှိတယ်တဲ့..မေလ်းတခု ဖတ်ဖူးတာ ပြင်သစ်မှာကတော့ အလှဆောက်တာဆိုပဲ... သြစတြေးလျ ကတော့ ရာသီဥတုပူလွန်းလို့ မြေအောက်ထဲ ဆင်းနေကြတာတဲ့... ရှော့ပင်းမောလ်တွေ ရုပ်ရှင်ရုံတွေ တောင် ရှိတယ်တဲ့... မမမြသွေးကို အဲဒီမှာ သွားထား ကြရအောင်.....ဟိဟိ ...
ထူးထူးဆန်းဆန်းဘဲနော်... ဆွစ်ဇာလန်သွားဖြစ်ရင် အဲဒီအိမ်လေးကိုသွားလည်ချင်တယ်....
တကယ်ကို စိတ်ကူးကောင်းပြီး သေချာဆောက်ထားတာပဲ။ လှပသပ်ရပ်လွန်းပါတယ်။ နေချင့်စဖွယ်ဖြစ်လွန်းတယ်။ အသံတွေဘာတွေလည်း သိပ်ကြားရမှာမဟုတ်လောက်ဘူး။ တိတ်ဆိတ်မယ့်ပုံလေးနော်။
ခင်တဲ့
မေသိမ့်
တို့ အစ်မကတော့ လုပ်လိုက်ပြန်ပြီဟေ့ အထူးအဆန်းလေးတွေ...
ဒါကြောင့် ဒီကို လာတိုင်း ဗဟုသုတ တစ်ခုမဟုတ် တစ်ခုရတယ်...
တကယ်ကို စိတ်ကူးကောင်းပြီး သေချာဆောက်ထားတာပဲ။ လှပသပ်ရပ်လွန်းပါတယ်။ နေချင့်စဖွယ်ဖြစ်လွန်းတယ်။အသံတွေဘာတွေလည်း သိပ်ကြားရမှာမဟုတ်လောက်ဘူး။ တိတ်ဆိတ်မယ့်ပုံလေးနော်။ (ဒါကကောင်းကျိုး၊ မေသိမ့်ပြောသလိုပဲ ပြောလိုက်သည်)
မီးဘေးလည်း ထွက်ပြေးရတာ သိပ်တော့ မခက်ဘူးထင်ပါ့။ ထွက်ပေါက်က အကျယ်ကြီးပဲဥစ္စာ။ နေ့ခင်းဆိုလည်း လင်းထိန်နေတာပဲလေ။
ငလျှင်လှုပ်ရင်တော့ တစ်ခါတည်း ပွဲသိမ်းပဲ ထင်တယ်။ (ဆိုးကျိုး)
ကျန်းမာပျော်ရွှင်ပါစေ ချော။
မချောရေ
တခါတရံ အေးဆေးငြိမ်သက်ဖွယ် ဒီလိုအိမ်လေးထဲမှာ သွားနေကြည့်ချင်တယ်။ သဘာဝဘေးအန္တရယ်တွေကို မစဉ်းစားပဲနဲ့ နေချင်တယ်။ ညဘက်အိမ်ကိုမြင်ရတဲ့ မြင်ကွင်းလေးကို သဘောအကျဆုံးပဲ..
ချစ်တဲ့
သဒ္ဓါ
အိမ်လေးက နေချင်စရာလေး။
ဒုတိယဓါတ်ပုံထဲကလို စာထိုင်ဖတ်ချင်တယ်...
မြေအောက်အိမ်ဆိုပေမယ့် တအိမ်လုံးမဟုတ်ဘဲ အိမ်တခြမ်းဘဲမြေအောက် တခြမ်းက open ဖြစ်နေတဲ့အတွက် လေ၀င်လေထွက်ရလို့ အဲဒီလောက် အသက်ရှူမကျပ်ဘူး ထင်တယ်နော်...
ဒုတိယပုံကို ကြိုက်တယ်၊ ခြံထဲမှာ အဲလို စာထိုင်ဖတ်ချင်တယ် ...
အိမ်တွေ ကောင်းလှချည်လား။ မချောကတော့ ရှာဖွေ တတ်သဗျ။
မကြီးချောရေ..
အိမ်လေးကတော့လှလည်းလှပါတယ်..
ချစ်စရာလေးပါ..
ဆောက်ထားတဲ့အနေအထားကလည်းသာမန်
အိမ်တွေဆောက်သလိုမျိုးမဟုတ်ဘဲ
တော်တော်လေး တွက်ချက်ပြီးဆောက်ရမဲ့
သဘောရှိပါတယ်..
ဒါပေမဲ့..ညီမစိတ်ထဲ အိမ်လေးပုံတွေကြည့်နေရင်းနဲ့
အသက်ရှုကျပ်လာသလားလို့လေ...
ငလျှင်လှုပ်တဲ့အခါဆိုရင်တော့...
ပြေးဖို့တော်တော်ခက်မလားလို့လေ..
ညီမကတော့အိမ်ဆိုရင်..ပြတင်းပေါက်လေးကနေ
တိုက်ခတ်လာမဲ့လတ်ဆတ်တဲ့ လေပြေလေးနဲ့
အဝေးကတောင်တန်းတွေကိုလှမ်းမြင်နေရတဲ့
အနေအထားလေးကိုပိုကြိုက်တယ်..
ညဆိုရင်လည်း..အိပ်ခန်းပြတင်းပေါက်က
ဝင်လာမဲ့လရောင်လေးကိုခံစားပြီးအိပ်ချင်တာလေ..
ချစ်တဲ့ညီမ blackroze
တော်တော်အချိန်ယူဆောက်ရမှာပဲနော်။
ိစိတ်ကူးကလည်းတော်တော်ကောင်းတယ်။
ခုမှမြင်ဖူးတာ။
ညီမအထင်ပြောရရင်တော့အစ်မရယ်..
အဟမ်း..အဟမ်းး))
ကောင်းပါတယ်လို့ :P
ဒါပေမယ့်ငလျင်တော့ကြောက်ရမယ်ထင်တယ်နော်။
ခင်မင်လျှက်
မိစံ
မိုးကြီးရင်တော့ ဘီလိုလုပ်မတုန်းအေ၊ ဒါထက် ပြူတင်းပေါက်က ထွက်ငေးချင်ရင်ရော....။ ဟိ...။ ဆန်းပေ လှပေမဲ့ ရွာကအိမ်လေးတွေပဲ စီဘောကျလယ်....:))
ထူးဆန်းပြီး ချစ်စရာကောင်းတယ် မချောရေ.. ဘယ်မှာများသွားရှာတွေ့တာလဲ.. သူတစ်ယောက်ထဲနေတာလား မိသားစုနဲ့နေတာလားမသိဘူးနော်.....
အိမ်မက် ..
အားရင် အလည်ခဏလာပါဦးနော် အစိမ်းရောင်ကြိုက်တဲ့မမအတွက် အစိမ်းရောင်ဆိုင်ကယ်လေး လက်ဆောင်ပေးချင်လို့ပါ..
အခုလို မိုးတွေ သည်းသည်းမည်းမည်းရွာတဲ့ ကာလမျိုးဆို၇င်တော့ ဘယ်လိုနေမယ်မသိဘူး ဒေါ်ချောရေ...အိမ်ကလေးကတော့ လှတော့အလှသားကပဲ...အလကားရရင်တော့ သုံးလေးလလောက် အစမ်းနေကြည့်ချင်သား...
ဒီဇိုင်းလေးက မိုက်တယ်..
စိတ်ဝင်စားတယ်ဗျာ။ နေချင်စရာလေး။ ရှာကြံတင်ပေးတာကျေးဇူးပါ။ စိတ်ကူးနဲ့ပုံဖော်ကြည့်ပါဦးမယ်။ နေရရင် ဘယ်လိုနေမလဲလို့။
ကောင်းလိုက်တဲ့ စိတ်ကူးလေး။ အဲဒီလို နေရာမျိုးမှာ တပါတ်လောက်ဖြစ်ဖြစ် သွားနေချင်လိုက်တာ။
Post a Comment