လီမွန်တိုဖူးနဲ့ အသုပ်များ..




ဒီတစ်ပတ် အစားအသောက်အတွက် ဖော်ပြချင်တာက သက်သပ်လွတ်ဟင်းများ ဖြစ်ပါတယ်။ သက်သပ်လွတ်စားကြသူတွေ လုပ်စားလို့ အဆင်ပြေနိုင်မဲ့ လွယ်လွယ်ကူကူနဲ့ စားလို့ကောင်းတဲ့ဟင်းတွေကို ဖော်ပြချင်ပါတယ်။

လီမွန်တိုဖူး


ပထမဦးဆုံးဖော်ပြချင်တဲ့ သက်သပ်လွတ်ဟင်းတစ်မျိုးက တိုဖူးလီမွန် ဖြစ်ပါတယ်။ တိုဖူးလီမွန်လုပ်နည်းကို ပြောပြရမယ်ဆိုရင်....




မိမိချက်လိုတဲ့ တိုဖူးကို အရွယ်တော်ခပ်ပါးပါးလှီးပါတယ်။

Image Hosted by PicturePush - Photo Sharing
ထို့နောက် ဆီပူပူဖြင့် တိုဖူးများကို ကြော်ကာ ဆီစစ်ပြီး ပန်းကန်ပြားတစ်ချပ်ထဲ ထည့်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီ၊ ငရုပ်ပွ စိမ်း၊ ငရုပ်သီး တို့ကို ဆီသတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
လီမွန်ရည်တစ်ခွက်ကို အဆင်သင့်ပြင်ထားပါတယ်။

Image Hosted by PicturePush - Photo Sharing
လီမွန်ရည်ကို ဆီသတ်ထားတဲ့ အိုးထဲထည့်လိုက်ပြီး ကော်မှုန့် အနည်းငယ် အရည်ဖျော်ထည့်ပါတယ်။ ဆား၊ အရသာမှုန့်တို့ ထည့်ပါတယ်။ ကော်ရည်ပျစ်ပြီဆိုရင် ရပါပြီ။

Image Hosted by PicturePush - Photo Sharing


ထို့နောက် လီမွန်ကော်ရည်ကို တိုဖူးပန်းကန်ပြားပေါ် လောင်းချလိုက်ပြီး ချက်ခြင်းစားသုံးနိုင်ပါပြီ။

Image Hosted by PicturePush - Photo Sharing

တိုဖူးကို လီမွန်ရည်ဆမ်းထားတဲ့ သက်သပ်လွတ်ဟင်းတစ်ခွက်ပါ။




~~~~~~~~~~~~@@@@@@@@~~~~~~~~~~~



ပန်းပွင့်သုပ်

နောက်ထပ် ဖော်ပြချင်တဲ့ သက်သပ်လွတ်ဟင်းတစ်မျိုးက ပန်းပွင့်သုပ်ဖြစ်ပါတယ်။  ကြာဇံဟင်းချက်ရင် ထည့်လေ့ရှိတဲ့ မှိုခြောက်၊ ပန်းခြောက်ထဲက ပန်းခြောက်ကို ပြုတ်ပြီး သုပ်ထားတာ ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing

ပန်းခြောက်

Image Hosted by PicturePush - Photo Sharing
ပန်းခြောက်ကို ရေစိမ်ထားပြီး ရေနွေးဖြင့် ပြုတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ပြုတ်ပြီး ပန်းခြောက်များကို ရေစင်အောင်ဆေး၊ ရေညှစ်ပြီး အရွယ်တော်လှီးဖြတ်ပါတယ်။ ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ဆီချက်၊ မြေပဲဆန်ထောင်း၊ ဆား၊ အရသာမှုန့် ၊ ပဲငံပြာရည်တို့ကိုထည့်ပြီး နယ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်နီကြော်၊ နှမ်းဖြူးလိုက်ပြီး ပန်းပွင့်သုပ်ကို သုံးဆောင်လို့ရပါပြီ။

~~~~~~~~~~~~@@@@@@@@~~~~~~~~~~~



ခရမ်းသီးသုပ်

နောက်ထပ် ဟင်းလျာတစ်မျိုးက ခရမ်းသီးသုပ်ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ပထမဦးဆုံး ခရမ်းသီးကို အပေါက်ကလေးများ ဖြစ်အောင် ဓားနဲ့ ထိုးဖောက်ပြီး ဆားရည်ထဲမှာ ၁၀မိနစ်ခန့်စိမ်ထားပါတယ်


Image Hosted by PicturePush - Photo Sharing

ထို့နောက်ခရမ်းသီးကို၁၀မိနစ်ခန့် ပေါင်းလိုက်ပါတယ်။ပေါင်းနေစဉ်မှာအဖုံးဖုံးပါတယ်။


Image Hosted by PicturePush - Photo Sharing
ကျက်သွားတဲ့ ခရမ်းသီးများကို ဓားနဲ့ ခပ်သေးသေးလှီးပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်ဖြူထောင်းပြီး ငရုပ်ပွ အစိမ်း၊ အနီတို့ကို သေးသေးလှီးပါတယ်။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်ဖြူ၊ ငရုပ်ပွတို့ကို ဆီနဲ့ ၂မိနစ်ခန့် ကြော်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ငရုပ်ပွ၊ နှမ်းလှော်၊ ကြက်သွန်မြိတ်၊ နံနံတို့ကို ထည့်ပါတယ်။ ပဲငံပြာရည်၊ နှမ်းဆီ၊ ဆားနဲ့ အရသာမှုန့်ကို သင့်တင့်သလို ထည့်ပြီး သမအောင်မွှေပါတယ်။
Image Hosted by PicturePush - Photo Sharing
နှမ်းဆီနံ့မွှေးတဲ့ ခရမ်းသီးသုပ်ပါ။

Image Hosted by PicturePush - Photo Sharing
ခရမ်းသီးသုပ်

အားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့ဖွယ် အားလပ်ရက်များဖြစ်ကြပါစေရှင်။



Image Hosted by PicturePush - Photo Sharing

25 Responses to “လီမွန်တိုဖူးနဲ့ အသုပ်များ..”

ဂလု ဂလု ... သွားရည်ကျတယ်ဗျိုးးး။ သတ်သတ်လွတ်ဟင်းတွေ အရမ်းစားချင်စရာ ကောင်းတယ်။ အရောင်စုံလေးနဲ့မို့ လှလည်းလှတယ်။ ပန်းပွင့်သုတ်အတွက်က ပန်းပွင့်ကို ပျော့အောင်ပြုတ်ရမယ်ထင်တယ်နော်မချော။ လုပ်စားကြည့်ဦးမယ်။

ခင်တဲ့
မေသိမ့်

Anonymous said...

တို့ဖူးသုပ် မီးမီးကြိုက်ကြိုက်..
ပဲပြားနဲ့ဆိုပိုတောင်ကြိုက်ကြိုက်..
ခရမ်းသီးသုပ်ရမ်းကြိုက်
မီးဖုတ်ပြီးသုတ်ရင်ပိုတောင်ကြိုက်သေး :P
အခုပဲထမင်းစားပြီးလို့ကွန်ပျုတာရှေ့
ထိုင်ခါရှိသေး..အစ်မကထပ်တင်လာတော့
မစားနိုင်တော့ဘူးရှင့်း)
ညကျ ဗိုက်ဆာမှပဲ ထ စားတော့မယ်။
ပျော်ရွှင်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ

Aunty Oo said...

လီမွန်တို.ဖူးနဲ.ပန်းပွင်.သုတ်ကိုကြိုက်တယ်။ခရမ်းသီး
တော့မစားရဲဘူး။လေထတတ်လို.ပါ။ဟင်းရောင်စုံလေးတွေ
ကအမြင်နဲ.တင် သွားရည်ယိုစရာကေင်းတယ်။

noblemoe said...

၃ ခုလုံးစားချင်စရာကြီး
လီမွန်ပဲပြားတော့တော်တော်ကြိုက်စ်
လွယ်တော့လုပ်စာကြည့်ဦးမှ
ကျေးဇူးမမ ပန်းပွင့်သုပ်ခုမှသိတာ...

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Shinlay said...

ခရမ်းသီးသုပ်အတွက်ကျေးဇူးတင်ပါတယ်။

ဆွေလေးမွန် said...

ဂလု ဂလု သရေ ကျတယ်။
ဘာအသုပ်ပဲ ဖြစ်ဖြစ် ကြိုက်သည်။

ခရမ်းသီးသုပ်ကို ပိုသရေကျတယ်။

blackroze said...

ဟင်းသုံးခွက်လုံးကစားချင်စရာကြီးရယ်

သူများက တပါတ်နှစ်ရက်သတ်သတ်လွတ်
စားနေကြ..နောက်ဆိုမကြီးချောရဲ့
ဟင်းနည်းအတိုင်းချက်မယ်..

ချစ်တဲ့ Blackroze

ညီရဲ said...

လုပ်ပြီ ဗိုက်ဆာတဲ့ အချိန်ဆိုရင်...
မချောအိမ်ကို အလည်ရောက်ဖူးချင်တယ်။ ဘယ်လို အစားအသောက်တွေနဲ့ ဧည့်ခံမလဲ သိချင်လို့ ...

ဟန်ကြည် said...

ဟိုက်ရှားဘားစ်...

ထူးထူးဆန်းဆန်းဟင်းပါလား...လီမွန်ကော်ရည်...
တော်ပြီဒေါ်ချောရေ...အိမ်နီးချင်းမဖြစ်ချင်တော့ဘူး...ပေါင် ၁၆၀ ကို ဘယ်လိုမှထိန်းထားနိုင်တော့မှာ မဟုတ်တာ သေချာနေလို့...

Nyi Linn Thit said...

ငရုတ်သီးတောင့် နီနီရဲရဲတွေနဲ့ လီမွန်တိုဖူးကိုတော့ ရေရေလည်လည် သွားရည်ကျတယ်ဗျို့...၊ တစ်ပွဲတည်း နဲ့ကို ထမင်းမြိန်မှာ သေချာတယ်....။း)

ပေါင်းနေစဉ်မှာ အဖုံးအုပ်ပါမယ် ဆိုလို့ သဘောကျပြီး ရယ်မိတယ်။
ကိုယ့်ကို ညွှန်းပြီး ပြောတာများလားလို့ပါ။
တလောက ကြက်ဥပေါင်းမေးတုန်းကလို ဖြစ်မှာစိုးလို့ ထည့်ရေးထားတာပဲနေမှာလို့ သဘောကျမိတာ။

ချောရဲ့ ဟင်းတွေကြည့်ပြီး နက်ဖြန် သက်သတ်လွတ်ဘုဉ်ပေးတဲ့ ဆရာတော်ကို ဆွမ်းကပ်ရမှာနဲ့ အတော်ပဲလို့ တွေးနေတာ ... ဒါပေမဲ့ အိမ်မှာ တို့ဟူးလဲ မရှိ၊ ပန်းခြောက်လဲမရှိဘူး :(

ကိုကိုမောင်(ပန်းရနံ့) said...

အသုပ်ကလေးတွေ စိတ်ဝင်စားတယ်။ စိတ်ဝင်စားဆို ကြည့်ရင်းနဲ့ တံတွေး မျိုချနေရတာကိုး။ အမချော စီစဉ်လိုက်ရင် ရှယ်တွေချည်းဘဲ။

ခင်မင်လျှက်

san htun said...

မချော..ဟင်းလေးတွေက အဆန်းလေးတွေ...စားချင်တယ်...

mstint said...

လီမွန်တို့ဖူး ထူးထူးဆန်းဆန်းလေး အားပေးသွားတယ်ချောရေ ဈေးသွားတဲ့နေ့ စမ်းချက်မယ်။
ဝါတွင်းကာလ သက်သတ်လွတ် အစားအစာတွေ အသုံးဝင်တယ် (အမျိုးသားကဝါတွင်းမှာ သက်သတ်လွတ် အမြဲလိုလိုစားတယ် တီတင့်ကတော့ သွေးပေါင်ကျတတ်လို့မစားဘူးး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟဟဟ ခုမှလာမိတာအတော်ပဲမမချောရေ ..
ပဲပြားအဆင်သင့်ရှိနေတယ် ..
လုပ်ကြည့်မယ်
ခရမ်းသီးလဲရှိနေတယ် ..လုပ်ကြည့်မယ်
း)
ကျေးဇူး ကျေးဇူး...

မဒိုးကန်

SHWE ZIN U said...

ခရမ်းသီး ပေါင်းသုပ် လေးကို စားသွားတယ်

နောက်ပြီး ကြာဇံ ထဲမှာ ထဲ့ တဲ့ မှိုခြောက်ပန်းခြောက် မှာ အမတို့ စီမှာ တော့ အဲလိုပန်းခြောက်မဟုတ်ဘူး အပြားကြီး အဖြူဝါ ရောင် ဘဲ

ညီမ ရေ အားလုံးစားချင်သွားတယ် ထမင်းကလည်း စားမကောင်း

ခင်မင်တဲ့
အမရွှေစင်

T T Sweet said...

အားလုံး စားချင်စဖွယ်တွေချည်းပဲ။ ပန်းခြောက်ကို အဲလို သုတ်စားလို့ရမှန်း ခုမှ သိတော့တယ်။ ရန်ကုန်မှာတုံးကတော့ မလွှပွင့်ခြောက်ကို ပြုတ်ပြီး သုတ်စားတာ ကောင်းမှကောင်းပဲ။

မြတ်မွန် said...

ပဲပြားအကြိုက်ဆုံးပဲ မရေ။

ခရမ်းသီး သုပ်ကြိုက်တယ်...ရှလွတ်

အားလုံးဂွတ်တယ် ချော။ ပဲပြားက အကြိုက်ဆုံးပဲ။ ပဲပြားကို ဘယ်လိုချက်ချက် ကြိုက်တယ်။

maylay said...

ရောာာာ ကိုယ်ရောက်တော့ မင်းဟင်းတွေက မရှိတော့ပါလားကွာ။ မဖြစ်ချေဘူး။ နောက်တမျိုး မရိုးအောင် ချက်ပါဦး။ ကိုယ်ကမင်းလက်ရာကို တန်းတန်းစွဲကွ။( ကြိုးနဲ့ မဟုတ်ပါ) ချောရေ။ ကိုယ်က ဟင်းချက်တာ သိပ်မတတ်တော့ အဆိမ့်အစပ်လေးများ ပါတဲ့ ချောရဲ့ ဟင်းတွေကို ကိုယ် ခဏခဏ လာငေးပြီး ပြန်ချက်ပါတယ်အဟုတ်။ ကဲ ကိုယ်သွားမယ် ခေါင်းကျန် အဲလေ.. ချစ်သော ချော ကျန်းမာပျော်ရွှင်ပါစေ

ချစ်တဲ့ မေလေး

ခရမ်းသီးပေါင်းသုတ် လုပ်စားကြည့်မယ်။
လီမွန်တို့ဖူးနဲ့ ပန်းခြောက်သုတ်လည်း စိတ်ဝင်စားတယ်။
လုပ်စားမှာပါ။

ဗိုက်ဆာတဲ့အချိန်မှာမို့ ပိုပြီးသွားရေကျတယ်။ အားလုံးစားချင်စရာချည်းပဲ.။
ချစ်တဲ့
သဒ္ဓါ

သြော်...
အစားအသောက်တွေနဲ့ အခုတလော တည့်လွန်းလို့ လက်နေပါတယ်ဆိုနေမှ တစ်ခုပြီးတစ်ခု မရိုးရအောင် နှိပ်စက်နေလိုက်တဲ့ ဂျီးတော်ချော...။
အဲ့လောက်ချက်စားနေတာ ပေါင်ချိန်တွေ တက်ပါစေတော်...။
( ဒါမှ အဖော်ရမှာ... :) )

Chit said...

မမချောရေ
မနေ့ကဘဲ တိုဖူးသုပ်ရော ပန်းပွင့်သုပ်ရော မမချောအတိုင်း သုပ်စားလိုက်တယ်...
တိုဖူးသုပ်အတွက် လီမွန်ရေ မရှိလို့ သံပုရာရည်နဲ့ ရှောက်ချိုသီးညှစ်ပြီး ထည့်လိုက်တယ် စားလို့ရလို့တော်တော့တယ်...