ခံတွင်းမြိန်ဖွယ် ကချင်ရိုးရာထမင်းနယ်

ဒီတစ်ပတ် အစားအသောက်ကဏ္ဍမှာ ကျွန်မတို့ ကချင်ပြည်နယ်မှာ ကချင်တိုင်းရင်းသားတို့ စားလေ့ရှိတဲ့ ကချင်ရိုးရာထမင်းနယ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်ရှင်။ ကချင်ထမင်းနယ်ကို ကချင်လို Shat Jam (ရှက်ဂျမ်) လို့ ခေါ်ပြီး အချို့ကတော့ ကချင်ဒန်ပေါက်ရယ်လို့ ခေါ်တတ်ကြပါတယ်။ သို့သော်လည်း ဒန်ပေါက်လို ချက်တာမျိုးမဟုတ်တဲ့အတွက် ထမင်းနယ် ဆိုတဲ့ နာမည်နဲ့သာ ပိုပြီးလိုက်ဖက်တယ်လို့ ယူဆမိပါတယ်။ လွယ်ကူသက်သာပြီး စားလို့ကောင်းတဲ့ တိုင်းရင်းသား အစားအစာတွေကို မိမိကိုယ်တိုင် လုပ်စားချင်သူများအတွက်တော့ ကချင်ရိုးရာ ထမင်းနယ် လုပ်နည်းလေးကို ဝေမျှပါရစေနော်။



Image Hosted by PicturePush - Photo Sharing 

ပထမဦးဆုံး ကချင်ထမင်းနယ် အတွက် လိုအပ်တာတွေကတော့ မှိုကပ် (သစ်တုံးဆွေးများတွင် ပေါက်သော အရွယ်သေးသေး မှိုတစ်မျိုး) ဖြစ်ပါတယ်။ ၄င်း မှိုအခြောက်ကို ရေစိမ်ထားပြီး ပွလာတဲ့အခါ မှိုမှာကပ်နေတဲ့ သစ်စများ၊ သဲများကို စင်ကြယ်အောင် ရေဖြင့် အခါခါ ဆေးကြောရပါတယ်။ ပြီးနောက် မှိုကို ဆား၊ အရသာမှုန့်ထည့်ပြီး ဆီအနည်းငယ်ဖြင့် ခြောက်အောင် ကြော်လိုက်ပါတယ်။



DSC01895 -  

ကြက်သားကို ကြက်သွန်ဖြူ ၊ ဂျင်း၊ ဆား အရသာမှုန့်တို့ဖြင့် ပြုတ်ပါတယ်။ ပြီးနောက် ၄င်းကြက်သားကို အနေတော်အရွယ် အမျှင်လေးများအဖြစ် မွထားလိုက်ပါတယ်။ အချို့ကတော့ ကြက်သားကြော်ကိုလည်း သုံးကြပါတယ်။

Image Hosted by PicturePush - Photo Sharing

ကချင်အစားအစာတွေမှာ အမြဲပါတတ်တဲ့ ပင်စိမ်းရွက်( Basil leaves) ၊ ရှမ်းနံနံ ( Saw Leaves)၊ဖက်ဖယ်ရွက် (Laksa leaves )  တို့ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing 

ဒါကတော့ ကချင်ထမင်းနယ်အတွက် လိုအပ်တဲ့အဆာပလာတွေ ဖြစ်ပါတယ်။ ခပ်သေးသေး မျှင်ထားတဲ့ မျှစ်ကို ခြောက်အောင်ကြော်ထားပါတယ်။ ကြက်သွန်ဖြူဆီချက်၊ ကြက်သွန်နီကြော်၊   မှိုကပ်ကြော်၊ ကြက်သားမွှ၊ ဖက်ဖယ်၊ ရှမ်းနံနံ၊ ပင်စိမ်းရွက်၊ ငရုပ်သီးများကို နှုတ်နှုတ်စင်းထားတာ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing 

ချက်ပြီးသားထမင်း (သို့) ပေါင်းထားတဲ့ထမင်းကို အိုး (သို့မဟုတ်) ဇလုံတစ်ခုထဲ ခူးထည့်လိုက်ပါတယ်။ မှိုကပ်၊ မျှစ်၊ ကြက်သား၊ ကြက်သွန်ဆီချက်၊ ဖက်ဖယ်၊ပင်စိမ်း၊ ရှမ်းနံနံ၊ ငရုပ်သီးစိမ်း၊ ဆား၊ အရသာမှုန့် ၊ ငရုပ်ကောင်းတို့ထည့်ပြီး နှံ့အောင် နယ်လိုက်ပါတယ်။  (ဥနီ၊ ပဲသီးများထည့်လိုက ထည့်နိုင်ပါတယ်) ။


Image Hosted by PicturePush - Photo Sharing


နယ်ပြီး ထမင်းများကို ပန်းကန်လုံးတစ်ခုထဲ သိပ်ထည့်လိုက်ပြီး ပန်းကန်ပြားတစ်ချပ်ပေါ် မှောက်ချလိုက်ပြီး အသီးအရွက်များဖြင့် အလှဆင်လိုက်ပါက စားချင်စဖွယ် ကချင်ရိုးရာထမင်းနယ်ကို ရပါပြီရှင်။




Image Hosted by PicturePush - Photo Sharing

ပင်စိမ်းရွက်၊ ဖက်ဖယ်ရွက်တို့ဟာ ပူရှိန်းရှိန်းအရသာရှိပြီး မွှေးလဲ အလွန်မွှေးပါတယ်။ ကချင်ထမင်းနယ်ဟာ ပူပူရှိန်းရှိန်း ငရုပ်သီးစပ်စပ်လေးနဲ့ အလွန်ခံတွင်းတွေ့မှာ သေချာပါတယ်။

Image Hosted by PicturePush - Photo Sharing 
ထမင်းနယ်နဲ့ တွဲဖက်စားဖို့ အော်ဆွန်းနဲ့ မှို ချဉ်စပ်သုပ်၊ ကြက်သားကို ပြုတ်ထားတဲ့ အရည်ကို ချက်ထားတဲ့ ဟင်းချိုရယ်ပါ။


မှိုကပ်၊ ဖက်ဖယ် စတဲ့အရွက်တွေ မရှိလည်း ရှိတာလေးနဲ့ အဆင်ပြေစွာ လုပ်စားနိုင်ပါတယ်ရှင်။ တိုင်းရင်းသားတို့ရဲ့  အစားအစာချက်ပြုတ်ပုံများဟာ ဆီနည်းပြီး ဆေးဘက်ဝင် ဟင်းခတ် အမွှေး အကြိုင်တွေ ပါဝင်တာကြောင့် ကျန်းမာရေးနဲ့လည်း ညီညွှတ်တာကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ကျွန်မတို့ ကချင်ပြည်နယ်ရဲ့ ထင်ရှားတဲ့ စားစရာ ကချင်ရိုးရာ ထမင်းနယ်ဟာ စားလို့ကောင်းပြီး အရသာလည်း ရှိတဲ့အတွက် တဖြေးဖြေးနဲ့ လူသိများလာတဲ့ အစားအသောက်တစ်မျိုး ဖြစ်လာပါတယ်။ ရန်ကုန်မှာ နေသူများအတွက်တော့ မိမိကိုယ်တိုင် မလုပ်စားဖြစ်ရင် မြေနီကုန်း ဈေးလမ်းက ကချင်ရိုးရာ အစားအစာ အစုံအလင်ရောင်းချတဲ့  “မလိခူး” ဗန်းမော်မျှစ်ချဉ် ခေါက်ဆွဲဆိုင်မှာ သွားရောက် စားသောက်နိုင်ပါကြောင်းရှင်။


ပျော်ရွှင်ချမ်းမြေ့ဖွယ် အားလပ်ရက်များဖြစ်ကြပါစေရှင်။




Image Hosted by PicturePush - Photo Sharing



ကချင်ပြည်နယ်သူဖြစ်တဲ့ မဂျာမုန်းကလည်း ကချင်ထမင်းနယ်အကြောင်း ရေးခဲ့ဖူးပါသေးတယ်ရှင်။  

24 Responses to “ခံတွင်းမြိန်ဖွယ် ကချင်ရိုးရာထမင်းနယ်”

မိုးယံ said...

အယ်...ဆိုင်တောင် ကြေငြာပေးသွားသေး ကောင်းပေါ့.

အဲဒီ ဖက်ဖက်ရွက်လေးရဲ့ အနံ့လေးကို သဘောကျတာ ဒီမှာတော့ မကြာမကြာသွားစားဖြစ်တယ်... ။ ကချင် ဟင်းတွေပေါ့... အဲဒီ ထမင်းနယ် ရမလား မေးကြည့်ဦးမယ်.. မချော ပြင်ဆင်ထားပုံကတော့ တစ်ကယ့် သွားရည် တမြန်းမြန်း ကျမယ့်ကိန်းဗျာ။

မချော
ကချင်ထမင်းနယ်လေးကို စားသွားပြီ။ ဒီမှာလည်း ဖယ်ဖယ်ရွက်ကို အရမ်းသုံးကြတယ်။
မှိုချဉ်စပ်သုပ်လေးလည်းကြိုက်တယ်။

ချစ်တဲ့
သဒ္ဓါ

စားချင်ထှာ ချောရေ...၊ အိမ်မှာ ထိုင်နေရင်းကို ဗိုက်က ခဏခဏဆာနေတော့တာ။ ရန်ကုန်ရောက်ရင် “မလိခူး”မှာ သွားစားကြည့်ပါမယ် ချောရေ ကျေးဇူးပါ:)

Anonymous said...

ပြင်ထားတာလေးက..စားဖို့တောင်နှမြောတယ်။
ဒါပေမယ့်..ဆွဲသွားတယ်“အ၀”း))
အပျိုကြီးဆိုပေမယ့်လည်း..
အဲလိုချက်မစားတတ်ဘူးအစ်မရဲ့
:D
ခင်မင်လျှက်
မိစံ

ကချင်ထမင်းနယ်လေးကို ၀င်စားသွားပါတယ်။ အမဘလော့ကို လာလည်တာ ကိုယ့်အိမ်လေးကိုပြန်ေ၇ာက်သွားသလိုပါပဲ ကချင်အစားအသောက်အကြောင်းတွေ၊ ဒေသအကြောင်းလေးတွေ ဖတ်၇တာ တော်တော်ကောင်းပါတယ်.။

Anonymous said...

အမရေ ညိမအမေ ကစစ်ကိုင်းတိုင်း အင်းတော်ကမိုအမရဲ ဟင်းတွေနဲ အကုံ ရင်းနီးတယ်။ စားခြင်လိုက်တာ။

ahphyulay said...

အမယ်..
မ ချောက၊ ဆိုင်ပါ ညွှန်ထားပါလား၊
ဒီထမင်းနယ်က ကိုယ့် ဖာကိုယ်တော့ 
တီထွင်ဖို့ မလွယ်ဘူးထင်တယ်။
ကူးထားလိုက်ပြီဗျာ...။

စားချင်စရာလေး အမရာ။။။ ပြင်ဆင်ထားတာလေးက။။ ကချင်ထမင်းနယ်လေး တစ်နေ့နေ့တော့ စားဖြစ်အောင် စားဦးမယ်။။။ ဒီမှာတော့ ဖယ့်ဖယ်ရွက် ဝယ်ပြီး ငါးခေါင်းနဲ့ ပုံစံမျိုးစုံ ချက်တတ်သလို ချက်စားကြတာပဲ အမရေ။။။

──────▄▌▐▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▀▌
───▄▄██▌█ ░░░░░░ ချော - ကချင်ထမင်းနယ်
▄▄▄▌▐██▌█ ░░░░░░
███████▌█▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▌
▀(@)▀▀▀▀▀▀▀(@)(@)▀▀▀▀▀▀▀▀▀▀▀▀(@)▀▘

စားချင်လွန်းလို့ ချောရဲ့ ကချင်ထမင်းနယ်ကို ကားနဲ့ သယ်သွားပီ ...

wheeeee .......................................................:P

subuueain said...

အမရေ သွားရည်တဗြန်းဗြန်း ကျသွားပါပြီ :)

စားကြည့်ချင်တယ်မမချောရယ်
ပြန်မှသွားစားမယ်
မမပြောတဲ့ဆိုင်မှာ ..

ချစ်တဲ့
မဒိုးကန်

ညီရဲ said...

ခုမှ ဆိုင်သိတော့တယ်။ ကျွန်တော်က ဂျာနယ်တစ်ခုထဲမှာ အဲဒီ ကချင် ထမင်းနယ် အကြောင်းဖတ်ပြီး စားချင်လို့ ပြီးခဲ့တဲ့တစ်ခေါက် မြန်မာပြည် ပြန်တုန်းက ဆိုင်မသိလို့ ရန်ကုန်မှာ လိုက်ရှာလိုက်ရတာ နောက်ဆုံး ကန်တော်ကြီးထဲ ရောက်မှ တွေ့ တယ်။ စားလို့ တော့ကောင်းတယ် အစ်မ။ ဒါပေမယ့် ဈေးကြီးတယ်။ နောက်တခေါက် ပြန်မှ အစ်မချော ညွှန်တဲ့ဆိုင်ကို သွားစားဦးမယ်။

ပုံလေးက ဖျက်ပီး စားရက်ချင်စရာတောင် မရှိး)

ဒီနေ့ British Council မှာ စာအုပ်သွားပို့ပြီး ညနေ အပြန်တွင် ဘူတာမှာ ထိုင်ခုံလေးတွေ လွတ်တာတွေ့တာနဲ့ လေကလည်း တ၀ူးဝူးတိုက်နေတာဆိုတော့ ထိုင်လိုက်ပါတယ်။ ထိုင်ပြီး မကြာမီမှာပဲ ဒီနေ့ ဆရာဟန်ကြည်တို့၊ ချောတို့၊ အံဋီတင့်တို့ပိုစ်အသစ်တင်တယ်ကွဆိုပြီး သတိရလာတော့ ချက်ချင်းထပြန်လာပါတယ်။

ချောရေ ဖက်ဖယ်ရွက်ဆိုတာ ကြားဖူးသလိုလိုတော့ ရှိတယ်။ ခုမှပဲ မြင်ဖူးတာ။ အရသာက ပူရှိန်းရှိန်းလေးပေါ့နော်။ ပင်စိမ်းပင်ကတော့ ဘုန်းဘုန်းတို့ဘက်မှာ ရွှေဖယုံသီးချက်တဲ့အခါ ထည့်သုံးပါတယ်။

သေ ချာ တာ ပေါ့ အရည်းတောင်းလက်ဘက်က တကယ်ကိုကောင်းဆိုသလို ကချင်ထမင်းနယ်လည်း တကယ်ခံတွင်းတွေ့တယ် ချောရေ့။

ကျန်းမာပျော်ရွှင်ပါစေ ချော။

ပြန်လာလို့ကတော့ အဲဒီ မြေနီကုန်းဈေးလမ်းကို ရောက်အောင်သွားဦးမှာ . . .

မချော ဘလောဂ်လေးကို လာလည်ရတာ အိမ်ကိုလွမ်းတဲ့ အလွမ်းတွေ ပြေသွားခဲ့တယ် မချောရေ ကျေးဇူးတင်တယ်လို့ ရင်ထဲက အလေးအနက်ပြောခဲ့ပါတယ် ထမင်းနယ်လဲ အဝ စားသွားပါပြီ :)

Iora said...

မစားဖူးဘူးချောရေ..စားရင်တော့ကြိုက်မှာသေချာတယ်။ ကိုယ်ကြိုက်တာတွေချည့်ပါလို့ ။

PhyoPhyo said...

မချော ရှိတာလေးနဲ့ အဲလိုသုပ်စားလည်းရမှာပဲနော်။
စားစရာနောက်တစ်မျိုးရပီ။ ငါးထမင်းနယ်တော့လုပ်စားဖြစ်တယ်။

ပြင်ထားတာအားကြီးလှ၊ အော်စွန်းမှိုချဉ်စပ်သုပ် ရေးရင်းနဲ့တောင်စားချင်လာပီcmok cmok

SHWE ZIN U said...

ချော ညီမ ရေ

နှိုတ်စက်ပါနော် ကချင်ပြည်လိုက်ပြီးစားရအောင် မင်္ဂလာ သာ မြန်မြန်ဆောင်ပါတော့ဗျို့

ဟန်ကြည် said...

မရွှေစင်ရဲ့ အဆိုကို အင်တိုက်အားတိုက် ထောက်ခံသွားပါကြောင်းဗျား...မြင်ရုံနဲ့တင် သွားရည်ကျအောင် တော်တော်လုပ်လွန်းလို့...

mstint said...

ကချင်ထမင်းနယ်ရိုးရာစာလေးက စားချင်စဖွယ်ပဲနော်။ အသုံးပြုရတဲ့ အဆာပလာတွေလည်း ရှာရတာ ခက်ခဲမှုမရှိတာမို့ စမ်းလုပ်ကြည့်မယ်စိတ်ကူးတယ် အခုလောလောဆယ်မှာ ချောရဲ့ကချင်ထမင်းနယ်လေးကိုအရင်အားပေးသွားတယ်နော်း
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

blackroze said...

တခါမှမစားဖူးဘူးမကြီးချော..
ရှမ်းအစားစာငါးထမင်းနယ်တော့စားဖူးတယ်..

Anonymous said...

လုပ် စားချင်ကြည့်ပါအုံးမည် ..း)

ခင်မင်လျှက်
ဆောင်းနှင်းရွက်

နယ်ပြီးသား ထမင်းကို အရွက်လေးတွေနဲ့ ပုံဖော်ထားတာ မြင်လိုက်တော့ သဘောကျပြီး ပြုံးမိတယ်။ တော်တော် စိတ်ရှည်တာပဲ။
တခြားနေရာတွေလည်း စိတ်ရှည်မယ်ထင်တယ်နော်။