ထမင်းလိပ်၊ ထမင်းကတော့ချွန်


ပြီးခဲ့တဲ့ အပတ်က ထမင်းလိပ်နဲ့ ထမင်းကတော့ချွန် လုပ်စားဖြစ်ပါတယ်။  ( Sushi roll ) ကို ထမင်းလိပ် ခေါ်တဲ့အတွက်  ( Sushi Hand Roll) ကိုတော့ ထမင်းကတော့ လို့ အမည်ပေးချင်ပါတယ်။ အဲဒီထမင်းလိပ်နဲ့ ထမင်းကတော့ လုပ်နည်းလေးကို ချစ်သောမိတ်ဆွေများကို ပြန်လည်မျှဝေလိုပါတယ်။ သိပ်လည်း ခက်ခက်ခဲခဲ မဟုတ်တာကြောင့် တော်တော်များများလည်း လုပ်တတ်ကြမယ်ထင်ပါတယ်။ ထမင်းလိပ်ပြုလုပ်ဖို့ ပါဝင်တဲ့ ပစ္စည်းများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

ထမင်းလိပ်
58b63 - Click for Next Image...

ချက်ပြီးသားထမင်းကို နှမ်းဆီ၊ ဆား၊ ဗနီကာအနည်းငယ်တို့ဖြင့်နယ်ထားပါတယ်။ ဥနီ၊ သခွားသီး၊ ကြက်သွန်မြိတ်၊ ဂဏန်းသားချောင်းကြော်၊ ကြက်အူချောင်းကြော်၊ ရေညှိချပ် (Nori sheet)  နဲ့ ဝါးယင်းလိပ် အသေးတို့ဖြစ်ပါတယ်။ ကြက်ဥကိုကျော်ပြီး အချောင်းကလေးများဖြစ်အောင် လှီးဖြတ်၍လည်း ထည့်နိုင်ပါတယ်။ ဝါးယင်းလိပ်ကလေးကတော့ ရေညှိထုပ်တွေမှာ တွဲလျက်ပါတတ်ပါတယ်။

e43a5 - Click for Next Image...

ရေညှိချပ်ကို ဝါးယင်းလိပ်လေးပေါ် ဖြန့်ခင်းလိုက်ပါတယ်။

8d423 - Click for Next Image...
ထို့နောက် ထမင်းများကို ရေညှိပေါ် ဖြန့်ခင်းလိုက်ပါတယ် စပြီးလိပ်မဲ့ တစ်ဖက်ခြမ်းကို ထမင်းမရောက်စေဘဲ ချိန်ခဲ့မှာ ဖြစ်ပါတယ်။
76292 - Click for Next Image...
ထမင်းပေါ် ကြက်အူချောင်း၊ ဂဏန်းသားချောင်း၊ သခွားသီး၊ ဥနီ တို့ကိုတင်လိုက်ပါတယ်။
6672a - Click for Next Image...
ထို့နောက် ထမင်းမရှိသော အလွတ်ဘက်မှ စပြီး လိပ်ပါတယ်။

e0cf0 - Click for Next Image...
ဝါးလိပ်နဲ့ လိပ်လိပ်ပြီး ဖိပေးပါတယ်။

39392 - Click for Next Image...
ဖြေးဖြေးချင်း ကျစ်လာအောင် လိပ်ယူပါတယ်။

575cc - Click for Next Image...
ထို့နောက်မှာတော့ ထမင်းလိပ်ရပါပြီ။ ထမင်းလိပ်ကို ဓါးထက်ထပ်ဖြင့် အနေတော်အရွယ် လှီးဖြတ်လိုက်ပါတယ်။

ထမင်းလိပ်ခေါ် Sushi Roll ရပါပြီ။

59b57 - Click for Next Image...
အပေါ်ကနေ နှမ်းအနက် ဖြူးထားတာပါ။
*********@@@@@*********
ထမင်းကတော့ချွန်

နောက်ထပ် ထမင်းလိပ်တစ်မျိုးက  ( Hand Roll Sushi ) လို့ခေါ်တဲ့ ထမင်းကို ကတော့ပုံဖြစ်အောင် လိပ်ထားတာပါ။ ကတော့ပုံထမင်းလိပ် လုပ်နည်းမှာ

ရေညှိအချပ်ကြီးကို နှစ်ပိုင်းပိုင်းလိုက်ပါတယ်။ နှမ်းဆီ၊ဆားတို့နဲ့ နယ်ပြီးသား ထမင်းကို ရေညှိပေါ် ပုံပါအတိုင်း ခင်းလိုက်ပါတယ်။ အစွန်းလေး ချန်ထားဖို့ လိုပါတယ်။
၎င်း ထမင်းပေါ်ကို သခွား၊ ဥနီ၊ ကြက်သွန်မြိတ်၊ အသားချောင်းကြော်များ ဖြန့်ခင်းလိုက်ပါတယ်။ ထောပတ်သီး၊ ငါးအသားလွှာများနဲ့လည်း ပြုလုပ်ကြပါတယ်။


Sushi hand rolls 5


Sushi hand rolls 6
ထိပ်ကနေစပြီး ကတော့ပုံလေးဖြစ်အောင် လိပ်လိုက်ပါတယ်။ ထမင်းကတော့လုပ်ရာမှာ အသေးစိတ်ဓာတ်ပုံ မရိုက်ထားလိုက်ရတဲ့အတွက် အပေါ်က ပုံ၂ပုံကိုတော့ ( ဒီနေရာက) ယူသုံးထားတာ ဖြစ်ပါတယ်။

b389c - Click for Next Image...
ထမင်းကတော့ ရပါပြီ။

f4fcb - Click for Next Image...

838bf - Click for Next Image...
ရိုးရိုးထမင်းလိပ် မဟုတ်ဘဲ တစ်မျိုးဆန်းပြီး ကတော့ ပုံလုပ်ထားတဲ့ ထမင်းလိပ်ဖြစ်ပါတယ်။

Hand roll sushi လုပ်နည်း သရုပ်ပြ ဗီဒီယိုကို ဒီနေရာမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေနော်...

Image Hosted by PicturePush - Photo Sharing

24 Responses to “ထမင်းလိပ်၊ ထမင်းကတော့ချွန်”

အဲဒါကြီးကို ကြိုက်ဘူးဗျ

ကျွန်တော့်ဇနီးပါရမီဖြည့်ဖက်လေးက ချစ်သူဘ၀တုန်းက တစ်ခါလုပ်ကျွေးဖူးတယ်။ ခုပုံတွေကြည့်ရတာလည်း စားလို့ကောင်းမယ်လို့ ယုံကြည်ပါတယ်။ စားချင်းစိတ်ဖြစ်မိပါတယ်။

mstint said...

ဆူရှီလာပြီး အားပေးသွားတယ် ချောရေ။
အစ်မလည်း ရေညှိထမင်းလုပ်ကြည့်အုံးမယ်။ ကန်တော့ချွန်မျိုး မလုပ်ဖူးသေးဘူး ညီမလေးအိမ်မှာတော့ လုပ်စားကြတယ်ပြောတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဆူရှီးကို အရမ်းကြိုက်တာ ... ရေညှိတွေ ကြုံတိုင်းဝယ်ဝယ်ထားပြီး အဆာပလာမစုံတောင် ဒီတိုင်းထမင်းနဲ့ လိပ်စားဖြစ်တယ်။ တလောက ဆူရှီးလိပ်တဲ့ ယင်းလိပ်ကလေး ၀ယ်ထားပြီး သေချာလုပ်စားအုံးမယ်ကြံနေတာ ခုထိကို မစားဖြစ်သေးဘူး။ ချောနည်းအတိုင်း လုပ်စားကြည့်အုံးမှပဲ (အချိန်ရရင်ပေါ့လေ)

ဒါနဲ့ ထမင်းလိပ်နေတဲ့ လက်ကိုကြည့်ရတာ စိတ်ရှည်ပြီး အနုပညာဆန်မယ့် လက်မျိုးပဲ အဟမ်းးး ချောလက်ထင်လို့ ရမ်းတုတ်လိုက်၏ ... :))

မြင်တာနဲ့တင်စားချင်စရာ..လက်တည့်စမ်းအုံးမှဘဲ။ တခါမှမလုပ်ဖူးဘူး။ ချောလုပ်ပြတော့လဲ လွယ်သား...

Anonymous said...

အစ်မချော..
အသားပါတာနည်းနေတယ်း))
တူနာငါးပါထည့်လိပ်ရမှာ :P
ကြိုက်တယ်အစ်မ
ခဏခဏစားဖြစ်တယ်(ဆိုင်မှား)
ချစ်ခင်စွာဖြင့်
မိစံ

သူများလုပ်ထားတာတော့ စားတတ်တယ်။ ကိုယ့်ဖာသာ လုပ်စားဖို့ တော့ အတော်လေး စဉ်းစားယူရမယ်။ :D

Anonymous said...

စားသွားပါပြီဗျာ ဆူရှီး ထမင်းလိပ်

ခင်တဲ့
အမရွှေစင်

Shinlay said...

လာစားသွားပါတယ်ချော

ဟန်ကြည် said...

လုပ်စားချင်ပေမယ့် လိပ်နေရမှာ လက်ဝင်လို့ ပျင်းလိုက်တာ...ခပ်လွယ်လွယ်ပဲ အဆာပလာတွေအကုန် ပါးစပ်ထဲထိုးထည့်ပြီး ပါးစပ်ထဲမှာ သူ့ဖာသာ လိပ်သွားအောင် ၀ါးစားပစ်ဖို့ပဲ အားသန်တယ်...အင်း လျှာလက်လေးသစ်နဲ့ ဗိုက်လက်တစ်ဝါးက တယ်လည်း ကရိကထများပါလား ဒေါ်ချောရေ...

MGTHANT said...

ဟုတ်တယ်.. အားတော့နာတယ်.. အမ
မကြိုက်ဘူး အဲဒါ :D တခြားဟာ ထပ်ကျွေးပါ ခင်ဗျ

လသာည said...

ဆူရှီကို တကယ်တအားကြိုက်တာ။ လုပ်နည်းသေချာတင်ပေးလို့ ချောယောင်းယောင်းကို ကျေးဇူးတင်ပါတယ်။

san htun said...

ဆူရှီ ကြိုက်တယ် မချောရေ..နည်းလေးက လွယ်သားပဲ...မျှဝေပေးတာ သိုင်းကျူးပါရှင်...

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည်လိုဘဲ သူကြီးလဲ လိပ်ရမှာ ပျင်းတယ်။ ဒါပေမဲ့ ရေညှိတော့ ကြိုက်တယ်။ ကြိုက်ဆို အတော်လေးကို ကြိုက်တာ။း))

ခင်မင်လျှက်

လုပ်စားလှချည်လား မချောရေ..း)).. တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲလား..

ခင်မင်လျက်
နေ၀သန်

ရပြီ ရပြီ မမချောရေ ကျေးဇူး
လုပ်ကြည့်ချင်တာ ဟိဟိ
ကလိဖို့တစ်ခုရသွားပြန်ပြီး)

Evy said...

ထမင်းလိပ်ရော၊ ကတော့ချွန်ပါ ၂ခုလုံး အားပေးသွားတယ် ချောရေ

ချောရေ...
အစ်မတော့ “ နင်လားဟဲ့ဆူရှီ၊ ငါလားဟဲ့ မြသွေးနီ ” ပြီးထဲက တစ်ခါမှ ထပ်မလုပ်စားဖြစ်တော့ဘူး..။ အခု ဒီမှာ ကိုရီးယားဆူရှီဆိုင်တွေ ဖွင့်လာတာတွေ့ရတယ်။ ဈေးကတော့ ကြီးလွန်းလို့ ဆူရှီကြိုက်တဲ့ အိမ်က သားပြည့်မတွေ့ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ မဟုတ်လို့ကတော့ .. သူတစ်ခါအ၀စားရင် ဘတ်ဂျက်အတော်ထိမယ့်ပုံရှိတယ်။

သေသေချာချာရေးပြပြီး
ပုံလေးတွေနဲ့ရှင်းနေတာမို့ကျေးဇူးတင်မိ
ပါတယ်.တစ်ခါမှလုပ်မစားဖြစ်ခဲ့ပါဘူး
ခုတော့ ကြိုးစားပြီးလုပ်ကြည့်ပါအုန်းမယ်
ကြိုက်လဲကြိုက်တယ်...
ခင်မင်တဲ့ jasmine

ညီရဲ said...

အား... ထမင်းကတော့ ချွန်လေးတွေက ချစ်စရာလေးတွေ...
အလှကြည့်ဖို့ ဘဲ ကောင်းတော့တယ်...

တခြားအရာနဲ့ လိပ်ထားရင်တော့ ကြိုက်တယ် ချောရေ။ ရေညှိကြီးတော့ သိပ်...အကြိုက်ကြီးတော့ ဟုတ်ဖူးရယ်။ (ခေတ်ပဲ မမှီတာလား မသိ။ ဟီး)

phyophyo said...

မချော က လိပ်ပါတယ်။
ညီမက စားပါတယ်။ :)
အဲလိုအပြင်မှာဆို တကယ်ကောင်းမယ်။
ခုတော့ နည်းလေးတွေမှတ်ပြီး ကိုယ့်ဘာသာပဲ လုပ်စားရတော့မယ်။
ချစ်တဲ့
PP

T T Sweet said...

ထမင်းလိပ် (ဆူရှီ)တော့ အရင်က လုပ်ဖူးတယ်။ ၀ါးဖျာလေးတောင်ဝယ်ထားတာ အိမ်ပြောင်းတော့ ပါမလာတော့ဘူး။ ခုအိမ်မှာ ပစ္စည်းအပြည့်အစုံရှိတယ်။ ၀ါးဖျာမရှိတာနဲ့ မလုပ်ရဘူး။ ချောလုပ်ထားတာတွေ့မှ လုပ်စားချင်လာတယ်။

Anonymous said...

မ‌ရောနိစ် မထည့်ဘူးလားဟင်...ကြက်​ဥ​ကြော်​ ‌လေးပါထည့်ရင်ပို‌ကောင်းမယ်ထင်တယ်...