လွန်ခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက်က မြီးရှည်အခြောက်တွေ လက်ဆောင်ယူလာပေးတာနဲ့ ဒီရက်ပိုင်း ထမင်းမစားဘဲ မြီးရှည်ဘဲ တစ်နေကုန်စားဖြစ်ပါတယ်။ ကျွန်မလုပ်စားဖြစ်တဲ့ ဝက်နံရိုး မြီးရှည် လုပ်နည်းလေး ပြန်လည် မျှဝေချင်ပါတယ်ရှင်။ အင်မတန်မှ လွယ်ကူပြီး အဆာပလာလည်း များများ မလိုဘဲ စားလို့ကောင်းတဲ့ မြီးရှည် ဖြစ်ပါတယ်။
တစ်ခုချင်းစီကို ရှင်းပြရရင်...... ဆီတိုဖူးကို ဆီသတ်ပြီး ရေကျဲကျဲနဲ့ ဖျော်ထားတာပါ။
ချောက်ကောပါးကောနှမ်းဆီမွှေး
ကြာညှို့လို့ခေါ်ပါတယ်။ အိမ်မှာ လွယ်လွယ်ကူကူမရှိရင် ထန်းညက်ကို အရည်ဖျော် ဆားထည့်ပြီး ပျစ်လာအောင် ချက်လိုက်ရင် ကြာညှို့ ရပါပြီ။
ဒါကတော့ ကြက်သွန်ဖြူ၊ နံနံတို့ကို နှုတ်နှုတ်စင်းပြီး ရေဖျော်ထားတာပါ။
ကြက်သွန်ဖြူ၊ ဂျင်းထည့်ပြီး ဝက်နံရိုးကို နူးနေအောင် ဟင်းရည်ချက်ထားတာပါ။
ပြုတ်ပြီး မြီးရှည်ထဲကို အပေါ်က အဆာပလာနဲ့ ဆား၊ အရသာမှုန့်တို့ကိုထည့်ပါတယ်။
ဝက်နံရိုးဟင်းရည်ကိုထည့်လိုက်ရင် မြီးရှည်တစ်ပွဲရပါပြီ။
မြီးရှည်နဲ့ တွဲစားဖို့ မုန်ညှင်းချဉ်
ဒီမြီးရှည်ဟာ အဆာပလာ မများပေမဲ့ ရိုးရိုးရှင်းရှင်းနဲ့ အတော်ကို စားကောင်းပါတယ်။ ဒီနည်းကိုတော့ ကျွန်မ ဗန်းမော်သွားတုန်းက ရလာတဲ့နည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗန်းမော်မြီးရှည်လို့လည်း ခေါ်နိုင်ပါတယ်ရှင်။
~~~~~~~@@@@@@@@@@~~~~~~~~~
နောက်တစ်ကြိမ် လုပ်စားဖြစ်တဲ့ မြီးရှည် ကတော့ ဝက်သားကို နူးအောင်ပြုတ်ပြီး ချက်ထားတဲ့ မြီးရှည်ပါ။ လိုအပ်တဲ့ အဆာပလာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အဆာပလာများ။ အဆာပလာတွေကတော့ အပေါ်က အဆာပလာများနဲ့ သိပ်မထူးပါဘူး။
ဝက်သားကို အဆီအသားအခေါက်များပါတဲ့ သုံးထပ်သားကို ညကတည်းက နူးနေအောင်ပြုတ်ထားပါတယ်။ (ညသန်းကောင် ရိုက်ထားတာမို့ မွဲတဲတဲဖြစ်နေပါတယ် :P )
မနက်ရောက်တော့ ပြုတ်ထားတဲ့ ဝက်သားတွေကို ဆယ်ပြီးတောက်တောက်စင်းလိုက်ပါတယ်။
မနက်ရောက်တော့ ပြုတ်ထားတဲ့ ဝက်သားတွေကို ဆယ်ပြီးတောက်တောက်စင်းလိုက်ပါတယ်။
ဝက်သားများကို ဟင်းရည်အနည်းငယ်နဲ့ ရောပါတယ်
အပေါ်က မြီးရှည်လုပ်နည်းအတိုင်းပါဘဲ။ ဆီတိုဖူးကို ဆီသတ်ပြီး အရည်ဖျော်ထားတာပါ။
ဘူးနဲ့လာတဲ့ ဆီတိုဖူးကိုသုံးထားတာပါ။
ကြက်သွန်ဖြူကိုထောင်းပြီး အရည်ဖျော်
ရှောက်ကော၊ ပါးကောနဲ့ နှမ်းရောထားတဲ့ ဆီမွှေး
ငရုပ်သီး ဆီကြော်
မြေပဲဆန်မညက်တညက်ထောင်း
ကြက်သွန်မြိတ်
ဝက်သားပြုတ်ထားတဲ့အရည်ကို ဟင်းရည်လုပ်ထားတာပါ။
အသုပ်ကြိုက်သူများအတွက်
ဒီမြီးရှည်ကတော့ ကျွန်မတို့ ကချင်ပြည်နယ် မြစ်ကြီးနား မိုးကောင်းတို့က ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ချက်နည်း တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါ ချက်နည်း ၂မျိုးစလုံး ကချင်ပြည်နယ် မြီးရှည် ချက်နည်းများဘဲ ဖြစ်ပါတယ်။ မြီးရှည်စားတဲ့ည လို့ နာမည်ပေး ရတာက နေ့ရောညပါ ထမင်း မစားဘဲ မြီးရှည် တစ်နေကုန် စားဖြစ်တာကြောင့် မြီးရှည်စားတဲ့ ညလို့ ပေးလိုက်တာပါ။
၁၃။ ချောက်ကော = Chinese Cardamon
၁၄။ ပါးကော = Star Anise
ဖြည့်စွက်ခြင်း။ ၊။ ချောက်ကောပါးကော မသိသူများအတွက် ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။
၁၃။ ချောက်ကော = Chinese Cardamon
ရှောက်ကောကို မြန်မာလို ဖာလာစေ့လို့ခေါ်လို့ရမယ် ထင်ပါတယ်.. သူက ဖာလာစေ့ အကြီးတစ်မျိုး ဖြစ်ပါတယ်.. ကျွန်မတို့ မြန်မာလူမျိုးတွေသုံးတဲ့ ဖာလာစေ့က သေးပါတယ်.. ဒီဖာလာစေ့ကတော့ အတော်ကြီးပြီး အရွယ်က တစ်လက်မ နီးပါး ရှိတတ်ပါတယ်။ တရုတ်ဖာလာစေ့လို့ ခေါ်ရမယ်ထင်ပါတယ်။
၁၄။ ပါးကော = Star Anise
တရုတ်လို ပါးကောခေါ်ပေမဲ့ မြန်မာလို နာနတ်ပွင့်လို့ ခေါ်ပါတယ်.. ဟင်းထဲ ထည့်တဲ့အခါ ဆွတ်ပြုတ် တို့၊ ဟော့ပေါ့တို့မှာ ဒီ၂မျိုးလုံးကို အလုံးလိုက်ထည့်ကြပေမဲ့ မာလာဟင်းတို့လို ဟင်းတွေမှာတော့ အမှုန့်ကို ထည့်ပါတယ်..
ရှောက်ကောပါးကော နှစ်မျိုးပေါင်း
ချောက်ကောပါးကော ဆီချက်ချက်ဖို့ကတော့ အပေါ်က အမှုန့်နှစ်မျိုးကို ဆီပူပူမှာ ခဏလောက် ချက်လိုက်ရင် အနံ့လေး မွှေးနေတဲ့ ချောက်ကောပါးကော ဆီချက် ရပါပြီ။ အမှုန့်မရှိပါက အလုံးလိုက် ကိုလည်း ဆီပူပူမှာ ခေတ္တကြော်လိုက်ရင် ရပါတယ်။ ဒါဆိုရင် ချောက်ကော ပါးကောဆီချက် သီးသန့် ရပါပြီ။ ဆီကျက်ချိန်မှာ နှမ်းလေးတွေ ထည့်ပြီးချလိုက်ပါကလည်း ချောက်ကောပါးကောနဲ့ နှမ်းဆီမွှေးအနံ့မွှေးနေတဲ့ ဆီချက်ကို ရမှာဖြစ်ပါတယ်။
ရှောက်ကောပါးကော နှစ်မျိုးပေါင်း
အသားပြုတ်တဲ့အခါမှာ အထက်က ၂မျိုးကို အလုံးလိုက် ၂လုံး ၃လုံးစီခန့် ထည့်ပြီးတော့ ဆီချက်ချက်တဲ့အခါမှာတော့ အဲဒီနှစ်မျိုးရဲ့ အမှုန့်ကို အသုံးပြုတာ ဖြစ်ပါတယ်ရှင်.. အလုံးလိုက် ဝယ်လာပြီးလည်း မိမိကိုယ်တိုင် အမှုန့်ကြိတ်လို့ ရသလို၊ အမှုန့်လုပ်ပြီးသားကိုလည်း အာရှ ဆိုင်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။
ပါးကောမှုန့်
ချောက်ကောမှုန့်
ချောက်ကောပါးကော ဆီချက်ချက်ဖို့ကတော့ အပေါ်က အမှုန့်နှစ်မျိုးကို ဆီပူပူမှာ ခဏလောက် ချက်လိုက်ရင် အနံ့လေး မွှေးနေတဲ့ ချောက်ကောပါးကော ဆီချက် ရပါပြီ။ အမှုန့်မရှိပါက အလုံးလိုက် ကိုလည်း ဆီပူပူမှာ ခေတ္တကြော်လိုက်ရင် ရပါတယ်။ ဒါဆိုရင် ချောက်ကော ပါးကောဆီချက် သီးသန့် ရပါပြီ။ ဆီကျက်ချိန်မှာ နှမ်းလေးတွေ ထည့်ပြီးချလိုက်ပါကလည်း ချောက်ကောပါးကောနဲ့ နှမ်းဆီမွှေးအနံ့မွှေးနေတဲ့ ဆီချက်ကို ရမှာဖြစ်ပါတယ်။
အားလုံးအတွက် ပျော်စရာ တနင်္ဂနွေနေ့လေး ဖြစ်ပါစေရှင်...
37 Responses to “မြီးရှည်စားတဲ့ည..”
မြီးရှည်လေးစားချင်မိပါသည်..။
ခုနကပဲ မနိုင်းနိုင်းစနေဘလော့မှာ
မုန့်တီချက်တဲ့ ဖတ်ခဲ့တာ
အခု မြီးရှည်တဲ့ ဗိုက်ကတော့ ဆာပြီးရင်းဆာပဲ ..။
မြီးရှည် သိပ်မစား ဖြစ်ဘူးအစ်မချော။ မြန်မာပြည်မှာ ကထည်းကပဲ။ ခုဆို ပိုဆိုးပြီပေါ့ အစာပလာ များများနဲ့  လူအင်အား များများ လိုပြီဆိုတော့ကာ.... ဟူး မလွယ်ပါ။
တနင်္ဂနွေကို မွေးနေ့ ပွဲ တစ်ခု သွားရင်းကပဲ အဲ့သည်မှာ ၀ါးတီး ဖွင့်တော့မယ်။
အော်....... နှိပ်စက်ကြပါပေ့ကွယ်။
ဂလု၊ ဂလု ၊ ဂလု လို့ သာ ၃ကြိမ် ရွတ်ဆိုပြီး ပြန်သွားပါတယ်။
ရှယ်ပဲ ရှယ်ပဲ။ စိတ်ကြီးပြီး ခုထ ချက်လိုက်ရ။
မချောရေ
ကျေးဇူးနော်
လုပ်စားချင်နေတာ
:)))
အိပ်ခါနီး လူကို ဗိုက်ဆာအောင် ညှဉ်းဆဲရက်လေတယ်။ :(
မြှီးရှည်တော့.ကြိုက်ဘူးအစ်မရယ်း)
ဒါပေမယ့်..အစ်မလုပ်ထားတာလေးက
စားချင်စရာကြီးနော်..
မချောကိုယ်တိုင်.စီမံထားတာဆိုတော့
စားသွားပါပြီရှင် (နှစ်ပွဲ)း)
ပျော်ရွှင်ချမ်းမြေ့ဖွယ်
အားလပ်ရက်လေးဖြစ်ပါစေရှင်
ချစ်ခင်စွာဖြင့်
မိစံ
ရှောက်ကော၊ ပါးကော ma thi ba
တကယ်မစားရတော့လဲ ပုံလေးတွေကြည့်ပြီး သွားရည်ကျသွားပါတယ်။
မိုးမြင့်တိမ်
အရမ်းကြိုက်တယ်... လုပ်စားကြည့်ချင်တယ်...ဒါပေမဲ့ ရှောက်ကောပါးကောဆိုတာဘာလဲဟင်... မသိဘူး... ဆိုင်တွေမှာဘယ်လိုမေးဝယ်ရမလဲ
ရှမ်းခေါက်ဆွဲတို့မြီးရှည်တို့ကို
သိပ်မစားဖြစ်ဘူးရယ်..
သိပ်မကြိုက်တာလဲပါတာပေါ့
ဒါပေမဲ့ မကြီးချောရဲ့ချက်နည်းလေးတွေတော့
သေချာမှတ်ထားတယ်..
ရှမ်းခေါက်ဆွဲတို့မြီးရှည်တို့
ကြိုက်တဲ့သူတယောက်ကိုချက်ကျွေးချင်လို့ပါ
ချက်ကျွေးခွင့်လဲရခဲ့မယ်ဆိုရင်
မကြီးနည်းအတိုင်းလက်စွမ်းပြ
ချက်ပလိုက်မယ်နော်..
ချစ်တဲ့ ပစ်ပစ်
OPPS! !
အိမ်ပြန်ချင်သွားပြီ..။
it is one of my favorite! :)
စားချင်လိုက်တာ ချောရယ်... :-(
ချွေးမလေးရေ မြီးရှည်ဆိုကြိုက်မှကြိုက် မြီးရှည်လုပ်နည်း အဆင့်ဆင့်လေးသေချာဖတ်သွားတယ်။ စားလို့ကောင်းမဲ့ ပုံလေးတွေကြည့်ရင်း ဗိုက်ဆာလို့ ဒီကနေ့ချက်ထားတဲ့ မုန့်ဟင်းခါး နောက်တစ်ကြိမ် ထပ်စားလိုက်ရတယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မချော.. မနေ့ က ဝက်သားတုတ်ထိုးတွေ အကုန်စားသွားတာ အဲဒါ ခုမြီးရှည် ပြန်လျော်ပေး ဗိုက်ဆာနေပြီ...... ပြီးရင် မြီးရှည်ကို ဖဘကို ပို့ ပေးနော်...
ဟွန့်...မြင်သာမြင်ရ မကြင်ရပါလား..မြီးရှည်ရယ်း(..။
မချောကို အစ်မတော်ပြီး အိမ်ပေါ်သာခေါ်တင်ထားချင်တော့တယ်...း))))))
ချစ်တဲ့
ကြည့်ရင်းနဲ့ဗိုက်ဆာလာလိုက်တာဗျာ။ ညနေဘက်ဝင်ကြည့်မိတော့ သွားရည်စာတစ်ခုခုစားချင်စိတ်ပေါက်သွားတယ်။ ကောင်းရော။
ခုနကမုန့်တီမလုပ်တတ်လို့သွားဖတ်နေတာ
သူငယ်ချင်းကမြီးရှည်လာပြီသွားဖတ်ဆို
တာနဲ့အပြေးလာခဲ့တာအိမ်ကပို့ထားတဲ့
မြီးရှည်အခြောက်တွေရှိနေတာနဲ့အတော်ပဲ
အောက်ကချက်နည်းကိုပိုပြီးစိတ်ဝင်စားတယ်
ပဲငပိမထဲ့ရဘူးလား....
ကျေးကျေးပါရှင်
တ၀ကြီးစားသွားပါတယ်။
ကိုအောင်မင်းဦး >> မြီးရှည်ဝအောင်စားသွားပါရှင်..
.. အလင်းစက်ရေ >> ချက်ဖို့ ပြုတ်ဖို့ ဝါသနာပါရင် လူများများ မလိုပေါင်ကွယ်.. တစ်ယောက်တည်းချက်လည်း ဖြစ်သားနဲ့ (ပျင်းရင်ပျင်းတယ်ပြောဘာာာာား) )
အစ်မ T T Sweet >> ဂလုဂလုရွတ်ပြီး ပြန်သွားရတာ အားနာလိုက်တား)
Kyae Hnin Se Lwin >> လုပ်စားဖြစ်မယ်ဆိုရင် ဝမ်းသာပါတယ်။
မမေ >> အိပ်ခါနီးလည်း မြီးရှည်ပုံလေး မြင်ယောင်ပြီး အိပ်သွားရင် အိပ်မက်ထဲမှာ စားရင်စားရမှား)
ညီမ မိစံ >> မြီးရှည်မကြိုက်တာ ထူးဆန်းတယ် သူများတွေများ ကြိုက်လိုက်ကြတာ.. ကိုယ်တိုင်လုပ်စားရင် ပိုစားကောင်းပါတယ် မယုံရင် လုပ်စားကြည့်ပါလားနော်
Anonymous နဲ့ မရိုစ့် ရှောက်ကောပါးကော ကို တင်ထားပေးတယ်နော် .. လုပ်စားကြည့်ပါလို့..
မိုးမြင့်တိမ်ရေ >> တကယ်မစားရလည်း ပုံတွေကြည့်ပြီး ဗိုက်ဝတတ်ပါတယ်း)
ညီမ ပစ်ပစ် >> ရည်ရွယ်ချက်ကြီးကြီးနဲ့ ချက်နည်းကို မှတ်ထားတယ်ပေါ့ . တစ်နေ့နေ့မှာ လက်တွေ့ အသုံးချခွင့်ရလာပါစေလို့ ဆုတောင်းပါတယ်နော်..
မိုးအိမ် >> ဟုတ်ပ ဗန်းမော်ကို လွမ်းသွားပြီပေါ့... ဗန်းမော်မှာ တို့စားခဲ့တဲ့ ဆိုင်က ချက်နည်းကို သေချာမှတ်ခဲ့တာ... အဲဒီဆိုင်လေးက ခပ်သေးသေးပေမဲ့ မြီးရှည်သိပ်ကောင်းတာဘဲ။
ယောက္ခမကြီးရေ >> နောက်တော့မှ ကိုယ်တိုင်ချက်ကျွေးမယ်နော် ဟိဟိ အဲဒီတော့မှ အပြတ်တီးပါလို့။
ညီရဲ>> ဟုတ်တယ် မနေ့က ဝက်သားတုတ်ထိုး ကုန်အောင်စားလိုက်မိလို့ မြီးရှည်ပြန်လျှော်ပေးတာလေ.. အိုကေ ဖေ့ဘွတ်ကို ပို့လိုက်မယ်
ပန်းချီရေ>> အိမ်ခေါ်ထားရင် ထမင်းကျွေးနိုင်လို့လား တို့က တစ်ရက်ကိုဆန်တစ်ပြည်ချက် ကုန်အောင်စားတာ
တော်ကြာမှ ခေါ်မိတာ မှားလေခြင်းလို့ နောင်တရနေမယ်နော်း)
ကိုဆူးသစ် >> အချက်ကောင်းတဲ့ ဇနီးချောလေး ရထားတာများ။ .ပါရမီဖြည့်ဖက်လေးရဲ့လက်ရာက ပိုပြီးကောင်းမယ်ဆိုတာ သေချာပါတယ်.နော်.
jasmine(တောင်ကြီး) ရေ >> ပဲငပိထည့်ရင်လည်း ရပါတယ်။ အစ်မက ဆီတိုဖူးအရည်ထည့်ထားလို့ ပဲငပိမထည့်တာပါ။ ဆီတိုဖူးအစား ပဲငပိကိုသုံးလို့ရပါတယ်နော် ...
မရှင်လေး.>> ဝအောင်သာစားသွားပါ။ လာလည်တဲ့အတွက် ကျေးဇူးပါရှင်..
အားလုံး ပျော်ရွှင်ကျန်းမာပါစေနော် အားပေးတဲ့အတွက် ကျေးဇူးအထူးပါရှင်။
မြီးရှည် လာစားတယ် မချောရေ
ထမင်းမစားခင် ဘလော့ထဲ အပြေး လည်မိတာ မှားပြီမမရေ..ဗိုက်ဆာလို့ မြန်မြန်ပြန်မှ...:)
မနေ့က ည အိပ်ခါနီးမှ ဘလောဂ့်ဝင်ကြည့်တော့ ပိုစ့်အသစ်တွေတက်လာတာ အစားအသောက်တွေပုံလေးတွေနဲ့။ မချောရယ် နောက်ပြီး
http://www.99sanay.com/ ရယ်၊ http://www.khinoomay77.blogspot.com/ တို့ရယ်။ ဗိုက်ဆာဆာနဲ့အိပ်လိုက်ရတယ်။
မချောလို မြီးရှည်ချက်ကြည့်ဦးမယ်။ ၀က်သားအစား ကြက်သားနဲ့လည်း ကောင်းမှာပါနော်။
ကြိုက်တယ်မချောရေ ...
ချစ်တဲ့
pp
မြီး ရှည်ရယ် တောက် တောက် တောက် ( သရေကျသံများပါ..)
ကျေးဇူးရှင်ကြီးကို အရမ်းကျေးဇူးတင်သွားပါတယ်
အခေါ်အဝေါ်တွေ မသိတာကို ရှင်းပြလို့ ကျေးဇူးတင်ပါတယ် မချောရေ
အရင်က ဘာထည့်ထားမှန်းကို မသိတာလေ
Print တောင် ထုတ်လိုက်ဦးမယ်..
ချစ်မကြီးရယ် သွားရေတွေကိုကျလို့ စားချင်လိုက်တာနော်း)
မြီးရှည်ကို တော်တော်ကြိုက်တယ်.. မြီးရှည်အရာမှာ မန္တလေးမြီးရှည်ကို အကြိုက်ဆုံး... မချောရဲ့မြီးရှည်ကိုလည်း မြည်းကြည့်ချင်ပါရဲ့..
ခင်မင်လျက်
နေ၀သန်
မြေအိုးမြီးရှည်အသေကြိုက် မချော ဗိုက်ဆာတယ်
စားချင်လိုက်တာ
ကိုယ်ရောစိတ်ပါအေးချမ်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး
မချောရေ.
မြီးရှည်တွေ့တာနဲ့ အပြေးပဲလာတာ. နှစ်မျိုးလုံး စားပြီးမှ ပြန်တော့မယ်။ မချောလက်ရာက ကောင်းပြီးသား ..
ချစ်တဲ့
သဒ္ဓါ
စားချင်လိုက်တာချောရယ်...ခုရန်ကုန်ကတရုတ်တန်းမှာလဲ အဲလိုမြီးရှည်ဖတ်မျိုးရောင်းတယ် လုပ်စားကြည့်ဦးမယ်..။
မြီးရှည်က တရုတ် မီးရှန်က ဆင်းသက်လာ မြန်မာမှုပြုထား သလားလို့၊
မြီးရှည်က စားကောင်းမယ့်ပုံစံလေး...
ကြည့်ရင်းနဲ့တင် သရေကျတယ်..
ချက်နည်းတင်ပေးတဲ့အတွက် ကျေးဇူးနော် :D
နေ့ရောညရော မြီးရှည်-တဲ့၊ ဒါဆို မြီးရှည်ဖြင့် နေထိုင်ခြင်း ပေါ့နော်..၊း) တခါတလေမှာ အခုလို အဝစားရတာ မိုက်တယ်ဗျ၊ အင်း.. မစားနိုင်တဲ့ သူတွေကတော့ ပုံတွေကြည့်၊ ကော်မန့်လေး ချန်ပြီး ပြန်ရတာ ပါပဲဗျာ...။း)
မချောရဲ့ မြီးရှည်ကြည့်ပြီး အိမ်မှာ ခေါက်ဆွဲထုတ် ရေနွေးဖြောပြီး မြိုချလိုက်တယ်..... :)
အရသာအတွက်ကတော့ မြီးရှည် မြီးရှည်လို့ စိတ်ထဲက မှတ်ပြီး စားလိုက်တာပေါ့.... ဟီး ဟီး
တော်သေးတယ်။ ထမင်းစားရင်း ဖတ်လိုက်လို့ သရေမယိုတား)
အလုပ်က အပြန် ဗိုက်ဆာဆာနဲ့ အမ ရဲ့ မြီးရှည်တွေ ယူစားလိုက်တယ် ဗျာ...။စားလို့ ကောင်းမှကောင်း...။
အလုပ်က အပြန် ဗိုက်ဆာဆာနဲ့ အမ ရဲ့ မြီးရှည်တွေ ယူစားလိုက်တယ် ဗျာ...။စားလို့ ကောင်းမှကောင်း...။
အမ ... ဆီတိုဖူးကို အင်္ဂလိပ်လိုဘယ်လိုခေါ်လဲဟင် ... ဘယ်လို ဘူးမျိုးနဲ့လာလဲ...အဲ့ဒါလေးသိချင်ပါတယ်
ညီမလေး Michelle Myat
ဆီတိုဖူးကို အင်္ဂလိပ် fermented bean curd လို့ ခေါ်ပါတယ်... အဲဒီနာမည်နဲ့ google မှာ ရိုက်ရှာရင် ပုံတွေ ထွက်လာပါတယ်.. မြန်မာမှာတော့ ရှမ်းပြည်က လာတာမို့ ဝယ်လို့လွယ်ပါတယ်. နိုင်ငံခြားမှာတော့ တရုတ်ကထွက်တဲ့ ပုလင်းလေးတွေနဲ့ လာပါလိမ့်မယ်.. အာရှဆိုင်တွေမှာ ဝယ်လို့ ရနိုင်မယ်ထင်ပါတယ်.. အဆင်ပြေပါစေနော်..
Post a Comment