ရွှေလီမြစ်ကမ်းက မြို့နမ့်ခမ်း

ဒီနေ့ဟာ မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ် လပြည့်နေ့ ဖြစ်ပါတယ်နော်။ အခါကြီးရက်ကြီး မြတ်သောနေ့ ဖြစ်လေတော့ ဘုရားဖူးထွက်ကြရင် ကောင်းမလားလို့ စဉ်းစားမိပါတယ်။ ကျွန်မနဲ့အတူ မြန်မာပြည်တွင်းတစ်နေရာက ဘုရားဖူးဖို့ သွားကြပါစို့လားနော်.. ဟိုတလောက မူဆယ်မြို့က ဘုရားကို ဖူးခဲ့ကြသေးတာ မှတ်မိမယ် ထင်ပါတယ်နော်။ ဒီတစ်ခါတော့ မူဆယ်နဲ့ မဝေးလှတဲ့  ရှမ်းတို့ရဲ့မြို့ကလေး နမ့်ခမ်းဆီ အလည်သွားပြီး ဘုရားဖူးကြပါဦးစို့ရဲ့နော်။ မူဆယ်မြို့ကနေ ထွက်လာပြီး စောမွန်လှရဲ့ မွေးရပ်မြေ စယ်လန့်ရွာ ကလေးကို ဝင်ပြီးတာနဲ့ မူဆယ်မြို့ကနေ ကိုးမိုင်ခန့်ဝေးတဲ့ နမ့်ခမ်းမြို့ကို ရောက်ပါတယ်။ နမ့်ခမ်းကနေ ဆက်သွားမယ်ဆိုရင် ကချင်ပြည်နယ် ဗန်းမော်မြို့ထိ သွားလို့ရပါတယ်။ မူဆယ်မြို့နေ ကားနဲ့ထွက်လာပြီး လယ်ကွင်းစိမ်းစိမ်းတွေကိုဖြတ်သန်းပြီး နာရီဝက်မရှိခင်မှာ နမ့်ခမ်းမြို့ ကို လှမ်းမြင်နေရပါပြီ။

နမ့်ခမ်းမြို့ကို လှမ်းမြင်ရပြီ
နမ့်ခမ်းမြို့ကို သက္ကရာဇ် ၁၇၇၇ ခုနှစ်မှာ ကျေးရွာငယ်ကလေးအဖြစ် စတင်တည်ထောင်ခဲ့ပေမဲ့ သာယာအေးချမ်းပြီး လယ်ယာမြေစိုက်ပျိုးဖြစ်ထွန်းတာကြောင့် လူဦးရေ တဖြေးဖြေး တိုးတက်များပြားလာတာကြောင့် မြို့ပြအဖြစ်သို့ ရောက်ရှိလာပါတယ်။ နမ့်ခမ်းဟူသည်မှာ မြို့တောင်ဘက်နားတွင်ရှိတဲ့ နမ့်ခမ်းဖောင် ချောင်းကို အစွဲပြုပြီး မှည့်ခေါ်ခဲ့တာဖြစ်ပါတယ်။ ရှမ်းဘာသာဖြင့်နမ့်  ဆိုသည်မှာ မြန်မာလို ရေ၊ ခမ်းဖောင်ဆိုသည်မှာ ရွှေမှုန်များဟု အဓိပ္ပါယ်ရတာကြောင့် နမ့်ခမ်းဖောင်ချောင်းကလေးမှာ ရွှေထွက်သည့် ချောင်းတစ်ခုအဖြစ် ယခုတိုင် ရွှေကျင်သူများ ရှိနေဆဲဖြစ်ပါတယ်။ ၄င်း နန့်ခမ်းဖောင်ချောင်းဟာ ရွှေလီမြစ်ထဲကို စီးဝင်ပါတယ်။ နမ့်ခမ်းမြို့ဟာ တရုတ်နယ်စပ်နဲ့ ကပ်လျှပ် ရွှေလီမြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် တရုတ်ထွက်ကုန်ပစ္စည်းနဲ့ ရှမ်းပြည်နယ်ထွက်ကုန်ပစ္စည်းတို့ ပေါများပြီး လယ်ယာစိုက်ပျိုးဖို့ မြေသြဇာကောင်းမွန်လှတဲ့ လယ်ကွင်းများ၊ လ္ဘက် စိုက်ပျိုးဖို့ တောင်ကုန်း တောင်တန်းကြီးများ ပေါများလှပါတယ်။ ရှေးခေတ်ကတည်းက သာသာနာရောင်ဝါလင်းသည့် မြို့ဖြစ်တာကြောင့် ဘုရားကျောင်းကန်၊ စေတီပုထိုးများ ပေါများတဲ့မြို့ဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
မြို့အဝင် လမ်းမကြီးဘေးက ဘုရား
Image Hosted by PicturePush - Photo Sharing

မူဆယ် မန့်ခမ်းကြားက ရှမ်းတို့ရဲ့ အိမ်

ရှမ်းပြည်နယ်တစ်ဝိုက်မှာ ပြောင်းဖူးစိုက်တာ များတဲ့အတွက် ပြောင်းဖူးများကို ခုလိုအခြောက်ခံထားတာ ပြောင်းဖူးပေါ်တဲ့ရာသီဆိုရင် အိမ်တိုင်းနီးပါး တွေ့ရတတ်ပါတယ်။
  လှိုက်လှဲစွာကြိုဆိုနေတဲ့ နမ့်ခမ်းမြို့

အိမ်တွေအားလုံးနီးပါးရဲ့ ကြမ်းပြင်ဟာ လမ်းမနဲ့တစ်ပြေးတည်း ဆောက်လုပ်ထားကြပါတယ်။ နမ့်ခမ်းစတိုင်လို့ ပြောရမလိုပါဘဲ.. အိမ်တွေလည်း တစ်ပုံစံတည်းလိုလို တွေ့ရပါတယ်။ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများပြားတဲ့ ရှမ်းမြို့ကလေးဖြစ်ပါတယ်။
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
လမ်းဘေးမှာ သစ်ပင်လေးတွေ ပန်းအလှပင်လေးတွေနဲ့ သာသာယာယာ ရှိသမို့ မြို့ကလေးက ချစ်ဖို့ကောင်းနေတယ်
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
 
တောင်တံတိုင်းကာထားတဲ့ နမ့်ခမ်းမြို့
Image Hosted by PicturePush - Photo Sharing
မြို့အဝင်က ပုပ္ပါရုံကျောင်းကို ဝင်ကြပါတယ်
Image Hosted by PicturePush - Photo Sharing
မူဆယ် နမ့်ခမ်းနဲ့ ရှမ်းကျေးရွာ၊ ရှမ်းပြည်တဝိုက်က ဘုန်းကြီးကျောင်းတွေ အားလုံးနီးပါးဟာ ဒီလိုပုံစံမျိုးဘဲ ဆောက်လုပ်ကြပါတယ်

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing
အလှူရှင်ကြော်ငြာတွေ၊ နိုးဆော်စာတွေကိုလည်း ခုလို ရှမ်းဘာသာဖြင့်သာ ရေးသား ဖော်ပြကြတာ မိမိတို့ရိုးရာဓလေ့ကို ထိန်းသိမ်းတဲ့သဘောမို့ ချီးကျူးဖို့ကောင်းပါတယ်။ (သို့သော် ရှမ်းဖြစ်တဲ့ မချောကတော့ တစ်လုံးမှ မဖတ်တတ်း)  )

Image Hosted by PicturePush - Photo Sharing
အသစ်ဆောက်လုပ်နေဆဲ ကျောင်းဆောင်သစ်ကြီး
ပုပ္ပါရုံကျောင်းကြီးဟာ အလွန်ကျယ်ဝန်းပြီး ကျောင်းအနောက်ဖက်မှာ စေတီပုထိုးများ ၊ ဆွမ်းခံကြွတော်မူတဲ့ ဒီပင်္ကာရာ  မြတ်စွာဘုရားနဲ့ သုမေဓာရှင်ရသေ့၊  လျောင်းတော်မူ၊ ရပ်တော်မူ ရုပ်ပွားတော်ကြီးများ ရှိပါတယ်။ သစ်ပင်များဟာ သဘာဝ တောအုပ်ကြီးလို စိမ်းစိုအေးချမ်းလို့ ငြိမ်သက်နေပါတယ်။ အဲဒီအပင်ကြီးတွေရဲ့ အောက်မှာတော့ တိရိစ္ဆာန်ရုပ်တုများလည်း ရှိပါတယ်။ အဲဒီကျောင်းဝင်းထဲမှာဘဲ လက်ဆောင်ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်တွေ ရှိပါတယ်။ ဆိုင်ထဲမှာရှမ်းရိုးရာပစ္စည်းများ ၊ ကျောက်စိမ်း၊ ရုပ်ထု  လက်ကောက် စသဖြင့် ပစ္စည်းများ ရှိပါတယ်။ တရုတ်ပြည်ဘက်က ဘုရားဖူး လာကြသူတွေအတွက် ဒီကျောင်းကလည်း လာရောက်လည်ပတ်စရာ တစ်ခုထဲ အပါအဝင်ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
စေတီလည်းဝါ ပန်းလည်းဝါ
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
မန်ခမ်းစေတီတော်
Image Hosted by PicturePush - Photo Sharing
သစ်ပင်တောအုပ်တွေကြားကနေ ဖူးမြင်ရတဲ့ လျောင်းတော်မူ ရုပ်ပွားတော်
Image Hosted by PicturePush - Photo Sharing
ထိုင်တော်မူ ရုပ်ပွားတော်
Image Hosted by PicturePush - Photo Sharing
ဒုက္ကရ စရိယာ ၆နှစ်ကြာ
Image Hosted by PicturePush - Photo Sharing
တရားဦးဟောသည် ပဉ္စဝဂ္ဂီ
Image Hosted by PicturePush - Photo Sharing
ဒီပင်္ကရာ ဘုရားရှင်နဲ့ ဗျာဒိတ်ပန်ဆင် သုမေဓာရှင်

Image Hosted by PicturePush - Photo Sharing
သစ်သီးဆွမ်းကပ်
Image Hosted by PicturePush - Photo Sharing
နို့ဆွမ်းဆက်ကပ်နေတဲ့ သုဇာတာ
Image Hosted by PicturePush - Photo Sharing
ညောင်ပင်ပေါ် နွယ်တက်နေတာက ယမထာကြိမ်ဆိုတဲ့ ကြိမ်ကြီး အမျိုးအစားဖြစ်ပါတယ်
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ကျောင်းဝင်းအတွင်းမှ ရုပ်ထုများ
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
   
မှိုင်းညို့နေတဲ့ ခပ်ဝေးဝေးက တောင်တန်းကြီး ( ဒီတောင်တန်းပေါ်မှာ လ္ဘက်စိုက်ပျိုးကြတဲ့ ပလောင်တောင်သူတို့ရဲ့ ရွာတွေ လ္ဘက်ခင်းတွေ များစွာ ရှိပါတယ်)


ထို့နောက်တော့ နမ့်ခမ်းမြို့လယ် မဟာမုနိဘုရားကြီးကို ဖူးမျှော်ဖို့ မြို့ထဲကို ရောက်လာကြပါတယ်။ နမ့်ခမ်းမြို့ရဲ့ အလယ်ကောင်မှာ တည်ထားတာကြောင့် မြို့လယ် မဟာမုနိဘုရားကြီးဟု ဘွဲ့တော်ရပါတယ်။ နမ့်ခမ်းမြို့ကို စတင်တည်ထောင်ချိန်ကတည်းက တည်ခဲ့တာမို့ စပ်ကော်မိုင်း ( မြန်မာလို - မြို့တည်ဘုရား) လို့ စစချင်းမှာ ခေါ်တွင်ခဲ့ကြောင်း သိရပါတယ်။ နမ့်ခမ်းမြို့စား ပူဟိန်ပေါ်ဆီးနဲ့ ဘုန်းတော်ကြီး ပေါ်လိတ်တို့က ဥာဏ်တော် ၆ပေရှိတဲ့ ဆင်းတုတော်ကို စတင်တည်ထားကိုးကွယ်ခဲ့ကြတာကြောင့် နမ့်ခမ်းမြို့နဲ့ တစ်ချိန်တည်း တည်ထားတော်မူခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြို့ကို အုပ်ချူပ်သူ မြို့စားများလက်ထက်မှာ ရုပ်ပွားတော်နဲ့ ဘုရားကျောင်းဆောင်ကြီးကို အကြိမ်ကြိမ် ပြုပြင်မွန်းမံမှုများ ပြုလုပ်ခဲ့ကြပါတယ်။ ယခုအခါတွင် ရုပ်ပွားတော်ကြီးမှာ ဥာဏ်တော်အမြင့် ၁၆ပေနဲ့ ၆လက်မ ရှိနေပြီဖြစ်ပါတယ်။



Image Hosted by PicturePush - Photo Sharing

မြို့လယ် မဟာမုနိ ဘုရားကြီးသို့..


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
မြို့လယ်မဟာမုနိဘုရား

Image Hosted by PicturePush - Photo Sharing
သီရိလင်္ကာမှ ပင့်ဆောင်လာသည့် မြတ်စွယ်တော်ပွား

သက္ကရာဇ် ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ဖြစ်ပွားခဲ့ပါတယ်။ စစ်ကြောင့်  ဂျပန်စစ်သားများဟာ ၁၉၄၂ခုမှာ  နမ့်ခမ်းမြို့ထိ ရောက်ရှိလာကြပါတယ်။ ထိုအချိန်မှာ မဟာမိတ်တပ်များက ဂျပန်တို့ကို အပြင်းအထန် နိမ်နှင်းနေချိန်ဖြစ်တာကြောင့် ဂျပန်တပ်စွဲထားတဲ့ နမ့်ခမ်းမြို့ကိုလည်း  ဗုံးကြဲတိုက်ခိုက်ပါတော့တယ်။  ၁၉၄၄ ခု၆လပိုင်း ၅ရက်နေ့မှာ နမ့်ခမ်းမြို့ကြီး ဗုံးဒဏ်ကို အကြီးအကျယ်ခံရပြီး မြို့လယ်ဘုရား ကျောင်းဆောင်ကြီးတစ်ခုလုံး ပြိုကျပျက်စီးသွားခဲ့ပါတယ်။ သို့သော်လည်း ကျောင်းဆောင်ကြီး တစ်ခုလုံး ပျက်စီးသွားသော်လည်း မဟာမုနိရုပ်ပွားတော်မှာတော့ လုံးဝအထိအခိုက်မရှိဘဲ ပကတိ သပ္ပါယ်ကြည်ညိုဖွယ်ရာ ကျန်ရစ်နေခဲ့ပါတယ်။ ၄င်းထူးဆန်းဖွယ်ရာဖြစ်ရပ်ကို မဟာမိတ် စစ်သားများက အံ့သြကြီးစွာ ကြည့်ရှုနေကြသည်ကို အောက်ကပုံမှာ မှတ်တမ်းတင်ထားခဲ့တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ထိုကဲ့သို့ ပြင်းထန်လှတဲ့ ဗုံးဒဏ်ကိုခံရသော်လည်း မပြိုမပျက် တည်ရှိနေခြင်းဟာ မဟာမုနိဘုရားရဲ့ ဘုန်းတန်ခိုးကြီးမားတော်မူခြင်းကြောင့်လို့ မြို့နေလူထုအများစုက ယုံကြည်လက်ခံကြပါတယ်။ စစ်ပြီးနောက်ပိုင်းတွင် ဘုရားကျောင်းဆောင်ကြီးကို လူထုအင်အားနဲ့ ပြန်လည်တည်ဆောက် လှူဒါန်းခဲ့ကြပါတယ်။ ယခုချိန်ထိလည်း တရုတ်ပြည်မှ ဧည့်သည်များဟာ မူဆယ်နမ့်ခမ်းမြို့ကို အလည်ရောက်လာလေတိုင်း မဟာမုနိ ဘုရားကြီးကိုလည်း ဝင်ရောက်ဖူးမျှော် ပူဇော်လေ့ ရှိတာကို တွေ့ရပါတယ်။

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

မဟာမုနိရုပ်ပွားတော်ကြီးတည်ရှိရာ ကျောင်းဆောင်ကြီးအတွင်းမှာ ဥာဏ်တော် ၁၇ပေ ၇လက်မရှိသော နှီးဘုရားကြီးကိုလည်း ယက်လုပ် ပူဇော်ထားပါတယ်။ ကျွန်မ မှတ်မိသလောက်ပြောရရင် နှီးဘုရားကို ယက်လုပ်ပူဇော်ခြင်း အလေ့အထဟာ ရှမ်းလူမျိုးတွေမှာသာ ရှိတဲ့ကိုးကွယ်မှု အတတ်ပညာတစ်ခု ဖြစ်ပါတယ်။ နှီးဘုရားကို ရှမ်းလူမျိုးများ နေထိုင်ရာ မြို့တွေမှာ အများအားဖြင့် တွေ့ရလေ့ရှိပါတယ်။ မြို့အသီးသီးရှိ နှီးဘုရားကို ယက်လုပ်တတ်သူများဟာလည်း ရှမ်းတိုင်းရင်းသားများသာ ဖြစ်ကြပါတယ်။

Image Hosted by PicturePush - Photo Sharing
၄၅ရက်ကြာ ယက်လုပ်ခဲ့သည့် နှီးဘုရားကြီးယက်လုပ်ပူဇော်သည့် မှတ်တမ်းဓာတ်ပုံများ

Image Hosted by PicturePush - Photo Sharing
နှီးဘုရားကို ယက်လုပ်သည့် ဝါးမှာ တောထဲတွင် အလေ့ကျပေါက်သည့်  ကြိမ်အကြီးနှင့် ဆင်တူသော ဝါးနွယ် အမျိုးအစားဖြစ်ကြောင်း သိရပါတယ်။ 
Image Hosted by PicturePush - Photo Sharing 
ဈာနမုဒြာဟန် ယက်လုပ်ထားသည့် နှီးဘုရားကြီး

Image Hosted by PicturePush - Photo Sharing
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းမှ ပင့်ဆောင်ပူဇော်သည့် ရှေးဟောင်းဘုရား ကိုးဆူ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
၁၁ရာစုခေတ်လက်ရာ ရှေးဟောင်းဘုရားကိုးဆူ

Image Hosted by PicturePush - Photo Sharing
ဗုဒ္ဓဘာသာ ပြန့်ပွားကိုးကွယ်ခဲ့သည့် နိုင်ငံများပြ မြေပုံ


နမ့်ခမ်းမြို့အပြင်ဘက်နားမှာရှိတဲ့ နောက်ထပ် ဘုန်းကြီးကျောင်းတစ်ကျောင်းကို သွားရောက်ကြပါတယ်။ အလွန်ကျယ်ဝန်းလှတဲ့ ကျောင်းပရဝုဏ်ရှိပြီး ဝါတွင်းကာလဆို တစ်နိုင်ငံလုံးက လာရောက်တရားအားထုတ်တဲ့ ယောဂီများစွာ ရှိပြီး ယောဂီပေါင်း ထောင်ကျော်အောင် ရှိတယ်လို့ သိရပါတယ်။ တရားအားထုတ်တဲ့ ယောဂီများ နေထိုင်တဲ့ ယောဂီဆောင်များလည်း များစွာ ရှိပြီး တရားနာ၊ တရားထိုင်ရာ ကျောင်းတော်ကြီးမှာလည်း ကြီးမားခန့်ထည်လှပါတယ်။

Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
နှစ်ထပ်ကျောင်းဆောင်ကြီး
Image Hosted by PicturePush - Photo Sharing
တရားဟောခန်းမကြီးထဲရှိ မြတ်ဗုဒ္ဓရုပ်ပွားတော်များ
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ဒီကျောင်းပေါ်မှာလည်း နှီးဘုရားတစ်ဆူ ရှိပါတယ်။ ရွှေချမယ်ဆိုပြီး သစ်စေး (စစ်စေး) သုတ်ပြီးကာမှ ရွှေမချဖြစ်တော့ဘဲ နှီးဘုရားသက်သက်ထားရှိတဲ့ ရုပ်ပွားတော်

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing
ဘုန်းကြီးကျောင်းနာမည်ကိုတော့ မမှတ်မိတော့ပါဘူး။ ဒါပေမဲ့ ကျောင်းထဲက သစ်ပင်ကြီးတစ်ပင်ကတော့ မှတ်မှတ်ရရ ဖြစ်ခဲ့ရပါတယ်။ အဲဒီသစ်ပင်ကတော့ ပုံမှာ မြင်ရတဲ့အတိုင်း ပင်စည်တစ်ခုလုံး သစ်ခွတစ်မျိုး ပတ်လည်ဝိုင်းနေပြီး အပွင့်လည်း ပွင့်နေခဲ့ပြီး ရနံ့သင်းသင်းလေး မွှေးနေခဲ့ပါတယ်။
Image Hosted by PicturePush - Photo Sharing
ပင်စည်ကြားပေါ်က ရွှေသစ်ခွ
Image Hosted by PicturePush - Photo Sharing
ရွှင်လန်းချမ်းမြေ့ပါစေ.. တဲ့ နှုတ်ဆက်ခဲ့တယ် မောတို့ရဲ့ နမ့်ခမ်းမြေ...

တကယ်တမ်းတော့နမ့်ခမ်းမြို့မှာ ဘုရားကျောင်းကန် များပြားပြီး လည်ပတ်စရာတွေလည်း များလှပါတယ်။ နမ့်ခမ်းမြို့ပြင်က ရေပူစမ်း၊ ရွှေလီမြစ်ကူးကြိုးတံတား၊ ပန်းခြံ၊ ဈေးကြီး သည်တို့ကို အချိန်မရတာကြောင့် မရောက်ဖြစ်တော့ပါဘူး။ သာယာ အေးချမ်းပြီး ပန်းပေါင်းစုံ ဝေဆာနေတဲ့ ချစ်စရာ နမ့်ခမ်းမြို့ကလေးကနေ ပြန်ခဲ့ပါပြီ။ အားလုံးလည်း သီတင်းကျွတ်လပြည့်နေ့မှာ ဘုရားဖူးကာ ကုသိုလ်ယူကြပါစို့လို့ တိုက်တွန်းရင်း မိုလေးကင်းလွတ်ကာ သာယာလှပတဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မိဘနှစ်ပါးနဲ့ သက်ကြီးဝါကြီး ဆရာသမားများကို ရည်မှန်းလို့ ဦးချ ကန်တော့ပန်းဆင်ပါတယ်။ ချစ်ခင်ရပါသော သူငယ်ချင်း၊ မိတ်ဆွေ၊ စာဖတ်သူများအားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်ရှင်။


Image Hosted by PicturePush - Photo Sharing

32 Responses to “ရွှေလီမြစ်ကမ်းက မြို့နမ့်ခမ်း”

san htun said...

ဓာတ်ပုံတွေ ဝေဝေဆာဆာနဲ့  ပြည့်ပြည့်စုံစုံ တင်ပေးထားတာ ကိုယ်တိုင် အလည်ရောက်သွားသလို ခံစားရတယ်..သိုင်းကျူး မချော

ညီရဲ said...

အင်း... အစ်မချော ကျေးဇူးနဲ့ နမ့်ခမ်းကိုလဲ ရောက်ဖူးသွားပြန်ပြီ...
တောရိပ်တောင်ရိပ်တွေနဲ့ တော်တော် အေးချမ်းမဲ့နေရာ ထင်တယ်...

မချောတို့တော့ အစုံရောက်ဖြစ်တယ်ဗျာ... ကောင်းတယ်.. ကျွန်တော်လည်း အခွင့်ကြုံရင် သွားချင်ပါသေးတယ်..း))

ခင်မင်လျက်
နေ၀သန်

sosegado said...

ကျေးဇူးပါပဲ၊ နမ့်ခမ်းမြို့ကြီး အကြောင်းရော၊ ဘုရားတွေပါဖူးလိုက်ရလို့၊
စစ်အတွင်းမပျက်စီးတဲ့ မဟာမုနိ ဘုရားကြီးကိုရောပေါ့၊
စိုင်းဆိုင်မောဝ်သီးချင်း ရွှေလီကမ်းစပ်ကို သတိရသွားပါ၏၊

ဘုရားရှင်ရဲ
အေးချမ်းမူ ဓါတ်တော်တွေဟာ ကိုယ်စား ဘုရားဆင်ထုတော်တွေ မှာပါ ကိန်းဝတ်နေလို့ သာ ရန်သူမျိုး ၅-ပါးကနေ ကင်းလွတ်တာကို မျက်ဝါးထင်ထင်ဖူးရတာပဲနော်။

Vista said...

ကိုယ်တိုင်ရောက်သွားသလိုပဲ ကျေးဇူပါမချောရေ။

သီတင်းကျွတ်လပြည့် မနက်စောစော ဘုရားလာဖူးတယ် ချောရေ ... ။ နမ့်ခမ်းမြို့က တကယ်သာယာတာပဲ၊ ကိုယ့်ဟာကိုယ်သွားရင်တောင် ဒီလောက်နှံ့စပ်အောင် ရောက်နိုင်မှာမဟုတ်ဘူး။

Crystal said...

လပြည့်နေ့မှာ ဥပုသ်သီလယူပြီး ဘုရားဖူးရောက်ပါကြောင်း။

မြတ်စွာဘုရား ရုပ်ပွားတော်ပုံတွေကို ဖူးမျှော်ကြည်ညိုရင်း၊ နမ့်ခမ်းမြို့လေးရဲ့ရှုခင်းတွေလည်း လေ့လာသွားပါတယ် မချောရေ။

ရောက်ဖူးချင်လိုက်ထှာာာာာ
အပေါ်က တွဲလောင်းပွင့်နေတဲ့ အပင်ကအရိုင်းသစ်ခွပဲဗျာ့
တနှစ်မှာ တကြိမ်တောင်ပွင့်ခဲတယ် အပင်သက်ရင့်ကာမှပွင့်တာမျိုးအစ်မ စိုက်ရလွယ်သလောက် အပွင့်ခက်တယ် အအေးပိုင်းမှာတော့ ဘယ်လိုပွင့်လည်းမသိဖူး
ရွှေသစ်ခွကတော့ ဒင်ရိုဗင်အမျိုးစား(SP)ပဲ

သစ်ခွဆြာကြီးနော် စီးပွားဖြစ်စိုက်ပျိုးရေးလုပ်မယ်ဆိုပြေား)း)း) လောလောဆယ်တော့ဆြာလုပ်သွားပြီ မချောရေး)

မမချော ကျေးဇူးနဲ့ရှမ်းပြည်တခွင်ပြဲပြဲစင်ပဲ မမရေ
အဲဒီသစ်ခွတွေမြင်တော့မေမြို့မှာရှိခဲ့တဲ့အပင်တွေကို သတိရမိတယ် .ငယ်သေးတော့ မွှေးတာရယ်လှတာရယ်ပဲသိတယ် ကတ်ကြေးနဲ့ညှပ်ပြီး ဆော့ပစ်လို့ခနခနအဆူခံခဲ့ရဖူးတယ် ..
ဘာပဲပြောပြောမမရေ ဘုရားလဲဖူးရတယ် ရှမ်းပြည်ကိုလဲ အလွမ်းပြေကြည့်ရတယ်း)
ပျော်ရွှင်ပါစေ သီတင်းကျွတ်မှား)

ချစ်တဲ့

မဒိုးကန်

MGTHANT said...

သာသာယာယာနဲ့ ကြည်နူးစရာ မြို့လေးပါပဲ...
ခုလို ဖော်ပြပေးတဲ့အတွက် မချောကို ကျေးဇူးအထူးတင်ပါတယ်..

ချောရေ.. သီတင်းကျွတ်နေ့ထူးနေ့မြတ်မှာ စာဖတ်ပရိသတ်တွေကို ကုသိုလ်ထူးတွေရစေတဲ့အတွက် ချောလဲ သီတင်းကျွတ်မှာ လိုအင်ဆန္ဒ မှန်သမျနဲ့ တစ်လုံးတ၀တည်း ပြည့်စုံပါစေလို့...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ko said...

စေတီတွေက ရှမ်းတွေတည်တာဆိုတော့ ထိုင်းလူမျိုးတွေတည်တဲ့ စေတီတွေနဲ့ခပ်ဆင်ဆင်တူနေတယ်နော်... ရှမ်းကို တိုင်(TAI) လို့ခေါ်တယ်ဆိုတော့ ထိုင်းလးမျိုးကနေဆင်းလားတာလားဗျ..မချောသိရင်ဖြေပေးပါအုံးနော်....နီးဘုရားကိုလေ ရွှေသင်္ကန်မကပ်ပဲ အဲ့လိုလေးထားတော့ နဂိုအရည်အသွေးက ပိုပြီးပေါ်လွင်သွားတာပေါ့ဗျာ...ရွှေသင်္ကန်းကပ်မယ်ဆိုရင် တခြားရုပ်ပွားတော်တွေလိုပဲ တူတူပဲဖြစ်သွားမှာပေါ့ ရှေးဟောင်းအမွေဆိုတာအဲ့လိုထိန်းသိမ်းရမှာ....ရွှေကပ်ရင်တော့ပိုကောင်းတာပေါ့ ဒါပေမဲ့ဒီလိုလေးထားပြီး ရွှေပုလ္လင်လှူတာတို့ ရွှေထီးတို့လှူပြီးထားလိုက်ရင် ပိုပြီးထူးခြားတာပေါ့ဗျာ...

Anonymous said...

အစ်မချောရေ..
ယမထာရွှေကြိမ်လုံးကိုမြင်ဖူးသွားပါပြီး)
စေတီပုထိုး၊ဘုရားရုပ်ပွားတော်များကိုလည်း
ဖူးမျှော်ကြည်ညိုသွားပါတယ်ရှင်
ဗဟုသုတတွေရှာဖွေဖော်ပြပေးတဲ့အစ်မလည်း
သီတင်းကျွတ်လပြည့်နေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေ
ချစ်ခင်စွာဖြင့်
မိစံ

သို့ Ko >> ရှမ်းလူမျိုးနဲ့ ထိုင်းလူမျိုး ပါတ်သက်ဆက်နွယ်ပုံကို ကျွန်မ လေ့လာထားမိသလောက် ရှင်းပြရမယ်ဆိုရင် ထိုင်းလူမျိုးတွေဆိုတာဟာ ယခု တရုတ်နယ်စပ်နဲ့ ရွှေလီမြစ်ဝှမ်းတစ်ဝိုက်မှာ ဟိုးယခင် နှစ်ပေါင်း တစ်ထောင်ကျော်အထက်က ရှိခဲ့တဲ့ ရှမ်းတို့ရဲ့ အင်ပါယာကြီး ပြိုကွဲပြီးနောက် နေရာဒေသအသီးသီး နိုင်ငံအသီးသီးကို ရောက်ရှိသွားတဲ့ ရှမ်းအဆက်နွယ်များသာ ဖြစ်ပါတယ်။
ရှမ်းလူမျိုးဟာ ထိုင်းလူမျိုးကနေ ဆင်းသက်လာတာ မဟုတ်ဘဲ ထိုင်းတွေကသာ ရှမ်းမျိုးနွယ်ဆက်များ ဖြစ်ပါတယ်ရှင်။ အဲဒီအကြောင်းကိုတော့ ရှမ်းလူမျိုးတွေ ပျံ့နှံ့သွားတဲ့ အကြောင်း ဖော်ပြခဲ့ဖူးတဲ့ http://www.missgreenlady.com/2011/09/blog-post_1820.html ဒီပိုစ့်လေးမှာ မြေပုံများနဲ့ ကြည့်ရှုနိုင်ပါတယ်။
သို့သော် ရှမ်းပြည်တစ်ဝိုက်မှာ နေထိုင်တဲ့ ရှမ်းလူမျိုးတွေထက်အရင် ထိုင်းနိုင်ငံတစ်ဝိုက်မှာ ရောက်ရှိနေထိုင်တဲ့ ထိုင်း (ရှမ်းမျိုးနွယ်ဆက်)တို့က ဗုဒ္ဓဘာသာကို အရင်ဆုံး ကိုးကွယ်သက်ဝင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီကမှ တစ်ဆင့် ရှမ်းတို့ရဲ့ မောဒေသကို ဗုဒ္ဓဘာသာ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စေတီပုထိုးများဟာ ထိုင်းလက်ရာနဲ့ ဆင်နေတယ်လို့ ပြောနိုင်ပါတယ်။ နမ့်ခမ်းမြို့က နှီးဘုရားကို ရွှေမချတော့တာဟာလည်း ဒကာဒကာမတွေက ကန့်ကွက်ကြတာကြောင့် သဘာဝအတိုင်းထားလိုက်တာလို့ သိရပါတယ်။
စိတ်ဝင်တစား မေးမြန်းလာတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်နော်။ ကျွန်မ လေ့လာမိသလောက်လေးနဲ့ ဖြေတဲ့ အဖြေထဲမှာလည်း မှားယွင်းတဲ့အချက်များ ပါခဲ့ရင် ခွင့်လွှတ်ပါလို့ ပန်ကြားချင်ပါတယ်။ စာလာဖတ်ကြသော အားလုံးသော မိတ်ဆွေတို့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်.. အားလုံးလည်း ပျော်ရွှင်ချမ်းမြေ့ကြပါစေကြောင်းရှင်..

မမရေ .... ကိုယ်တိုင်ရောက်သွားသလိုပါပဲ ..ကျေးဇူးပါမမရေ... ပျော်ရွင်ဖွယ် သီတင်းကျွတ်လေး ဖြစ်ပါစေလို့ ....:)

Nyi Linn Thit said...

နမ့်ခမ်းမြို့လေးက အေးချမ်းမယ့် ပုံပဲနော်..၊ ဒါ့အပြင် ဘုန်းကြီးကျောင်းတွေ၊ စေတီ၊ ပုထိုးတွေနဲ့မို့ ဘုရားရိပ်၊ တရားရိပ်ကြောင့် ပိုပြီး ငြိမ်းချမ်း၊ တိတ်ဆိတ်နေ သလိုပဲ၊ ရှမ်းပြည်က မြို့ကလေးတွေက အရမ်း သဘောကျစရာ ကောင်းတယ်၊ ကျေးဇူးပါ မချောရေ..။

mstint said...

ရှမ်းပြည်ဖက် နေရာအတော်များများ ရောက်ဘူးခဲ့ပေမယ့် မူဆယ်ဘက်ကို မရောက်ဘူးသေးဘူး ချောရေ။ ဘုရားစုံလည်းဖူးရ ဗဟုသုတတွေလည်းရ စိတ်ကြည်နူးစွာ ရှုမျှော်ခင်းလေးတွေနဲ့ ဝေဝေဆာဆာ ပို့စ်လေးကို ဖတ်ရတာ စိတ်ချမ်းသာစရာပါပဲ။ ကျေးဇူးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချောရေ...
ချောရဲ့ ကျေးဇူးနဲ့ နမ့်ခမ်းမြို့ကြီးကို ပို့စ်ထဲကနေ ရောက်ဖူးသွားပြီ။ နှီးဘုရားကို ကြည်ညိုဖူးမျှော်ခွင့်ရလို့ ကျေးဇူးထပ်တင်မိပါတယ်။ သီတင်းကျွတ်အခါသမယမှာ စာတစ်ပုဒ်မှ မရေးဖြစ်ပေမယ့် ဘလော့ဂ်တကာလည်ပြီး ကုသိုလ်ယူဖြစ်နေပါတယ်ရှင်။ :)

ကိုယ်တိုင် သွားဖူးလိုက်ရသလိုပါပဲ။ နှီးဘုရားက လက်ရာမြောက်ပြီး သပ္ပါယ်လွန်းတယ်။

zinminlatt said...

သိချင်တဲ့ မေးခွန်းလေးတွေကို ပြည်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် မချောရေ..ဒါကြောင့်လည်း ထိုင်းစကားသံနဲ့ ရှမ်းစကားသံက တော်တော်လေးကိုတူတာကိုးဗျ... နောက်ဆုံးတစ်ခုလောက်မေးချင်ပါတယ်..အစ်မအားမှဖြေပေးပါနော်..ထိုင်းဘာသာနဲ့ရှမ်းဘာသာက အသံထွက်က ခပ်ဆင်ဆင်တူပြီး ရေးသားပုံ ကဘာကြောင့်မတူတာလဲမချောရေ..အစ်မသိရင်ဖြေပေးပါအုံးနော် ကျွန်တော်က လားရှိုးမှာမွေးတဲ့ ဗမာလူမျိုးပါ..ရှမ်းပြည်အကြောင်းကိုအရမ်းစိတ်ဝင်စားပါတယ်..အစ်မချော ဒီထက်မက ခ၇ီးတွေသွားနိုင်ပါစေ.. ဗဟုတသုတတွေတိုးပွားပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ..

စိုင်မောသီချင်းကို သတိရတယ် မချောရယ်။ မူဆယ်-နမ့်ခမ်းလမ်းဆိုတာလေ။ မချောလည်း ခရီးတွေ အများကြီးထွက်နိုင်တာပဲ။ ပြီးတော့ ခုလို အချိန်ပေးပြီး ပြန်လည်တင်ပြပေးတာ သိပ်ကို ကျေးဇူးတင်မိပါတယ်ရှင်။

ခင်တဲ့
မေသိမ့်

PhyoPhyo said...

မချောရေ
နမ့်ခမ်းမြို့လေးကို ကိုယ်တိုင်သွားလည်လိုက်ရသလိုပဲ။
မြို့လေးက တောင်တွေကာရံထားပြီး ပန်းလေးတွေနဲ့ နေချင်စရာလေးရယ်။
ဘုရားလည်းဖူးခွင့်ရလို့ ကျေးဇူးတင်လိုက်တာ။
မချော နဲ့ မေမေ ဖေဖေ မိသားစုတွေအားလုံးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ဆုတောင်းပေးလိုက်ပါတယ်။
ချစ်တဲ့
pp

blackroze said...

မူဆယ်-နမ့်ခမ်းလမ်း ဆိုပြီး
စိုင်းဆိုင်မောင်ရဲ့သီချင်းထဲမှာကြားဖူးတဲ့
နမ့်ခမ်းမြို့လေးကိုမကြီးချောရဲ့
Blog လေးမှတဆင့်လာလည်သွားတယ်
မကြီးချောတင်တဲ့ ပိုစ့်လေးတွေဖတ်ပြီး
ရှမ်းပြည်တအားသွားချင်နေပြီနော်..
ရှမ်းပြည်မှာဘဲနေချင်နေပြီမကြီးရေ

ဟန်ကြည် said...

နှီးဘုရား ဖူးခွင့်ရလို့ ကျေးဇူးတင်ပါသဗျား...ဖြစ်နိုင်ရင် မွေတော်ကက္ကူဘက်သွားပါဦးလား...ဒီနှစ်နွေမှာ အဲဒီကို သွားဖို့ စိတ်ကူးထားလို့...ဆဖာရီဥယျာဉ်လိုတော့ မနောက်ကြေးပေါ့ ဒေါ်ချောရယ်...

မရောက်ဖူးသေးတဲ့အရပ်ဒေသတစ်ခုကိုသွားလည်ရသလို ဖော်ပြပေးတာကျေးဇူးပါဗျာ။ ကျွန်တော်တို့နိုင်ငံမှာ ဒီလို ဂုဏ်ယူစရာကောင်းတဲ့အလှတွေရှိနေတာ ၀မ်းသာမိတယ်။ အဲဒါမျိုးတွေ များများဖော်ထုတ်နိုင်ပါစေ။ အဲဒီလို မြို့လေးတွေဆို တော်တော်လည်းသဘောကျပါတယ်။ ကျွန်တော်ဆို အဲဒီလိုမြို့လေးတွေကို သွားပြီး လုံးချင်း ၀တ္ထုရေးချင်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

To zinminlatt >> ဝန်ခံရရင် ရှမ်းစာနဲ့ ပတ်သက်ပြီး ကျွန်မဟာ ဂဃနဏ မသိပါဘူး။ ဒါကြောင့်လည်း အဲဒီအကြောင်းကို သိတဲ့သူတွေဆီ မေးမြန်းနေတာကြောင့် ဖြေဖို့ ကြန့်ကြာသွားပါတယ်။ ရှမ်းစာနဲ့ ပတ်သက်ပြီး ရှမ်းဆရာတော် စဝ်စုခမ်းရဲ့ ဖြေကြားချက်ကို ဒီနေရာမှာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ်နော်။

ဒကာမ မချော
ဒီကမ္ဘာမှာ
(၁) စာလဲတူ စကားလဲတူတဲ့လူမျိုး === အင်္ဂလိပ်+အမေရိကန်+ကနေဒါ+သြစတြေးလျ စတဲ့နိုင်ငံတွေ == communication ကောင်းလို့ တိုးတက်မှု မြန်တယ်။
(၂) စာတူပြီး စကားမတူတဲ့လူမျိုး == တရုတ် === စာနဲ့ အဆက်အသွယ်လုပ်နိုင်လို့ တိုးတက်မှု ဒုတိယနေရာမှာ ရှိနိုင်တယ်။
(၃) စကားတူပြီး စာမတူတဲ့ လူမျိုး = = = ရှမ်း+ထိုင်း+ လော+ ဂုံရျမ်း+ မောရှမ်း = = = စာနဲ့ အလုပ်မဖြစ် စကားနဲ့သာ ဆက်သွယ်နိုင်လို့ တိုးတက်မှု နှေးတယ်။
(၄) စကားလဲ မတူ စာလဲ မတူတဲ့ လူမျိုး = = = (........ ) စတာတွေ တွေ့ရတယ်။ = = = စာရော စကားရော ဆက်သွယ်ဖို့ ခက်တဲ့အတွက် တိုးတက်မှု ပိုနှေး။
ရှမ်းကတော့ စကားတူပြီး စာမတူတဲ့ လူမျိုးလို့ ဆိုရမယ်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲလို့တကြောင်း၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အဆက်အသွယ် မရှိတာက
တစ်ကြောင်း၊ အနေဝေးတာကတစ်ကြောင်း ရှမ်းမျိုးနွယ်တွေဟာ စကားသံ သိပ်မကွာပေမယ့် စာတွေကတော့ အများကြီး ကွဲပြားနေတာတွေ့ရတယ်။
ဘီစီ ၂၆၀၀ လောက်က တရုတ်လိုပဲ အရုပ်ပုံစာပေကို သုံးဟန်ရှိတယ်။
ဘီစီ (၈၄၃)မှ အဘိရာဇာမင်းက ကောလိယပြည်မှ သက္ကတဆန်တဲ့ စာတွေနဲ့ မောရှမ်းစာကို ထွင်ပေးခဲ့တယ်။
အေဒီ (၇၂၈-၇၄၈) နန်ချောင်ဘုရင် ဆိုင်လောဝ်ပီလက်ထက် ရှမ်းစာကို လေးထောင့်ပုံစံသုံးခဲ့ပြီး မလိုအပ်တဲ့ အက္ခရာတွေကိုဖယ်ပြီး (၁၈)လုံးသာ သုံးတော့တယ်။
ယိုးဒယားစာကတော့ အေဒီ ၁၂၈၃ ခုမှ ဘုရင် ရာမဂါမဟိန်က ခမာစာကို အမီပြုပြီး ထိုင်းစာကို စတီထွင် အသုံးပြုခဲ့တယ်။
အေဒီ (၁၃၁၂) မောရှမ်းဘုရင် ဆေခန်ဖက အဲဒီလေးထောင့်စာကနေ ယခု မောရှမ်းတွေ အသုံးပြုတဲ့ ပဲပင်ပေါက်စာကို သုံးခဲ့တယ်။
အေဒီ (၁၄၀၅-၁၄၂၈) သိန္နီစော်ဘွား စ၀်ခမ်းကိုင်ဖလက်ထက် လေးထောင့်စာကနေ စာလုံးဝိုင်းပုံစံဖြစ်လာတယ်။ (ခေတ်ဟောင်းရှမ်းကြီးစာဖြစ်ပြီး အောက်ကမြစ်၊ ၀စ္စနှစ်လုံး ပေါက်တွေရ မပါဘူး)
အေဒီ ၁၉၅၄ ဒုတိယကမ္ဘာစစ် ပြီးနောက် သိန္နီမှ ဆရာတော် အရှင်ဝိဇယာနန္ဒနဲ့ ကျိုင်းတုံ စ၀်ဆိုင်မိန်းတို့က ၉ခေတ်ဟောင်းရှမ်းကြီးစာကို ဖြည့်စွက်ပြီး) ယခု ခေတ်သစ်
ရှမ်းစာ (ရှမ်းကြီးစာ) ကို တီထွင် အသုံးပြုခဲ့တယ်။ (အသံထွက် tones ငါးမျိုးရှိတဲ့စာပါ)
ိလို့ ဘုန်းဘုန်းက ဖြေကြားပေးပါတယ်။ ကိုဇင်မင်းလတ် ကျေနပ်နိုင်မယ် လို့ ထင်ပါတယ်နော်။ ဘုန်းဘုန်းပို့ပေးလာတဲ့ ထိုင်း၊ လော၊ ဗီယက်နမ်နဲ့ ရှမ်းလူမျိုး အသီးသီးတို့ရဲ့ ရှမ်းစာပေ ရေးပုံများကို လိုချင်ပါရင် အီးမေလ်းလိပ်စာ ထားခဲ့ပါက ပို့ပေးပါ့မယ်နော်။
ရှမ်းစာနဲ့ပတ်သက်ပြီး စေတနာဖြင့် ဖြေကြားပေးတဲ့ ဘုန်းဘုန်း စဝ်စုခမ်း ဆရာတော်ကိုလည်း ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ ရှိခိုးဦးတိုက် လျှောက်ထားပါတယ်ဘုရား။

ko said...

အခုလို အပင်ပန်းခံ၍ တကူးတက ပြည်လည်ဖြေကြားပေးတဲ့ မချောကို အရမ်းကို ကျေးဇူးတင်ပါတယ် ...ရှမ်းစာပေရေးသားပုံများကိုလည်း သိချင်ပါတယ် ..အီးမေးလ်က myohanko88@gmail.com ပါ
အစ်မချော blog လေးဒီထက်မကအောင်ပြင်ပါစေလို့ဆုတောင်းပေးပါတယ်..

Kay said...

ချောရေ..နမ့်ခမ်းက.. မစ်ရှင် ဆေးရုံကြီး အကြောင်း များ သိမလား မသိ။ ပုံတွေ ပါ ရှိရင်ဖြင့်..ကြည့်ချင် ပါတယ်။
အခု လောဆယ်..ကျမ ..နမ့်ခမ်းမစ်ရှင် ဆေးရုံကြီးကို တည်ထောင်ခဲ့တဲ့ Dr Gordon Seagrave အကြောင်းလေး တွေ ဖတ်နေလို့ပါ။
ရှိများရှိရင်ဖြင့်..သိချင်ပါတယ်.

ရှမ်းပြည် ဘက်ကို အရမ်းသွားကြည့်ချင်တယ် ..
တစ်ခါမှ မရောက်ဖူးဘူး ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်