ကြက်သားကချင်ချက်၊ ငါးခူချဉ်စပ်..

ဒီတစ်ပတ် ချက်ကျွေးချင်တဲ့ဟင်းလျာက ကျွန်မကိုယ်တိုင်လည်း မကြာခဏ ချက်စားဖြစ်တဲ့ ကြက်သား ကချင်ချက် ဖြစ်ပါတယ်။ ဒီဟင်းဟာ ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ နာမည်ကျော်တဲ့ ဟင်းတစ်မယ် ဖြစ် ပါတယ်.. အရင်ကလည်း ကျွန်မဘလော့မှာ တင်ဖူးခဲ့သလို အခြားသော ကချင်ပြည်နယ်သူ ဘလော်ဂါများလည်း တင်ခဲ့ကြဖူးပါတယ်... ဘယ်နှခါ ချက်စားစား မရိုးနိုင်သလို ကြက်သား ကချင်ချက်ရဲ့ ချဉ်ချဉ်စပ်စပ် အရသာဟာလည်း ခံတွင်းမြိန်စေတာ အမှန်ပါ။ ကြက်သားကို ဆီပြန်ကြီးဘဲ ချက်စားဖြစ်ရင် ကြာတဲ့အခါ အီလာပါတယ်။ ကချင်ချက်ကတော့ ဆီအနည်းငယ်လေးသာ ပါတဲ့အတွက် မအီဘဲနဲ့ အနံ့လေး မွှေးနေတာကြောင့် ထမင်းပိုမြိန်မှာ သေချာပါတယ်။ ပြီးတော့လည်း ကြက်သားကို ဆီပြန်ဟင်း ချက်ရင် အရိုးဖြစ်တဲ့ ခြေထောက်၊ တောင်ပံတို့ကို သိပ်မစားကြပါဘူး။ ဒါပေမဲ့ ကချင်ချက် မှာတော့ အရိုးတွေပါ စားကောင်းတာမို့ အရိုးများတဲ့အပိုင်း၊ အသားများတဲ့အပိုင်းရယ်လို့ ခွဲခြားစရာမလိုဘဲ အားလုံးစားလို့ ကောင်းပါတယ်. ကျွန်မတို့ဘက်မှာ တစ်ချို့ စားသောက်ဆိုင်တွေဆိုရင် ရင်ပုံ၊ ပေါင်၊ စသဖြင့် အသားများတဲ့ နေရာတွေကို အခြားဟင်းတွေလုပ်ပြီး အရိုးများတဲ့  ခြေထောက်၊ ခေါင်း၊ တောင်ပံ စတာတွေကိုတော့ ကချင်ချက် ချက်ရောင်းကြပါတယ်။ အဓိက ပြောချင်တာက ကချင်ချက်ဟာ အရိုးရော အသားပါ စားလို့ကောင်းပါတယ်လို့ ကြော်ငြာဝင်တာ ဖြစ်ပါတယ်ရှင်.. :P


Image Hosted by PicturePush - Photo Sharing

ပထမဦးစွာ ကြက်သားချက်ဖို့ ရေစင်အောင်ဆေးပြီး အနေတော်အတုံးများကို တုံးပါတယ်.. အများ အားဖြင့်တော့ ကချင်ချက်ကို အတုံးအသေးလေးတွေ တုံးကြတာများပါတယ်။ ပြီးတော့ ကြက်သွန်နီကို ပါးပါးလှီး၊ ကြက်သွန်ဖြူ ထောင်းထည့်၊ ခရမ်းချဉ်သီးထည့်၊ ငရုပ်သီးစိမ်းများများ၊ ရှမ်းနံနံ၊ ပင်စိမ်း၊ ဖက်ဖယ်ရွက် စတဲ့ ဟင်းခတ် အမွှေးအကြိုင်ရွက်တွေကို ပါးပါးလှီးထည့်ပါတယ်။ မက်လင်သီး (သို့မဟုတ်) ချဉ်စော်ခါးသီး အခြောက်ကို ရေဆေးပြီး ခပ်ငယ်ငယ်တုံးပြီး ထည့်ပါတယ်.. ကချင်ချက်မှာ အချဉ်နဲ့ အစပ်က အဓိကမို့ အချဉ်အရသာဖြစ်တဲ့ မက်လင်သီးအခြောက်က မပါမဖြစ် ဖြစ်ပါတယ်.. တကယ်လို့ မက်လင်သီး၊ ချဉ်စော်ခါးသီး မရနိုင်ရင် ဟင်းကျက်ခါနီးမှာ သံပုရာသီးလေး ညှစ်ထည့်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
အရောင်တင်ငရုပ်မှုန့်၊ ဆားအနည်းငယ်၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ ဆီအနည်းငယ်တို့ ထည့်ပြီး သမအောင် မွှေပါတယ်.

 
ဒါကတော့ ချက်မဲ့အိုးထဲမှာ အသားရော အဆာပလာတွေရော တစ်ခါတည်း ထည့်ထားတာပါ။ ကချင်ချက်ဟာ ဆီသတ်ဖို့မလိုဘဲ တန်းပြီး လုံးချက်ချက်ရတာဖြစ်ပါကြောင့် ဆီကုန်လည်း သက်သာပါတယ်..း)

အဆာပလာ အားလုံးထည့်ပြီး နယ်ပြီးသား ကြက်သား

Image Hosted by PicturePush - Photo Sharing 
ရေထည့်ပြီး ချက်လိုက်ပါပြီ... ကြက်သားနူးရင် အရသာ အပေါ့အငံမြည်းပြီး ချလို့ရပါပြီ..

Image Hosted by PicturePush - Photo Sharing

လျှင်ရင်းမြက်မဲ့ ကြက်သားဟင်းတစ်ခွက်ပါ။။။ ဟင်းအိုးကျက်မှာ ဖက်ဖယ်၊ ရှမ်းနံနံတို့ကို ထပ်ထည့်ပါတယ်.. အနံ့ပိုမွှေးအောင်လို့ပါ။





Image Hosted by PicturePush - Photo Sharing

ဒါလေးလဲ ကချင်ချက်ပါလို့...



~~~~~~~~~~~@@@@@@~~~~~~~~~~~~

နောက်ထပ် ဟင်းတစ်မည်က ငါးခူကို ချဉ်စပ်လေး ချက်တာပါ။ ချက်ပုံက အပေါ်ကနည်းနဲ့ သိပ်မထူးပါဘူးရှင်။


ငါးခူကို ရေစင်အောင်ဆေး၊ အကွင်းလေးတွေ လှီးပြီး ဆား၊ အရသာမှုန့်၊ ကြက်သွန်ဖြူ၊ ငရုပ်သီး နှိုင်းချင်း၊ အရောင်တင်မှုန့်၊ ငံပြာရည်တို့နဲ့ နယ်ပြီး ရေခဲသေတ္တာထဲမှာ တစ်နာရီ၊ ၂နာရီခန့်ကြာအောင် ထားထားလိုက်ပါတယ်.. အရသာတွေ အထဲဝင်အောင်ပါ။ 



Image Hosted by PicturePush - Photo Sharing
ချက်ဖို့ အဆင်သင့်ဖြစ်ပြီ။


Image Hosted by PicturePush - Photo Sharing

 ချက်မဲ့အိုးထဲထည့်ပြီး ကြက်သွန်နီ၊ ခရမ်းချဉ်သီး တို့ကို ထည့်ကာ ရေထည့်ပြီး ချက်လိုက်ပါတယ်. ငါး ကျက်ခါနီးမှာ ရှမ်းနံနံ၊ ဖက်ဖယ်တို့ကို ထည့်လိုက်ပြီး သံပုရာသီးကို ညှစ်ထည့်လိုက်ပါတယ်.. ဆီလုံးဝ ထည့်မချက်ထားပါဘူး။


Image Hosted by PicturePush - Photo Sharing

ထို့နောက်မှာတော့ သံပုရာနံ့မွှေးမွှေးနဲ့ ငါးခူချဉ်စပ်ဟင်းရပါပြီ။.. 


Image Hosted by PicturePush - Photo Sharing

ငါးခူချဉ်စပ်

Image Hosted by PicturePush - Photo Sharing 
ကချင်ပြည်နယ်မှာ ဟင်းချက်ရင် ထည့်ချက်စားလေ့ရှိတဲ့ ဟင်းခတ်အရွက်တွေပါ။ အပေါ်ကဟင်းတွေမှာ ဒီအရွက်တွေ ထည့်ပါတယ်.. အလယ်က အရွက်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ရှမ်းနံနံပါ.. ရှမ်းနံနံဟာ ဘေးဘက်မှာ လွှသွားတွေလို ရှိတာမို့ ( Saw leaves) လို့ ခေါ်ပြီး ဘယ်ဘက်က အရွက်ကတော့ ပင်စိမ်းရွက် ( Basil leaves) ပါ။

Image Hosted by PicturePush - Photo Sharing

ကချင်ဟင်းချက်ရင် မပါမဖြစ် အသုံးပြုတဲ့ ဖက်ဖယ်ရွက်ပါ.. အင်္ဂလိပ်လို ( Praew leaves (or) Vietnamese coriander) လို့ပြီး စင်္ကာပူမှာတော့ Laksa leaf လို့ ခေါ်ပါတယ်။

Image Hosted by PicturePush - Photo Sharing 
ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ကြက်သား၊ ငါး၊ အမဲသားတို့ကို ခုလို ဖက်ရွက်တွေနဲ့ ထုပ်ပြီး  ရောင်းချတတ်ကြပါတယ်။

Image Hosted by PicturePush - Photo Sharing

 ငါးကချင်ချက်ပါ

အဲဒီလို ချဉ်စပ်ဟင်းလေးတွေနဲ့ ကချင်ပြည်နယ်ရဲ့  ခေါင်ရည်နဲ့ မြည်းလိုက်မယ် ဆိုရင် ဆွေမျိုးမေ့ သွားမှာဖြစ်ပါကြောင်း ရောက်ဖူးတဲ့သူတွေက ပြောပြကြပါလိမ့်မယ်နော်..း)

Image Hosted by PicturePush - Photo Sharing


သိပ်စပ်ရင် အချိုပွဲစားလို့ရအောင်... အသီးစုံနဲ့ ကျောက်ကျော




ဒီတစ်ပတ်တော့ ချဉ်ချဉ်စပ်စပ် ကချင်ချက်ဟင်းတွေ ဖြစ်ပါတယ်... အားလုံးအတွက် Happy Weekend ဖြစ်ကြပါ စေရှင်။



Image Hosted by PicturePush - Photo Sharing

31 Responses to “ကြက်သားကချင်ချက်၊ ငါးခူချဉ်စပ်..”

camomilla said...

တီချောရဲ့ ကချင်ဟင်းတွေလာမြည်းသွားပါကြောင်း~~
အချိုပွဲပါတစ်ခါတည်း တည်းသွားလိုက်တယ်နော်

rose said...

ကြက်သားကချင်ချက်ရော၊ ငါးခူချဉ်စပ်ဟင်းပါ စားသွားပြီနော် အစ်မချော...။ အခုလို ချက်နည်းကို ဓာတ်ပုံလေးတွေနဲ့ သေသေချာချာ ရှင်းရှင်းလင်းလင်း ရေးပေးလို့ ကျေးဇူးနော်။ လုပ်စားကြည့်ဦးမယ်း)))

Baby taster said...

အယ် သူလေး အမျုးမျိုး ချက်စားပြနေပါလားနော်း-/
အငြိုးကြီးစွာပဲ ချက်ကို စားပြအုံးမယ် :P
ဒါနဲ့ ရှင် ဘုန်းကြီးဆွမ်းကပ်တဲ့ အချိုပွဲတွေတော့
ဓါတ်ပုံ ရိုက်တင်တာ ဟုတ်ပါဘူးနော်
အချိုပွဲတောင် ဒီလောက် အများကြီးစားရသလား
ချွေးမလေးရဲ့ သားမွေးရမှာတောင် ရင်လေးစရာနော် :P
ဒါနဲ့ စတာနော် အတည် :P

Iora said...

အဲလိုဟင်းတွေဆိုကိုယ်ကကြိုက်ပြီးသား။
ချက်ကြွေးမဲ့သူရှိရင်ကောင်းမှာဘဲ။။။။း)))
အိုင်အိုရာ

ကိုကိုမောင်(ပန်းရနံ့) said...

ကြက်သားတွေချည်း စားနေရတော့ အီနေပြီ။ မစားချင်တော့ဘူး။ ဒါပေမဲ့ အခုလိုလေး ချက်ရင်တော့ အတော်စားကောင်းမဲ့ပုံဘဲ။ နီးစပ်ရာကို ချက်ခိုင်းဦးမှ။း))
ကိုယ်တိုင် သိပ် လုပ်တတ်မယ်မထင်လို့။

မရောက်တာ အတော်လေး ကြာသွားတယ်။
အမချောကတော့ ပန်းပန်လျှက်ဘဲနော်။

ခင်မင်လျှက်

AH said...

လျှာရင်းမြက်မှာတော့ သေချာတယ်မချောရေ.. ခုတောင် သွားရည်ကျနေပြီ ရှလွတ်.... ဖက်နဲ့ထုပ်ရောင်းတာတဲ့ ဓလေ့လေးကို သဘောကျတယ်ခင်ဗျ၊ မဟုတ်ရင် တစ်မြို့လုံး ကြွတ်ကြွတ်အိပ်တွေ ဖြစ်ကုန်တော့မှာ၊ ရေစင်အောင်ဆေးပြီး အဲ့ဒီလိုလေး ထုပ်ရောင်းတော့ ဖက်နံလေးတောင် သင်းသင်းလေးနဲ့ ပိုစားလို့ကောင်းမှာ။ အားပေးသွားတယ်နော်.........

မရေ
ကြက်သားကချင်ချက်လုပ်စားဖြစ်အောင်စားဦးမယ် သိလား

မဒမ်လွင်ပြင်ကို ဖတ်ခိုင်းပြီး ချက်ကျွေးခိုင်းအုံးမှ
အခုတော့ ပုံလေးတွေနဲ့ပဲ ဗိုက်ဖြည့်သွားတယ်
ကျေးဇူးပါနော်

ငါးဖယ်နဲ့ ကြက်သား ဆီပြန်အပြင် နောက်ထပ် အသစ်ချက်စရာ ဟင်း ၂ မျိုးရသွားပြီ။ ဖတ်ရရုံနဲ့ ဗိုက်က ဆာလာပြီ...:)

အေးတဲ့ရာသီမှာ ချဉ်ချဉ်စပ်စပ်ကို ပိုအာသီသဖြစ်သလိုပဲ။
အချိန်ကောင်းလေးနဲ့ တင်ပေးတဲ့ပို့စ်ပေါ့နော်။
ဟင်းထုပ်လေးတွေလုပ်စားကြည့်ချင်တယ်။
ဖက်မရှိတာခက်တယ်။
ချောရေ
ဖက်ပေးပါ။
း)

ဂလု... :D.. သွားရည်တမြားမြားကျသွားပါ၏..

ခင်မင်လျက်
နေ၀သန်

rose of sharon said...

ဆီမပါတဲ့ချဉ်စပ်ဟင်းလေးတွေ အရမ်းကြိုက်တယ်....

ဝါးးးးးးး စားချင်တယ်မမရာ ချဉ်စပ်ဟင်းလေးတွေ...:)

Cameron said...

ကြက်ကချင်စပ်စပ်လေးစားသွားတယ် ပြီးတော့ အချိုပွဲကိုပိုအားပေးသွားတယ် ငါးတော့မကြိုက်ဘူးချောရယ်...။

ပူပူလောလောလေး စားရရင် သိပ်ကောင်းမယ်ထင်တယ် အစ်မ။ ဆီမပြန်တဲ့ အရည်စပ်စပ် ဟင်းလေးတွေ ပူပူလောလောလေး အိမ်မှာပဲ စားရတယ်။ ခုတော့ ထိုင်းက လမ်းဘေးဆိုင်တွေမှာလည်း ခပ်စောစော သွားဝယ်လိုက်ရင် အဲ့သည်လို (ဒေသစာလိုမျိုး) တွေ ရတတ်ပါတယ်။ ဆီပြန်ထက် အဲ့လိုဟင်းတွေ စားရတာပို နှစ်သက်မိတယ်။ တိုင်းရင်းသားတွေပဲ ဒါမျိုး စားတတ်သလားပဲ။ ရန်ကုန်မှာတော့ ဆီပျံမှ ဆီပျံပဲဗျာ စိတ်ကုန်တယ်။

ဖယ်ဖယ်ရွက်တော့ မြင်ဖူးယုံပဲ စားဖူးသေးဘူး။

ဘိုင်သဝေး .... အစ်မ ဆီသတ်ရမှာ ပြင်းတိုင်း တိုင်းရင်းသားဟင်း ဆိုပြီး ခေါင်းစဉ်တပ်တာ မသိပဲ နေမလား အဟီး :D :D :D

Anonymous said...

ခုပဲ..ထမင်းကျက်တာ..
အစ်မဟင်းတွေနဲ့..အတော်ပဲဗျို့း)
အချိုပွဲတွေလည်း..အ၀.တီးသွားတယ်အစ်မရေး)
အချိုပွဲက..ဒီလောက်များနေပုံထောက်တော့
ဧကာနတော့..ဧကာနပဲ..နော်..အစ်မးP
ချစ်ခင်စွာဖြင့်
မိစံ

ဟန်ကြည် said...

ကြက်ကချင်ချက်...ကြိုက်လှပေါ့...မကြာမကြာ ၀ယ်စားဖြစ်တယ်...ဒီမှာတော့ စပါးလင်နိုင်ချင်းနဲ့ ချက်ကြတာပါပဲ...မအီဘဲ ချဉ်ချဉ်စပ်စပ်နဲ့မို့ ခံတွင်းအတော်လိုက်တဲ့ ဟင်းပေါ့...

ကချင်ဟင်းတွေနဲ့ ခေါင်ရည်နဲ့...အင်း...

ခေါင်ရည်အကြောင်းမပြောစမ်းပါနဲ့ ဒေါ်ချောရယ်...အနံ့တောင်ခံနိုင်တာမဟုတ်ဘူး...( အနံ့ရရင် သောက်ချင်လွန်းလို့...းးး)))

တစ်ခါလောက်တော့ ကချင်ပြည်နယ်ကို လာလည်ဦးမှပါ...ပုံတွေပဲ ကြည့်နေရတာ အားမရချင်ဘူးဖြစ်နေလို့...ဒါပေမယ့် ဗြောက်အိုးဖောက်ပွဲတွေပြီးမှပဲ လာတော့မယ်...အတိုတစ် အရှည်တစ် ဖြစ်မှာတော့ ကြောက်ပါ့...

Q-te said...

တီချော ဒီနေ့ ဖယ်ဖယ်ရွက် ၀ယ်လာတာ အနံက ကွမ်းရွက်အနံ့နဲ့နည်းနည်းတူလားဟင် တီချော Qt တခါမှမစားဖူးဖူး တီချောချက်တာ အားကျပြီးချက်စားမလို့

ဖတ်ရင်းနဲ့ ဘယ်နခါ ဂလုမှန်းမသိ ဂလုသွားပါတယ်။ ဗိုက်တောင်ဆာလာတယ် အန်တီချောရေ..။

CellMoe said...

ကြက်တစ်ကောင်ချက်ပြီးတစ်မြို့လုံးကိုခေါ်ကျွေးတယ်
ရောက်လာတာနောက်ကျတော့ကျွန်တော်ဆိုရင်ကြက်အရိုးတောင်မကိုက်လိုက်ရဘူး

blackroze said...

ငါးခူချက်စားချင်တယ်..ရှလွတ်
အချိုပွဲကလဲ အလယ်ကဂျယ်လီပန်းကန်
လေးက မျက်စပြစ်ပြီး
ပစ်ပစ်ကိုမြူဆွယ်နေတယ်..

San San Htun said...

ဗိုက်ဆာသွားတယ် မချောရေ...

PhyoPhyo said...

စားချင်စရာ ကြက်သားကချင်ချက်ဆိုတာနဲ့ ဂွီခနဲပဲ ဗိုက်ထဲက။ မက်လင်ချဉ်အစား တခြားအသီးခြောက်အချဉ်ထည့်ချက်ရင်ရလားမသိဘူး။
အင်္ဂလိပ်လိုနာမည်လေးတွေထည့်ပေးလို့၊ ကျေးဇူး
ချစ်တဲ့
pp

Anonymous said...

အဲ့ဒီ့ ကြက်ကချင် ဟင်းကို
အရမ်းကြိုက်တာ ..
ဟုတ်တယ် ..
အရိုးရော ..အသားရော
စားလို့ကောင်းတယ် ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

Unknown said...

ဟာ.. တော်တော်စားကောင်းမယ့်ပုံပဲဗျာ။ သွားရည်တွေတောင်ကျတယ်။ အချိုပွဲတွေလည်း များလှပါလား..

မချော ရေ အပြင်မှာတွေ့ရင် ချက်ကျွေးမလား။ မိုဘာက အဖြူလေးကို ခင်တယ်မလား - ချက်ကျွေးနော်.. ဟိဟိ

ခင်လျက်
ဂျွန်မိုး

Unknown said...

ဟား....တကယ်ကို သွားရည်ယိုစရာတွေ.. ကချင်ချက်ကို တခါမှ မစားဖူးဘူးဗျ
မချောရေ အပြင်မှာတွေ့ရင် ချက်ကျွေးမလား .. ဟိ
မိုဘာက အဖြူလေးကို ခင်တယ်မလားဟင်.. ခင်ရင် ချက်ကျွေးပါဗျာနော်.. :P

ခင်လျက်
ဂျွန်မိုး

mstint said...

ကချင်ချက်နည်းလေး သဘောကျတယ် ချဉ်စပ်လေးတွေဆိုတော့ အအီပြေတယ်။
ကချင်ဟင်းချက်ရင်မပါမဖြစ် အသုံးပြုတဲ့ဖက်ဖယ်ရွက်ကို အခုပထမဆုံးအကြိမ်ကြားဘူးတာပဲ ချောရေ။
ပင်စိမ်းရွက် ရှမ်းနံနံရွက်တို့ကိုတော့ ငါးပေါင်းရင် ငါးကင်ရင် ထည့်ထည့်သုံးလို့သိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပုံတွေကြည့်ပြီးစားချင်လိုက်တာဗျာ။ ကချင်ချက်တဲ့လား။ ရောက်ဖြစ်ခဲ့ရင်ဝယ်စားကြည့်ဦးမယ်ဗျ။ ကောင်းမယ်ထင်တယ်။ ကျွန်တော်က အစပ်ချက်လည်း သဘောကျ၊ အီတာလည်းမကြိုက်ဆိုတော့ အကြိုက်ပဲ။ သစ်သီးတွေကများလိုက်တာဗျာ။ ဘယ်နှစ်ယောက်စာတုန်းဗျ။

T T Sweet said...

ကြက်ကချင်ချက်စားချင်တာ အရွက်တွေအစုံမရှိတော့ ချက်လို့မရဘူး။ ပင်စိမ်းလေးထည့်လဲ ကောင်းတာပဲ မဟုတ်လား။ နောက်အပတ် လိုက်ရှာဦးမယ်။

Anonymous said...

မချောကလဲသူများတွေစားချင်အောင်တမင်လိုက်ရေးနေပြန်ပြီ ဗိုက်ဆာလာပြီဗျာ

Anonymous said...

ညီမ ကြက်ကချင်ချက် စားဖူးသွားပြီ။ အနံ့ မွှေးတယ် ဒါပေမဲ့ အဲဒီထဲက အရွက် တမျိုးက မန်ကျဉ်းရွက်လိုမျိုး ဘာအရွက်လဲ မသိဘူး။ အနံ့ မွှေးတယ်
ကြက်ကချင်ချက် အရသာကို သဘောကျ သွားလို့  ပြန်ချက် ကြည့်အုန်းမှဘဲ