ဖားကန့် သို့မဟုတ် ဒဏ်ရာများနဲ့ မှော်နယ်မြေ...

ကျွန်မတို့ ဖားကန့်တစ်ခွင်ရဲ့ တောင်ပေါ်လမ်းတွေ၊ မြေလမ်း ကြမ်းကြမ်းတွေကို နေပူပူ၊ ဖုန်ထူထူမှာ မျက်နှာ ဖုံးတွေ၊ ဦးထုပ်တွေနဲ့ ကာဗာ ယူပြီးသကာ မှော်နယ်မြေအနှံ့ ခြေဆန့်ကြပါတယ်။ အားလုံးလည်း ကျွန်မနဲ့ အတူတူ ဖားကန့် မှော်နယ်မြေရဲ့ ပတ်ဝန်းကျင်ရှုခင်းများကို ကြည့်ရှုကြရအောင်လားနော်...


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

တောင်တန်းတွေကို တစ်ပိုင်းတစ်စ တူးဖော်နေတဲ့ ကျောက်စိမ်းလုပ်ကွက် တစ်နေရာ
Image Hosted by PicturePush - Photo Sharing
တူးကြ ဆွကြ ရှာဖွေကြ
Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

 တောင်နံရံတွေကို ဖြိုဖျက်၍




Image Hosted by PicturePush - Photo Sharing

ဒီလိုသာတူးနေရင် နောင်တစ်ချိန်ကျ ဖားကန့်ဆိုတာ မြေပုံပေါ်မှာ ရှိပါဦးမလား


ဖားကန့်တစ်ခွင်မှာ နေရာတိုင်း ကြည့်လေရာရာတိုင်းဟာ ကျောက်တူးနေတဲ့ လုပ်ကွက် အကြီးစားတွေနဲ့သာ ပြည့်နေပြီး  ယခင်က စိမ်းစိမ်းစိုစို တောင်တန်းတွေဟာ ခုလို ဖြိုချခံထား ရပြီးတဲ့ လုပ်ကွက်တွေသာ ဖြစ်နေခဲ့ပါပြီ။ သဘာဝ အလှအပဆိုတာ ရှားရှားပါးပါး လိုက်ရှာရမဲ့ နေရာတစ်ခု ပါ။ ပြီးတော့လည်း ခုလို ကုမ္ပဏီများစွာတို့က အပြိုင်အဆိုင် အကြိတ်အနယ် တူးဖော် ရှာဖွေနေ လိုက်ကြ တာဟာ နောင်တစ်ချိန်မှာ ကျောက်စိမ်းဆိုတာ မြင်ချင်လို့တောင် မမြင်ရတော့မဲ့ ရှားပါး ပစ္စည်း ဖြစ် သွားတော့မှာ သေချာပါတယ်။ မြင်နေရတဲ့ အတိုင်းပါဘဲ.. ဖားကန့်ဆိုတဲ့ ကျောက်စိမ်း နယ်မြေဟာ လူတွေ ရဲ့ လောဘနဲ့ တူးကြဆွကြ၊ မြေလှန် ရှာဖွေကြတဲ့အတွက် ကမ္ဘာမြေပြင်ဟာ အပိုင်း ပိုင်း ပြတ်တောက်လို့ ဒဏ်ရာ ဒဏ်ချက်များနဲ့ ဖြစ်နေခဲ့ပါပြီ။


တောင်လိုမြင့်မားတဲ့ မြေစာပုံကြီးများ

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
ကျောက်တူးပြီး မြေကြီးတွေ ဖယ်ပစ်လိုက်လို့ ကျင်းကြီးဖြစ်သွားတဲ့နေရာမှာ ပြန်မဖို့ဘဲ ထားလိုက်တော့  ရေကန်ကြီးလိုဖြစ်လာ
Image Hosted by PicturePush - Photo Sharing 
ဒီမှာလည်းတစ်ခု

Image Hosted by PicturePush - Photo Sharing


ဟိုးယခင်တုန်းကတော့ ကျွန်မတို့ ဖားကန့်ဒေသမှာ ကျောက်တူးတယ်ဆိုတာ ခုလို စက်တွေ၊ ဘက်ဖိုးတွေ၊ မြေသယ်ကားကြီးတွေနဲ့ တူးကြတာမျိုးမဟုတ်ဘဲ သံတူရွင်းတွေ၊ ဂေါ်တောင်းတွေ စတဲ့ ပစ္စည်းတွေနဲ့ အတူ လူအင်အားနဲ့သာ တူးဖော်ကြတာမို့ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုနှုန်းက ခုလောက် မမြန်ဆန်ပါဘူး.။ ခုချိန်မှာတော့ ကုမ္မဏီ လုပ်ကွက်တွေက စက်တွေ၊ ကားတွေ များစွာနဲ့ အပြိုင်အဆိုင် အလုအယက် တူးဖော်ကြတော့ ပျက်စီးမှုနှုန်းထားက အံ့မခန်း မြန်ဆန် လွန်းလှပါတယ်။ တစ်နှစ်ထက် တစ်နှစ် ပြောင်းလဲသွားတဲ့ မြင်ကွင်းတွေက မယုံနိုင်စရာ ကောင်းလောက်အောင်၊ မမှတ်မိနိုင်လောင်အောင် အပြောင်း အလဲ မြန်လွန်းလှပါတယ်။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ပုံထားတဲ့ မြေစာပေါ်မှာ ရေမဆေးရှာကြသူများ  



Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing
Image Hosted by PicturePush - Photo Sharing

 
Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing

ဒါတွေက ရွှေမျှောလုပ်ကွက်တွေပါ။


ဖားကန့်ရတနာမြေဟာ ကျောက်စိမ်းတင်မက ရွှေပါထွက်တာမို့ ဥရုချောင်းနဲ့ မှော်တစ်လျှောက်မှာ ခုလို ရွှေမျှော လုပ်ကွက်တွေ မနည်းမနော ရှိနေပါတယ်.


Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing



Image Hosted by PicturePush - Photo Sharing




 
Image Hosted by PicturePush - Photo Sharing


မြို့ရွာတွေနားက မြေကြီးတွေ ဒီလိုကပ်ပြီးတူးတဲ့အခါ အဲဒီရွာတွေရဲ့ နောင်ရေးက စဉ်းစားစရာ..


တစ်ချိန်ကတော့ တောတောင် သစ်ပင်တွေနဲ့ စိမ်းစိုလှပ သာယာခဲ့ပြီး၊ ကြည်လင်သန့်ရှင်းတဲ့ ဥရုချောင်းကလေး ခွေကာရစ်ကာ စီးဆင်းနေတဲ့ ကျွန်မရဲ့ ဇာတိမြေဟာ ခုတော့ဖြင့် မကြည်မလင် ညိုးရော်ကောက်ကွေ့စွာ စီးဆင်းနေခဲ့ရပါပြီ။ တောင်တွေပြုန်းလို့ တောတွေကတုံးဖြစ်ကာ မြေမညီမညာ၊ ချိုင့်ဝှမ်း၊ အင်းအိုင်တွေနဲ့  မြင်တွေ့ရပုံဟာ သံဝေဂယူမယ်ဆိုရင် သံဝေဂ ရစရာကောင်းတဲ့ မြင်ကွင်းတွေ ပါ.. ဒေသခံတွေ အတွက်ကတော့ ဟိုးအရင်တုန်းကနဲ့ မတူအောင် ပူပြင်းလာတဲ့ ရာသီဥတုက ဥတုရာသီ တောကိုမှီဆိုတဲ့ စကားလို တောတောင်မရှိတော့ ရာသီဥတုကလည်း ပိုပြီး ပူပြင်းလာတာကို သက်သေပြလို့ နေပါတယ်။

 
Image Hosted by PicturePush - Photo Sharing



ကျွန်မတို့ ဖားကန့်တစ်ခွင်ရဲ့မြေပြင်အနေအထား  ဖြစ်ပျက်နေ ပုံကိုကြည့်ပြီး တန့်ယန်း ဆရာတော် စဝ်ဆုခမ်း - (အရှင်သုခမိန္ဒ) ရဲ့ လောကနဲ့ လောဘ ဆိုတဲ့ စာသားလေးကို ဖားကန့် မှော်နယ်မြေ နောက်ခံနဲ့ ရိုက်ထားတဲ့ အပေါ်ကပုံနဲ့ ကွက်တိကို ကျနေတော့တာပါဘဲလေ...လူတွေရဲ့ လောဘမကုန်သေးသရွေ့၊ ကျွန်မတို့ ဖားကန့်ကလူတွေလည်း ရင်ခုန်နေရဦးမှာပါ။ ရင်ခုန်ရတယ် ဆိုတာက ငါတို့အိမ်ကလေး ဘယ်တော့များ မြေစာပုံအောက် ရောက်မလဲ၊ ဒီနှစ်လဲ မိုးရွာရင် ချောင်းရေက ဘယ်လောက်ထိ နှစ်ဦးမှာလဲ စသဖြင့်  တွေးတော ပူပင်ပြီး ရင်ခုန်နေရတာကို ဆိုလိုတာပါ။

ဒါကြောင့်လည်း ကျောက်စိမ်းတူးဖော်တဲ့ လုပ်ကွက်တွေကို စနစ်တကျ  လုပ်ကိုင်စေမယ်လို့ သတင်းတွေ ထွက်လာတာဟာ ဖားကန့် နယ်မြေခံ တစ်ယောက်အနေနဲ့ ဝမ်းသာကျေနပ်မိတဲ့ သတင်းကောင်း ဖြစ်ပါ တယ်..

ဖားကန့် ကျောက်တွင်းတွေအကြောင်းတော့ စာတွေအများကြီး ရေးခဲ့ပြီးပြီမို့ ရှည်ရှည်ဝေးဝေး မရေးတော့ဘဲ ပုံတွေသာ များများ တင်လိုက်ပါတယ်.. ပုံတွေကြည့်ပြီး ဖားကန့်ကျောက်စိမ်းတွင်းကို မြင်ယောင်ကြည့်ရင် သိနိုင်ပါပြီနော်။ ဖားကန့်အကြောင်း စာတွေ အသေးစိတ်ဖတ်ချင်သေးရင် ဖားကန့်မှော်နယ်မြေ အကြောင်းများ ဆိုတဲ့ခေါင်းစဉ်အောက်မှာ ရှာကြည့်ပါလို့သာ ညွှန်းဆိုလိုက်ပါတယ်ရှင်.



Image Hosted by PicturePush - Photo Sharing

30 Responses to “ဖားကန့် သို့မဟုတ် ဒဏ်ရာများနဲ့ မှော်နယ်မြေ...”

ဒီပုံတွေကြည့်ရင်းနဲ့ တအားနှမြောတာပဲ...း((

ခင်မင်လျက်
နေ၀သန်

Anonymous said...

It is too late already.

The main responsible person are local government, Myanmar government and local people. Because they allow to become this situation.

This is happening because of their greed. Some local people also enjoy this situation. They don't think about their future and their next generation.

ဓါတ်ပုံတွေကြည့်ပြီး ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်ကို နှမြောမိတာအရမ်းပဲ။ စနစ်တကျလုပ်ကိုင်နိုင်ပါစေလို့ပဲ မျှော်လင့်မိပါတယ်။
ချစ်တဲ့
သဒ္ဓါ

CellMoe said...

ဖားကန့်နယ်မြေအကြောင်းဖတ်ရတာစိတ်မကောင်းစရာပါဘဲ,,အခုမှကျောက်စိမ်းတူးဖေါ်တဲ့လုပ်ကွက်တွေကိုစနစ်တကျလုပ်ကိုင်စေမယ်ဆိုပေမယ့်အခါနှောင်းနေပါပြီ

Anonymous said...

ဒီလို တူးဖော်တာ လူတဦးတယောက်တာချမ်းတာစေတယ်။အများပြည်က ဘာမှမခံစားရဘူး။နှမျောစရာပဲ။နော်ဝေနိုင်ငံမှာဆိုရင် ထွက်တဲ့ ရေနံ သူတို့အကုန်မသုံးဘူး။နောင်တချိန်မှာ ရေနံကုန်မယ်ဆိုတာ သူတို့သိတယ်။ဒါကြောင့်ရေနံနဲ့ရတဲ့ ဝင်ငွေနဲ့ နိုင်ငံခြားမှာ မြေကွက်တွေ ဟိုတယ်တွေဝယ်တယ်။ ရေနံကုန်ရင် အမြဲဝင်ငွေရမယ့်အလုပ်မှာ မြှုပ်နှံကြတယ်။ဥပမာ ဟိုတယ်ဝယ်တယ် ၀င်ငွေမကောင်းရင် ပြန်ရောင်း ဒါဆိုရင် အနည်းဆုံး အရင်းတော့ ပြန်ရတာပေါ့။
မြန်မာအရာရှိတွေ လည်းဒီလို တွေးစေချင်တယ်။
ကျောက်စိမ်း မက ၀င်ငွေ အားလုံးမဟုတ်ရင်တောင် ဆယ်ပုံတပုံပေါ့။
ကျနော်တို့ မြန်မာတွေရဲ့ အနာကတ်က မတွေးရဲ စရာပဲ။
ကျနော်တောင်မှ ဒီလိုတွေးရင် ပညာရှိတွေပိုပြီးတွေးစေချင်။
စေတနာနဲ့ပြောတာပါ။

ကျွန်တော်လည်း ဓာတ်ပုံတွေကြည့်ပြီးသံဝေဂရမိပါတယ်။ လူတွေရဲ့လိုအင်တွေမပြည့်သေးသရွေ့ တစ်ဖက်မှာနစ်နာဆုံးရှုံးမှုတွေဟာ ပရပွပါလားလို့ တွေးမိပါတယ်။ ဖားကန့်ဟာဘာမျှမကျန်တော့တာတောင် လှနေတုန်းပါပဲလားဗျာ။ ကျန်များကျန်ရင် တွေးစရာတောင်မလိုပါဘူး။ အေးဗျာ။ ဆက်လက်ရှင်သန်နိုင်ပါစေလို့သာ ဆုတောင်းရတာပါပဲ။ ပုံတွေတော်တော်သဘောကျမိပါတယ်။

PhyoPhyo said...

သဘာဝတရားက ဆန်းကြယ်တယ်။
ပေးနိုင်သလောက်ပေးထားတာပဲ။
ပေးနိုင်တာထက် ပိုလိုချင်ကုန်တော့ တွင်းတွေပိုများကုန်တာပေါ့။
တူးချင်တဲ့သူတွေက အိမ်တွေအောက်မှာ ဘာရှိမလဲ ဆိုပြီး ဖယ်ပြီးတောင် တူးချင်နေမလားပဲ။
ဖားကန့်အမြဲရှင်သန်နိုင်ပါစေ။
ရှင်သန်နိုင်ပါစေလို့ တောင်းရတဲ့ဆုတွေကလည်း အများသားရယ်။
ချစ်တဲ့
pp

သဘာဝ တရားအတိုင်းလှပနေတဲ့ တောင်တန်းတွေ ကျောက်တောင်တွေဟာ လူတွေရဲ့ လောဘ၊ အတ္တတွေကြောင့် ပျက်စီးကုန်ကြရသလို၊ သဘာဝ ဘေးအန္တရာယ်တွေဟာလည်း ခဏခဏ ရိုက်ခတ်ခံနေရတာဟာဖြင့်... စိတ်မချမ်းသာစရာပဲနော်။
ဖားကန့် ဒေသရဲ့ ကျောက်လုပ်ကွက်၊ ရွှေလုပ်ကွက်တွေဆီကိုမရောက်ဖူးပေမယ့် အခုလို ပုံတွေနဲ့ ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ချောရေ...

ဖားကန့်ဒေသလေးလည်း...တွေးတောပူပင် ရင်ခုန်နေရတဲ့အချိန်လေးများ ကင်းဝေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

ခင်မင်စွာဖြင့်..
ဇော်သိင်္ခ

myitkyeenar said...

မြန်မြန်ကုန်သွားမှ အေးမယ်။ မြန်မြန် ကုန်ပါစေဗျာ။

Nyi Linn Thit said...

မချောပြောသလို ပါပဲ၊ ကြည့်လေရာရာမှာ စိမ်းစိမ်းစိုစို ဆိုတာ မရှိတော့ဘဲ မြေကမူတွေ၊ ကျင်းချိုင့်တွေနဲ့ပဲ အကျည်းတန် နေပြီ၊ နာမည်ကြီးလှတဲ့ ဖားကန့်ကို ဓါတ်ပုံတွေနဲ့ ဝေဝေဆာဆာ ကြည့်ရလို့တော့ ကျေးဇူး တင်ပါတယ် မချောရေ..၊ စိတ်တော့ မကောင်းပါဘူး..။

ဒဏ်ရာများနဲ့ မှော်နယ်မြေ...တဲ့လားမမ..နာမည်လေးကိုက ရင်ထိစရာ... ဗဟုသုတတွေအတွက် ကျေးဇူးပါမမ..

jr said...

ချောရေ..
ဖားကန့်ကို ကြားပဲ ကြားဖူးတယ် မရောက်ဖူးဘူး။
ဓါတ်ပုံတွေထဲမှာ လာလည်သွားပါတယ်။

ခင်မင်လျှက်

AH said...

သယံဇာတ မရှိတဲ့ ကျွန်းနိုင်ငံလေးက အရှေ့တောင်အာရှမှာ စီးပွားရေး အဖွံဖြိုးဖြိုး အတိုးတက်ဆုံးဖြစ်နေတာ လူစွမ်းအား အရင်းအမြစ်နဲ့ အစိုးရရဲ့ မိမိနိုင်ငံအပေါ် ထားတဲ့ စေတနာပါ။ လူကြီးမင်းများ တစ်မိနစ်လောက် စဉ်းစားပေးပါလို့ ပြောပါရစေ ခင်ဗျာ။

ဗဟုသုတတွေအတွက်ကျေးဇူးတင်ပါ၏

T T Sweet said...

သဘာဝ အလှတွေ ပျောက်ဆုံးကုန်ပြီ။ နှမြောစရာ ဖားကန့်မြေ။ ဖားကန့်ဆိုတာ ဒီလိုပါလားဆိုတာ ခုမှ သေချာမြင်ဖူးတော့တယ်။ ကျေးဇူးချော။

ကိုကိုမောင်(ပန်းရနံ့) said...

တစ်စတစ်စ ကန်တာရနဲ့ တူလာပြီ။ စိတ်မကောင်းစရာဘဲ။
မရောက်ဖူးပေမဲ့ ရင်းနှီးပြီးသား နယ်မြေပါ။ စိမ်းလန်းစိုပြေနေတာလေးကိုဘဲ မြင်ချင်နေမိတယ်။

ခင်မင်လျှက်

mstint said...

သဘာဝအလှတရားတွေ တဖြည်းဖြည်း ပျောက်ကွယ်နေပါလား မနောမြေရေ။
ဆရာတော်ပြောသလို ရင်ခုန်နေရမည့် လောကကြီး အတွက်ရင်မောမိတယ် ချောရေ။
တောင်တန်းကြီးနဲ့ရှုခင်းတွေထာဝရလှပတည်တံ့နိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီရဲ said...

ဟုတ်ပ အစ်မရယ်...
မြင်ရတာ တကယ် စိတ်မချမ်းသာစရာ...

ကြည့်ရကြည့်ရ စိတ်မချမ်းသာဘူး ချစ်မကြီးရေ
ဒီလိုနဲ့သဘာဝဘေးတွေလာတော့မယ်း(

တွေ့ရ မြင်ရတာ အကျည်းတန် စိတ်မချမ်းသာစရာပါလားနော်။
ဒါတွေကို ဘယ်လိုမျိုးပြန်လည် ဆယ်ယူနိုင်ကြမလဲ။ တွေးကြည့်ရတာ
မသက်မသာရှိလိုက်တာ။

ဖားကန့်ကို ကြားပဲ ကြားဖူးတယ် မရောက်ဖူးဘူး
စာထဲမှာတော့ဖတ်ဖူးတယ်ပုံတွေတော့ဒီလိုမပါဘူးလေ
ခုတော့လဲကိုယ်တိုင်ရောက်ခဲ့သလိုပါပဲ
အဲဒီလို အနေအထားမျိုးကိုမြို့ကြီးပြကြီးထက်ပိုပြီး
ကြိုက်တယ်။
ခင်မင်တဲ့ jasmine

ရင်မောစရာကြီးပါလား မချောရယ် ..း(

တကယ့်ကို ဒါဏ်ရာ ဒါဏ်ချက်တွေနဲ့ ပါလားချောရေ..။ အထိမ်းအသိမ်းမဲ့တဲ့ လက်တွေကြောင့် သဘာဝအလှတွေ ပျက်စီးရတာ နှမျောစရာ။ ဇာတိမြေကို ချစ်ခင်စိတ်နဲ့ ဖော်ပြပေးနေတဲ့ ချောရင်ထဲက ဒေသကို ချစ်မြတ်နိုးတဲ့ စိတ်လေးကို မြင်မိလိုက်တယ်။

Junemoe said...

နှမြောဖို့ သိပ်ကောင်းတာပဲဗျာ။
သဘာဝတရားတွေရဲ့ အလှ တဖြည်းဖြည်းချင်း ပျက်သုဉ်းကုန်ပါပြီ။
ဖားကန့်ဆိုတာကို မရောက်ဖူးဘူး။ အခုမှပဲ သေချာမြင်ရတော့တယ်။ ကျေးဇူး မချောရေ။

ခင်လျက်
ဂျွန်မိုး

ချောတို့ဒေသရဲ့ သဘာဝအလှတရာတွေကို တူးဆွပြီး ရတနာတွေကိုထုတ်ယူနေကြတာကတော့ တကယ်စိတ်မကောင်းစရာပါပဲ။ ဒါပေမယ့် အဖိုးတန်ကျောက်မျက်ရတနာတွေအတွက်ကတော့ ဂုဏ်ယူစရာပေါ့။ အရင်ပို့စ်တွေမှာ ချောပြောသလိုပဲ သူLimit လေးနဲ့ တူးဖော်ကြရင်တော့ အကောင်းဆုံးပေါ့လေ...

ချမ်းမြေ့ပါစေ
ချယ်ရိမြေ

sosegado said...

မိုးကောင်းက မိတ်ဆွေက ဒီစာကိုဖတ်ပြီး မျက်ရည်ကျသွားတယ်၊ သူပြန်မရောက်တာ ၁၅ နှစ်ရှိသွားပြီကိုး။
ဘုန်းကြီးသြဝါဒကို သဘောကျမိပါရဲ့၊

chaung said...

ဓါတ်ပုံလေးတွေမှာ..အမှတ်အသားလေးတွေထည့်စေချင်တယ်..ကိုယ်ပိုင်မှန်းသိအောင်..(မရှုပ်ခင်ကရှင်းနှင့်စေချင်လို့ပါ)

Anonymous said...

သြော်..ဖားကန့်မြို့လည်း.
မိစံအလည်မရောက်ခင်
အေးချမ်းမေ.ဖြစ်နေပါပေါ့လားနော်
(လိုချင်တပ်မက်မှု).လောဘများ
အတောသတ်ပြီး..ရပ်တန့်နိုင်ကြရင်
တော်တော်ကောင်းမှာပဲနော်.အစ်မ
ဖားကန့်မြေလေး..အေးမြလန်းဆန်းပါစေ
ချစ်ခင်စွာဖြင့်
မိစံ

Anonymous said...

ရင်နင့်စရာဘဲချောေ၇..
ကိုယ်က ဒီနယ်မြေရဲ့ အလှတွေကို မျက်မြင်ခံစားချင်ခဲ့တာ။ မြင်တောင်မမြင်လိုက်ရခင် ပျက်စီးကုန်ပါရောလားချောရယ်။ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ချောလည်း ခံစားရမှာဘဲ။
ရွာတွေရဲ့ ရှေ့ ရေးကတော့ တော်တော်ရင်လေးစရာဘဲနော်။ စနစ်..စနစ်..
အိုင်အိုရာ

ုkhon nai saw said...

သဘာဝပတ်ဝန်းကျင်အတွက်တော့အလွန်စိတ်မကောင်းစရာပါ။ခုချိန်ထိဘယ်သူမှထိထိမိမိကိုင်တွယ်ကြပ်မတ်ထိမ်းသိမ်းမူတွေမလုပ်ကြတော့ဘူးလား။ဒီအတိုင်းမိုးခါးရေပဲသောက်နေကြတော့မှာလား။ကံဆီးစော်ဘွားအကြောင်းကိုအကျယ်တစ်ဝင့်သိချင်ပါသေးတယ်။ဒါဟာအဲဒီဒေသနဲ့နေထိုင်ရာလူမျိုးရဲ့အစစ်အမှန်သမိုင်းကိုမြင်စေတယ်။