ရေတံခွန်အောက်က ချစ်စရာဟိုတယ်.....


စိတ်ဝင်စားဖွယ်ဖို့ကောင်းတဲ့ ထူးထူးဆန်းဆန်း ဟိုတယ်လေးတစ်ခုဆီ အလည်သွားကြည့်ကြပါစို့နော်။  ချီလီနိုင်ငံ တောင်ပိုင်းက Huilo Huilo သဘာဝ တောတောင် ရှုမျှော်ခင်းတွေရှိရာနေရာမှာ တည်ရှိတဲ့  Magic Mountain ဟိုတယ်ဟာ ကြယ်လေးပွင့်ဆင့်ထိ ဝန်ဆောင်မှု ပေးနိုင်တယ်လို့ ဆိုပါတယ်။ ။ Magic Mountain ဟိုတယ်ရဲ့ ထူးခြားချက်က မီးတောင်တစ်လုံးရဲ့ ပုံသဏ္ဍာန်ဖြစ်ပြီး မီးတောင်ထိပ်ဝ ပုံသဏ္ဍာန် ခေါင်မိုးပေါ်ကနေ ချော်ရည်တွေ စီးကျနေတဲ့ ပုံစံအတိုင်း ရေတွေ အဆက်မပြတ် ကျဆင်းနေအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။





Magic Mountain Hotel in Chile


Magic Mountain Hotel in Chile

ဟိုတယ်သို့ဝင်ရောက်ရာကြိုးတံတား
 
ဟိုတယ်ကို ကျောက်တုံးတွေနဲ့ ဆောက်ထားတာဖြစ်ပြီး ဟိုတယ်ရဲ့ တံခါးပေါက်ရှိရာကိုတော့ ကြိုးတံတားနဲ့ သွားရောက်လို့ရအောင် စီစဉ်ထားတာပါ။ မီးတောင်နဲ့ တူတဲ့ ဟိုတယ် အဆောက် အဦးရဲ့ ကျောက်တုံးတွေပေါ်မှာ အပင်စိမ်းတစ်ချို့နဲ့ မြက်ပင်တွေ ပေါက်နေအောင် စီစဉ်ထား ပြန်ပါတယ်။ အဲဒါကိုကြည့်ရတာကိုက သဘာဝဆန်ပြီး စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ ၄င်း ဟိုတယ်ကို ယင်းဧရိယာတစ်ဝိုက်မှာ ပေါက်ရောက်တဲ့ သစ်သားများ၊ ကျောက်တုံးများနဲ့ ဆောက်လုပ်ထားပြီး အတွင်းထဲက အပြင်အဆင် များမှာတော့ ခေတ်မီပြီး  စိတ်ကျေနပ်ဖွယ် ကောင်းတယ်လို့ ဆိုကြပါတယ်။


 Amazing Magic Mountain Hotel


Amazing Magic Mountain Hotel

အပင်တွေ ပန်းတွေနဲ့ စိမ်းစိုဝေဆာနေတဲ့ ချစ်စရာဟိုတယ်


ဟိုတယ်မှာ အခန်း ၉ခန်းပါဝင်ပြီး အခန်းတိုင်းကို အဲဒီဒေသက မျိုးရင်းစိတ် ငှက်တစ်မျိုးစီရဲ့ နာမည်ကို ပေးထားပါတယ်။ သစ်တောအလယ်မှာ တည်ရှိနေတဲ့ ဟိုတယ်ဟာ ပြတင်းပေါက်ကနေ လှမ်း ကြည့်လိုက်တာနဲ့ သစ်တောသစ်ပင်တို့ကိုသာ မြင်နေရတာမို့ စိတ်ကြည်နူးအေး ချမ်းဖွယ် ကောင်းလှပါ တယ်။ ဟိုတယ် အတွင်းထဲမှာတော့ ဘား၊ စားသောက်ဆိုင်၊ ရေနွေးစိမ်ခန်းတို့ ရှိပါတယ်။ ဟိုတယ်တွင်း အပြင်အဆင်များကိုလည်း သစ်သားများဖြင့် သဘာဝအတိုင်း နီးနီး စပ်စပ်ဖြစ်အောင် ပြုလုပ်ထားပြီး ဟိုတယ် အပြင်ဘက် မှာတော့ သစ်သားကို ထွင်းပြီး အထူးပြုလုပ်ထားတဲ့ ရေနွေးချိုးကန် လည်း ရှိပါတယ်။ ဒီဟိုတယ်မှာ နောက်ထပ် ရနိုင်တဲ့တစ်ခုကတော့ ချီလီနိုင်ငံထွက် အကောင်းဆုံး ဝိုင်ဘဲ ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing
သစ်သားရေနွေးစိမ်ကန်

Magic Mountain Hotel in Chile


Amazing Magic Mountain Hotel


Amazing Magic Mountain Hotel


Amazing Magic Mountain Hotel

စားသောက်ခန်း


Amazing Magic Mountain Hotel

ဟိုတယ် ဘား

Magic Mountain Hotel in Chile



Amazing Magic Mountain Hotel

အိပ်ခန်းအပြင်အဆင်



Huilo Huilo ဆိုတဲ့ ဒေသဟာ ပုဂ္ဂလိကပိုင် သဘာဝ တောတောင်ရေမြေ ဒေသ ဖြစ်ပြီး စတုရန်း ၆၀၀ ကီလိုမီတာ ကျယ်ဝန်းကာ သာယာလှပတဲ့ ရေကန်ကြီးများ၊ မြို့ငယ်များ၊ မီးတောင်များ၊ Huilo Huilo ရေ တံခွန် စသည်တို့ရှိပြီး တစ်နှစ်ပတ်လုံး နှင်းဖုံးနေတဲ့ တောင်ထွတ်များ ရှိတာကြောင့်  နှင်းလျှော စီးခြင်း၊ စကိတ်စီးခြင်း တို့ကိုလည်း ပြုလုပ်နိုင်ပါတယ်။ ကြည်လင်တဲ့  Fuy မြစ်ကြီးထဲမှာ လှေစီးခြင်း၊ ငါးမျှားခြင်း တို့ကိုလည်း ပြုလုပ်နိုင် ပါတယ်။ တောအုပ်ထဲ မှာတော့ ဂေါက်ကွင်း ငယ်လေး တစ်ခုကို လည်း ပြုလုပ် ထားတာကြောင့် တကယ့်သဘာဝ တောတောင်ထဲမှာ ဂေါက်ရိုက်ရတဲ့ ခံစားမှုမျိုးကို ရရှိစေနိုင်ပါတယ်။



Amazing Magic Mountain Hotel

 နှင်းလျှောစီးနိုင်တဲ့ နှင်းဖုံးတောင်ရှုခင်း

Amazing Magic Mountain Hotel

နှင်းဖုံးနေတဲ့ မီးတောင်

Amazing Magic Mountain Hotel

Fuy မြစ်တစ်နေရာ

Amazing Magic Mountain Hotel


Amazing Magic Mountain Hotel

Pirihueico ရေကန်
Image Hosted by PicturePush - Photo Sharing
Fuy မြစ်တွင်း ငါးမျှားနေသူ


Amazing Magic Mountain Hotel

 Huilo Huiloရေတံခွန်


Amazing Magic Mountain Hotel

ဆောင်းရာသီမြင်ကွင်း

အာဂျင်တီးနားနဲ့ နယ်နမိတ်သတ်မှတ်ထားတဲ့ ရေကန်ကြီးကလည်း သာယာလှပစွာ တည်ရှိပြီး အာဂျင်တီးနားသို့ သွားရောက်နိုင်တဲ့ ဖယ်ရီကားများရဲ့ လမ်းကြောင်းနဲ့လည်း နီးကပ်စွာ တည်ရှိပါတယ်။ ဟိုတယ်ရှိရာ ဒေသဟာ ဆောင်းရာသီမှာတော့ ဘေးဝန်းကျင်တစ်ခုလုံးသာမက ခေါင်မိုးများပေါ်မှာပါ နှင်းခဲတွေ ဖုံးလွှမ်းနေအောင် အေးခဲတဲ့ ရာသီဥတု ရှိပါတယ်။ သဘာဝအလှအပကို ခံစားချင် သူများ၊ နှင်းလွှာလျှော စီးလိုသူများ ချီလီနိုင်ငံရှိ ရေတံခွန်အောက်က ဟိုတယ်လေးဆီ အလည် သွားနိုင်ကြပါပြီနော်..


Image Hosted by PicturePush - Photo Sharing

Photos from Funzug.com
http://hotelsfeel.com/

23 Responses to “ရေတံခွန်အောက်က ချစ်စရာဟိုတယ်.....”

AH said...

ထူးထူးဆန်းဆန်း ဟိုတယ်လေး၊ သွားချင်လိုက်တာ မချောရေ..

နေချင်စရာလေးနော် မမချော
ထူးထူးဆန်းဆန်းလေးတွေ ရှာရှာဖွေဖွေ အမြဲရေးတတ်တဲ့ မမ ပျော်ရွှင်ပါစေ

လေးစားလျှက်

ဟေမာ

း)... မချော.. ဘွတ်ကင်လုပ်ထားပေးရင် သွားမယ်.. လေယာဉ်လက်မှတ်ေ၇ာနော်..းP

ခင်မင်လျက်
နေ၀သန်

cherry said...

နေရာလေးကလှလည်းလှတယ်..ထူးလည်းထူးဆန်းတယ်နော်..သဘာဝတောတောင်ရှုခင်းလေးတွေနဲ့သာသာယာယာလေးလည်းရှိတယ်....သွားချင်လိုက်တာ..မမချောလိုက်ပို့ပေးလေ..:P..

ညီရဲ said...

ဟင်းးးးးးး မချောကတော့ လုပ်ပြန်ပြီ...
ရှုခင်းလေးတွေ တကယ်လှတယ်။ ကြည့်ရင် တကယ်ရောက်သွားချင်ခဲ့မိတယ်...
လိုက်ပို့ ပေး... လိုက်ပို့ ပေး...

အင်း ပိုက်ဆံစုလိုက်ဦးမယ် နော် ချစ်မကြီးရေး)

ကြောင်ဖြူများရှင် said...

အင်း......... ဒီ တစ်သက်တော့....... မထင် မထင် မထင်။ အထဲမှာ အဲယားကွန်း လိုမယ့် ပုံ မရှိဘူးနော်။ သူ့ ဖာသာ အေးစိမ့်နေမယ့် သဘော၇ှိတယ် ။

blackroze said...

hotelလေးကလှလိုက်တာ
မကြီးချောရေ..
အရမ်းသဘောကျတယ်..

rose said...

Wow... That is so amazing, sis! The hotel looks very nice inside also. Let's travel together, sis :))

သွားလည်ချင်စရာ အတိနဲ့ စွဲဆောင်မှု ရှိလိုက်တာ...
မမရေ...သွားလည်ချင်တယ်...:)

Nyi Linn Thit said...

ဟိုတယ်ရဲ့ ဧည့်ခန်းထဲမှာထိုင်ပြီး ပီယာနိုတေး တစ်ပိုဒ်၊ ချီလီဝိုင် တစ်ကျိုက်နဲ့ ဖြတ်သန်းချင်စရာ ကောင်းတယ်၊ သစ်တောထဲမှာပေမယ့် သဘာဝနဲ့ နီးစပ်အောင် ဆောက်ထားတဲ့ တကယ့် ချစ်စရာ ဟိုတယ်လေး ပါပဲဗျာ၊ စိတ်ကူးတွေကို အဲဒီဟိုတယ် ရှိရာဆီ ပျံသန်းခွင့် ပေးတဲ့ မချောကို ကျေးဇူး တင်ပါတယ်..။း)

flowerpoem said...

လှလိုက်တာ မချောရယ်. . . သွားချင်တယ် :)

mstint said...

မထင်ရက်စရာပဲနော်။ အပြင်မှာတကယ်ရှိတယ်ဆိုတာ ယုံရခက်ခက်။ လက်တွေ့လိုက်ပြမှ ယုံတော့မယ် ချောရေး)) ရှုခင်းတွေကလည်း လှပါဘိ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဟန်ကြည် said...

သေသေချာချာကို ကြည့်သွားပါသဗျား...စိတ်ထဲမှာ စွဲနေရင် တစ်နေ့နေ့မှာ အကောင်အထည်ပေါ်လာတယ်လို့ စိတ်ပညာဆရာများက ဆိုသကိုး...ဦးဟန်ကြည်တို့ရဲ့ ငွေရတု မင်္ဂလာပွဲကို အဲဒီဟိုတယ်မှာလုပ်ဖို့ စိတ်ကူးထားလိုက်တယ်...အဲဒီပွဲမှာ ဟိုတယ်က စားဖိုမှူးတွေကိုတော့ အနားပေးလိုက်မယ်...ဒေါ်ချောလက်ရာက ပိုပြီးခံတွင်းလိုက်မယ်ထင်လို့...

Anonymous said...

ဟယ်တော်..အစ်မချော..
တိုက်ဆိုင်လိုက်တာ..
မနေ့က..ဒီဟော်တယ်မှာ
ညီမ..တည်းခဲ့တာလေးP

ချစ်ခင်လျှက်
မိစံ

Vista said...

အတော်သဘောကျသွားတယ် ရေသံလေးတွေနဲ့ အိပ်ရတာ ကောင်းမှာပဲ

PhyoPhyo said...

သွားချင်စရာလေး မချောရာ၊
သွားလည်ကြစို့

Junemoe said...

သွားချင်လိုက်တာဗျာ။ သိပ်အေးချမ်းမယ့်နေရာလေးပဲနော်။
မချော သွားရင် လက်တို့လိုက်နော်။ လိုက်မယ်..ဟဲဟဲ

ခင်လျက်
ဂျွန်မိုး

san htun said...

တကယ်ကို အပန်းဖြေဖို့ ကောင်းတဲ့ နေရာလေးပါပဲ...

Anonymous said...

သွားအနားယူရရင်တော့ ဇိမ်ဘဲချောရေ..
အိုင်အိုရာ

လှလိုက်တဲ့ ရှု့ ခင်း

သိပ်ကို သွားချင်စရာကောင်းတဲ့ နေရာလေးပါပဲ။ ဟိုတယ်ဈေးကလည်း ခေါင်ခိုက်နေမှာပဲနော်။း)


ခင်တဲ့
မေသိမ့်

သိပ်ကို သွားချင်စရာကောင်းတဲ့ နေရာလေးပါပဲ။ ဟိုတယ်ဈေးကလည်း ခေါင်ခိုက်နေမှာပဲနော်။း)


ခင်တဲ့
မေသိမ့်