ဝက်သားပူစီနံ ချဉ်စပ်သုပ်၊ ဝက်သားသစ်အယ်သီးကြော်

ချစ်သော မိတ်ဆွေများကို ဒီတစ်ပတ် ဟင်းချက်စရာကဏ္ဍမှာ ခု ဆောင်းရာသီမှာ လှိုင်လှိုင်ပေါနေပြီဖြစ်တဲ့ သစ်အယ်သီး ( Sweet Chestnuts) ကို ဝက်သားနဲ့ ကြော်တဲ့နည်းရယ်၊ ပူစီနံရွက်ကို ဝက်သားနဲ့ ချဉ်စပ်လေး သုပ်တဲ့နည်းရယ် ကိုပြောပြချင်ပါတယ်ရှင်။ သစ်အယ်သီးကို ကျွန်မတို့ ကချင်ပြည်နယ် မှာတော့ ဂုံးသီးလို့လည်း ခေါ်ကြပြီး အချို့ကနှစ်တစ်ထောင်သီး လို့လည်းခေါ်ကြပါတယ်။ အခု ကျွန်မနေတဲ့မြို့မှာလည်း သစ်အယ်သီးတွေ သိပ်ပေါနေပါပြီ။ ဒါကြောင့် သစ်အယ်သီး ရှိတဲ့ ဒေသမှာ ရောက်နေသူများအတွက် ဟင်းတစ်ခွက် ရနိုင်အောင် ချက်နည်းလေး ပြန်လည် မျှဝေချင် ပါတယ်နော်။

သစ်အယ်သီး ဝက်သားကြော်


Image Hosted by PicturePush - Photo Sharing

သစ်အယ်သီး

သစ်အယ်သီး အစိမ်း အလုံး၂၀ခန့် အခွံမာများ ခွာလိုက်ပါတယ်.

Image Hosted by PicturePush - Photo Sharing

၎င်း အတွင်းသားများကို ရေနွေးဖြင့် မိနစ် ၂၀ခန့် ပြုတ်ပါတယ်.. 

 ရေနွေးဖြင့် ပြုတ်ပါတယ်..


ဝက်သားများကို အတုံးငယ်လေးများတုံးပြီး ဆား၊ ငံပြာရည်အကြည်၊ အရသာမှုန့်တို့ဖြင့် နယ်ထားလိုက်ပါတယ်..  
ဂုံးသီးများကျက်သွားပြီဆိုရင် ခုလို ခပ်ရွယ်ရွယ် အပိုင်းကလေးတွေ ပိုင်းလိုက်ပါတယ်။


Image Hosted by PicturePush - Photo Sharing

ကြက်သွန်ဖြူ၊ ဂျင်း တို့ဖြင့် ဝက်သားကို ကြော်ပါမယ်..


Image Hosted by PicturePush - Photo Sharing

 ဝက်သားကျက်ခါနီးမှာ သစ်အယ်သီး၊ ဂျူးဖူး အနည်းငယ်၊ ငရုပ်သီးတို့ကို ထည့်ပါတယ်.. ဂျူးဖူးက အစိမ်းရောင်လေး လိုချင်လို့ ထည့်တာပါ. မရှိလည်း မထည့်ဘဲ ရပါတယ်.. ကြက်သွန်မြိတ်၊ နံနံတို့ကို ချကာနီးမှ ထည့်နိုင်ပါတယ်။။


Image Hosted by PicturePush - Photo Sharing


အရသာမှုန့်များထည့်ပြီး အပေါ့ငံမြည်းလို့ အနေတော်ရင် ချလို့ရပါပြီ..


Image Hosted by PicturePush - Photo Sharing
ဝက်သားသစ်အယ်သီးကြော်တစ်ခွက် ရပါပြီ။


Image Hosted by PicturePush - Photo Sharing
 

~~~~~~~~~~~~~~@@@~~~~~~~~~~~~~~


ဝက်သားပူစီနံသုပ်

ဒီအသုပ်ကတော့ သူငယ်ချင်းတစ်ယောက် အလည်လာတုန်းက ချက်ကျွေးဖြစ်တဲ့ ဟင်းဖြစ်ပါတယ်.. ချဉ်ချဉ်စပ်စပ်လေးမို့ အတော်လေး ခံတွင်းမြိန်ပြီးတော့ သူငယ်ချင်းဖြစ်သူက ကောင်းလိုက်တာလို့ တဖွဖွ ပြောပြီး နောက်တစ်ကြိမ် သူအလည်လာချိန်မှာလည်း ပူစီနံရွက် သုပ်ကျွေးပါဦးလို့ တောင်းဆိုတဲ့ ဟင်းတစ်ခွက် ဖြစ်ပါတယ်.. သူပြောသလို ကောင်းမကောင်းဆိုတာတော့ စာဖတ်သူများ ကိုယ်တိုင် ချက်စား ကြည့်ရင် သိမှာပါနော်..မယုံရင် စားကြည့်ပါ။  :P



Image Hosted by PicturePush - Photo Sharing

ဝက်သားနဲ့ သုပ်စားဖို့အတွက် ပူစီနံရွက်ကို  ရေစင်အောင် ဆေးပြီး ရေစစ်ထားလိုက်ပါတယ်.. 

Image Hosted by PicturePush - Photo Sharing
ဒါကတော့ တောက်တောက်စင်းထားတဲ့ ဝက်သားတွေပါ။။


Image Hosted by PicturePush - Photo Sharing

ဝက်သားတွေကို ဆား၊ အရသာမှုန့်ထည့်ပြီး အိုးထဲကို ရေနည်းနည်းထည့်ပြီး မီးပေါ်တည်ပါတယ်။။ ရေခမ်းသွားချိန်မှာ ဆီနည်းနည်းသာထည့်ပြီး ကြော်ပါတယ်.. ဝက်သားကျက်ရင် အေးအောင် ခနထားလိုက်ပါတယ်. 

Image Hosted by PicturePush - Photo Sharing

ပူစီနံရွက်တွေကို မိမိနှစ်သက်ရာ အရွယ်လှီးဖြတ်ပြီး ကြက်သွန်နီ၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီး တို့ထည့်ပါတယ်.. ထို့နောက် သရုပ်သီးအစိမ်းမှုန့်ကို ဆီနဲ့ကြော်ပြီး ၄င်းဆီနဲ့ ငရုပ်သီးကြော်တို့ကို ထည့်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ကြော်ပြီး အေးအောင် ထားထားတဲ့ ဝက်သားများကို ထည့်လိုက်ပါတယ်၊။ ဝက်သားကို ကြော်ပြီးချင်းချင်း မထည့်ပါဘူး.. ပူနေတုန်း ထည့်ပါက ဝက်သားကြော်ရဲ့ အပူချိန်ကြေင့် ပူစီနံရွက်များ နွမ်းသွားတတ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

သံပုရာသီးပါ အဆင်သင့်ပြင်ထားပြီး စားခါနီးမှ ကောက်နယ်လိုက်ရုံပါဘဲ

Image Hosted by PicturePush - Photo Sharing

သံပုရာသီးညှစ်ပြီး နယ်ပါပြီ.. ဆား၊ အရသာမှုန့် ၊ ငါးငံပြာရည် စသည်တို့ကိုထည့်ပါတယ်

Image Hosted by PicturePush - Photo Sharing

 သံပုရာနံ့မွှေးမွှေး ချဉ်ချဉ်စပ်စပ် ပူရှိန်းရှိန်းနဲ့ ဝက်သားပူစံနံသုပ်ရပါပြီ.


Image Hosted by PicturePush - Photo Sharing
အဲဒီ သူငယ်ချင်း နောက်တစ်ကြိမ် အိမ်လာလည်တဲ့အခါ သူတောင်းဆိုတာနဲ့ ထပ်ပြီး သုပ်ကျွေးဖြစ်တဲ့ ဝက်သားပူစီနံသုပ်ပါ.



အဆီမများဘဲ ချဉ်ချဉ်စပ်စပ်၊ ပူပူရှိန်းရှိန်း ကြိုက်တတ်သူများအတွက် ခံတွင်းတွေ့မဲ့ ဝက်သားပူစီနံသုပ်ဟင်း ဖြစ်ပါတယ်ရှင်.

ဝက်သားမစားသူများ အပေါ်က အသားနေရာတွေမှာ ကြက်သားနဲ့ အစားထိုးပြီးလည်း ချက်ပြုတ်နိုင် ပါတယ်နော်.. 


ချစ်သော မိတ်ဆွေများအားလုံးအတွက် Happy  Weekend ဖြစ်ပါစေနော်..


Image Hosted by PicturePush - Photo Sharing

28 Responses to “ဝက်သားပူစီနံ ချဉ်စပ်သုပ်၊ ဝက်သားသစ်အယ်သီးကြော်”

Anonymous said...

စားချင်လိုက်တာ
လုပ်စားကြည့်အုံးမယ်
မချောရေကျေးဇူးနော်

ခင်တဲ့ညီမ
camomilla

Snow said...

တော်လိုက်တာ မချောရယ်.. အစ်မ ဘာပို့စ်ပဲတင်တင် စိတ်ဝင်စားစရာ အသစ်အဆန်းလေးတွေချည်းပဲ။ အစ်မနည်းလေး စမ်းချက်ကြည့်ဦးမယ်။ ကြည့်ရုံနဲ့တင် စားချင်တယ်။

rose said...

Sis, you don't need to attend the cooking classes. You already can cook very well. Hmmm... I'm thinking I've tried waterchestnut or not. How is the taste of that?

Rose >> Water chestnut is also good. I've already tried it. Taste is really good. Try it. :P

ညီမ Snow, ညီမ Camomilla စမ်းချက်ကြည့်ပါ.. စားလို့ကောင်းပါတယ်..
လာအားပေးတာ အားလုံးကို ကျေးဇူးနော်..

ယောက္ခမ said...

ချွေးမလေး ရှင်နေတဲ့နေရာ ကိုယ်တိပီ ဖွလိုက်ရမလာ
:P :D ;) အသုပ်လေး စိတ်ဝင်စားတယ်
အသီးက ဒီမှာ မရလို့လေ

Anonymous said...

အစ်မ..
သစ်အယ်သီးကအခွံချွတ်လိုက်တော့
ဒညင်းသီးနဲ့အတော်တူတယ်နော်
ဝက်သားနဲ့သာ..ရောချက်လိုက်လို့ကတော့း)
ဝက်တားပူရှီနံလည်း..မြည်းသွားတယ်ရှင့်
အသားနည်းသလိုပဲနော်းP
(အစားငမ်းသူကိုး..း)
ချစ်ခင်စွာဖြင့်
မိစံ

Nyi Linn Thit said...

ဒီမှာလည်း သစ်အယ်သီးတွေ အရမ်းပေါနေပြီဗျ၊ ကြုံရင် စမ်းကြည့်ဦးမှပါ၊း) အဲဒါထက်စာရင် ဝက်သားပူစီနံသုပ် ကို ပိုပြီး စိတ်ဝင်စားတယ်၊ တွေးကြည့်ရုံနဲ့တင် တံတွေးသီးတယ်...၊း)

rose of sharon said...

ချောရေ.. ဟင်းလေးတွေကအဆန်းဘဲနော်... သစ်အယ်သီးနဲ့ ချက်တာတခါမှမစားဖူးဘူး... ပူစီနံနဲ့သုတ်တာတော့ ယိုးဒယားနဲ့ဆင်တယ်နော်....

AH said...

ကျေးဇူးပါ မချောရေ... ချက်စားဦးမယ်.... ဓာတ်ပုံထဲမှာ မြင်ရထဲက သွားရည်ကျနေပြီ။ :)

စာတွေဖတ်သွားပါတယ်,,,မချောလည်း Have a wonderful weekend ကိုပိုင်ဆိုင်နိုင်ပါစေဗျာ

Iora said...

သစ်အယ်သီးကဘာအရသာနဲ့ ဆင်သလဲဟင်၊ ပုံထဲမှာတော့ ဓညင်းသီးနဲ့ တူသလိုဘဲ။
ဝက်သားသုပ်တော့ကိုယ်လည်းအဲလိုသုပ်စားတတ်တယ်။ ယိုးဒယားစတိုင်မျိုးလေ။
အားလုံးစားချင်လာပြီနော်။ သိပ်မနှိပ်စက်ပါနဲ့ ချောရယ်..း)

Anonymous said...

သစ်အယ်သီးကို ၀ယ်ထားပြိး ဘယ်လိုစားရမှန်းမသိလို့  အလှကြည့်နေရတာကြာပြိ
ညီမ ပို့ စ် ဖတ်ပြီးတော့ အမရဲ့ သစ်အယ်သီးတော့ ဘ၀ပြောင်းရှာတော့မယ်
ကျေးဇူးဘဲညီမ

ဆောင်း

သစ်အယ်သီးက ဆိမ့်ဆိမ့်လေးရယ်.. စားလို့ကောင်းတယ်.. သွားရေစာအဖြစ်နဲ့ စားတာများတယ်.. ဟင်းချက်တာတော့ နည်းတယ်.. ချောကတော့ ကြိုက်တယ်..
ဝက်သားနဲ့ သစ်အယ်သီးဆို သစ်အယ်သီးကိုရွေးစားဖြစ်တယ်..

ပုံလေးကြည့်ပြီးသရေယိုသွားပါတယ်...:P

PhyoPhyo said...

ဝက်သားရှောင်တာတော့ မဟုတ်ပေမဲ့၊ မစားဖြစ်ဘူး မချောရေ အသားကြီးပဲ အဲလိုပူပူစပ်စပ်လေး သုပ်စားရရင်ကောင်းမှာနော်။
ဒါကြောင့်ပြောတာ ချောချက် :)
သစ်အယ်သီးကို ကြက်သားနဲ့ချက်လည်းကောင်းမှာပဲ
ကြိုက်တယ် စားချင်တယ်

မကြီးချော...စားဖူးဖို့မပြောနဲ့ ခုမှမြင်ဖူးတော့တယ် :P
မဆိုးဘူး ကြုံရင်လက်တည့်စမ်းလို့ရပြီ :)

ခင်တဲ့(ဖိုးကြယ်)

မချောဆီလာရင် အမြဲသားရည်ယိုစရာ
သစ်အယ်သီးက ဂျပန်မှာလည်း သိပ်စားကြတာပဲမရဲ့ ဒီလိုချက်တာပထမဆုံးသိတာ အစပ်သုပ်ကတော့ ဆက်ဆက်လုပ်စားပစ်ဦးမယ် ထိုင်းနည်းနဲ့ဆင်တယ်နော်

ချောရဲ့ ပူစီနံဝက်သားသုပ်မျိုး ရှုမ်းပြည်မှာစားဖူးတယ် သူတို့သုပ်တာ အရွက်တွေပိုစုံတယ် ပင်စိမ်းတို့ ဖတ်ဖိုင်တို့ပါတယ်..ရှမ်းငရုတ်ကောင်းပါတယ်..။ ချောသုပ်တဲ့နည်းမျိုးသုပ်စားဦးမယ် ခုဖတ်ရင်း သရေတောင်ယိုလာပီ...။

ခင်တဲ့
မိုးငွေ့

မချောရေ

သစ်အယ်သီးကို အဲလို လုပ်စားလို့ရတာ ခုမှသိတယ်။ စာကောင်းမှာပဲ စိမ့်နေမှာပဲနော်။ ပူစီနံနဲ့ ဝက်သားသုပ်ထားတာလေးက အရောင်လေးတွေသိပ်လှတာပဲ။ အရောင် အနံ့ အရသာနဲ့ ပြည့်စုံမှာပါပဲ။ ဗိုက်ထဲမှာ ဂွီဂွီနဲ့ မြည်သွားတယ်။း)


ခင်တဲ့
မေသိမ့်

ကိုကိုမောင်(ပန်းရနံ့) said...

တစ်ခါမှ မစားဖူးသေးဘူး။ လမ်းကြုံရင်တော့ မချောဆီ ၀င်စားဦးမယ်။း)

ခင်မင်လျှက်

ဝက်သားပူစီနံသုပ်တော့ အသေကြိုက်တယ်..း)). .မွှေးနေတာပဲ... ဟိုသစ်အယ်သီးနဲ့ကတော့ ကိုလက်စရောများမယ်.. လျှော့လျှော့.. ၀လာဦးမယ်.. :D

ခင်မင်လျက်
နေ၀သန်

မကြီးရယ် နေမကောင်းလို့ခုမှလာနိုင်တာပါ
စားချင်စိတ်ဘာမှမရှိလို့
ခုအဲလိုတွေမြင်တော့ဆီမများလို့ လုပ်စားချင်တယ်
လုပ်စားကြည့်မယ်

ချစ်တဲ့
ညီမ မဒိုးကန်

သွားရေလေးတွေ တောက်တောက်တောက်တောက် ကျအောင်ကိုဖြစ်သွားတယ်မချော။ ဝက်သားအရမ်းကြိုက် သုပ်ထားတာလေးစားချင်လိုက်တာ။
ချစ်တဲ့
သဒ္ဓါ

san htun said...

မချော ဟင်းတွေက အဆန်းလေးတွေ စားချင်တယ်

T T Sweet said...

ဟင်းအထူးအဆန်းလေးတွေ လာကြည့်သွားပါတယ်။ ပူစီနာသုတ်ကတော့ တကယ်စိတ်ဝင်စားတယ်။ စားချင်စဖွယ်လေး။ လုပ်စားကြည့်ဦးမယ် မချောရေ။

TG said...

အမရေ..ကျေးဇူးတင်ပါတယ်.. ခုပဲ လုပ်စားမလို့ ပြန်လာရှာတာာ
တော်ရုံနဲ့ ရှာမတွေ့ဘူး ဖြစ်နေတယ်.. တစ်ရက်ချင်းစီပြန်ရှာရတယ်..း)
စားသောက်ဖွယ်ရာများထဲ Tag ပေးပါလား.. အမ..