ပင်လယ်သေလို လူစားများ

စာတွေ လိုက်ဖတ်ရင်း Dead Sea လို့ခေါ်တဲ့ ပင်လယ်သေအကြောင်းကို ဖတ်ရတဲ့အခါ သူနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို စဉ်းစားနေရင်း အတွေးနယ်ချဲ့နေ မိပါတယ်.. ပင်လယ်သေဆိုတာ  ဂျော်ဒန်နိုင်ငံနဲ့ အစ္စရေး နှစ်နိုင်ငံကြားမှာ တည်ရှိပြီး အဲဒီနေရာဟာ ကမ္ဘာ့မြေပြင်ရဲ့ အနိမ့်ဆုံးအပိုင်းလို့ ဆိုရလောက်အောင် ပင်လယ်ရေ မျက်နှာပြင်ထက် ပေပေါင်း ၁၃၀၀ကျော်ခန့် နိမ့်နေခဲ့ပါတယ်။  ပင်လယ်သေ လို့သာ ခေါ်ဆိုကြပေမဲ့ အားလုံးသိကြတဲ့အတိုင်း အခြားသော ပင်လယ်တွေလို ဆက်စပ်နေတဲ့ ပင်လယ်ပြင်ကြီးမျိုး မဟုတ်ဘဲ တကယ်တမ်းတော့  သူဟာ ကုန်းတွင်းပိတ် ရေအိုင်ကြီး တစ်ခုသာ ဖြစ်ပါတယ်။ အဲဒီ ပင်လယ်သေ ရေအိုင်ကြီးထဲမှာ ဆားပျော်ဝင်မှုနှုန်း အင်မတန်မှ မြင့်မား လှတဲ့အတွက် လူရဲ့ ခန္ဓာကိုယ် ကိုတောင် ရေပေါ်မှာ ပေါ်စေနိုင်ပါတယ်။ တစ်ချို့များဆို ရေမျက်နှာပြင်ပေါ် မှာ ပေါလောပေါ်နေ ရင်း အေးအေးလူလူ စာအုပ်ဖတ်နေတဲ့သူတောင် ရှိပါတယ်။ 



Image Hosted by PicturePush - Photo Sharing

ပင်လယ်သေ (Dead Sea)


Image Hosted by PicturePush - Photo Sharing


ပင်လယ်သေ ရေပြင်ပေါ်မှာ ပေါလောဖြင့် စာဖတ်နေသူများ

ပင်လယ်သေထဲကရေဟာ ဆားပါဝင်မှုနှုန်း ၃၃.၇ ရာခိုင်နှုန်းရှိပြီး ရိုးရိုး သာမာန် ပင်လယ်တစ်ခုမှာ ပျော်ဝင်နေတဲ့ ဆားပမာဏထက် ၁၀ရာခိုင်းနှုန်းနီးပါး ပိုမို များပြားပါတယ်။ ဒီလို ငံကျိနေတဲ့ ရေပြင်ထဲမှာ ဘယ်လို သက်ရှိသတ္တဝါမှ မရှင်သန်နိုင်သလို၊ ပင်လိုအပင်မျိုးမှလဲ မပေါက်ရောက်နိုင်ပါဘူး။ ဒီလောက် ကျယ်ပြောလှတဲ့ ကန်ကြီးထဲမှာ ရေမှာပျော်တဲ့ငါး၊ လိပ်၊ စတဲ့ သတ္တဝါတွေ၊ ရေထဲမှာ ရှင်သန်ပေါက်ရောက်တဲ့ အပင်တွေဆိုတာ ဘာတစ်ခုမှ ရှိမနေတဲ့ ဆားငံပျော်ရည်တွေသာ ပြည့်နေတဲ့ ရေအိုင်ကြီး ဖြစ်နေပါတော့တယ်. ပင်လယ်သေဟာ ၁၂၄ဝပေအထိ နက်ရှိုင်းပြီး ရေတွေကတော့ ကြည်လင်ပြာလဲ့နေကာ အမှိုက်တစ်စတောင် မမြင်ရပေမဲ့ ကမ်းစပ် တစ်လျှောက်မှာတော့ ဆားပွင့်လေးတွေ ဖွေးနေပြီး ကမ်းခြေ တစ်လျှောက်ဟာလည်း ခြောက်သွေ့ပြီး အပင်မရှိသလောက် ကျဲပါးတဲ့ ကုန်းခေါင်ခေါင် မြေရိုင်းသာဖြစ်နေပါတယ်။ အလျား ၄၂မိုင် အနံ ၁၁မိုင် ရှည်လျားပြီး ကြီးမားလှတာကြောင့် ရေကန်လို့ မခေါ်ဘဲ ပင်လယ်လို့ ခေါ်ကြပုံရပါတယ်။


Image Hosted by PicturePush - Photo Sharing

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

ရေကန်စပ်တစ်လျှောက်က ဆားပွင့်များ

ပင်လယ်သေအကြောင်း စဉ်းစားနေရင်းမှာဘဲ အာရုံထဲကို ဝင်ရောက်လာတာက ပင်လယ်သေရဲ့ မြောက်ဖက်မှာ ရှိတဲ့ ဂါလိလီပင်လယ် အကြောင်းပါဘဲ။ ဂါလိလီ ပင်လယ်ဟာလည်း ရေအိုင်သာဖြစ်ပြီး ဂျော်ဒန်မြစ်စီးဝင်တဲ့ အိုင်ကြီးဖြစ်ပါတယ်။ ဂါလိလီဟာ အရှည် ၁၃မိုင်ရှိပြီး အကျယ်အားဖြင့် ၈မိုင်ရှိပါတယ်. ပင်လယ်မျက်နှာပြင်ထက် ပေ ၇၀၀ ခန့် နိမ့်ကျပြီး ပင်လယ်သေပြီးရင် ကမ္ဘာ့အနိမ့်ဆုံး ရေအိုင်ကြီး ဖြစ်ပါတယ်.။ ရေအိုင်ကြီးနှစ်ခု တူတဲ့အချက်က အဲဒီ ရေအိုင် နှစ်ခု စလုံးဟာ ဂျော်ဒန် မြစ်ရေတွေ စီးဆင်း ဝင်ရောက်တဲ့ ရေကန်တွေ ဖြစ်ပါတယ်.. ဒါပေမဲ့ မတူတဲ့ အချက်ကတော့ ဂါလိလီရေအိုင်ကြီးဟာ ချိုမြိန်တဲ့ ရေတွေရှိပြီး ပင်လယ်သေ ကတော့ ရေငံများသာ ရှိတဲ့ ရေပြင်ဖြစ်ပါတယ်.   ဂါလိလီရေပြင်ဟာ လှပ သန့်ရှင်းတဲ့ ရေချိုတွေ ရှိတာကြောင့် ရေထဲမှာ သက်ရှိမျိုးစုံ ရှင်သန်ပေါက်ဖွားလို့ နေပါတယ်. အပင်များစွာနဲ့ ငါးအမျိုးပေါင်း စုံလင်စွာ ကျက်စား မြူးတူးလို့ နေပါတယ်။ အစ္စရေးတို့ရဲ့ အဓိက သောက်သုံးရေ အရင်းအမြစ် လည်း ဖြစ်ပါတယ်။
 လှပစိမ်းစိုပြီး သက်ရှိတို့ ရှင်သန်ပေါက်ဖွားအားထားရာ ဂါလိလီပင်လယ်

မြစ်တစ်ခုတည်းကနေ ဖြစ်ပေါ်လာတဲ့ ရေကန်နှစ်ခုဟာ ဘာကြောင့်များ မတူ ကွဲပြားနေရတာလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်. တစ်နေရာတည်းမှာ တည်ရှိနေပြီး မြစ်တစ်ခုတည်းက ရေကို ရရှိနေတဲ့ ပင်လယ်( ရေအိုင်ကြီး) နှစ်ခုဟာ တစ်ခုကတော့ သက်ရှိတွေ နေထိုင် မပေါက်ဖွားနိုင်တဲ့ ရေပြင်မျိုးကို ပိုင်ဆိုင်နေပြီး တစ်ခုကတော့ သက်ရှိတွေ မှီတင်းနေထိုင်နိုင်တဲ့ ရေပြင်မျိုး ဘာကြောင့်များ ဖြစ်နေရတာလဲ.. အဖြေရှာ စဉ်းစားကြည့်တဲ့ အခါမှာတော့.. 



Image Hosted by PicturePush - Photo Sharing
ဂျော်ဒန်မြစ် စီးဝင်ရာ ဂါလိလီပင်လယ်နှင့် ပင်လယ်သေတို့၏ မြေပုံ 

ဂျော်ဒန်မြစ်ဟာ ဂါလိလီပင်လယ်ထဲကို မြောက်ဘက် ကနေ စီးဝင်ပြီးမှ တောင်ဘက်  ကနေ ပြန်စီးထွက် သွားခဲ့ပါတယ်.. ဂါလိလီ ပင်လယ်ထဲကရေဟာ အဝင်ရော အထွက်ပါရှိတဲ့ ရေအရှင်ဖြစ်တာကြောင့် သန့်ရှင်းကြည်လင်တဲ့ ရေချိုဖြစ်နေပြီး သက်ရှိပေါင်းများစွာ ပေါက်ဖွားနေထိုင်နိုင်ကာ သတ္တဝါနဲ့ အပင်တွေအတွက် မှီခိုအားထားရာ ဖြစ်စေခဲ့ပါတယ်။  သို့သော် ဂါလိလီ ပင်လယ်ထဲကနေ ပြန်လည် စီးထွက် လာတဲ့ ဂျော်ဒန်မြစ်ကြီး တစ်ခုလုံးက ရေတွေ စီးဝင်နေတာခြင်း တူပေမဲ့လို့ ပင်လယ်သေကတော့ သက်ရှိလည်း မနေနိုင်၊ ဆားတွေ သတ္ထုဓာတ်တွေ များပြားနေတဲ့ ရေပြင်ဟာလည်း ငံကျိနေခဲ့ပါတယ်။ အကြောင်းရင်းကတော့ စီးဝင်တဲ့ ရေသာ ရှိပြီး ပြန်လည် စီးဆင်းသွားတဲ့ မြစ်၊ ချောင်း စတဲ့ ရေထွက်ပေါက် တစ်ခုမှ မရှိတဲ့ ရေသေဖြစ်လို့ပါ။ 

စီးဆင်းမှု မရှိတဲ့ ပင်လယ်သေရဲ့ ရေပြင်ထုဟာ ခန့်မှန်းခြေ တန်ချိန် တစ်သိန်းကျော်ခန့် နေ့စဉ် နေ့စဉ် အငွေ့ပျံသွားပါတယ်.။  ရေတွေတန်ချိန်များစွာ အငွေ့ပျံသွားတဲ့အခါ ကန်ထဲမှာ ဆားနဲ့ သတ္တုတွေသာ များစွာ ကျန်ရစ်ခဲ့ပါတယ်။ ဆားပါဝင်မှုနှုန်း များပြားလွန်းလို့ သက်ရှိတွေ ရှင်သန်ဖို့မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရပါတယ်. ပင်လယ်သေဟာ ဂျော်ဒန်ုမြစ်ဆီက စီးဝင်တဲ့ ရေသာရှိပြီး စီးဝင်လာတဲ့ရေကို ပြန်လည် ထုတ်ပေးခြင်းမရှိဘဲ သူ့ပင်လယ်ထဲမှာ ထိမ်းသိမ်းထားလိုက်တဲ့ အတွက် ပင်လယ်သေအဖြစ်ကို ရောက်ခဲ့ရပါတယ်။ 

ပင်လယ်သေရဲ့ သဘောတရားကို ကြည့်ပြီး လူတွေရဲ့ ဘဝကို စဉ်းစားကြည့်မယ်ဆိုရင်...

လူဆိုတာဟာ သူတစ်ပါးကို ပြန်ပေးတာမျိုးမရှိဘဲ ကိုယ်ကသာ သူတစ်ပါးဆီက ယူတတ်သူတစ်ယောက် သက်သက်အဖြစ်သာ ရှင်သန်ရမဲ့အရာ မဟုတ်ပါဘူး။ ဂါလိလီပင်လယ်အတိုင်း ကိုယ်ကလည်း ယူသလို သူတစ်ပါးကိုလည်း ပြန်လည် မျှဝေပေးတတ်သူအဖြစ် ရှင်သန်ရမှာပါ။ ဘဝမှာ စည်းစိမ်ဥစ္စာ၊ ပညာ စသည်တို့ကို ရှာဖွေစုဆောင်းပြီး ရရှိလာတဲ့အခါ  ပြန်လည် မျှဝေခြင်း၊ လှူတန်းခြင်း စသည်တို့ မရှိဘဲ မိမိစည်းစိမ်းဥစ္စာ၊ မိမိသိထား၊ တတ်ထားတဲ့ အသိပညာ ၊ အတတ်ပညာတွေကို ကိုယ်တစ်ယောက်တည်း အတ္တကြီးစွာနဲ့ လျှို့ဝှက်သိမ်းဆည်း ထားမယ်ဆိုရင် သက်ရှိတွေ ဘယ်လိုမှ မရှင်သန်နိုင်တဲ့  ပင်လယ်သေလိုဘဲ ချစ်ခြင်းမေတ္တာ၊ အကြင်နာ ၊ ပျော်ရွှင်မှု၊   လူတွေရဲ့လေးစားယုံကြည်ခြင်း စတဲ့အရာတွေနဲ့ မိသားစု၊ ဆွေမျိုးမိတ်ဆွေ၊ သူငယ်ချင်း များစွာတို့ဟာ အငွေ့ပျံသလို  ဖယ်ကြဉ် ရှောင်ခွာ၊ ပျောက်ကွယ် သွားကြမှာ ဖြစ်ပါတယ်။

ဒီလိုဆိုရင် ကိုယ်ဟာ လောကကြီးနဲ့ သူတစ်ပါးဆီက ရသမျှ အကုန်ယူမဲ့  အယူသာရှိပြီး အပေးမရှိတဲ့ ပင်လယ်သေလို အတ္တသမား သက်သက်အဖြစ် ရှင်သန်မလား၊ ဒါမှမဟုတ် စီးဝင်တဲ့ ရေလည်း ရှိပြီး ပြန်စီးထွက်တဲ့ ရေထွက်ပေါက်လည်းရှိတဲ့ ဂါလိလီပင်လယ်လို အယူလည်းရှိသလို အပေးလည်းရှိတဲ့ သူတစ်ယောက်အဖြစ် မျှတစွာ ရှင်သန်မလား ဆိုတာကတော့ မိမိရဲ့ ရွေးချယ်ခွင့်သာ ဖြစ်ပါတယ်။ ပင်လယ်သေလို လူစားတွေ များများစားစားမရှိဘဲ ဂါလိလီပင်လယ်လို လူတွေက ပိုများမယ် ဆိုရင်တော့ ကမ္ဘာကြီးဟာ ပိုပြီး သာယာလှပနေမှာ အသေအချာသာ ဖြစ်ပါတော့တယ်။ ဒီတော့ ကျွန်မတို့လည်း အပေးမရှိ အယူသာရှိတဲ့ ပင်လယ်သေလို လူစားတွေမဖြစ်အောင် မိမိ တတ်ထားတဲ့ အသိပညာ၊ အတတ်ပညာတို့ကို အခြားသူများကို ပြန်လည်မျှဝေပေးကာ မိမိပတ်ဝန်းကျင်က အားနည်းသူ၊ အကူအညီ လိုအပ်နေသူကိုလည်း မိမိမှာ ရှိတဲ့ထဲက တတ်နိုင်သမျှပြန်လည် ဝေမျှသူတွေ ဖြစ်အောင် ကြိုးစားသင့် ကြတယ် မဟုတ်ပါလားနော်။ 


လောကကြီးမှာ သူတစ်ပါးဆီက အယူသာရှိပြီး အပေးမရှိတဲ့ လူစားမျိုးဟာ ပင်လယ်သေနဲ့တူတဲ့ လူတွေပါ။


 Inspiration from Dead Sea and Sea of Galilee


Image Hosted by PicturePush - Photo Sharing

35 Responses to “ပင်လယ်သေလို လူစားများ”

ဟုတ်ပ ချစ်မကြီးရယ်
အမှန်တွေပါပဲ အဲလိုအကျင့်တွေ ကျင့်သင့်ကြောင်းပေါ့

ပင်လယ်သေ နဲ့ ယှဉ်ပြီး စဉ်းစားစရာ လေးတွေ ရသွားပါကြောင်း။

MGTHANT said...

အင်မတန်မှ မှတ်သားဖို့ ကောင်းတယ်ဗျာ။ ပြီးခဲ့တဲ့ ပိတ်ရက်ကတောင် ပင်လယ်သေမှာ လူတွေ အများကြီး ပေါလောပေါ်နေတဲ့ပုံ ဓါတ်ပုံရိုက်ထားတာ ကြည့်မိသေးတယ်... ကျေးဇူးပါ.. မချော...

အရမ်းကောင်းတာပဲ မချောရေ ..း)
ပင်လယ်သေလို လူစားတွေ ......

အင်း ယူသာယူတတ်ပြီး ပြန်မပေးရင် သိပ်ကြောက်စရာကောင်းလှပါလားရှင်။ အဲ့လို ပင်လယ်သေလိုလူမျိုးတွေ အရမ်းများလာရင်တော့ ရင်လေးစရာကောင်းပါတယ်။ ဆင်ခြင်စရာ ပို့စ်ကောင်းလေးမို့ မမချောကို ကျေးဇူးတင်ပါတယ်ရှင်။

ခင်တဲ့
မေသိမ့်

အတ္တ said...

နှစ်သက် အတုယူဖွယ်လေးပါ...

rose said...

Got so much knowledge about the dead sea. I like the way you think, sis :)))

ဗဟုသုတနဲ့အတူ တွေးတော၊ ဆင်ခြင်အလေးထား စရာပို့စ်လေး အတွက် ကျေးဇူးပါမမရေ..

Nyi Linn Thit said...

တစ်ခုနဲ့တစ်ခု သိပ်မဝေးလှတဲ့ ဒီပင်လယ်နှစ်ခုကို အခုအတိုင်း ယှဉ်ပြီး မကြည့်မိခဲ့ဘူး၊ အထူးသဖြင့် တစ်ခုထဲသော ဂျော်ဒန်မြစ်နဲ့ ပတ်သက်နေကြပေမယ့် ဖြစ်တည်လာပုံ မတူတဲ့အကြောင်းလေးကို တွေးထားတာ “လှ” တယ်ဗျ၊ မျှဝေခြင်းရဲ့ အရေးပါပုံကို မှတ်သားမိတယ်၊ မချောရဲ့ ဘလော့ဂ်လေးကတော့ မျှဝေ၊ ပေးကမ်းခြင်းတွေနဲ့ ရေစီးရေလာ ကောင်းမွန်နေလို့ ထင်ပါရဲ့၊ စိမ်းစိုလန်းဆန်းပြီး စာပျော်ငါးတွေ မပြတ် ကူးခတ်သွားလာ နေကြတာ...။း)

Anonymous said...

တကယ်တော့ ရင်ထဲမှာသိမ်းထားတဲ့အရာတွေတိုင်း တန်ဖိုးမရှိပါဖူး ဝေမျှသင့်ပါတယ်........

ဒီပို့စ်အရမ်းကောင်းတယ် အစ်မရေ...း)
ကျေးဇူးပါဗျာာ

မောင်ဘကြိုင်

AH said...

သုတရော ရသရော အစုံပါတဲ့ ဒီပိုစ်ကို ကြိုက်မှ ကြိုက် :)

ပင်လယ်သေလိုလူစားမျိုးတဲ့ အပေးမရှိ အယူပဲရှိတဲ့သူ..။ သိပ်ကောင်းတဲ့ ဥပမာခိုင်းနှိုင်းမှုပဲ...။ ခုလို သုတလေးတွေမျှဝေပေးတဲ့ ညီမချောကိုကျေးဇူးအရမ်းတင်ပါတယ်...။

လောကကြီးမှာ သူတစ်ပါးဆီက အယူသာရှိပြီး အပေးမရှိတဲ့ လူစားမျိုးဟာ ပင်လယ်သေနဲ့တူတဲ့ လူတွေပါ။
တစ်သက်လုံးမှတ်ထားတော့မယ်။
အသိပညာတွေရော၊ဗပာုသုတပါရစေတဲ့ပိုစ့်လေးပါ။

seesein said...

လောကကြီးမှာ သူတစ်ပါးဆီက အယူသာရှိပြီး အပေးမရှိတဲ့ လူစားမျိုးဟာ ပင်လယ်သေနဲ့တူတဲ့ လူတွေပါ။


အပေးအယူ တတ်ဖို့က ရွှေပြည်ကြီးက လူတွေ အရမ်းတော်ကြပါတယ်လေ နေား)

အပေးမရှိဘဲ အယူဆိုရင်တော့ သေပြီပေါ့နော

blackroze said...

ဟုတ်တယ်မကြီးချောရေ
ပင်လယ်သေလိုလူစားမဖြစ်ရအောင်
ကိုယ့်ဘာသာကြိုးစားပြီးနေထိုင်သင့်တယ်

Anonymous said...

ဒီမယ်မိစံ..
ညည်းကော..
ဘယ်လိုလူမျိုးတုန်း..
ပင်လယ်သေလား?
ဒါမှမဟုတ်.(ပင်လယ်)မရှင်တရှင်လား?
(ကိုယ့်ဘာသာကိုယ်)
ပြန်မေးမိတော့..
ဖျားသွားတယ်အစ်မရေ ..း)
လေးစားလျှက်..

ဟန်ကြည် said...

ကျောင်းသားတစ်ယောက်ကို ဆရာမက မေးသတဲ့ -
“ ဟေ့ ပင်လယ်သေကို သိသလား”

ကျောင်းသားက အလန့်တကြားပြန်ဖြေပါရော-
“ ဗျာ ပင်လယ်နေမကောင်းဖြစ်တာတောင် ကျွန်တော်သတိမထားလိုက်မိဘူး ”

ပင်လယ်သေဆိုတဲ့ စာသားကို မြင်တိုင်း အဲဒီဟာသပဲ သွားသွားသတိရတယ်...“ ဂါလိလဲ ” ဆိုတဲ့ပင်လယ်က သမ္မာကျမ်းစာထဲမှာ နံမည်ကြီးပေါ့ ဒေါ်ချောရေ...ကိုယ့်ဘာသာမဟုတ်ပေမယ့် ဖတ်ရင်းလေ့လာရင်း သတိထားမိတာ...အခုမှပဲ သူ့အကြောင်းကို ကောင်းကောင်းသိတော့တယ်...

အသိကို အတွေးနဲ့ ရက်ဖောက်ထားတဲ့ဒီပို့စ်ကို ဒေါ်ချောတင်သမျှထဲမှာ အကြိုက်ဆုံးလို့ ဆိုရမယ်...

အလွန်မှတ်သားဖွယ် ကောင်းတဲ့ post လေးပါ အစ်မ

မချောရေနေကောင်းပါစ..ပင်လယ်သေလိုလူစား
များကိုဖတ်ရတာတော်တော်ဗဟုသုတရပါတယ်
ဆက်လက်ပြီးဖြန့်ဝေနိုင်ပါစေ....

မေတ္တာဖြင့်...
ရွှေဝန်းရတနာ....

မချောညွှန်ပြပေးတဲ့အတိုင်း ပင်လယ်သေလိုလူစားမျိုး မဖြစ်အောင် ကြိုးစားနေပါ့မယ်။
ချစ်တဲ့
သဒ္ဓါ

Anonymous said...

ကျနော်ကတော့ပင်လယ်သေလိုလူစားထဲမှာမပါပါဘူး.....

ပြောကြတယ်မလား။ "ကြက်ရေသောက်ထားသလို၊ သဲထဲရေသွန်လိုက်သလိုမျိုး" မဖြစ်ဖို့တော့ ကြိုးစားနေထိုင်ကြရမှာပါ ချောရေ။

ပင်လယ်သေလိုဘုန်းဘုန်းမဟုတ်ဘဲ ဂါလိလီဘုန်းဘုန်းဖြစ်အောင် ကြိုးစားဆဲပါ ချောရေ။

ညီရဲ said...

နှိုင်းယှဉ်ပြသွားပုံလေး ကောင်းလိုက်တာ အစ်မရယ်...
တကယ်... ဗဟုသုတလေးနဲ့ ယှဉ်တွဲပြသွားပုံလေး တကယ်ထိမိတယ်...
ဒါကြောင့် လေးစားထိုက်တာ...

san htun said...

ပင်လယ်သေအကြာင်း ရေးတာခြင်း တူတာတောင် မချောက အတွေးလေးတွေ ပေးသွားတယ်..ကောင်းလိုက်တဲ့ ပို့ စ်..

ကိုကိုမောင်(ပန်းရနံ့) said...

ပင်လယ်သေကို အကြောင်းပြုပြီး အသိပညာပေးသွားတာ ကောင်းမှကောင်းဘဲ မချောရေ။

ဟုတ်တယ်။ ပင်လယ်သေလို မဖြစ်စေရဘူး။ ဂါလိလီရေအိုင်လိုဘဲ ဖြစ်စေရမယ်။

ခင်မင်လျှက်

ပေးချင်တဲ့ ဦးတည်ချက်လေး ကောင်းတယ်..း))

ခင်မင်လျက်
နေ၀သန်

Anonymous said...

တစ်ခေါက်တစ်ခေါက်အပြေးအလွှားလာကြည့်ရတာမမေ့နိုင်တဲ့မှတ်သားစရာပိုစ်အသစ်အဆန်းလေးတွေကိုမှတ်ပြီးပြန်ခွင့်ရတာကျေးဇူးတင်ပါတယ်။ပင်လယ်သေဆိုတာအဲ့လောက်ဆားပါဝင်မှု့များတယ်ဆိုတာခုမှသိတော့တယ်။အစကပင်လယ်သေတွေအားလုံးကိုရေချိုမှတ်နေတာ။နောင်ဒီထက်ပိုစ်တွေအများကြီးတင်ပေးနိုင်ပါစေရှင်။

mstint said...

ဗဟုသုတတွေ ယူသွားတယ်ချောရေ။ ပင်လယ်သေနဲ့ ပင်လယ်ရှင်ကွာခြားချက်ကို ပုံလေးနဲ့အတူ ချောရဲ့ လက်တွေ့ဆန်တဲ့ သုံးသပ်ချက်လေးတွေကို သဘောကျတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

သတိုး said...

လောကကြီးနဲ့ သူတစ်ပါးဆီက ရသမျှ အကုန်ယူမဲ့ အယူသာရှိပြီး အပေးမရှိတဲ့ ပင်လယ်သေလို အတ္တသမား သက်သက်အဖြစ် ရှင်သန်မလား၊ ဒါမှမဟုတ် စီးဝင်တဲ့ ရေလည်း ရှိပြီး ပြန်စီးထွက်တဲ့ ရေထွက်ပေါက်လည်းရှိတဲ့ ဂါလိလီပင်လယ်လို အယူလည်းရှိသလို အပေးလည်းရှိတဲ့ သူတစ်ယောက်အဖြစ် မျှတစွာ ရှင်သန်မလား ဆိုတာကတော့ ....
လှပသော ရှုခင်းများကို ခံစားရင်း အတွေးပွားခဲ့ပါတယ်ဗျို့။

Anonymous said...

Actually dead sea is not selfish,She try to gave back for humans as much as she can... u can check here the link.

http://www.deadseabathcare.co.uk/

hope you'll understand.

အဲ့သည် အယူရှိပြီး အပေးပြန်မရှိတဲ့ ပင်လယ် သေလို သတ္တ၀ါ ကောင်တွေ သွေးတိုး ပြီး ကိတ်စ မြန်မြန် တုံးကြပါစေတော်။ ကဲ။ မှတ်ပလား။

အစ်မချောဗဟုသုတလေးတျွေးမျှဝေပေးလို့  ကျေးကျေး ပါဗျာ။

မှတ်သားစရာပဲ အစ်မချောရေ၊ အခုမှ ပင်လယ်သေ ဘာလို့ငံ၊ သိရတယ်။ အဲလိုလူမျိုးမဖြစ်အောင်တော့ နေရဦးမယ်။ တခါတလေ တကိုယ်ကောင်းဆန်ချင်တယ်။

နောက်ဆက်တွဲ တွေးစရာလေးတွေပါတဲ့ပို့စ်လေးတွေကို အရမ်းသဘောကျတယ်ချောရေ။ ဗဟုသုတကော အတွေးတွေကိုကောမျှဝေပေးတဲ့ချောကို ကျေးဇူး...း))

ဗဟုသုတကိုပေးနိုင်စွမ်းရှိပြီး ဘဝတစ်ခုအတွက် အတွေးသစ်တွေရတဲ့ ပင်လယ်သေးလေးပါပဲ အချောရေ... နှစ်မျိုးလုံးအတွက် ကျေးဇူး ကမ္ဘာဆိုင်ယော....

PhyoPhyo said...

ဒီပိုစ့်လေးကို ခုသေချာပြန်လာဖတ်တာ။
ပင်လယ်သေထဲဆားပါဝင်နှုံး အဲဒီလောက်များတာသိဘူး၊
မချောက ဗဟုသုတအရင်မျှပြီး အတွေးအခေါ်ပါပေးသွားတာ။ ပင်လယ်သေမဟုတ်တာ အသေအချာပေါ့။
ပင်လယ်သေမဖြစ်အောင်လည်း အမြဲကျိုးစားပါ့မယ်ရှင့်။
ပေါလောပေါ်နေတယ်ဆိုလို့ စိမ်ကြည့်ချင်လိုက်တာ။
ချစ်တဲ့
pp