ဖရုံသီးက ပြောတဲ့စကားများ

ဒီရက်ပိုင်း စာရေးဖို့ အချိန်နည်းနေတာမို့ နှစ်သက်သဘောကျမိလို့ သိမ်းထားတဲ့ ရွှေဖရုံသီးအနုပညာ လက်ရာ ပုံလေးတွေချည်းကို ဖော်ပြပေးချင်ပါတယ်။ လူတွေမှာ စိတ်ကူး အိုင်ဒီယာ သာ ကောင်းရင် ရွှေဖရုံသီးကနေလည်း အင်မတန်မှ စိတ်ဝင်စားဖို့ကောင်းတဲ့ မျက်နှာတွေကို ပုံဖော်နိုင်ပါသေးတယ်..  အနောက်နိုင်ငံများမှာတော့ Halloween လို့ခေါ်တဲ့ ပွဲတွေမှာ ရွှေဖရုံသီးကို ပုံသဏ္ဍာန်အမျိုးအမျိုး ထွင်းထုပြီး အသီးရဲ့အတွင်းထဲမှာ မီးထွန်းချိတ်ဆွဲတတ်ကြပါတယ်။ Halloween ပွဲတော်အတွက်တော့ ရွှေဖရုံသီးဟာ မပါမဖြစ် အထိမ်းအမှတ်လည်း ဖြစ်ပါတယ်။ Halloween ပွဲတော်အတွက် အမျိုးမျိုးသော ဖရုံသီး ပုံသဏ္ဍာန်များကို ထွင်းထုရင်း ပိုမိုအသေးစိတ်ပြီး လှပသေသပ်တဲ့ ဖရုံသီးအနုပညာ တိုးတက်ဖြစ်ထွန်း လာဟန် ရှိပါတယ်။

ရွှေဖရုံသီးပေါ်မှာထွင်းထုထားတဲ့ ထူးထူးခြားခြား ရုပ်ပုံများကိုကြည့်ရတာ အဓိပ္ပါယ်တွေ ရှိနေတယ်လို့ ကျွန်မက ယူဆပါတယ်။ အနုပညာမြောက်အောင် ထွင်းထုထားတဲ့ ရွှေဖရုံသီးများကို ကျွန်မ နားလည်သလို အောက်က ပုံတွေမှာ ဘာသာပြန်ထားလိုက်ပါတယ်..


Image Hosted by PicturePush - Photo Sharing

Hello.. အားလုံးမင်္ဂလာပါ.. ကျွန်မနာမည် မချောပါရှင့်..  ကျွန်မရဲ့ အစိမ်းရောင်လွင်ပြင်ကို အလည်လာတာ ကျေးဇူးတင်ပါတယ်... အောက်မှာတော့ ကျွန်မရဲ့ မိတ်ဆွေ ဖရံသီးလေးများကို ဆက်လက် ကြည့်ရှုအားပေးပါလို့နော်..   :P


အားလုံးအတွက် ပျော်စရာနေ့လေး ဖြစ်ပါစေနော်..


Image Hosted by PicturePush - Photo Sharing
 ဓာတ်ပုံရိုက်ခံဖို့ ပဲပေးနေတာပါ.. 


Image Hosted by PicturePush - Photo Sharing
 ကျွန်တော်ကတော့ အစိမ်းရောင်လွင်ပြင်ဘလော့ကို စောင့်တဲ့တံခါးမှူးပါ...

Image Hosted by PicturePush - Photo Sharing
ကျွန်တော်ဆရာဝန်တစ်ယောက်ပါ.. အဲလေ. လူရိုင်းခေါင်းဆောင်ပါ။


Image Hosted by PicturePush - Photo Sharing
ကျွန်တော့်ကို သေချာကြည့်ပါ.. မျက်မှောင်ကုတ်ပြီး မကြည့်ပါနဲ့။


Image Hosted by PicturePush - Photo Sharing

ဇစ်မဆွဲနဲ့ကွ...... 

Image Hosted by PicturePush - Photo Sharing

 အင်ဒီးယန်းကြီးလည်း အလည်လာတယ်

Image Hosted by PicturePush - Photo Sharing
 တစ်ယောက်တည်းဆိုတော့ ပျင်းတာပေါ့လေ...


Image Hosted by PicturePush - Photo Sharing
 ဘလော်ဂါတွေက ကျွန်မကို လှတယ်ပြောကြတယ်ရှင့်...

Image Hosted by PicturePush - Photo Sharing
ဘယ်သူကများ ဒီရုပ်ကို လှတယ်လို့ ပြောလိုက်ပါလိမ့်ကွာ..း(

Image Hosted by PicturePush - Photo Sharing
ကောင်းကောင်းနေကွ.. မဆော့နဲ့


Image Hosted by PicturePush - Photo Sharing
 မြွေများရဲ့ သခင်

Image Hosted by PicturePush - Photo Sharing
ဖရုံသီးဘဝက ငါးစင်စစ်ဖြစ်ရရှာလေပြီ


Image Hosted by PicturePush - Photo Sharing

ဘယ်သူလဲကွ. ရွှေဖရုံသီးနဲ့ ပေါက်တာ.. လက်ဆော့လှချည်လား..


~~~~~~~~~~@@@@~~~~~~~~~


Image Hosted by PicturePush - Photo Sharing
 ကျုပ်တို့ကို ဒီအချုပ်အနှောင်ကနေ ဘယ်တော့လွတ်ပေးမှာလဲ..


Image Hosted by PicturePush - Photo Sharing
ဘာ.. မလွတ်ပေးသေးဘူး ဟုတ်လား။ 


Image Hosted by PicturePush - Photo Sharing

မျက်မှန်ကြီးနဲ့ လူကြီးလူကောင်းဆန်ပါကွာ မဟုတ်တာတွေ မလုပ်ပါနဲ့။ 


Image Hosted by PicturePush - Photo Sharing

မင်းဘဲ ဒီပုတ်ထဲက ဒီပဲဘဲထင်ပါတယ်.. 

Image Hosted by PicturePush - Photo Sharing
လူဆိုတာ ကတိတည်ရတယ်ကွ.. 

Image Hosted by PicturePush - Photo Sharing
 မတရား စားထားတာတွေ သိပ်များသွားတော့စားပိုးနင့်တတ်တယ်..


Image Hosted by PicturePush - Photo Sharing

ငါ့ကိုများ ပေစောင်းစောင်းနဲ့ ကြည့်နေသေးတယ်။။

Image Hosted by PicturePush - Photo Sharing

မင်းကိုကြည့်ရင်းနဲ့ ဒေါသထွက်လာပြီ


Image Hosted by PicturePush - Photo Sharing
ပြောရတာမောလို့ လျှာထွက်လာပြီ။

Image Hosted by PicturePush - Photo Sharing
 ငါ့လို ကမ္ဘာကြီးကို မျက်လုံးတစ်ဖက်ထဲနဲ့ မကြည့်ပါနဲ့ကွာ.. နှစ်ဖက်စလုံးဖွင့်ပြီးကြည့်ပါ။ 


Image Hosted by PicturePush - Photo Sharing
ဟောသလို မျက်လုံးဖွင့်ပြီးကြည့်ပါကွ..

Image Hosted by PicturePush - Photo Sharing

မင်းပါးစပ်ကို ပိတ်ထားစမ်းပါကွာ.. 


Image Hosted by PicturePush - Photo Sharing
ငါ့အနားမှာရှိလို့ကတော့ ဟောသလို သွားတွေပါ ကျွတ်ထွက်သွားအာင် လက်သီးစာကျွေးပစ်မယ်ကွ.. 


Image Hosted by PicturePush - Photo Sharing
ဒီတစ်ယောက်ကိုကြည့်ပါလား.. ငါ့လက်သီးစာမိသွားလို့ မျက်လုံးတောင် ကျွတ်ထွက်သွားပြီ..


Image Hosted by PicturePush - Photo Sharing
စိတ်ထားမကောင်းတဲ့သူက ဒီလိုဘဲ ရုပ်ဆိုးတယ်..


Image Hosted by PicturePush - Photo Sharing

ငါသေရင်တောင် အလွတ်မပေးဘူး .. မင်းကိုလာခြောက်မယ်


တကယ်တမ်းတော့ မင်းဟာ အစွယ်ပြူးပြူးနဲ့ပါလားကွာ


~~~~~~~~~@@@@@@@@@@~~~~~~~~



Image Hosted by PicturePush - Photo Sharing

ကျွန်တော့နာမည်ကိုညစ်ကျယ်ပါ။။  ဟိုဘက်အိမ်ကလူတွေဆီ ဘာတွေများ အချောင်ရမလဲလို့ ချောင်းနေတာ.. :)


Image Hosted by PicturePush - Photo Sharing
သူတို့ဆီကနေ ရသမျှ အကုန်ယူဖို့ ပါးစပ်ကျယ်ကျယ် ဟထားပါတယ်။။

Image Hosted by PicturePush - Photo Sharing
ခုတစ်လော အိုဘားမားတစ်ယောက် အိမ်ဘေးက လူတွေကို ပြုံးပြုံးပြနေတယ်. 


Image Hosted by PicturePush - Photo Sharing
ဒီလိုဆို ငါ့အတွက် အခြေအနေသိပ်မကောင်းဘူး။ အိမ်ဘေးဆီက ငါလိုချင်တဲ့ပစ္စည်းတွေ မရတော့ရင် ဘယ်လိုလုပ်မလဲ..

Image Hosted by PicturePush - Photo Sharing
 ငါဘာလုပ်ရမလဲ.. သူတို့အခြေအနေကို အသာလေးစာင့်ကြည့်ရမယ်... 



Image Hosted by PicturePush - Photo Sharing

သိပြီ... ဟိုလူကြီးကို ကပ်ပြီးပေါင်းထားရမယ်.. :P 


Image Hosted by PicturePush - Photo Sharing
 ဘယ်ရမလဲ.. ငါတို့ဆီကထွက်တဲ့ ဈေးပေါပေါ ခပ်ညံ့ညံ့ပစ္စည်းတွေယူသွားပီး လာဘ်ထိုးရမယ်.. 


နောက်ဆုံး ဘယ်လိုမှ ပြောမရရင် မျက်ရည်ကျပြလိုက်ရုံရှိတာပေါ့လေ.. ဟွန်း..



~~~~~~~~~~~~~~~ The End ~~~~~~~~~~~~~~~


Nothing special, just for fun.    :)

အားလုံးဘဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်..


Image Hosted by PicturePush - Photo Sharing

31 Responses to “ဖရုံသီးက ပြောတဲ့စကားများ”

ပေါက်ပေါက်ရှာရှာ ဘယ်ကရပါလိမ့်...။ ပုံတွေက အနုစိတ်ပြီး လက်ရာမြောက်လိုက်တာ...
ကြောက်စရာပုံတွေပဲ ဘာလို့လုပ်လဲမသိဘူးနော်...။
ချောချောလှလှ ပုံလေးတွေ လုပ်ဖို့ကောင်းတယ်..။
ပုံနဲ့လိုက်ဖက်တဲ့ စာလေးတွေဖတ်ရင်းြဲပုံးမိတယ်ချောရေ...။

PhyoPhyo said...

မချော ရေ ...Bravo!!!!

ပုံနဲ့ စာနဲ့ တွဲဖတ်ရတာ သဘောကျလိုက်တာ။
စာဖတ်ပြီးကြည့်ရတာ ရယ်လိုက်ရတာ၊
ပုံဖော်ထားတာလည်း လက်ရာမြောက်လိုက်တာ။
တွေ့လည်းတွေ့တတ်တယ်။
ပိုချစ်သွားပြီ။
ဒီပိုစ့်လေးဖတ်ရတာ ပျော်စရာကောင်းလို့။
ချစ်တဲ့
pp

မိုက်တယ် ဟောလိုဝင်းတုန်းက တင်လိုက်ရမှာ...း)

လက်ရာတွေကမြောက်မှမြောက်ပဲ .
လုပ်တဲ့လူလဲတော်တယ်
ရှာရှာဖွေဖွေတင်တဲ့ ချစ်မကြီးလဲတော်တယ် ..


ဒါပေမယ့် ပုံတွေကြည့်ပြီးကြောက်တယ် .အီးဟီးးဟီးး

MGTHANT said...

ကြောင်းစရာကြီး... ကြောင်းစရာကြီးတွေ အများကြီးပဲ... အား ကြောင်းစရာကြီး...
ဟင်းမချက်စားရတာ .. နာတယ် :P

rose said...

Nice idea... The first pumpkin face is "Chucky," the legend horror movie in all time. I still remember when I watched it I was a child.

Anonymous said...

အမတော်..
ယောင်ပေစူးနဲ့ဖရုံသီးလေးသဘောကျး))
မိစံနဲ့.တူတယ်ဟုတ်းD
စာတွေနဲ့ပုံတွေက.အံဝင်ခွင်ကျပဲနော်
နောက်ဆုံးပြောမရရင်..မျက်ရည်ကျပြလိုက်မှာနော်
ဟိဟိး))

Baby taster said...

အစိမ်းရောင်လွင်ပြင်ကို စောင့်တဲ့တံခါမှူးက
ဒီလောက် ကြောက်စရာကောင်းရင် ဘယ်သူလာမလဲနော်း) တံခါမှူးပြောင်းလိုက်နော်း)

Nyi Linn Thit said...

မချောက တကယ်ပဲ ရှာရှာဖွေဖွေ စုဆောင်းနိုင်တယ်ဗျာ၊ ဖရုံသီး ပန်းပုတွေက လက်ရာမြောက်လိုက်တာ..၊ မချောရဲ့ ပုံစာတွေနဲ့ ပိုပြီး အသက်ဝင်သွားတယ်..၊ ပထမ ရိုးရိုးပဲ ရေးထားတယ် မှတ်နေတာ..၊ တချို့စာတွေကို ဆက်စပ်ဖတ်ကြည့်မှ မျက်မှောက်ကို ထင်ဟပ်နေတဲ့ ဖရုံသီး မှန်လေးတွေပါလားလို့ သဘောပေါက် သွားတယ်၊း)

ညီမလေး said...

တွဲပေးထားတဲ့ စာလေးတွေက ချစ်စရာ ၊ ပြုံးချင်စရာ ၊ ပျော်စရား))

CellMoe said...

တင်ပြတဲ့အိုင်ဒီယာတွေကောင်းသလိုရှာဖွေတွေတတ်တာလည်းချီးကျူးပါ၏့

ပုံတွေလဲကောင်းတယ်ပုံနဲ့ရေးထားတဲ့ စာကလဲ
အားလုံးကွက်တိပါပဲ
ခင်ခင်မင်မင် jasmine

ကိုကိုမောင်(ပန်းရနံ့) said...

ဖရုံသီးမမ။
စပါးသိမ်းချိန်ရောက်ရင် ပေါင်းစားဖို့ လာခူးဦးမယ်။

တော်တော်ရှာထားတတ်တယ်။း)

ခင်မင်လျှက်

ဟန်ကြည် said...

ရှာလည်းရှာနိုင်ပါပေ့ဒေါ်ချောရယ်...တစ်ခါမှကို မမြင်ဖူးတဲ့ပုံတွေချည်းပဲ...

ပုံတွေကြည့်ရင်း တစ်ခုပဲစဉ်းစားမိတယ်...ဒီလောက် ရှာရှာဖွေဖွေလုပ်နိုင်တဲ့ တို့ဒေါ်ချောတစ်ယောက် တိုးတိုးဖော်၊ တိုးတိုးဖက်ကျတော့ ဘာဖြစ်လို့ အခုထိရှာမတွေ့နိုင်သေးပါလိမ့်လို့...းးး)))

သတိုး said...

အိုဘားမားနဲ့ အလွန်တူ၏။း)

camomilla said...

ဖယုံသီးတောင်မစားရဲတော့ဘူးး)
ခုလိုထူးထူးဆန်းဆန်းလက်ရာမြောက်တဲ့ပုံတွေနဲ့ လိုက်ဖက်တဲ့စာသားတွေအတွက်ကျေးဇူးပါ

တကယ့်ကို အနုစိတ်ခြယ်မှုန်း ထွင်းထုထားတဲ့ ရွှေဖရုံသီးပန်းပုတွေပဲ။ သဘောကျလိုက်တာ။ အဲဒီလောက်လက်ရာမြောက်အောင် ထွင်းနိုင်တဲ့ပညာရှင်များကို တကယ်လေးစားပါတယ်။ ချောကလဲ ရှာရှာဖွေဖွေ အတော်စုဆောင်းတင်ပြတတ်တာပဲ။ ပုံနဲ့စာလေးတွေကလဲ ဟပ်လို့... စိတ်ဝင်စားစရာတွေကို အသေအချာ ဝေမျှပေးတဲ့ချောကို ကျေးဇူးအရမ်းတင်ပါတယ်ရှင်...း))

KO2 said...

ပုံတွေလုပ်ထားတာ အရမ်းမိုက်တယ် ..

ဆွေလေးမွန် said...

ပုံနဲ့ စာသားလေးတွေ တွဲဖတ်ရတာ ပိုပြီး သဘာဝကျ
တယ်..
ရှာရှာဖွေဖွေ ရေးတတ်ပါပေ့

AH said...

အားပေးသွားပါတယ် မချောရေ.... ဖရုံသီး ပုံဖော်တဲ့လူတော့ ဘယ်လိုနေလဲ မသိဘူး၊ ကြည့်တဲ့လူတော့ ကျောထဲက ခပ်စိမ့်စိမ့်ရယ် :)

ဟုတ်ပါ့ ချောရေ ထူးထူးဆန်းဆန်းကို ရှာဖွေပေးထားတာ ရှဲရှဲပါ။ လက်ျာတကယ်မြောက်တယ်နော်။ ဘုန်းဘုန်းတောင် အဲဒီလိုပုံလေးတွေ ဆွဲချင်စိတ်ပေါက်လာတယ် ချောရေ။

ဖရုံသီးပန်းပုတွေက ထူးဆန်းပြီး အသက်ဝင်တယ်။ မိုက်တယ်ဗျာ။ရှာလဲ ရှာတတ်ပါပေ့။ အများကြီးပဲနော်။ ရေးထားတာလေးတွေကလည်း လိုက်ဖက်တယ်။း)

Anonymous said...

funny.
Iora

mstint said...

Halloween နေ့ကတင်ရမှာ ချောရဲ့ :P
တတ်လည်းတတ်နိုင်လှပါတယ်း) (ယောက္ခမ ခရီး ၅ရက်ထွက်မယ် ချွေးမကိုကြိုပြောခဲ့တာ စိတ်ချမယ်း))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

:).. လက်ရာတွေ သေသပ်လှတယ်ဗျာ.. အနုပညာဆိုတာ ဒါပဲ..း))

ခင်မင်လျက်
နေ၀သန်

ကြောက်ချာဂျီး တို့..မ..ရာ..စာသားလေးတွေထည့်ထားလို့ တော်တော့တယ်..ဟာသပဲး)) လက်ရာတွေကတော့မြောက်လွန်းတယ်။

ညီရဲ said...

ဟာ ဟ...
မချော ပုံကြီးကလဲ ရယ်စရာကြီး... ဟီး...ဟီး..
ရှာရှာဖွေဖွေ မချောကတော့ ရှာနိုင်တယ်...

blackroze said...

မကြီးချောရယ်
တကယ်ပါဘဲရှာလည်းရှာတတ်တယ်
ထူးထူးဆန်းဆန်းပုံတွေကို

SHWE ZIN U said...

ဖရုံသီး ဟင်း စားချင်သွားတယ် ... ကောင်းလိုက်တဲ့ ပုံလေးတွေ တော်မှတော် ဘဲ ချော ရေ

ကျေးဇူး

PhyoPhyo said...

လက်ရာမြောက်ပုံက အံ့သြစရာနော်၊
ပုံနဲ့စာနဲ့တွဲဖတ်ရတာ ရယ်လိုက်ရတာ၊
ငိုပါနဲ့ တိတ် တိတ်၊

မနိုင် said...

အောင်မလေး...မမရယ်၊ ပေါက်ပေါက်ရှာရှာတင်ထားနိုင်တယ်၊ အရမ်းသဘောကျလို့ ရှယ်သွားပြီနော်..ဟဲဟဲ