စားကြဦးမလား အသားလုံးခေါက်ဆွဲ..

စားကြဦးမလား အော်နေလို့ မချောတစ်ယောက် ဘလောဂ့်ပေါ်ကနေ ဈေးရောင်းနေတာ မဟုတ်ပါဘူးနော်။ ဒီတစ်ပတ် စားစရာသောက်စရာအတွက် ပြီးခဲ့တဲ့ တစ်ပတ်က လုပ်စားဖြစ်တဲ့  အသားလုံး ခေါက်ဆွဲ လုပ်နည်းလေး ဖော်ပြချင်လို့ပါ။  ခုလို အေးချမ်းတဲ့ ဆောင်းရာသီရောက်လို့ လာတဲ့ အခါမှာ ခေါက်ဆွဲ ပူပူလေး စားရတာဟာလည်း အရသာတစ်မျိုးပါ။ ဒီတစ်ပတ် လုပ်ဖြစ်တဲ့ ခေါက်ဆွဲမှာ ( Snow Pea leaves) ပဲရွက်နဲ့ မုန်ညှင်းဖြူရွက်တို့ ထည့်ထားပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် တို့မှာ  ခေါက်ဆွဲထဲကို ခုလို ပဲရွက်လေးတွေ ထည့်စားကြတာ ရောက်ဖူးတဲ့သူတွေ သိကြမှာပါနော်။ သို့သော်လည်း ကျွန်မတို့ ကချင်ပြည်နယ်မှာတော့ ဆောင်းရာသီဆို ပဲရွက်ကိုသာ (ပဲရွက်က ဆောင်းမှသာ ရပါတယ်) သုံးကြပြီး ရှမ်းပြည်မြောက်ပိုင်း ဘက်မှာတော့ ပဲရွက်အပြင် မုန်ညင်းရွက်လေးတွေပါ ထည့်ပါတယ်။ ကျွန်မက ခေါက်ဆွဲကို ခုလို အရွက်တွေနဲ့ ထည့်စားရတာကို သဘောကျပါတယ်။ ဒီတော့ အရွက်ကြိုက်တဲ့ ကျွန်မက ရွှေပဲရွက်ရော မုန်ညင်းပါ ထည့်လိုက်ပါတယ်။ 

အသားလုံး ခေါက်ဆွဲဆိုတာဟာလည်း ရှမ်းပြည်မှာ စားကြတဲ့ ခေါက်ဆွဲဖြစ်ပါတယ်။ အသားလုံးကို မိမိနှစ်သက်ရာ အသားနဲ့ လုပ်နိုင်ပြီး အချို့ကတော့ အမဲလုံးခေါက်ဆွဲကို ပိုကြိုက်ကြပါတယ်။ သို့သော် ကျွန်မက အမဲသားမစားတဲ့အတွက် ဝက်သားနဲ့ လုပ်ပါမယ်။  ပထမဦးဆုံး ခေါက်ဆွဲဟင်းရည်နဲ့ အသားလုံးပြုတ်ဖို့အတွက် ဝက်ရိုးနည်းနည်းကို ကြက်သွန်ဖြူ၊ဂျင်း၊ အား၊ အရသာမှုန့် ထည့်ပြီး ပြုတ်ပါတယ်။ ချောက်ကော ပါးကော အလုံးကိုနည်းနည်းစီ ထည့်ပါတယ်. (မရှိလျှင် မထည့်လည်းရပါတယ်)
ဝက်ရိုးပြုတ်

Image Hosted by PicturePush - Photo Sharing

ဝက်သားများကို ကြိတ်ပါတယ်.. မကြိတ်လိုပါက တောက်တောက်စင်းနိုင်ပါတယ်. ပြီးလျင် ကြက်သွန်ဖြူ၊ ဆား၊ အရသာမှုန့်တို့ထည့်ပြီး နှံ့အောင် နယ်ပါတယ်။



Image Hosted by PicturePush - Photo Sharing
အသားများကို ခုလို အလုံးလေးတွေ လုပ်ပါတယ်။ (ဒီလောက်ဘဲလုပ်တာဟုတ်ဘူးနော်.. နမူနာ ပြထားတာ ) :P

ရလာတဲ့အသားလုံးတွေကို အစောက ဝက်ရိုးပြုတ်အိုးထဲ ထည့်ပြုတ်လိုက်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing
မုန်ညှင်းဖြူနဲ့ ရွှေပဲရွက်ပါ။ အဲဒါကို ရေနွေးဆူဆူမှာ ခနလေး ပြုတ်လိုက်တာပါ။ ဆိုင်တွေမှာတော့ ခေါက်ဆွဲပြုတ်ရင်း တစ်ခါတည်းထည့်ပြုတ်ပေးပါတယ်။


Image Hosted by PicturePush - Photo Sharing
ရွှေပဲရွက်၊ မုန်ညှင်းပြုတ်


Image Hosted by PicturePush - Photo Sharing

ခေါက်ဆွဲထဲထည့်ဖို့ ပြင်ထားတဲ့ အဆာပလာတွေပါ။ ခါတိုင်းခေါက်ဆွဲချက်သလိုဘဲ သိပ်မထူးတဲ့ အဆာပလာတွေဖြစ်ပါတယ်။

ပန်းကန်ပြားအကြီးက မုန်ညင်းနဲ့ ပဲရွက်ပြုတ်ထားတာပါ။ နံနံပင်၊ကြက်သွန်မြိတ် ၊ ပဲငပိ( တိုကျန်)၊ ကြက်သွန်ဖြူ ဆီချက်၊ နှမ်းဆီချက်၊ ငရုပ်သီးကြော်နဲ့ ချောက်ကောပါးကော အလုံးတွေကိုကြော် ထားတာ ဖြစ်ပါတယ်. ဆီမွှေးအောင်လို့ပါ။ အလုံးမရှိလဲ အမှုန့်ကို ဆီသတ်ပြီး ထည့်နိုင်ပါတယ်နော်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်သွန်ဖြူ၊ ဂျင်း၊ နံနံ ငရုပ်သီးစိမ်းတို့ကို သံပုရာသီးနဲ့ အချဉ်လုပ်ထားတာပါ ။ အသားလုံးနဲ့ တို့စားဖို့ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

 အသားလုံးပြုတ်ထားတာ ကျက်ပြီဆိုရင် ဆားအပေါ့အငံမြည်းလို့ အနေတော်ဆိုရင် ခေါက်ဆွဲဟင်းရည် အတွက် ရပါပြီ။

Image Hosted by PicturePush - Photo Sharing

ခေါက်ဆွဲထဲထည့်ဖို့ အဆာပလာစုံသွားပါပြီ။ 


Image Hosted by PicturePush - Photo Sharing
ရှမ်းခေါက်ဆွဲ၊ ဆန်စီး မိမိနှစ်သက်ရာနဲ့ စားသုံးနိုင်ပါတယ်။ ကျွန်မက ရေစိမ်ကို ပိုကြိုက်ပါတယ်.. ရေစိမ်ကို ကချင်နဲ့ ရှမ်းပြည်နယ်မှာ ရေစိမ်ေ ခါက်ဆွဲလို့ခေါ်ကြပြီး ရန်ကုန်မန္တလေးကတော့ ရှမ်းခေါက်ဆွဲ လို့ ခေါ်ကြ ပါတယ်။  ဆန်ခေါက်ဆွဲလို့ ကျွန်မတို့က ခေါ်တဲ့ ခေါက်ဆွဲကိုတော့ ဆန်စီးလို့ ခေါ်ကြပြန်ပါ တယ်။ 


Image Hosted by PicturePush - Photo Sharing

ဟင်းရည်နဲ့ အသားလုံးလေးထည့်လိုက်ရင် ပူပူနွေးနွေး အရသာရှိရှိ စားသုံးနိုင်တဲ့ အသားလုံး ခေါက်ဆွဲ ရပါပြီနော်။ 



ခေါက်ဆွဲက အငွေ့တောင်ထနေပါသေးတယ်. ရာသီအေးအေးမှာ ပူပူနွေးနွေး စားလိုသူများအတွက်တော့ အရသာရှိလှပါတယ်။


Image Hosted by PicturePush - Photo Sharing
အချဉ်ရည်နဲ့ တွဲစားပါ။ 



Image Hosted by PicturePush - Photo Sharing

 စားဖို့နယ်ထားတာပါ။ ထမင်းမစားဖြစ်ရင် ဒီလိုခေါက်ဆွဲလေးတွေ စားဖြစ်ပါတယ်. တစ်ခွက်ဆို ဝပါပြီ။ 
မယုံဘူး ဟုတ်လား.။ မယုံရင် အိမ်လာကြည့်ပါ :P

ဒီပိုစ့်လေး ရေးနေချိန်က မနက် ၃နာရီရှိပါပြီ။ အိပ်ရာက တစ်ရေးနိုးတာမို့ ဗိုက်ကလဲ ဆာနေတော့ ခေါက်ဆွဲ ပုံတွေမြင်ပြီး ဗိုက်ထဲက အသံပိုမြည်လာတော့တာပါဘဲ။ ကိုယ်တိုင်လည်း မြင်သာမြင်ပြီး မကြင်လိုက်ရ တဲ့ ခေါက်ဆွဲ ဖြစ်ပါတယ်.(ခုမှ မရှိတော့တာ။ ) စာ လာဖတ်သူတွေကိုမှ ပုံတွေပြပြီးနှိပ်စက်သလို ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုလဲ နှိပ်စက်သလို ဖြစ်ရပါတော့တယ် :P

ချစ်ခင်ရသော မိတ်ဆွေများအားလုံးအတွက် Happy Weekend ဖြစ်ပါစေနော်.


Image Hosted by PicturePush - Photo Sharing
 

36 Responses to “စားကြဦးမလား အသားလုံးခေါက်ဆွဲ..”

CellMoe said...

အရင်ဆုံးရောက်လို့တ၀ကြီးစားသွားပါတယ်
ကျေးဇူးပါနော်

Baby taster said...

း( စားချင်လိုက်တာနော်
ရေစိမ်ခေါက်ဆွဲကို ပဲရွက်နဲ့ အသေကြိုက်ပေါ့း(
နောက်တခါ ကြက်သားနဲ့လုပ်ပေးနော့

Baby taster said...

ကြွားဖို့ ကျန်သွားလို့း)
မနက်ဖန် ဆန်တိုဖူး လုပ်စားမှာဖြစ်ပါတယ် :P

အပြင်မှာသာ တကယ်ပြင်ပေးလို့ကတော့
ဘာပြောကောင်းမလဲ... ခုတော့ ပုံလေးတွေ ကြည့်ပြီး သွားရည်ကျသွားပါတယ် မမချောရေ။။

PhyoPhyo said...

စားချင်တယ်။
ကြက်သား၊ ငါးလုံးတွေလုပ်စားလည်းကောင်းမှာနော်။
ဗိုက်ထဲတကယ်ဂွီကုန်ပြီ။
ချက်ထားတာစားချင်စရာလေးရယ်။
ချစ်တဲ့
PP

Nyi Linn Thit said...

အငွေ့ တထောင်းထောင်းနဲ့ တကယ့်ကို စားချင်စရာ..၊ ဟုတ်တယ် မချောရေ..၊ အခုလို ဆောင်းတွင်းမှာ တခါတလေ ခေါက်ဆွဲပြုတ် ပူပူလေးက တကယ်ပဲ ခံတွင်း လိုက်စေမှာ အသေအချာပေါ့...၊ မနက် ၃ နာရီမှာ ပို့စ်တင်တဲ့ လူကို ဗိုက်ဆာစေတဲ့ ခေါက်ဆွဲက ည ၁၁ နာရီခွဲမှာ လာဖတ်တဲ့ လူကိုလည်း ဗိုက်ဆာစေ ပါတယ်ဗျာ..။း)

mstint said...

ဝက်သားနေရာမှာ ကြက်သားအစားထိုးပြီး အားတဲ့ရက် လုပ်စားကြည့်မယ်ချောရေ။ စားကောင်းမယ့်ပုံလေး ဗိုက်ဆာလာပြီ မုန့်ဟင်းခါးချက်လိုက်အုံးမယ် ဒီကနေ့ ဘလော့ဂါတွေကို ယောက္ခမမုန့်ဟင်းခါးကျွေးမလို့ ချွေးမကိုလည်း ကျွေးချင်လိုက်တာနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မမချော တကယ်နှိပ်စက်တယ်တော့
ခုမှမျက်လုံးဖွင့်တာကို စားချင်တယ် စားချင်တယ်
အီးးဟီးးဟီးး
လူလဲဝက်သားလုံးဖြစ်နေပြီ
မမချောလုပ်သမျှနောက်ကလိုက်လုပ်တား(

Evy said...

မြင်ရတာ ဗိုက်ဆာတယ် ချောရေ။ အဲလိုခေါက်ဆွဲမျိုးတွေကြိုက်တယ်

san htun said...

ဂလု..ဂလု

maung t said...

that's too mush meat .
i prefer mo vegetables.

Anonymous said...

အမ.. အသားလုံးတာကော်မှူန်. တို. ဘာတို. ထည်.စရာလိုသေးလားဟင်??? အိမ်မှာလုပ်ကြည်.တာ ရှမ်းပြည်က အသားလုံးလိုမဖြစ်ဘူး...

Anonymous said...

ပဲရွက်ချိုချိုလေးနဲ့ ရေစိမ်ခေါက်ဆွဲ စားချင်တယ်။
ဘာမှမစားရသေးခင် လာကြည့်တော့ အစာအိမ်တော်တော် ဆန္ဒပြနေတယ် :)))

ခင်မင်စွာဖြင့်
ညယံ

ချမ်းနေပြီအတော်ပဲ။
နက်ဖန်လုပ်မယ်ချောရေ။
ပဲရွက်ရမရမသေချာသေးဘူး။
ဝက်သားကြိတ်သားဝယ်ဘို့သွားတဲ့အချိန်မှာ ရှာကြည့်ရမှာ။

Shinlay said...

ခေါက်ဆွဲပြုပ်ဆို အလွန်ကြိုက်ပါတယ်။
မကြာခင်လုပ်စားမည်.........ကျေးဇူးတင်ပါတယ်။

လုပ်အားပေးသွားနေရလို့ပင်ပန်းနေတာ အတော်ပါပဲ
အဲဒီလိုမျိုးလေးမစားဖူးဘူး
ရှမ်းခေါက်ဆွဲ ဆန်စေးကိုပိုပြီးကြိုက်တာပါ
ခုမချောလုပ်ထားတာလေးကလဲတစ်ကယ့်
ကိုစားချင်စရာလေးမို့များများသုံးဆောင်ခဲ့ပါတယ်
ရွှေပဲရွက်ကိုတိုဟူးနွေးထဲထဲ့စားတာလဲကြိုက်တယ်
ရှမ်းပြည်ကချက်တာနဲ့ရန်ကုန်ချက်ကတော့အရမ်းကို
ကွာပါတယ်..မုန့်ဟင်းခါးတို့ဘာတို့ကျတော့ရန်ကုန်ကပိုကောင်းသလိုပဲနော်..သူ့ဓလေ့နဲ့သူပဲထင်တယ်
ချစ်ချစ်ခင်ခင် jasmine

ဟန်ကြည် said...

ဗျိုး ဒေါ်ချော...

ဒီတစ်ခါတော့ အလွယ်ကလေးနဲ့ အဆင်ပြေတဲ့ စားစရာတွေ့သွားလို့ ၀မ်းသာပဗျာ...အိမ်မှာလည်း ဘာမှကို လုပ်မစားဖြစ်တာကြာနေပြီဆိုတော့ တစ်ခုခု လုပ်စားဖို့ ချဉ်ခြင်းတပ်နေတာ ကြလှပေါ့...တိုက်တိုက်ဆိုင်ဆိုင်မှ လာတွေ့ရတယ်လို့...

ဒေါ်ချောက အသားလုံးခေါက်ဆွဲ...ဦးဟန်ကြည်ကတော့ ခေါက်ဆွဲအသားလုံးဖြစ်သွားအောင် အသားချည်းပဲ များများထည့်တုပ်လိုက်မယ်...

ဤကောင်းမှုကြောင့် နတ်ရေကန်ထဲကို အမြန်ရောက်ပါစေဗျား...

မချောကိုကြည့်ပြီး တစ်ခုခုခန့်မှန်းချင်တယ်... ဧကန္တ မချောတစ်ယောက် အင်တာနက်ဆိုင်နဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတယ်ထင်တယ်... :P


ခင်မင်လျက်
နေ၀သန်

ဒီညထမင်းမစားတော့ဘူးလားလို့...ချောခေါက်ဆွဲကိုကြည့်ပြီး ဗိုက်ဆာလာတယ်...သွားစားလိုက်ဦးမယ်...။

ခေါက်ဆွဲလေးကို တစ်ဝကြီး တီးသွားတယ် ချောရေ။ ကောင်း မှ ကောင်း။

ဆရာဟန်ကြည်က နတ်ရေကန်ထဲ အမြန်ဆုံးရောက်ပါစေတဲ့။ ဆုတောင်းပုံလေးက။

ညီရဲ said...

စားချင်စဖွယ်လေး ပုံလေး ကြည့်ပြီး ဗိုက်တောင် ဆာလာတယ်... ရှလွတ် သားရေတွေ သိမ်းပြီး ပြန်ပြီဗျို့ ...

blackroze said...

အမရေ..ရှလွတ်..

ရွှေပဲရွက်က နေရာတိုင်း မရနိုင်ဘူး အစ်မချော။ ရန်ကုန်မှာ မရှိဘူးရယ်။ ကျိုင်းတုံမှာ အသားလုံး ခေါက်ဆွဲကို ရွှေပဲရွက် နိုင်နိုင်နဲ့  စားခဲ့သမျှ ရန်ကုန်ရောက်တော့ လွမ်းလိုက်သပါ့။ တရုတ်တန်းလည်း လှည့်ပတ်ရှာတယ် မတွေ့ ၊ အစား အတွက်တော့ အသက်ပင် သေသေပဲ။ ဟီး။

Anonymous said...

ညီမ ပဲငပိက ထပ်ချက်ရသေးလား။ ဆီသပ်ချက်ရလား

Anonymous said...

ညီမ ရေစိမ်ခေါက်ဆွဲ ဆိုတာ ရှမ်းခေါက်ဆွဲကို ပြောတာ လား အဲဒါကိုလည်း ပြုတ်ရတာဘဲ ဟုတ်ဘူးလား။

အပေါ်က ရေးတာ အမဘဲနော် နာမည်မရေးမိလို့ 

သွားရည်ကျသွားတယ်နော်

ဆောင်း

မဆောင်း
ပဲငပိက ဆီမသတ်တော့ပါဘူး ဒီတိုင်းထည့်လိုက်တာ
ခေါက်ဆွဲကတော့ ရှမ်းခေါက်ဆွဲရော ဆန်ခေါက်ဆွဲရော ပြုတ်ရပါတယ်။
အားလုံးကိုလည်း ကျေးဇူးပါနော်

မချောရယ်
တကယ့်ကို ဂလုဂလုနဲ့ မျိုမျိုချခဲ့ရပါတယ်။ ကြည့်ပြီး အရမ်းစားချင်တာပဲ။ မြင်ရပေမယ့် တကယ်မစားရပါလားနော်။
ချစ်တဲ့
သဒ္ဓါ

အိမ်လာကြည့်ရင်အများကြီးကျွေးရမှာနော်မချော :D

အိုး...ဟိုး..ဟိုး...
ဆာနေချိန်မှာ ဒီပို့စ်ဖတ်မိတာ ဒုက္ခကောင်းကောင်းကြီး တွေ့နင်းကီးသွားတယ်။ နှိပ်စက်ပါပေ့ချောရယ်...။ အသားလုံးခေါက်ဆွဲတင်မက ဘေးက ဆော့စ်လေးကလည်း ဆွဲဆောင်မှုကောင်းလိုက်တာ.. ရှလွတ်..:P

jr said...

စားချင်လိုက်တာနော်။ တကယ်ကို စားချင်တာ ချောရေ..
ရှလွတ်။
တံတွေးလေးမျိုချပြီး ရေထသောက်ဦးမှ။း)

အမချော..
အဲဒီခေါက်ဆွဲမျိုး အရမ်းကြိုက်တာ။
ကချင်ပြည်နယ်ဘက် သွားတိုင်း အဲဒါမျိုးလေးတွေ စားဖြစ်တယ်။ ဒါပေမဲ့ အမချောခေါက်ဆွဲကိုတော့ မီမယ်မထင်ဘူးးးးး။

Anonymous said...

:)

豌豆尖 ကို ရွှေပဲရွက် လို ခေါ်တယ် တာ အခုမှာ သိပါတော. တယ်

လားရိုး မှာ ဆိုရင် ရေစိမ်ခေါက်ဆွဲထဲ. ရွှေပဲရွက် ပဲ ထည်.တယ်

အချဉ်လုပ်နည်း ကို တော.အတု ခိုး သွား ပြီ thanks

Anonymous said...

ချောက်ကောပါးကောဆိုတာဘာကိုပြောတာလဲ
အစ်မ

mi mi said...

I don't have ပဲငပိ( တိုကျန်). Can someone tell me what is it called in english ? how can I look for it an Asian Mart ?
Chaw ya..in the picture is it the red color one in white bowl ? how would it be if I make it without ပဲငပိ( တိုကျန်)?
Thanks.

ချော(အစိမ်းရောင်လွင်ပြင်) said...

mi mi
ဲ့ပဲငပိခေါ် တိုကျန်ကို အင်္ဂလိပ်လို chili beans sauce လို့ ခေါ်ပါတယ်။ Asian Mart တွေမှာ သေချာပေါက် ရှိပါလိမ့်တယ်။ အဲဒီပုလင်းတွေ တရုတ်က ဝင်ပါတယ်။
ပဲငပိကိုchili beans sauce လို့ google မှာ ရိုက်ထည့်ရင်လည်း ရှာလို့တွေ့ပါလိမ့်မယ်၊
ပြီးတော့ ချောက်ကော ပါးကောဆိုတာ ဘယ်လိုဟာလဲလို့ မေးထားတဲ့သူ အတွက်လည်း http://www.missgreenlady.com/2011/02/blog-post_10.html ဒီလင့်မှာ ကြည့်ကြည့်ပါလို့နော်။

Anonymous said...

thanks for the reply. This time I will save the recipe so that I won't loose it again....I will let you know how mine turn out. I will be attempting first time so ..let's see what happens. :)))