ငါးထမင်း(ရှမ်းထမင်းချဉ်)နဲ့ ကြက်သားချဉ်စော်ကားသီးချက်

ငါးထမင်းနယ် လုပ်နည်းဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကလည်း တင်ခဲ့ဖူးပါတယ်.။ ဒါပေမဲ့ ဘလော့်အပြောင်းအရွေ့မှာ ပုံတွေ ပျက်ကုန်ခဲ့ပါတယ်. အဲဒါနဲ့ ပြီးခဲ့တဲ့ မကြာခင်ကမှ နောက် တစ်ခါ ပြန်လုပ် စားဖြစ်တာနဲ့ ဓာတ်ပုံတွေလဲ ရိုက်ထားလိုက်ပါတယ်။ ပိုစ့်ထဲကို ပုံတွေ ပြန်ထည့်ရင်း မသိသေးသူတွေလည်း သိသွားရအောင် ရှမ်းထမင်းချဉ်ခေါ် ငါးထမင်းနယ် လုပ်နည်းကို နောက် တစ်ကြိမ်   ပြန်တင်ပေးလိုက်ပါတယ်နော်။ တော်တော်များများလည်း ငါးထမင်းနယ် လုပ်နည်းကို သိပြီးသားဖြစ်မှာပါ။ ပြုလုပ်ပုံ အဆင့်ဆင့်ကတော့ ဒီလိုပါ။ ငါးထမင်းချဉ်မှာ ငါးကတော့ အဓိကပေါ့နော်။


Image Hosted by PicturePush - Photo Sharing
ပြုတ်ထားတဲ့ငါးကို အရိုး အသား နွှင်ပါတယ်..


ထမင်းကိုတော့ ခါတိုင်းထက် ရေများများပိုထည့်ပြီး ပျော့နေအောင်ချက်ပါတယ်... ပြီးတော့ ၀ယ်လာတဲ့ ငါးကို ရေစင်အောင်ဆေးကြောပြီး   ကြက်သွန်ဖြူ၊ ဂျင်း၊ ဆားအချိုမှုန့် ထည့်ပြီး ပြုတ်ပါ တယ်။ အိမ်မှာ စပါးလင်ရှိနေလို့ စပါးလင်ပါ ထည့်ပြုတ်လိုက်ပါတယ်။ အားလူးနဲ့ ခရမ်းချဉ်သီးကိုလဲ ပြုတ်ပြီး ခရမ်းချဉ်သီး ကိုတော့ မွှမွှ ကြေအောင် တောက်တောက် စင်းပါတယ်.. အာလူးကိုလည်း ချေထားပါတယ်။  ကျွန်မကတော့ ခရမ်းချဉ်သီးကို အရောင်ပိုလှအောင် ဆီသတ် ပါတယ်...

Image Hosted by PicturePush - Photo Sharing

ငါးပြုတ်
ခရမ်းချဉ်သီးအနှစ်
အာလူးပြုတ်
ကြက်သွန်ဖြူဆီချက်
ငရုပ်သီးမှုန့်ဆီကြော်
ပဲပုတ်အမှုန့်
မြေပဲဆန်
ငရုပ်သီးခြောက်ကြော်
ဂျူးမြစ်
နံနံ

ဂျူးမြစ်နဲ့ နံနံပင် ကို ရေစင်စင်ဆေးပြီး ပုံထဲကအတိုင်း ပြင်ဆင်ထားပါတယ်... ငရုပ်သီးအတောင့် အခြောက်တွေကို ကြော်ထားပါတယ် . . ကြက်သွန်ဖြူဆီကျက် ချက်ပါတယ်.. ငရုပ်သီး င်္ဆီချက် ချက်ပါတယ်။ ပြီးတော့ ပဲပုတ်ခြောက် အပြားကို မီးအေးအေး နဲ့ ကြော်ထားပြီး အေးသွားတဲ့ အခါ ညက်ညက်လေး ထောင်းထားလိုက် ပါတယ်... အချို့ အချဉ်ကြိုက်သူများ မန်ကျည်းသီး အချဉ်ရည်ကိုလည်း အသုံးပြုကြပါတယ်.. ကျွန်မကတော့ ခရမ်းချဉ်သီး အချဉ်နဲ့သာ လုံလောက်ပါတယ်..  အားလုံးပြီးသွားတဲ့ အခါအပေါ်က ပုံအတိုင်း အဆင်သင့်ဖြစ်နေပါပြီ။


Image Hosted by PicturePush - Photo Sharing


အဆာပလာ အဆင်သင့်ဖြစ်သွားတဲ့အခါ   ထမင်းပျော့ပျော့ကို ဇလုံခပ်ကြီးကြီးထဲ ထည့်ကာ အာလူးကို ချေမွပြီးထည့် ပါတယ်.. ငါးအသား၊ ပဲပုတ်၊ ခရမ်းချဉ်သီးနဲ့ ဆီချက်၊ ငရုပ်သီးဆီတို့ကို ထည့်ပြီး ဆား၊ အရသာမှုန့်တို့ကို သင့်သင့်အောင် ထည့်ပြီး နယ်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ပြီးသွားတဲ့အခါ ထမင်းကို ပုံစံလှအောင် ပန်းကန်လုံးတစ်ခုထဲ ထည့်ပြီး လက်နဲ့ အသာ ဖိပါတယ်... ပြီးတော့မှ ပန်းကန်ပြား ပက်ပက်လေးထဲကို အသာမှောက်ပြီးထည့်၊ အပေါ်က  ဆီချက်လေးတွေဖြူး၊ မြေပဲဆန်လေးတွေ ပုံလိုက်ပြီး ဘေးနားမှာ ဂျူးမြစ်ရယ် နံနံပင်လေးရယ် နေရာချလို့ ငရုပ်သီးကြော်လေးကို တွဲဖက်လိုက်တဲ့အခါ ပုံလေးထဲကအတိုင်း စားဖို့အဆင်သင့်ဖြစ်ပါပြီ။

Image Hosted by PicturePush - Photo Sharing




နံနံမြိတ်က ဒါဘဲရှိတော့လို့ ရှိတာလေး ထည့်လိုက်တယ်.. မေ့ပြီး ထပ်မဝယ်ထားလိုက်မိဘူး။


Image Hosted by PicturePush - Photo Sharing

ဒါကတော့ ထမင်းကို အပြားလေးတွေ လုပ်ထားတာပါ။

Image Hosted by PicturePush - Photo Sharing

မြေပဲဆန် မပါလို့ ထပ်ထည့်လိုက်တယ်။


Image Hosted by PicturePush - Photo Sharing

နံနံပင်မရှိပေမဲ့ ဂျူးမြစ်တော့ အများကြီးရှိပါတယ်။ ဂျူးမြစ်များများနဲ့ဘဲ စားပစ်လိုက်ပါတယ်။ :P


ငါးကိုရေခပ်များများနဲ့ ပြုတ်ထားတာဆိုတော့ ရှိနေတဲ့ငါးပြုတ်ရည်ကို ဆူအောင်ပြန် တည်ပြီး ရေညှိ အခြောက်လေးထည့်၊ ကြက်ဥကိုခေါက် ပွက်ပွက်ဆူနေတဲ့ ရေထဲကို အပေါ်ကနေ ဖြေးဖြေးလေး လောင်း ချလိုက်တဲ့အခါ ရေညှိကြက်ဥ ဟင်းရည်လေးကို ငါးထမင်းနဲ့ တွဲစားလို့ ရပါပြီ... ဟင်းရည် ပူပူလေးသောက်ရင်း ငရုပ်သီးကြော်လေးကို ကိုက်ရင်း စားလိုက်ရတဲ့  ရှူးရှူးရှဲရှဲ အရသာကို အားလုံးကို  ပြန်မျှဝေလိုက်ပါတယ်နော်။

*********************@@@@@@@@@@@**************************
ကြက်သားချဉ်စော်ကားသီးချက်

နောက်ထပ် ဟင်းတစ်မျိုးက ကြက်သားကို ချဉ်စော်ကားသီးနဲ့ချက်တာပါ။ ဒီနည်းကတော့ ရှမ်းမလေး တစ်ယောက်ဆီက ရတဲ့နည်းဖြစ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing

 မိမိချက်မဲ့ ကြက်သားကို ရေစင်အောင် ဆေးပြီး အနေတော် ခုတ်ထစ်ထားပါတယ်။ ချဉ်စော်ခါးသီးနဲ့ ချက်ရာမှာ အရိုးများတဲ့အပိုင်းတွေကို ချက်တာ ပိုစားကောင်းပါတယ်။

Image Hosted by PicturePush - Photo Sharing


ထည့်မဲ့ အဆာပလာတွေပါ။ ချောက်ကော ၊ ဂျင်း၊  ပါးကော (နာနာပွင့်၊ ဖာလာစေ့) ဆီးသီးခြောက်၊ နီနီသေးသေးလေးက ဟော့ပေါ့တွေမှာ ထည့်တတ်ပါတယ် (နာမည်မသိ)၊ ချဉ်စော်ကားသီး တို့ဖြစ်ပါတယ်။ ဖော်ပြထားတဲ့ အဆာပလာ မရှိလည်း ဂျင်း၊ ကြက်သွန်ဖြူတို့နဲ့သာ ချက်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
 ချဉ်စော်ကားသီးကို ပါးပါးလှီးပြီး အစေ့များဖယ်ထုတ်ထားပါတယ်။ ( ကြက်သား အချိုးအစားကိုကြည့်ပြီး ချဉ်စော်ကားသီးကို ထည့်နိုင်ပါတယ်။ ကြက်သားတစ်ခွက်စာအတွက် အသီးတစ်လုံးရဲ့ တစ်ဝက်လောက်သာ ထည့်ထားပါတယ်။)


Image Hosted by PicturePush - Photo Sharing

အဆာပလာများကို ဆီသတ်ပါတယ်

ထို့နောက် ကြက်သားကိုထည့်လိုက်ပါတယ်.

Image Hosted by PicturePush - Photo Sharing
ဆား၊ အရသာမှုန့်များထည့်လို့ ရေထည့်ပြီးနောက် ကြက်သားနူးခါနီးမှ ချဉ်စော်ကားသီးကို ထည့်လိုက်ပါတယ်. အချဉ်သောက် ချက်မယ်ဆိုရင်တော့ ရေများများထည့်နိုင်ပါတယ်. ကြက်သားနူးရင် ချနိုင်ပါပြီ။

Image Hosted by PicturePush - Photo Sharing

ရှမ်းနံနံခပ်လိုက်ပါတယ်. အရည်မပါတဲ့ တစ်ခွက်ပါ။



Image Hosted by PicturePush - Photo Sharing
 အရည်နဲ့ နောက်တစ်ခွက်ပါ။

ကြက်သားချဉ်စော်ကားသီးချက်ဟာ လက်လည်းမဝင်ဘဲ လွယ်လွယ်ကူကူ ချက်စားနိုင်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်. ခံတွင်းပျက်နေသူများ ခံတွင်းလိုက်မဲ့ ဟင်းလည်း ဖြစ်ပါတယ်နော်။ 



အောက်က ပုံကတော့ နတ်တော်လပြည့်ညက လကြတ်သွားတာကို ရိုက်ထားတဲ့ ဓာတ်ပုံတွေပါ။ ဘာရယ် မဟုတ်ပါဘူး.. နှစ်၂၀၀ မှ ၉ခါလောက် ကြုံရတာလို့ ပြောကြာတာမို့ တစ်သက်တစ်ခါထူးထူးခြားခြား ကြုံရလေတော့ မကြည့်မမြင်လိုက်ရသူများ ကြည့်ချင်ရင် ကြည့်နိုင်ဖို့ရယ်၊ အမှတ်တရ အနေနဲ့ရယ် တစ်ညလုံး လကို ထိုင်စောင့်ပြီး ဓာတ်ပုံရိုက်ထားတာပါ။ (ဝါသနာက အဲသလို) :P
အပေါ်တန်းကတော့ တဖြေးဖြေး လကြတ်သွားပုံဖြစ်ပြီး အလယ်တစ်ပုံက အပြည့်အဝ လကြတ်နေ ချိန် ဖြစ်ပါတယ်။ အောက်ဆုံး အတန်းကတော့ တဖြေးဖြေး ပြန်ထွက်လာတဲ့ လရဲ့ ပုံရိပ်များ ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing


အားလုံးအတွက် ပျော်ရွှင်သော အားလပ်ရက်များ ဖြစ်ကြပါစေရှင်။



Image Hosted by PicturePush - Photo Sharing

23 Responses to “ငါးထမင်း(ရှမ်းထမင်းချဉ်)နဲ့ ကြက်သားချဉ်စော်ကားသီးချက်”

ငါးထမင်းနယ်က သဒ္ဓါ ကြိုက်တယ်၊ ကြက်သားချဉ်စော်ကားသီးချက်က မစားဖူုးသေးဘူး။ လောလောဆယ်လည်း ငါးထမင်းနယ်က စားချင်နေတာဆိုတော့ အတော်ပဲ တလုံးလောက်စားသွားလိုက်တယ်။
စိတ်ကူးနဲ့တင် စားကောင်းတယ်။။။
ချစ်တဲ့
သဒ္ဓါ

Anonymous said...

ငါးထမင်းနယ်ကိုအရမ်းကြိုက်ပါတယ် လုပ်နည်းလေးတင်ပေးတာ ကျေးဇူးတင်ပါတယ်

khin oo may said...

ငါးထမင်းနယ် စားမယ်။ ထမင်းချက်တာ လည်းအဓိကကျမယ် တို့သာချက်ရင်ပျော့ပြဲသွားမှာဘဲ။

Anonymous said...

ဟင့်..ဒလောက်ချက်ကျွေးနေတာတောင်
ဘယ်လောက်စားစား..မ၀တာခက်တယ်း)

ချစ်ခင်စွာဖြင့်
မိစံ

Anonymous said...

စားချင့်စရာ

စားသွားပြီ

ခင်တဲ့
အမဆောင်း

Shinlay said...

ငါးထမင်းချဉ်ကတော့ ကျမတို့ အကြိုက်ပါ။ ဂျူးမြစ်
တွေတော့လွမ်းသားပါတယ်။
ချဉ်စော်ကားသီးနဲ့ ကြက်သားချက်နည်း အတွက်
ကျေးဇူးတင်ပါတယ်။ ဒီတခါ ချဉ်စော်ကားသီးပေါ်ရင်
ချက်စားပါမယ်။

ချဉ်စော်ခါးသီးကို မြင်မြင်ချင်းတော့ စာမဖတ်ခင်တုန်းက သင်္ဘောသီး အောက်မေ့နေတာ။ ခွဲပြီးသား ကြည့်ပြန်တော့လည်း ပန်းသီးလိုလို၊ သစ်တော်သီးလိုလိုပဲနော်။ (မသိရင် အဲဒီလိုပဲ သိလား၊ အမျိုးမျိုး လျှောက်ထင်နေတော့တယ်)

ချဉ်စော်ခါးသီး ဟင်းချိုရယ်ဒီမိတ်တွေပဲ တွေ့ဖူး၊ စားဖူးတယ်။ အထဲက အစေ့ကိုပဲ ယူတာ ထင်တယ် အဲဒီရယ်ဒီမိတ်တွေက။ အရောင်က မချောရဲ့ ထမင်းစားပွဲအရောင်အတိုင်းပဲလေ။ တော်တော်ကောင်းတယ်။ ချဉ်ချဉ်လေးနဲ့ ထမင်းကို မြိန်စေပါတယ်။

ဂျူးမြစ်မပါတဲ့ ထမင်းနယ်လေး လုပ်စားကြည့် အဲဟုတ်ဘူး လုပ်ဘုဉ်းပေးကြည့်ဦးမယ် ထင်တယ်။ ဂျူးမြစ်မရှိလို့လေ။

ငါးထမင်းနယ်ကို ရှမ်းလူမျိုးတွေရောင်းတဲ့ ဆိုင်မှာ ငပျောဖက်ကလေးနဲ့  ထည့်ပေးတာ ကောင်းကောင်း ကြိုက်တယ်ဗျ။ လုပ်စားဖို့  ဖြစ်နိုင်ပါတယ်။ နည်းနည်းတော့ အလုပ်ရှုပ်မယ်။ :(

စကားမစပ် အစ်မချော နံနံပင်က နွမ်းနေဘီ ဟီးဟီး

(မနာလိုလို့  ပြောတာ...) :D :D :D

flowerpoem said...

ငါးထမင်းနယ် အရမ်းကြိုက် မချောရေ . . အရမ်းစားချင်တာပဲ ..

အမချောရေ
ကျွန်တော်အရမ်းကိုကြိုက်တယ်
ရှမ်းပြည်မှာမွေးလို့ထင်တယ်

ဂျူးမြစ် များများနဲ့စာရတာအရမ်းကိုကြိုက်တယ်
ချဉ်စော်ကားသီးကို ပင်စိမ်းသီးလိုထောင်းစားတာလဲကြိုက်တယ်
ကြက်သားနဲ့မစားဖူးသေးဘူး
ဒီမှာလဲချဉ်စော်ကားသီးက၀ယ်မရဘူးလေ
လူကြုံရှိရင်တော့ထဲ့ပေးတယ်
ချစ်ချစ်ခင်ခင် jasmine

အဲဒါတွေ.. ဘယ်တော့များမှ စားရမယ်မှန်းမသိ။ မြန်မာပြန်ရောက်ရင်တော့ အမချောဆီ လာအပူကပ်ဦးမှ။း)

blackroze said...

ငါးထမင်းနယ်ကိုတော့အရမ်းကြိုက်တယ်
ရန်ကုန်မှာတုန်းကတော့ခဏခဏသွားစားတယ်
အခုတော့...အဟင့်..
ချဉ်စော်ကားသီးချက်တော့
မစားဖူးသေးဘူးမကြီးချော..

rose of sharon said...

ငါးထမင်းနယ်ကြိုက်တယ်... ချဉ်စော်ကားသီးက ကြာ်းဘဲကြားဖူးတယ်... အပြင်မှာ မမြင်ဘူးသေးဘူး...

San San Htun said...

ငါးထမင်းနယ်က လုပ်ရတာ လွယ်သားပဲ..တခါမှ မလုပ်စားဖြစ်ဘူး...နောင်များမှ..

jr said...

ရှမ်းစာဆို သိပ်ကြိုက်တာ။
ဒီပို့စ်လေးဖတ်ပြီး စဉ်းစားမိတယ်။ မချောနဲ့ အခန်းဖော်ဖြစ်ရင် ကောင်းမှာပဲလို့။
း))

Unknown said...

ကြက်သားချဉ်စော်ခါးသီးကြော်ကို တစ်အားကြိုက်တာ.. ဒီမှာတောင် ဝယ်မရလို့ မြန်မာပြည်ကနေ ချဉ်စော်ခါးသီး အခြောက်တွေအများကြီးသယ်ခဲ့တယ်.. ချဉ်စော်ခါးသီးခြောက်နဲ့လည်း စားကောင်းတယ်.. :)

အဟဲ.. မချောတင်တဲ့အထဲမှာ ဒီတစ်ခါတော့ သွားရည်မကျတော့ဘူးကွီ... အခုရန်ကုန်မှာဆိုတော့ ကြိုက်တာသွားစားလို့ရပြီ.. ဟီးဟီး.....


ခင်မင်လျက်
နေ၀သန်

Anonymous said...

ငါးထမင်းချဉ်ကတော့အမြဲကြိုက်တယ်။ အမြဲလည်းစားကောင်းနေတာဘဲ။
ချဉ်စော်ကားသီးကို ဘိုလိုဘယ်လိုခေါ်လဲဟင်။ တွေ့ ရင်ဝယ်စားချင်လို့ ပါ။
အိုင်အိုရာ

mstint said...

ခရီးကပြန်ရောက်တာနဲ့ သားရည်ကျစရာတွေချည်း ဖတ်နေရပါလားနော်။ ဒါနဲ့ ငါးထမင်းနယ်မှာ ဘာငါးသုံးတာလဲ ငါးကြင်းဖြူလား ချွေးမ?
ဒီတစ်ခေါက်တော့ ပီပီပြင်ပြင်လုပ်စားကြည့်အုံးမယ်။
ချဉ်စော်ကားသီးနဲ့ တစ်ခါမှချက်မစားဖူးသေးဘူး စမ်းကြည့်အုံးမှပဲး)
လကြတ်တဲ့ညက ပလိပ်ကနေ ရန်ကုန်ပြန်ခါနီးပေါ့ တစ်အိမ်လုံး ဇက်ညောင်းအောင် ရပ်ကြည့်နေကြတား)
ပုံတွေထဲကအတိုင်းပဲ ရှင်းရှင်းလင်းလင်းမြင်ရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ငါးထမင်းနယ် မတရားကြိုက်ပေါ့။ ဂျူးမြစ်လေး တဂျွတ်ဂျွတ်ဝါး စားလိုက်ရရင် ဆွေမျိုးတောင် မေ့သွားလောက်တယ်။ ကြက်သားချဉ်စော်ကားသီးချက်ကတော့ စားဘူးသေးဘူး။ ကောင်းမယ့်ပုံလေး...။ ချက်စားကြည့်ဦးမယ်ချောရေ..။

ကြက်သားချဉ်စော်ခါးချက်ကို တော်တော်စားကောင်းမယ်လို့ ထင်မိတယ်။ ချဉ်စော်ခါးသီးမရှိလို့ သံပရာသီးနဲ့ အစားထိုး ချက်မယ်စိတ်ကူးတယ် မချောရေ။း)

လကြတ်တာလေး မြင်လိုက်ရတယ်။ အဲဒီနေ့ညက ကျောင်းက အပြန်မှာ မြင်လိုက်ရတယ်။ မချောမှတ်တမ်းတင်ထားတာ သိပ်ကို တန်ဖိုးရှိတာပေါ့။

ခင်တဲ့
မေသိမ့်