ကျွန်ုပ် ဘယ်သူလဲဆိုတာ သင်တို့ သိကြပါရဲ့လား။ ကျွန်ုပ်ဟာ သင်တို့အတွက် အကောင်းဆုံး လက်ဆောင်ကိုပေးခဲ့ သူပါ။ သင်တို့ရဲ့ဘဝအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်ပါတယ်။ ကျွန်ုပ်မရှိဘဲ သင်တို့ဘဝဟာ မရှင်သန်နိုင်ပါဘူး။ ကမ္ဘာလောကကြီးပေါ်က လူသားတွေ အဆင်ပြေပြေ နေထိုင်နိုင်ဖို့ အတွက် ကျွန်ုပ်က ဘာတွေကို ပေးခဲ့တယ်ဆိုတာ သတိထားမိပါရဲ့လား။
ကျွန်ုပ်ဟာ သင်တို့အတွက် သန့်စင်ကြည်လင်နေတဲ့ ရေချိုတွေ ပေးခဲ့တယ်။.
ကြည်လင်ယာယာစွာ စီးဆင်းနေတဲ့ စမ်းချောင်းတွေ၊ မြစ်တွေကို ပေးခဲ့တယ်။
သာယာလှပတဲ့ ရေတံခွန် စိမ့်စိမ်းတွေ ပေးခဲ့တယ်
သစ်ပင်တွေ မျိုးစုံလှတဲ့ တောအုပ်တွေကို ပေးခဲ့တယ်.
အေးချမ်းသာယာလှတဲ့ ရေခဲတောင်တွေပေးခဲ့တယ်။.
ဖူးပွင့်ဝေဆာလှစွာ အရောင်အသွေးစုံပန်းကလေးတွေနဲ့ အလှပဆုံးရှုခင်းတွေ ပေးခဲ့တယ်။
မြေဆီမြေနှစ် ပြည့်ဝလှတဲ့ စိုက်ပျိုးမြေတွေ ပေးခဲ့တယ်။
မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်

ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်

ကျွန်ုပ် သင်တို့အတွက် အကောင်းဆုံး လက်ဆောင်တွေပေးခဲ့တယ်။ ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ် ပေးထားတဲ့ အရာတွေကို တန်ဖိုးမထားခဲ့ကြဘူး... တန်ဖိုးကို မသိမြင်နိုင်ခဲ့ဘူး။ ကျွန်ုပ် ပေးတဲ့ သဘာဝအလှအပတွေကို ဖျက်ဆီးပစ်ခဲ့ကြတယ်။
မြစ်ချောင်းရေကန်တွေကို ညစ်နွမ်းအောင်လုပ်တယ်
ပင်လယ်ကမ်းခြေကို ညစ်ပတ်စေခဲ့တယ်
လူတစ်ချို့ရဲ့ နမော်နမဲ့နိုင်မှုကြောင့်တောမီးတွေလောင်စေတယ်
သစ်တောတွေ ပြုန်းတီးစေတယ်
သစ်ပင်တွေ လောင်စာအဖြစ် အသုံးချလို့ တောတွေ ကုန်ပြီ။
တောတောင်တွေ ဖျက်ဆီးကြတယ်
သင်တို့လူသားတွေအတွက် ကျွန်ုပ်ပေးထားတဲ့ သဘာဝအလှအပ အရင်းအမြစ်တွေကို သင့်တို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ကြပြီ။
ဒါတင်မက ကျွန်ုပ်ဟာ သင်တို့အတွက် သဘာဝ တောတိရိစ္ဆာန်တွေကိုလည်း လက်ဆောင် အဖြစ် ပေးခဲ့သေးတယ်။
ဒါပေမဲ့ သင်တို့ဟာ ကျွန်ုပ်ပေးတဲ့လက်ဆောင်တွေကို တန်ဖိုးမထားရက်စက် ကြမ်းတမ်းစွာ ဖျက်ဆီး ရက်ကြပါတယ်။
ဂုဏ်သိက္ခာအတွက် သတ်ကြတယ်
အမွှေးကိုလိုချင်လို့ သတ်တယ်
အဆီနဲ့အသားကိုလိုချင်လို့ သတ်တယ်
ရှားပါးလို့ ဖမ်းဆီးကြပြန်တယ်
အလှထားဖို့ သတ်ကြတယ်
အသုံးအဆောင်အတွက် သတ်ကြတယ်
ကျွန်ုပေးတဲ့ လက်ဆောင်တွေအားလုံး သင်တို့လူသားတွေကိုယ်တိုင် လောဘစိတ်ကြောင့် ဖျက်ဆီးကုန်ကြပြီ။ ကျွန်ုပ်ဟာ သင်တို့ကို အသက်ရှိတဲ့အရာတွေကို ပေးထားခဲ့ပါလျှက်နဲ့ အသက်သေအောင် သင်တို့ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြတယ်။
ဂုဏ်သိက္ခာနဲ့ သတ္တဝါတွေရဲ့အသက် ဘယ်ဒင်းက ပိုအရေးကြီးသလဲဆိုတာ ခွဲခြား နားမလည်တဲ့အခါ ကမ္ဘာကြီးဟာ လွင်တီးခေါင်ခေါင်ဖြစ်လို့ တောင်တွေ ကတုံး ဖြစ်သွားလိမ့်မယ်။
ဒီလို အရိပ်မဲ့၊ အကာအကွယ်မဲ့၊ သားကောင်တိရိစ္ဆာန်တွေ ကင်းမဲ့နေတဲ့ကမ္ဘာမြေကြီးကို သင့် မိသားစု နောင်လာနောက်သားတွေ အတွက် ချန်ရစ်ခဲ့လိုပါသလား။
ကျွန်ုပ်အတွက်၊ ကမ္ဘာမြေကြီးအတွက်၊ နောင်လာနောက်သားတွေအတွက် တစ်ခုခုတော့ လုပ်ပေးခဲ့ပါ။ သင်မှမလုပ်ရင် ဘယ်သူတွေ လုပ်မလဲ။ အခု မလုပ်ရင်ရော ဘယ်ချိန်မှ လုပ်မှာလဲ..
တိရိစ္ဆာန်တွေကို ကြင်နာပါ
သင်ကိုယ်တိုင် သစ်ပင်စိုက်ပျိုးပါ။
ကလေးတွေကိုလည်း သစ်ပင်ကို ချစ်ခင်မြတ်နိုးတတ်အောင်၊ သစ်ပင်တစ်ပင်ရဲ့ တန်ဖိုးကို နားလည်အောင်
သစ်ပင်စိုက်ပျိုးတတ်တဲ့ အကျင့်ကောင်းကို ငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပါ။
ဒါဆိုရင် ကျွန်ုပ်အတွက် သင့်အတွက်၊ နောင်လာနောက်သားတွေအတွက် စိမ်းစိုလှပ သာယာတဲ့ ကမ္ဘာမြေကြီးဟာ ဆက်လက် တည်ရှိနေမှာပါ။ ကျွန်ုပ်ဟာ သင်တို့ကမ္ဘာမြေကြီးအတွက် လက်ဆောင်များစွာ ပေးထားခဲ့တဲ့ သဘာဝတရား ဖြစ်ပါတယ်။
အင်တာနက်ပေါ်က Love The Mother Nature ကို ဘာသာပြန်ပါသည်။
သဘာဝတရားက ပေးထားတဲ့ လက်ဆောင်များကို လူတိုင်း ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ကြပါစေ...
31 Responses to “လက်ဆောင်”
အမ မချောပြောတာအားလုံးမှန်ပါတယ်
ချစ်တတ်ခင်တတ်တာလဲ လူတိုင်းမှာတော့မရှိဘူး
လူတစ်ချို့က အကြင်နာတရား အနည်းငယ်ခေါင်းပါးတယ်...လူတစ်ချို့က ကြင်နာတတ်တယ်...
ကြင်နာတတ်တဲ့လူတွေများပါစေလို့
ချောပြောတာအားလုံးဟုတ်တယ်
လောကမှာကြင်နာတတ်ချစ်တတ်တဲ့လူတွေများလာပါစေလို့ ဂျက်လဲ အကောင်လေးတွေကိုသနားတတ်ချစ်တတ်တယ်
သစ်ပင်လေးတွေကိုဘယ်လောက်ထိချစ်လဲဆိုရင်
ချစ်သူ (ယောက်ကျာင်္း)ကို သစ်ပင်လေးလို့ရီးစားဘ၀က
ခေါ်ခဲ့တာလေ..အခုလဲအိုးကြီးအိုးငယ်နဲ့
အပင်လေးတွေစိုက်ထားတယ် တနိုင်ပါပဲ
အပေါ်ကပုံလေးတွေလှလိုက်တာနော်
ရင်ထဲအေးသွားတာပဲ
ချစ်တဲ့ jasmine
ချောရေ...
ပုံတွေကို စိတ်ဝင်စားလို့ တစ်ပုံချင်း သေချာ ကြည့်မိတယ်။ တိရစ္ဆာန်တွေရဲ့သားမွှေးတွေ၊ သားရေတွေကို စွဲလန်းနှစ်သက်သူ တို့ဆီမှာလည်း တွေ့ဘူးတယ်။ သက်ရှိသတ္တ၀ါတွေနဲ့ ကမ္ဘာမြေကြီးက အပြန်အလှန် မှီတင်းနေထိုင်ရင်း ရပ်တည်နေကြရတာပါ။ သဘာဝအတိုင်း တိရစ္ဆာန်လေးတွေ လွတ်လပ်စွာ သွားလာ၊ ရှင်သန်နေစေချင်လှပါတယ်။
ဓါတ်ပုံတွေနဲ့ အခုလိုပြောတာ ပိုပြီး ထိရောက်တယ်၊ ခြေနှစ်ချောင်းနဲ့ နားရွက်တို သတ္တဝါဟာ သတ္တလောကမှာ အတော့်ကို ခက်တဲ့ အမျိုးပါပဲ၊ ယိုယွင်းလာနေတဲ့ သဘာဝတရားအတွက် ဒီလိုပို့စ်မျိုးတွေ များများ လိုနေပါတယ်...။
'ပေးကားပေး၏ မရ' ဆိုသလိုပေါ့ ချောရေ။
သဘာဝရှုခင်းနဲ့ သားကောင် တိရိစ္ဆာန်တွေ
ကင်းမဲ့နေတဲ့ ကမ္ဘာမြေကြီးကို မြင်ရမဲ့အစား
သဘာဝကပေးလာသမျှ လက်ဆောင်တွေရဲ့
တန်ဘိုးကို လူသားတိုင်း နားလည်နိုင်ကြပါစေလို့
ဆန္ဒပြု ဆုတောင်းမိပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဒီလိုပိုစ့်တွေများများရေးသင့်ဖြန့်ဝေသင့်တယ်ချစ်မကြီးရေး)
အရမ်းကျေးဇူးတင်တယ်
ချစ်တဲ့
မဒိုးကန်
ဒို့က ဖျက်ဆီးတဲ့ထဲလည်း ပါဘူး၊ ကောင်ကောင်လေးတွေကိုလည်း ကြင်နာတတ်တယ်နော် :)
ဒီပိုစ့်လေးကို သိမ်းထားအုံးမယ်
ကျေးဇူးကုဋေကုဋာနော်
ဒီလိုအဖိုးတန်တဲ့ပို့စ်လေးကိုဖတ်ခွင့်ရတာ
ကျေးဇူးတင်ပါဗျာ....
နောင်လာနောက်သားတွေအတွက်သာယာတဲ့ ကမ္ဘာမြေကြီးဆက်လက်တည်ရှိနေဖို့
အားလုံးဝိုင်းဝန်းကြိုးစားကြစို့..
မချောရေ မကြည့်ချင်ဆုံးထဲမှာ သတ္တ၀ါတွေကို အတ္တတစ်ခုအတွက် သတ်နေတာ သွေးသံရဲရဲသေနေတာတွေ ပါပါတယ် .. စိတ်မချမ်းသာဘူး မချောရယ် ..း((
ဝမ်းရေးအတွက်မို့ဆိုတာ လက်ခံပေမယ့် အကြောင်းမရှိညှင်းပန်းနှိပ်စက်တာကိုတော့ သိပ်မုန်းတာပဲ ..
နှိုင်းယှဉ်အတွေးမျိုးကို အလေ့အကျင့်တစ်ခုလို ကြိုးစားတွေးနေတတ်ခဲ့လို့လားမသိဖူး... မချောရဲ့ Love the mother NATURE ကိုဖတ်ရတာ တစ်မျိုးလေး ခံစားရတယ်...။ အင်းးးးး ဒါကိုက ဒီ post ရဲ့ attraction တစ်မျိုးဖြစ်မယ်ထင်တယ်နော်...။
ချစ်ခင်စွာ...
-johnmoeeain-
အရမ်းကောင်းတဲ့ပိုစ်လေးပါ-ခံစားပြီးဖတ်သွားပါတယ်
အကြင်နာတရားတွေတဖြေးဖြေးခေါင်းပါးလာတဲ့ လူတွေအတွက် သိပ်ကောင်းတဲ့ ပို့စ်တစ်ခုပါပဲ...။
ချောပြောတဲ့အတိုင်း လူသားတိုင်း နားလည်၊ လိုက်နာ၊ ကျင့်သုံး၊ ဆောင်ရွက်မယ်ဆိုရင် ကမ္ဘာကြီးက ထာဝရငြိမ်းချမ်း၊ အေးချမ်းနေမှာ အမှန်ပါပဲ ချောရေ။
တကယ်တန်ဖိုးရှိတဲ့ပို့စ်နဲ့ ဓာတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ်ချောရေ... အသိတရားများစွာ၇စေပါတယ်ဗျာ..
ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
မကြီးချောရဲ့ လက်ဆောင်ကလည်း
တကယ်ကိုတန်ဘိုးမဖြတ်နိုင်တဲ့
လက်ဆောင်ပါဘဲမကြီးရယ်..
လက်ဆောင်ကို လာယူပါတယ်၊ ဓါတ်ပုံတွေ ရှာထားတာ ရှယ်ပဲ ...
လက်ဆောင်လာယူတာပါမမ :):)
အမှန်ပါပဲ..သဘာဝကြီးရဲ့  လက်ဆောင်ကို ယူပြီး တန်ဖိုးထားတတ်ဖို့  သတိပေးတဲ့ ပို့ စ်ကောင်းလေးပါ
ကမ္ဘာကြီးရဲ့ အလှအပတရားတွေ ၊ သဘာဝတရားတွေကို ထိန်းသိမ်းဖို့ လူတိုင်းမှာ တာဝန်ရှိကြောင်း ဒီပို့စ်လေးက ပြောလိုက်တာပါပဲ။ သိပ်ကို ကောင်းပါတယ် မချောရေ။
ခင်တဲ့
မေသိမ့်
အဖိုးတန်တဲ့ လက်ဆောင်ကောင်းလေးအတွက်
ကျေးဇူးပဲညီမချောရေ...
ကောင်းလိုက်တဲ့ ပိုစ့်ကလေးပါလား မချောရေ... ဟုတ်ပ သစ်ပင် များများစိုက်ရမယ်... မချောရေ..
သစ်ပင်စိုက်ချင်စိတ်လေးဖြစ်လာပြန်ပြီ မစိုက်ဖြစ်သေးဘူးး
Thank you for sharing. Everyone must aware of this.
လက်ဆောင်ကောင်းတွေကို ကိုယ်တိုင် တန်ဖိုးထား ထိန်းသိမ်းသင့်သလို သူတပါး ထိန်းသိမ်း၊ တန်ဖိုးထားတတ်အောင်လည်း ကူညီလမ်းညွှန်ပြရမယ်။
ကောင်းမွန်ပြီး အကျိုးရှိတဲ့ ပို့်စ်လေးပါ မချောရေ..
တကယ် သတိပြူသင့်တဲ့ အရာတွေပါ အစ်မ...
လူတွေ လူတွေ တယ်လဲ ခက်ကြတာဘဲနော်...
ဒီလက်ဆောင်တွေအားလုံးငါပိုင်တယ် အကုန်သုံးသွားမယ်ဆိုတဲ့ လူမျိုးတွေကို ဒါလေးဖတ်မိစေချင်တယ်။
အိုင်အိုရာ
လူတွေက အတ္တနဲ့ယှဉ်လာရင် မေတ္တာလဲ မထားတတ်ကြတော့ဘူး။ အကြင်နာတရားလဲ မရှိကြတော့ဘူး။ ကိုယ့်အတ္တကလွဲလို့ ဘယ်အရာကိုမှ တန်ဖိုးထားရကောင်းမှန်း မသိကြတော့ဘူး။ တန်ဖိုးတွေ ဆုတ်ယုတ်လာနေတဲ့ ကမ္ဘာလောကကြီးက ဘယ်လိုလုပ် နေပျော်ပါတော့မလဲနော်...
Very Very Nice Post .
မမရေ
ပုံလေးတွေနဲ့ပြောတော့
ပိုပြီးရင်ထဲထိတယ်
အရမ်းမှန်တယ်ဗျာ..။ကျေးဇူးလည်းများကြီးတင်ပါတယ်..။ခုလိုစာစုလေးတွေ..။အတွေးအမြင်အမြင်လေးတွေအရမ်းကောင်းတယ်ဗျာ။
Post a Comment