ဂဏန်းချဉ်စပ်၊ ပုဇွန်နှမ်းကပ်ကြော်နဲ့ နှုတ်ဆက်တဲ့ညနေ..

ဖေ့ဘွတ်မှာ ညီမလေးတစ်ယောက်က ဂဏန်းချက်နည်းလေး ရေးပေးပါဦးဆိုလို့ မနေ့ညက အိမ်အလည်လာတဲ့ ညီမလေး ၂ယောက်ကို ပြန်ခါနီးချက်ကျွေးတဲ့ ဟင်းတွေကို တင်လိုက်ပါတယ်နော်။ 



စားဖြစ်တာတွေက ဂဏန်းချဉ်စပ်ချက်၊ ပုဇွန်နှမ်းကပ်ကြော်၊ ကြက်ခြေထောက်ချဉ်စပ်တို့ပါ။ ချက်နည်းတွေကတော့ လွယ်လွယ်ကူကူပါ။

Image Hosted by PicturePush - Photo Sharing

ဂဏန်းကို ရေစင်အောင်ဆေး၊ သန့်ရှင်းရေးလုပ်ပြီးတော့မှ ရေနွေးနဲ့ အရင်ပြုတ်ပါတယ်။ အချိန် ခဏတာပြုတ်ပါတယ်.


Image Hosted by PicturePush - Photo Sharing

ကျွန်မက ဂဏန်းကို ဆီသတ်ပြီး မချက်ဘဲ အဆာပလာ အားလုံးထည့်နယ်ပြီး ချက်တဲ့နည်းနဲ့ ချက်ပါတယ်။ ပြုတ်ပြီး ဂဏန်းများကို ကြက်သွန်ဖြူ၊ ကြက်သွန်နီထောင်း၊ ငရုပ်သီးစိမ်းများများထောင်း၊ ခရမ်းချဉ်သီးတစ်လုံး တောက်တောက်စင်းထည့်၊ ဆီ အနည်းငယ်၊ နံနံ၊ ပင်စိမ်း၊ဖက်ဖယ်စတဲ့ ဟင်းခတ်ရွက်တွေထည့်၊ တိုကျန်ခေါ် တရုတ်ပဲငပိ အနည်းငယ်၊ ဆား၊ အရသာမှုန့်များထည့်ပြီး နယ်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing

အဆာပလာ အားလုံးစုံရင် ရေထည့်ပြီး တည်လိုက်ပါတယ်။မကြာခင်မှာတော့ အနံ့လေး မွှေးလာပါပြီ။


Image Hosted by PicturePush - Photo Sharing

ဂဏန်းတွေကျက်လို့ ချကာနီပြီဆိုတော့မှ သံပုရာသီး မိမိနှစ်သက်တဲ့ ပမာဏကို အရည်ညှစ်ပြီး ရောမွှေလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing

ဂဏန်းကိုမကြာခင်



Image Hosted by PicturePush - Photo Sharing

သံပုရာနံ့လေး မွှေးနေတဲ့ ဂဏန်းချဉ်စပ်ပါ။

Image Hosted by PicturePush - Photo Sharing
ဂဏန်းချဉ်စပ်


Image Hosted by PicturePush - Photo Sharing

အရင်က ချက်စားဖြစ်တဲ့ ဂဏန်းကို မဆလာလေးနဲ့ ချက်နည်းကတော့ ပထမဦးဆုံး ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ဆီသတ်ပါတယ်။ ပြီးတာနဲ့ဂဏန်းတွေကို ထည့်၊ မကျည်သီးအနှစ်အရည်ကိုထည့်ပြီး မဆလာလေးအုပ်ကာ ချက်ထားတာပါ။
Image Hosted by PicturePush - Photo Sharing

ဒါကတော့ ဂဏန်း မဆလာချက်ပါ။

******************

ပုဇွန်နှမ်းကပ်ကြော်


Image Hosted by PicturePush - Photo Sharing


ဒါကတော့ ပုဇွန်တွေကို ကြော်ဖို့ ပြင်ဆင်ထားတာပါ။ ပုဇွန်ကို သန့်ရှင်း၊  ခေါင်းဖြတ်၊ အကြောဖယ်ပြီး ဆား၊ အရသာမှုန့် တို့နဲ့ နယ်ထားပါတယ်။ အကြော်မှုန့် (တန်ပူရာအမှုန့်)ကို ကြက်ဥနဲ့ နယ်ပြီး အရသာမှုန့်အနည်းငယ်၊ ဆားအနည်းငယ်ထည့်ထားပါတယ်။ နှမ်းအနက်ကို ဘေးမှာထားထားတာပါ။ ပုဇွန်တွေကို ကြက်ဥနဲ့ ဖောက်ထားတဲ့ အနှစ်ထဲမှာ လူးလိုက်ပြီး နှမ်းကပ်လိုက်ကာ ကြော်လိုက်တာပါ။

Image Hosted by PicturePush - Photo Sharing

ဆီအိုးထဲထည့်ကြော်လိုက်ပါတယ်။ ပုဇွန်များ ရွှေရောင်သန်းလာရင် ချလို့ရပါပြီ။

Image Hosted by PicturePush - Photo Sharing

စားလို့ရပြီနော် ပုဇွန်နှမ်းကပ်ကြော်


Image Hosted by PicturePush - Photo Sharing
စားပါဦးလားနော်


Image Hosted by PicturePush - Photo Sharing
ထမင်းရယ် ဂဏန်းချက်ရယ်၊ ပုဇွန်နှမ်းကပ်ကြော်ရယ် စားဖို့ အဆင်သင့်


Image Hosted by PicturePush - Photo Sharing


ဒါကတော့ ကြက်ခြေထောက်ချဉ်စပ်ပါ။ လုပ်နည်းကိုတော့ ( ဒီနေရာမှာ) ရေးခဲ့ဖူးပြီးသားမို့ ထပ်မရေးတော့ပါဘူးနော်.  


Image Hosted by PicturePush - Photo Sharing

အဆင်သင့်ဖြစ်ပြီမို့ စားလို့ရပါပြီ။
Image Hosted by PicturePush - Photo Sharing
မစားသေးခင် ဓာတ်ပုံအရိုက်ခံနေတဲ့ မော်ဒယ်လ်များ :P ဘေးနားက ဖန်ခွက်တွေကို အသာဖယ်ပြီး ဓာတ်ပုံရိုက်လိုက်ပါတယ်.. (ရေနွေးကြမ်းခွက်တွေကို ပြောတာ )


စားပြီးတာနဲ့ ပြန်ကြတော့မဲ့ ညီမတွေကို ဒီဟင်းတွေ နှုတ်ဆက်လိုက်တာပါ။ 



ချစ်သော မိတ်ဆွေများအတွက် ပျော်ရွှင်ဖွယ်အားလပ်ရက်လေး ဖြစ်ပါစေနော်.



Image Hosted by PicturePush - Photo Sharing

27 Responses to “ဂဏန်းချဉ်စပ်၊ ပုဇွန်နှမ်းကပ်ကြော်နဲ့ နှုတ်ဆက်တဲ့ညနေ..”

Anonymous said...

ပထမဆုံးရောက်တာပါလား:P ပုစွန်ကြော်တွေကိုအရမ်းကြိုက်လို့ စားသွားပါတယ်

ဂလု ဂလု ဂလု
တောက် တောက် တောက် .. (တရေကျသံ) :P

အခုလေးတင်း စားလိုက်တဲ့ ထမင်းပွဲ နဲ့ တော် ကွာ ပ ဗျာ ...

Anonymous said...

ဟယ်တော်..သွားပါပြီ
ကီးဘုတ်တစ်လုံးတော့..ပစ်ရပြီ
(ရေ၀င်သွားလို့း)

အကြော်ဆိုင်ဖွင့်မလားလို့.စဉ်းစားနေတာ
အတော်ဖြစ်သွားတယ်း))

အားပါးတရ..လွေးသွားပါတယ်ရှင် :P

ချစ်ခင်စွာဖြင့်
မိစံ

ဂဏန်းချဉ်စပ်လေးစားချင်လိုက်တာဗျာ
ဂဏန်းကို ဘယ်လိုချက်ချက်ကြိုက်တယ်ခင်ဗျ

Shinlay said...

အိမ်လာလည်ရင်ချက်ကျွေးပါနော်။ အားလုံးကြိုက်ပါတယ်။

Anonymous said...

စားမယ်စားမယ်..
အားလုံးကြိုက်တယ်။
တကယ်ကို အားလုံးကိုကြိုက်တာ။
ဂဏန်းကို သူကမစားလို့ ချက်ကိုမချက်ဖြစ်ဘူး။ အိမ်မှာဆိုခဏခဏချက်စားကြတယ်။ချောစီကဘဲလွေးသွားတော့မယ်နော်။
အိုင်အိုရာ

rose said...

ဂဏန်းချဉ်စပ်ဟင်းလေးက အနှစ်များများနဲ့ ချက်ထားတာ စားချင်စရာကြီး။ တော်လိုက်တဲ့ အစ်မချော။ ဂဏန်းကြိုက်တယ်။

Anonymous said...

အမချောရေ ပြင်ဆင်ထားတာလေးကို ကြည့်ပြီး စားတောင် မစားရက်တော့ပါဘူး.... တို့အမချောကတော့ အချက်အပြုတ် တော်ရုံတင်မကဘူး အပြင်အဆင်ကလည်း တယ်ကျွမ်း.... :-)

ညယံ said...

ဘက်စုံတော်တဲ့ချော .. ဟင်းတွေ ချက်ထားတာလည်း စားချင်စရာတွေ ချည်းပဲ .. ပွဲပြင်ထားတာလည်း လှမှလှ .. :)))

Mg Han said...

ရှလွှတ်... စားချင်ချာဂျီးရ...

ဆာနေတာနဲ့အတော်ပဲ
ဂဏန်းချဉ်စပ်လေးစားချင်လိုက်တာ
ချဉ်ချဉ်စပ်စပ်ဆိုရင်အားလုံးကြိုက်တယ်
ဂဏန်းချဉ်စပ် ဆိုပိုကြိုက်တယ်

flowerpoem said...

တကယ်စားရရင် သိပ်ကောင်းမှာပဲ :P

Anonymous said...

ဟင်းတွေအားလုံးစားချင်တယ်...

တူးဘီ (2B ) said...

Very nice curry, I have ever seen.

Unknown said...

ဂဏန်းတွေရော ပုဇွန်တွေရော....
အိုးးးးးးးးလွှတ်ကြိုက်...ဟိဟိ
အပြင်မှာ ဂယ်စားရရင် မိုက်တယ်ကွာ...ပြောရင်း သွားရည်ယိုလာပီ...:P

ခင်လျက်
Junemoe

Anonymous said...

I like all and cooked chicken feet last week but not chinsut.Eat what you cook all.Huuuuum....full stomach:}}}
Gyidaw

mstint said...

ဝါးးးးးးး (အံ့သြသောအသံ) ချွေးမဒီလောက် ဟင်းချက်ကောင်းမှန်းအခုမှသိတယ် ဒါဆိုရင် နောင်တမရတော့ဘူးဟိဟိ
ဂဏန်းကို တီတင့်မကြိုက်ပေမယ့် သားတွေရဲ့
နှစ်သက်တဲ့အစာတွေထဲမှာ ထိပ်ကပါတယ်။
ချက်နည်းလေးအတွက်ကျေးဇူးပါ ချောရေ။
အကြော်အလှော်တွေနဲ့ စုံစုံလင်လင်ပဲ ဧည့်သည်လာလုပ်အုံးမှး))
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စားချင်လယ် မမ ...:):)

စားချင်လယ် မမ ...:):)

ဟန်ကြည် said...

ဘလော့နဲ့ အဆက်အသွယ်ပြတ်နေတာ လိုင်းပေါ်လည်း ပြန်တက်ရော ဒေါ်ချောရဲ့ လက်ရာနဲ့ကို တန်းတိုးတော့တာပဲ...ကြည့်ရတာ အရသာရှိမယ့်ပုံက သိသာနေသပ...

အင်း ဦးဟန်ကြည်တို့ ဇနီးမောင်နှံလာလည်မှ အဲဒီလိုချက်ပြီး ဧည့်မခံရင်တော့....ဟင်း
( မစားဘဲ ပြန်ရုံပေါ့...း))) ”

ညီရဲ said...

သားရေတွေ ယိုရင်း ပြန်ပြီ...
ပုံတွေနဲ့ နှိပ်စက်နေတယ်နော် မချော...

ကိုအောင်(ပျူနိုင်ငံ) said...

ဟင်းတွေက ဖွယ်ဖွယ်၇ာ၇ာ စားချင်စိတ်တောင် တားလို့မ၇ ...း)

ဒီနေ့ ဘလော့ဂ်လည်နေတာ။ ထမင်းစားခါနီး တိုက်တိုက်ဆိုင်ဆိုင်...။ ချောနော်...လာလည်ရင် အဲဒီဟင်းတွေ ချက်ကျွေးရမှာပဲ။ အကုန်ကြိုက်တယ်...
ဝိတ်ချလာမှာနော်၊ ဟိုရောက်ရင် အကုန် အားမနာတမ်းစားဖို့....ဟိဟိ....

မလာဘဲလဲမနေနိုင် လာတော့လဲ ၀ိတ်ကချမရး)

Crystal said...

တူများ ချက်ကျွေးတာဆိုရင်တော့ စားပါမယ်။ ကိုယ့်ဖာသာဆိုရင်တော့ ဟင့်အင်း ဟင့်အင်း...

San San Htun said...

ရှလွတ်..ရှလွတ်.ဂလု..ဂလု