ကြက်သားနှမ်းမွှေးချိုချဉ်နဲ့ ဝက်သစ်ကြားသီးကြော်

ဒီနေ့တော့ ခရစ္စမတ်ပွဲတော်ကို ပျော်တဲ့သူက ပျော်၊ အားလပ်ရက်မို့ လည်သူတွေက လည်နေကြပြီ ထင်ပါတယ်နော်။ ဒီနေ့အတွက် ဟင်းချက်စရာအဖြစ် ကြက်နှမ်းမွှေး ချိုချဉ် လုပ်နည်းလေး ပြောပြချင် ပါတယ်။ ပထမဦးစွာ အရိုးမပါတဲ့ ကြက် ရင်အုပ်သားချည်းကို ရွေးထုတ်လိုက်ပါတယ်။ ရေ စင်အောင်ဆေးပြီး အတုံးကလေးများ တုံးပါမယ်နော်။




Image Hosted by PicturePush - Photo Sharing
အသားချည်းသက်သက်ကို ခုလို အတုံးလေးများ တုံးပါတယ်. 


Image Hosted by PicturePush - Photo Sharing
ကြက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ဟင်းချက်ဝိုင်၊ ငရုပ်ကောင်းမှုန့် ၊ နှမ်းဆီ၊ သကြားအနည်းငယ်တို့ဖြင့် နယ်ပြီး အချိန် နာရီဝက်ခန့်ထားလိုက်ပါတယ်။ အချိန်မရရင်တော့ ၁၅မိနစ်ခန့် ထားနိုင်ပါတယ်။ အရသာများ အသားထဲသို့ ဝင်စေရန်ဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်ဥ၊ ဂျုံမှုန့်၊ အကြော်မှုန့်၊ ဆော်ဒါအနည်းငယ်၊ နှမ်းဆီ အနည်းငယ်၊ ဆား၊ အရသာမှုန့် တို့ကို ရေဖြင့် ရောမွှေပြီး ပျစ်ပျစ်လေး ဖျော်ထားတာပါ။ 


Image Hosted by PicturePush - Photo Sharing

အစောက အတုံးလေးတွေ တုံးပြီး နယ်ထားတဲ့ ကြက်သားကို မှုန့်အနှစ်နဲ့လူးပြီး ဆီပူပူများ ကြော်ပါတယ်.။ မီးခပ်အေးအေးနဲ့ ကြော်ပြီး ရွှေရောင်သန်းလာရင် ကျက်ပါပြီ။ မီးတအားများရင် အပေါ်ကသာကျက်ပြီး အထဲက အသားတွေ မကျက်မှာစိုးတာကြောင့် မီးအေးအေးနဲ့ ကြော်ပါတယ်.  


Image Hosted by PicturePush - Photo Sharing
ကြက်သားလုံးကြော်
 
ကြက်သားကို ဒီအခြေအနေထိ ကြော်ပြီးပြီဆိုရင် ခနထားလိုက်ပြီး နောက် တစ်ဆင့် အတွက် ဆောစ့် ပြုလုပ်ပါမယ်နော်။


 ဆောစ့် ပြုလုပ်ဖို့ လိုအပ်တဲ့ အရာတွေက ခရမ်းချဉ်သီးဆောစ့်၊ နှမ်းဆီ၊ ပျားရည်၊ ဆား၊ အရသာမှုန့်၊ ဗနီကာအရည်၊ ငရုပ်ကောင်းမှုန့်၊ လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ကို အရည်ညှစ်ကာ ၄င်းတို့အားလုံးကို  ရောမွှေလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
၎င်းတို့ကို မီးမှာ ဆူအောင်တည်ပါတယ်. ထို့နောက် ကော်မှုန့်ကို အရည်ဖျော်ကာ လောင်း ထည့်ပြီး မွှေကာ အရည်ပျစ်လာပြီဆိုရင် အစောက ကြက်သားလုံးနဲ့ ရောမွှေလိုက်ပါတယ်။



Image Hosted by PicturePush - Photo Sharing

ပြီးရင် နှမ်း လှော်ကို အပေါ်က ဖြူးလိုက်ပြီး ကြက်သွန်မြိတ်၊ နံနံလေးပါ ဖြူးလိုက်ရင် စားချင်စဖွယ် ကြက်သားနှမ်းမွှေးချိုချဉ်ရပါပြီ။ 

Image Hosted by PicturePush - Photo Sharing




စားပါဦးလားနော်။

ချိုချိုချဉ်ချဉ်လေးနဲ့ နှမ်းဆီနံ့မွှေးမွှေး ကြက်သားနှမ်းမွှေးချိုချဉ်ကို အထက်ပါနည်းအတိုင်း ပြုလုပ်နိုင်ပါပြီရှင်။


********@@@@*********


ဝက်သားသစ်ကြားသီးကြော်

ခုလို ဆောင်းရာသီမှာ ပေါပေါများများ တွေ့နိုင်ပြီဖြစ်တဲ့ သစ်ကြားသီး ( Walnut) ကို ဝက်သားနဲ့ ကြော်ပါ မယ်နော်။ 



သစ်ကြားသီး(Walnut) များ
Image Hosted by PicturePush - Photo Sharing

                                                   သစ်ကြားသီးအဆန်များ

Image Hosted by PicturePush - Photo Sharing

 ဝက်သားကို ပါးပါးလှီးပြီး ဆား၊ အရသာမှုန့်နယ်ပြီး ခေတ္တထားထားပါတယ်။  သစ်ကြားသီးဆန်များကို ဆီပူနဲ့ ကြော်လိုက်ပါတယ်
Image Hosted by PicturePush - Photo Sharing
ကြော်ပြီး သစ်ကြားသီးဆန်များ


Image Hosted by PicturePush - Photo Sharing

ဒါကတော့ လိုအပ်တဲ့ အဆာပလာများပါ။ ငရုပ်ပွစိမ်း၊ ကြက်သွန်ဖြူ၊နီ၊ ဂျင်း၊ ငရုပ်သီး

Image Hosted by PicturePush - Photo Sharing

ဝက်သားကို ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်နီတို့ဖြင့် ကြော်လိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ငရုပ်သီးများ ထည့်ပါတယ်။ ငံပြာရည်၊ အရသာမှုန့်များ ထည့်ပါတယ်။
Image Hosted by PicturePush - Photo Sharing
နောက်ဆုံးမှ သစ်ကြားသီးများကို ရောထည့်လိုက်ပါတယ်။
Image Hosted by PicturePush - Photo Sharing
ဝက်သားသစ်ကြားသီးကြော် ရပါပြီနော်။
Image Hosted by PicturePush - Photo Sharing
ငရုပ်သီးနံ့လေး မွှေးပြီး ဆိမ့်ဆိမ့်လေး စားကောင်းတဲ့ ဝက်သားသစ်ကြားသီးကြော်ပါရှင်။


Image Hosted by PicturePush - Photo Sharing


အားလုံးလည်း ခရစ္စမတ် အားလပ်ရက်မှာ စားကောင်းသောက်ဖွယ်များဖြင့် ပျော်ရွှင်နေကြပြီ ထင်ပါတယ်နော်။ လူတိုင်းအတွက် Merry Christmas ပါရှင်။




Image Hosted by PicturePush - Photo Sharing

21 Responses to “ကြက်သားနှမ်းမွှေးချိုချဉ်နဲ့ ဝက်သစ်ကြားသီးကြော်”

ကြက်သားနှမ်းမွှေးချိုချဉ်နဲ့ ဝက်သားနဲ့ သစ်ကြားသီးကို ကြော်လေးစားပြီး မပြန်နိုင်တော့ဘူးမမ :):) ပျော်ရွင်ဖွယ် ခရစ်စမတ်လေး ပါမမရေ..

rose said...

ဓာတ်ပုံလေးတွေက ရှင်းပြီး ကြည်နေတာပဲ။ ကောင်းလိုက်တာ။ ချက်နည်း အဆင့်ဆင့်ကို ပုံရိုက်ထားတတ်တဲ့ အစ်မချောက စိတ်သိပ်ရှည်တာပဲ။ ကြက်သားနှမ်းမွှေးကြော်နည်းလေးရော အသားနဲ့သစ်ကြားသီးကြော် နည်းရော မှတ်သွားပါတယ်။ မျှဝေတာ ကျေးဇူးတင်၏။

ပူပူလောလောလေး စားကြည့်ချင်သား။ ကြည့်ရင်းနဲ့ စားချင်စိတ် အတော်ပေါက်သွားတယ်။း)

Iora said...

နှိုက်စားချင်စိတ်တောင်ပေါက်တယ်ချောရယ်။
သစ်ကြားသီးထဲကငရုတ်သီးနဲ့ ဝက်သားဖတ်လေးရယ်၊ ဆော့မထဲ့ခင် ကကြက်သားကြော်တွေ စားမယ်နော်။ အရာရာစနစ်တကျနဲ့ စေတနာနဲ့ ပြင်ဆင်လုပ်ကိုင်တတ်တဲ့ချောကို ချီးမွမ်းရမယ်ဆိုရင်ဆုံးတော့မှာမဟုတ်ဘူး။

ညီရဲ said...

မနက်စောစောစီးစီး ဗိုက်ဆာနေပါသည်။ အစ်မတော်က ထုံးစံအတိုင်း ဒါ့ပုံများပြပြီး နှိပ်စက်ပြန်ပါသည်။ ထို့ ကြောင့် ဗိုက်ပိုဆာလာသဖြင့် ကွန်ပြူတာပိတ်လို့ မုန့် စားသွားဖို့ ဆုံးဖြတ်လိုက်ပါပြီ... ပျော်စရာ ခရစ်စမတ်လေးပါ အစ်မတော်...

san htun said...

ဗိုက်ဆာသွားသည်..ဂလု..ဂလု..ရှလွတ်..ရှလွတ်..ပျော်ရွှင်ဖွယ် ခရစ်စမတ်လေး ဖြစ်ပါစေ မချော..

မိစံ said...

အတော်ပဲအစ်မ..ညကျရင်း))))
သစ်ကြာသီးက.တစ်မျိုးလေးပဲနော်အစ်မ
အဲလိုမျိုးတစ်ခါမှ.မမြင်ဘူးဖူးး)

ဟက်ပီးခရစ်စမတ်လေးဖြစ်ပါစေရှင်

Anonymous said...

ပုံတွေမြင်ရဘူး...:(((

Evy said...

လုပ်နည်းလေးတွေမှတ်သွားတယ်ချောရေ။ မြင်ရတာ ဗိုက်ဆာလိုက်တာ

အဲ့ဒါ သစ်ကြားစေ့ကိုး ဟီး။ ခုမှသိတယ်။

ဗိုက်ဆာလိုက်တာ ထမင်းတည်ဦးမှ။ ဟင်းကတော့ အင်း...... :(

ပျစ်ပျစ်လေး ဖျော်ထားတဲ့ အတုံးပေါ်မှာ ဘာများရေးထားလည်းလို့ သေချာကြည့်နေသေးတယ်...။ အော်...၀က်သစ်ကြားသီးဆိုတာ အဲဒီလိုလား မချော။ အလုံးလိုက်တုန်းက ဘဏ္ဍာသီးလိုလို၊ ဘာလိုလိုနဲ့ ခွဲလည်းခွဲလိုက်ရော လိပ်ပြာနဲ့တောင် တူသယောင်ယောင်ပဲ မချောရေ။ ကြက်သားလုံးကြော်ကို ကျွတ်ခနဲ ဂွတ်ခနဲမြည်အောင် ၀ါးလိုက်ချင်စမ်းပါဘိ မချောရေ။ ပါဆယ်နဲ့ ပို့ပေး ဒါပဲ...။

ဝက်သားမစားလို့ကြက်သားတွေအားလုံးနီးပါး
စားခဲ့ပါတယ်မချောရေ
ကိုယ်တိုင်မလုပ်တတ်တော့ လုပ်တတ်သူတွေဆီ
အလည်လိုလိုဘာလိုလိုနဲ့ တီးခဲ့ရတာပါဗျာ

mstint said...

ဒီကနေ့တော့ အလှူအိမ်တွေလှည့်ပတ်စားလို့
အိမ်မှာဘာမှချက်ဘူး ချောရေ။ အခုတော့
ချောရဲ့ ထူးထူးဆန်းဆန်း ကြက်သားနှမ်းမွှေးချိုချဉ်
အားပေးသွားပါတယ်။ ဝက်မစား သစ်ကြားသီးမကြိုက်
ဆိုတော့ ကြက်တစ်မျိုးနဲ့တင်းတိမ်သွားပြီနော်း)
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဝက်သားသစ်ကြားသီးကြော်လေး
ဘီယာနဲ့သာဆိုရင်...ပီားးး

SHWE ZIN U said...

ညီမ ချော ရေ

ဒီနေ့ဟင်းတွေ ကိုတော့ တကယ်ကို သရေကျ မိတယ် သစ်ကြားသီးလည်း ကြိုက် ကြက်သားကြော် လေးကလည်း မိုက် အချဉ်ရေ ကလည်း အတော်ကောင်း

ကျေးဇူး

စားချင်လိုက်တာနော်။ ဝက်သားသစ်ကြားသီးကြော်ကို စားချင်တယ်. ခုပို့ပေးပါမချော.။ မပို့ပေးရင် မ....တော့ဘူး။
ပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ပိုင်ဆိုင်ပါစေမချော။
ချစ်တဲ့
သဒ္ဓါ

ချောရေ....
တစ်နေ့တစ်မျိုး မရိုးအောင် နှိပ်စက်နော်..။
တကယ်ပဲဟယ်...။ အဲ့လိုပုံတွေ ကြည့်ပြီး ဂလုခနဲ မြိုချရပေါင်းတွေ များလှပြီ..။ နှစ်မျိုးလုံးတော်တော်အရသာရှိမယ့်ပုံပဲ...။ အမြည်းလေးလောက် စားရရင်တောင် ကျေနပ်ပါတယ်ဟယ်..။ ခုတော့.... :(

Nyi Linn Thit said...

ဝက်သား သစ်ကြားသီးကြော်ကို ကြိုက်တယ်ဗျ...၊ ငရုတ် သီးလေးပါ ထည့်ကြော်ထားတော့ ပိုတောင် ကောင်းဦးမယ်၊ ထမင်းဖြူ ပူပူလေးနဲ့ဆိုရင် ဘဝက ပြည့်စုံသွားပြီ...။း)

Merry Christmas ပါ မချောရေ...။

သတိုး said...

ဝက်သား မစားဖြစ်တာ ကြာပြီ။ ကြက်သားနှမ်းမွှေးချိုချဉ်လေး မိုက်မယ်..။ သွားရည်ကျချင်လာပြီ။ ဂလု..။း)

jr said...

စားချင်တယ်။ ဗိုက်ဆာတယ်း))
လိုက်ချက်ကြည့်ဦးမယ် ချောရေ ..

ဟင်းချက်နည်း ထူးထူးဆန်းဆန်းလေးတွေကြောင့် အမဘလော့ကို အမြဲရောက်ဖြစ်တယ် :) ကြက်သားလုံးကို ဒီတိုင်းဘဲချက်စားဖူးတယ်.. အမနည်းအတိုင်း ချိုချဉ်ကြော်စားကြည့်ဦးမယ်။ ငယ်ငယ်က ဆောင်းတွင်းဆို သစ်ကြားသီးကို တံခါးကြားညှပ်ပြီး ခွါကျွေးလေ့ရှိတဲ့ အဖွားကို လွမ်းသွားတယ်။