ဒီနေ့တော့ ရှာဖွေဖတ်မိတာလေးတွေထဲကမှ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံးလို့ သတ်မှတ်ထားတဲ့ ဖောင်တိန် နဲ့ ဘောလ်ပင်တွေအကြောင်း ပြောပြချင်ပါတယ်..
1. Aurora Diamante fountain pen Price: $1,470,600
(၁) ကမ္ဘာပေါ်ရှိသမျှ ဘောလ်ပင်တွေ၊ ဖောင်တိန်တွေ၊ ရေးစရာပစ္စည်းတွေ အားလုံးထဲမှာ နံပါတ်၁ ဈေးအကြီးဆုံး ဖြစ်တဲ့ ဖောင်တိန်အမျိုးအစား မှင်အစိုထည့် Aurora Diamante ဆိုတဲ့ ဖောင်တိန်ပဲန် ဖြစ်ပြီး တစ်နှစ်ကိုမှ တစ်ချောင်းတည်းသာ ထုတ်လုပ်ရောင်းချပါတယ်.. ကိုယ်ထည်တစ်ခုလုံးကို ပလက်တီနမ်နဲ့ ပြုလုပ်ထားပြီး စုစုပေါင်း ၃၀ ကာရက်ကျော် ရှိတဲ့ De Beers စိန်ပွင့်လေးများ စီခြယ်ထားပါတယ်.. ဖောင်တိန်ရဲ့ ထိပ်ဖျား နစ်အသွားလေးကိုတော့ ရှားပါးတဲ့ ရွှေဖြူသတ္တု တစ်မျိုးဖြစ်သော ရိုဒီယမ် ဖုံးအုပ်ထားတဲ့ ၁၈ကာရက် ရွှေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ဘောလ်ပင်ထုတ်လုပ်တဲ့ Aurora Diamante ကုမ္ပဏီက သူတို့ဘောလ်ပင်ဟာ ၃၀ကာရက် အလေးချိန်ရှိ စိန်ပွင့်တွေစီထားတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသော ဘောလ်ပင်ဖြစ်တယ်လို့ ဆိုပါတယ်.. ဘောလ်ပင်အဖုံးထိပ်မှာ ကုမ္ပဏီနံမည်နဲ့ နစ်အသွားမှာတော့ သပ်ရပ်လှပတဲ့ ကနှုတ်ပန်းခက်များနဲ့အတူ ၁၈ ကာရက် ဆိုတဲ့ စာလုံးကို ရေးထွင်းထားပြီး ဈေးနှုန်းက ဒေါ်လာ ၁၄,၇၀,၆၀၀ (တစ်သန်း လေးသိန်း ခုနှစ်သောင်း ခြောက်ရာ) ဖြစ်ပါတယ်..
Price: $730,000
(၂) နံမည်ကျော် Montblanc နဲ့ Van Cleef & Arpels ကုမ္ပဏီ ၂ခု တို့ရဲ့ ရာစုနှစ်ရှည်ကြာ ရပ်တည်နိုင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ပူးပေါင်းတီထွင်ပြုလုပ်တဲ့ Mystery Master piece ဖောင်တိန်ပဲန်ဟာ ပတ္တမြား၊ နီလာ၊ မြ စတဲ့ ရတနာသုံးမျိုးကို ပေါင်းစပ်ပြီး ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ဆန်းပြားလှပတဲ့ ဘောလ်ပင်ဒီဇိုင်းပေါ်မှာမှ ရတနာတွေကို အသီးသီးစီခြယ်ထားပုံက အနုစိတ်လှပြီး လက်ရာမြောက် လှပလွန်းတာကြောင့် ဒေါ်လာ ၇၃၀,၀၀၀ (ခုနှစ်သိန်း သုံးသောင်း) ဖြစ်တဲ့ တန်ဖိုးနဲ့ ထိုက်တန်ကိုက်ညီ ပါတယ်လို့ ဆိုပါတယ်... ဂုဏ်သိက္ခာကြီးမားစွာနဲ့ နှစ်ပေါင်း ရာချီတိုင်အောင် ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့တဲ့ ကုမ္ပဏီကြီး နှစ်ခုရဲ့ သမိုင်းကြောင်းကို ဒီ ဖောင်တိန်က ပြောကြားနေသလို ရှိပါတယ်....
(၃) ဆွဇ်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Caran d’Ache ရဲ့ အကျော်ကြားဆုံး ခေတ်သစ် ဗိသုကာပညာရှင်ကြီး Antonio Gaudi ရဲ့ လက်ရာ La Modernista Diamonds ဖောင်တိန်ပဲန်ဟာ လန်ဒန်ရဲ့ နံမည်ကျော် ဟားရောဒ့် ကုန်တိုက်ကြီးမှာ ဒေါ်လာ ၂၆၅,၀၀၀ (နှစ်သိန်းခြောက်သောင်းငါးထောင်) နဲ့ ရောင်းချခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်အထိ ကမ္ဘာ့စံချိန်တင် ဈေးအကြီးဆုံး ဘောလ်ပင်ဖြစ်ခဲ့ပေမဲ့ အပေါ်က ဖောင်တိန်တွေ ပေါ်လာပြီး နောက်မှာတော့ တတိယအဆင့်နေရာကို လျှောကျသွားခဲ့ပါတယ်.. အဲဒီ ဘောလ်ပင်ဟာ ရိုဒီယမ် သုတ်ထားတဲ့ ငွေသားစစ်စစ်နဲ့ ပြုလုပ်ထားပြီး ဘောလ်ပင်ရဲ့ နစ် အသွားကိုလည်း ရိုဒီယမ် မှုတ်ထားတဲ့ ၁၈ကာရက်ရွှေဖြင့် ပြုလုပ်ထားတာာ ဖြစ်ပါတယ်.. ၂၀ ကာရက်အလေးချိန် စိန်ပွင့်လေးပေါင်း ၅၀၇၂ လုံးဖြင့် လှပဆန်းကျယ်စွာ တန်ဆာဆင်ထားပြီး. ၃၂ကာရက်ရှိတဲ့ အနီရောင်ပတ္တမြား ၉၆လုံးလည်းပါဝင်ပါတယ်.. ကျောက်မျက်ပညာရှင် Robert Perron က ၆လခန့် အချိန်ယူပြီး ( Hand Made) လက်ဖြင့် ပြုလုပ်ခဲ့တာ ဖြစ်တာကြောင့် အလွန်လက်ရာမြောက် ဆန်းကျယ်တဲ့ ဖောင်တိန်တစ်ချောင်း အဖြစ် တန်ဖိုးထား အသိအမှတ် ပြုကြပါတယ်..
4. Omas Phoenix Platinum – Fountain Pen Luxury Limited Edition with Diamonds Price: $60,000
(၄) ၄ခုမြောက် တန်ဖိုးအကြီးဆုံး ဖောင်တိန်လေးက Omas Phoenix Platinum လို့ခေါ်တဲ့ ဒေါ်လာ ၆၀,၀၀၀ (ခြောက်သောင်းတန်) ဖောင်တိန် ဖြစ်ပြီး ၉၅၀ ပလက်တီနမ်နဲ့ ကြေးဝါရောင် သတ္တုတစ်မျိုးဖြင့် လိုက်ဖက်စွာ ပေါင်းစပ် ပြုလုပ်ထားကာ ကိုယ်ထည်ကို လှပတဲ့ ချစ်စဖွယ် အရောင်စုံ ပုံလေးများ ခြယ်သထားပါတယ်.. ဖောင်တိန် နစ်ဖျားကိုတော့ ရိုဒီယမ်မှုတ်ထားတဲ့ ၁၈ကာရက် ရွှေနဲ့ ပြုလုပ်ထားပြီး နစ်ပေါ်မှာလည်း ဖောင်တိန်ရဲ့ အမှတ်တံဆိပ် Omas နဲ့ ရုပ်ပုံကို ရေးထွင်းထားပါတယ်.
5. Visconti – Ripple H.R.H. Fountain Pen Price: $ 57,000
(၅) နံပါတ် ၅မြောက် ဖောင်တိန်ဖြစ်တဲ့ Visconti တံဆိပ် Ripple H.R.H ဖောင်တိန် ဖြစ်ပြီး ၁၈ကာရက် ရွှေဖြူနဲ့အတူ စိန်ပွင့်လေးများဖြင့် တစ်ရစ်စီ စီခြယ်ထားပါတယ်.. အရောင်နှစ်မျိုးစပ် ၁၈ကာရက် ရွေနဲ့ ဖောင်တိန်နစ်ကို ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ဖောင်တိန်မှင်ကို နှစ်ဆင့်ဖြည့်တဲ့ စနစ်နဲ့ ပြုလုပ်ထားပြီုး ကိုယ်ထည်ကို ရွှေဖြူနဲ့ အနက်ရောင်စပ် နှစ်ရောင်တွဲ ဖြင့် ထုတ်လုပ်ထားပြီး တစ်ချောင်းလျှင် တန်ဖိုးအားဖြင့် ဒေါ်လာ ၅၇,၀၀၀ (ငါးသောင်းခုနှစ်ထောင်) တန်ကြေးရှိပါတယ်..
6. Visconti – Alchemy H.R.H. Fountain Pens Price: $ 57,000
(၆) စက်ဖန်တီးမှုမဟုတ်ဘဲ လူကိုယ်တိုင် လှပသေသပ်စွာ လက်နဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်နာ Visconti ရဲ့ Alchemy HRH ရဲ့ ဖောင်တိန်ဟာ HRH ကုမ္ပဏီရဲ့ ဒီဇိုင်း နောက်တစ်မျိုး ဖြစ်ပါတယ်.. အခြားသော ဖောင်တိန်များနဲ့ မတူတဲ့အချက်က တစ်ဖက်က ဖောင်တိန် အမျိုးအစားဖြစ်ပြီး တစ်ဖက်မှာ ဘောလ်ပင် ဖြစ်ပါတယ်.. တစ်ဖက်ကို နစ် တစ်ချောင်းစီပါရှိပြီး မှင်ထည့်ဖို့လည်း နေရာ ၂ခု တစ်ပိုင်းစီ သီးသန့်ပါရှိပြီး မတူညီတဲ့ သတ္တုတွေနဲ့ ကိုယ်ထည် တစ်ဖက်စီကို ရွှေ တစ်ပိုင်း ငွေတစ်ပိုင်းဖြင့် လက်ရာမြောက်အောင် သေသပ်လှပစွာ ပြုလုပ်ထားပါတယ်.. နစ် ၂ခုလုံးကိုတော့ အကောင်းဆုံး ၁၈ကာရက် ရွှေနဲ့ ပြုလုပ်ထားပြီး အရွယ်အစားမတူတဲ့ ဖောင်တိန်နဲ့ ဘောလ်ပင်နစ်များကြောင့် ဖောင်တိန်အမျိုးအစားကို မနှစ်သက်သူများအနေနဲ့ တစ်ဖက်မှာ ဘောလ်ပင် ဖြစ်တာကြောင့် နှစ်သက်သဘောကျစွာ အသုံးပြုနိုင်ပါတယ်.. ဘယ်လို လက်ရေး စတိုင်နဲ့ဖြစ်ဖြစ် သင့်တော်အောင် ပြုလုပ်ထားကြောင်း သိရှိရပါတယ်.. ကိုယ်ထည်ကို ဂန္တ၀င်ဆန်ဆန်၊ အနီရောင်ဖြင့် လှပစွာ ပြုလုပ်ထားပြီး အဖုံး၂ခုရဲ့ ရွှေနဲ့ ငွေသတ္တုပေါ်မှာလည်း ဈေးကြီးသော စိန်နဲ့ ပတ္တမြား အလေးချိန် ၄ ကာရက်ကို ထည့်သွင်း ပြုလုပ်ကာ မတူညီတဲ့ ဒီဇိုင်းများနဲ့ ပုံဖော်အလှဆင်ထားပါတယ်..၄င်း ဖောင်တိန်ဘောလ်ပင်ရဲ့ တန်ဖိုးမှာ ဒေါ်လာ ၅၇,၀၀၀ (ငါးသောင်းခုနှစ်ထောင် ) ဖြစ်ပါတယ်
7. Visconti – The Forbidden City H.R.H. Fountain Pen Price: $50,500.00
(၇) Visconti တံဆိပ် ဖောင်တိန်တွေဟာ အရည်အသွေးကောင်းမွန်ပြီး တီထွင်ဆန်းသစ်မှုလည်း ရှိတာကြောင့် ၇ခုမြောက် တန်ဖိုးအကြီးဆုံး The Forbidden City H.R.H အမည်ရ ဆန်းသစ် တီထွင်မှုရှိသော မှင်ဖြည့်စနစ်ဖြင့် ပါဝင်တဲ့ ဖောင်တိန်မှာလည်း ဒီဇိုင်နာ Visconti ရဲ့လက်ရာ ဖောင်တိန်ဖြစ်ပါတယ်… ၁၈ကာရက်ရွှေနှင့် ယှက်ဖောက်ကာ စိန်ပွင့်လေးများဖြင့် ထူးခြားဆန်းပြားတဲ့ ဒီဇိုင်းကို ပုံဖော် ပြုလုပ်ထားတာဖြစ်ပြီး ရောင်းဈေးမှာ ဒေါ်လာ ၅၀,၅၀၀ (ငါးသောင်းနဲ့ ငါးရာ ) ဖြစ်ကြောင်း သိရပါတယ်.
8. MARTE – Omas Fountain Pen Price: $43,000
(၈) MARTE ဖောင်တိန်ပဲန်ဟာ ဖောင်တိန်ချစ်သူတွေ အကြိုက်တွေ့တဲ့ လက်ရာဆန်းတစ်ခု ဖြစ်ပါတယ်.. ဖောင်တိန်ရဲ့ ကိုယ်ထည်ပေါ်မှာ မားစ်ဂြိုလ်ရဲ့ တည်ရှိရာအရပ်ကို ရေးဆွဲထားပြီး နှင်းဆီရောင် အဆင်းရှိသော ရွှေဖြင့် ပြုလုပ်ထားခြင်းဟာ မားစ်ဂြိုလ်ကြီးရဲ့ ပန်းဆီရောင်ကို ကိုယ်စားပြုတယ် လို့ဆိုပါတယ်.. ကိုယ်ထည်ပေါ်တွင် ကန္တာရ၊ တောင်တန်း၊ စသည် ကမ္ဘာမြေပြင်ပေါ်ရှိ အရာဝတ္ထုများ ပါဝင်ပြီး ဖောင်တိန်မှာ ပတ္တမြားလေးလုံးကို ထည့်သွင်းထားပါတယ်.. အဖုံးထိပ်မှာ ၂ကာရက် အလေးချိန်ရှိ စိန်ပွင့်ငယ်လေးများ ပါရှိပြီး နှင်းဆီရောင် ရွှေဖြင့်ပြုလုပ်ထားတဲ့ နစ်ဖျားပေါ်မှာတော့ ဂရိနတ်ဘုရား မားစ်ရဲ့ ပုံတူကို ရေးထွင်းထားပါတယ်.. ၄င်း ဒီဇိုင်းနဲ့ ဖောင်တိန်ကို အရေအတွက် အချောင်း ၃၀ သာ ထုတ်လုပ် ရောင်းချခဲ့တာကြောင့် ကမ္ဘာပေါ်မှာ များများစားစား မရှိတဲ့ ဒီဇိုင်းဖြစ်တဲ့အတွက် ဖောင်တိန် နှစ်သက် စုဆောင်းသူများကြား ရှားပါးပစ္စည်းအဖြစ် ထင်ရှားပါတယ်... ၄င်းသည်လည်း ဒေါ်လာ ၄၃,၀၀၀ (လေးသောင်းသုံးထောင်) ပေးရတဲ့ အဖိုးတန် ဖောင်တိန် တစ်ချောင်း ဖြစ်လာပါတယ်။
9. Gaia High Luxury – Omas Fountain Pens Price: $43,000

(၉) Gaia High ဖောင်တိန်ဟာလည်း Omas ရဲ့လက်ရာ တစ်ခုဖြစ်ပြီး ဘောလ်ပင်ရော ဖောင်တိန်ပါ နှစ်မျိုးလုံး ရှိပြီး နက်ရှိုင်းနေတဲ့ အမဲရောင်က ကမ္ဘာမြေပြင်ကို ဖော်ဆောင်ပြီး ၁၈ကာရက် ရွှေဖြူနဲ့ ရွှေဝါ ၊ မဟူရာကျောက်၊ သလင်းကျောက်အပြင် အခြားသော သတ္တုများတို့နဲ့ ပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်.. ကိုယ်ထည်တစ်ခုလုံးကို ကြီးမားလှတဲ့ ပင့်ကူ၊ အသားစားအပင်များ၊ ရေနေသတ္တ၀ါတို့ရဲ့ ပုံများကို ရေးထွင်းထားပါတယ်.. ခြုံကြည့်ရင် ကမ္ဘာမြေပြင်ပေါ်က ထိတ်လန့်ကြောက်ရွံ့စရာနဲ့ အံ့သြစရာ ပုံရိပ်များကို ရောစပ်ကာ ရေးထွင်းထားတာကြောင့် အခြားသော ဖောင်တိန်ဒီဇိုင်းများနဲ့ မတူ ကွဲပြား ခြားနားစေတဲ့အချက် ဖြစ်လာပါတယ်.. ရောင်းဈေးကတော့ ဒေါ်လာ ၄၃,၀၀၀ ( လေးသောင်းသုံးထောင်) အပေါ်ကအတိုင်း ဖြစ်ပါတယ်..
10. CREW 60TH White Gold – Tebaldi fountain pens Price: $43,000

အဖိုးတန် ဖောင်တိန်ကို ဂုဏ်သိက္ခာတစ်ရပ်အနေနဲ့ ကိုင်ဆောင်ချင်သူများ၊ စုဆောင်းချင်သူ ငွေကြေး ချမ်းသာသူများ အတွက်တော့ တန်ဖိုးကြီး ဖောင်တိန်တွေဟာ စွဲမက်စရာ ဖြစ်နေမည် ဖြစ်သော်လည်း သာမန်လူတန်းစားများ အတွက်တော့ ဝေးကွာနေပေဦးမည်။
(၁၀) ကမ္ဘာ့အကောင်းဆုံး ဖောင်တိန် ပြုလုပ်သူ အီတလီ ဒီဇိုင်နာ Tebaldi ရဲ့လက်ရာ Tebaldi CREW 60TH ဖောင်တိန်ဟာ ဘန်တလေ ကုမ္ပဏီကြီးရဲ့ သမိုင်းကြောင်းကို ပြန်ပြောင်းသတိရစေဖို့နဲ့ အထိမ်းအမှတ် တစ်ခုအဖြစ် စက်ဖြင့် ပြုလုပ်တာမဟုတ်ဘဲ လက်နဲ့ ပြုလုပ်ထားတဲ့ ဖောင်တိန်ဖြစ်ပါတယ်.. ဖောင်တိန်ရဲ့ နစ်ဟာ ၁၈ကာရက် ရွှေဖြစ်ပြီး ရိုဒီယမ်နဲ့ ရူသီနီယမ် သတ္တု နှစ်မျိုးစပ်ပြီး ဖုံးအုပ်ထားပါတယ်.. အဖုံးဝထိပ်မှာတော့ ဘန်တလေတံဆိပ်နဲ့ အမှတ်အသားကို တွေ့ရပြီး ကိုယ်ထည်ကို ဘန်တလေရဲ့ ခေတ်ဦးက ထုတ်ထုပ်ခဲ့တဲ့ ကား ဒက်ရှ်ဘုတ်နဲ့ တူအောင် ပြုလုပ်ထားပါတယ်.. လက်ကိုင်တဲ့နေရာနဲ့ အဖုံးထိပ်ကိုတော့ အကွက်လေးများ ဖော်ထားပြီး အထဲက မှင်အနေအထားကိုပါ ထုတ်ချင်းပေါက် တွေ့မြင်နိုင်အောင် စီစဉ်ထားတဲ့ နေရာလေးပါ ပါရှိပါတယ်..
အားလုံးဘဲ မိမိနှစ်သက်ရာ ဒီဇိုင်းကို ရွေးချယ်ပြီး စိတ်ကူးအိပ်မက်များ ဖန်တီးကြည့်ကြပါစို့နော်... :)
Source from : Top 10 Most Expensive Pens in The World ( Funzug)
3. La Modernista Diamonds – Caran d’Ache Price: $265,000