ရာဇ၀င်ကြားက စိန်ပွင့်များ





























ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံး ကျောက်မျက်ရတနာဟာ စိန်ရယ်လို့ လူအများက လက်ခံကြသလို စိန်ဆိုတာဟာလည်း အမျိုးသမီးများရဲ့ သည်းခြေကြိုက် ရတနာတစ်ပါးဖြစ်ပါတယ်.. ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ကို ပိုင်ဆိုင်ခွင့်သာရမယ်ဆိုရင် ဘယ် အမျိုးသမီး မဆို လိုချင်ကြလိမ့်မယ် ထင်ပါတယ် နော်။ တကယ်လို့များ စိန်ထည် လက်ဝတ်ရတနာ လက်ဆောင် ပေးမယ်ဆိုရင်လည်း ငြင်းပယ်မဲ့သူ ဆိုတာ အင်မတန်မှ ရှားမယ် ထင်ပါတယ်.  စိန်ဆိုရင် ကြီးကြီးသေးသေး လေဒီမမတို့က ကြိုက်ပြီးသား ဖြစ်ကြပါတယ်.. စိန်တစ်ပွင့်ဖြစ်လာဖို့ ကမ္ဘာမြေကြီးရဲ့ အောက်ခြေမှာ ဖိနှိပ်အားတွေနဲ့ ဖိနှိပ်ခံရပြီး နှစ်သန်းပေါင်းများစွာ အချိန်ကြာတဲ့အခါမှ စိန်ဆိုတာ ဖြစ်ပေါ်လာတာပါ။ စိန်ဟာ ရတနာအားလုံးထဲမှာ အမာကြောဆုံးနဲ့ အတောက်ပဆုံး ရတနာလည်း ဖြစ်ပါတယ်.. ဒါကြောင့်လည်း  စိန်ကို ကျောက်မျက်ရတနာ လောကမှာ ရှားပါး တန်ဖိုးကြီးရတနာအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ 


စိန်စီသောညလို တန်ဖိုးကြီးမားတဲ့ စိန်အလုံးကြီးတွေ မ၀တ်နိုင်ဘူးဆိုရင်တောင် စိန်သေးလေးတွေနဲ့ လှလှပပ ယှက်သွယ်ထားတဲ့ လက်ဝတ်ရတနာတွေကို ၀တ်ဆင်တတ်ကြသေးတယ်လေ။ စိန်ရဲ့အရောင်ဟာ အဖြူရောင်ရယ်လို့ လူသိများကြပေမဲ့ အရောင်မရှိတဲ့ အရောင်မဲ့ကနေ အရောင်မျိုးစုံ ရှိနိုင်ပါတယ်..  စိန်ကို တောင်အာဖရိက၊ အိန္ဒိယ၊ ဥရောပ စတဲ့ဒေသတွေက ထွက်ရှိပြီး အာဖရိက ကတော့ စိန်တွင်းတွေ များစွာရှိတဲ့ အရပ်ဒေသအဖြစ် နံမည်ကျော်ပါတယ်.. ကျောက်မျက်ရတနာတွေဟာ တန်ဖိုးကြီး လှပလာလေ လူတွေရဲ့ လိုချင်ရမ္မက်ဇော ပြင်းထန်လေဘဲ ဖြစ်ပါတယ်.. ပြီးတော့လည်း ကျောက်မျက် ရတနာတိုင်းမှာ အစွမ်းသတ္တိတွေ ကိုယ်စီ ရှိကြတယ်လို့လည်း မှတ်သားရဖူးပါတယ်.. ၀တ်ဆင်သူကို အကျိုးပေးတဲ့ အစွမ်းသတ္တိရှိသလို အချို့သော ရတနာတွေဟာ ၀တ်ဆင်သူကို ခိုက်စေတတ်တဲ့ ဂုဏ်သတ္တိ ရှိတယ်လို့ သိရပါတယ်.. အခု ပြောပြချင်တာက ကမ္ဘာပေါ်မှာ ထွက်ရှိပြီး စိန် တန်ချိန်များစွာထဲကမှ ရှေးနှစ်ပေါင်း များစွာကတည်းက ပေါ်ပေါက်ခဲ့ပြီး ပိုင်ဆိုင်သူ အဆက်ဆက်နဲ့အတူ ထူးခြားတဲ့ရာဇ၀င်တွေ ရှိခဲ့တဲ့  ကမ္ဘာ့တန်ဖိုးအကြီးဆုံး စိန်ပွင့်တွေ အကြောင်း ပြောပြချင်ပါသေးတယ်..