လျှို့ဝှက် စပိုင်ကင်မရာများ

နည်းပညာ ထွန်းကားလှတဲ့ ဒီခေတ်ကြီးမှာ သတိထားနိုင်မှ တော်ကာကျပါလိမ့်မယ်ရှင်... ဘာလို့ဒီလို ပြောရတာလဲ ဆိုရင်ဖြင့် အောက်မှာ ဖော်ပြထားတဲ့ ပုံလေး တွေကို ကြည့်ပါ.. ဘယ်လိုမှ ထင်မှတ်မထားတဲ့ လျှို့ဝှက် ဗီဒီယို ကင်မရာလေးတွေပါ.. ကိုယ့်ရဲ့လွတ်လပ်မှု၊ ကိုယ့်ရဲ့ ဂုဏ်သိက္ခာတွေကို လျှို့ဝှက်စွာ ယူငင်သွားမဲ့ ကြောက်စရာ သိပ္ပံမျက်လုံးများ ဖြစ်ပါတယ်.. အထူးသဖြင့် ကမ္ဘာအရပ်ရပ်မှာ  ရောက်ရှိနေကြတဲ့  မြန်မာ အမျိုးသမီးလေးများ၊ နိုင်ငံတွင်းရှိ အမျိုးသမီးလေးများ ပိုပြီး သတိပြု နိုင်စေရန်အတွက်  အသိပေး ဖော်ပြခြင်း ဖြစ်ပါတယ်။


နံရံကပ် နာရီထဲ ဗီဒီယိုကင်မရာ လျှို့ဝှက်ထည့်သွင်း တတ်ဆင်ထားတာပါ။ ဟိုတယ်တို့ လေဆိပ်တို့၊ ရုံးခန်းတို့မှာ အသုံးများနိုင်ပါတယ်။

၎င်း နံရံကပ် နာရီ ကင်မရာ အလုပ်လုပ်ပုံပါ။ ကင်မရာဟာ အမြဲတမ်း အလုပ်လုပ်နေမှာ မဟုတ်ဘဲ Remote control နဲ့ အဖွင့်အပိတ်လုပ်ပြီး မိမိ လိုချင်တဲ့ အနေအထားကို ရချိန်မှ လျှို့ဝှက် ရိုက်ကူးထားနိုင်ပါတယ်။

*************@*************

Wireless Spy Camera Alarm Clock



နိုးစက်ထဲမှာ ထည့်သွင်းထားတဲ့ ကြိုးမဲ့လျှို့ဝှက်ကင်မရာ ဖြစ်ပါတယ်..


Image Hosted by PicturePush - Photo Sharing


အဝေးကနေ ထိန်းချုပ်တဲ့ Remote control ဖြစ်ပါတယ်။

*************@*************



ရုတ်တရက်ကြည့်ရင် သာမာန် ခါးပတ်ခေါင်းလေး တစ်ခုပါ....သေချာ ကြည့်ရင် ခါးပတ်ခေါင်းမှာ အပေါက်လေးကို တွေ့ရပါလိမ့်မယ်။


အဲဒီ အပေါက်လေးဟာ ကင်မရာတစ်ခုရဲ့ မှန်ဘီလူးလေးပါ.. ဘေးမှာတော့ ကင်မရာ တစ်လုံးရဲ့ ခလုပ်များအပြည့်အစုံပါရှိပါတယ်..

*************@*************



ဂက်စ်မီးခြစ်တစ်လုံးကဲ့သို့ အယောင် ဖျောက်ထားတဲ့ ကင်မရာပါ.. ဆေးလိပ်လဲမပါဘဲ မီးခြစ်လေး တစ်ကိုင်ကိုင် ကိုယ့်ရှေ့လာလုပ်နေရင် သတိထားသင့်နေပါပြီ။

*************@*************





 ဒါလေးကလဲ ဂဏန်းတွက်စက်နဲ့ချွတ်စွပ်တူတဲ့ ကင်မရာပါ.. ခလုပ်တွေထားတဲ့ နေရာနဲ့ မှန်ဘီလူးရှိတဲ့ နေရာကို ရှင်းပြထားပါတယ်..

*************@*************



 ဒါလေးကလဲ iPod သဏ္ဍာန် ကင်မရာလေးပါဘဲ..  ဘောင်းဘီအိတ်တို့ အင်္ကျီအိတ်တို့မှာ ခုလို ချိတ်လိုက်တော့  မှန်ဘီလူးက ရှေ့မြင်ကွင်းကို ချိန်ပြီးသားပေါ့..


                       
ဒီပုံကတော့ ချိတ်စရာမပါတဲ့ ရိုးရိုး iPod သဏ္ဍာန် ကင်မရာလေးပါ.

*************@*************



ဒီလို ဒီလို ချွင်းဂမ်း(ပီကေ) အိတ်လေးနဲ့ဆို အမှတ်တမဲ့ကြည့်ရင် ကင်မရာလို့ ဘယ်သူက သိမှာလဲနော်.

*************@*************              
 ကား သော့ control နဲ့ တူတဲ့ ကင်မရာပါ..  function လေးတွေ ရှင်းပြထားပါတယ်..

*************@*************

ကျန်ရှိနေသေးတဲ့ လျှို့ဝှက်ကင်မရာတွေကတော့