ကျွန်မတို့တွေ ချက်ပြုတ်ရာမှာ သော်လည်းကောင်း၊ ပတ်ဝန်းကျင်တွေမှာသော်လည်းကောင်း တွေ့ရတတ်တဲ့ စိတ်အနှောက်အယှက် ဖြစ်စရာလေးတွေကို ဖြေရှင်းဖို့အတွက် အောက်ပါ အချက်တွေကို သိထားမယ်ဆိုရင် တစ်နည်းတစ်ဖုံအားဖြင့်တော့ အထောက်အကူ ဖြစ်မယ် ထင်ပါတယ်။
၁. ပုရွက်ဆိတ်
ပုရွက်ဆိတ်တွေဟာ သခွားသီးကို အလွန်မုန်းပါတယ်.. ဒါကြောင့် သင့် အိမ် (သို့မဟုတ်) သင်နေထိုင်ရာ နေရာအနီးမှာ ပုရွက်ဆိတ်များ များပြားနေတယ်ဆိုလို့ရှိရင် သခွားသီးကို အခွံခွာပြီး ၄င်းအခွံကို ပုရွက်ဆိတ် လာရာလမ်း၊ ပုရွက်ဆိတ်တွင်းဝ တို့မှာ ချထားလိုက်မယ်ဆိုရင် ပုရွက်ဆိတ်ရန်က ကင်းဝေမယ်ဖြစ်ပါတယ်။
၂. ရေခဲသန့်သန့်
မိမိအိမ်က ရေခဲသေတ္တာထဲမှာ ရေခဲသန့်သန့်လိုချင်ရင် ရေကို ကျိုချက်ပြီးမှ ခဲပါ။
၃.တောက်ပြောင်တဲ့ မှန်များ
မိမိအိမ်ရှိ မှန်ပြူတင်း၊ မှန်တင်ခုံ၊ ပြူတင်းပေါက်၊ ကားမှန် စတာတွေကို တောက်ပ ပြောင်လက်စေချင်တယ်ဆိုရင် အရက်ပြန်ကို အသုံးပြုကာသန့်စင်ပေးနိုင်ပါတယ်။
၎.အင်္ကျီမှာ ကပ်တဲ့ ပီကေ
မိမိအိမ်ရှိ ကလေးများရဲ့ အ၀တ်အစား၊ လူကြီးများ၏ အ၀တ်များကို မတော်တဆ ပီကေများ(ချွင်းဂမ်းများ) ကပ်ပေလာပါက လျှော်ဖွပ်ရ မရဘဲ အလွန်အခက်အခဲဖြစ်ရတတ်ပါတယ်။ ၄င်းကို ဖြေရှင်းဖို့ဆိုရင် ရေခဲသေတ္တာထဲမှာ ၄င်းပီကေကပ်သောအ၀တ်ကို တစ်နာရီခန့်ထားပြီးလျှင် ဆွဲခွာလိုက်ပါက အလွယ်တကူ ကျွတ်ပါလာပါလိမ့်မယ်။
၅. အ၀တ်ဖြူများကို ဖြူဖွေးတောက်ပြောင်စေဖို့
အဖြူရောင် အ၀တ်များကို လျှော်ဖွတ်တဲ့အခါမှာ ပုံမှန်အတိုင်းလျှော်ရင် ဖြူဖွေးတောက်ပြောင်ဖို့ ခက်ပေမဲ့ ရေခပ်နွေးနွေးထဲမှာ အ၀တ်ကိုစိမ်ထားပြီး သံပုရာသီးခပ်ပါးပါး တစ်ချပ် ကို ထည့်ကာ ၁၀မိနစ်ခန့် ထားပြီး လျှော်ဖွပ်ပါက အ၀တ်များ ပိုမိုဖြူစင်စေနိုင်ပါသည်။
၆. တောက်ပတဲ့ ဆံကေသာ
သင်ရဲ့ ဆံကေသာတွေကို အရောင်တောက်ပစေဖို့ ခေါင်းမလျှော်ခင် ဗနီဂါအရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်ကို ဆံပင်ပေါ်မှာ လိမ်းပေးပြီးမှ ခေါင်းလျှော်သင့်ပါတယ်။
၇.သံပုရာသီး၊ ရှောက်သီး အရည် များများထွက်ဖို့
ဟင်းထဲထည့်ရာတွင်လည်းကောင်း၊ သံပုရာရည်ဖျော်ရာတွင်လည်းကောင်း သံပုရာသီး၊ ရှောက်သီးများ အရည်များများ ထွက်စေလိုလျှင် ရေနွေးထဲတွင် သံပုရာသီးကို တစ်နာရီခန့် စိမ်ပြီးမှ အရည်ညှစ်ပါက အရည်များ အလွန်ထွက်ပါတယ်။
၈. ဂေါ်ဖီထုပ် အနံပျောက်ဖို့
ဟင်းချက်တဲ့အခါ ဂေါ်ဖီထုပ်မှာ အနံ့ရှိတတ်လို့ ပေါင်မုန့် တစ်ဖဲ့လောက် ဟင်းထဲကို ထည့်လိုက်မယ်ဆို အနံ့ကင်းဝေး ပါပြီ။
ငါးဟင်းတော့ ချက်ချင်ပါတယ်.. လက်ညှီလို့ မကိုင်ချင်သူများအတွက် ငါးကိုင်ပြီးရင် လက်ကို ပန်းသီး ဗနီဂါနဲ့ ဆေးလိုက်ရင် အနံ့ပျောက်ပါတယ်။
၁၀.ကြက်သွန်လှီးရင် မြမျက်ရည် မြေမခဖို့
ဟင်းချက်ရင်း ကြက်သွန်နီများများစားစား လှီးရတဲ့အခါ ကြက်သွန်ခိုးတွေကြောင့် အလွမ်း မျက်ရည်တွေ ကြွေရတတ်ပါတယ်.. ဒီလိုအဖြစ်မျိုးက ကင်းဝေးဖို့ ကြက်သွန်ခွာနေတုန်း ပီကေစားပါလို့ ဆိုပါတယ်။
၁၁. အာလူးပြုတ်ရင် မြန်မြန်ကျက်ဖို့
အာလူးပြုတ်တဲ့အခါ အချိန်တိုတိုအတွင်း ကျက်စေလိုတယ် ဆိုရင်ဖြင့် အာလူးတစ်လုံးကို ယူပြီး အခွံတစ်ခြမ်းထဲ နွာပြီး ပြုတ်အိုးထဲကို အခြားအာလူးများနဲ့ အတူထည့်ပြုတ်ပါ။
၁၂. ကြက်ဥအမြန်ကျက်ဖို့
ကြက်ဥပြုတ်တဲ့အခါ အမြန်ကျက်အောင် ဆားထည့်ပြုတ်ရတယ်လို့ သိရပါတယ်.
၁၃. အ၀တ်အစားတွေမှာ မှင်ပေစွန်းခဲ့ရင်
သင့်အ၀တ်တွေမှာ မှင်စွန်းသွားခဲ့ရင် သွားတိုက်ဆေးကို မှင်ကွက်ရာပေါ် နှံ့အောင် သုတ်လိမ်းပြီး လုံးဝ ခြောက်သည်ထိ အခြောက်ခံထားပြီး လျှော်ဖွတ်လိုက်တဲ့အခါ မှင်စွန်းရာများ ပျောက်ကွယ်သွားနိုင်ပါတယ်။
၁၄. ကန်ဇွန်းဥ ပြုတ်
ကန်ဇွန်းဥပြုတ်ကို အခွံနွာလို့ လွယ်အောင် ပြုတ်ပြီးချင်းချင်း ရေအေးထဲ စိမ်ထားလိုက်ရင် အခွံခွာလို့ လွယ်ကူစေပါတယ်။
၁၅. ကြွက်ပြေးအောင်
သင့်အိမ်မှာ ကြွက်တွေ သောင်းကျန်းနေတယ်ဆိုပါက ငရုပ်ကောင်းမှုန့်ကို ဖြန်းပက်ထားလိုက်ပါက ကြွက်များ ထွက်ပြေးသွားမှာဖြစ်ပါတယ်။
ပိုးဟပ်တွေပြေးဖို့ တမာဆီ အနည်းငယ် နဲ့ ရေတစ်ခွက်လောက်ကို ရောပြီး အနံ့မရှိတဲ့ ဆပ်ပြာရည် အနည်းငယ်တို့ကို ရေစပ်၍ ပိုးဟပ်လာတတ်သော နေရာများတွင် ပက်ဖြန်ထားထားပါ။ အနံ့အနည်းငယ် ရှိသော်လည်း ပိုးဟပ်များ ထွက်ပြေးရန် အကောင်းဆုံးနည်းဟု သိရပါတယ်။ တမာဆီကို ဆေးဆိုင်တွေမှာ (Neem Oil) ဟု မေးဝယ်နိုင်ပါသည်။
၁၆. ပိုးဟပ်ရန်က ကာကွယ်ဖို့
ပိုးဟပ်တွေပြေးဖို့ တမာဆီ အနည်းငယ် နဲ့ ရေတစ်ခွက်လောက်ကို ရောပြီး အနံ့မရှိတဲ့ ဆပ်ပြာရည် အနည်းငယ်တို့ကို ရေစပ်၍ ပိုးဟပ်လာတတ်သော နေရာများတွင် ပက်ဖြန်ထားထားပါ။ အနံ့အနည်းငယ် ရှိသော်လည်း ပိုးဟပ်များ ထွက်ပြေးရန် အကောင်းဆုံးနည်းဟု သိရပါတယ်။ တမာဆီကို ဆေးဆိုင်တွေမှာ (Neem Oil) ဟု မေးဝယ်နိုင်ပါသည်။
နောက်တစ်နည်းမှာ စားဆော်ဒါ ( baking soda ) နှင့် သကြားအမှုန့်ကို ရောစပ်ကာ ပိုးဟပ် လာရာလမ်းတွေမှာ ပက်ဖြန်းထားပါက ပိုးဟပ်များ မလာတော့ဟု သိရပါတယ်။
ပိုးဟပ်တွေရန်က ဝေးအောင် ဘယ်လိုလုပ်ရမလဲလို့ ကော်မန့်မှာ မေးထားသူများအတွက် ထပ်မံဖြည့်စွက်ပေးတာပါ။
ကျွန်မဖတ်မိတဲ့ အချက်အလက်များကို အသုံးလိုသူများ ရှိခဲ့ရင် အသုံးတည့်ကောင်း တည့်နိုင်ဖို့ အင်တာနက်မှ ရှာဖွေ ဘာသာပြန်ကာ ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ်.. စာဖတ်သူများနဲ့ ချစ်စွာသော ဘလောဂ့်ရေးဖော် မိတ်ဆွေများလည်း အထက်ပါ အချက်တွေမှာ မပါဝင်သေးတဲ့ မိမိသိထားသော အသုံးဝင် အချက်အလက်များ ရှိခဲ့ရင် အားလုံးလည်း သိရအောင် ကော်မန့်မှာ ပြန်လည် ဝေမျှပေးသွားဖို့ တောင်းဆိုချင်ပါတယ်။
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။
Source : Funzug.com