အမိုးစိမ်းစိမ်း အိမ်ကလေးများ...



နော်ဝေးနိုင်ငံရဲ့ အချို့သော အိမ်တွေဟာ အမိုးပေါ်မှာ စိမ်းလန်းစိုပြေနေတဲ့  မြက်ခင်းတွေ အပင်ငယ်တွေ၊ ပန်းပင်လေးတွေကို စိုက်ပျိုးထားတတ်ကြပါတယ်။ အိမ်တိုင်းရဲ့ အမိုးတွေဟာ မြက်ခင်းတွေချည်း သက်သက်စိုက်တာ မဟုတ်ပါဘူး။ အချို့ အိမ်တွေကတော့ ကတ္တီပါသားလေးတွေလို နူးညံ့တဲ့ မြက်ခင်း စိမ်းစိမ်းတွေသာ စိုက်ပျိုးထားတတ်ကြပေမဲ့ အချို့အိမ်တွေကျတော့ စိမ်းဝါရောင်သန်းနေတဲ့ အပင်တွေ စိုက်ပျိုးထားတတ်တာမို့ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် ဂျုံခင်းများ ၀င်းမှည့်နေတာနဲ့တောင် တူတယ်လို့ ဆိုပါတယ်။ အချို့အိမ်တွေကျတော့ လှပတဲ့ ပန်းပင်ငယ်များကို မြက်ပင်များနဲ့ ရောယှက်လို့ စိုက်ပျိုးထားတတ်ကြသလို အချို့အိမ်တွေကျပြန်တော့ ခပ်နိမ့်နိမ့် အပင်ငယ်တွေတောင် စိုက်ပျိုးထား တတ်ကြပြန်ပါတယ်။
turf house, sod house








အပင်ငယ်တွေ၊ မြက်ခင်းတွေ စိုက်ပျိုးထားတဲ့ အိမ်အမိုးတွေဟာ လေးလံလွန်းလှတဲ့အတွက်  ဒီလို အမိုးပေါ်မှာ အပင်တွေ စိုက်ပျိုးဖို့အတွက် သူတို့ရဲ့ အိမ်ခေါင်မိုးတွေကို ခိုင်ခံ့အောင် အရင်ဆုံး စီစဉ်တည်ဆောက်ရပါတယ်။ နော်ဝေးနိုင်ငံမှာတော့ အိမ်အမိုးပေါ်မှာ မြက်ခင်းတွေ သစ်ပင်တွေ စိုက်ပျိုးထားတဲ့ အိမ်တွေကို နေရာတကာ မြင်တွေ့နိုင်ပါတယ်။ အဲဒီ အမိုးပေါ်မှာ အပင်စိမ်းကလေးတွေ စိုက်ပျိုးကြတဲ့ အလေ့အထဟာ ယခုခေတ်မှသာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအနေနဲ့ တီထွင်စမ်းသပ်ပြီး စိုက်ပျိုးလာကြတာ မဟုတ်ပါဘူး။