တောင်ပေါ်ဈေးကလေး..

ကျွန်မတို့ ကချင်ပြည်နယ်က စိန်လုံတောင်တန်းပေါ်က စိန်လုံရွာကလေးမှာ သဘောကျစရာကောင်းတာက တောင်ပေါ်ဒေသထွက် စားသောက်ဖွယ်ရာများ ရောင်းချတဲ့ ဈေးဆိုင်ငယ်ကလေးတွေ ရှိနေတာပါ။ ကချင်ပြည်နယ် စိန်လုံတောင်တန်းပေါ်မှာ ထွက်သမျှ သစ်တောထွက်ပစ္စည်းတွေ၊ အသီးအရွက်တွေ စားသောက်စရာများကို ဒီဈေးဆိုင်ကလေးတွေမှာ တွေ့ရှိနိုင်ပါတယ်။  ဘာတွေများ တွေ့ရမလဲလို့ ကျွန်မနဲ့အတူတူ လေ့လာကြည့်ကြရအောင်နော်...





                                   စိန်လုံရွာက တောင်ပေါ်ဈေးဆိုင်ကလေး
                              
Image Hosted by PicturePush - Photo Sharing 
အဖြူရောင် ခွက်ကလေးနဲ့က တောင်ဆိတ်အဆီတွေလို့ သိရပြီး ဦးချိုနဲ့ ခွာကလည်း တောင်ဆိတ်ချိုနဲ့ တောင်ဆိတ်ခွာ ဖြစ်ကြောင်း သိရပါတယ်။


Image Hosted by PicturePush - Photo Sharing 

ဒီအသားတွေက ဂျီသားတွေလို့ သိရပါတယ်။ အမဲသားတွေမဟုတ်ပါဘူးနော်လို့ ကျွန်မက မေးတဲ့အခါ ဒီရွာမှာ အမဲသားကို ဆတ်သား၊ ဂျီသားလို့ ပြောပြီး ဘယ်သူကမှ မရောင်းကြဘူးလို့ ဆိုပါတယ်။ ရိုးသားတဲ့ ရွာသူရွာသားတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး သူတို့ပြောစကားတွေဟာ အမှန်ဖြစ်ကြောင်းလည်း သိသာအောင် ရိုးသားမှုက သူတို့ရဲ့ မျက်နှာပြင်မှာ ထင်ဟပ်လို့ နေခဲ့ပါတယ်။ ဒီဂျီသားကို ကျွန်မ၀ယ်ခဲ့ပါတယ်။ အိမ်ရောက်လို့ ချက်စားတဲ့အခါမှာ တကယ်လဲ ဂျီသားအစစ်ဖြစ်ကြောင်း သိရပါတယ်။ ကျွန်မက တောတောင်ပေါတဲ့အရပ်မှာ မွေးဖွားကြီးပြင်းသူ ဖြစ်တာကြောင့် တောတောင်ထဲက အစားအစာတွေကို ငယ်ငယ်ကတည်းက စားနေကျ ဖြစ်ခဲ့တော့ ဂျီသား၊ ဆတ်သားတွေကို အနံ့ရတာနဲ့ စစ်မစစ် ခွဲခြားတတ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအသားဟာ ဂျီသားအစစ်လို့ သိလိုက်ပါတယ်။



Image Hosted by PicturePush - Photo Sharing

သဘာဝအတိုင်း လှပစွာ ဖြစ်ပေါ်နေတဲ့ အကွက်အကွက်တွေနဲ့ မြင်ရတဲ့ အတုံးတွေက ကျွန်မတို့ကချင်ပြည်နယ်မှာ “သစ်မင်း” လို့ခေါ်ပါတယ်။ သစ်ပင်တကာတို့ရဲ့ ဘုရင်လို့ သတ်မှတ်ပြီး သစ်မင်းလို့ ခေါ်ကြောင်းသိရပါတယ်။ ၄င်းသစ်မင်းကို နေအိမ်တွေမှာ ချိတ်ထားရင်