ကျွန်မ ခရီးသွားတော့ စိန်လုံတောင်တန်းကနေ အပြန်မှာ ဗန်းမော်မြို့ကို အလည် ရောက်သွားဖြစ်ပါတယ်။ ဗန်းမော်မြို့ဟာ မိုးမောက်မြို့လမ်းခွဲကနေ ၁ဝမိုင်လောက် ဆက်ပြီး သွားရတဲ့ မြို့ကလေးဖြစ်ပါတယ်။ မိုးမောက်မှာ လမ်းနှစ်ခု ခွဲထွက်ပါတယ်.. တစ်လမ်းက မြစ်ကြီးနားဘက် ဆက်သွားမဲ့လမ်းပါ။ တစ်လမ်း ကတော့ ဗန်းမော်မြို့ကို သွားတဲ့ လမ်းခွဲပါ။ ဗန်းမော်၊ မိုးမောက်မြို့တို့ဆိုတာ ကျွန်းသစ်တွေ၊ သစ်မာတွေ အလွန်ပေါများတဲ့ ဒေသဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့လည်း နီးတာကြောင့် တရုတ်ပစ္စည်းတွေလည်း အလွန်ပေါပါတယ်။ ဒီပိုစ့်မှာတော့ ဗန်းမော်မြို့ အသွား လမ်းမှာတွေ့ရတဲ့ ရှုခင်းတစ်ချို့က ဓာတ်ပုံတွေ ဖော်ပြပေးချင်တာပါ။
မိုးမောက်မြို့အ၀င်
ကျွန်းတော
တောင်တန်းနဲ့ ကျွန်းတော
တောင်တန်းကြီးကို လှမ်းမြင်နေရတဲ့ ရှုခင်းက လှလွန်းလို့ ပါးစပ်က တစ်ဖွဖွ ပြောမိရင်း ဓာတ်ပုံ ရိုက်ယူခဲ့ပါတယ်။ ပြာပြာညိုလွင်နေတဲ့ တောင်တန်းကြီးကလည်း လက်ကမ်းလို့ ကြိုနေတဲ့ အသွင် သဏ္ဍာန်ပါ။ မိုးမောက်မြို့အဝင်နားမှာ ကျောက်စခန်းဆိုတဲ့ အပန်းဖြေစခန်း တစ်ခု ရှိပါတယ်။ စိန်လုံတောင်တန်းပေါ်ကနေ စီးကျလာသော ရေစီးသန်တဲ့ ချာင်းထဲမှာ ကျောက်တုံးတွေ အရွယ်အစား အမျိုးမျိုး သဘာဝအတိုင်း လှပစွာ ရှိနေတဲ့နေရာဖြစ်ပါတယ်။ အဲဒီ ကျောက်စခန်းဆိုတာ ဗန်းမော်၊ မိုးမောက် ဒေသက လူတွေတွက်တော့ ဂုဏ်ယူစရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ သင်္ကြန်လို ရက်မျိုးဆိုရင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားတယ်လို့ ဆိုပါတယ်။ ပုံမှန်ချိန်တွေ မှာတော့ အေးအေးဆေးဆေး စားသောက်လိုသူများ၊ တောတောင် သဘာဝရှုခင်းကို ကြည့်လိုသူများ လာရောက်တတ်ကြပါတယ်။ စားသောက်ဆိုင်ကလေးတွေ ရှိပြီး အေးအေးချမ်းချမ်း နေထိုင် စားသောက်လို့ ကောင်းတဲ့ နေရာလေးဖြစ်ပါတယ်။ ကချင်ပြည်နယ်ရဲ့ သဘာဝ အလှအပ နဲ့ တောတောင်တွေ ပေါတဲ့ မိုးမောက် ဗန်းမော် ဒေသကို မရောက်ဖူးသေးသူများ၊ စိတ်ဝင်စားသူများ၊ အလွမ်းပြေ ကြည့်ချင်သူများ ရှိရင် ကြည့်နိုင်ဖို့အတွက် မြင်ခဲ့ရ သလောက်လေးကို ပြန်လည် ဝေမျှ ချင်ပါတယ်ရှင်။
Stone Village Resorts အဝင်ဆိုင်းဘုဒ်
ချောင်းကူးတံတား
ချောင်းကိုဖြတ်ကူးဖို့ ဝါးတံတား
ချောင်းတစ်ဖက်ကမ်း
ကြိုးတံတားလည်း ရှိပါတယ်...
ကျန်တဲ့ ပုံတွေကို အောက်မှာဆက်လက် ကြည့်ရှုနိုင်ပါတယ်နော်..
ကျန်တဲ့ ပုံတွေကို အောက်မှာဆက်လက် ကြည့်ရှုနိုင်ပါတယ်နော်..