ပုဇွန်နာနတ်သီး ထမင်းကြော်

ပုဇွန်နာနတ်သီး ထမင်းကြော်

ဒီတစ်ပတ်တော့ လွန်ခဲ့တဲ့ ရက်က စားဖြစ်ခဲ့တဲ့ နာနတ်သီးထမင်းကြော်ကို တင်ပေးချင်ပါတယ်ရှင်။

နာနတ်သီးနဲ့ ထမင်းကြော်တာဟာ ထိုင်းမှာတော့ ဆိုင်တွေမှာတော်တော်လေးရောင်းကောင်းတဲ့ ထမင်းကြော်ဖြစ်ပြီး နိုင်ငံခြားသားများ အကြိုက်တွေ့ကြတယ်လို့ သိရပါတယ်။ နာနတ်သီး ထမင်းကြော်နည်းအတွက် ပုဇွန်နဲ့ ဝက်သားကို အသုံးပြုထားပါတယ်။ ဒီရာသီမှာ နာနတ်သီး တွေလဲ သိပ်ပေါနေပြီဖြစ်လို့ နာနတ်သီးနဲ့ မကြာခန ဟင်းချက်စားဖြစ်ပါတယ်။

Image Hosted by PicturePush - Photo Sharing

ပုဇွန်များကို ဆား၊ ပဲငံပြည်ရည်၊ အရသာမှုန့်များဖြင့်နယ်ပြီး ခေတ္တ ထားထားလိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဝက်သားကို ခပ်ပါးပါးလှီးထားပါတယ်

Image Hosted by PicturePush - Photo Sharing
ထမင်းနဲ့ကြော်ဖို့ ပြင်ဆင်ထားတဲ့ အသီးအနှံများ ( ဥနီ၊ ပဲသီး၊ ငရုပ်ပွ နီ၊ စိမ်း)

Image Hosted by PicturePush - Photo Sharing
နာနတ်သီးတစ်လုံးကို ခုလို ထက်ခြမ်းခြမ်းပါတယ်။

Image Hosted by PicturePush - Photo Sharing
အတွင်းသားများကို သပ်သပ်ရပ်ရပ် ဖယ်ထုတ်လိုက်ပါတယ်။

Image Hosted by PicturePush - Photo Sharing
နာနတ်သီးခွံကို လှလှပပ ပုံဖော်နိုင်ပါတယ်။

Image Hosted by PicturePush - Photo Sharing
ဖယ်ထုတ်ထားတဲ့ အတွင်းသားများကို အတုံးလေးများတုံးပြီး ပြင်ဆင်ထားပါ

Image Hosted by PicturePush - Photo Sharing
ပုဇွန်ကို ကြော်ပြီး ပန်းကန်တစ်ချပ်ဖြင့်ထည့်ထားပါတယ်