ဘာညာသာရကာ စတော်ဘယ်ရီမာလကာဆိုလို့ ဘာအကြောင်းများ ပြောမလို့ပါလိမ့်လို့ တွေးနေကြမယ် ထင်ပါတယ်နော်. တကယ်တော့ အသီးတစ်မျိုးအကြောင်း ပြောမလို့ အစပျိုးခြင်းသာပါ။ ကျွန်မဟာ ကိုယ့်နိုင်ငံမှာမရှိ၊ မမြင်ဖူးတဲ့ ထူးခြားတဲ့ အသီးတွေကို စိတ်ဝင်စားမိပါတယ်။ စိတ်ဝင်စားမိတာနဲ့အမျှ အင်တာနက်ကနေ တွေ့မိ၊ ဖတ်မိတဲ့ ထူးထူးခြားခြား အသီးလေးတွေဆိုရင်လည်း ကျွန်မရဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို ပြန်ပြီး မျှဝေပေးချင်ပါတယ်။ မကြာခင်ကမှ ကျွန်မ သိလိုက်ရတဲ့ အသီးတစ်မျိုးက စတော်ဘယ်ရီ မာလကာလို့ ခေါ်တဲ့ ချစ်စရာ အသီးတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူ့အသီး ပုံသဏ္ဍာန်ဟာ မလာကာသီးနဲ့ တူပေမဲ့ မှည့်လာတဲ့အခါမှာ နီရဲနေတဲ့ အရောင်အဆင်းရှိပြီး စတော်ဘယ်ရီရောင်အတိုင်း ဖြစ်ပါတယ်။ အသီးပုံစံနဲ့ အရသာက မာလကာသီးနဲ့တူပြီး စတော်ဘယ်ရီ အရောင်လို နီရဲနေကာ မာလကာသီးလောက် မကြီးဘဲ ခပ်သေးသေး အသီးတစ်မျိုး ဖြစ်တာကြောင့်လည်း စတော်ဘယ်ရီမာလကာ( Strawberry Guava) ရယ်လို့ အမည်တွင်ဟန် တူပါတယ်။ အရောင်ပိုရင့်လေ ပိုချိုလေလို့ သိရပါတယ်။
မာလကာသီးတော့ မာလကာသီး (သို့သော် ) စတော်ဘယ်ရီ မာလကာသီး
သစ်ပင်ပေါ်မှာ မြင်ရတဲ့ စတော်ဘယ်ရီ မာလကာသီးများ
အနီးကပ်ကြည့်ရအောင်
ဒီစတော်ဘယ်ရီမာလကာရဲ့မူလဒေသဟာ ဘရာဇီးနိုင်ငံ အရှေ့ပိုင်းရဲ့ ပင်လယ် ကမ်းစပ် ဒေသများ ဖြစ်ပါတယ်။ ဟာဝိုင်ရီ ကျွန်းနဲ့ ပရစ်ဘီယံ ပင်လယ်တွင်းက ကျွန်းတွေရဲ့ မိုးသစ်တော တွေမှာ သဘာဝအတိုင်း ပေါက်ရောက်တဲ့ အပင်လည်း ဖြစ်ပါတယ်။ အကြီးမြန် အပင်မျိုး မဟုတ်ဘဲ ဖြေးဖြေးချင်း ကြီးတဲ့ အပင်ဖြစ်ပြီး ခြုံပင် အကြီးမျိုး အရွယ်လောက် ရှိကာ ပေ ၂၀မှ ၂၅ပေ အထိလည်း ကြီးထွားနိုင်ပါတယ်။ သူ့ ပင်စည်ဟာ သေးသွယ်ပြီး ချောမွတ်ကာ အညိုရောင် ရှိတတ်ပါတယ်။ အရွက်မှာ အမြဲတမ်းစိမ်းနေပြီး ချောမွတ် ပြောင်လက် နေတတ်ပါတယ်။ အများအားဖြင့် အစေ့ကနေ အပင်ပေါက်တာဖြစ်ပြီး ကိုင်းကူးကိုင်းဆက်ပြီး စိုက်ပျိုးရင်လည်း ဖြစ်ထွန်းတတ်ပါတယ်။ စတော်ဘယ်ရီ မာလကာပင်ဟာ ရေကြိုက်တဲ့အပင်မျိုး ဖြစ်တာကြောင့် ရေများများ လောင်းပေးဖို့ လိုပြီးတော့ အထူးသဖြင့် အသီးသီးနေချိန်မှာ ရေကို ပိုပြီး လိုအပ်ပါတယ်။
အသီးစိမ်းနေတုန်းပေါ့
အသီးဟာ အပေါ်ခွံနဲ့ ကပ်နေတဲ့အသားကပါးပြီးတော့ အတွင်းက အရည်ရွှမ်းနေတဲ့ အသားက ပိုများပါတယ်။ အစေ့နားက အတွင်းသားဟာ အရသာချိုပြီး ဂျယ်လီလို ခပ်ပျစ်ပျစ်မျိုး ဖြစ်ပါတယ်။ အပင်ကနေ ခူးခူးချင်း စားသုံးနိုင်သလို၊ ယိုထိုးခြင်း၊ ကိတ်ဖုတ်ခြင်း၊ မုန့်များတွင် ထာပနာထည့်ခြင်း၊ ဂျယ်လီပြုလုပ်ခြင်း၊ ဖျော်ရည်နဲ့ ပန့်ခ်ျ ပြုလုပ်ခြင်းတို့လည်း အသုံးပြုနိုင်ပါတယ်။ အပင်ပေါ်ကနေ ခူးထားရင် အနည်းဆုံး ၃ရက် ၄ရက်ခန့် သာမန်အခန်းတွင်း အပူချိန်မှာ ထားနိုင်ပါတယ်။ အသီးအရွယ်အစားကတော့ သာမန်မာလကာသီးထက် သေးငယ်ပါတယ်။ စတော်ဘယ်ရီ မာလကာပင်ရဲ့ အရွက်ဟာ ရိုးရိုးမာလကာအရွက်နဲ့ ကွဲပြားသော်လည်း အပွင့် ပုံသဏ္ဍာန်ကတော့ မာလကာသီးရဲ့ အပွင့်နဲ့ တူပါတယ်။ အောက်က ပုံမှာ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
မာလကာပွင့်

စတော်ဘယ်ရီ မာလကာပွင့်
သေးငယ်တဲ့ အသီးရဲ့အရွယ်အစားကို သိနိုင်ဖို့ ဒင်္ဂါးစေ့နဲ့ နှိုင်းယှဉ်ပြထားတာပါ။
နှစ်ခြမ်းခွဲထားတဲ့ စတော်ဘယ်ရီမာလကာနဲ့ ဒင်္ဂါးစေ့
ဒါတွေကတော့ စတော်ဘယ်ရီ မာလကာနဲ့လုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေပါ။
~~~~~~@@@@@@@@~~~~~~~~
စတော်ဘယ်ရီ မာလကာသီးကတော့ မြန်မာပြည်မှာမရှိတဲ့ အသီးတစ်မျိုးအနေနဲ့ ဗဟုသုတအဖြစ် တင်ပေးတာ ဖြစ်ပါတယ်နော်။ အောက်က ပုံတွေကတော့ ထူးထူးဆန်းဆန်း ပုံသဏ္ဍာန်တွေဖြစ်နေတဲ့ ဘာကာသာရကာ အသီးစုံတွေပါ။ တစ်ချို့ကတော့ သဘာဝအတိုင်းဖြစ်နေတာ ဖြစ်ပြီး အချို့ကတော့ လူတွေရဲ့ ဖန်တီးချက်ကြောင့် ထူးဆန်းတဲ့ ပုံသဏ္ဍာန်တွေ ဖြစ်နေခဲ့ရပါတယ်။ ဘယ်လို ဘာညာ သာရကာတွေများ ဖြစ်မလဲ ကြည့်ကြည့်ရအောင်နော် ..
ပုံနှိပ်ထားတဲ့ ပန်းသီး
ပါးစပ်ဖြဲနေတဲ့ခရမ်းချဉ်သီး
ရေကူးနေတဲ့ သခွားသီး
လည်တံရှည်တဲ့ ဖရုံသီး
ခရမ်းချဉ်သီးအမျိုးမျိုး
ဝက်ဝံအာလူးသီး
လိမ်နေတဲ့ဥနီ
သဘာဝ အသည်းပုံ
ခွေးကလေး ဂျင်း
ကြီးလှတဲ့ ဖရုံသီး
ဘာသီးမှန်းတောင် မသိ
ဂေါ်ဖီထုပ်နဲ့ အလှပြိုင်
ကလေးထက်တောင် အရပ်ရှည်တဲ့ သခွားသီး
ပြုံးနေတဲ့ ဖရဲသီး
အသီးကို ငယ်ကတည်းက ခုလိုခွက်တွေနဲ့ လိုချင်တဲ့ ပုံစံဖြစ်အောင် ပုံသွင်းရပါတယ်။
ဒီပုံစံလေး ဖြစ်သွားပါတယ်။
လေးထောင့်ပုံးနဲ့ ပုံစံသွင်းထားတော့ ခုလိုဖြစ်သွားပြီ။
မျက်နှာပုံဖြစ်အောင် ပုံသွင်းထားတော့ ခုလိုဖြစ်
အသီးတွေကြည့်ပြီး အားလုံးဘဲ စိတ်နှလုံး ရွှင်ပြုံးနိုင်ကြပါစေရှင်။
http://tastyislandhawaii.com/2008/05/18/strawberry-guavas-by-the-buckets/
http://buzzinn.net/unusual-fruits-and-vegetables/
http://buzzinn.net/unusual-fruits-and-vegetables/