မြီးရှည်စားတဲ့ည..

လွန်ခဲ့တဲ့ အပတ်က သူငယ်ချင်းတစ်ယောက်က မြီးရှည်အခြောက်တွေ လက်ဆောင်ယူလာပေးတာနဲ့ ဒီရက်ပိုင်း ထမင်းမစားဘဲ မြီးရှည်ဘဲ တစ်နေကုန်စားဖြစ်ပါတယ်။ ကျွန်မလုပ်စားဖြစ်တဲ့ ဝက်နံရိုး မြီးရှည် လုပ်နည်းလေး ပြန်လည် မျှဝေချင်ပါတယ်ရှင်။ အင်မတန်မှ လွယ်ကူပြီး အဆာပလာလည်း များများ မလိုဘဲ စားလို့ကောင်းတဲ့ မြီးရှည် ဖြစ်ပါတယ်။ 

Image Hosted by PicturePush - Photo Sharing

မီးရှည်အခြောက်

Image Hosted by PicturePush - Photo Sharing

 ဒါတွေကတော့ ဝက်နံရိုးမြီးရှည်လုပ်စားဖို့အတွက် လိုအပ်တဲ့ အဆာပလာများဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing


တစ်ခုချင်းစီကို ရှင်းပြရရင်...... ဆီတိုဖူးကို ဆီသတ်ပြီး ရေကျဲကျဲနဲ့ ဖျော်ထားတာပါ။



Image Hosted by PicturePush - Photo Sharing
 
ချောက်ကောပါးကောနှမ်းဆီမွှေး
 

Image Hosted by PicturePush - Photo Sharing

ကြာညှို့လို့ခေါ်ပါတယ်။ အိမ်မှာ လွယ်လွယ်ကူကူမရှိရင် ထန်းညက်ကို အရည်ဖျော် ဆားထည့်ပြီး ပျစ်လာအောင် ချက်လိုက်ရင် ကြာညှို့ ရပါပြီ။

Image Hosted by PicturePush - Photo Sharing

ဒါကတော့ ကြက်သွန်ဖြူ၊ နံနံတို့ကို နှုတ်နှုတ်စင်းပြီး ရေဖျော်ထားတာပါ။


Image Hosted by PicturePush - Photo Sharing
 ကြက်သွန်ဖြူ၊ ဂျင်းထည့်ပြီး ဝက်နံရိုးကို နူးနေအောင် ဟင်းရည်ချက်ထားတာပါ။


Image Hosted by PicturePush - Photo Sharing

ပြုတ်ပြီး မြီးရှည်ထဲကို အပေါ်က အဆာပလာနဲ့ ဆား၊ အရသာမှုန့်တို့ကိုထည့်ပါတယ်။ 



Image Hosted by PicturePush - Photo Sharing
ဝက်နံရိုးဟင်းရည်ကိုထည့်လိုက်ရင် မြီးရှည်တစ်ပွဲရပါပြီ။

Image Hosted by PicturePush - Photo Sharing


Image Hosted by PicturePush - Photo Sharing

မြီးရှည်နဲ့ တွဲစားဖို့ မုန်ညှင်းချဉ်


ဒီမြီးရှည်ဟာ အဆာပလာ မများပေမဲ့ ရိုးရိုးရှင်းရှင်းနဲ့ အတော်ကို စားကောင်းပါတယ်။ ဒီနည်းကိုတော့ ကျွန်မ ဗန်းမော်သွားတုန်းက ရလာတဲ့နည်း ဖြစ်ပါတယ်။ ဒါကြောင့် ဗန်းမော်မြီးရှည်လို့လည်း ခေါ်နိုင်ပါတယ်ရှင်။


~~~~~~~@@@@@@@@@@~~~~~~~~~


နောက်တစ်ကြိမ် လုပ်စားဖြစ်တဲ့ မြီးရှည် ကတော့ ဝက်သားကို နူးအောင်ပြုတ်ပြီး ချက်ထားတဲ့  မြီးရှည်ပါ။ လိုအပ်တဲ့ အဆာပလာတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


Image Hosted by PicturePush - Photo Sharing

 အဆာပလာများ။ အဆာပလာတွေကတော့ အပေါ်က အဆာပလာများနဲ့ သိပ်မထူးပါဘူး။

Image Hosted by PicturePush - Photo Sharing

ဝက်သားကို အဆီအသားအခေါက်များပါတဲ့ သုံးထပ်သားကို ညကတည်းက နူးနေအောင်ပြုတ်ထားပါတယ်။ (ညသန်းကောင် ရိုက်ထားတာမို့ မွဲတဲတဲဖြစ်နေပါတယ် :P  )



Image Hosted by PicturePush - Photo Sharing

မနက်ရောက်တော့ ပြုတ်ထားတဲ့ ဝက်သားတွေကို ဆယ်ပြီးတောက်တောက်စင်းလိုက်ပါတယ်။ 


Image Hosted by PicturePush - Photo Sharing


ဝက်သားများကို ဟင်းရည်အနည်းငယ်နဲ့ ရောပါတယ်


 
အပေါ်က မြီးရှည်လုပ်နည်းအတိုင်းပါဘဲ။ ဆီတိုဖူးကို ဆီသတ်ပြီး အရည်ဖျော်ထားတာပါ။ 

Image Hosted by PicturePush - Photo Sharing
ဘူးနဲ့လာတဲ့ ဆီတိုဖူးကိုသုံးထားတာပါ။

Image Hosted by PicturePush - Photo Sharing
ကြက်သွန်ဖြူကိုထောင်းပြီး အရည်ဖျော်

Image Hosted by PicturePush - Photo Sharing
ရှောက်ကော၊ ပါးကောနဲ့ နှမ်းရောထားတဲ့ ဆီမွှေး
Image Hosted by PicturePush - Photo Sharing

ငရုပ်သီး ဆီကြော်

Image Hosted by PicturePush - Photo Sharing

မြေပဲဆန်မညက်တညက်ထောင်း
Image Hosted by PicturePush - Photo Sharing

ကြက်သွန်မြိတ်

Image Hosted by PicturePush - Photo Sharing

ဝက်သားပြုတ်ထားတဲ့အရည်ကို ဟင်းရည်လုပ်ထားတာပါ။


Image Hosted by PicturePush - Photo Sharing

အပေါ်က အဆာပလာတွေ အကုန်ထည့်ပါတယ်။





Image Hosted by PicturePush - Photo Sharing

ဟင်းရည်ထည့်လိုက်ပြီး ဆား၊ အရသာမှုန့်တို့ကို မိမိနှစ်သက်သလိုထည့်ပါ။ အရည်နဲ့ မြီးရှည်


Image Hosted by PicturePush - Photo Sharing

အသုပ်ကြိုက်သူများအတွက်



ဒီမြီးရှည်ကတော့ ကျွန်မတို့ ကချင်ပြည်နယ် မြစ်ကြီးနား မိုးကောင်းတို့က ဆိုင်တွေမှာ ရောင်းလေ့ရှိတဲ့ ချက်နည်း တစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် အထက်ပါ ချက်နည်း ၂မျိုးစလုံး ကချင်ပြည်နယ် မြီးရှည် ချက်နည်းများဘဲ ဖြစ်ပါတယ်။ မြီးရှည်စားတဲ့ည လို့ နာမည်ပေး ရတာက  နေ့ရောညပါ ထမင်း မစားဘဲ မြီးရှည် တစ်နေကုန် စားဖြစ်တာကြောင့် မြီးရှည်စားတဲ့ ညလို့ ပေးလိုက်တာပါ။



ဖြည့်စွက်ခြင်း။   ၊။ ချောက်ကောပါးကော မသိသူများအတွက် ဖြည့်စွက်လိုက်တာဖြစ်ပါတယ်။


၁၃။ ချောက်ကော = Chinese Cardamon
Image Hosted by PicturePush - Photo Sharing

ရှောက်ကောကို မြန်မာလို ဖာလာစေ့လို့ခေါ်လို့ရမယ် ထင်ပါတယ်.. သူက ဖာလာစေ့ အကြီးတစ်မျိုး ဖြစ်ပါတယ်.. ကျွန်မတို့ မြန်မာလူမျိုးတွေသုံးတဲ့ ဖာလာစေ့က သေးပါတယ်.. ဒီဖာလာစေ့ကတော့ အတော်ကြီးပြီး အရွယ်က တစ်လက်မ နီးပါး ရှိတတ်ပါတယ်။ တရုတ်ဖာလာစေ့လို့ ခေါ်ရမယ်ထင်ပါတယ်။

 ၁၄။ ပါးကော  =   Star Anise

Image Hosted by PicturePush - Photo Sharing
တရုတ်လို ပါးကောခေါ်ပေမဲ့ မြန်မာလို နာနတ်ပွင့်လို့ ခေါ်ပါတယ်.. ဟင်းထဲ ထည့်တဲ့အခါ ဆွတ်ပြုတ် တို့၊ ဟော့ပေါ့တို့မှာ ဒီ၂မျိုးလုံးကို အလုံးလိုက်ထည့်ကြပေမဲ့ မာလာဟင်းတို့လို ဟင်းတွေမှာတော့ အမှုန့်ကို ထည့်ပါတယ်..


Image Hosted by PicturePush - Photo Sharing

ရှောက်ကောပါးကော နှစ်မျိုးပေါင်း

အသားပြုတ်တဲ့အခါမှာ အထက်က ၂မျိုးကို အလုံးလိုက် ၂လုံး ၃လုံးစီခန့် ထည့်ပြီးတော့ ဆီချက်ချက်တဲ့အခါမှာတော့ အဲဒီနှစ်မျိုးရဲ့ အမှုန့်ကို အသုံးပြုတာ ဖြစ်ပါတယ်ရှင်.. အလုံးလိုက် ဝယ်လာပြီးလည်း မိမိကိုယ်တိုင် အမှုန့်ကြိတ်လို့ ရသလို၊ အမှုန့်လုပ်ပြီးသားကိုလည်း အာရှ ဆိုင်တွေမှာ ဝယ်လို့ရနိုင်ပါတယ်။


Image Hosted by PicturePush - Photo Sharing
ပါးကောမှုန့်
Image Hosted by PicturePush - Photo Sharing
ချောက်ကောမှုန့်

ချောက်ကောပါးကော ဆီချက်ချက်ဖို့ကတော့ အပေါ်က အမှုန့်နှစ်မျိုးကို ဆီပူပူမှာ ခဏလောက် ချက်လိုက်ရင် အနံ့လေး မွှေးနေတဲ့ ချောက်ကောပါးကော ဆီချက် ရပါပြီ။ အမှုန့်မရှိပါက အလုံးလိုက် ကိုလည်း ဆီပူပူမှာ ခေတ္တကြော်လိုက်ရင် ရပါတယ်။ ဒါဆိုရင် ချောက်ကော ပါးကောဆီချက် သီးသန့် ရပါပြီ။ ဆီကျက်ချိန်မှာ နှမ်းလေးတွေ ထည့်ပြီးချလိုက်ပါကလည်း ချောက်ကောပါးကောနဲ့  နှမ်းဆီမွှေးအနံ့မွှေးနေတဲ့ ဆီချက်ကို ရမှာဖြစ်ပါတယ်။ 




အားလုံးအတွက် ပျော်စရာ တနင်္ဂနွေနေ့လေး ဖြစ်ပါစေရှင်...



Image Hosted by PicturePush - Photo Sharing