ဒီနေ့ တင်မဲ့ ဟင်းချက်နည်းတစ်မျိုးက လွန်ခဲ့တဲ့ လတွေတုန်းက ချက်စားဖြစ်တဲ့ ဟင်းတွေကို စုထားတဲ့အထဲကနေ ငါးပဲငပိကြော်နှပ်နဲ့ ကြက်ဟင်းခါးသီး ဝက်သားကြော် ဖြစ်ပါတယ်။ ကျွန်မ ခရီးသွားတော့မယ်ဆိုတော့ မသွားခင်မှာ ဟင်းချက်နည်းတစ်ချို့ကို တင်ခဲ့ချင်တဲ့အတွက် ချက်စားဖြစ်ပြီး မတင်ဖြစ်သေးတဲ့ ဟင်းတွေထဲက ရှာဖွေပြီး တင်လိုက်တာဖြစ်ပါတယ်။
ငါးပဲငပိကြော်ချက် ချက်ဖို့အတွက် ပထမဦးဆုံး ငါးကို ရေဆေး၊ ကြေးထိုး၊ ဆားနယ်ပြီး ကြော် လိုက်ပါတယ်။
ငါးကို ကျက်ရုံသာ ကြော်ထားပါတယ်။
ကြက်သွန်ဖြူ၊နီ၊ ဂျင်းတို့ကို ဆီသတ်ပြီး ခရမ်းချဉ်သီးကို ချက်လိုက်ပါတယ်
တိုကျန်ခေါ် ပဲငပိ (သို့မဟုတ်) ဘူးနဲ့လာတဲ့ ပဲငပိ နှစ်သက်ရာကို ထည့်ပါတယ်။ ရေအနည်းငယ် ထည့်ပြီး ခရမ်းချဉ်သီးများ ကျက်အောင် ထားပါတယ်။ ဆား၊ ငံပြာရည် စသဖြင့် မိမိနှစ်သက်ရာကို ထည့်ပါတယ်။
ထို့နောက် ကြော်ထားတဲ့ငါးကိုထည့်ပြီး အချိန်အနည်းငယ်ကြာအောင် ထားလိုက်ပါတယ်။
ငါးပဲငပိ ကြော်နှပ်ကို စားဖို့ အဆင်သင့်ဖြစ်ပါပြီနော်။
ထမင်းမြိန်စေမဲ့ ငါးပဲငပိကြော်ချက် ဖြစ်ပါတယ်နော်။
ကြက်ဟင်းခါးသီး ဝက်သားကြော်
ကြက်ဟင်းခါးသီးကို ဝက်သားနဲ့ ကြော်ဖို့အတွက် ပထမဦးစွာ မိမိကြော်မဲ့ ကြက်ဟင်းခါးသီး အရွယ်အစားကို လိုက်ပြီး အနေတော်အရွယ် အပိုင်းလေးပိုင်းလိုက်ပါတယ်။
ကြက်ဟင်းခါးသီးများကို အလယ်က အူတိုင်နဲ့ အစေ့များဖယ်ပြီး ရှည်ရှည်သွယ်သွယ် လှီးလိုက်ပါတယ်။
ဝက်သား အသားချည်းကိုလည်း အချောင်းကလေးများ လှီးပြီး ဆား၊ ဟင်းချက်ဝိုင်၊ အရသာမှုန့်တို့နဲ့ နယ်ထားလိုက်ပါတယ်။
ထို့နောက် ဆားအနည်းငယ်ထည့်ကာ ရေနွေးဆူဆူမှာ ခေတ္တပြုတ်လိုက်ပါတယ်။ ကြက်ဟင်းခါးသီးများ ပျော့အိမသွားစေဖို့ ခဏလေးတာ ပြုတ်ဖို့ လိုပါတယ်။ ပြုတ်ပြီး ပါက ရေအေးအေးတွင် စိမ်ထားလိုက်ပါတယ်
အသားကို ကြော်လိုက်ပါတယ်။
အသားကျက်ရင် ကြက်ဟင်းခါးသီးပြုတ်ထားတာကို ထည့်လိုက်ပါတယ်
ငရုပ်ပွ အနီလှီးထားတာကို ထည့်လိုက်ပါတယ်။ ပဲငံပြာရည်အကြည်၊ ဆား၊ အသားမှုန့် စသည်တို့ကို မိမိနှစ်သက်သလို ထည့်ပါတယ်။ ဒါဆိုရင် အရောင်စုံသွားတဲ့ ကြက်ဟင်းခါးသီးကြော်တစ်ခွက်ရပါပြီ။
ကြက်ဟင်းခါးသီး ဝက်သားကြော်တစ်ခွက် ရပါပြီ။
အခါး မကြိုက်သူများပါ စားနိုင်တဲ့ ကြက်ဟင်းခါးသီးကြော်ပါ။ ကြက်ဟင်းခါးသီးကို ပြုတ်လိုက်ခြင်းအားဖြင့်
အခါးဓာတ်များကို လျော့သွားစေတာကြောင့် ခါးသက်သက် မဖြစ်တော့ဘဲ အရသာရှိရှိ စားသုံးနိုင်ပြီ ဖြစ် ပါတယ်နော်။
အားလုံး ပျော်ရွှင်သော နေ့ရက်များကို ပိုင်ဆိုင်ပါစေရှင်..
13 Responses to “ငါးပဲငပိကြော်နှပ်၊ ကြက်ဟင်းခါးသီးဝက်သားကြော်”
Both dishes seem delicious!!!!
Mon Petit Avatar
ပဲငပိအရမ်းကြိုက်တယ် အဲလိုလေးလုပ်စားဦးမယ်...။
နှစ်မျိုးလုံး စားချင်စရာတွေချည်းပါလား ဟရို့....
ကြက်ဟင်းခါးသီးကြော်တွေစားသွားပြီ။ ချောဘို့ ကျန်တော့ဘူး။း)
အိုင်အိုရာ
Same comment like above one:D
Gyidaw
ငါးပဲငပိကြိုက်တယ်။
ပုလင်းနဲ့ ပဲငပိရှိတယ်။ မြစ်ငါးရှိတယ်။
အဲလိုချက်စားမယ်။
ဒီနည်းနဲ့ ချက်စားဖြစ်သေးဘူး။
မချော ခုဘယ်ရောက်နေပြီလဲ။
ပြန်ရောက်ပီလား။
စာတွေလည်မဖတ်ဖြစ်လို့ မချောရယ်။
အိမ်လည်မလည်နိုင်လိုက်ဘူး။
ခရီးမှာပျော်လား
ချစ်တဲ့
pp
ငါးပဲငပိကြော်နှပ်လေးအားပေးရင်း အိမ်လေးကို
စောင့်ရှောက်နေတယ်နော် မြန်မြန်ပြန်လာတော့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဖွယ်ဖွယ်ရာရာချက်တက်တဲ့ မမတွေများ အားကျလိုက်တာနော်... စားချင်စဖွယ် ပြင်ဆင်ချက်ပြုတ် တက်တာလည်း ပညာ တစ်မျိုးဆိုတော့......မမရေ...စားချင်လို့..:):)
ပဲငပိကို သိပ်ကြိုက်တာ မချောရဲ့ ... သားရေတွေ ယိုပြီး ပြန်သွားပါကြောင်း...
သေသေချာချာကို မှတ်ထားတယ် မချောရေ။။ သူများချက်မကျွေးရင် ကိုယ့်ဘာသာလက်စွမ်းပြနိုင်ဖို့.. :) ။။
အစ်မချောရေ..
သတိတရ အလည်လာရင်းနဲ့  အိမ်ရှင်မရှိတဲ့ ဟောဒီအိမ်မှာ ငါပဲငါးပိ ခိုးစားလိုက်ပါတယ်နော်
အစ်မချောရေ..လာပါတော့ ဒီမှာမျှော်လှပေါ့
ထော်ဦး
ငါးပဲငါးပိမှာ ငါပဲငါးပိ ဖြစ်သွားလို့ နောက်ထပ်ကွန်မန်ရေးရင်း
အကြောင်းပြန်ပါတယ်ခင်ဗျာ
ထော်ဦး
ကြည့်...ဒီအိမ်ရှင်တော့ ခရီးကောင်းကောင်းမသွားဘူး...စာဖတ်သူတွေ သွေးတိုးအောင် ငါးပဲငပိနဲ့ ကြက်ဟင်းခါးသီးချက် ချက်ကျွေးသွားတယ်... :)
ကြက်ဟင်းခါးသီးချက်ကို မခါးအောင် ခရမ်းချဉ်သီးမှည့်မှည့်တစ်လုံး ထည့်ချက်ရင် အခါးလျော့တယ် ပြောတယ် ချောရေ..။
Post a Comment